This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အခွင့်အလန်း. Show all posts
Showing posts with label အခွင့်အလန်း. Show all posts

Thursday, July 10, 2014

မိုဘိုင်းလ်ဘဏ်စနစ် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်.........................

Posted by: Ko Myo on Thursday, July 10, 2014 Categories:
ရန်ကုန်၊ ဇူလိုင် ၈

မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများ ပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေ စနစ်တစ်မျိုး ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြား ဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အီလက်ထရွန်နစ် ဘဏ်စနစ်များ ဖြစ်သော မိုဘိုင်းလ် ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို ပြည်တွင်း ဘဏ်များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်းများ ပျံ့နှံ၍ အင်တာနက် ချိတ်ဆက်ပြီးသည့် အခြေအနေမျိုး ဖြစ်လာပါက မိုဘိုင်းလ် ဘဏ်စနစ်နှင့် ပြည်သူများ ပိုမို နီးစပ် လာမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

မိုဘိုင်းလ် ဘဏ်စနစ်ကို နိုင်ငံခြား ဘဏ်များနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရပါက နည်းပညာ ရရှိနိုင်ပြီး ယခုလက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို အဆင့် မြှင့်တင်နိုင်ခြင်းနှင့် ဝန်ဆောင်မှုအသစ်များ ပိုမို ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။

"နည်းပညာရနိုင်တယ်။ ဒါပေမဲ့ သူတို့ လာလုပ်လည်း ဆက်သွယ်ရေးလိုင်းတို့၊ လျှပ်စစ်မီးတို့ ဆိုတဲ့ အခြေခံ အဆောက်အဦတွေ မကောင်းရင် ဘာမှ ထူးမှာမဟုတ်ဘူး" ဟု ၄င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဘဏ်စနစ် ကွန်ရက်ကို ပြည်တွင်းဘဏ်များ ပိုမို ချဲ့ထွင်နိုင်ပါက နိုင်ငံခြားဘဏ်များက ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောဆိုသည်။

လတ်တလောတွင် အင်တာနက်ဖြင့် ငွေစာရင်း လွှဲပြောင်းခြင်း၊ ငွေစာရင်း စစ်ဆေးခြင်းများ အချိန်ပြည့် ပြုလုပ်နိုင်သော အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က လုပ်ကိုင်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းတွင် ပါဝင်သော ဖုန်းစာပို့ စနစ်၊ ဖုန်းကုတ် (USSD) စနစ်များကို သုံး၍ ငွေစာရင်း လွှဲပြောင်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကို သမဝါယမဘဏ်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။
The Voice Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Thursday, June 26, 2014

မန်မာပြည်မှာ မိုဘိုင်းဘဏ်စနစ် သုံးနိုင်တော့မည်ဟု ဗဟိုဘဏ်ပြောကြား.............

25 June 2014 17:54(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)

 မြန်မာနိုင်ငံမှာ မိုင်ဘိုင်းဘဏ်စနစ်နဲ့ အီလက်ထရောနစ် ငွေကြေးစနစ်ကို တချိန်ကျရင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီကနေ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ့် ကိစ္စနဲ့ ပြည်တွင်း ဘဏ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့် အစီအစဉ်တွေ ရှင်းလင်းပြောဆိုခဲ့ ပါတယ်။
ဒီလိုပြောဆိုသွားရာမှာ နောက်ပိုင်းကျရင် စားသုံးသူတွေက ငွေကို အထပ်လိုပ် ကိုင်စရာ မလိုဘဲ မိုင်ဘိုင်းဘဏ်စနစ်၊ အီလက်ထရောနစ်ငွေကြေးစနစ်တွေကို လုပ်ဆောင်မှာဖြစ်လို့ တက္ကစီ အငှားမော်တော် ယာဉ်စီးတဲ့အခါမှာဖြစ်စေ လက်လီဝယ်ယူစားသုံးတဲ့အခါမှာဖြစ်စေ အဲဒီ့ စနစ်တွေနဲ့ အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဘဏ်တွေရဲ့ ပကတိအခြေအနေအရ ဒီစနစ်တွေကို အသုံးပြုနိုင်ဖို့က များစွာအလှမ်း ဝေးနေသေးတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥကဌ ဦးသန်းလွင်က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“သူ့အိပ်မက်ပေါ့။ သူ့အိပ်မက်ကတော့ ကမ္ဘာကြီး ပြောင်းသွားပြီလို့ မက်တယ်။ ဒါပေမယ့် အဲဒါက မြန်မာပြည်အတွက် စောလွန်းတယ်လေ။ မြန်မာတွေက ငွေသား ကိုင်ဆောင်သုံးစွဲတယ် အရသာ တွေ့နေတာဗျ။ ဘယ်လိုမှ မလွယ်ဘူး။ အဲဒါက အနောက်နိုင်ငံမှာဆိုရင်တော့ ဟုတ်တာပေါ့။ ”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုနိုင်ဖို့ဆိုရင် မိုဘိုင်းဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်ဖို့လိုတဲ့ အပြင် လိုအပ်တဲ့ နည်းပညာဆိုင်ရာဥပဒေတွေလည်း ထွက်ရှိဖို့ ကျန်ရှိနေသေးတဲ့အကြောင်း သူက အခုလို ဆက်လက်ပြောပါတယ်။
“ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ လုပ်နိုင်စွမ်းတွေ မရှိသေးဘူး။ အဲဒါတွေ ခိုင်မာပြီဆိုမှ ခုနပြောတဲ့ မိုဘိုင်း ဘဏ်စနစ် ကောင်းတာပေါ့။ လောလောဆယ် စနစ်တွေကလည်း အမျိုးမျိုး ဖြစ်နေတယ်။ စီဒီအန်အေတို့ ဒဗလျူစီဒီအန်အေတို့ ဂျီအက်စ်အမ်တို့ မှိုလို ပွနေတာပဲ။ တခုနဲ့တခု ချိတ်ဆက်ဖို့ သိပ်ခက်တယ်။ နောက် ဥပဒေလည်း လုပ်ရမယ် ဥပဒေလည်း မရှိသေးဘူး။ ဥပဒေပိုင်းကလည်း အများကြီး နောက်ကျနေပြီ။ အဲဒီလို စိတ်ကူးယဉ်ဖို့တော့ မကောင်းဘူးလေ။ အကုန်လုံးက လုပ်စရာတွေက အများကြီး တော်တော်လေး နောက်ကျနေတယ်။”

အလားတူ သမ၀ါယမဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကလည်း ပြည်တွင်းမှာ အီလက်ထရောနစ်ငွေကြေးစနစ် ပေါ်ပေါက်လာရင်တောင် သမရိုးကျအသုံးပြုနေတဲ့ ငွေသား ကိုင်ဆောင်မှုစနစ်ကတော့ ပျောက်ကွယ်သွားဖို့က မရှိနိုင်သေးဘူးလို့ အခုလို သုံးသပ်ပြောပါတယ်။

“ငွေသားသုံးစွဲမှုစနစ် ယဉ်ကျေးမှုကတော့ ရှိနေဦးမယ်လေ။ ဂျပန်မှာလည်း ရှိတယ်။ ကိုရီးယားမှာလည်း တော်တော်များများက ငွေသား သုံးတုန်းပဲ။ တော်တော်များများမှာ သုံးတုန်းပဲ။ ဒါပေမယ့် ဘဏ်မှာ အထုတ်ကြီးတွေကတော့ ပျောက်ရင် ပျောက်သွားနိုင်မယ်။ နေ့စဉ်သုံးတဲ့ အသေးအဖွဲ့လေးကတော့ ရှိနေဦးမယ်။ ဥပမာ – လက်ဖက်ရည်သွးသောက်တာတို့ ဘာတို့ပေါ့။”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုဖို့အတွက် သမ၀ါယမဘဏ် အပါအ၀င် ဘဏ်တချို့က နိုင်ငံတော် ဗဟိုဘဏ်ထံ အဆိုတင်သွင်းထားရှိပြီးဖြစ်ပေမယ့် လက်တွေ့မှာ အသုံးချနိုင်တဲ့အဆင့်တော့ မရောက်သေးပါဘူး။

By သိုက်ဇင် (ဒီဗွီဘီ)

ပည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် ဖြေကြားနေစဉ်

Saturday, June 7, 2014

စတော့အိတ်ချိန်း မတည်ထောင်နိုင်လျှင် အများပိုင်ကုမ္ပဏီများ ငွေလိမ်လည်နိုင်သည်ဟု ဒု-၀န်ကြီးဆို ...........

မောင်သင်တုန်း

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် တည်ထောင်နိုင်ခြင်းမရှိလျှင် မသိနားမလည်သည့် အများပြည်သူများ၏ ရင်နှီးငွေများကို အများပိုင်ကုမ္ပဏီများက အကြောင်းပြပြီး လိမ်လည်သွားနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဇွန် ၄ ရက်တွင် ပြောကြားလိုက်သည်။

“ မတည်ထောင်နိုင်ရင် အများပြည် သူတွေကို မသမာသူတွေက အများပိုင်ကုမ္ပဏီဗန်းပြပြီး ငွေတွေ လိမ်သွားမယ့် အဖြစ်မျိုးဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဆီမှာ အရင်အစိုးရလက်ထက်က ငွေစုငွေချေး အသင်းနာမည်နဲ့ လုပ်သွားဖူးတော့ခါးစည်း ခံခဲ့ရတဲ့ သာဓကတွေရှိပါတယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက်ကို စိတ်ချယုံကြည်ရသော အများပိုင်ကုမ္ပဏီ ခြောက်ခု ၀န်းကျင်ဖြင့် ၂၀၁၅ အောက်တိုဘာတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ အခုအခါ မြန်မာ နိုင်ငံတွင် အများပိုင်ကုမ္ပဏီစုစုပေါင်း နှစ်ရာကျော်အထိ တည်ထောင်ဆောင်ရွက်လျက်ရှိသည်။

“ အများပိုင်ကုမ္ပဏီ အားလုံးရဲ့ရှယ်ယာတွေကို ရောင်းချပေးမှာမဟုက်ပါဘူး။ အများပိုင်ကုမ္ပဏီတွေထဲက ယုံကြည်စိတ် ချရတဲ့ကုမ်္ပဏီတွေကိုသာ ရောင်းချပေးသွား မှာဖြစ်တယ်။ ကုမ္ပဏီငါးခု၊ ခြောက်ခုလောက်နဲ့ စသွားနိုင်မှာပါ ” ဟု ဒုတိယ၀န် ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

စတော့အိတ်ချိန်း ဈေးကွက်အတွက် လက်ရှိအချိန်တွင် သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီသည့် ရှယ် ယာရောင်း မည့်အများပိုင်ကုမ်္ပဏီများထဲမှ နှစ်ခုနှင့် MOU ထိုးထားပြီးဖြစ်သည်။ ခိုင်မာမှုရှိသော ကုမ္ပဏီ များကိုစတော့အိတ်ချိန်းတွင် ရှယ်ယာထုတ်ရောင်းနိုင်သည့်အရည်အသွေးများရှိစေရန် ပြင်ဆင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းဈေး ကွက်ကို ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်ဒိုင်ဝါကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဘဏ် သုံးဦးပိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဂျပန်ကုမ်္ပဏီနှစ်ခုက ၄၉ ရာခိုင် နှုန်းပိုင်ဆိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၂ ဘီလီယံ ဖြစ် သည်။

ဧရာဝတီတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉဏ်လင်းက “ ပြည်သူတွေက စတော့အိတ်ချိန်း အရင်းအနှီးဈေး ကွက်များနဲ့ အကျွမ်းတ၀င်မရှိပါဘူး။စတော့ဈေးကွက်ရဲ့ သဘောသဘာဝရည် ရွယ်ချက် မအောင်မြင်ရင် ဖြစ်လာမယ့် အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကို ပြည်သူတွေသိဖို့လိုအပ်တယ် ” ဟု အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေမြန်းခဲ့သည်။

အကျိုးကျေးဇူးအဖြစ် ငွေပိုငွေလျှံရှိ သောပြည်သူများအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် နေရာတစ်ခုရရှိလာ သကဲ့ သို့ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းတိုးချဲ့ရန် ငွေလိုသည့် အချိန်မှာ ဘဏ်များမှ အတိုးနှုန်းများဖြင့် ချေးငွေယူ စရာမလိုဘဲ ရှယ်ယာများထုတ် ရောင်းပြီး ငွေရင်းရမည်ဖြစ်သည်။ ကုမ္ပဏီ များလုပ်ငန်းတိုးချဲ့လာနိုင်လျှင် အလုပ် အကိုင်အခွင့်အလမ်း ရနိုင်သကဲ့သို့အမြတ် ရရှိပါက ခွဲဝေပေးနိုင်မည်ဖြစ်သည်။

စတော့အိတ်ချိန်း ဈေးကွက်ကို အကောင်အထည်ဖော်နိုင်ရန် အပိုင်းသုံးပိုင်းဖြင့် တစ်ပြိုင်နက်တည်းဆောင် ရွက်လျက် ရှိသည်။ စတော့အိတ်ချိန်း ဈေးကွက်အုပ် ချုပ်မည့်အဖွဲ့အစည်း ထူထောင်ခြင်း၊ စတော့ဈေးကွက် ထူထောင်ခြင်းနှင့် စတော့ရှယ်ယာဝေစုရောင်းမည့် ကုမ္ပဏီများကို ပြင်ဆင်ပေးခြင်းလုပ်ငန်းများကို ဆောင် ရွက်မည်ဖြစ်သည်။

Wednesday, May 21, 2014

ပည်တွင်းဘဏ်များ အွန်လိုင်းငွေပေးချေမှုစနစ် စတင် ..................


Posted by: Ko Myo on Wednesday, May 21, 2014 Categories:
photo;www.abiederman.com

ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် Internet Banking စနစ်ကို အသုံးပြု၍ အွန်လိုင်းငွေပေးချေမှုများကို စတင် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်ဟု ပြည်တွင်းဘဏ်အချို့က မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အနေဖြင့် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ၀န်ဆောင်မှုပေး ရန် ဗဟိုဘဏ် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ မေလအတွင်းက စတင်လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်၏ ဒု-အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောသည်။

ဦးသက်ကိုကိုမျိုးက “လက်ရှိမှာတော့ နိုင်ငံတကာက ငွေပေးချေမှုကတ်တွေနဲ့ပဲ အွန်လိုင်းငွေပေးချေမှုကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့ ချိတ်ဆက်ထားတဲ့ အရောင်း ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေယာဉ်လက်မှတ် ၀ယ်ယူတဲ့ နေရာမျိုးတွေမှာ ပေးချေနိုင်မှာပါ။ အရောင်း ဆိုင်နဲ့ ဈေးဝယ်သူကြားမှာ ငွေပေးချေပေးတဲ့ အွန်လိုင်း Payment Gateway ပုံစံမျိုးသွားတာပါ” ဟု ဆိုသည်။

Internet Banking စနစ်သည် ဘဏ်လုပ်ငန်းအားလုံးကို အင်တာနက် ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ဆောင် ရွက်ခြင်းများ ပြုလုပ်နိုင်ပြီး အွန်လိုင်းငွေပေးချေမှု လုပ်ငန်းများနှင့်ပါ ချိတ်ဆက်ထားခြင်း ဖြစ်သည်။

အဆိုပါ Internet Banking စနစ်ကို မကြာမီဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပြီဟု ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် စီဘီဘဏ်၏ ဒု-အထွေအထွေ မန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။

ဦးဇေယျာအောင်က “Internet Banking ၀န်ဆောင်မှုပေးနိုင်ဖို့ လုပ်နေပါတယ်။ ဒီစနစ်မှာ ကျွန်တော်တို့ ဘဏ်စနစ်တွေအားလုံးကို အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဆောင်ရွက်နိုင်လိမ့်မယ်။ အကောင့် ပိုင်ရှင်တွေကလည်း ငွေလွှဲတာ၊ ငွေစာရင်းစစ်တာကအစ အွန်လိုင်းမှာ ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင် လိမ့်မယ်” ဟု ပြောသည်။

Internet Banking စနစ်ကို အသုံးပြုရာတွင် ဘဏ်အနေဖြင့် Internet Banking ၀က်ဘ်ဆိုဒ်ကို လွှင့်တင် ထားရမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အကောင့်နာမည်၊ လျှို့ဝှက် နံပါတ် များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အပြင် ကုန်ရောင်းကုန်ဝယ် အခွန်များ၊ မီတာခ၊ ဖုန်းဘီလ် ဖြည့်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း အွန်လိုင်းမှ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဦးဇေယျာအောင်က“အခွန်အခပေးတာမျိုးတွေကို အွန်လိုင်းအကောင့်ကနေ တစ်ဆင့် ပေးချေလို့ ရသလို ဈေးဝယ်စင်တာတွေ၊ ကုန်ရောင်းကုန်ဝယ်တွေမှာ ငွေပေးချေမှုမျိုးကိုလည်း ဆောင်ရွက်လို့ရမှာပါ။ အခုလည်း စီဘီဘဏ်ရဲ့ ငွေပေးချေမှုကို အသုံးပြုနိုင်မယ့် ဆိုင်တွေ၊ နေရာတွေကို ချိတ်ဆက်မှုတွေ လုပ်နေပါ တယ်” ဟု ပြောသည်။

ထို့ပြင် ကျေးလက်ဒေသအထိ ငွေပို့ ငွေလွှဲခြင်းများပြုလုပ်နိုင်မည့် Mobile Banking စနစ်ကို စတင် သုံးဆွဲမှုများ ပြုလုပ်နေပြီဖြစ်သည်ဟုလည်း စီဘီဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက ပြောသည်။

Internet Banking သည် ၀က်ဘ်ပေါ်တယ်မှ တစ်ဆင့် ဘဏ်လုပ်ငန်းများ၊ ဈေးရောင်းဈေး ၀ယ်ခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သည့် Mobile Banking စနစ်သည် ကျေးလက်ဒေသအထိ အေးဂျင့်များမှ တစ်ဆင့် ငွေထုတ်၊ ငွေလွှဲခြင်းများ အထိ ဆောင်ရွက်နိုင် မည်။

Mizzima News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Thursday, May 15, 2014

ဘီလျံနာသူဌေး အများပြားဆုံး မြို့တော်အဖြစ် ရပ်တည်နေသည့် လန်ဒန် ..................

Posted by: Ko Myo on Wednesday, May 14, 2014 Categories:


ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ်များ စုစည်းနေထိုင်သည့် မြို့တော်ကြီးများ၌ လန်ဒန်မြို့ က ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံ၏ မြို့တော်သည် အခြားသော ကမ္ဘာ့နိုင်ငံ မြို့တော်ကြီးများထက် ပြည်တွင်း ဘီလျံနာ သူဌေးကြီးများ အရေအတွက် ပိုမိုများပြားသလို လူဦးရေ အချိုးအစားနှင့် ဘီလျံနာသူဌေးများ နှိုင်းယှဉ်ချက်တွင်လည်း ထိပ်ဆုံးနေရာမှ ရှိနေကြောင်း Sunday Times သတင်းစာ၏ သုတေသန စစ်တမ်းက ဖော်ပြထားခဲ့သည်။ လန်ဒန်သည် ကမ္ဘာကျော် မြို့ကြီးများအနက် စူပါအဆင့် အချမ်းသာဆုံး ဘူမိနက်သန် နေရာတစ်ခုဟု သတင်းစာက ညွှန်းဆိုခဲ့ သည်။ ဘဏ္ဍာရေးအရ ရုန်းကန်နေရသူ အများအပြား ရှိနေဆဲဖြစ်သည့် လန်ဒန်သည် ဒူဘိုင်းကဲ့သို့ ကျိကျိတက် ကြွယ်ဝသူ အများအပြား ရှိနေသည့် မြို့ကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာ ရောက်နေခြင်း အတွက်မူ မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။



ဗြိတိန်နိုင်ငံတွင် ဘီလျံနာ (၁၀၄)ဦးထိရှိပြီး (၇၂)ဦးက လန်ဒန်တွင် နေထိုင်ကြောင်း သိရသည်။ ဒုတိယနေရာတွင် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုက ရပ်တည်နေပြီး ဒေါ်လာ(၁)ဘီလျံအထက် ကြွယ်ဝသူ (၄၈)ဦးထိ နေထိုင်သည်။ အမေရိကန်၏ စီးပွားရေး အချက်အခြာ မြို့တော်များဖြစ်သည့် နယူးယော့ခ်နှင့် ဆန်ဖရန်ဆစ္စကိုတို့ကမူ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေရာများ၌ ဘီလျံနာ အရေအတွက် (၄၃)ဦး၊ (၄၂)၊ (၃၈)ဦးစီဖြင့် အသီးသီး ရပ်တည်လျှက် ရှိသည်။ အာရှတိုက်မှ ဟောင်ကောင်ကမူ ဘီလျံနာ အရေအတွက် (၃၄)ဦး မှီခိုနေထိုင်ရာ မြို့တော်အဖြစ် ရှိနေသည်။



လန်ဒန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ဘဏ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းများဖြင့် အကြီးအကျယ် စီးပွားဖြစ် အောင်မြင်လျှက်ရှိသည့် အိန္ဒိယဖွား ဟင်ဒူဂျား ညီအစ်ကိုများက ပေါက်စတာလင် (၁၁.၉)ဘီလျံ ပိုင်ဆိုင်မှု ပမာဏဖြင့် ဦးဆောင်နေသည်။ ယူကရိန်းနိုင်ငံသား အေလီရှာ အူစမာနော့ဗ်မှာမူ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရှယ်ယာတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် လန်ဒန်၏ အချမ်းသာဆုံး စာရင်းတွင် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ဗြိတိန်တစ်နိုင်ငံလုံးမှ ဘီလျံနာသူဌေး (၁၀၄)ဦးလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ပေါင်စတာလင် (၃၀၁.၁၃)ဘီလျံထိ ရှိနေကြောင်းလည်း သိရသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, April 16, 2014

ကမ္ဘောဇဘဏ်ဝန်ထမ်းများအတွက် ရင်ခုန်စရာ ကံစမ်းမဲ ...............

Wednesday, April 16, 2014



 
 .
ကမ္ဘောဇက သူ့ရုံးနဲ့ ဘဏ်ခွဲအသီးသီးရဲ့ ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးနေပါပြီ။

 တစ်နှစ်ပတ်လုံးလစဉ် အထူးကံစမ်းမဲ လို့ အမည်ပေးထားပါတယ်။

ပြီးခဲ့တဲ့လက ပထမဆုံး စတင်ခဲ့တဲ့ ဒီအစီအစဉ်မှာ ဝန်ထမ်း အယောက် ၂ဝ ကံထူးသွားပါတယ်။

သိန်း ၁ဝဝ၊ ၅ဝ၊ ၄၀၊ ၃၀ အစရှိတဲ့ ဆုကြီးတွေ ပါပြီး ၃ သိန်း၊ ၅ သိန်း ဆုကတော့ အများအပြား ပါဝင်နေတာပါ။
 


 .

 (ဓာတ်ပုံတွေအားလုံးကို ကမ္ဘောဇဘဏ်အွန်လိုင်းကနေ ကူးယူပါတယ်)
 
.
လုပ်သက် ၃ နှစ်အထက် ဝန်ထမ်းများအတွက် ဆုတွေက ကြီးပါတယ်။
၃ နှစ်အောက် ဝန်ထမ်း ဆိုရင်တော့  ဆုတွေက ငယ်ပါတယ်။
အဲသလို ပေးတာ ဖတ်ရတော့ ဧရာဝတီ သတင်းဌာန သတင်းထောက်တယောက်က အတည်ပေါက် မေးတယ် - ငါတို့ရုံးမှာလည်း ဒီလို အစီအစဉ် ရှိရင် ကောင်းမယ် တဲ့။
သိပ်...................ကောင်းပေတာပေါ့။ ဆုတောင်းလေ .... ဆုတောင်း။ ဆုတောင်းဖို့ ပြောမယ့်သာ ပြောရတာ သူက ဒီဘလော့ http://blog.irrawaddy.org မှာ ရေးထားတာဖတ်ဖြစ်ပါ့မလား။ လိုရင်း ပြန်ဆက်ရရင် ကမ္ဘောဇဝန်ထမ်း ကြီးကြီးငယ်ငယ် အတွက် ဆုတွေကတော့ ကျေနပ်စရာပါပဲ။ ကံထူးသလောက် ပေါက်မယ်၊ ကံမထူးရင်တော့ ဗလာမဲ။
 တစ်နှစ်ပတ်လုံးလစဉ် လို့ အမည်ပေးထားတဲ့အတွက် လစဉ် မဲဖောက်မယ့်သဘောရှိပါလိမ့်မယ်။
မဲပေါက်ပြီးသားသူတွေကို လာမယ့် အစီအစဉ်တွေမှာ ထည့်တွက်မယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒါက ဝန်ထမ်းတွေ အလုပ်မထွက်အောင် ဆွဲဆောင်တဲ့ နည်းနာများထဲက တခု ဖြစ်ပါလိမ့်မယ်။

 


 .
နိုင်ငံတကာမှာ ဘဏ်လုပ်ငန်းတွေ ဒီလိုပဲ ကံစမ်းမဲ ဖောက်ပေးသလား ဆိုတာကလည်း မေးစရာ ဖြစ်နေပါပြီ။
အင်တာနက်မှာ နာရီဝက်လောက် လိုက်ဖတ်ကြည့်တော့ ဒီလိုအစီအစဉ် ရှိတယ်လို့ မတွေ့ရပါ။ (စာဖတ်နှေး၊ အင်တာနက်ကလည်း နှေးတာကြောင့် မတွေ့တာလည်း ဖြစ်နိုင်ပါတယ်)

တနှစ်တခါ ဘောနပ်စ်တော့ ပေးကြတာ ဖတ်ရတယ်။
ဘဏ်ခွဲ၊ ဘဏ်ဝန်ထမ်းတို့ရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး ပေးတယ်၊ အရာရှိ ခပ်ကြီးကြီးတွေကတော့ အများဆုံး ရကြတယ်လို့ ဆိုတယ်။
ဒီနှစ်တော့ သူတို့ရဲ့ တနှစ်စာဝင်ငွေနီးပါး ရကြတယ်လို့ ဆစ်ဒနီမောနင်းဟာရယ်ထရီဗျူး အွန်လိုင်းမှာ ရေးထားတယ်။

အွန်လိုင်းတနေရာမှာတော့ ဘောနပ်စ်က တနှစ်စာ လစာထက် ပိုရတာလည်းရှိတတ်ပါသတဲ့။

ယူအက်စ်မှာ ဆိုရင် အကြီးဆုံးဘဏ်ငါးခုရဲ့ ဒုတိယဥက္ကဋ္ဌတွေရဲ့ လစာက မြန်မာငွေ သိန်းတရာကျော်ကြောင်း Forbes အွန်လိုင်းမှာ ရေးပါတယ်။
သူတို့ရမယ့် ဘောနပ်စ်က သိန်းတထောင်ဝန်းကျင် ရှိပြီပေါ့။

ဘဏ်လုပ်ငန်းအရာရှိကြီးတွေ လစာ အင်မတန်များတယ် ဝင်ငွေ အင်မတန်များတယ် ဆိုတာ သူတို့လုပ်ငန်းက အောင်မြင်နေတာကြောင့်ပါပဲ။
ကဲ...သူများနိုင်ငံက ဝင်ငွေများအကြောင်း ဒီတင်ရပ်ပြီး ကိုယ့်နိုင်ငံအကြောင်း ဆက်ရမယ်ဆိုရင်...

ကမ္ဘောဇက သူ့ရုံးနဲ့ ဘဏ်ခွဲအသီးသီးရဲ့ ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးတာကတော့ ဆုပေးဒဏ်ပေးစနစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်မှာပါ။
ဒီလိုလုပ်ခြင်းဟာ လုပ်ငန်းခွင်ထဲ အငြင်းပွားစရာ နည်းပါးပါလိမ့်မယ်။
နိုင်ငံခြားဘဏ်တွေလို ဘယ်သူ့ကို ဘယ်လောက် ဘောနပ်စ်ပေးသင့်ကြောင်း ကော်မတီဖွဲ့ဆွေးနွေးဆုံးဖြတ်၊ အရာရှိအဆင့်ဆင့်က ဆုံးဖြတ်မယ် ဆိုရင် အငြင်းပွားစရာက သေချာပေါက် ရှိမှာပါ။
ရုံးတွင်းနိုင်ငံရေး ဆိုတာက နေရာတကာမှာ အားကောင်းတတ်တယ် မဟုတ်လား။
ကမ္ဘောဇရဲ့ နည်းလမ်းတွေကို နိုင်ငံခြားဘဏ်တွေ လိုက်လုပ်မယ် မထင်ပါဘူး။
လိုက်လုပ်ရင် ဆုံးဖြတ်ချက်ချသူတို့ကို သေချာပေါက် ထိခိုက်မှာဆိုတော့ ဘယ်လိုက်လုပ်ပါ့မလဲ။

ဒီစာ နိဂုံးချုပ်ခါနီး မဲပေါက်တဲ့ ကမ္ဘောဇဝန်ထမ်းတွေရဲ့ ဓာတ်ပုံအောက်က စာတန်းကို ဖတ်ကြည့်တော့ ... မဲပေါက်ပြီးသူတွေက လာမယ့်လတွေမှာလည်း ကံထူးနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ရေးထားပါတယ်။

ပြီးတော့ ဝန်ထမ်းတွေ အားလုံး ကံစမ်းမဲပေါက်သူတွေကိုကြည့်ပြီး မုဒိတာပွားကြစေလိုတယ်လို့လည်း ရေးထားပါတယ်။

ကျနော်လည်း ဘဏ်ဝန်မ်းမဟုတ်သော်ငြားလည်း ဒီဘလော့ http://blog.irrawaddy.org ကနေ မုဒိတာ ပွားလိုက်ပါတယ်။ 







.

Saturday, April 5, 2014

ရန်ကုန်နဲ့ အနီးဆုံး အပန်းဖြေကမ်းခြေအတု ............

4 April 2014 18:33(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)


ဒီတစ်ပတ်အားလပ်ရက်မှာ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်သွားရုံနဲ့ ကမ်းခြေတစ်ခုရဲ့အရသာမျိုးနဲ့ အပန်းဖြေနိုင်တဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။

 ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှာ ရှိတဲ့ ညောင်ချောင်းသာ(ခေါ်)ရန်ကင်း သာ အပန်းဖြေနေရာလေးပါ။ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှဘဲ ထူး ဆန်းပြီးသဘာဝအလျောက်ဖြစ် ပေါ်နေတဲ့ အပန်းဖြေနေရာတစ် ခုကို ခံစားရမှာပါ။

ဧရာဝတီမြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ ပန်းလှိုင်မြစ်ထဲ မှာ နွေရာသီရေကျချိန် ပေါ်လာ စမြဲဖြစ်တဲ့ သဲသောင်ပြင်ကြီးကို အပန်းဖြေနေရာ တစ်ခုအနေနဲ့ သတ်မှတ်ထားပြီး အဲဒီနေရာကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လာ ရောက်အပန်းဖြေသူများလာခဲ့ပါ တယ်။

ရန်ကုန်မှ သွားမယ်ဆိုရင် သိပ်မဝေးဘဲ ညောင်တုန်းကို ကားနဲ့ နှစ်နာရီခန့်သာမောင်းရပါ တယ်။ ညောင်တုန်းရောက်ပြီဆို တာနဲ့ ညောင်ချောင်းသာကို မသိ တဲ့လူက ရှားပါတယ်။

ရန်ကုန်ကနေဆိုရင် ညောင် ချောင်းသာအရောက်ကို ၃၅ မိုင် ဝေးတာကြောင့် မနက်စောစော ၆ နာရီလောက်သွားမယ်ဆိုရင် ၈ နာရီလောက်ရောက်နိုင်ပြီး အသွားအပြန် လေးနာရီခန့်သာကြာနိုင်မှာပါ။

ကိုယ်ပိုင်ကားနဲ့ သွားရောက် မယ့်သူတွေအတွက် ရန်ကင်းသာ ကမ်းခြေမှာ ကားပါကင် လုံလုံ လောက်လောက်ကိုလည်း စီမံ ပေးထားပါတယ်။

လိုင်းကားနဲ့ သွားသူတွေ ကတော့ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးဝင်းကနေ ညောင်တုန်း ကိုသွားတဲ့ လိုင်းကားများစွာရှိပြီး ညောင်တုန်းမြို့  ရောက်တာနဲ့ အပန်းဖြေနေရာရှိတဲ့ ရန်ကင်းစံ သာကျေးရွာကိုသွားဖို့ သိပ်မဝေး တော့ပါဘူး။

ညောင်တုန်းမြို့ကို ရောက် တာနဲ့ ညောင်ချောင်းသာကမ်းခြေကိုသွားဖို့ ကားနဲ့ ၁၅ မိနစ် လောက် ဆက်မောင်းရပြီး မြို့ထဲ ကိုဝင်တာနဲ့ ကမ်းခြေရှိတဲ့ နေရာကို ညွှန်ပြထားတဲ့ ဆိုင်းဘုတ် တွေကို နေရာအနှံ့တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်က သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီးသွားမယ်ဆိုရင် ကားငှားရမ်းခမှာ လိုက်ထရပ်တစ် စီးကို ကျပ်သုံးသောင်းမှ လေး သောင်းခန့်ပေးရပါလိမ့်မယ်။

ညောင်ချောင်းသာကမ်းခြေ ကိုရောက်တာနဲ့ ထူးဆန်းစွာ သဘာဝအလျောက်ဖြစ်ပေါ်နေ တဲ့ သဲသောင်ပြင်ကြီးပေါ်မှာ ထီး အမိုးများ၊ ထိုင်ခုံများနဲ့ လူအများ အပန်းဖြေနေတာကို မြင်တွေ့ရ မှာပါ။

ထီးအမိုးတွေ အောက်မှာ ထိုင်နေသူတွေသာမက ကမ်းခြေ သဖွယ်ဖြစ်နေတဲ့ သောင်ခြေစပ်မှ မြစ်ထဲကိုဆင်းပြီးရေဆော့ကစားနေသူများကို ပျော်ရွှင်ဖွယ်မြင် တွေ့မှာပါ။

ရေကစားနိုင်တဲ့ ကမ်းခြေ အရှည်က မိုင်ဝက်လောက်ရှည် ပြီး ကမ်းခြေမှာတော့ အပေါင်း အသင်း သူငယ်ချင်းတွေစု လာ သူတွေကို အများဆုံးတွေ့ရပြီး မိသားစုလိုက် လာရောက်သူတွေ ကိုလည်း တွေ့ရပါတယ်။

မြစ်ထဲဆင်းပြီးရေကစားနိုင် သလို ရေထဲမှာလည်း လှေစီးတာ၊ ဘောကွင်းစီးတာ၊ ရေလယ်စား သောက်ဆိုင်မှာ အပန်းဖြေစား သောက်နိုင်တဲ့ ဝန်ဆောင်မှုတွေ လည်းရှိပါတယ်။

ဒီနေရာမှာတော့ ရေကစား သူများအတွက် ဘောကွင်းငှား ရမ်းခ ကျပ် ၅၀၀ သတ်မှတ်ထား ပြီး လှေစီးချင်သူများအတွက် လှေတစ်စီးကို ကျပ် ၁,၀၀၀ နှုန်း သတ်မှတ်ထားကာ ကမ်းခြေတစ် ပတ်စီးနိုင်ပါတယ်။

အေးအေးဆေးဆေးနေချင် သူတွေကတော့ ရေလယ်စား သောက်ဆိုင်မှာ အခန်းငှားရမ်းပြီး ဆိုင်မှာရတဲ့  တရုတ်စာ၊  ဗမာ ထမင်းဟင်းနဲ့ သောက်စရာ အဖျော်ယမကာအချို့ကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။

ရေလယ်စားသောက်ဆိုင်မှ စီစဉ်ပေးသော သီးသန့်ခန်းကို လည်း တစ်နာရီ ကျပ် ၄,၀၀၀ နဲ့ ငှားရမ်းနိုင်ပါတယ်။ ညအိပ် ညနေ နေလိုသူတွေအတွက် ကမ်း ခြေတစ်လျှောက်ရှိ ဆိုင်များမှ အခန်းတွေကို သင့်လျော်သလို ဈေးနှုန်းညှိနှိုင်း ငှားရမ်းနိုင်ပေမယ့် ညအိပ်နေသူရှားပါးတယ်လို့ ဆိုင် ခန်းဖွင့်ထားတဲ့ ဒေသခံတွေက ပြောပါတယ်။

ရေထဲမဆင်းချင်တဲ့သူတွေ အနေနဲ့တော့ သဲသောင်ပြင်ပေါ် မှာဖွင့်ထားတဲ့ ဈေးဆိုင်ခန်းများမှ ဒေသထွက်အစားအသောက်များ၊ အမှတ်တရအင်္ကျီများ၊ လက် ဆောင်ပစ္စည်းအရောင်းဆိုင်များ မှာ လည်ပတ်ပြီး ဝယ်ယူနိုင်ပါ တယ်။

 ညောင်တုန်းမြို့ရဲ့  ဒေသ အစားအသောက်ကတော့ ငှက် ပျောခြောက်ကြော်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဇလွန်မြို့နဲ့လည်း သိပ် မဝေးတာကြောင့် ဇလွန်ဒေသ ထွက် ဂျင်းသုပ်ကောင်းကောင်း ကိုလည်း ဝယ်ယူရရှိနိုင်မှာပါ။

ကမ်းစပ်မှာ ထီးနဲ့ နေရာ ထိုင်ခင်းငှားရမ်းမယ်ဆိုရင် ကျပ် ၂,၀၀၀၊ ၃,၀၀၀ ဝန်းကျင်ပေးရ ပြီး ကမ်းစပ်မှာ အုန်းစိမ်းရည် သောက်၊ အကင်စားပြီး တကယ် ကို ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရသာလိုမျိုးခံစားနိုင်မှာပါ။

အုန်စိမ်းရည်ရောင်းချသူ တွေ၊ ငါးကင်၊ ကြက်ကင်၊ ပုစွန် ကင်ရောင်းချသူတွေနဲ့စည်ကား နေတာကြောင့် ငွေဆောင်၊ ချောင်းသာကဲ့သို့ ပင်လယ်ကမ်း ခြေသို့ သွားရောက်လည်ပတ်ရန် အချိန်မပေးနိုင်သူတွေအတွက် ညောင်ချောင်းသာက သွားသင့် တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ကမ်းခြေမှာ ကလေးကစားကွင်းငယ်တစ်ခုရှိပြီး ရေစပ်ကိုမဆင်းဘဲ သဲသောင်ပေါ်မှာ ဆော့ကစားချင်တဲ့ ကလေးငယ်တွေအတွက် အထူးအဆင်ပြေလှပါတယ်။

ကလေးကစားကွင်းငယ်မှာ ကလေးငယ်တွေအတွက် စီမံထား တဲ့ ပျော့ပျော့အိအိ ကစားကွင်း ငယ်နဲ့ အပျော်တမ်းသေနတ်ပစ်၊ ပူဖောင်းပစ်၊ အမှတ်တရဓာတ်ပုံ ရိုက်တာတွေ လုပ်နိုင်မှာပါ။

အပန်းဖြေသွားသူများ အတွက် မှာချင်တာကတော့ နွေ ရာသီပူပြင်းတဲ့အချိန်မှာ ရေထဲ ဆင်းပြီးမကစားဖို့ အကြံပြုချင်ပါ တယ်။

မြစ်ရေ ဖြစ်တာကြောင့် ရေထဲကို ဆင်းတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာကိုကျော် ပြီး ဆော့ကစားတာ၊ အရက်သေ စာသောက်စားပြီး ရေကစားတာ တို့ကို ရှောင်ရှားဖို့လည်း အကြံပြု ချင်ပါတယ်။

ခရီးက နေ့ချင်းပြန်ဖြစ်တာ ကြောင့် အနည်းငယ်ပင်ပန်းနိုင် သော်လည်း သွားရောက်သူများ ထူးဆန်းသောဒေသန္တရဗဟုသုတ တစ်ခုရရှိနိုင်မှာဖြစ်လို့ ပိတ်ရက် မှာ မိသားစုလိုက်သော်လည်း ကောင်း၊ အပေါင်းအသင်းများစု ၍သော်လည်းကောင်း အပန်းဖြေ သွားရောက်သင့်တဲ့နေရာကောင်း တစ်ခုဖြစ်ပါတယ်။

Author: ခန့်ထက်၊ ရဲနောင်

7DAY DAILY

ညောင်ချောင်းသာ (ရန်ကင်းသာ ကမ်းခြေ) ဓာတ်ပုံ− ခန့်ထက်

Sunday, March 30, 2014

ကားဈေးနှုန်း ကျဆင်း................

29 March 2014 18:28(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)


ပြည်ပကနေ တင်သွင်းတဲ့ မော်တော်ယာဉ်တွေရဲ့ မှတ်ပုံတင်ခကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)က လာမယ့် ဧပြီလဆန်းကစပြီး လျှော့ချပေးတော့မှာ ဖြစ်လို့ ကားဈေးနှုန်းတွေ ကျပ်သိန်းပေါင်း ဆယ်ဂဏန်းကျော် ကျဆင်းနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်ပကနေ တင်သွင်းတဲ့ မော်တော်ယာဉ်တွေရဲ့ မှတ်ပုံတင်ခကို ကညနက လာမယ့် ဧပြီလဆန်းကစပြီး အင်ဂျင်ပါဝါ ၁၃၅၀ စီစီနဲ့အောက် ၃၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၁၃၅၁ ကနေ၂၀၀၀ စီစီ ၅၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ ကနေ ၅၀၀၀ စီစီ ၈၀ ရာခိုင်နှုန်း အသီးသီးပြောင်းလိုက်တဲ့အတွက် အရင်ကထက် ၂၀ ရာခိုင်နှုန်းစီ လျှော့ကျသွားပါတယ်။

ဒီအကျိုးသက်ရောက်မှုကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးတွေက အသီးသီး ကျသွားတယ်လို့ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းက ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးအောင်သန်းဝင်းက ပြောပါတယ်။

MTC ကားအရောင်းစင်တာရဲ့ အထွေထွေမန်နေဂျာ ဦးကျော်စွာသိန်းက မော်တော်ယာဉ် မှတ်ပုံတင်ခတွေကို အခုလို လျှော့ချလိုက်တဲ့အတွက် အမြင့်ကားတွေ ကိုင်တဲ့ ကားအရောင်း စင်တာ တွေကတော့ ဆုံးရှုံးမှုတွေ များနိုင်ပြီး ကျပ်သိန်း ၉၀ ၀န်းကျင်လောက်နဲ့ လူတိုင်း ကားအသစ် ၀ယ်စီးနိုင်တော့မယ်လို့ ပြောပါတယ်။

ကညနက မတ် ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ယာဉ်အသီးသီးအပေါ် ကောက်ခံတဲ့ မော်တော်ယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို ပြင်ဆင်လိုက်တဲ့ ကြေငြာချက်ကြောင့် မန္တလေး ကားဝယ်ရောင်းဈေးကွက်မှာ အရောင်းအ၀ယ်က မရှိသလောက် အေးသွားတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုသန့်စင်က ပြောပါတယ်။

အခု ပြင်ဆင်လိုက်တဲ့ နှုန်းထားတွေကြောင့် ကားဈေးကွက်မှာ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် မော်ဒယ်အမြင့်ကားတွေ နောက်ပိုင်း ပိုမိုဝင်ရောက်လာဖို့ ရှိပြီး ဈေးနှုန်းအရလည်း လူတိုင်းဝယ်စီးနိုင်တဲ့ အခွင့်အရေးတွေ ရရှိလာတော့မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။

By သိုက်ဇင် (ဒီဗွီဘီ)

ကားအရောင်းပြခန်းတခု

Tuesday, March 25, 2014

ပြည်တွင်း ပထမဦးဆုံးအဖြစ် eSavings Account စနစ်စတင်



SHARE THIS POST ON...
အတွဲ (၁၅)၊ အမှတ် (၁၃)

ဘဏ်တွင် Savings Deposit Account နည်းတူ ငွေသားအပ်နိုင်ပြီး အထောက်အထားအဖြစ် Saving Passbook ကို ထုတ်ပေးခြင်းအစား ဘဏ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စာရင်းပိုင်ရှင်၏ Email သို့ eStatement ပေးပို့သော ဝန်ဆောင်မှုဖြစ်သည့် eSavings Account ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို သမဝါယမဘဏ်မှ စတင်ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ “အရင်တုန်းက Saving အကောင့်ရှိပါတယ်။ အခုကျတော့ eSaving ဖွင့်တဲ့အခါ စာအုပ်မရဘူး။ ဘဏ်ကနေ အီးမေးလ်အကောင့်နဲ့ တစ်ဆင့် သွားမှာဖြစ်ပါတယ်။ မိုဘိုင်းဘဏ်စနစ်နဲ့ ဆက်စပ်လည်းရတယ်။ MPU ကတ်နဲ့ ချိတ်ဆက်လည်းရ တယ်။ eAlert ကတော့ အီးမေးလ်ပို့ပြီး ဘဏ်အသုံးပြုသူကို သတိပေးမှာပါ။ ဒါကိုသုံးတာက အသုံးပြုသူက ဘဏ်ကိုလာစရာမလိုဘဲနဲ့ အိမ်မှာထိုင်ပြီး ကြည့်နိုင်တဲ့သဘော ဖြစ်သွားတာ။ အရင် Saving ဖွင့်ပြီးသား လူတွေလည်း ဒီ eSaving ကို ပြောင်းလို့ရပါတယ်။ သက်ဆိုင်ရာဘဏ်တွေမှာ ဒီနေ့ကစပြီး ဘဏ်ခွဲအားလုံး မှာ eSaving ဖွင့်လို့ရပါပြီ” ဟု သမဝါယမဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

အသုံးပြုသူ၏ အီးမေးလ်ဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကာ အကောင့်ပျောက်ပျက်သွားပါက ဘဏ်သို့ သွားရောက်ကာ မှတ်ပုံတင်နှင့် အီးမေးလ်အသစ်တစ်ခုသို့မဟုတ် အခြားအီးမေးလ် တစ်ခုနှင့် ပြန်လည် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “Customer ကို စာအုပ်ထုတ်မပေးတော့ဘူး။ Customer သည် သူ့ငွေပမာဏကို သူကြည့်ဖို့ကို အီးမေးလ်ထဲ လစဉ်ပို့ပေးနေမယ်။ ငွေသွင်း၊ ငွေထုတ်တွေကို သူ့အီးမေးလ် ကို eAlert အနေနဲ့ပို့ပေးနေမယ်။ ဒါကို ငွေသွင်း ချင်ရင်ဘဏ်ကို ငွေသွင်းရမယ်။ ငွေထုတ်ချင်ရင် သတ်မှတ်နည်းလမ်းတွေနဲ့ ငွေထုတ်ခွင့်ပေးထားတယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေ မန်နေဂျာ ဦးဇေယျာကျော်က ပြောသည်။ ဘဏ်ကောင်တာတွင် မှတ်ပုံတင်ပြ၍ ငွေထုတ်နိုင်မည်ဖြစ်ပြီး eSaving အကောင့်ထဲမှ ငွေထုတ်ခွင့်ကို Current အကောင့်နှင့် ပေးချေထုတ်ခွင့်လည်းရှိကြောင်း သိရသည်။

ဘဏ်အသုံးပြုသူ၏ အီးမေးလ်သို့ eStatement ပေးပို့ခြင်းဖြင့် ဘဏ်သို့လာရောက်ရန် မလိုဘဲ ဆောင်ရွက် မှုအားလုံး၏ စာရင်းရေးသွင်းချက်များကို အချိန်နှင့်တစ်ပြေးညီ အသေးစိတ် မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။ စက္ကူသုံးစွဲမှုကိုလျှော့ချရေး၊ စာရင်းပိုင်ရှင်အနေဖြင့် စာအုပ်အထောက်အထားများ သိမ်းဆည်း မှု လျှော့ချနိုင်စေရန်၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် မိမိတို့၏ Statement များကို ကိုယ်ပိုင်အီးမေးလ်မှတစ်ဆင့် အချိန်မှန် စစ်ဆေးနိုင်စေရန် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခြင်းဖြစ် သည်ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူများကဆိုသည်။ “စာအုပ်မလို ၊ ဘဏ်ကိုလည်း သွားစရာမလိုဘဲ Saving Account ဖွင့်ထားတဲ့အတိုင်း အီးမေးလ်ထဲကတစ်ဆင့် လုပ်နိုင်တယ်ဆိုတော့အချိန်ကုန် လူပင်ပန်းသက်သာတာပေါ့။ ဒါပေမယ့် အီးမေးလ်လုံခြုံရေးကိုတော့ ပိုဂရုစိုက်ဖို့ လိုမယ်ထင်ပါတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

eSaving သုံးစွဲခြင်းကြောင့် ဘဏ်စာအုပ်သယ်ယူကိုင်ဆောင်ရန် မလိုခြင်း၊ Transaction ဖြစ်ပေါ်တိုင်း မိမိငွေလက်ကျန်ကို အလိုလျောက် သိရှိနိုင်ခြင်း၊ eStatement ကို ကမ္ဘာပေါ်ရှိ နေရာအားလုံးမှ ကြည့်ရှုနိုင်ခြင်း၊ ဘဏ်သို့လာရောက်ကာ ဘဏ်စာအုပ်တွင် Update ပြုလုပ်ရန်မလိုခြင်း၊ eStatement မှာ အွန်လိုင်းမှတစ်ဆင့် ပေးပို့ခြင်းဖြစ်၍ အချိန်ကုန်သက်သာမည်ဖြစ်ပြီး အချိန်နှင့် တပြေးညီလည်း အချက်အလက်များကို အလွယ်တကူရယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဟုလည်း သိရသည်။

ထွန်းထွန်း
Interent Journal

Saturday, March 8, 2014

ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်အရ ကြယ်စင်အိမ်ရာ အခန်းငှားခ ထက်ဝက်လျော့ သတ်မှတ် ..............

ထင်လင်းအောင် .

သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်းမှ အခန်းငှားရမ်းခနှုန်းထားများကို မြို့တွင်းအိမ်ရာ အငှားဈေး နှုန်းများအောက် ထက်ဝက်နီးပါး လျှော့ချထားခြင်းက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု စီမံကိန်းမန်နေဂျာ မစ္စတာပီတာ ဂျေဖရန့်စ်က် မဇ်္ဈိမကို ပြောသည်။

မစ္စတာ ပီတာဂျေဖရန့်စ် က“ ဒီမှာရှိတဲ့အခန်းတွေအားလုံးက ပြည်ပဧည့်သည်တွေရဲ့ လူနေမှုပုံစံနဲ့ အဆင် ပြေတဲ့အဆင့်ကို လုပ်ထားတာပါ။ ဒါပေမယ့် ဈေးနှုန်းကတော့ မြို့ထဲက အိမ်ရာဈေးနှုန်းတွေနဲ့စာရင် အရမ်း ကို မျှမျှတတဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ဒီနေရာက (သန်လျင်မြို့)အခုမှ ဖွံ့ဖြိုးစဖြစ်သလို၊ သွား လာမှုမှာ နည်းနည်းအခက်အခဲရှိတော့ ဈေးကို မျှတထားတာပါ။ ဒီလိုဖွံ့ဖြိုးဆဲ အခြေအနေ တစ်ခုကလဲ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစေပါတယ်” ဟု မတ် လ ၄ ရက် ပြုလုပ်သည့် နိုင်ငံခြား ဧည့်သည် များကို အခန်းငှားခနှုန်းများကို ရှင်းပြသည့် အခမ်းအနားတွင် မဇ်္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားပြောသည်။

Star City ကြယ်စင်အိမ်ရာ အခန်းခနှုန်းထားများကို အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းပါ စတုရန်းပေ ၆၆၀ ၀န်းကျင် အခန်းကို တစ်လငှားရမ်းခ ကန်ဒေါ်လာ ကျပ် ၁,၀၀၀ ကျော်ဝန်းကျင်ဖြင့် (ကျပ်ငွေ ဆယ်သိန်း ၀န်းကျင်) အနိမ့်ဆုံးဈေးနှင့် အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း ၊ရေချိုးခန်းပါ စတုရန်းပေ ၂,၈၀၀ ၀န်းကျင်အခန်းကို ကန်ဒေါ်လာ ၄,၀၀၀ ၀န်းကျင် (ကျပ်ငွေ ၄၉သိန်းကျော် ၀န်းကျင်)ဖြင့် အမြင့်ဆုံး ဈေးများဖြင့် သတ်မှတ် ထားခြင်းဖြစ်သည်ဟု အိမ်ရာအရောင်းမန်နေဂျာ ဦးဆမ်မြူ ရယ်စိုင်းက ပြောသည်။

၂၀၁၄ မတ်လ၏ ကာလပေါက်ဈေးအနေဖြင့် မြို့တွင်း ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များတွင် စတုရန်းပေ ၆၀၀ အခန်း တစ်ခန်း၏ တစ်ရက် ငှားရမ်းခနှုန်းထားမှာ ကန်ဒေါ်လာ ၁၅၀ မှ၂၀၀ ၀န်းကျင် အကြားရှိသည် ဟု ဟိုတယ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်း၏ ဇုန်အေ အမှတ် ၅ (Zone A5)မှ အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်း စသဖြင့် အခန်းပေါင်း ၁၅၀ ကျော်အား ဇွန်လအတွင်း စတင်ငှားရမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။

Wednesday, March 5, 2014

မခိုင်မာသေးသည့် ရှယ်ယာများနှင့် အလှမ်းဝေးနေဆဲ စတော့ ..............

သစ်နေမိုး

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ အရှိန်ယူ လုပ်ဆောင်နေမှုနှင့်အတူ မရှိမဖြစ် ဒွန်တွဲပါလာရန် လိုအပ်သည့် အင်္ဂါရပ်တခု ဖြစ်သော စတော့ဈေးကွက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာတနိုင်ငံတည်းသာ မရှိသေးသော စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော် စတင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုထားသည်။

စတော့ဈေးကွက်ဟု ဆိုလိုက်သည်နှင့် ပါဝင်ပတ်သက်လာမည့် အဓိက ရင်းမြစ်များတွင် ထိပ်ဆုံးမှ ပါနေသည်မှာ စတော့ရှယ်ယာများကို ရောင်းချကြမည့် အများပိုင်ကုမ္ပဏီများဖြစ်သည်။ ယင်းအများပိုင် ကုမ္ပဏီများက မြန်မာအစိုးရ၊ ဂျပန် စတော့အိတ်ချိန်းနှင့် Daiwai ကုမ္ပဏီတို့ ဖက်စပ်စနစ်ဖြင့် တည်ထောင်မည် ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အောင်လုပ်၍ ရှယ်ယာများ ရောင်းချကြရမည်ဖြစ်သည်။

ထိုစတော့အိတ်ချိန်းတွင် စာရင်းဝင် ရောင်းချနိုင်ရန်အတွက် အများပိုင်ကုမ္ပဏီများဘက်မှ လိုအပ်မည့်အချက်များစွာ ရှိနေမည် ဖြစ်သည်။ အမြတ်ငွေအနည်းဆုံး ၂ နှစ်ဆက်တိုက် ရရှိထားသော ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံးထည့်ဝင် ရင်းနှီးငွေကျပ် သန်း ၅၀၀ ထည့်ဝင်ပြီး ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံး ရှယ်ယာရှင်အရေအတွက် ၁၀၀ ရှိရမည်ဖြစ်ခြင်း စသည်တို့ကို လက်တလောတွင် အကြမ်းဖျဉ်း လျာထားကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စတော့ဈေးကွက် မပေါ်သေးသော်လည်း အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့် ရှိလာသည့်အတွက် ထည်ထောင်သည့် အရေအတွက် များပြားလာသည်နှင့်အတူ ရှယ်ယာများကိုလည်း ရောင်းဝယ်ကြသည်။

အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အချက်များအရ ကနဦးရှယ်ယာရှင် ၇ ဦးနှင့် ဖွဲ့စည်းခွင့်ရှိခြင်းကြောင့် ထို ၇ ဦးဖြင့် တည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီများကလည်း အများအပြားပင်ဖြစ်သည်။ လက်ရှိ အများပိုင်ကုမ္ပဏီ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိနေပြီဟု ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။

ထို ၁၄၀ ကျော်သော အများပိုင်ကုမ္ပဏီများတွင် ရောင်းဝယ်မှု ရှိလာနေသည့် ရှယ်ယာ Share certificate များမှာ Risk ဆုံးရှုံးနိုင်ခြေ တန်ဖိုး (Risk) ကို တွက်၍ ရင်းနှီိးမြှုပ်နှံရသကဲ့သို့ ခိုင်မာမှုတွင်လည်း များစွာအားနည်းသည်ကို တွေ့ရမည်ဖြစ်သည်။ စတော့အိတ်ချိန်း ပေါ်လာမည် ဆိုပါကသာ စံသတ်မှတ်ချက်များနှင့်အညီ စာရင်းဝင်ခြင်း၊ ဈေးကွက် ၀ယ်လိုအား၊ရောင်းလိုအားနှင့်အညီ ရှယ်ယာတန်ဖိုး အတက်အကျနှင့် အရောင်းအ၀ယ်များ ပြုလုပ်ခြင်းကို စနစ်တကျ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အတူ ငွေပေါ်လွယ်မှု Liquidity အပိုင်းအတွက်လည်း အရောင်းအ၀ယ်ကို ခလုတ်နှိပ်၍ အလျှင်အမြန် လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။

စတော့ ဈေးကွက် မပေါ်ပေါက်သေးဘဲနှင့် အများပိုင်ကုမ္ပဏီများ ပေါများလာခြင်း၊ ရှယ်ယာများ အရောင်းအ၀ယ် လုပ်ခြင်းတို့က အန္တရယ်များကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုဖူးသည်။

“စတော့အိတ်ချိန်း မပေါ်ဘဲနဲ့လည်း အခုရှယ်ယာတွေ ရောင်းနေတာ အများကြီးပဲ၊ သို့သော် အဲဒီကုမ္ပဏီက ဘယ်လောက် ခိုင်မာသလဲ၊ နောက်ဆုံးကုမ္ပဏီ သူဌေးက တာ့တာပြပြီး ထွက်သွားလို့ရတယ်။ စတော့အိတ်ချိန်း ပေါ်လာရင်တော့ စံချိန်စံညွှန်းတွေ သတ်မှတ်ပြီး ဒီဟာတွေနဲ့ညီတဲ့ ကုမ္ပဏီတွေကိုသာ အစုရှယ်ယာ ရောင်းပေးမှာဆိုတော့ တကယ်လုပ်မယ့် ကုမ္ပဏီလား၊ ညာသွားမယ့် ကုမ္ပဏီလားဆိုတာ စံနှုန်းတွေ သတ်မှတ်ထားမှာ ဖြစ်တဲ့အတွက် ဒီ စတော့အိတ်ချိန်းမှာ ရောင်းချခွင့်ရတဲ့ ကုမ္ပဏီတွေက အပြင်မှာရောင်းချတဲ့ ကုမ္ပဏီတွေထက် အများကြီး ခိုင်မာသွားပါပြီ” ဟု ပြောခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီများအနေဖြင့် ရှယ်ယာများ ထုတ်ခွင့်ပြုထားသကဲ့သို့ တရားဝင် ရောင်းခြင်းဝယ်ခြင်းများလည်း ပြုလုပ်၍ရသည်။

ယင်းအပိုင်းနှင့် ဆက်စပ်၍ စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများနှင့် ၀ယ်ယူသူတို့ အပိုင်းတွင် ကြားခံဆောင်ရွက်ပေးရမည့် Security ကုမ္ပဏီတခုဖြစ်သော Myanmar Securities Exchange Centre (MSEC) မှ Deputy Director ဦးသက်ထွန်းဦးက “ရှယ်ယာက တရားဝင် ရောင်းလို့ရတယ်၊ ပြည်သူလူထုကလည်း တရားဝင် ၀ယ်လို့ရတာပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ခိုင်မာမှု ရှိလား မရှိလားဆိုတာ ကိုယ့်ဘာသာ သိထားဖို့လိုပါတယ်။ ကုမ္ပဏီတွေက အကုန်အသစ်တွေချည်းပဲ။ အသစ်တွေချည်းပဲဆိုတော့ အောင်မြင်သွားတာ ရှိနိုင်သလို ခြေချော် လက်ချော်လည်း ဖြစ်သွားနိုင်တာပဲ။ ဒါကတော့ ၀ယ်သူမှာ သတိရှိဖို့ပဲ။ ရောင်းသူကတော့ အကောင်းဆုံးဖြစ်အောင် ရောင်းမှာပဲ” ဟု ပြောသည်။

အများပိုင် ကုမ္ပဏီများအနေဖြင် ရှယ်ယာများရောင်းချမှု အပိုင်းတွင် စည်းစနစ်ကျမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တို့တွင် တဖွဲ့နှင့် တဖွဲ့ ကွာခြားမှုများရှိပြီး ထိုအပိုင်းများတွင် လိုအပ်ချက်များ ရှိနေကြောင်း သက်တမ်းရင့် အများပိုင်ကုမ္ပဏီဖြစ်သည့် FMI ၏ ဥက္ကဌ ဦးသိမ်းဝေက ဆိုသည်။

“အများပိုင် ကုမ္ပဏီတွေကတော့ အုပ်ချုပ်ဖို့ ထိန်းချုပ်ဖို့အပိုင်းတွေ အများကြီးလိုပါတယ်။ သူတို့ရဲ့ Compliant ခွင့်ပြုလိုက်လျောမှုတွေ၊ Corporate governance အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအပိုင်းတွေပေါ့။ အဲ့ဒီအပိုင်းတွေ လိုပါတယ်လို့ မြင်တယ်၊ လက်ရှိရှယ်ယာတွေ ရောင်းနေတဲ့အပိုင်းက တဖွဲ့တဖွဲ့နဲ့ မူတည်ပါတယ်၊ ခြုံပြီးပြောလို့မရဘူးပေါ့။ အုပ်ချုပ်မှု ကောင်းတဲ့ အဖွဲ့လည်းရှိသလို အုပ်ချုပ်မှုပေါ့တဲ့ အဖွဲ့လည်းရှိမှာပါပဲ” ဟု ဦးသိမ်းဝေက ပြောသည်။

ရှယ်ယာဝယ်ယူမည့် သူများအပိုင်းမှလည်း ရှယ်ယာရောင်းချသည့် ကုမ္ပဏီများ၏ အချက်အလက်များ ထည့်သွင်းဖော်ပြသော လမ်းညွှန် Prospectus တွင် ဆုံးရှုံးနိုင်မှုအပိုင်း Risk sector များကို အသေအချာ လေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှံသင့်သည်ဟု ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသောသူများ အပိုင်းမှ ကြည့်မည်ဆိုပါက ရှယ်ယာ တန်ဖိုးများ အတက်အကျ ဖြစ်စဉ်တွင် ရှယ်ယာတန်ဖိုး တက်မှသာလျှင် အကျိုးအမြတ် ပိုမိုမည် ဖြစ်သည်။ သို့သော် ရှယ်ယာတန်ဖိုးတက်သည့် အခြေအနေက ငွေဖောင်းပွမှုတက်သည့် အခြေအနေကို မကျော်လွန်ပါက ထိုက်သင့်သည့် တန်ဖိုး ဖြစ်လာမည် မဟုတ်ကြောင်း သိရသည်။

“ရှယ်ယာက တက်သွားတယ်ဆိုပါတော့၊ ၁၀၀ ကနေ ၁၁၀၊ ဒါဆို တဖက်က ငွေကြေးဖောင်းပွမှုကလည်း တက်သွားမယ်ဆိုရင် ရှယ်ယာတက်သွားတာက တကယ်တမ်း Real value မဟုတ်ဘဲနဲ့ Inflation ငွေဖောင်းပွမှုနဲ့ တွက်လိုက်ရင် သိပ်မကိုက်ပါဘူးဆိုတာ ဖြစ်ရင် ဖြစ်သွားမယ်၊ တခုရှိတာက ရှယ်ယာက ဈေးကွက် ၀ယ်လိုအား များရင်တော့ ငွေဖောင်းပွမှုနှုန်းထက် ပိုပြီးတက်သွားမှာပဲ၊ ဈေးကွက်ဝယ်လိုအားနည်းလို့ ရှယ်ယာတန်ဖိုး နည်းမယ်ဆိုရင်တော့ ရှယ်ယာဝယ်တဲ့သူက သိပ်မကိုက်ဘူးပေါ့။ ဒါက ကုမ္ပဏီကလုပ်ပေးလို့ရမယ့် ကိစ္စမဟုတ်ဘူး၊ ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းလဲသွားမယ့် ကိစ္စပါ” ဟု ဗဟိုဘဏ်ဥက္ကဌ ဦးဆက်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိငွေဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းအထက် ရှိနေပြီး ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်ဟုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။

လက်ရှိ အများပိုင် ကုမ္ပဏီများ၏ အခန်းကဏ္ဍနှင့် ရှယ်ယာများ၏ ခိုင်မာမှုတို့ မည်သို့ပင် ဖြစ်နေဖြစ်နေ မြန်မာနိုင်ငံ၏ စီးပွားရေး အရှိန်မြှင့်တင်မှုတွင် မရှိမဖြစ် လိုအပ်လာသော အရင်းအနှီးဈေးကွက် ရှိလာရေးအတွက် စတော့ အိတ်ချိန်းကို မလွဲမသွေ လုပ်ဆောင်ရမည်သာ ဖြစ်သည်။

သို့သော် စတော့အိတ်ချိန်း မြန်မာနိုင်ငံတွင် ဖြစ်လာရန်ဆိုသည့် အပိုင်းတွင် လိုအပ်ချက်များစွာ ကျန်ရှိနေသည့် အနေအထားဖြစ်သည်။

စတော့အိတ်ချိန်း အကောင်းအထည် ဖော်နိုင်ရေးအတွက် လက်ရှိတွင် Share certificate ငွေကြေးသက်သေခံလက်မှတ် ဥပဒေကို ပြဌာန်းထားပြီး လုပ်ထုံးလုပ်နည်း ဥပဒေကို ပြဌာန်းရန် ကျန်ရှိနေသေးသည်။

ထို့အပြင် စတော့တွင် လုပ်ပိုင်ခွင့် အာဏအရှိဆုံးဟု ပြောရမည်ဖြစ်ပြီး စတော့အိတ်ချိန်းကို လိုင်စင်ချပေးခြင်း၊ Security ကုမ္ပဏီများကို လိုင်စင်ချပေးခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်ရမည့် ငွေကြေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင် Stock Exchange Commission ကို ဖွဲ့စည်းရမည် ဖြစ်သည်။

ထိုကော်မရှင်တွင် အစိုးရမဟုတ်သော သူများလည်း ပါဝင်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားရာ ယင်းကော်မရှင်တွင် ပါဝင်မည့် သူများ၏ ကျွမ်းကျင်မှု အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိနေပါမည်။

စတော့အိတ်ချိန်း အရောင်းအ၀ယ်များတွင် ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သော စတော့ကျွမ်းကျင်သည့် Security ကုမ္ပဏီ (နိုင်ငံတကာအခေါ် Broker) များလည်း ရှိလာဖို့လိုသည်။ လက်ရှိတွင် MSEC ကုမ္ပဏီတခုတည်းသာ ရှိသည်။ ထို့ပြင် စတော့တွင် စာရင်းဝင် ရောင်းချခွင့်ရှိလာမည့် Listed ကုမ္ပဏီများ ပေါများရန်အပိုင်းတွင်လည်း စတော့အိတ်ချိန်း၏ စံသတ်မှတ်ချက်များ အလျှော့အတင်းပိုင်းက လိုလာဦးမည် ဖြစ်သည်။

လက်ရှိအနေအထားအရ ပူးပေါင်းလုပ်ဆောင်မည့် ဂျပန်နိုင်ငံမှ Diawa ကုမ္ပဏီ၊ တိုကျိုစတော့ အိတ်ချိန်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် Joint Venture လက်မှတ် မထိုးရသေးသည့် အခြေအနေဖြစ်သည်။

လိုအပ်ချက်များစွာ ကျန်ရှိနေသော စတော့အိတ်ချိန်း အခြေအနေနှင့် ပတ်သက်၍ သက်တမ်းရင့် အများပိုင်ကုမ္ပဏီ တခုဖြစ်သည့် FMI ဥက္ကဌ ဦးသိမ်းဝေက “ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်မလားဆိုတာ လွယ်လွယ်ကူကူ ပြောလို့မရဘူး။ သူကဖြစ်လာဖို့ရာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေ ပြည့်စုံလာရင်တော့ ဖြစ်သွားမှာပေါ့၊ မပြည့်စုံရင်တော့ နှောင့်နှေးသွားမှာပေါ့၊ ဒါကလည်း လာမယ့်တနှစ်၊ တနှစ်ခွဲမှာ စောင့်ကြည့်ရမယ့် အချက်တွေပါ” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်တွင် စတော့အိတ်ချိန်း စတင် အကောင်အထည်ဖော်နိုင်မည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိ ပြီးစီးမှု အခြေအနေများအရ ဝေးနေဦးမည် ဖြစ်သည်။ ထို့အတူ စတော့ဈေးကွက် ပီပြင်စွာ ဖြစ်မလာသေးသ၍ အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းဝယ်မှုတွင်လည်း ရင်းနှီးမြှုပ်နှံသူများဘက်မှ ဆုံးရှုံးမှု Risk များကိုတွက်၍ မြှုပ်နှံနေရသော၊ ခိုင်မာမှု မရှိသည့် အခြေအနေက ဆက်၍ ရှိနေဦးမည် ဖြစ်သည်။

MyanPay အွန်လိုင်း ငွေပေးချေမှုစနစ်တွင် မာစတာကတ် စတင် အသုံးပြုနိုင်ပြီ ...........................




အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online System (Online Payment Gateway) တွင် မာစတာကတ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။   မတ်လ ၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။ “မာစတာကတ် ကိုင်ဆောင်တဲ့သူ မည်သူမဆို MyanPay အကောင့်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။ MyanPay အကောင့်အသုံးပြုရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ မာစတာကတ်ဖြင့် ငွေပေးချေနိုင်ပြီဖြစ်၍ ဘဏ်သို့ သွားရောက်စရာမလိုတော့ကြောင်း ဆက်လက်ပြောကြားသည်။ ရုံးပိတ်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ၂၄ နာရီ အသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။   MyanPay စနစ်မှာ အင်တာနက်မှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်းပေးပို့လိုသူ၏ အီးမေးလ်လိပ်စာသိရှိရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ အကောင့်တစ်ခုရ ယူ၍ ငွေလက်ခံရန်အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။ ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။   “လက်ရှိမှာ MyanPay ထဲကို မြန်မာပြည်တွင်းမှာရှိတဲ့ Bank ခွဲပေါင်း ၅၁၀ ကျော်ကနေ ငွေသွင်းလို့ ရပါတယ်။ အခု MyanPay ထဲကို Mastercard ကနေ ချက်ချင်းငွေသွင်းနိုင်အောင် စီစဉ်ပေးလိုက်တာပါ။ နောက်ပိုင်းတွေ VISA ကတ်ကပါ ချက်ချင်းငွေသွင်းနိုင်အောင် ဆက်လုပ်နေပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ Internet Banking မရှိသေးတော့ ဘဏ်ကို သွားရတဲ့အဆင့် ရှိပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ MPU ကတ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်းပေးမန့်စနစ်တွေနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ဝန်ဆောင်မှုပေးဖို့ လုပ်နေပါတယ်။ MyanPay က ငွေလွှဲရုံပဲ။ အဓိက လုပ်ဆောင်တာ မဟုတ်ပါဘူး။ MyanPay က Online Payment ပါ။ Online Shopping Website တွေမှာ ငွေပေးချေလို့ရအောင် စီစဉ်ပေးတဲ့ ဝန်ဆောင်မှုပါ” ဟု MyanPay မှ ဦးရန်နောင်စိုးက ပြောသည်။   မာစတာကတ် အသုံးပြုသူများအနေဖြင့် www.myanpay.com.mm သို့ ဝင်ရောက်ကာ Login ပြုလုပ်ပြီး မာစတာကတ်အတွက် သတ်မှတ်ထားသော Link ထံသို့ Click လုပ်ကာ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “MyanPay ထဲကို ငွေသွင်းရင်တော့ မြန်မာငွေပဲ သွင်းရမှာပါ။ Exchange Rate ကတော့ CB Bank က သတ်မှတ်ထားတဲ့ Rate အတိုင်း Currency Exchange လုပ်သွားမှာပါ။ ဥပမာ- မြန်မာငွေ ၁၀၀,၀၀၀ သွင်းရင် Master Card ထဲကနေ USD 100 ဝန်းကျင်နှုတ်သွားမှာပါ။ 1 USD = 1000 Kyats ဆိုရင် မြန်မာငွေ ၁၀၀,၀၀၀ သွင်းရင် Mastercard ထဲကနေ USD 100 ဝန်းကျင်နုတ်သွားမှာပါ” ဟု ဆက်လက်ပြောကြားသည်။ 

ထွန်းထွန်း


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Wednesday, February 26, 2014

၂၀၁၅ နောက်ပိုင်းမှသာ ပိုမိုဖွံ့ဖြိုးလာနိုင်မည့် ရန်ကုန် ကွန်ဒိုဈေးကွက်

ထားထားခင်


ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လိုအပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒိုအရေအတွက်သာများပြားနေ ပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂၀၁၅ နောက်ပိုင်း မှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကွန်ဒိုဈေးကွက်မှာလည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းမှသာ အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည် ဟု ၎င်းတို့က ဆိုသည်။

လှိုင်မြို့နယ်ရှိ Capital Development Limited မှ Marketin Manager မလွင်မာအောင်က “အဆင့်မြင့် ကွန်ဒိုတစ်ခု တည်ဆောက်နိုင်ဖို့အတွက် မြေအမျိုးအစားက ဂရမ်မြေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ၀ယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာဖို့နဲ့ ကွန်ဒိုတစ်ခုရဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ ပြည့်စုံဖို့ အဓိကအထောက် အကူဖြစ်စေပါတယ်။ ကွန်ဒိုရဲ့ အရည်အသွေးက ၀န်ဆောင်မှုပိုင်း၊ ပံ့ပိုးမှုပိုင်း ပြည့်စုံပြီး ကွန်ဒိုရဲ့အရည် အသွေးအားသာချက်ရှိတာကလည်း ဈေးကွက်ထိုးဖောက်မှုအပိုင်းမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဈေးကွက်မှာဖြစ်နေတာက အဆင့်မြင့်ကွန်ဒိုတစ်ခုမှာ facility အနေနဲ့ ကားပါကင်ပါတယ်ဆိုရင် ဈေးက သိန်း ၃,၀၀၀ ဖြစ်နေပြီ၊ တချို့ဟာတွေက ကွန်ဒိုလို့သာ ပြောနေကြတာ တကယ်တော့ high-end apartment တွေပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအများစုသည် တည်ဆောက်သူဘက်မှ ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံအောင်ထည့်သွင်းထား မှုမရှိကြောင်းနှင့် ယင်းအချက်က ကွန်ဒိုဈေးကွက် ပီပြင်စွာပေါ်ပေါက်လာစေရန် အတားအဆီးတစ်ရပ် သဖွယ်ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ်ရှိ Perfect Home Generation Real Estate & Construction မှ ဈေးကွက်မန်နေဂျာ ကိုရန်အေးကလည်း မြန်မာပြည်ရှိ ကွန်ဒိုများသည် ဈေးနှုန်းအနေအထားမြင့်မားသည့်အတွက် ငွေကြေး အသင့်အတင့်သာတတ်နိုင်သောသူများအတွက် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆိုသည်။ “ကွန်ဒိုတွေက ဈေးများနေတော့ ဈေးကွက်ထဲမှာ တိုက်ခန်းတွေပဲ အရောင်းအ၀ယ်သွက်နေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

“မြန်မာပြည်မှာရှိတဲ့ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံတဲ့ ကွန်ဒိုတွေဆိုရင် ဈေးနှုန်းသိန်း ၂,၅၀၀ လောက်ရှိတယ်၊ တကယ်တမ်းပြောရမယ်ဆိုရင် ကွန်ဒိုတွေက အောက်ခြေလူတန်းစားတွေနဲ့ အရမ်းအလှမ်းဝေးနေတယ်၊ သူတို့တွေအတွက် ကွန်ဒိုမပြောနဲ့ တိုက်ခန်းအပေါ်ဆုံးထပ်ကိုတောင် မတတ်နိုင်တဲ့သူတွေရှိတယ်၊ ဈေး ကွက်မှာ အမေးများတာကလည်း သိန်း၂၅၀ နဲ့ သိန်း ၃၀၀ ကြား တိုက်ခန်းတွေပဲ အမေးများတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကွန်ဒိုအရောင်းအ၀ယ်များနည်းပါးခဲ့သည်ဟု မဆိုနိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ပိုမိုဝင်ရောက်လာနိုင်မည့်၂၀၁၅ ခုနှစ်တွင်မူ အရောင်းအ၀ယ်ပိုဖြစ်လာနိုင်သည်ဟုလည်း ကိုရန်အေးက ပြောသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာပြည်ကိုလာမယ်ဆိုရင်တော့ ကွန်ဒိုအရောင်းအ၀ယ်ရော၊ အငှား ရော ပိုဖြစ်မှာပါ၊ ကမ္ဘာအေးဗီလာမှာဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၃,၅၀၀ လောက် အငှားဈေး ရှိတယ်၊ အဆင့်မြင့်ကွန်ဒိုတွေရဲ့ အရောင်းအငှားဈေးကွက်က ၂၀၁၅ မှာ ပိုမိုပီပြင်စွာ ဖြစ်တည်လာမှာပါ” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ မြေကွက်ကျဉ်းများပေါ်တွင် ဓာတ်လှေကားထည့်၍တည်ဆောက်ထားကြသော ကွန်ဒိုဟုခေါ် ဆိုနေသည့် အထပ်မြင့်တိုက်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသော အဆင့်မြင့်ကွန်ဒို စစ်စစ်များ မဟုတ်ဟုလည်း ကိုရန်အေးက ပြောသည်။

ဗဟန်းမြို့နယ်ရှိ စိုးကမ္ဘာအိမ်ခြံမြေ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကမူ ကွန်ဒိုဝယ်ယူသူများသည် အဓိက အားဖြင့် ဈေးနှုန်း၊ ပံ့ပိုးမှုအင်္ဂါရပ် ၊ ရေရှည်တွင်ဝယ်ယူ သူအတွက် ကိုက်ညီမှုရှိ၊ မရှိစသော အချက်များကို ကြည့်၍ ကွန်ဒိုများကို ရွေးချယ်ဝယ်ယူလေ့ရှိသည်ဟုပြောသည်။

“အတွေ့အကြုံအရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကွန်ဒိုဈေးနှုန်းတွေ တော်တော်မြင့် တက်လာခဲ့တာကိုတွေ့ရတယ်၊ ခန့်မှန်းမိသလောက် ဈေးနှုန်းတွေက ၂၀၁၁ ကထက် သုံးဆလောက် ပိုတက်လာတယ်၊ ၀ယ်သူတွေက ဈေးနှုန်း၊ ဓာတ်လှေကား၊ ကားပါကင်စတဲ့ facility တွေကို ဘတ်ဂျက်နဲ့ ချိန်ဆပြီး ရွေးချယ်ဝယ်ယူလာကြတာအပြင် ရေရှည်အတွက်ကောင်းတဲ့နေရာ ဥပမာ-ရုံးခန်းဖွင့်မယ်ဆို လည်း အဆင်ပြေမယ့်နေရာမျိုးမှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတွေကို ရွေးချယ်လာကြတယ်။

ဈေးကွက်ကနေ လေ့လာမိသလောက် ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတချို့ ဈေးကြီးတယ်ဆိုတာက ကွန်ဒိုမှာထည့်သွင်းပေးထားတဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေက စုံလင်တယ်၊ ကားပါကင်၊ လုံခြုံရေးအပြင် တခြား facility တွေပါပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းတူပြီး facility ကွာတဲ့ကွန်ဒိုတွေလည်းဈေးကွက်မှာရှိတယ်။ တချို့ ကွန်ဒိုတွေမှာ ကားပါကင် မပါဘူးလားဆိုရင်တော့ ပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရုံးခန်းဖွင့်ဖို့ အတွက်ကျတော့ အဆင့်မြင့်ကွန်ဒိုမဟုတ်တဲ့အတွက် အဆင်မပြေဘူး။ ဒါမျိုးကွန်ဒိုတွေကတော့ ဈေးကွက် မှာ အောင်မြင်ဖို့ ခဲယဉ်းသွားမှာပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ Assistant Manager မခင်မာနွယ်က“လက်ရှိအချိန်မှာတော့ ကွန်ဒို ဥပဒေကမူကြမ်း အဆင့်ပဲထွက်သေးတဲ့အတွက် ကွန်ဒိုလို့ သတ်မှတ်ရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးဘူး၊ ကိုယ့်အဆောက်အအုံတွေက ကွန်ဒိုဥပဒေထွက်လာလို့ အဲဒီမှာထည့်သွင်း ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် ကွန်ဒိုလို့ သတ်မှတ်ခံရမယ်၊ ကွန်ဒိုဆိုတာ အထပ် မြင့်အဆောက်အအုံကို ပြောတာမဟုတ်ဘူး” ဟု ပြောသည်။

ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ဖွယ်ရှိသည့် ကွန်ဒိုဈေးကွက်အတွက် အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ကွန်ဒိုများကို စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်မှုများရှိလာနေသည်ဟုလည်း ကွန်ဒိုဆောက် လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။

မလွင်မာအောင်က “ပံ့ပိုးမှုအင်္ဂါရပ်နှင့်ပြည့်စုံသည့် ကွန်ဒိုများသာ ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်မည် ဖြစ်သည်”ဟု ဆိုသည်။

Tuesday, February 4, 2014

၁၀၀၀ စီစီအောက် ကားတင်သွင်းခွင့် ရန်ကုန်ဈေးကွက် ပြောင်းလဲမှုမရှိနိုင် ....................

သိုက်ဇင်

အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေကို နယ်စပ်ကတဆင့် တရားဝင် တင်သွင်းခွင့်ပေးမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြောဆိုလိုက်ပေမယ့် ရန်ကုန် မော်တော်ယာဉ်ရောင်းဝယ်ရေး ဈေးကွက်အပေါ် ပြောင်းလဲမှု တစုံတရာမရှိနိုင်ဘူးလို့ မော်တော်ယာဉ် ၀ယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေ ကို မြန်မာအိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေး – တမူး နယ်စပ်စခန်းတွေကနေ တရားဝင် တင်သွင်းခွင့်ပေးသွားဖို့ ရှိတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇန်န၀ါရီ ၂၉ ရက် တမူး ကုန်သည်တွေနဲ့ တွေ့ဆုံစဉ် မှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက် မော်တော်ယာဉ်တွေ ၀င်ရောက်လာပါက ရန်ကုန် မော်တော်ယာဉ် ရောင်းဝယ်ရေးဈေးကွက်အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာ နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမ်တီစီ ကားအရောင်းစင်တာရဲ့ အထွေထွေမန်နေဂျာ ဦးကျော်စွာသိန်းက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အဲဒီဘက်မှာ အိမ်စီးကား ဂျပန်ကားတွေတော့ နည်းမယ်။ ဖြစ်နိုင်တာက ၆၆၀ စီစီ ခွေးဘီလူးတို့၊ စူဇူကီးတို့လိုမျိုး မီနီပစ်ကပ်လေးတွေ အဲဒါမျိုးလေးတွေ ရှိတယ်။ ကျန်တဲ့ အိမ်စီးကားဈေးကွက်တို့ကိုတော့ ဒီလောက်မထိခိုက်နိုင်ပါဘူး။ သူ့လိုင်းနဲ့ သူပါပဲ။ ”


အလားတူ ရန်ကုန်မြို့ရဲ့ အကြီးဆုံးယာဉ်ရောင်းဝယ်ရေးစခန်းဖြစ်တဲ့ မင်းရဲကျော်စွာလမ်း က မော်တော်ယာဉ် ၀ယ်ရောင်းလုပ်ကိုင်သူ ဦးအောင်သန်းဝင်းကလည်း ဒါနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုပြောဆိုခဲ့ပါတယ်။

“၁၀၀၀ စီစီကတော့ ပစ်ကပ်အသေးလေးတွေကတော့ သိပ်မရှိပါဘူး၊ နည်းပါတယ်။ ဘာမှထိခိုက်မှု မရှိပါဘူး။ ဒီမှာ အင်ဂျင်ပါဝါ ၁၀၀၀ က သိပ်မကြိုက်တာ။”

ဒီအပြင် ရန်ကုန် မော်တော်ယာဉ်ဝယ်ရောင်းဈေးကွက်မှာ လူသုံးများတဲ့ မော်တော်ယာဉ် အမျိုးအစားကတော့ ဂျပန်နိုင်ငံထုတ် ဖြစ်ပြီး အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကနေ ၁၅၀၀ စီစီ အကြားမှာ ရှိတဲ့ အိမ်စီးဆလွန်းကားတွေကိုသာ ကြိုက်နှစ်သက်ပြီး ၀ယ်ယူမှုရှိတဲ့အကြောင်း သူက ဆက်လက် ပြောပါတယ်။

ရန်ကုန်မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်မှာ ၂၀၁၄ ခုနှစ် အတွက် ရန်ကုန်ဆိပ်ကမ်းအရောက် မော်တော်ယာဉ်ဈေးနှုန်း(စီအိုင်အက်ဖ်)တွေ ထွက်ရှိပြီးနောက် ပြီးခဲ့တဲ့လဆန်းကစပြီး အရောင်းအ၀ယ်အေးခဲ့လို့ ကား ၁ စီးကို ကျပ် ၅ သိန်းနဲ့ ၁၀ သိန်းအကြား ဈေးချပြီး ရောင်းချနေရတဲ့အကြောင်း ဦးအောင်သန်းဝင်းက ပြောဆိုခဲ့ပါတယ်။

“အခုက ရောင်းတဲ့လူနဲ့ ၀ယ်တဲ့လူ သိပ်မမျှဘူးဖြစ်နေတယ်။ ရောင်းတဲ့လူက များတယ်၊ ၀ယ်တဲ့လူက သိပ်မရှိဘူး။ အရင်လို ၀ယ်တိုင်းလည်း မြတ်တာမဟုတ်ဘူးလေ။ ၀ယ်ရင်လည်း အရှုံးချည်းပဲဆိုတော့ လိုမှပဲ ကားက ၀ယ်ကြတော့တာ။ အပိုစုဆောင်း ၀ယ်တာ သိပ်မရှိဘူး။ စီးပွားရေးလုပ်မယ့်သူ၊ အိမ်အနည်းအကျဉ်းလိုအပ်တဲ့သူ စီးတာလောက်ပဲ ၀ယ်ကြတာ ရှိတယ်။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတဲ့ လူတဦးချင်း တင်သွင်းခွင့်ရရှိမှာ ဖြစ်သလို ပို့ကုန်နဲ့ သွင်းကုန် ကုမ္ပဏီတွေ၊ နိုင်ငံခြားရေးဝန်ထမ်းတွေ၊ သင်္ဘောသားတွေ၊ ပြည်ပမှာ သွားရောက် လုပ်ကိုင်နေတဲ့သူတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သံဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ ခရီးလုပ်ငန်းရှင်တွေကို ပြည်ပကနေ တရားဝင် မော်တော်ယာဉ် တင်သွင်းခွင့်ပေးထားပါတယ်။

အခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ပနိုင်ငံတွေကနေ မော်တော်ယာဉ်တင်သွင်းမှုက အစီးရေ ၂ သိန်းနီးပါး ရှိနေပြီး ဂျပန်နိုင်ငံက အများဆုံးတင်သွင်းမှု ရှိတာလည်း ဖြစ်ပါတယ်။

Wednesday, January 29, 2014

ရန်ကုန်-အန်ကောဝပ် ကုန်းလမ်းဘတ်စ်ကား ခရီးစဉ်စတင်...............

ပီတာအောင်

မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် နာမည်ကျော်ကြားတဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းထိ ကုန်းလမ်းခရီး ဘတ်စ်ကားနဲ့ စတင် သွားရောက် လည်ပတ်နိုင်ပြီလို့ ၀န်ဆောင်မှုပေးနေတဲ့ VEGA Travel ခရီးသွားလုပ်ငန်းက ပြောပါတယ်။

ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတဆင့် အန်ကောဝပ်ဘုရားကျောင်းရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိပ်မြို့ထိ ကုန်းလမ်းခရီးစဉ် ဘတ်စ်ကားနဲ့ အလည်အပတ် သွားလိုသူတွေအတွက် ၀န်ဆောင်မှု စပေးနေတာလို့ VEGA Travel ခရီးသွားလုပ်ငန်း ကုမ္ပဏီက လက်မှတ်အရောင်းမန်နေဂျာ ဦးသန့်ဇင်က ပြောပါတယ်။

“ရန်ကုန်ကနေ မနက် ၆ နာရီလောက် စထွက်တယ်။ ညနေ ၄ နာရီဆိုရင် မြ၀တီဘက်ကို ရောက်သွားတယ်။ ညဘက် ၁ နာရီ ၂ နာရီလောက် ခဏနားပြီး ဟိုဘက် မြ၀တီကနေ ဘန်ကောက်ကိုတက်တဲ့ ကားရှိတယ်။ သူက ည ၇ နာရီ ၈ နာရီလောက် စထွက်တယ်။ မနက် ၅ နာရီလောက် ဘန်ကောက်ကို ရောက်တယ်။ ဘန်ကောက်မှာ တည အိပ်ပြီး နောက်နေ့ အန်ကောဝပ်ကို သွားချင်တယ်ဆိုရင်လည်း ကျနော်တို့ စီစဉ်ပေးတယ်။ တိုက်ရိုက် သွားချင်တဲ့သူတွေကိုလည်း အန်ကောဝပ်ကားနဲ့ ကျနော်တို့ ပြန်ဖြည့်ပေးတယ်။ အဲအတွက် ရန်ကုန်မှာ ပိုက်ဆံရှင်းပြီးတဲ့နောက်ပိုင်း ဟိုဘက်ခြမ်းအထိ လက်မှတ်တွေ ၀ယ်ပေးထားတာ။ ဧည့်သည်က လက်မှတ်ထုတ်ပြီး ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကနေ စစီးရုံပဲ။”


ရန်ကုန်မှ မြ၀တီထိ အဆင့်မြင့် မှန်လုံကားငယ်တွေနဲ့ ပြေးဆွဲမှာ ဖြစ်ပြီး မဲဆောက်- ဘန်ကောက်ခရီးကိုတော့ အဆင့်မြင့်မှန်လုံ ၂ ထပ်ဘတ်စ်ကားကြီးတွေနဲ့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားခနှုန်းထားတွေကတော့ ရန်ကုန်မှ ဘန်ကောက်ထိ ၁ ကြောင်းကို မြန်မာ ကျပ်ငွေ ၅ သောင်းခွဲ ဖြစ်ပြီး ရန်ကုန်ကနေ အန်ကောဝပ်ထိ ကျပ်ငွေ ၆ သောင်း သတ်မှတ်ထားပါတယ်။

ခရီးသည်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လက်ဝယ်ရှိရာမှာ ဖြစ်ပြီး ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေးနဲ့ တည်းခိုခတွေကတော့ ခရီးသည်က သီးခြားပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းဗီဇာကြေးအတွက်တော့ အမေရိကန်ဒေါ်လာ ၄၀ နဲ့ ၀န်ဆောင်ခ မြန်မာငွေ ကျပ် ၅ ထောင်ပေးပြီး ကုမ္ပဏီက တဆင့် လျှောက်ထားနိုင်သလို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်း ဗီဇာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ကနေ အန်ကောဝပ်ထိ ၀န်ဆောင်မှုပေးတဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က VEGA Travel ရုံးက လက်မှတ်အရောင်း တာဝန်ရှိသူ ခွန်ဆာရာက ခုလို ရှင်းပြပါတယ်။

“ဧည့်သည်က ရန်ကုန်-ဘန်ကောက်ကို လာရမယ်။ ဘန်ကောက်ကနေပြီးမှ ကမ္ဘောဒီးယားကို ကားနဲ့ ပြန်သွားရမယ်။ တိုက်ရိုက်တော့ သွားလို့ မရဘူး။ မြန်မာပြည်သားတွေက ဗီဇာမလိုဘူးလေ။ ထိုင်းတခုကိုပဲ ဗီဇာယူလာရုံပဲ။ ကမ္ဘောဒီယားကိုတော့ ဟိုမှာ on arrival visa ပေးတယ်။ အဲဒါပြီးရင် ဗီဇာကြေး ကိုယ့်ဘာသာကိုယ် ပေးရတာပေါ့။ ဗီဇာ ဒီကနေပြီး တခါတည်း လျှောက်စရာမလိုဘူး။ ဒါပေမယ့် ဟိုရောက်ရင်တော့ ဗီဇာက ဒေါ်လာ ၃၀ ပေးရတယ်။ အဲဒါက ဟိုရောက် ကိုယ့်ဘာသာကိုယ်ပေးပေါ့။”

ဘတ်စ်ကား ခရီးစဉ်ကြာမြင့်ချိန်ကတော့ ခန့်မှန်းချေ ရန်ကုန် – မြ၀တီ ၁၀ နာရီခန့် – မဲဆောက်မှ ဘန်ကောက် ၉ နာရီခန့်နဲ့ဘန်ကောက်မှ အန်ကောဝပ်ထိ ၈ နာရီခန့် အချိန် ကြာမြင့်မှာ ဖြစ်ပါတယ်။

အလားတူ မော်လမြိုင်နဲ့ ဘားအံမြို့တွေကနေ ဘန်ကောက်နဲ့ အန်ကောဝပ်ကို ခရီးသွား လိုသူတွေ အတွက်လည်း သီးခြား ၀န်ဆောင်ခတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထီးရိုးနဲ့ ပုဂံမြို့တွေကို သွားရောက် လည်ပတ်လိုတဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်လည်း VEGA Travel က ကုန်းလမ်းခရီးစဉ် ၀န်ဆောင်မှုတွေ ပေးနေပြီ ဖြစ်ပါတယ်။

Wednesday, January 22, 2014

ဘီဘီစီကို ရွှေ FM မှာ နားဆင်နိုင်ပြီ..................










ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ထုတ်လွှင့်ချက် တွေကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ပြီး
ပြည်တွင်းမှာ ထုတ်လွှင့်တဲ့ ရွှေ FM ရေဒီယိုမှာ နားဆင် နိုင်ကြပြီ ဖြစ်ပါတယ်။

ဘီဘီစီ က ထုတ်လွှင့်နေတဲ့ English At Work လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ အစီအစဉ်
ကို ရွှေ FM က အပတ်စဉ် ထုတ်လွှင့် ပေးမှာပါ။

ရွှေ FM နဲ့ ဘီဘီစီ အခုလို ပထမဆုံး အကြိမ် ပူးတွဲ တင်ဆက်နိုင်တဲ့ အတွက် ကျေနပ်
ဝမ်းသာ မိကြောင်း ရွှေ FM ဥက္ကဌ ဒေါ်နန်းမောက် လောဝ်ဆိုင်းက ဘီဘီစီကို ပြောပါ
တယ်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေက လည်း ဘီဘီစီ အစီအစဉ်
တွေကို မြန်မာ ပြည်သူတွေကြား ကျယ်ကျယ် ပြန့်ပြန် ရောက်နိုင်ဖို့ ကြိုးစား နေချိန်မှာ ပ
ရိတ်သတ် အင်အား ကောင်းတဲ့ ရွှေ FM ကနေ ဘီဘီစီ အစီအစဉ်ကို ထုတ်လွှင့်ခွင့် ရ
တဲ့ အတွက် ဘီဘီစီ ရဲ့ ဆန္ဒ ပြည့်ဝ သွားပါတယ်လို့ ပြောပါတယ်။

ပထမဆုံး ထုတ်လွှင့်တဲ့ အစီအစဉ်က အင်္ဂလိပ်စာ ပို့ချချက် ဖြစ်လို့ လူငယ်တွေကြား အ
ကျိုးရှိမယ့် အတွက် ပိုမို ဝမ်းသာ မိတယ်လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီကနေ့ အခြေ အနေမှာ အင်္ဂလိပ်စာ လေ့လာဖို့ အထူး လိုအပ်နေတာ
ကြောင့် လူငယ်တွေကို သိစေ တတ်စေချင်တယ် လို့ ရွှေ FM ဥက္ကဌ ဒေါ်နန်းမောက်
လောဝ်ဆိုင်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည် အတွက် အကျိုး ဖြစ်ထွန်းမယ် ဆိုရင် ဘီဘီစီရဲ့ အစီအစဉ် တွေကို
နောင်မှာ တိုးချဲ့ ထုတ်လွှင့် သွားဖို့ အစီအစဉ် ရှိတယ်လို့ သူက ပြောပါတယ်။

ရွှေ FM ပရိတ်သတ်တွေ အတွက် အစီအစဉ် အမျိုးမျိုးကို အကောင်းဆုံး တင်ဆက် ပေး
နိုင်ဖို့ ကြိုးစားနေတယ်လို့ လည်း ဒေါ်နန်းမောက် လောဝ်ဆိုင်းက ပြောပါတယ်။

၅ မိနစ်စာ အင်္ဂလိပ်စာ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ည ၇ နာရီခွဲနဲ့ ကြာသပတေး
နေ့ မနက် ၈ နာရီ တို့မှာ ရွှေ FM က ထုတ်လွှင့် ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာသတင်းဋ္ဌာန မှ ကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဘီဘီစီကို ရွှေ FM မှာ နားဆင်နိုင်ပြီ http://www.simon-vlog.com/2014/01/fm.html#ixzz2r4u0bcAM
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Tuesday, January 21, 2014

မြေပိုင်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေး ဘဏ် ငွေချေးမည် .................

ထက်နိုင်ဇော်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHD) ဘဏ်က မြေပိုင်ရှိသူများ အတွက် ဘဏ်ချေးငွေ ထုတ်ပေးသော စနစ်ကို မြန်မာနိုင်ငံတွင် စတင် ၀န်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြီးကြပ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသည့် CHD ဘဏ်က မတည်ရင်းနှီးငွေ ကျပ် ဘီလီယံ ၁၀၀ ဖြင့် ဆောက်လုပ်ရေးအထူးချေးငွေများ၊ အိမ်ရာဆောက်လုပ်ရေး ချေးငွေများ၊ အိမ်ရာ ၀ယ်ယူရန် ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း CHD ဘဏ်က တရားဝင် ထုတ်ပြန်ထားသည်။

အခြေခံ လူတန်းစားများ ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း CHD ဘဏ်၏ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ယုက ဧရာဝတီသို့ ပြောသည်။

“ငွေချေးမယ်ဆိုရင် အတိုးက ၁၃ ကျပ်နှုန်းနဲ့ ၃လ တခါ ပေးရမယ်။ နှစ်တိုပဲ ချေးမှာ။ Extenstion (ငွေချေးကာလ ထပ်တိုး)နဲ့ဆိုရင် တော့ ၃ နှစ်လောက်အထိ ရနိုင်တယ်။ မြေပိုင်ရှင်နဲ့ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ပြီးမှ ဒီမှာ ငွေချေးလို့ ရမှာ။ ချေးငွေလိုချင်ရင် လျှောက် လွှာ လာတင်လို့ ရပါပြီ”ဟု ဦးတင်ယုက ပြောပြသည်။

မြေပိုင်ရှိသူများမှာ ဂရမ် အမည်ပေါက် ပေ ၄၀x ပေ ၆၀ မြေကွက် ပိုင်ဆိုင်ရန်လိုအပ်ပြီး ယင်းမြေပေါ်တွင် အဆောက်အအုံ ဆောက် လုပ်လိုပါက မြေနှင့်အဆောက်အအုံ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ချေးငှားပေးမည် ဖြစ်သည်။ မြေဂရမ်ကို ဘဏ်တွင် အပေါင် အဖြစ် အပ်နှံထားရမည့်အပြင် မြေပေါ်တွင် ဆောက်လုပ်မည့် ကန်ထရိုက်တာ အနေဖြင့်လည်း မြေနှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ဘဏ်သို့ ပေးသွင်းထားရမည် ဖြစ်သည်။

“ဘဏ်ရဲ့ အားသာချက်က ဆောက်လုပ်ရေး ချေးငွေ ပေးတာပဲ။ မြေချည်းပဲ အပေါင်ထားရုံနဲ့ ပိုက်ဆံ ထုတ်ချေးမယ်။ တခြားဘဏ် တွေမှာ ဒါမျိုးမရဘူး။ တခြားဘဏ်တွေက အခြေခံ လူတန်းစားထက် လုပ်ငန်းရှင်တွေကိုပဲ ကြည့်တာ များတယ်။ နှစ်ရှည်ချေးဖို့ အတွက် ဗဟိုဘဏ်က ခွင့်မပြုသေးဘူး။ ဒါပေမယ့် Project Loan (စီမံကိန်းချေးငွေ)တွေကိုတော့ နှစ်ရှည် ချေးပေး သွားမယ်။ ကန်ထရိုက်ဆီက အပေါင်ယူထားရတာ ကလည်း ပိုခိုင်မာအောင်လို့။ အဆောက်အအုံပြီးလို့ ငွေအကြေ ပြန်ဆပ်ရင် ဒီပိုက်ဆံ ပြန် ထုတ်ပေးမယ်”ဟုလည်း ဦးတင်ယုက ပြောဆိုသည်။

မြေပိုင်ရှိသူသည် ၃ လ တကြိမ် အတိုး ၁၃ ရာခိုင်နှုန်း ပေးရမည် ဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ရန် အတွက် ကန်ထရိုက်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ပြသရမည် ဖြစ်ကြောင်း၊ ချုပ်ဆိုထားသည့် စာချုပ်တွင်ပါသည့် အချိန်ကာလအတွင်း ချေးငွေကို အကျေ ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

မြေပိုင်ဆိုင်မှုရှိပါက ငွေချေးမည့် အစီအစဉ်ကို စိတ်ဝင်စားသူများ ရှိနေသော်လည်း ဘဏ်၏ စည်းကမ်းချက်များထဲတွင် မြေ နှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အပေါင်သွင်းထားရမည့် အချက်မှာ အဆင်မပြေနိုင်ကြောင်း ဘဏ်ချေးငွေ ရယူလိုသူများက ပြောဆိုကြသည်။

“ဘဏ်ရဲ့ ငွေချေးတဲ့ ပုံစံမှာ ကန်ထရိုက်ကို ၂၀ ရာခိုင်နှုန်း သွင်းခိုင်းတာတော့ အဆင်မပြေဘူး။ အစ်မတို့က ကိုယ်ပိုင် ဆောက်ချင် တာ။ အခုက ကန်ထရိုက်ပါ လိုနေတယ်။ ပြီးတော့ သူ(ဘဏ်)က ၃၀ ရာခိုင်နှုန်းပဲ ချေးမှာ။ နှစ်ရှည်ချေးမယ့် ပုံစံလည်း မဟုတ်တော့ ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ”ဟု ဘဏ်ချေးငွေအတွက် သာကေတမြို့နယ်မှ လာရောက်စုံစမ်းသော ဒေါ်ယုယု ဆိုသည့် အမျိုး သမီး တဦးက ပြောသည်။

မြေပိုင်ဆိုင်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရန်အတွက် CHD ဘဏ်၏ ၀န်ဆောင်မှုသစ် ဖြစ်သော်လည်း အာမခံ ယူထားသည့် နှစ်တိုချေးငွေ ပုံစံသာ ဖြစ်သောကြောင့် ထူးခြားမှု မရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ပြုလုပ် ပေးနေသော ဆင်းရဲသားများ တန်ဖိုးနည်း အိမ်ရာ ပိုင်ဆိုင်နိုင်ရေး အတွက် အစိုးရ၏ နှစ်ရှည်ချေးငွေ ပုံစံ ပြုလုပ်မှသာလျှင် အဆင်ပြေမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်နှင့် ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။

“တခြားဘဏ်တွေလည်း နှစ်တို ချေးငွေကတော့ ပေးနေတာပဲ။ သိပ်မထူးခြားပါဘူး။ သူက အာမခံကို မြေယူတာ တခုတော့ သာ တယ်။ ဒါကလည်း ၂ နှစ်လောက် အတွင်းမှာ အိမ်ဆောက်ပြီး ပြန်ဆပ်ရမှာ။ နှစ်ရှည် ချေးငွေကျတော့လည်း အစိုးရ ပါမှ ရမှာ။ အပ် ငွေကလည်း နှစ်ရှည်အပ်မှ ဘဏ်ကနှစ်ရှည် ပြန်ချေးလို့ ရမှာ။ နောက်ပြီး ဒီမှာ အတိုးနှုန်းကလည်း မငြိမ်သေးဘူး။ ငွေကြေး ဖောင်း ပွ မှုတွေလည်း ငြိမ်ဖို့လိုတယ်။ အခြေခံ စီးပွားရေး တည်ငြိမ်မှ ဒီလို လုပ်ငန်းတွေ စလို့ရမှာ။ နိုင်ငံခြားငွေတွေ ၀င်လာဖို့ လိုတယ်။ အဲဒါတွေ သိပ်မပြည့်စုံဘဲနဲ့တော့ သိပ်မလွယ်သေးဘူး”ဟု ဦးသန်းလွင်က ပြောဆိုသည်။

အခြေခံ လူတန်းစားများ အတွက် ကောင်းမွန်သော အိမ်ရာများ၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ၀ယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးမည် ဆိုသော်လည်း ပထမဆုံး ၀န်ဆောင်မှုမှာ မြေပိုင်ရှိသူများ အတွက် အဆင်ပြေမည့် သဘော ဖြစ်နေသည်ဟုလည်း ဆိုသည်။

CHD ဘဏ်၏ ၀န်ဆောင်မှု ကြေညာ စာရွက်တွင် လုံးချင်းအိမ် ၀ယ်လိုသူများ၊ ကွန်ဒိုအခန်း ၀ယ်လိုသူများ ၊ တိုက်ခန်းဝယ်လိုသူများ ချေးငွေ လိုအပ်ပါက ဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ယင်းဝန်ဆောင်မှုကို လတ်တလော စတင် နိုင်ဦးမည် မဟုတ်ကြောင်း CHD ဘဏ် မန်နေဂျာတဦးကလည်း ပြောဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ အိမ်ရာမှ CHD ဘဏ်သို့ လာရောက်စုံစမ်းသည့် ဒေါ်ခင်ဖြူဖြူလှက“တန်ဖိုးနည်း အိမ်ရာဝယ်ချင်လို့ လာစုံစမ်းတာ။ ဘဏ်က တိုက်ရိုက် မရောင်းဘူး။ သူက အိမ်ရာဆောက်မယ့်သူတွေကိုပဲ ငွေအရင် ချေးမှာ။ မိသားစု လေး ယောက် ရှိတာ အိမ်ရှိ လူအကုန် အလုပ်လုပ်တာ အိုးပိုင်အိမ်ပိုင် မရှိသေးဘူး။ တန်ဖိုးနည်း အိမ်ရာလေး တခုမှာ အိုးပိုင်အိမ်ပိုင်လေး တော့ ဖြစ်ချင်တယ်”ဟု ပြောသည်။

CHD ဘဏ်က ထုတ်ပြန် ကြေညာချက်၌လည်း ဆောက်လုပ်ရေး အထူးချေးငွေအဖြစ် ငွေချေးယူလိုပါက လုပ်ငန်းရှင်များ အနေဖြင့် မရွှေ့မပြောင်းနိုင်သော မြေ၊ အဆောက်အအုံ ပစ္စည်းတို့ကို ဘဏ်သို့ အာမခံ အပေါင်အဖြစ် ပေးထားရမည် ဖြစ်ပြီး ချေးယူမည့် ပိုင်ဆိုင်မှု တန်ဖိုးအပေါ်တွင် မူတည်၍ ၃၀ ရာခိုင်နှုန်း ချေးငှားပေးမည် ဖြစ်ကြောင်း၊ အစိုးရ အကောင်အထည်ဖော်သော စီမံကိန်းများ အတွက် စီမံကိန်း တန်ဖိုး၏ ၈၀ ရာခိုင်နှုန်း ချေးငှားပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။

CHD ဘဏ် ရုံးချုပ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် န၀ဒေး လမ်းတွင် ဖွင့်လှစ်ထားပြီး ပထမဆုံး ဘဏ်ခွဲအနေနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အိုးအိမ် ဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ထားသည်။

နေပြည်တော် ၊ မန္တလေး၊ မကွေး၊ ပြည်၊ တောင်ကြီး နှင့် ပုသိမ်မြို့များတွင်လည်း ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး တလလျှင် တဘဏ်နှုန်း ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

Thursday, January 9, 2014

ဒဂုံမြောက်ပိုင်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ စတင်လျှောက်ခွင့်ပြု၊ အရစ်ကျနှင့် ဘဏ်ချေးငွေစနစ်နှစ်မျိုးဖြင့် ရောင်းချရာတွင် အနည်းဆုံး ကျပ် ၂၃၇ သိန်းဟု သတ်မှတ်ထား....................

Eleven Media Group · 477,524 like this
18 hours ago ·


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ၀ယ်ယူခွင့်အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ခန်းများကို အရစ်ကျဝယ်ယူမှုနှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျဖြင့် ၀ယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းအတွက် စာချုပ်ချုပ်ဆိုသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ဒုတိယထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအားအပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်ချေးငွေဖြင့် ၀ယ်ယူမည်ဆိုပါက U ၆၀၀ အမျိုးအစား၏ Type A မှ ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုးကျပ် ၂၅၅ သိန်းအား ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ (Bank Commision Chgarge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ၄၀ ရာခိုင်နှုန်းအား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ တတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ စတုတ္ထနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈လအတွက်) တစ်လလျှင် ၃၇၁၈၇၅ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများ တည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်းကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်းသုံးရာကျော်) ကျသင့်မည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းကို လျှောက်ထားလိုသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ၂၀ နှစ်ရှိရမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး အခြားပြင်ပမှ လျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ အိမ်ထောင်ဦးစီး ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ၏ မိသားစုလစဉ်ဝင်ငွေသည် အနည်းဆုံးကျပ်သုံးသိန်းရှိရမည်ဟု သတ်မှတ်ထားပြီး ဇန်န၀ါရီ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာန၏ ဌာနမှူးထံသို့ ကိုယ် တိုင်လက်ရေးမူ လျှောက်လွှာဖြင့် လျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။

"အမှန်တကယ် နေအိမ်လိုအပ်တဲ့သူတွေကိုပဲ ရောင်းချပေးသွားမှာပါ။ အဲဒီအတွက် လျှောက်ထားမယ့်မိသားစုက လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်သုံးသိန်းရှိမယ်။ အကယ်၍ ဆွေမျိုးများပါတဲ့ မိသားစုဝင်တွေ နေထိုင်ဖို့ဝယ်မယ်ဆိုရင်တော့ စုစုပေါင်းလစဉ်ဝင်ငွေ ကျပ်ခုနစ်သိန်းရှိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ခိုင်လုံတဲ့အထောက်အထားတွေ တင်ပြရမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

ဝယ်ယူမည့်တိုက်ခန်းများအား ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်နှင့် ငါးနှစ်ကျော်လွန်၍ ရောင်းချလိုပါက စည်ပင်သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာ လွှဲပြောင်းရောင်းချခွင့် ရရှိမည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းသို့ရောင်းချမည့် အိမ်ရာဈေးနှုန်းများနှင့်ပတ်သက်၍ အများပြည်သူအချို့အကြား ဝေဖန်မှုများရှိနေပြီး ဒဂုံမြို့သစ်မြောက်ပိုင်းလိုနေရာမျိုး၌ ကျပ် ၂၃၇ သိန်းရှိသည်ဆိုခြင်းမှာ များပြားသည့်ဈေးနှုန်းဖြစ်ပြီး သင်္ဃန်းကျွန်း၊ သာကေတစသည့်မြို့တွင်းနှင့် နီးစပ်သောနေရာများ၌ပင် ယင်းဈေးနှုန်းထက်ပင် သက်သာသောတိုက်ခန်းများ ရရှိနိုင်ပြီး အိမ်ရာလိုအပ်နေသော အခြေခံလူတန်းစားများ လက်လှမ်းမမီသော ဈေးနှုန်းများ ဖြစ်နေသည်ဟုလည်း သုံးသပ်နေကြသည်။

(ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ တည်ဆောက်လျှက်ရှိသော ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းအား တွေ့ရစဉ်)

Tuesday, January 7, 2014

နိုင်ငံတကာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ATM စက်များနှင့် အွန်လိုင်းစတိုး များတွင် ဈေးဝယ်နိုင်သည့် Travel ကတ်များကို စတင်သုံးစွဲခွင့် ရလာ.............








ရန်ကုန်၊ ဇန်န၀ါရီ ၅

နိုင်ငံတကာ ငွေပေးချေ လုပ်ငန်းများနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်း အကောင်အထည် ဖော်
ထားသော နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် Easi Travel Master Card နှင့် Multi-Currency Travel Visa
ကတ်သုံးစွဲမှုများ တဖြည်းဖြည်း မြင့်တက်လျက် ရှိကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ပြောကြား
သည်။

သမဝါယမဘဏ်က ၂၀၁၂ ခုနှစ် အောက်တိုဘာအတွင်း စတင်အကောင်အထည် ဖော်သည့် Easi Travel
Master Card သုံးစွဲသူ ခြောက်ထောင်ကျော် ရှိနေပြီ ဖြစ်ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် အကောင်အထည်
ဖော်ခဲ့သည့် Easi Multi-Currency Travel Visa ကတ် သုံးစွဲသူ ၁၀၀၀ ကျော်အထိ တိုးတက်လျက် ရှိကြောင်း
သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အမေရိကန်ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ ယူရိုစသည့် ငွေကြေးသုံးမျိုး ထည့်သွင်း သုံးစွဲနိုင်သည့် Multi-Cur
rency Travel Visa ကတ် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်ခဲ့သည့် မြန်မာ့ရှေ့ဆောင်
ဘဏ်တွင်လည်း အဆိုပါကတ်ကို သုံးစွဲသူဦးရေမှာ ငါးရာကျော်ရှိပြီး ကတ်လုပ်ရန်လျှောက်ထားထားသူ
တစ်ထောင်ကျော်ရှိကြောင်း အဆိုပါဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက The Voice သို့
ပြောကြားသည်။

“ကတ်တွေက နိုင်ငံခြားမှာပဲ သုံးလို့ရတော့ နိုင်ငံခြားသွားမယ့် သူတွေပဲ ကြိုလျှောက်ကြတယ်” ဟု ၎င်းက
ဆိုသည်။

ဘဏ်ဝန်ဆောင်မှုများ စားသုံးမှု နည်းပါးနေသေးသည့် မြန်မာနိုင်ငံတွင် ကတ်ငွေပေးချေမှုစနစ် အကျိုး
ကျေးဇူးများကို သိရှိလာပါက သုံးစွဲမှုများ ပိုမို မြင့်တက်လာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆို
သည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ATM ကတ်များကို ပြည်တွင်းတွင် စတင်သုံးစွဲမှုရရှိပြီး ၂ နှစ်အကြာ ၂၀၁၃
ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ATM စက်များနှင့် အွန်လိုင်းစတိုး
များတွင် ဈေးဝယ်နိုင်သည့် Travel ကတ်များကို စတင်သုံးစွဲခွင့် ရလာခြင်း ဖြစ်သည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: နိုင်ငံတကာသုံး ငွေပေးချေ ကတ်များ သုံးစွဲမှု မြင့်တက် http://www.simon-vlog.com/2014/01/blog-post_4175.html#ixzz2pecWjz39
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Tuesday, December 24, 2013

BMW မြန်မာပြည် လာပြီ ...........................

Monday, December 23, 2013

မေခ

နာမည်ကျော် ဂျာမန်ကား BMW တံဆိပ်မော်တော်ယာဉ်များကို မြန်မာနိုင်ငံ ဈေးကွက်သို့ တင်သွင်းရောင်းချတော့မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သုံးရန် ခေတ္တပေးအပ်ထားမည်ဖြစ်ကြောင်း သိရသည်။

BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က “တင်သွင်းမယ့် ကားအမျိုးအစားတွေက 5 Series, 7 Series and X5 ကားအမျိုးအစားတွေ တင်သွင်းပါမယ်။ ကနဦး စစချင်း တော့ ၉၅ စီး တင်သွင်းပါမယ်။ နောက်ပိုင်းတော့ ဈေးကွက်လိုအပ်ချက်အရ တင်သွင်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဝယ်ယူသည့် ကားများနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ပေးထားသည့် ဝန်ဆောင်မှုအတိုင်း ဝယ်ယူသူများကို ပေးအပ်သွားမည်ဟုလည်း ဆိုသည်။

“ရောင်းချမှုပိုင်းနဲ့ပတ်သက်ပြီးတော့ ခုချိန်မှာ ပြည်တွင်းက ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အရစ်ကျ ပေးချေနိုင်မှုအပိုင်းကို နောက်ပိုင်းမှာ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒေါ်စန်းစန်းမြင့်က ပြောသည်။

နောက်ဆုံးပေါ် BMW ကားများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရန် သဘောတူညီမှု ရရှိထားကြောင်း၊၂၀၁၄ ခုနှစ်တွင် ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

BMW ကုမ္ပဏီကအနေဖြင့် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး များတွင် နိုင်ငံ့ ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ၏ သွားလာရေးအတွက် ပံ့ပိုးကူညီမှု ပြုခဲ့ပြီး လာမည့် ၂၀၁၄ ခုနှစ် မေလအတွင်း ၃ ရက်ကြာကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏ သွားလာရေး အတွက် ကူညီသွားရန် စီစဉ်ထားကြောင်း သိရသည်။ အစည်းအဝေးအပြီး အဆိုပါ မော်တော်ယာဉ်များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်းလည်း ဆိုသည်။

“အခုပေးမယ့် ဝန်ဆောင်မှုက ကားနဲ့ပတ်သတ်ပြီး ပြင်ဆင်တာ၊ ရောင်းဝယ်တာ ဒီအပိုင်းတွေကို တနေရာထဲမှာလိုချင်တဲ့ Customer များအတွက် ရည်ရွယ်ထားပါတယ်။ဝန်ဆောင်မှုပိုင်းကတော့ ဝယ်ယူတဲ့အခါမှာကော ဝယ်ပြီးတဲ့အခါမှာကော နိုင်ငံတကာမှာပေးတဲ့ ဝန်ဆောင်မှုတွေအတိုင်း အပြည့်အဝပေးမှာပါ။ အတိအကျ ဆောင်ရွက်သွားမှာပါ”ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။

လက်ရှိတွင် နာမည်ကျော် တံဆိပ်မျိုးစုံမှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေသော်လည်း အစိုးရပိုင်းမှ နိုင်ငံတကာနည်းတူ တနေရာထဲတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် ကားအရောင်းစင်တာများကို ဖွင့်လှစ်ခွင့် မပြုသေးပေ။

အစိုးရ၀န်ကြီးဌာနများ၊ လမ်းတံတားနှင့် မြို့ပြကျွမ်းကျင်ပညာရှင်များ၊ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်း ရောင်းချသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များဖြင့် မော်တော်ကား မူဝါဒသစ်တခုကို ရေးဆွဲပြီးမှသာ ကားအရောင်း စင်တာများ ကိုဖွင့်ခွင့်ပေးသွားမည်ဟု သိရသည်။

“လတ်တလောက ဂျပန်တပတ်ရစ်တွေဝင်တာ ဝယ်တာများတယ်။ နာမည်ကြီးတံဆိပ်တွေ ဝင်လာပေမယ့် ဒီကလူတွေဝယ်နိုင်တဲ့ ဈေးရှိမှ ဒီကလူတွေက ဂျပန်ကားကြိုက်တာများတယ်။ အလုံးစုံဝန်ဆောင်မှုတွေနဲ့ သိပ်လည်းမရင်းနှီးဘူး ”ဟု Farmer Auto မှ ဒေါက်တာ စိုးထွန်းကပြောသည်။

လတ်တလော ကားအရောင်းစင်တာ အများစုတွင် အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး ရောင်းလိုအားက ၀ယ်လိုအားထက် လွန်စွာ များပြားလျက်ရှိကြောင်း ကားအရောင်းစင်တာများထံမှ သိရသည်။

BMW ကားများကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်ကို မသိရသေးသော်လည်း ပုံပါ BMW 7 Series တစီး နိုင်ငံတကာဈေးကွက်တွင် အနည်းဆုံး ဒေါ်လာ ၇၄,ဝဝဝ (မြန်မာငွေ ကျပ် သိန်း ၇၄၀ ခန့်) ပေါက်သည်။