Saturday, September 1, 2012

အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အကြီးအကဲ စစ်တွေ သို့ရောက်ရှိ


ရန်ကုန် သြဂုတ် ၃၁

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ (Mr.Arifin Muh Hadi ) မစ္စတာ အာရီမူဟာဒီ နှင့် အဖွဲ့ သည် သြဂုတ်လ ၃၀ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေပြီး ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာလျှက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

“ဘင်္ဂါလီ ဒုက္ခသည် စခန်းတွေကို အရင် သွားတယ်။ပြီးမှ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားမယ်လို့ ပြောတယ်“ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ(Mr.Arifin Muh Hadi ) မစ္စတာ အာရီမူဟာဒီ နှင့် အဖွဲ့သည် စစ်တွေမြို့ရှိဒုက္ခသည်များ၏  ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများအတွက် ပြည်နယ် ကျန်းမာရေး တာဝန် ရှိသူများနှင့်ပါ  တွေ့ဆုံရန် ရှိကြောင်း ၄င်း ကဆိုသည်။

"၂ ရက် ၃ ရက် ကြာမယ်လို့တော့ပြောတယ်။ ပြန်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ်တော့ Camp တွေအတွင် လိုအပ်တာတွေထောက်ပံ့ဖို့လုပ်နြေ
ကပါတယ်။“ဟု ၄င်းက ရှင်းပြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment