This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 24, 2012

FANTASY ART * (ရှုခင်း)

Inbox
x

Mr. Jugger juggernaut.mm@gmail.com
3:14 PM (48 minutes ago)






 
 
 
 
 
 
 
 
 
 
 
 
 
 
 

Juggernaut
Inline image 1  http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်က သုက်ပိုးများအား ပျက်စီးစေကြောင်...


WRITTEN BY HEALTH. POSTED IN သတင်း
လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုးများအား အန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာ ထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

နယူးဇီလန် ၀န်ကြီးချုပ်ရဲ့ မြန်မာခရီး ဘာထူးလဲ



 နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးနှင့် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက် 
 
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်ဆိုတဲ့ ကမ္ဘာ မီဒီယာလောကမှာပါ သတင်းမွှေးနေ တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလို လာရောက်နေကြပါတယ်။ အဓိက လာနေကြတာကတော့ မြန်မာကို ကူညီဖို့ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရင်းနှီးမြှုပ်နှံရေးတွေလုပ်ဖို့ ပြောကြတာ များပါတယ်။
 
ယမန်နေ့ကလည်း နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ဂျွန်ကေးဟာ သမိုင်းဝင်ခရီးစဉ်အဖြစ်  မြန်မာနိုင်ငံ ကို  ရောက်လာခဲ့ပါတယ်။ 

မစ္စာ ဂျွန်ကေးဟာ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သ လို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို မလာရောက်မီကလေးတင်ပဲ သူက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၇ သန်း ကူညီပေး 
ရေး ကြေညာခဲ့ပြီး အဲဒီအထဲက ဒေါ်လာ ၆ သန်းကတော့ လယ်ယာစနစ်ပြုပြင်ထိမ်းသိမ်းရေး အတွက် လည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို နယူးဇီလန် လုပ်ငန်းရှင်များအနေနဲ့ လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတာ ကို သမ္မတ ဦးသိန်းစိန်ကလည်း ၀မ်းပမ်းတသာ ကြိုဆိုခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံကို ကူညီတာကို လက်ခံနိုင်ပေမယ့် ခိုင်မာပြီးသား အစိုးရကို ကိုလား မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုလားဆိုပြီး သေသေချာချာ ကွဲကွဲပြားပြား ဖြစ်စေချင်တာကိုတော့ မစ္စတာ ဂျွန်ကေးနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ 

ကျိန်စာမိနေသော ပန်းချီကား



ငိုနေသော ကလေး ( Crying baby ) အမည်ရ ပန်းချီကားဟာ ကျိန်စာ မိနေတဲ့ ပန်းချီကားလို့ ယနေ့တိုင် ရေပန်းစားလျက် ရှိပါတယ်။ အကြောင်း အရင်းကတော့ ယင်းပန်းချီကားကို အိမ်မှာဆောင်ထားသူတို့ အိမ်မီးလောင်တဲ့ ဖြစ်ရပ်နဲ့ ကြုံရလို့ ဖြစ်ပါတယ်။
ပန်းချီကား ဖန်တီးသူ သမိုင်း
စပိန်ပန်းချီဆရာ Bruno Amadio ဟာ ၁၉၁၁ ခုနှစ်ဖွားပြီး ၁၉၈၁ ခုနှစ်မှာ သေဆုံးပါတယ်။ သူဆွဲတဲ့ Crying Boy ပန်းချီကား စတင် လက်စွမ်းပြတာကတော့ သူသေပြီး လေးနှစ်အကြာမှာ ဖြစ်ပါတယ်။ Bragolin လို့ပဲ သူ့ကို လူသိများပါတယ်။
ပန်းချီကား ၂၇ ခု ရေးဆွဲပြီး ၁၉၆၀ နဲ့ ၁၉၇၀ ကြားမှာ ကမ္ဘာ အနှံ့ ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ ယင်း ရောင်းချရမှုထဲမှာ ငိုနေသော ကလေးငယ် ခေါင်းစဉ်နဲ့ ပန်းချီကား အတော်များများလည်း ပါပါတယ်။ တစ်ပုံနဲ့ တစ်ပုံ မတူပါဘူး။ အချို့ ပုံက မျက်ရည်ပါပေမယ့် အချို့ ပုံက ဝမ်းနည်းပူဆွေးနေတဲ့ ကလေးငယ်ပုံ ဖြစ်ပါတယ်။ မြင်တာနဲ့ မျက်ရည်ကျ မယ့် ကလေးငယ်လို့ သိရလောက်အောင် လက်စွမ်း အတော် ထက်တဲ့ ပန်းချီကား ဖြစ်ပါတယ်။
ပန်းချီကား ကျိန်စာ
ဒါကြောင့်လည်း ဈေးကြီးပေး ဝယ်ကြပြီး ဗြိတိန်မှာဆိုရင် ကော်ပီ ပေါင်း ၅သောင်းကျော် မက ရောင်းချ နိုင်ခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။

ပန်းချီမူရင်းပိုင်သူများရော၊ Print ထုတ်ထားတဲ့ ပန်းချီများရော ပိုင်ဆိုင်တဲ့ သူ တော်တော်များများရဲ့  အိမ်များ ဆက်တိုက် မီးလောင်ပါတော့တယ်။ အင်္ဂလန်မှာ အင်မတန် နာမည်ကြီးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိန် အတွင်းရှိ မြို့  တစ်ခုပြီးတစ်ခု ပန်းချီကား ပိုင်ဆိုင်သူ အိမ်များ မီးလောင် ပါ တော့တယ်။ ပိုပြီးတော့ ထူးဆန်းတာ တစ်ခုက အိမ်က မီးလောင်သွားပေ မယ့် ပန်းချီကားတွေကျတော့ မလောင်ပဲ ဒီတိုင်း ကျန်ရှိခဲ့ပါတယ်။ မီးတောက်မီးလျှံတွေထဲမှာ ငိုနေတဲ့ ကလေးငယ် ရုပ်ပုံ ဒီတိုင်း ကျန်ရှိနေခြင်းက ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အချို့ ဆို ဒီလိုထူးဆန်းတာကို သဘောကျလို့ မီးမစားပဲ ကျန်ခဲ့တဲ့ ပန်းချီကား ကို ဈေးကြီးပေးပြီးတောင် ဝယ်ပါသေးတယ်။ ယင်း တစ်ဆင့် ဝယ်သူရဲ့  အိမ်လည်း မီးလောင်ရပါတယ်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း အမေရိကန် Yorkshire မှာ ပန်းချီကား ချိတ်ဆွဲတဲ့ အိမ်တစ်လုံး မီးလောင်ရပြန်ပါတယ်။ အတော်ကြာပြီ ဖြစ်တဲ့ သဘာဝလွန် အရာဖြစ်တယ်လို့ ယုံကြည်လို့ ချိတ်ဆွဲပြီး ယခုလို ဖြစ်ရပ်နဲ့ ထပ်ကြုံရတာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ကတော့ ၁၉၈၅ ခုနှစ် လောက်ကတည်းက ရှိသမျှ ပန်းချီကားအားလုံးက သက်ဆိုင်ရာက မီးရှို့ ပေးခဲ့ပါတယ်။ သေချာ ထားပြီး ရှို့ ရင်တော့ လောင်ပါတယ်။ သို့ပေမယ့် ပန်းချီကားရှေ့ မှာ မီးမွေးပြီး ကပ်လျက် ထောင်ထားတော့ မီးမလောင်ဘူးဆိုတာကိုလည်း သက်သေ ပြထားပါတယ်။ လောင်ပေမယ့် ဘေးက အနားလောက်သာ လောင်ပြီး ငိုနေတဲ့ ကလေးကတော့ ဒီတိုင်းကျန်ပါတယ်။

ငိုနေသော ကလေးငယ် သမိုင်း

ယင်းပုံကို Bragolin က မီးဘေးဒုက္ခသည် ကလေးငယ်တစ်ဦးကို ကြည့်ပြီး ဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစု တစ်ခုလုံး အိမ်မီးလောင်တဲ့ အထဲ ပါသွားပြီး မိဘမဲ့ ကလေးငယ်အဖြစ် တစ်ဦးတည်းသာ ကျန်ရှိပါတယ်။ ယင်း ကျန်ရှိတဲ့ ကလေးငယ်ကို ပန်းချီဆရာ Bragolin ခေါ်ယူမွေးစားပြီး ယခုလို ပန်းချီရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းကတောင် ယင်း ကလေးဟာ အရာဝတ္ထုကို မတိုမထိပဲ မီးလောင်နိုင်စေတယ်လို့ ပတ်ဝန်းကျင်က ယုံတမ်းစကားပြော တားမြစ်ခဲ့ပါသေးတယ်။ ယင်း စကားကို မမူပဲ ခေါ်မွေးစားပါတယ်။  ပန်းချီ စတူဒီယို မီးလောင်တော့ ယင်းကလေးငယ်ဟာ ထွက်ပြေးပြီး ပျောက်ကွယ်သွားပါတယ်။  နောက် ၁၀ နှစ်ကြာတော့ ကား အက်ဆီးဒန့် တစ်ခုနဲ့ သေဆုံးနေတဲ့ ဒရိုင်ဘာ တစ်ဦးဟာ ထွက်ပြေးသွားတဲ့ မိဘမဲ့ ကလေးဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။

ဒီတော့ ပန်းချီကားနဲ့ သူ့ရဲ့  ဆက်စပ်မှုက ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ကားတိုက်မှုနဲ့ သေသွားတဲ့ ကလေးငယ်ရဲ့  အသက် ဝိဥာဏ် သို့မဟုတ် မီးလောင်မှုမှာ သေဆုံးသွားတဲ့ သူ့မိသားစုရဲ့  အသက်ဝိဥာဏ် ကျန်ရှိနေတယ်လို့ အစွဲနဲ့ ယုံကြည်ကြပြီး အားလုံး ကြောက်ရွံ့  ကြပါတယ်။

 Supernatural ဆိုတာကို ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်း ရှိပါတယ်။  သို့ပေမယ့် ယင်းပန်းချီကား ကတော့ ယနေ့တိုင် Curse of the Crying Boy လို့ အမည်တွင်ခဲ့ပါတယ်။
--
Ref: The Sun

အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်


ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး သို့မဟုတ် ချစ်သူခင်သူတစ်ယောက် ဆုံးပါး သွားခြင်းတို့သည် အသည်းကွဲခြင်းကို ဖြစ်စေပါသည်။ ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာများ၏ ရောဂါ
လက္ခဏာ ရပ်များကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်သည်ဟု ဆိုသည်။
ပထမဆုံးအကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသန ပြုချက်အရ အမျိုးသမီးများသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပို၍များသည် ဟုဆိုသည်။

ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံးရောဂါဆိုင်ရာ ပြဿနာ ရာဇဝင်လုံးဝမရှိဘဲ စိတ်ထိခိုက် ခြင်း
ကြောင့် နှလုံးရောဂါ ဖောက်မှု ရုတ်တရက်ဖြစ်ပေါ်ခြင်းကို အသည်းကွဲရောဂါဟုခေါ်သည်။ ဆရာဝန်များ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါးသွားခြင်းကဲ့သို့သော အဖြစ်မျိုး၌ အက်ဒရီနယ်လင် အပါအဝင် အခြားစိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ယင်းကနှလုံးရှိ သွေးမှုတ် ထုတ်သည့် အဓိကအခန်းကို ရုတ်တရက် ဝန်ပိစေခြင်းအားဖြင့် ထိခိုက်စေသည်။

ယင်းကဲ့သို့သော ဖြစ်ရပ်၌ နှလုံးခုန်စည်းချက်နှင့် သွေးအတွင်းပါဝင်သည့် အရာများမှာ နှလုံးရောဂါရှိနေ
သူ၏ လက္ခဏာရပ်များ နှင့်ထပ်တူ ဖြစ်နေ သော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့်သွေးလွှတ်
ကြောမှ ပိတ်ဆို့ခြင်းမရှိဟု ဆိုသည်။ 
 
အမေရိကန်ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှလုံးအထူးကုဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်း
ဆောင် သော အဖွဲ့သည် ဆေးရုံပေါင်း ၁ဝဝဝ မှ လူနာပေါင်း ၆၂၂၉ ဦး ကို လေ့လာ ခဲ့ရာ အသည်းကွဲ ရော
ဂါဟု ခေါ်သော ထိုရောဂါဖြစ်နိုင်ခြေသည် အမျိုး သမီးများ၌ အမျိုးသားများထက် ကိုးဆပို၍များကြောင်း တွေ့
ရှိရသည်။

 Good Health 
chillinaris wordpress

Text Me! – Free Texting + SMS For Android


ဒီကောင်လေးကတော့ နိုင်ငံပေါင်းလေးဆယ်ရဲ့ ဖုန်းဆီကို SMS Free ပို့ပေးလို့ရတယ်လိုရေးထားပါတယ်
play.google မှာလည်း free ပေးပါတယ်
US, Canada, Mexico, China and more than 40 countries worldwide FOR FREE
Download>>>mediafire(or)go4up

လက်ထပ်ပြီးသည့်အထိ စောင့်ပါ (or) ဒုတိယမြောက်အပျိုစင်ဘဝ


လူများသည် သူတို့အတွက်အရေးပါသူတစ်စုံတစ်ဦး၏ ချစ်မြတ်နိုးခြင်းကိုခံရရန် အလွန်အမင်း လိုအပ်ကြသည်။ ဤအချက်မှာ လူငယ်လူရွယ်များအတွက် ပို၍မှန်ကန်သည်။ ဆန့်ကျင်ဘက် လိင်ရှိသော သူတစ်ဦးနှင့် သိကျွမ်းရခြင်း က ပင်လျင် သင့်အားနွေးထွေးကောင်းမွန်သည့် ခံစားချက်မျိုးကိုပေးသည်။
ကောင်လေးနှင့်ကောင်မလေးတို့သည် တဦးကိုတဦးငြိသွားကြပြီးနောက်၊ အတူသွားလာကြသော အခါ၊ စိတ်လှုပ် ရှားမှုသည် ပို၍ကြီးထွားလာသည်။ တဦးကိုတဦးထိတွေ့၊ ယုယရခြင်းသည် မည်မျှပျော်ရွှင် ဖွယ်ကောင်းသည်ကို သိလာ ကြသည်။ ဤအရာက စိတ်ဆန္ဒကိုဖြစ်ပေါ်စေသည်။

များမကြာမီအချိန်တွင် နှစ်ဦးစလုံးသည် လိင်ဆက်ဆံမှု ပြုလုပ်ရန် ဆွဲခေါ်ခြင်းကိုခံရပြီး သူတို့က ဤသို့တွေးလာကြသည်။ ““ငါတို့သည်တဦးကိုတဦး အမှန်တကယ်ချစ်တာပဲ။ လိင် ဆက်ဆံ တာက ဘာများမှားနေလို့လဲ။

လက်မထပ်မီ သင်သည်လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုမပြုသင့်သည့်အကြောင်းအရင်းများစွာရှိသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ။ လက်မထပ်မီ လိင်ကြောင့် သင်ရရှိခဲ့သောအရာထက် လိင်ကြောင့် သင်ဆုံး ခဲ့သောအရာက ပိုမိုကြီးမား သည်။ လိင်ကြောင့်  သင်ဘာကိုရသနည်း။ တိုတောင်းသောစိတ်လှုပ်ရှားမှုနှင့် တခဏတာပျော်ရွှင်မှု။ သို့သော် လက်မထပ် မီ လိင်ကြောင့် သင်ဆုံးရှုံးခံရသောအရာသည် သင့်တဘ၀လုံး အပေါ်သို့ အကျိုးသက်ရောက်မှုရှိနိုင်သည်။

လက်ထပ်ပြီးသည်အထိ လိင်ဆက်ဆံခြင်းကို စောင့်ဆိုင်းသင့်သည့် အကြောင်းအရင်းအချို့ကို လေ့လာကြပါစို့။........



အကြောင်းအရင်းနံပါတ် (၁)


လက်မထပ်မီ ဆက်ဆံခြင်းက စစ်မှန်သောအချစ်ကိုသိနိုင်မည့် သင်၏အခွင့်အရေးများကို ဆုံးရှုံး စေနိုင်သည်။ 

 မိန်းကလေးတစ်ဦးသည် သူ၏လိင်ကိုပေးဆပ်ခြင်းအားဖြင့် အချစ်ကိုရရှိရန်ကြိုးစာခြင်း (သို့) ထိန်းသိမ်းထားရန် ကြိုးစား ခြင်းသည် ၀မ်းနည်းကြေကွဲဖွယ် အမှားတစ်ခုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ 

စစ်မှန်သောအချစ်သည် စေ့စပ်ခြင်း၊ လက်ထပ် ခြင်း နှင့် လိင်ဆက်ဆံခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း လိင်က စစ်မှန်သောအချစ်ကို မဖြစ်စေနိုင်ပါ။ စစ်မှန်သောအချစ်ကို သိနိုင်မည့် သင်၏အခွင့်အရေးများကိုပင်လျှင် ဖျက်ဆီးပစ်နိုင်သည်။


၁၉ နှစ် အရွယ်ကောင်မလေးသည် အထက်တန်းနှင့်ပထမနှစ် ကောလိပ်ကျောင်းသူ ဘ၀တလျှောက်လုံးတွင် မိမိကိုယ်ကို သန့်စင်အောင် နေနိုင်ခဲ့သည်။ သူမသည် သူမအလွန်နှစ်သက်သောကောင်လေးနှင့် ပုံမှန် ဘ၀ကို ဖြတ်သန်း နေခဲ့သည်။ 


သူသည် နွေရာသီအားလပ်ရက်ခရီးကို မထွက်ခွာမီ၊ သူမသည် သူ့ကို လိုက်လျောခဲ့သည်။ သူမက ဤသို့ တွေးခဲ့သည်။ ““ဘာကြောင့်မလုပ်ရမှာလဲ။ ငါက သူ့ကိုချစ်တယ်။ သူက လည်း ငါ့ကိုချစ်တယ်။””

ဘာဆက်ဖြစ်သနည်း။ နွေရာသီကျောင်းပိတ်ရက်ကာလတွင် သူမသည်သူမ၏ “ချစ်သူ” ထံမှ ဘာသတင်းမှ မကြားရတော့ပါ။

 နွေဦးကာလ၌ သူပြန်လာသောအခါ သူမသည် သူမအား စစ်မှန်သောအချစ်ဖြင့် မချစ်သောသူကို
 သူမ၏ အဖိုးထိုက်သည့်အရာကို သွေးဆောင်ခံရသောကြောင့် ပေးလိုက်ရပြီး ဆိုတာကို သိရှိခဲ့သည်။ 

သူက ““ငါတို့ရဲ့ နောက်ဆုံး ညဟာ တကယ့်ကိုအိပ်မက်ဆိုးကြီးပါပဲ။ အဲဒါပြီးနောက် ငါမင်းကို ဘယ်တော့မှလက်မထပ်တော့ဘူး။”” ဟူ၍ပြောခဲ့သည်။


အကြောင်းအရင်းနံပါတ် (၂) 


လက်မထပ် မီဆက်ဆံခြင်းက ဘုရားသခင်က သင့်အတွက်ပြင်ဆင်ထားသော အကောင်းဆုံးအရာ ကို ဘယ် တော့ မှ မသိနိုင်အောင် သင့်ကိုတားဆီးလိမ့်မည်။ 


လိင်နှင့်ပတ်သက်၍ မှားယွင်းသောယူဆချက်တစ်ခုမှာ ဤသို့လုပ်ခြင်းသည် ခန္ဓာပိုင်းပျော်ရွှင်မှုသာ ဖြစ်ပြီး သင့် စိတ်ကြိုက် မည်သူနှင့်မဆို လုပ်နိုင်သည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ 


ဤသို့ယူဆခြင်းက လိင်ကိုဈေးပေါစေပြီး အဓိပ္ပါယ်မဲ့စေပြီး ကျွန်ုပ်တို့အား ဖန်ဆင်းထားသည့်ပုံစံကိုပင် ပမာမခန့်ပြုသည်။


လိင်သည် ခန္ဓာပိုင်းလုပ်ဆောင်မှုတစ်ခုသာမဟုတ်ပါ။ လိင်ဆက်ဆံခြင်းအားဖြင့် သင်နှင့်အခြားသူသည် တသား တကိုယ်တည်းဖြစ်သွားသည်။ 


ဤသို့လုပ်ခြင်းသည် အလွန်ရင်းနှီးကပ်ငြိသည့်အတွေ့အကြုံ ဖြစ်သောကြောင့် သင်၏ တစိတ်တပိုင်းသည် ထိုသူနှင့်အတူ ထာဝရကာလ ရှိနေမည်ဖြစ်သည်။ သင်သည် လက်ထပ်သောအခါ သင်၏ဘ၀ အဖော် ကို ၁၀၀% အပြည့်မပေးနိုင်တော့သည်ကို သိလာလိမ့်မည်။ ဘာကြောင့်နည်း။ အကြောင်းမှာ သင်၏တစိတ် တပိုင်း ကို အခြားသူတို့အား ဝေမျှပေးခဲ့သောကြောင့် ဖြစ်သည်။ 


ဤအရာကို အရေးမပါသလို ပြုမူခြင်းသည် မိုက်မဲရုံသာမက၊ ကျွန်ုပ်တို့အား ဘုရားသခင် ဖန်ဆင်းထားသည့် ရည်ရွယ်ချက်ကိုလည်း လျစ်လျူရှုခြင်းပင်ဖြစ်သည်။


အကြောင်းအရင်းနံပါတ် (၃) 


လက်မထပ်မီ ဆက်ဆံခြင်းက သင်၏မိမိကိုယ်ကိုအထင်ကြီးလေးစားသောစိတ်ကို ထိခိုက်စေသည်။ 


ကျမ်းစာက လူငယ်တစ်ဦးသည် သူ၏ကိုယ်ခန္ဓာကို ဂုဏ်အသေရေရှိစွာဖြင့် စောင့်ထိန်းသင့်ကြောင်းနှင့် ကိုယ်ကျင့်တရားမကောင်းသော သူတို့၏လမ်းစဉ်ကို မလိုက်ကြရန်ပြောထားသည်။ လူငယ် တဦး၏သန့်ရှင်းစင်ကြယ်မှု သည် သူ (သို့) သူမ၏ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင်ဖြစ်သည်။ 


ဝမ်းနည်း စွာပင်၊ အများစုသည် အရမ်းနောက်ကျမှသာ ဤအချက်ကိုနားလည်လာကြသည်။ တခါတရံ မိန်းကလေး တဦးသည် အချစ်ကိုအလွန်ဆာလောင်သဖြင့် ယောက်ျား တဦး၏လိင်စိတ်ဆန္ဒကို သူမရှာဖွေနေသောအချစ် ဟု ထင်ကာ ထိုယောက်ျား၏ဆန္ဒကို လိုက်လျောပေးတတ်ကြသည်။ 

 မကြာခဏ၊ ထိုယောက်ျားသည်သူမကို အမှန်တကယ်မချစ် မလေးစားသည်ကိုတွေ့ရတတ်သည်။ 
 သူလိုချင်သောအရာမှာ လိင်သာဖြစ်ပြီး သူမကလည်း အဆင်သင့်ရှိနေသဖြင့် သူမကိုအသုံးချကာ သူလိုချင်သောအရာကို ရယူလိုက်ခြင်းသာ ဖြစ်သည်။ ခဏကြာသောအခါ သူသည် သူမကိုငြီးငွေ့လာပြီး၊ သူမသည် ဈေးအဆမတန်လျော့ထားသောကုန်ပစ္စည်း ကဲ့သို့ဖြစ်လာတော့သည်။  အချစ်ကိုရှာဖွေရန်အတွက် သွားစရာနေရာ သူမတွင်မရှိတော့ပဲ လိင်ကိုရှာဖွေ နေသောသူ ထံသို့သာ သွားရမည်ဖြစ်သည်။ သူမသည် သူမ၏မျက်စိ၌ပင် ဈေးပေါနေပြီး အခြားသူများက လည်း သူမအား ဈေးပေါ သည် ဟု မြင်မည်ဖြစ်သည်။

အကြောင်းအရင်းနံပါတ် (၄) 


လက်မထပ်မီ ဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။


ဘုရားသခင်သည် သင့်အားသြတ္တပ္ပစိတ်ကိုပေးထားပြီး ထိုစိတ်ဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ်မိန်းမတစ်ဦးက “လက်မထပ်မီဆက်ဆံခြင်းက စိတ်လှုပ်ရှားဖွယ်တခဏတာ ပျော်ရွှင် မှုကိုပေးလိမ့်မည်။ သို့သော် ဤသို့လုပ်ခြင်းက တန်ပါရဲ့လား” ဟုရေးခဲ့သည်။


အကြောင်းအရင်းနံပါတ် (၅) 


လက်မထပ်မီ ဆက်ဆံခြင်းသည် စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်လာနိုင်သည်။


လူငယ်အများစုက လိင်ဆက်ဆံခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်း၍ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု မြင်ပါ သလား။ အဖြေမှာ “NO” ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှု လေ့လာဆန်းစစ်ချက်တစ်ရပ်ကို လက်မထပ် ရသေး သည့် မိခင်များအတွက် ဆေးခန်းကြီးတစ်ခုတွင်ပြုလုပ်ခဲ့သည်။ 


ဤမေးခွန်းအား လက်မထပ်ရသေးသည့်အမေများကို မေးခဲ့သည်။ “လိင်ဆက်ဆံမှုအတွေ့အကြုံကို သင်ကပျော်ရွှင်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) စိတ်ပျက်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) မနှစ်မြို့ဖွယ် ကောင်းသည်ဟုမြင်ပါသလား။ ၄င်တို့ထဲမှ ၅၀% က ဤအတွေ့ အကြုံသည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဖြေခဲ့ပြီး ၃၀% ကမနှစ်မြို့ဖွယ်၊ ရွံရှာဖွယ်ကောင်းသည်ဟုဖြေခဲ့သည်။ 


၂၀% ကသာပျော်ရွှင်ဖွယ်ကောင်း သည်ဟုဖြေခဲ့သည်။ မှန်ကန်သော အခြေအနေတစ်ရပ်၌ လိင်ဆက်ဆံခြင်းသည် ဘုရားသခင် ရည်ရွယ် ထားသလိုမျိုး စိတ်လှုပ်ရှားဖွယ်ကောင်းသော အရာတစ်ခု ဖြစ်နိုင်ပါသည်။ 

 သို့သော် အိမ်ထောင်ရေးအပြင် ဘက်၌ လုပ်လျှင်မူ စိတ်ပျက်ဖွယ်ကောင်းမည်ဖြစ်သည်။ ၁၆ နှစ်အရွယ်ကိုယ်ဝန်ဆောင်မိခင်လောင်းလေးက ဤသို့ ရှင်းလင်း ဖော်ပြခဲ့သည်။ အချစ်နှင့်ပတ်သက်ပြီး ရုပ်ရှင်တွေ၊ တီဗီ တွေထဲမှာ သင်တွေ့မြင်တာ မှန်သမျှဟာ အလိမ်အညာ တွေသာ ဖြစ်ပါတယ်။ 

ရုပ်ရှင်တွေ၊ တီဗီ တွေထဲကအချစ်ဟာ မနူးညံ့၊ မချိုသာ သလို ကြာရှည်မခံပါဘူး။ ရက်စက်ကြမ်းကြုတ်ပြီး နာကျင်စေပါတယ်။ ရုပ်ရှင်တွေထဲက လူတွေဟာ အိပ်ယာပေါ်ခုန်တက်ကြပြီး အရာအားလုံးဟာ အားကျဖွယ် ကောင်း တယ်လို့ ထင်ရပါတယ်။

 နောက်တနေ့ မနက်မှာလည်း လူတိုင်းဟာပျော်ရွှင်စွာနဲ့ နိုးထလာပါတယ်။ တကယ်တမ်း ကျတော့ အဲဒီလိုမဟုတ်ပါဘူး။ သင်သာ ကျင့်သားမရသေးရင်၊ အဲဒီအရာဟာ ဆိုးဝါးစွာနာကျင်စေပါတယ်။ ပိုဆိုးတာက၊ နောက်တနေ့ မနက်မှာ သင့်ချစ်သူဟာ သင့်ကိုကြည့်တောင်မကြည့်တော့ပါဘူး။

အကြောင်းအရင်းနံပါတ် (၆) 


လက်မထပ်မီ ဆက်ဆံခြင်းသည် သင့်အတွက် အန္တရာယ်ရှိသည်။ 


လက်မထပ်မီ လိင်ပိုင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းအားဖြင့် လိင်မှကူးစက်တတ်သောရောဂါများကို သင်၌ ဖြစ်စေနိုင်သည်။ လွယ်သောမိန်းကလေးများ၊ တနည်းအားဖြင့် ပြည့်တန်ဆာများသည် ပြင်း ထန်သော ထိုရောဂါ တစ်ခုခု၏ အရင်းအမြစ်ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ပင် ယောက်ျားများသည်လည်း “ရောဂါသယ်ဆောင်သူ” များဖြစ်နိုင် ပါသည်။ 


လိင်မှ တဆင့် ကူးစက်သောရောဂါများသည် ပြင်းထန်သော ပိုးဝင်မှုများ၊ မျက်စိကန်းခြင်းများနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။ ဤပြင်းထန်သောရောဂါများသည် သင့်ကလေးများကိုပင်လျှင် ကူးစက်နိုင်သည်။ ဤရောဂါများထဲမှ အချို့ကို ကုသ၍ မရနိုင် သေးပါ။


ယောက်ျားတစ်ဦးတည်းနှင့်သာ ဆက်ဆံမှုပြုသောကောင်မလေးတစ်ဦးက သူ့ကိုသူ လုံခြုံသည်ဟု ထင်ခဲ့သည်။ ဆရာဝန်က သူမသည်လည်း ဗိုင်းရပ်ကူးစက်ခံနေရပြီးဆိုတာကို ပြောသောအခါ၊ သူမသည် အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုဗိုင်းရပ်၏အရင်းအမြစ်ကိုရှာဖွေကြသောအခါ၊ သူမ၏ဆက်ဆံဖက် ယောက်ျားမှာ အခြားမိန်းကလေးတဦးတည်းနှင့်သာ ဆက်ဆံသည်ကို တွေ့ရသည်။ 


သို့သော် ထိုမိန်းကလေးသည် အခြားယောက်ျားငါးဦးနှင့်ဆက်ဆံပြီး ဤယောက်ျားငါးဦးက ပြည့်တန်ဆာများအပါအ၀င် အခြား မိန်းမ ၁၉ ယောက်နှင့်ဆက်ဆံသည်ကို တွေ့ရသည်။ ဤသို့ဖြင့် ယောက်ျားတစ်ဦး တည်း နှင့်သာ လိင်ဆက်ဆံမှုပြုနေသည်ဟု ထင်ခဲ့သောကောင်မလေးသည် နောက်ဆုံး၌လူပေါင်း ၉၂ ဦးနှင့် သူမဆက် နွယ်နေကြောင်းကို သိသွားခဲ့သည်။


အကြောင်းအရင်းနံပါတ် (၇) 


လက်မထပ်မီ ဆက်ဆံခြင်းသည် မိန်းကလေးတစ်ဦး၏ဘ၀ကို တစ်စစီ ကြေကွဲသွားစေနိုင်သည်။ 


အိမ်ထောင်ရေးအပြင်ဘက်၌ လိင်ပိုင်းဆိုင်ရာစမ်းသပ်မှုကို ပြုကြသောလူငယ်များသည် ဤမေးခွန်းအား မိမိ ကိုယ်ကို မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် အကယ်၍ကိုယ်ဝန်ရှိလာမယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။ ဤသို့လည်း မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ငါတို့ ဘာလုပ်ကြမလဲ။


လက်မထပ်ရသေးသည့်မိခင်များအတွက် ဆောက်လုပ်ပေးထားသောအိမ်သို့ အလည်အပတ်သွားခဲ့ သူတဦးက ““သူတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကို မသိကြတဲ့ကောင်မလေးတွေရဲ့ မျက်နှာပေါ်ထင်ဟပ်နေ တဲ့ စိတ်ပျက်၊ မျှော်လင့်ချက်မဲ့မှုတွေကို သင်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ စစ်မှန်တဲ့အချစ်ကို သူတို့သိကျွမ်းခွင့်ရမှ ရပါ့ မလား၊ သာယာပျော်ရွှင်တဲ့အိမ်ကို အနာဂတ်မှာရမှရပါ့မလား ဆိုတာကို မသိတော့တဲ့ကောင်မလေးတွေဖြစ်ပါတယ်။


လွယ်သောမိန်းကလေးမျာသာမက ကောင်းသောမိန်းကလေးများသည်လည်း ကိုယ်ဝန်ရလာနိုင်ပါသည်။ ဖျက် ချခြင်းအားဖြင့် အလိုမရှိသောကိုယ်ဝန်ကိစ္စကို ဖြေရှင်းခြင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ပါ။ သင်မမွေး ရသေး သော ကလေးငယ်ကို သတ်ဖြတ်ခြင်းသည် မိမိ၌အပြစ်ရှိသည် ဟုဆိုးဝါးသည့် ခံစားချက်မျိုးကို ဖြစ်စေနိုင်သည်။ ဤဆိုး ၀ါးသည့်ခံစားချက်က သင့်ဘ၀တလျှောက်လုံး၌ သင့်အား ခြောက် လှန့်နေမည်ဖြစ်သည်။ အောက်ပါစာက ကျွန်တော်တို့ နှင့် ရင်းနှီးပြီးသား အကြောင်းအရာတစ်ခုကိုပြောပြ သည်။


ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ ကျွန်မဟာ ၁၈ နှစ်သာရှိပြီး ကောလိပ်တက် ဖို့ နှစ်လပဲ လို ပါ တော့တယ်။ ကျွန်မရဲ့ကောင်လေးဟာ ကျွန်မကဲ့သို့ အမည်ခံ ခရစ်ယာန်ဖြစ်ပြီး ကိုယ်ဝန်ဖျက် ချဖို့နှစ်ဦးလုံးက ဆုံးဖြတ် ခဲ့ပါတယ်။ 


ကျွန်မတို့ရဲ့မိဘတွေနဲ့ မိတ်ဆွေတွေကိုမရင်ဆိုင်ရဲတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အလွယ်နည်း ကို လုပ်ခဲ့ပါတယ်။


ကိုယ်ဝန်ဖျက်ချပြီးနောက် ကျွန်မဟာစိတ်ပိုင်းနာကျင်မှုကို အလူးအလဲခံရပြီး၊ မျက်ရည်များစွာ စီးကျခဲ့ပြီး ကျွန်မ တို့ရဲ့ဆုံးဖြတ်ချက်တစ်ခုလုံးကို နောင်တရခဲ့ပါတယ်။ ယနေ့တိုင်အောင် ကျွန်မဟာ ဒူးထောက်ပြီး ငိုယိုကာ၊ ကျွန်မအား ကြင်နာသနားစွာဖြင့် ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံတောင်းဆိုဆဲပါ။ ကျွန်မဟာ အရမ်းကိုမှားခဲ့တယ်လေ။

 ဘုရားသခင်က ကျွန်မကိုနောက်ထပ် ဒုတိယအကြိမ်အခွင့်အရေး ပေးဦးမလားဆိုတာကို တွေးတောဆဲပါ။ သူဟာ ချစ်ခြင်းမေတ္တာ ဘုရား ဖြစ်တာကိုသိပြီး သူဟာ ဘုရားသခင် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မစိတ်နှလုံးအကြွင်းမဲ့ယုံပါတယ်။ ပြီးတော့ ကျွန်မဟာ ကျွန်မမှာအပြစ်ရှိ တယ်လို့ခံစားရတဲ့ ခံစားချက်ကိုပွေ့ဖက်ရင်း ဆက်လက်အသက်ရှင်ဆဲပါ။

အကြောင်းအရင်းနံပါတ် (၈)


လက်မထပ်မီ ဆက်ဆံခြင်းသည် ကြီးမားသောပြဿနာအချို့ကိုဖြစ်စေနိုင်သည်။ 


တစ်ခါတစ်ရံ ယောက်ျားတစ်ဦးက ““မင်းကိုယ်ဝန်ရှိလာရင် မင်းနဲ့ငါလက်ထပ်မယ်။”” ဟုပြောလေ့ ရှိသည်။ အိမ်ထောင်ရေးသည် အလေးအနက်ထားရမည့်ကိစ္စဖြစ်သည်။ သင်လုပ်ဖို့မပြင်ဆင်ရသေးသည့် အလုပ်ကိုဝင်လုပ်ဖို့ မကြိုးစားသင့်ပါ။ အိမ်ထောင်ရေး၌ လရောင်၊ ချစ်ရည်လူးမှုများနှင့် နှင်းဆီပန်းများ အားဖြင့်သာ ပြည့်နှက်နေမည်မဟုတ်ပါ။ အိမ်ထောင်ရေး၌ နေ့အလင်းရောင်၊ လသားအရွယ်ဝတ်ဘောင်းဘီ များနှင့် ဟင်းခွက်ပန်းကန်များလည်း ပါဝင်သည်။ ဤစာကို စဉ်းစားဆင်ခြင်ကြည့်ပါ။


ကျွန်မအသက် ၁၇ နှစ်ရောက်တော့၊ ကျွန်မရဲ့ဘ၀ဟာရှုပ်ထွေးနေခဲ့ပါပြီ။ Ted နဲ့ကျွန်မ ၆လကြာ ပုံမှန် တွဲခဲ့ ကြပြီး နောက်ပိုင်းမှာ ကျွန်မတို့လုပ်ခွင့်မရှိတဲ့အရာတွေကို စလုပ်လာကြပြီး ကျွန်မမှာကိုယ်ဝန် ရှိလာပါတယ်။ ကျွန်မတို့ နှစ်ဦးလုံး ဟာ ကျောင်းထွက်ခဲ့ပြီး လက်ထပ်ခဲ့ကြတယ်။ ကျွန်မဟာ ကျွန်မရဲ့ဘ၀ ကိုမုန်းတီးပြီး Ted အပေါ်မှာ ကျွန်မ လုပ်ခဲ့ တာတွေ အတွက်လည်း မိမိကိုယ်ကိုမုန်းတီးခဲ့တယ်။ ကလေးက တချိန်လုံးငိုပြီး Ted ကိုစိတ်ဆိုးစေခဲ့တယ်။ သူဟာ အရက်ကို အလွန် အကျွံသောက်ပေမယ့် ကျွန်မသူ့ကို အပြစ်မတင်နိုင်ပါဘူး။


ကျွန်မတို့ဟာ အမှိုက်ပုံနဲ့နီးတဲ့နေရာမှာနေပြီး ကလေးထိန်းခေါ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့နဲ့ သင့်တော်တဲ့ အ၀တ်အစား ၀ယ်ဖို့တောင် ကျွန်မတို့မှာပိုက်ဆံမရှိပါဘူး။ Ted က ဘာမှမပြောပေမယ့်၊ သူကျွန်မကို မုန်းတယ်ဆိုတာကို ကျွန်မ သိပါတယ်။ ကလေးကိုလည်း သူမုန်းပါတယ်။ ဒါတွေအားလုံးဟာ အိပ်မက်ဆိုး တစ်ခုသာဖြစ်ပြီး မနက်မိုးလင်းချိန်မှာ ကျွန်မအိမ်ရဲ့ အိပ်ယာထဲမှာ ကျွန်မဟာနိုးထပြီး ကျွန်မနဲ့အလွန်ခင်တဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းကိုအတူသွားရမယ်လို့ မျှော်လင့်ခဲ့တဲ့ အချိန်တွေကလည်း မနည်းပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုးနေ့တွေဟာ ကုန်ဆုံးသွားခဲ့ပြီဆိုတာကို ကျွန်မ သေချာ သိပါတယ်။


ကျွန်မ ဒီစာကိုရေးခြင်းမှာ အကြံဥာဏ်ရယူလိုတာကြောင့် မဟုတ်ပါ။ ကျွန်မလိုမျိုး မိမိဟာအားလုံး ကိုသိပါတယ် လို့ ကြွေးကြော်နေတဲ့ ဆယ်ကျော်သက်လေးတွေ သင်ခန်းစာ၊ အကျိုးအမြတ်ရပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။


အကြောင်းအရင်းနံပါတ် (၉) 


လက်မထပ်မီ ဆက်ဆံခြင်းသည် သင်နှင့်မသင့်တော်သောသူကို လက်ထပ်မိစေရန် သင့်အားလှည့် စားမည် ဖြစ်သည်။ 


အကယ်၍ သင်သည်လိင်ပိုင်းဆိုင်ရာ ယှက်နွယ်မှုရှိနေပါက၊ သင့်ကိုသင် အချစ်စစ်ကို တွေ့သွားပြီး ဟု ထင် လိမ့် မည်။ အမှန်မှာ သင်သည် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကြောင့်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ခံစားချက်များကိုသာ ရရှိ နေခြင်းဖြစ်သည်။ သင်သည် ရှေ့တဆင့်တက်ပြီး ထိုသူနှင့်လက်ထပ်ပြီးမှ သင့်အတွက်မှားယွင်းသောလူကို လက်ထပ်မိ မှန်း သိလာလိမ့်မည်။ သင်နှင့်သူကြားတွင် လိင်ပိုင်းဆိုင်ရာ  ဆွဲဆောင်မှုသာရှိပြီး အချစ်စစ်မရှိကြောင်းကို အလွန် နောက် ကျပြီးမှ သင် သိနိုင်သည်။


အကြောင်းအရင်းနံပါတ် (၁၀)

လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးဘ၀ကို ဖျက်ဆီးပစ်နိုင်သည်။ 


လူအချို့က သူတို့သာ လက်ထပ်လိုက်ပါက၊ အရာအားလုံးဟာအဆင်ပြေသွားလိမ့်မည် ဟုထင်ကြသည်။ အမှန် မှာ ထိုကဲ့သို့ မဖြစ်နိုင်ပါ။ အခြေအနေအရပ်ရပ်တို့သည် သင်တို့နှစ်ဦးအတွက် အကောင်းဆုံး အနေအထားတွင် ရှိနေ တာ တောင်မှ သာယာပျော်ရွှင်သောအိမ်ထောင်ရေးကို လွယ်ကူစွာမရနိုင်ပါ။ အကယ်၍ သင်တို့သာ အစမှားခဲ့ပါက၊ ထိုသို့သော အိမ်ထောင်ရေးကို ရရှိရန်ကြိုးစားရာတွင်အလွန်ခက်ခဲလိမ့်မည်။


လက်မထပ်မီဆက်ဆံခြင်းသည် အောင်မြင်သောအိမ်ထောင်ရေးကို ရနိုင်မည့်သင်၏အခွင့်အရေးများကို အလွန် အမင်း လျော့နည်းစေသည်။ အကြောင်းပြချက်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စည်းကမ်းမရှိ သူသည် လက်ထပ်ပြီးသော အခါ တွင်လည်း ဆက်လက်၍ စည်းကမ်းမဲ့စွာ ပြုမူနေထိုင် တတ်သောကြောင့် ဖြစ်သည်။


သူတို့သည် ဘယ်တော့မှ ကျေနပ် ရောင့်ရဲမှုမရှိတတ်ဘဲ အသစ်သော စိတ်လှုပ်ရှားဖွယ်အရာများ ကို ဆက်လက်ရှာဖွေတတ်သောကြောင့်ဖြစ်သည်။


တခါတရံ လက်မထပ်မီ လိင်ပိုင်းအရ စည်းမစောင့်သူနှစ်ဦးသည် လက်ထပ်ပြီးသောအခါ အဆင်ပြေစွာ ပေါင်း သင်း နေထိုင်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့နှစ်ဦးသည် သံသယနှင့်မယုံကြည်မှု ဟူသောမျိုးစေ့ကို စိုက်ပျိုး ထား ကြပြီး နောက်ပိုင်းတွင် ထိုမျိုးစေ့တို့က ခါးသီးသောအသီးကို သီးစေလိမ့် မည်ဖြစ်သည်။


နှစ် ၂၀ ကြာအိမ်ထောင်သက်တမ်းရှိသူနှစ်ဦးသည် သူတို့၏အိမ်ထောင်ရေးအား မပြိုကွဲစေရန်အတွက် ဒေါက်တာ ဟင်နရီနှင့် လာရောက်ဆွေးနွေးခဲ့သည်။ ယောက်ျားဖြစ်သူက ““ကျွန်တော့်မိန်းမက ကျွန်တော့်ကို မယုံဘူးဗျ”” ဟုပြောပြီး မိန်းမဖြစ်သူက ““ရှင်ကလည်း ကျွန်မကိုမယုံပါဘူး”” ဟူ၍ပြန်လည် ချေပသည်။ သူတို့နှစ်ဦးသည် တဦးနှင့်တဦး ဘာကြောင့် မယုံကြသနည်း။ အကြောင်းမှာ သူတို့သည် လက်မထပ်မီ ဆက်ဆံခဲ့ကြသောကြောင့်ဖြစ်သည်။ 


ဤသို့ ဆက်ဆံခဲ့ခြင်းကြောင့် သံသယစိတ်နှင့် မယုံကြည်မှုသည် နှစ်ဦးစလုံးအပေါ်၌ နှစ်၂၀ ကြာ လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံး၌ သူတို့၏အိမ်ထောင်ရေးကို ပင် ပျက်စီးစေခဲ့သည်။


လက်မထပ်မီ ဘာကြောင့်လိင်မဆက်ဆံသင့်ကြောင်း အကြောင်းပြချက် (၁၀)ချက်ကို လေ့လာ ဆန်းစစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤ ၁၀ ချက်စလုံးထက် အရေးကြီးသောအကြောင်းပြချက် တစ်ချက် ကျန်ပါသေးသည်။ ၄င်းမှာ ဤသို့လက်မထပ်မီဆက်ဆံခြင်းသည် မှားယွင်းသည်ဆိုသော အချက်ပင် ဖြစ်သည်။


မှားယွင်းရခြင်းအကြောင်းမှာ ဘုရားသခင်က ဤသို့ဆက်ဆံခြင်းသည် အပြစ်ဖြစ်သည်ဟုပြောထားသောကြောင့် ဖြစ်သည်။ ဘယ်အရာကမှ ထိုအချက်ကိုမပြောင်းလဲနိုင်ပါ။ 


ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်ခြင်းသည် အပြစ် ဖြစ်သည်။ အိမ်ထောင်ရေးအပြင်ဘက်၌ လိင်ဆက်ဆံမှုအားလုံးသည် အပြစ်ဖြစ်သည်ဟု ဘုရားသခင်ကပြောထားသည်။ လက်မထပ်ရသေးသော သူနှစ်ဦးဆက်ဆံခြင်းသည် မတရားသော မေထုန်ကိုမှီဝဲခြင်းပင်ဖြစ်ပြီး အပျက်အစီးများစွာ ဖြစ်စေသော အပြစ်များအနက် တစ်ခုဖြစ်သည်။ ကျမ်းစာက ““မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။

 မတရားသော မေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ပင် ပြစ်မှား၏။”” ဟုဆိုသည်။ (၁ကော ၆း ၁၈)
ဘုရားသခင်က အိမ်ထောင်ရေးအပြင်ဘက်၌ သာမန် (သို့) သွေဖယ်သောလိင်ဆက်ဆံမှုအားလုံးသည် အပြစ် ဖြစ်သည်ဟုပြောထားသည်။ လူများက အချိန်တွေကပြောင်းသွားပြီ ဟူ၍ပြောတတ်ကြသည်။ 


သို့သော် ဘုရားသခင်က မပြောင်းလဲပဲ ဤအရာများနှင့်စပ်လျဉ်း၍ သူ၏စိတ်တော်မှာလည်း မပြောင်းလဲပါ။ ကျမ်းစာက ““ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိ စေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။”” ဟုဆိုသည်။ (ဟေဗြဲ ၁၃း ၄“) ထပ်မံ၍ ကျမ်းစာက ““အယူမလွဲကြနှင့်။ မတရား သောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသော သူ၊ ယောက်ျားချင်းမေထုန် ကိုပြုသောသူ၊ ...တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”” ဟုဆိုသည်။ (၁ကော ၆း ၉-၁၀)


ဘုရားသခင်က ကျွန်ုပ်တို့အား အကောင်းဆုံးအရာများကိုသာ ရစေလိုသည်။


လူငယ်အများစုသည် ဘုရားသခင်က လက်မထပ်မီ လိင်ပိုင်းဆိုင်ရာကိစ္စများ၌ ဘာကြောင့်သူတို့အား မပါဝင် မပတ်သက်စေလိုသည်ကို နားမလည်ကြပေ။ အချို့မှာ ဘုရားသခင်က သူတို့အားလိင်ကိစ္စ၌ ၀မ်းမမြောက်စေလိုသော ကြောင့် ဖြစ်သည်ဟု ထင်ကြသည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။


ဤအချက်ကို ဥပမာပေး၍ရှင်းလင်းဖော်ပြပါမည်။ ရထားတွေအကြောင်းတွေးကြည့်ကြပါစို့။ ကမ္ဘာပေါ်ရှိ အမြန်ဆုံး ရထားအချို့သည် ဂျပန်တွင်ရှိသည်။ ဤရထားများသည် ပုံမှန်အားဖြင့် တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ပြေးဆွဲပြီး တခါတရံတွင် ၁၅၅ နှုန်းသို့ပင် ရောက်သွားတတ်သည်။


ဤရထားများသည် ဤသို့သောအမြန်နှုန်းကို မည်သို့ရရှိသနည်း။ အကြောင်းမှာ ဤရထားများသည် အကောင်း ဆုံး ဒီဇိုင်းထုတ်ထားပြီး ကျွမ်းကျင်စွာတည်ဆောင်ထားသော ပြေးလမ်း များအပေါ်တွင် ပြေးဆွဲသောကြောင့်ဖြစ်သည်။ 


ဤပြေးလမ်းများက ရထား၏အမြန်ဆုံးနှုန်းကို ရရှိစေသည်။ ဤရထားများ ထဲမှ တစ်စီးက ဤသို့ပြောသည်ဆိုပါစို့။ ““ဒီဟောင်းနေတဲ့ပြေးလမ်းတွေပေါ်မှာ ပြေးဆွဲရတာ ငါစိတ်ကုန် နေပြီ။ အကန့်အသတ်တွေများလွန်းတယ်။ ငါသွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ်သွားပြီး ငါလုပ်ချင် တာကိုလုပ်မယ်။ ထိုကြောင့် ဤရထားသည် ပြေးလမ်းပေါ်မှခုန်ထွက်ပြီး စပါးခင်းတစ်ခုပေါ်သို့ ရောက် သွားခဲ့သည်။


ယခုတွင် ဤရထားသည် လုံးဝလွတ်လပ်သွားပြီဖြစ်သည်။ ပြေးလမ်းများ၏ ၀န်းရံထားခြင်းကို မခံရတော့ပါ။ ဤရထားသည် အမှန်တကယ်လွတ်လပ်သွားသော်လည်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့်  မပြေးဆွဲတော့ပါ။ အမှန်မှာ ရွေ့ပင်မရွေ့တော့ပဲ ရွှံနွံထဲ၌သာ နစ်နေမည်ဖြစ်သည်။

 ဤရထားထက် အင်အားကြီးမားသောအရာတစ်ခုက ဤရထားကို လာမ၍ သန့်ရှင်းရေးလုပ်ပေးပြီး ပြေးလမ်းပေါ်တွင် ပြန်တင်ပေးမှသာ ဤရထားသည် အရင်ကဲ့သို့ ပြန်လည် ပြေးဆွဲ နိုင် မည် ဖြစ်သည်။

လိင်နှင့်ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်သည် ““ပြေးလမ်း””များကို စီမံ ထား ပေး ရခြင်းမှာ သင့်အားလိင်မှုကိစ္စ၌ ၀မ်းမမြောက်စေရန်မဟုတ်ဘဲ သင်သည် သင့်အိမ်ထောင်ရေး၌ လိင်မှုကိစ္စကို အချိန် ကြာရှည်စွာ အပြည့်အ၀၀မ်းမြောက်နိုင်ရန်ဖြစ်သည်။ စာတန်က ““ပြေးလမ်းပေါ်မှ ခုန်ဆင်းခြင်း””ဆိုသည့် စိတ်လှုပ်ရှားမှု ကို သင့်အားကမ်းလှမ်းထားသည်။ သို့သော် သင်သည်နွံထဲသို့ ရောက်သွားလိမ့်မည်။


သင့်အားလက်ထပ်စေရန် ဘုရားသခင်အစီအစဉ်ရှိပါက သင့်အတွက် သင့်တော်သောသူသည် ဘုရားသခင်၏ စိတ်ထဲ၌ရှိပြီးသားဖြစ်သည်။ သင်လက်ထပ်သောနေ့တွင် ရှေ့၌ ကျမ်းသစ္စာကိုကျိန်ဆိုရန် အတွက် ဘုရားကျောင်းထဲသို့ လမ်းလျှောက်ဝင်သောအခါ၊ သင့်ကိုသင် သန့်ရှင်းစေခဲ့ခြင်းအတွက် သင်သည် ၀မ်းမြောက်လိမ့်မည်။


ဤအရာကိုဖတ်နေသောသူတစ်ဦးက ““ကျွန်မတော့ ပြေးလမ်းပေါ်မှ ခုန်ဆင်းခဲ့ပြီးပြီ။ ကျွန်မ အတွက် မျှော်လင့် ချက် များ ရှိသေးသလား?

သင့်အတွက် မျှော်လင့်ချက်ရှိပါသေးသည်။ ခရစ်တော်သည် သင့်ကိုရွံ့ထဲမှ ကောက်ယူကာ သန့်ရှင်းစေပြီး ပြေးလမ်းအပေါ်သို့ ပြန်လည်တင်ပေးနိုင်သည်။


ခရစ်တော်၏အပြစ်လွတ်ခြင်း၏ဥပမာ


တစ်ကြိမ်တွင် ဘာသာရေးခေါင်းဆောင်အချို့သည် ယေရှုအားအိမ်ထောင်ရေးဖောက်ပြားမှု ကျူးလွန်သော မိန်းမတဦးကို အထံသို့ ခေါ်လာခဲ့သည်။ သူတို့သည် ထိုမိန်းမကို ခရစ်တော်၏ ခြေထောက်နား သို့ တွန်းလိုက်ပြီး ““ဆရာ၊ ဒီမိန်းမဟာ ဖောက်ပြားမှုကျူးလွန်နေစဉ်၌ပင်၊သူ့အားလက်ရဖမ်းမိခဲ့ပါတယ်။ ပညတ်တော်ထဲ၌ မောရှေက ဒီလိုမိန်းမကို ကျောက်ခဲနဲ့အသေပစ်သတ်ရမယ်လို့ မိန့်မှာထားပါတယ်။ သခင်ကရော ဘာပြောစရာရှိပါသလဲ?ဟု ပြောကြသည်။


ဤလူများသည် ထိုမိန်းမကို ဂရုမစိုက်ကြပါ။ သူတို့သည် ထိုမိန်းမကိုအသုံးပြု၍ ခရစ်တော်အား ချောက်တွန်း လိုကြခြင်းဖြစ်သည်။ ယေရှုက ““သူမကိုမပစ်သတ်ရ။””ဟု ပြောပါက၊ မောရှေ၏ပညတ်တော် များကို ဆန့်ကျင်နေသလို ဖြစ်ပေမည်။ အကယ်၍သူက ““အသေသတ်လိုက်””ဟု ပြောပါက၊ ရောမအစိုးရနှင့် ပြသနာတက်နိုင်သည်။


ယေရှုသည်သူတို့၏မေးခွန်းကိုချက်ချင်းမဖြေပါ။ သူသည်ဒူးထောက်လိုက်ပြီး သဲပေါ်တွင် စာရေးနေ ခဲ့သည်။ ဤ လူများက ယေရှုအား ဖြေကြားရန်အတင်းအကြပ်တောင်းဆိုသောအခါ သူသည် ထပြီး ““သင်တို့ထဲမှာ အပြစ်မရှိတဲ့ သူ က ပထမဆုံ့းကျောက်ခဲဖြင့် စပြီး ပစ်စေ””ဟု ဆိုခဲ့သည်။


သူပြောတာကိုကြားသောသူများသည် မိမိတို့၏သြတ္တပ္ပစိတ်က မိမိတို့ကို အပြစ်ရှိသည်ဟု စီရင်သောကြောင့် သူတို့သည် တဦးပြီးတဦး ထွက်သွားကြသည်။ ယေရှုသည် ထိုမိန်းမကို အပြစ်လွှတ်ပေးပြီးနောက် ““သွားလော့၊ နောက် ထပ် အပြစ်မလုပ်နဲတော့ဟု”ဆိုခဲ့သည်။


ခရစ်တော်သည် သင့်အား အပြစ်လွှတ်ပေးလိမ့်မည်။


ယေရှုသည် သင့်အားအပြစ်လွှတ်ပေးလိုပြီး ဘုရားသခင်၏ ရှေ့တော်၌ သင့်အားသန့်ရှင်းစေလိုသည်။ သင်၏ အပြစ်များသည် လွှတ်ခြင်းခံရရန်အတွက် ကားတိုင်ထက်၌ အဖိုးထိုက်သောသွေးတော်ကို သွန်းခဲ့ခြင်းဖြစ်သည်။ ကျမ်းစာ က ““....ယေရှုခရစ်တော်၏ အသွေးတော်သည်၊

 ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏””ဟုဆိုသည်။ ၁ယော ၁း ၇
ခရစ်တော်ထံသို့ လာရန်အတွက် သင်ကြောက်ရွံ့စရာမလိုပါ။ သူသည် ဖောက်ပြန်ခြင်းအမှုကို ကျူးလွန်သော မိန်းမအား အပြစ်လွှတ်ခဲ့သည်။ သူသည် အပြစ်သားများ၏မိတ်ဆွေဖြစ်ပြီး သူ့ဆီသို့လာရန် အတွက် သင့်အား ဖိတ်ခေါ် လျှက်ရှိသည်။ သူက ““ငါ့ထံသို့လာသောသူကို ငါအလျှင်းမပယ်””ဟုဆိုခဲ့သည်။ ယော ၆း ၃၇


သင်လုပ်ရမည့်အပိုင်းမှာ သူဆီသို့လာရန်ဖြစ်ပြီး သူကသင့်ကိုလက်ခံလိမ့်မည်။ သူသည်သင်၏ အပြစ်များအတွက် သင့်ကိုခွင့်လွှတ်ရုံသာမက၊ သင့်အားချည်နှောင်ထားသော မည်သည့်အပြစ်ကိုမဆိုပင် ဖြေလွှတ်ပေးနိုင်သည်။ ယေရှုက ““သားသည်သင်တို့ကိုလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွှတ်ကြလိမ့် မည်””ဟုဆိုသည်။ ယော ၈း ၃၆

သင်သည် ဤသို့လွတ်မြောက်လိုပါက၊ သခင်နှင့် နှစ်ယောက်တည်း မိတ်သဟာယဖွဲ့ပါ။ 


သင်၏ အပြစ်များအား သူ့ကိုပြောပြပါ။ အားလုံးကို ပြောပြပါ။ သင်သည် ငြင်းပယ်ခြင်းကိုခံရလိမ့်မည် မဟုတ်ပါ။ သင်၏အပြစ်များအတွက် ကားတိုင်ထက်၌ အသေခံခဲ့သော သူ့အား ကျေးဇူးတင်ပါ။ သင့်အတွက် သွန်းခဲ့သောသွေးတော်အားဖြင့် သင့်အား စင်ကြယ်စေရန် သူ့အားတောင်းဆိုပါ။


ကျမ်းစာအုပ်တစ်အုပ်ကိုယူပြီး ရှင်ယောဟန်ခရစ်ဝင်ကို စဖတ်ပါ။ ဖတ်နေစဉ်၊ ““ယုံကြည်သည်”” ဟူသော စကားလုံးကို မျဉ်းတားထားပါ။ အောက်ပါကျမ်းပုဒ်များအား အထူးသဖြင့် မှတ်သားပါ။ ယော ၃း ၁၆-၁၈၊ ယော ၁း ၁၀-၁၂၊ ယော ၃း ၃၅၊ ၃၆ ၊ ယော ၅း ၂၄၊ ယော ၈း ၃၆ ၊ ယော ၂၀ - ၃၁။

သင်၏နာမည်ကို ဤကျမ်းပုဒ်ထဲရှိ ကွက်လပ်ထဲသို့ထည့်ဖတ်ပါ။ ““သားတော်ကို ယုံကြည်သော --------သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရဘုရားအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၏ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ------------ကိုချစ်တော်မူ၏””

သင့်နာမည်ကို ကွက်လပ်ထဲသို့ထည့်ပြီး ထပ်ခါတလဲလဲဖတ်ပါ။ ယုံကြည်ပါ။ သခင်အား သင့်စိတ် နှလုံးထဲသို့ ဖိတ် ခေါ်ပြီး အသက်တာသစ်ကို ပေးရန်တောင်းဆိုပါ။


ဒုတိယမြောက် အပျိုစင်ဘဝ


ကျွန်မဆုံးရှုံးခဲ့ရပြီ၊ ကျွန်မနဲ့လက်ထပ်မဲ့သူအတွက် ကျွန်မရဲ့အပျိုစင်ဘ၀ကို ထိန်းသိမ်းဖို့ရန် ဘယ်လောက် အရေးကြီးတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့အပျိုစင်ဘ၀ကို ပြန်ရနိုင်မလား? မရနိုင်ပါ။ 


သင်၏အပျိုစင်မှုကို တစုံ တဦးအား တကြိမ်တခါသာပေးနိုင်ပြီး တကြိမ်ပေးပြီးပါက အပျိုစင်ဘ၀ကို ပြန်မရနိုင်တော့ပါ။ သင်သည် သင်၏ အပြင်ပိုင်း ခန္ဓာပိုင်းအရ အပျိုစင်မှု ပြန်မရနိုင်သော်လည်း အတွင်းပိုင်း အပျိုးစစ်မှု တနည်းအားဖြင့် အတွင်းပိုင်း စင်ကြယ်မှု ကို ပြန်ရနိုင်သည်။ ဤအရာကို ဒုတိယမြောက် အပျိုစင်ဘ၀ဟုခေါ်သည်။


ဒုတိယမြောက်အပျိုစင်ဘ၀ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ လက်မထပ်ခင် အထိ နောက်ထပ် လိင်ဆက်ဆံ ခြင်း ကို ရှောင်ကြဉ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ထားသည့်အတိုင်း ပြု မှုနေထိုင် ခြင်းဖြစ်သည်။ 


သင်ရွေးချယ်သည့် ပုံစံအတိုင်း သင်ဖြစ်လာသည်။ သင်သည် ဤသို့သောရွေးချယ်မှုကို ပြုလုပ်ပြီး ရွေးချယ်မှုအတိုင်း ပြုမူနေထိုင်ပါက သင်သည် အရင်ကနှင့်ကွဲပြားသောသူတစ်ဦးဖြစ်လာမည်။


သင်သည် တကြိမ်တခါပင် လိင်ကိစ္စ၌ပါဝင်ပတ်သက်ဖူးပါက၊ ဆက်လက်၍ ဤကိစ္စအား လုပ်ဆောင် နေ လိမ့် မည်ဟု လူအချို့က ပြောကြသည်။ ထို့ကြောင့် သင်လုပ်ရမည့်အကောင်းဆုံးအရာမှာ ကွန်ဒုံးကို သင်နှင့် မကွာ ဆောင် ထားရန်ဖြစ်သည်။ အကြောင်းမှာ သင်သည် လိင်ကိစ္စကို မငြင်းပယ်နိုင်သော ကြောင့်ဖြစ်သည်ဟု သူတို့ကဆိုကြသည်။ မမှန်ပါ။ သင်သည် ပြောင်းလဲနိုင်သည်၊ 


အမှားတစ်ခုကို ပြုလုပ် မိခြင်းသည် ထိုအမှားကိုဆက်ပြုလုပ်နေရမည်ဟု မဆိုလိုပါ။ သင်သည် ပါတီပွဲတစ်ခု၌ အလွန်အကျူး အရက်သောက်မိခြင်းက ဤကဲ့သို့ ပါတီပွဲတိုင်း၌ ဆက်လက်သောက်ရမည်ဟု ဆိုလိုခြင်းလော့? မဟုတ်ပါ။


လိင်နှင့်ပတ်သက်၍ အမှားတစ်ခုအား ပြုလုပ်မိခြင်းက ဤသို့သောအမှားအား ဆက်လက်လုပ်နေ မည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ သင်သည် ဒုတိယမြောက်အပျိုစင်ဘ၀ကို ရွေးချယ်နိုင်သည်။ ဆယ်ကျော်သက်များစွာသည် ဤသို့သောရွေးချယ်မှုကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသည်။

 ဆယ်ကျော်သက်များသည် ဘာကြောင့် ဒုတိယမြောက် အပျိုစင်ဘ၀ကို ရွေးချယ်ကြသနည်း?
အကြောင်းပြချက်များစွာရှိသည်။ ၄င်းတို့ထဲမှ တစ်ခုမှာ ကျွန်မလုပ်သောအရာဟာ မှားယွင်းကြောင်းကို နောက်ဆုံးမှာ နားလည်ပါပြီ။ အသုံးပြုခြင်းခံနေရတာကို စိတ်ကုန်နေပါပြီ။ 

 ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ကျွန်မဟာ အေအိုင်ဒီအက်(စ်) အပါအ၀င် အခြားလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကြောက်ပါတယ်။ ကျွန်မဟာ ခါးသီးတဲ့ သင်ခန်းစာကို သင်ယူခဲ့ရတယ်။ ကျွန်မဟာ မျိုးပွားအင်္ဂါတွေကို လည်း အထိခိုက်မခံချင်ပါဘူး။ ကျွန်မဟာ ဤကိစ္စကို မရပ်တန့်ဘူးဆိုရင် ကျွန်မပေးရမည့်အဖိုးအခဟာ ကြီးမားပါတယ်။

ယေရှုအား သင်၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက်ခြင်းအားဖြင့် အံ့ဖွယ်ကောင်းမွန်သော အရာ တစ်ခုကို ဘုရားသခင်က ပြုလုပ်ပေးသည်။ ၄င်းမှာ သူကသင့်အား လူသစ်အဖြစ် ပြုလုပ်ပေးခြင်းဖြစ်သည် သူသည် သင့်အတိတ်ကို ဖျက်ရန်အတွက် Delete ခလုတ်ကို နှိပ်သည်နှင့်တူသည်။ သင်သည် ခရစ်တော်၌ လူသစ်တဦးဖြစ်လာသည်။ သင်သည် ဘုရားသခင်၏ မျက်စိတော်ရှေ့၌ ခရစ်တော်ကဲ့သို့ပင် သန့်ရှင်းစင်ကြယ်သူဖြစ်သည် ““လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတိုပသည် အသစ် ဖြစ်ကြ၏”” ၂ကော ၅း ၁၇


မေးခွန်းများ (မှန်/မှား)


၁။ လက်မထပ်မီ ဆက်ဆံခြင်းအားဖြင့် စစ်မှန်သောအချစ်ကို သေချာပေါက် သိရှိခံစားနိုင်မည်။

၂။ သင်သည် အခြားသူများနှင့်လိင်ဆက်ဆံပါက သင်၏အိမ်ထောက်ဖက်အား သင်၏၁၀၀% အပြည့်ပေးနိုင်မည်မဟုတ်ပါ။

၃။ လက်မထပ်မီဆက်ဆံခြင်းသည် သင်၏မိမိကိုယ်ကို အထင်ကြီးလေးစားသောစိတ်ကို ထိခိုက်လိမ့် မည်မဟုတ်ပါ။

၎။ လက်မထပ်မီဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။

၅။ လက်မထပ်မီဆက်ဆံခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်လာနိုင်သည်။

၆။ လက်မထပ်မီဆက်ဆံခြင်းသည် အန္တရာယ်ကြီးမားသည်။

၇။ မလိုချင်သော ကိုယ်ဝန်ကိုဖျက်ချခြင်းသည် ဘုရားသခင်၏အလိုတော်မဟုတ်ပါ။

၈။ လက်မထပ်မီဆက်ဆံခြင်းသည် သင်နှင့်လက်ထပ်ရန်အတွက် သင့်တော်သောသူကို ရွေးချယ်နိုင်မည့် နည်းလမ်း ကောင်း တစ်ခု ဖြစ်သည်။

၉။ လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးကို ပြိုလဲစေနိုင်သည်။

၁၀။ လက်မထပ်မီ ဆက်ဆံခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ဘုရားသခင်က ဤအရာသည် အပြစ်ဖြစ်သည်ဟု ပြောထားသောကြောင့်ဖြစ်သည်

ရဲလင်းထွန်း (အင်းစိန်) 
လက်ထပ်ပြီးသည့်အထိ စောင့်ပါ။  Lesson 3; Wait Until Marriage

အသက် ၁၂ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ


၂၂-၁၁-၂ဝ၁၂ရက်နေ့ ၁၄၄ဝ အချိန် တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်နေ ဒေါ်ဇင်မာမြင့် (၃၆)နှစ်သည် သမီးဖြစ်သူ မထက်ထက်ဝေ(၁၂)နှစ်မှာ ကျောင်းဆင်းချိန်၌ နေအိမ်သို့ ပြန်ရောက် လာခြင်းမရှိသဖြင့် စုံစမ်း
ခဲ့ရာ ခင်ပွန်းဖြစ်သူဦးကျော်နိုင်သိန်းနှင့်ကားဝပ်ရှော့ အတူလုပ်ကိုင်သည့် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်နေ ရန်နိုင်စိုး (၂ဝ)နှစ်မှ ခေါ်သွားကြောင်း သိရှိရသဖြင့် ရန်နိုင်စိုး၏ နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ်ခန်းအ
တွင်း ရန်နိုင်စိုးနှင့် ထက်ထက်ဝေတို့အား အတူတွေ့ရှိခဲ့ရသည်။ သမီးဖြစ်သူအား မေးမြန်းခဲ့ရာ ဝ၈၃ဝ အချိန်က ကျောင်းသို့ ရန်နိုင်စိုး ရောက်ရှိလာပြီး ၎င်းအား ချစ်ကြိုက်
ကြောင်း၊ လက်ထပ်ပေါင်းသင်းမည် ဟုပြောဆို၍ ခေါ်ဆောင်ခဲ့သဖြင့် လိုက်လာ ခဲ့ကြောင်း၊သားမယားအဖြစ်
(၂)ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် တိုင်တန်းခဲ့၍ ရန်နိုင်စိုးအား ရန်ကင်းရဲစခန်း (ပ)၄၅၂/ ၂ဝ၁၂၊ ပြစ်မှု
ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

Myanmar Police Force

“Burma” ဟုသာ ဆက်သုံးမည် ~ ဒေါ်အောင်ဆန်းစုကြည် ~

ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဧရာဝတီ
November 23, 2012

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အမည်ကို အင်္ဂလိပ်နာမည် Burma အစား Myanmar ဟု အစိုးရတချို့က ခေါ်ဆိုသုံးနှုန်းသည့်အပေါ် စိတ်ပျက်ကြောင်း ပြောဆိုသည်။

သြစတြေလျ အပါအ၀င် အစိုးရတချို့က မြန်မာနိုင်ငံကို အင်္ဂလိပ်အမည် Myanmar ဆိုသည့် မြန်မာနိုင်ငံ သားတို့၏ သ ဘော တူညီမှု မပါဘဲ ယခင် စစ်အစိုးရက မိမိသဘောနှင့် မိမိ နာမည်ပြောင်းခဲ့သည့် အတိုင်း ခေါ်ဝေါ်သုံးစွဲသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်မှုကို ဖော်ပြခဲ့ကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။
“ကျမ ဒီနိုင်ငံကို မြန်မာပြည်သူတွေက ဘယ်လို အမည်ခေါ်ကြမယ်ဆိုတာ မဆုံးဖြတ်ရသေးလို့ အခုထိ Burma လို့ အမြဲ ရည်ညွှန်းပြောဆိုပါတယ်” ဟု ယမန်နေ့က နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးနှင့် နေပြည်တော် တွင် တွေ့ဆုံမှုအပြီး သတင်း ထောက်များကို ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့ သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့သည် ဆယ်စုနှစ်ပေါင်းများစွာ အလွန်တင်းကြပ်သည့် စစ်အုပ်ချုပ်ရေး များ အဆုံး သတ် ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖော်ဆောင်နေသည့် နိုင်ငံဖြစ် သည့် မြန်မာနိုင်ငံကို Myanmar ဟု မကြာသေးခင်က တရားဝင် အသိအမှတ်ပြုခဲ့ကြသည်။
နှစ်ပေါင်း ၁၅ ၀န်းကျန် နေအိမ်အကျယ်ချုပ်ဘ၀ နေထိုင်ခဲ့ရသူ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ဒီမိုကရေစီအရေးအတွက် တလျှောက်လုံး ရုန်းကန်လှုပ်ရှားနေရ သူဖြစ်ပြီး မြန်မာ့ အသွင်ကူးပြောင်းရေးသည် အောင်မြင်မှု ရရန် အလှမ်းဝေးနေဆဲဖြစ်ပြီး မပြီး ဆုံးသေးကြောင်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာနိုင်ငံများသည် အလွန်အားပေးထောက်ခံနေကြကြောင်း၊ ထိုသို့ထောက်ခံ အားပေးကူ ညီမှုတွင် မည်သို့ အားပေးထောက်ခံကူညီမှုသည် ပို၍ သတိထားပြီး ကူညီစေလိုကြောင်း ပြော သွားသည်။
“အစိုးရကို ဗဟိုပြုတဲ့ အကူအညီတွေထက် ပြည်သူကို ဗဟိုပြုတဲ့ အကူအညီမျိုးကို ကျမတို့က လိုလား တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်လာရေး တားမြစ် ခံထားရသည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြုပြင် ပြောင်းလဲပစ်ရမည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြော ဆိုသည်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ယခုနှစ် ဇွန်လက ပြည်ပ ခရီးစဉ်တွင် နိုင်ငံ၏ အမည်ကို အင်္ဂလိပ် ဘာသာဖြင့် Burma ဟု သုံးစွဲခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီသည့်အတွက်ဟုဆိုကာ ကန့်ကွက်ခဲ့ဖူးသည်။
အခြေခံဥပဒေတွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” လို့ပဲ ပြဋ္ဌာန်းထာပြီး The Republic of the Union of Myanmar ဟု အင်္ဂလိပ် ဘာသာပြန်စာအုပ်မှာ ပြဋ္ဌာန်းထားသော်လည်း အခန်း ၁၅ တွင် စကားလုံး တလုံးချင်း၏ အဓိပ္ပာယ်ကို “မြန်မာစာဖြင့် ရေးသား ထားချက်များ အပေါ်တွင် သာ အခြေပြုရမည်” ဟု ဖော်ပြထားသည်။
နိုင်ငံ၏ အမည်ပြောင်းခြင်းသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သို့မဟုတ် လူထုကိုယ်စားလှယ်များနှင့် တိုင်ပင်သဘော တူမှု ရရှိပြီးမှသာ အတည်ပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုထားပြီး အစဉ် တစိုက် Burma ဟုသာ သုံးနှုန်းသည်။
၁၉၈၉ ခုနှစ်မှ စပြီး နိုင်ငံအမည်ကို Myanmar ဟု ထိုစဉ်က န၀တ စစ် ကောင်စီအစိုးရက တဖက် သတ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က ၂၀၁၀ ခုနှစ် နိုဝင် ဘာလ ၁၃ ရက်နေ့ က ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ဖျက်သိမ်းခြင်းခံထားရသည့် ပါတီကိစ္စနှင့် အနာဂါတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် ဆက်လက်ပါဝင်နိုင်ရေး ပါတီခေါင်းဆောင် များ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး မူဝါဒ ၃ ရပ်ချမှတ်ကာ ပါတီအား ပြန်လည် မှတ်ပုံတင်ခဲ့ကာ အခြေခံဥပဒေကို လေးစားမည်ဟု ကတိသစ္စာ ပြုခဲ့သည်။
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟူသည့် မူဝါဒ ၃ ရပ်ချမှတ်ကာ NLD ပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပါတီပြန်လည်မှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ အမည်ကို အင်္ဂလိပ်ဘာသာဖြင့် Myanmar ဟု သာ ခေါ်ဝေါ်ရန် တိုက်တွန်း ပြောဆိုလေ့ရှိပြီး အမေရိကန်အပါအ၀င် နိုင်ငံများက ယခင်အမည်ကို ၄င်းတို့၏ တရားဝင်ခေါ်ဆိုမှုတွင် Burma ဟုပင် သုံးစွဲကြသည်။
မကြာသေးမီက အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ သမိုင်းဝင်ခရီးတွင် မြန်မာနိုင်ငံ မင်္ဂလာပါဟု မြန်မာဘာသာစကားဖြင့်ပြောဆိုခြင်း၊ မြန်မာအမည် မြန်မာစကားဖြင့် ရန်ကုန် ဟု သုံးနှုန်း ခဲ့ခြင်းများသည် ၂ နိုင်ငံ ဆက်ဆံရေး လေးစားမှုကို ပြသသည့် အနေဖြင့် မြန်မာ စကားနှင့်သာ မြန်မာ ဟု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ တရားဝင် အသုံးအနှုန်းမှာ မြန်မာနိုင်ငံအား Burma ဟု ပင်သုံးနှုန်းကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်က ဘီဘီစီနှင့် အင်တာဗျူးတခုတွင်ပြောဆိုခဲ့သည်။

အဆိုပါ Burma နှင့် Myanmar ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က လည်း Myanmar ဟု ခေါ်ဆိုမှုကို ပါတီမူဝါဒအနေဖြင့် လက်မခံကြောင်း၊ မြန်မာ စကား
နှင့် မြန်မာနိုင်ငံဟု သုံးနှုန်းပြီး အင်္ဂလိပ်စကားဖြင့် နိုင်ငံတကာ အသုံးပြုသကဲ့သို့ Burma ဟုပင် သုံးကြောင်း ပြောသည်။
အိမ့်သံစဉ်

သတင်းရင်းမြစ် - ဧရာဝတီ

ဗြိတိန်ဘုရင်မကြီး၏ ဇိမ်ခံမော်တော်ကားနေအိမ် ...


ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၂ နှင့် ကြင်ယာတော် မင်းသားကြီးဖီးလစ်တို့သည် ၎င်းတို့၏ ပေါင်စတာလင် ၄၅,၃၉၅ တန် နေအိမ်သဖွယ် နေထိုင်နိုင်သော ဇိမ်ခံ မော်တော်ကားနေအိမ်ကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ Approach SE760 ဟု အမည်ပေးထားပြီး ကားထုတ်လုပ်သည့် ကုမ္ပဏီက Mavis ဟု ခေါ်ဝေါ်သော အဆိုပါ ဇိမ်ခံကားနေအိမ်ကြီးပေါ်တွင် အိပ်စင် ၆ ခု၊ မုန့်ဖုတ်သည့် မီးဖို၊ မိုက်ကရိုဝေ့ဖ်မီးဖိုတို့ ပါဝင်သော စားဖိုဆောင်၊ ရေခဲသေတ္တာ၊ ရေချိုးခန်း၊ အိမ်သာနှင့် ဗဟိုအပူပေးစနစ်တို့ ပါဝင်သည်။ ဘုရင်မကြီးသည် အဆိုပါ ဇိမ်ခံမော်တော်ကား နေအိမ်အား သဘောကျနှစ်ခြိုက်ကြောင်း Mavis ကို ထုတ်လုပ်သည့် ကုမ္ပဏီကဆိုသည်။ ဘုရင်မကြီးနှင့် ကြင်ယာတော်မင်းသားကြီးတို့သည့် Mavis ကို ထုတ်လုပ်သည့် Bailey Caravans ကားစက်ရုံကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။





















ကျောင်းမပြောင်းလို၍ တိုင်းရင်းသား ကျောင်းသား ၃၀၀ ကျော် ဆန္ဒဖော်ထုတ်

ကျောင်းမပြောင်းလို၍ တိုင်းရင်းသား ကျောင်းသား ၃၀၀ ကျော် ဆန္ဒဖော်ထုတ်

ရန်ပိုင်

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်မှ ကျောင်းသစ်သို့ ပြောင်းရွေ့ခံရသည့် ကျောင်းသား ၃၀၀ ကျော်က ယနေ့နံ နက် ၁၂ နာရီခန့်တွင် မန္တလေးမြို့ ရှားတောလေး ရွာ မူလ ကောလိပ်ကျောင်း ဟောင်း ရှေ့တွင်ထိုင်ကာ ဆန္ဒဖော် ထုတ် ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုင်းရင်းသား ကျောင်းသားများသည် မကြာသေးမီက မန္တလေးမြို့မှ စစ်ကိုင်းရွာသစ်ကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံ တက္ကသိုလ် သို့ ပြောင်းရွေ့ခံရခြင်းကြောင့် ယမန်နေ့ည ၇ နာရီခန့်မှ စတင်ကာ မိုင် ၃၀ ခန့် ဝေးသည့် မန္တလေးကျောင်းဟောင်းသို့ ၎င်းတို့ပိုင် ပစ္စည်း များကို သယ်ပိုးကာ လမ်း လျှောက်ချီတက်လာသူများဖြစ်သည်ဟု မန္တလေးမြို့ခံများက ဆိုသည်။

“တိုင်းရင်းသား ရိုးရာဝတ်စုံတွေဝတ်ပြီး ကျောင်းပေါက်ဝမှာနေပူထဲထိုင်နေကြ တယ်။ ဘာမှလည်း မစားဘူး၊ မနေ့ကတည်းက လမ်း လျှောက်လာကြလို့ပင် ပန်းနေတယ်” ဟု သွားရောက်ကြည့်ရှု့သူ မန္တလေးမြို့ခံတဦးက ပြောသည်။

ကျောင်းသားများ၏ မကျေနပ်ချက်များကို ပြည်ထောင်စု နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းလာ ရောက်ကာ မေး မြန်း သည်ဟု အဆိုပါမြို့ခံက ဆိုသည်။

စစ်ကိုင်းရွာသစ်ကြီးကျောင်းတွင် နေထိုင်သွားလာမှု အဆင်မပြေသည့်အတွက် မန္တလေးမြို့အနီးရှိ မူလ ကျောင်းတွင်သာ ဆက်လက်နေ လို၍ တောင်းဆိုရခြင်းဖြစ်ကြောင်း၊ တောင်းဆိုချက်များ မရမချင်း ဤနေရာ၌ ဆက်လက်နေထိုင်နေမည် ကျောင်းသားများကဆိုကြောင်း သိရ သည်။

ကျောင်းသားများ၏ စားဝတ်နေရေးအတွက် မန္တလေးမြို့ခံ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သ မဂ္ဂ (ဗကသ) စသည့်အဖွဲ့များက ကူညီပေးနေကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းသားများသည် ယနေ့ညနေ ၃ နာရီတွင် ကျောင်းဝင်းအပြင်သို့ ထွက်ပြီး ဆန္ဒပြမည်ဖြစ်သည့်အတွက် ကျောင်းရှေ့တွင် လုံ ထိန်းများနှင့် ရဲတပ်ဖွဲ့ဝင်များ အသင့်အနေအထား ရောက်ရှိနေပြီး သံဆူးကြိုး အကာအရံများလည်း ချထားသည်ဟု သိရသည်။

ထို့အပြင် မန္တလေးတိုင်း ဥပဒေအရာရှိ တဦးမှလည်း ဆန္ဒပြမည်ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ကြိုတင်ခွင့်တောင်းရသည် ဆို သည့် ဥပဒေ အချက်အလက်များကို ရှင်းလင်းထားသည့် စာများဝေငှနေကြောင်း မြို့ခံက ပြောသည်။

မဖွံ့ဖြိုးသေးသည့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအတွက် ရည်ရွယ်ကာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်ကို ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်က ရန်ကုန်-မန္တလေး ကားလမ်းနံဘေးရှိ ရှားတောကျေးရွာအနီး ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

မြန်မာ့လက်ရွေးစင် အသင်း ထိုင်းနိုင်ငံသို့ မထွက်ခွာမီ ပုံရိပ်များ

Like This Page · Yesterday
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ (၂၄)ရက်မှ (၃၀)ရက်အထိ ကျင်းပမည့် ဆူဇူကီး ဖလား

စိုးကျော်ကျော်၊ ရန်ပိုင် (တိုက်စစ်၊ ရတနာပုံ)
ကြည်လင်း ( ကွင်းလယ်၊ ရန်ကုန် ယူနိုက်တက် )
— at Yangon International Airport.
  
မိုးဝင်း (နောက်ခံလူ၊ နေပြည်တော်) — at Yangon International Airport.
  
ပြည့်ဖြိုးအောင် (ဘယ်နောက်ခံ၊ ရန်ကုန် ယူနိုက်တက်)
 
  
ရန်အောင်ကျော် (ကွင်းလယ်၊ ရန်ကုန်ယူနိုက်တက်)
 ဇော်မင်းထွန်း (နောက်ခံလူ၊ ရတနာပုံ)
အောင်မိုး (ကွင်းလယ်၊ ရန်ကုန်ယူနိုက်တက်)
 
 
 
ဇော်ဇော်ဦး (နောက်ခံလူ၊ ဧရာဝတီ ယူနိုက်တက်)
— at Yangon International Airport.
 
ကျော်ဇင်ဖြိုး (ဂိုး၊ မကွေး)
— at Yangon International Airport.
  

John Nanda
AFF Suzuki Cup ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် အသင်း၏ အပြီးသတ် လူစာရင်းမှာ

ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး
 
နောက်-ဟန်ဝင်းအောင် ၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ မိုးဝင်း ၊ အောင်ဟိန်းကျော် 
၊ဇော်ဇော်ဦး ၊ သိန်းသန်းဝင်း ၊ ပြည့်ဖြိုးအောင် ၊ သက်နိုင်၊
 
လယ် – အောင်မိုး၊ မိုင်အိုက်နိုင်၊ ရန်အောင်ကျော်၊ ခင်မောင်လွင် ၊ ဖြိုးကိုကိုသိန်း ၊ နိုင်လင်းဦး ၊ ကြည်လင်း ၊ ဒေးဗစ်ထန်း
 
ရှေ့ – ရန်ပိုင်၊ စိုးကျော်ကျော် ၊ ကောင်းစည်သူ

Credit: http://www.myanmarstriker.com/
 
တို.မြန်မာနိုင်ပြီ ဆိုတဲ.သီချင်းသံကိုမကြာရတာတော်တော်ကြာပြီနော်ဘာဘဲဖြစ်ဖြစ်အားပေးနေပါတယ်
နိုင်ငံဂုဏ်ကိုဆောင်ပြီးဖလားကိုအမိမြန်မာပြည်ကိုယူလာနိုင်ပါစေလို.ဆုတောင်ပေးပါတယ်..

                                                                            လေးစားစွာဖြင့်    ....    မောင်မြင့် 

http://satekuupuyar.blogspot.com/2012/11/blog-post_5591.html