Saturday, September 1, 2012

Mumbai အကြမ်းဖက်မှုအတွက် သေဒဏ်စီရင်ချက်ကို တရားရုံးချုပ်အတည်ပြု (နယူးဒေလီ) သြဂုတ်၃၀ *

Inbox
x





to mrsorcerer

Boxbe

အိန္ဒိယနိုင်ငံ Mumbaiမြို့၌ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် တစ်ဦးတည်း အသက်မသေပဲ ကျန်ရှိခဲ့သော အကြမ်းဖက်သမားတစ်ဦးအား သေဒဏ်စီရင်ချက်ချမှတ်မှုကို တရားရုံးချုပ်က  သြဂုတ် ၂၉ ရက်တွင် ထောက်ခံအတည်ပြုပေးလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သူ အသက် ၂၅ နှစ်ရှိ မိုဟာမက် အာဂျမယ်ကာဆက် ကျုးလွန်ခဲ့သောပြစ်မှုသည်  အိန္ဒိယနိုင်ငံအား စစ်ဆင်နွှဲတိုက်ခိုက်သည့်ပြစ်မှုဖြစ်သဖြင့် သေဒဏ်ကြခံရမည်ဖြစ်ကြောင်း တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကိုဖော်ပြသည်။

မိုဟာမက် အာဂျမယ်ကာဆက်သည် အခြားသောပါကစ္စတန် နိုင်ငံသားကိုးဦးနှင့်အတူ ကရာချိမြို့မှ မွမ်ဘိုင်းမြို့သို့  ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားအုပ်စုသည် Mumbai မြို့တစ်ဝန်းတွင် ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ရသည်။

ကြေးမုံ ၃၁-၈-၂၀၁၂

0 ကွန်မန့်ရေးရန်:

Post a Comment