This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 4, 2013

ရန်ကုန် မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ

ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌ ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊ ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့် ပုံပျက်နေသာ ဦးခေါင်းတစ်ခု ညပ်ပါလာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ရထားသည်မေလ ၂၉ ရက် ၈ နာရီ မိနစ် ၃ဝ တွင်ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော အမှတ်(၁) အဆန်း စာပို့ရထား ဖြစ်သည်။ ''လမ်းခရီးတစ်လျှောက်မှာ လူကို တတ်ကြိုတ်မိတာတော့ မရှိဘူး'' ရထားစက်ခေါင်းမောင်း ဦးဖြိုးဝေအောင်မှ မဇျမ္စိ ကို ပြောသည်။ ကျောက်ဆည်ဘူတာရုံပိုင် ဦးခင်မောင်သော်ကလည်း ''တခြား ဘူတာတွေ ဆက်သွယ်စုံးစမ်းတော့လည်း ဘာထူးခြားမှုမှမရှိဘူး'' ဟု မဇ္ဈိမကို ပြောသည်။ ခန္ဓာကိုယ်မပါသော ဦးခေါင်းအား ကျောက်ဆည်ဆေးရုံသို့ ပို့ထားပြီး အပိုင်ရဲစခန်းများနှင့် ရထားလမ်းတစ်လျှောက် ဘူတာရုံများသို့ ဆက်သွယ်စုံစမ်းနေသည်။

အောင်ကိုဦး | by Mizzima - News in Burmese

Vodafone နဲ့ China Mobile မြန်မာ့ဖုန်းလုပ်ငန်းကနေ ဆုတ်ခွာ

ABC
မြန်မာနိုင်ငံမှာ ​​​တယ်လီဖုန်းနဲ့ ​​​အင်တာနက်ဆက်သွယ်ရေး ​လိုင်စင်ရဖို့ ​လျောက်ထားခဲ့ပေမယ့် ​ခုအခါမှာ ​ပါဝင်တော့မှာ ​မဟုတ်ကြောင်း ​Vodafone ​နဲ့ ​China ​Mobile ​ကုမ္ပဏီက ​ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ​တယ်လီဖုန်းနဲ့ ​အင်တာနက် ​ဆက်သွယ်ရေးအတွက် ​​လုပ်ပိုင်ခွင့် ​​​လုပ်ငန်း ​လိုင်စင်နှစ်ခုထုတ်ပေးဖို့ ​​ ​မြန်မာအစိုးရက ​တင်ဒါ ​စနစ်နဲ့ ​ဆင့်ခေါ်လိုက်ပြီး ​​အဲဒီထဲက ​​ကုမ္ပဏီ ​​၁၂ ​​ခုကို ​​စကာတင် ​​ရွေးချယ်ထားပြီး ​စကာတင်ရွေးချယ်ခံရတဲ့ ​Vodafone ​နဲ့ ​China ​Mobile ​က ​ရှေ့ဆက်မတိုးဖို့ ​ဆုံးဖြတ်လိုက်တာ​ဖြစ်ပါတယ်။

Vodafone ​က ​ဗြိတိန်နိုင်ငံအခြေစိုက် ​ကုမ္ပဏီဖြစ်ပြီး ​China ​Mobile ​ကတော့ ​တရုတ်နိုင်ငံအခြေစိုက် ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

သူတို့ ​ကုမ္ပဏီအတွင်းက ​လိုက်နာရမဲ့ ​ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ​အချက်အလက်တွေက ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့နဲ့ ​မကိုက်ညီတဲ့အတွက် ​မြန်မာနိုင်ငံမှာ ​ရရှိနိုင်တဲ့ ​အခွင့်အရေးကို ​လက်လွတ်လိုက်တာ ​ဖြစ်တယ်လို့ ​ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါပေမယ့် ​မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​တိုးတက်မှုတွေကို ​Vodafone ​နဲ့ ​China ​Mobile ​တို့က ​စိတ်ဝင်တစားစောင့်ကြည့်နေမှာ ​ဖြစ်ပြီး ​နောင်ကျရင် ​အခွင့်အရေးထပ်ရှိပြီး ​ကုမ္ပဏီရဲ့ ​သတ်မှတ်ချက်တွေနဲ့ ​ကိုက်ညီရင် ​ဈေးကွက်ထဲ ​ဝင်နိုင်အောင် ​ကြိုးစားမယ်လို့လည်း ​ပြောလိုက်ပါတယ်။

ကုမ္ပဏီနှစ်ခု ​နောက်ဆုတ်လိုက်တဲ့အတွက် ​မြန်မာနိုင်ငံမှာ ​လုပ်ခွင့်လိုင်စင်ရဖို့ ​ပြိုင်ဆိုင်တဲ့ ​ကုမ္ပဏီ ​၁၀ ​ခုသာ ​ကျန်ရှိပြီး ​လုပ်ခွင့်လိုင်စင်ရမယ်ဆိုရင် ​မြန်မာနိုင်ငံမှာ ​အနည်းဆုံး ​၁၅ ​နှစ်ကြာ ​လုပ်ခွင့်ရမှာ ​ဖြစ်ပါတယ်။

လိုင်စင်ရရှိသူတွေအနေနဲ့ ​၅ ​နှစ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​နေရာ ​၇၅% ​မှာ ​ဖုန်းလိုင်းရအောင် ​ဆောင်ရွက်ပေးဖို့လည်း ​ပါရှိပါတယ်။

ခုလောလောဆယ် ​မြန်မာနိုင်ငံမှာ ​တယ်လီဖုန်းအသုံးပြုနိုင်သူဟာ ​စုစုပေါင်း ​လူဦးရေရဲ့ ​၁၀% ​သာ ​ရှိပြီး ​၂၀၁၆ ​ခုနှစ်အတွင်း ​လူဦးရေ ​၈၀% ​အထိ ​တယ်လီဖုန်းရရှိဖို့ ​အစိုးရက ​အလိုရှိနေတာဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ​​ကုမ္ပဏီတွေကို ​​ ​​ဂျွန်လ ​​၂၇ ​​ရက်လောက်မှာ ​​ဘယ်သူ့ကို ​​လုပ်ခွင့် ​​လိုင်စင် ​​ပေးမလဲဆိုတာကို ​​မြန်မာက ​​အသိပေးကြေညာမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​​လုပ်ခွင့်ရမယ်ဆိုရင် ​​ပထမအဆင့်အနေနဲ့ ​​ဒေါ်လာ ​​၁.၅ ​​ဘီလီယံကနေ ​​၂ ​​ဘီလီယံ ​​ရင်းနှီးမြုပ်နှံမှာဖြစ်တယ်လို့ ​​Digicel ​​ကုမ္ပဏီက ​​ဆိုပါတယ်။

Digicel ​ကုမ္ပဏီဟာ ​မြန်မာ့ဒီမိုကရေစီအရေး ​လှုပ်ရှားသူတွေကို ​ထောက်ပံ့ကူညီလေ့ရှိတဲ့ ​ကုဋေကြွယ်သူဌေးကြီး ​George ​Soros ​က ​ထောက်ပံ့ထားတဲ့ ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် မြန်မာပြည်သို့ ရောက်ရှိ

လင်းသန့်

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ် (Sir David Richards) သည် မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့ညနေက စတင်ရောက်ရှိနေပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၁၉၆၂ ခုနှစ် ဦးနေ၀င်းက တိုင်းပြည်အာဏာ သိမ်းပြီးနောက်ပိုင်း ဗြိတိသျှ စစ်တပ်အကြီးအကဲ တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်နှင့် ဇနီးတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr.Andrew Heyn နှင့် စစ်သံမှူးတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြသည်။

ဗြိတိသျှ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီအစိုးရ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ၊ န.၀.တ၊ န.အ.ဖ စစ်အစိုးရများ လက်ထက်က မြန်မာနိုင်ငံနှင့် တပ်မတော်ချင်း ဆက်ဆံရေး မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေး လမ်းပွင့်ခဲ့ပြီး ပိတ်ဆို့ အရေးယူမှုများလည်း တဆင့်စီ ဖြေလျှော့ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် တိုးတက်မှုများ ရှိလာသည့် နောက်ပိုင်း ဗြိတိန်အစိုးရက မြန်မာအစိုးရနှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လာခဲ့သကဲ့သို့ စစ်သားချင်း ဆက်ဆံရေးကို ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည့်အတွက် အရေးကြီးသည့် ခရီးစဉ်အဖြစ် လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်သည် လာမည့်လတွင် တပ်မတော် အကြီးအကဲတာဝန်မှ အနားယူမည်ဖြစ်ပြီး သူ၏နေရာအား ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူတန်က ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီး နောက်ပိုင်း ဗြိတိန်တပ်မတော် အနေဖြင့်လည်း မြန်မာ့တပ်မတော်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း ရှိလာသကဲ့သို့ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့တပ်မတော်နှင့် စပ်တပ်ခြင်း ထိတွေ့ဆက်ဆံမှုကို စတင်လာခဲ့သည်။

မကြာသေးမီက နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး သိပ္ပံက စင်ကာပူနိုင်ငံ၌ စီစဉ်ကျင်းပခဲ့သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေး ၀န်ကြီး Mr. Chuck Hagel က မြန်မာ့ အပြောင်းအလဲများအပေါ် မြန်မာ့တပ်မတော်က အခိုင်အမာ ထောက်ခံရန်နှင့် လူ့အခွင့်အရေး လေးစားရန်၊ အရပ်သား အစိုးရ၏ အားထားရသော စစ်တပ်ဖြစ်စေရေးတို့ကို ရည်ရွယ်ကာ စစ်တပ်ချင်း ဆက်ဆံရေးကို စတင်ပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

အမေရိကန်၏ အာရှဗဟိုပြု မဟာဗျူဟာအရ အာရှဒေသအနာဂတ် လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို အမေရိကန်က အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပမည် ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့လည်း အာဆီယံဒေသ ကာကွယ်ရေး ၀န်ကြီးများကို ဖိတ်ကြားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေး ၀န်ကြီးများ၊ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရ ထိပ်တန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့ရာ ကာကွယ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေးနှင့် ပဋိပက္ခ တားဆီးနှိမ်နင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနှင့် ဆွေးနွေးရာတွင် မြန်မာ စစ်ဘက်နှင့် လုံခြုံရေး အရာရှိများကို အမေရိကန်မှ လေ့ကျင့်သင်ကြားပေးရေး ကိစ္စတို့လည်း ပါဝင်ခဲ့သည်။

မြန်မာ့အရေး လှုပ်ရှားသူများက မြန်မာစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိနေသေးကြောင်း၊ ပဋိပက္ခများကို ကိုင်တွယ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီဘဲ အင်အားသုံး ဖြေရှင်းမှုများ ရှိနေကြောင်း ထောက်ပြကြသည်။

သို့အတွက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံကြီးများ၏ စစ်တပ်များ အနေဖြင့် မြန်မာစစ်တပ်အား လူ့အခွင့်အရေးကို လေးစားသည့် တပ်မတော်၊ ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော်ဖြစ်ရေး လုပ်ဆောင်ခြင်းသည် ကောင်းမွန်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။

“သမ္မတ အိုဘားမား လာတုန်းက ကျနော် သီးခြားတွေ့စဉ် ပြောဖြစ်တာက အစိုးရချင်း ဆက်ဆံရေးတင်မကဘဲ မြန်မာ စစ်တပ်ကိုလည်း ဆက်ဆံဖို့နဲ့ မြန်မာ့တပ်မတော်ကို တကယ့် တပ်မတော် စစ်စစ်ဖြစ်လာဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ ဒီမိုကရေစီ ကာကွယ်နိုင်ဖို့တွေ မျှဝေ လေ့ကျင့်ပေးသင့်တယ်လို့ အကြံပြုခဲ့သေးတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

အရာရှိတွေ၊ သူကြွယ်တွေရဲ့ နဝရတ်လက်စွပ်

Monday, June 3, 2013

နဝရတ်လက်စွပ်မှာ ရတနာ ၉ မျိုး ပါဝင်ပါတယ်။

ရတနာ ၉ မျိုးရဲ့ အစွမ်းကို မဏိသျှတ္တရကျမ်းမှာ အခုလို ဖွင့်ဆိုထားပါတယ် တဲ့။

ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ မေတ္တာချုပ်ကဲ၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဂုဏ်ကိုးဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း။

ဒီလက်စွပ် အစွမ်းထက်ရေးအတွက် ဗေဒ ဆရာကဝိတို့ရဲ့ အစီအရင်တွေ လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။

ဘုရင်တွေခေတ်ကတော့ န၀ရတ်လက်စွပ်ကို ဘုရင်တွေ၊ တော်ဝင်မိသားစုဝင်တွေ၊ နန်းတွင်းအရာရှိတွေ ဝတ်ကြဆင်ကြတယ် လို့လည်း ဆိုကြပါတယ်။

ဒီနေ့ခေတ်က ဘုရင်အုပ်ချုပ်တဲ့ခေတ် မဟုတ်သော်ငြားလည်း တတ်နိုင်သူတွေက ဝယ်ဝတ်ကြတာ တွေ့ရမှာပါ။

န၀ရတ်လက်စွပ်စီရင်နည်းကို ဧရာဝတီဘလော့  http://blog.irrawaddy.org/2012/06/blog-post_5034.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

Khusboo ဆိုတဲ့ အိန္ဒိယမင်းသမီး၊ ရုပ်မြင်သံကြား နိုင်ငံရေးကဏ္ဍတင်ဆက်သူကလည်း နဝရတ်ဆွဲသီးနဲ့ပါပဲ။ နဝရတ် ၉ ပါး တန်ခိုးကြောင့် အောင်မြင်မှု ရတာလည်း ဖြစ်နိုင်ပါတယ်။

ဒီ ဈေးကြီးတဲ့ ဂမ္ဘီရအလှအပဟာ ဘယ်ဒေသက အစပြုတဲ့ ဓလေ့လည်း မသိရပါ။
အွန်လိုင်းမှာ နည်းနည်းပါးပါး ကြည့်လိုက်တော့  န၀ရတ် ၉ မျိုးပါ ရတနာပစ္စည်း ဝတ်ဆင်တဲ့ ဓလေ့က တောင်အာရှဒေသမှာလည်း ထွန်းကားပါတယ် တဲ့။

အင်တာနက်မှာမြင်ရတဲ့ပုံတွေမှာတော့ နဝရတ်ကိုးသွယ်ကို လက်စွပ်အဖြစ်သာမက အဆောင်ပစ္စည်းသဘောမျိုး သုံးကြပုံပါပဲ။

နဝရတ်လက်စွပ်ကို မြန်မာပြည်မှာ စီရင်ကြသလို ရွှေနဲ့ မဟုတ်ဘဲ ငွေနဲ့ လုပ်ထားတာလည်း တွေ့ရမှာပါ။  ဘယ်သတ္ထုက ပိုမို အစွမ်းထက်တယ် ဆိုတာတော့ မသိရပါ။

နဝရတ်ကိုးပါးလက်စွပ်ကို အွန်လိုင်းမှာ ဈေးနှုန်း စုံစမ်းကြည့်တော့ ဒေါ်လာ ၉ဝဝ ဆိုတာ တကွင်း တွေ့ပါတယ်။ မြန်မာငွေ ဆယ်သိန်း မကျော်ဘူး ဆိုတော့ တန်ဘိုးနည်းလက်စွပ် သို့မဟုတ် အရည်အသွေးသိပ်မထက်တဲ့ လက်စွပ် ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်မှာတော့ ဒီလို ရတနာ/အဆောင်ပစ္စည်းတွေကို ဥစ္စာကြွယ်ဝသူတွေ၊ ၀င်ငွေကောင်းသူတွေ၊ ထိပ်တန်းအရာရှိကြီးတွေ ဝတ်ဆင်ကြမယ်လို့ ထင်ပါတယ်။

နဝရတ်ကိုးသွယ်အစွမ်းကို သူဌေးသူကြွယ်တွေ အရာရှိတွေ ပိုယုံကြည်ကြတယ်လို့ ပြောနိုင်သလို ဒီ

ရတနာ/အဆောင်ပစ္စည်းက သူတို့ရဲ့ အဆင်တန်ဆာတခုဖြစ်တယ်လို့လည်း ပြောနိုင်မယ် ထင်ပါတယ်။

.
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

အွန်လိုင်းကနေ ဖုန်းငွေဖြည့်မယ်.

..

လူကြီးမင်းတို့၏ GSM, WCDMA, CDMA 800 Mhz, CDMA 450 Mhz ဖုန်းများသို့ Online မှတဆင့် လျင်မြန်စွာ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။

How to Top Up

၁။ လူကြီးမင်းလိုအပ်သော Mobile ဖုန်းငွေဖြည့်ကဒ် အမျိုးအစားအား ရွေးချယ်ပါ။
၂။ ထိုနောက် လူကြီးမင်း၏ Mobile ဖုန်းနံပါတ်အား အောက်ပါအတိုင်း ထည့်သွင်းပေးပါ။

သတိပြုရန်….
- Country Code “+95″ ထည့်သွင်းရန် မလိုပါ။
- ဖုန်းနံပါတ်များကြားတွင် Space ထည့်ရေးရန် မလိုပါ။
- “09″ အပါအ၀င် ဖုန်းနံပါတ်အား အပြည့်အစုံထည့်သွင်းပေးရန်… (eg.. 095161719)
၃။ လူကြီးမင်း၏ Mobile ဖုန်းနံပါတ်အား ထည့်သွင်းပြီးပါက “Top Up Now” Button ကို နှိပ်ပေးပါ။
၎။ ငွေပေးချေမှု ပြုလုပ်ရမည် အဆင့်သို့ ရောက်ရှိသွားပါလိမ့်မည်။ လူကြီးမင်း ရွေးချယ်သော ငွေဖြည့်ကဒ်အမျိုးအစား နှင့်    Mobile ဖုန်းနံပါတ်အား သေချာစွာ ထပ်မံစစ်ဆေးပါ။

၅။ ထို့နောက် လူကြီးမင်း၏ Online Payment စနစ်အတွင်းသို့ ၀င်ရောက်၍ ငွေပေးချေမှု ပြုလုပ်နိုင်ရန်    အဆင့်ဆင့်ဆောင်ရွက်ပေးပါ။

၆။ Online Payment စနစ်မှ ငွေပေးချေရန် စီစဉ်ပြီးပါက “Pay Now” Button ကို နှိပ်၍ ငွေပေးချေခြင်းကို    အတည်ပြုပေးပါ။

၇။ အထက်ပါအတိုင်း ငွေပေးချေမှုလုပ်ငန်းစဉ်များ ပြုလုပ်ပြီးစီးပါက ခေတ္တစောင့်ဆိုင်းပေးပါ။
၈။ လူကြီးမင်း၏ Mobile ဖုန်းသို့ ဖြည့်သွင်းလိုက်သော ငွေပမာဏ ၀င်ရောက်လာပါလိမ့်မည်။

၉။ လူကြီးမင်း၏ Mobile ဖုန်းသို့ ဖြည့်သွင်းလိုက်သော Top-up Card ၏ အချက်အလက်များကိုလည်း
အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မည်။
ထို Top-up Card ၏ အချက်အလက်များကို လူကြီးမင်း၏ Email ထံသို့လည်း ရောက်ရှိလာပါလိမ့်မည်။

မှတ်ချက် ။ တစ်ခါတစ်ရံတွင် Mobile ဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ လူကြီးမင်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်း၏ Mobile ဖုန်းသို့ topup.com.mmm မှ တိုက်ရိုက် ငွေဖြည့်သွင်း၍ မရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုအခါမျိုးတွင် လူကြီးမင်းအနေဖြင့်
Website တွင် ဖော်ပြထားသော (သို့) Email သို့ ရောက်ရှိလာသော Top-up Card အချက်အလက်ကို ကိုယ်တိုင် အသုံးပြု၍ ငွေဖြည့်သွင်းပေးရပါမည်။
https://www.topup.com.mm/ အဲဒီဆိုဒ်ထဲကိုဝင်ရောက်လေ့လာပါ ဗျာ —– အဆင်ပြေပါစေ—

Credit : http://www.mmithelper.com/

ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ (ဖြစ်ရပ်မှန်)

ပြောလဲစားနေကြအုံးမှာပါပဲထင်တယ်
ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ
Tuesday, May 28, 2013

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး   (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။   သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။
 
လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျိုလမ်းကြောင်းကင်ဆာဖြစ်နေသည်ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။ထို့ကြောင့် ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေးပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။
 
အစာမျိုလမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု ဆေးစစ်ချက် အဖြေအရ သိလိုက်ရသည့်အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာစားခဲ့သည့် ကွမ်းယာများကိုသာ အပြစ်တင်နေ မိတော့သည်။ 
 
“အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကိုခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ မိသားစု တာဝန်တွေလည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုမောင်ဝင်းက ပြောသည်။  သူ ကျန်းမာရေးကောင်းနေစဉ်က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး သားသမီး(၅)ယောက်ကို ရှာဖွေကျွေးခဲ့ရကြောင်း  ပြောသည်။
 
ဦးမောင်ဝင်းအနေဖြင့် လွန်ခဲ့သည့် (၃)လမှစ၍ အလုပ်မလုပ် နိုင်တော့သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက်  (၉)တန်းကျောင်းသားဖြစ်သည့် သားအကြီးဆုံးမှာ ဖခင်နေရာတွင် ၀င်၍  ဆိုက္ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက်  ဖြေရှင်းနေရကြောင်း သိရှိရသည်။  
 
“ ကျွန်တော်က အရင်လို မိသားစုအတွက် ရှာမပေးနိုင်တဲ့အပြင် ကျွန်တော့်ကြောင့်  မိသားစုအတွက်       ၀န်ထုပ်ဝန်ပိုးတစ်ခု ပိုနေတဲ့အတွက်  မိသားစုကိုလည်း အားနာလှပါပြီ။ ကျွန်တော့လို မဖြစ်အောင်လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာယူစေချင်တယ် ” ဟုဆိုသည်။
          
ရန်ကုန်သွားဆေးတက္ကသိုလ်၏ သုတေသနပြုချက်အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားသူ (၉၀၀၀)၀န်းကျင်ရှိပြီး ၄င်းတို့အထဲမှ ခံတွင်းကင်ဆာဖြစ်ပွားသူဦးရေမှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါခံတွင်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူသူဦးရေမှာ (၂၅)ယောက်ဝန်းကျင်သာ ရှိကြောင်း သိရသည်။ 
 
အရှေ့တောင်အာရှအတွင်း ခံတွင်းကင်ဆာဖြစ်ပွားမှုသုတေသနအဖွဲ့အား တင်ပြရန်အတွက် ရန်ကုန် သွားဆေးတက္ကသိုလ်နှင့် ဆေးသုတေသီများပူးပေါင်း၍ ၂၀၁၁ ခုနှစ်က မြန်မာပြည်တစ်ပြည်လုံး၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်းကင်ဆာသုတေသနများ ပြုလုပ်ခဲ့ကြသည်။
 
ကွမ်းစားခြင်းကြောင့် သွားကိုအရောင်ညစ်စေခြင်း၊ ကြွေလွှာပြုန်းတီးစေခြင်း၊ မေးရိုးအဆစ်ရောဂါရခြင်း၊ သွားကျောက်တည်ကာ သွားဖုံးဝေဒနာခံစားရခြင်းတို့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခံတွင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အသည်းကင်ဆာများအား ဖြစ်ပွားစေပြီး ၄င်းကင်ဆာများ ဖြစ်ပွားပါက အသက်ရှင်နိုင်ခြေမှာ (၆၀)%ထက် မပိုကြောင်း သွားဘက်ဆိုင်ရာဆေးပညာရှင်များကဆိုသည်။
 
“ ကွမ်းကို တောက်လျှောက်စားပါများရင် သွားကျင်လာမယ်။ အစပ်မစားနိုင်တာတွေ၊ လျှာထူတာတွေဖြစ်ပြီး အရသာကို ကောင်းကောင်းမခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဦးထွန်းဇော်ကပြောသည်။           
 
မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်းမှာ (၇၀%)ခန့်ရှိကာ ကွမ်းယာထဲ၌ ဆေးရွက်ကြီးထည့်၍ စားသုံးသောသူများတွင် သွားနှင့်ပါတ်သက်သော ရောဂါဝေဒနာအား ခံစားရပြီး အဆိုပါသွားနှင့် ပတ်သက်သည့်ရောဂါများခံစားရသူများ၏ လေးပုံတစ်ပုံခန့်သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များက ဆိုသည်။     
 
"ခံတွင်းသန့်ဆေးနဲ့ ငုံပေးတာတွေ, ကွမ်းချိုးကို ဆေးပေးတဲ့ သီးသန့်သွားဆေးပေးခန်းတွေလိုမျိုး မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။
 
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ ကွမ်းစားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေမရှိသော်လည်း ဆေးရုံများနှင့် စာသင်ကျောင်းအချို့တွင် ကွမ်းမစားရန် သတ်မှတ်ထားခြင်း၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ စွန့်ခြင်းအတွက် ဒဏ်ငွေ(၅၀၀၀)ကျပ်အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ်ထားခြင်းမျိုးကို ဆေးရုံအုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများမှ အသိပေးနှိုးဆော်ချက်များ ပြုလုပ်ထားကြသည်။   
 
“အများပြည်သူကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလားဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေးဝန်ကြီးဌာနတို့၊ နိုင်ငံတော်အစိုးရတို့ အနေနဲ့လည်း  ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ်” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှ သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ပြောသည်။  
 
ပြည်တွင်းစာနယ်ဇင်းတစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေသည့် အသက်(၃၀)အရွယ် ကိုထွန်းထွန်း ဆိုသူကလည်း ပြီးခဲ့သည့်နှစ်အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာတက်သွားခြင်းမျိုး  ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်းဆိုသည်။  
 
“ကွမ်းစားနေတုန်း လည်ချောင်းထဲမှာ ကွမ်းဖတ်ဆို့ပြီး တက်သွားတာ၊ဘေးနားမှာလူရှိနေလို့ တော်သေးတယ်။  လူသာမရှိရင် အသက်အန္တရာယ်ကိုတောင်  စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်” ဟု ၄င်းကဆိုသည်။ 
       
ကွမ်းစားသောယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀၀)ခန့်မှ စတင်ခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးတွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါများဖြစ်ပွားနေသူ ခန့်မှန်းခြေဦးရေမှာ နှစ်စဉ်(၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီးအိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့၌ အဓိကဖြစ်ပွားလျက်ရှိကြောင်း၊ ကွမ်းစားများသော နိုင်ငံများတွင် ခံတွင်း၊လည်ချောင်းနှင့်အစာပြွန်ကင်ဆာ ရောဂါများဖြစ်နှုန်း မြင့်မားကြောင်း၊ အပြည်ပြည် ဆိုင်ရာကင်ဆာသုတေသနအဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။     
 
မြန်မာနိုင်ငံတွင်မူ ကွမ်းကိုဆေးအဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်းဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့်ပတ်သက်၍   “ မြန်မာအစတကောင်းက" ဟု  ဆိုရိုးရှိခဲ့သည့်အတိုင်း တကောင်းခေတ်ဦးအချိန်က တကောင်းမင်းများ လက်ထက်တွင် ကွမ်းစားခြင်းအလေ့အထရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြောင်းကို ဆရာကြီးဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာကွမ်းဓလေ့ " စာအုပ်တွင် ရေးသား ဖော်ပြထားသည်။  
 
ကွမ်းရွက်ကြီးသည် ဆေးဖက်ဝင် အရွက်အမျိုးအစားထဲ၌ ပါရှိသော်လည်း ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် အမွှေးအကြိုင်များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနောဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်းအမျိုး(၃၀)ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်းသားများကို လောင်စေကာ ထိုမှတဆင့် ကင်ဆာဖြစ်စေသောဓါတ်များ အထဲစိမ့်ဝင်နိုင်အောင် အားပေးလျက်ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ဆိုသည်။

http://myitmakhamediagroup.com/detail.php?newid=4653
ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ
Tuesday, May 28, 2013

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရ
ပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။ သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။