Tuesday, January 7, 2014

နိုင်ငံတကာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ATM စက်များနှင့် အွန်လိုင်းစတိုး များတွင် ဈေးဝယ်နိုင်သည့် Travel ကတ်များကို စတင်သုံးစွဲခွင့် ရလာ.............








ရန်ကုန်၊ ဇန်န၀ါရီ ၅

နိုင်ငံတကာ ငွေပေးချေ လုပ်ငန်းများနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်း အကောင်အထည် ဖော်
ထားသော နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် Easi Travel Master Card နှင့် Multi-Currency Travel Visa
ကတ်သုံးစွဲမှုများ တဖြည်းဖြည်း မြင့်တက်လျက် ရှိကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ပြောကြား
သည်။

သမဝါယမဘဏ်က ၂၀၁၂ ခုနှစ် အောက်တိုဘာအတွင်း စတင်အကောင်အထည် ဖော်သည့် Easi Travel
Master Card သုံးစွဲသူ ခြောက်ထောင်ကျော် ရှိနေပြီ ဖြစ်ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် အကောင်အထည်
ဖော်ခဲ့သည့် Easi Multi-Currency Travel Visa ကတ် သုံးစွဲသူ ၁၀၀၀ ကျော်အထိ တိုးတက်လျက် ရှိကြောင်း
သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အမေရိကန်ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ ယူရိုစသည့် ငွေကြေးသုံးမျိုး ထည့်သွင်း သုံးစွဲနိုင်သည့် Multi-Cur
rency Travel Visa ကတ် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်ခဲ့သည့် မြန်မာ့ရှေ့ဆောင်
ဘဏ်တွင်လည်း အဆိုပါကတ်ကို သုံးစွဲသူဦးရေမှာ ငါးရာကျော်ရှိပြီး ကတ်လုပ်ရန်လျှောက်ထားထားသူ
တစ်ထောင်ကျော်ရှိကြောင်း အဆိုပါဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက The Voice သို့
ပြောကြားသည်။

“ကတ်တွေက နိုင်ငံခြားမှာပဲ သုံးလို့ရတော့ နိုင်ငံခြားသွားမယ့် သူတွေပဲ ကြိုလျှောက်ကြတယ်” ဟု ၎င်းက
ဆိုသည်။

ဘဏ်ဝန်ဆောင်မှုများ စားသုံးမှု နည်းပါးနေသေးသည့် မြန်မာနိုင်ငံတွင် ကတ်ငွေပေးချေမှုစနစ် အကျိုး
ကျေးဇူးများကို သိရှိလာပါက သုံးစွဲမှုများ ပိုမို မြင့်တက်လာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆို
သည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ATM ကတ်များကို ပြည်တွင်းတွင် စတင်သုံးစွဲမှုရရှိပြီး ၂ နှစ်အကြာ ၂၀၁၃
ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ATM စက်များနှင့် အွန်လိုင်းစတိုး
များတွင် ဈေးဝယ်နိုင်သည့် Travel ကတ်များကို စတင်သုံးစွဲခွင့် ရလာခြင်း ဖြစ်သည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: နိုင်ငံတကာသုံး ငွေပေးချေ ကတ်များ သုံးစွဲမှု မြင့်တက် http://www.simon-vlog.com/2014/01/blog-post_4175.html#ixzz2pecWjz39
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment