Saturday, November 24, 2012

ဗြိတိန်ဘုရင်မကြီး၏ ဇိမ်ခံမော်တော်ကားနေအိမ် ...


ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၂ နှင့် ကြင်ယာတော် မင်းသားကြီးဖီးလစ်တို့သည် ၎င်းတို့၏ ပေါင်စတာလင် ၄၅,၃၉၅ တန် နေအိမ်သဖွယ် နေထိုင်နိုင်သော ဇိမ်ခံ မော်တော်ကားနေအိမ်ကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ Approach SE760 ဟု အမည်ပေးထားပြီး ကားထုတ်လုပ်သည့် ကုမ္ပဏီက Mavis ဟု ခေါ်ဝေါ်သော အဆိုပါ ဇိမ်ခံကားနေအိမ်ကြီးပေါ်တွင် အိပ်စင် ၆ ခု၊ မုန့်ဖုတ်သည့် မီးဖို၊ မိုက်ကရိုဝေ့ဖ်မီးဖိုတို့ ပါဝင်သော စားဖိုဆောင်၊ ရေခဲသေတ္တာ၊ ရေချိုးခန်း၊ အိမ်သာနှင့် ဗဟိုအပူပေးစနစ်တို့ ပါဝင်သည်။ ဘုရင်မကြီးသည် အဆိုပါ ဇိမ်ခံမော်တော်ကား နေအိမ်အား သဘောကျနှစ်ခြိုက်ကြောင်း Mavis ကို ထုတ်လုပ်သည့် ကုမ္ပဏီကဆိုသည်။ ဘုရင်မကြီးနှင့် ကြင်ယာတော်မင်းသားကြီးတို့သည့် Mavis ကို ထုတ်လုပ်သည့် Bailey Caravans ကားစက်ရုံကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။





















0 ကွန်မန့်ရေးရန်:

Post a Comment