This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 25, 2014

ပြည်တွင်း ပထမဦးဆုံးအဖြစ် eSavings Account စနစ်စတင်



SHARE THIS POST ON...
အတွဲ (၁၅)၊ အမှတ် (၁၃)

ဘဏ်တွင် Savings Deposit Account နည်းတူ ငွေသားအပ်နိုင်ပြီး အထောက်အထားအဖြစ် Saving Passbook ကို ထုတ်ပေးခြင်းအစား ဘဏ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စာရင်းပိုင်ရှင်၏ Email သို့ eStatement ပေးပို့သော ဝန်ဆောင်မှုဖြစ်သည့် eSavings Account ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို သမဝါယမဘဏ်မှ စတင်ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ “အရင်တုန်းက Saving အကောင့်ရှိပါတယ်။ အခုကျတော့ eSaving ဖွင့်တဲ့အခါ စာအုပ်မရဘူး။ ဘဏ်ကနေ အီးမေးလ်အကောင့်နဲ့ တစ်ဆင့် သွားမှာဖြစ်ပါတယ်။ မိုဘိုင်းဘဏ်စနစ်နဲ့ ဆက်စပ်လည်းရတယ်။ MPU ကတ်နဲ့ ချိတ်ဆက်လည်းရ တယ်။ eAlert ကတော့ အီးမေးလ်ပို့ပြီး ဘဏ်အသုံးပြုသူကို သတိပေးမှာပါ။ ဒါကိုသုံးတာက အသုံးပြုသူက ဘဏ်ကိုလာစရာမလိုဘဲနဲ့ အိမ်မှာထိုင်ပြီး ကြည့်နိုင်တဲ့သဘော ဖြစ်သွားတာ။ အရင် Saving ဖွင့်ပြီးသား လူတွေလည်း ဒီ eSaving ကို ပြောင်းလို့ရပါတယ်။ သက်ဆိုင်ရာဘဏ်တွေမှာ ဒီနေ့ကစပြီး ဘဏ်ခွဲအားလုံး မှာ eSaving ဖွင့်လို့ရပါပြီ” ဟု သမဝါယမဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

အသုံးပြုသူ၏ အီးမေးလ်ဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကာ အကောင့်ပျောက်ပျက်သွားပါက ဘဏ်သို့ သွားရောက်ကာ မှတ်ပုံတင်နှင့် အီးမေးလ်အသစ်တစ်ခုသို့မဟုတ် အခြားအီးမေးလ် တစ်ခုနှင့် ပြန်လည် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “Customer ကို စာအုပ်ထုတ်မပေးတော့ဘူး။ Customer သည် သူ့ငွေပမာဏကို သူကြည့်ဖို့ကို အီးမေးလ်ထဲ လစဉ်ပို့ပေးနေမယ်။ ငွေသွင်း၊ ငွေထုတ်တွေကို သူ့အီးမေးလ် ကို eAlert အနေနဲ့ပို့ပေးနေမယ်။ ဒါကို ငွေသွင်း ချင်ရင်ဘဏ်ကို ငွေသွင်းရမယ်။ ငွေထုတ်ချင်ရင် သတ်မှတ်နည်းလမ်းတွေနဲ့ ငွေထုတ်ခွင့်ပေးထားတယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေ မန်နေဂျာ ဦးဇေယျာကျော်က ပြောသည်။ ဘဏ်ကောင်တာတွင် မှတ်ပုံတင်ပြ၍ ငွေထုတ်နိုင်မည်ဖြစ်ပြီး eSaving အကောင့်ထဲမှ ငွေထုတ်ခွင့်ကို Current အကောင့်နှင့် ပေးချေထုတ်ခွင့်လည်းရှိကြောင်း သိရသည်။

ဘဏ်အသုံးပြုသူ၏ အီးမေးလ်သို့ eStatement ပေးပို့ခြင်းဖြင့် ဘဏ်သို့လာရောက်ရန် မလိုဘဲ ဆောင်ရွက် မှုအားလုံး၏ စာရင်းရေးသွင်းချက်များကို အချိန်နှင့်တစ်ပြေးညီ အသေးစိတ် မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။ စက္ကူသုံးစွဲမှုကိုလျှော့ချရေး၊ စာရင်းပိုင်ရှင်အနေဖြင့် စာအုပ်အထောက်အထားများ သိမ်းဆည်း မှု လျှော့ချနိုင်စေရန်၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် မိမိတို့၏ Statement များကို ကိုယ်ပိုင်အီးမေးလ်မှတစ်ဆင့် အချိန်မှန် စစ်ဆေးနိုင်စေရန် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခြင်းဖြစ် သည်ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူများကဆိုသည်။ “စာအုပ်မလို ၊ ဘဏ်ကိုလည်း သွားစရာမလိုဘဲ Saving Account ဖွင့်ထားတဲ့အတိုင်း အီးမေးလ်ထဲကတစ်ဆင့် လုပ်နိုင်တယ်ဆိုတော့အချိန်ကုန် လူပင်ပန်းသက်သာတာပေါ့။ ဒါပေမယ့် အီးမေးလ်လုံခြုံရေးကိုတော့ ပိုဂရုစိုက်ဖို့ လိုမယ်ထင်ပါတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

eSaving သုံးစွဲခြင်းကြောင့် ဘဏ်စာအုပ်သယ်ယူကိုင်ဆောင်ရန် မလိုခြင်း၊ Transaction ဖြစ်ပေါ်တိုင်း မိမိငွေလက်ကျန်ကို အလိုလျောက် သိရှိနိုင်ခြင်း၊ eStatement ကို ကမ္ဘာပေါ်ရှိ နေရာအားလုံးမှ ကြည့်ရှုနိုင်ခြင်း၊ ဘဏ်သို့လာရောက်ကာ ဘဏ်စာအုပ်တွင် Update ပြုလုပ်ရန်မလိုခြင်း၊ eStatement မှာ အွန်လိုင်းမှတစ်ဆင့် ပေးပို့ခြင်းဖြစ်၍ အချိန်ကုန်သက်သာမည်ဖြစ်ပြီး အချိန်နှင့် တပြေးညီလည်း အချက်အလက်များကို အလွယ်တကူရယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဟုလည်း သိရသည်။

ထွန်းထွန်း
Interent Journal

မလေးရှားလေကြောင်းလိုင်း စီအီးအို ဝန်ခံချက်ကြောင့် MH 370 လေယာဉ်ပျောက်ဆုံးရခြင်း လမ်းစ တွေ့ရှိ



SHARE THIS POST ON...

ကွာလာလမ်ပူ

မလေးရှားလေကြောင်း လိုင်း စီအီးအို အာမက်ဂျူဘာရီသည် ပျောက်ဆုံးနေသော MH 370 လေယာဉ် ပေါ် တွင် ပေါက်ကွဲစေ တတ်သော လစ်သီ ရန်အိုင်း ယွန်း (Lithum-iron) ဘထ္ထရီ အသေးစားများ တင်ဆောင် ခဲ့ကြောင်း ဝန်ခံလိုက်သည်ဟု သိရသည်။

မလေးရှားလေကြောင်းလိုင်း စီအီးအိုသည် ကွာလာလမ်ပူ၌ ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက လေယာဉ်ပေါ်တွင် ပေါက်ကွဲစေ သော ကုန်ပစ္စည်းများ ပါဝင်ခြင်းရှိမ ရှိမေး မြန်းရာ တွင် လေယာဉ်ပေါ်တွင် သစ်သီး များ အမြောက်အမြားတင်ဆောင်ခဲ့သည်ဟု ဟာသနှောကာ ဖြေကြားခဲ့ သည်။

ယခုအခါတွင် စီအီးအိုက ဘထ္ထ ရီခြောက်များ အမြောက်အမြားတင်ဆောင် ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယင်းဘထ္ထရီများက ပေါက်ကွဲမှု၏ အကြောင်းအရင်းဖြစ်နိုင် သည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်ဟု သိရ သည်။

ယင်းဘက်ထရီခြောက်များမှာ ထွက်ပေါ်ရရှိလာသော သတင်းဓာတ်ပုံ များအရ လက်တော့ပ် ကွန်ပျူ တာတွင်အသုံး ပြုသော ဘက်ထရီများဖြစ်သည်ကို တွေ့ရှိရပြီး အခြားလေယာဉ်များတွင် ၄င်းဘက် ထရီတင်ဆောင်မှုကြောင့် လေယာဉ်ပေါက် ကွဲသည့်သမိုင်းရာဇဝင်များလည်း ရှိခဲ့ဖူးသည်ဟု သိရသည်။

မလေးရှားလေကြောင်းလိုင်း စီအီးအိုက ယင်းကုန်ပစ္စည်းများ သည် ICAO ၏ ခွင့်ပြုချက်ဖြင့် တင်ဆောင်ခဲ့ ခြင်းဖြစ်ပြီး အန္တရာယ်ရှိနိုင်သော ကုန်ပစ္စည်း နှင့်ဆက်စပ်မှုမရှိကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။ လေကြောင်းထိန်းချုပ် ကွပ်ကဲရေးဌာနချုပ်(FAA) ကမူ ယင်းကုန် ပစ္စည်းများသည် အန္တရာယ်ရှိသောကုန် ပစ္စည်းအဖြစ် သမိုင်းရာဇဝင်များရှိခဲ့ပြီး လွန်ခဲ့သော ၂၃နှစ်အတွင်း လေယာဉ်ပေါ် ၌ ဖြစ်ပွားခဲ့သော အက်ဆီးဒင့်ပေါင်း ၁၄ဝ အဖြစ်အပျက်တွင် ပါဝင်ပတ်သက်မှုရှိခဲ့ ကြောင်းသိရသည်။

Ref: Yahoo News
Yangon Media Group
အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal

လိင်အကြမ်းဖက်မူကို ကာကွယ်ပေးမည့် သေနတ် ထုတ်လုပ်

အိန္ဒိယအမျိုးသမီးများအတွက် မုဒိမ်းမှုမှ ကာကွယ်ပေးမည့် သေနတ်

SHARE THIS POST ON...
အိန္ဒိယနိုင်ငံဟာ လတ်တလောကာလအတွင်း အမျိုးသမီးတွေအတွက် လက်ကိုင်သေနတ် အသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

ဒီသေနတ်ရဲ့ နာမည်ကိုတော့ ၂၀၁၂ ဒီဇင်ဘာလက ဒေလီမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သေဆုံးသွား တဲ့ ကျောင်းသူရဲ့အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားပါတယ်။


ခုတော့ ဒီသေနတ်ကို အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ဈေးကွက်တင် ရောင်းချနေ ပါတယ်။

နိုင်ငံပိုင် သေနတ်ထုတ်စက်ရုံ အိန္ဒိယ အော်ဒီနန့်စ်စက်ရုံရဲ့ အထွေထွေမန်နေဂျာ အဗ္ဗဒူလ် ဟာမိဒ်က “ဒါက ပေါ့ပေါ့ပါးပါးလေးပါပဲ။ ၅၀၀ ဂရမ်ပဲ လေးပြီး လုပ်ဆောင်ချက်ကလည်း သိပ်လွယ်ပါတယ်။ ကြာရှည်သုံးလို့ ရပြီးတော့ ပြောင်းဝကိုလည်း သိပ်မထိခိုက်ဘဲ ကျည်ဆန် ၅၀၀ လောက်ထိကို ပစ်နိုင်ပါ တယ်။ ဒါလေးကို အမျိုးသမီးတွေ ဘယ်နေရာကိုမဆို သယ်သွားလို့ ရပါတယ်။ ဒါလေးကို ပိုက်ဆံအိတ် ထဲတောင် ထည့်လို့ရတဲ့ အနေတော်လောက်ကို အရွယ်အစား ငယ်ပါတယ်” လို့ ပြောပါတယ်။

ဒီသေနတ်ကို နီယာဘ်ဟိက် သို့မဟုတ် မကြောက်မလန့်လို့လည်း ခေါ်ပါတယ်။ နီယာဘ်ဟိက်ရဲ့ အဓိပ္ပာယ်တူ စကားလုံးဟာ ၂၀၁၂ က သေဆုံးသွားတဲ့ ဒေလီက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသူကို အိန္ဒိယ စာနယ်ဇင်းက ပေးထားတဲ့ အမည်ပြောင်လည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီသေနတ်ဟာ အဲဒီမိန်းကလေးကို ဂုဏ်ပြုတာပါလို့ ဟာမိဒ်က ပြောပါတယ်။

“ကျနော်တို့က အဲဒါကို တခုခုလုပ်ပေးဖို့လည်း စဉ်းစားခဲ့ပါတယ်။ ကျနော်တို့ စက်ရုံက ၀န်ထမ်းတွေ ဆီကနေ ဝေဖန် အကြံပြုချက်တွေလည်း ရှာခဲ့ပါတယ်။ အကြံပေးချက်တွေလည်း အများကြီး ရပါ တယ်။ နောက်ဆုံးတော့ ကျနော်တို့ နီယာဘ်ဟိက် ဆိုတဲ့ နာမည်အပေါ် သဘောတူသွားကြတယ်။ ခုတော့ ဒီသေနတ်ကို ဆောင်ထားတဲ့ အမျိုးသမီးတွေ ဘေးကင်း လုံခြုံတယ်လို့ ခံစားရမှာဖြစ်ပြီး ဘယ်သူ့ကိုမှ လည်း မကြောက်ရတော့ဘူးပေါ့ဗျာ။ ဒါ သေချာတယ်။”

သေနတ်ကို ဒေါ်လာ ၂ ထောင်နဲ့ ရောင်းချတာ ဖြစ်ပြီး အဲဒီငွေကြေးတန်ဖိုးဟာ တိုင်းပြည်မှာ နှစ်စဉ် ပျမ်းမျှဝင်ငွေရဲ့ ၂ ဆ နီးပါးလောက် ရှိပါတယ်။ ဒါပေမယ့်လည်း ခုထိ သေနတ် ၂ ဒါဇင်ကျော် ရောင်းချခဲ့ရ တာကြောင့် တုံ့ပြန်မှုက ကောင်းမွန်ပြီး စုံစမ်းမေးမြန်းမှု ၁၀၀ ကျော်လောက် လက်ခံဖြေကြားခဲ့ရပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားတဲ့ ၈၀ ရာခိုင်နှုန်း က အမျိုးသမီးတွေ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် အမျိုးသမီး ရှို့ဟက “အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် ဒီလို လက်နက်မျိုးကို ရအောင် လုပ်ပေးတာ အရေးကြီးပါတယ်။ ခုဆို အမျိုးသမီးတွေလည်း ဒီပစ္စည်းတွေကို လိုက်လျောညီထွေ သုံးတတ်အောင် လုပ်ဆောင်ထားရပါမယ်။ ဘာလို့လဲဆိုတော့ ဘာတွေ ဘယ်လိုကြုံရမယ်ဆိုတာ တကယ် မသိကြတဲ့အခါ ဒီပစ္စည်းတွေက ကိုယ့်အတွက် အချိန်မီ အလိုအပ်ဆုံးပစ္စည်း ဖြစ်လာတာပေါ့။ အမျိုးသမီး တယောက်အတွက် အချိန်မရွေး တခုခု ဖြစ်တတ်တယ်လေ” လို့ ပြောပါတယ်။

ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဒီးပါအတွက်ကတော့ ဒါဟာ တခြား ပြဿနာတွေကို ဖန်တီးလာနိုင်တယ်လို့ ပြောပါတယ်။

“ဒါကို တရားဝင်ကိုင်ဆောင်ခွင့် ပြုလိုက်ပြီဆိုရင်၊ တလွဲသုံးတာတွေ အများကြီး ဖြစ်လာတော့မှာပါ။ အမျိုးသမီးတွေဟာ တခြားသူတွေအပေါ် ပုဂ္ဂိုလ်ရေး ကလဲ့စားချေတာတွေ လုပ်လာတော့မှာပါ။ ကျမ သိပ်တော့ အသေချာကြီး မပြောနိုင်ပါဘူး။”

လူ့အခွင့်အရေးအဖွဲ့တွေကတော့ သေနတ်ထုတ်လုပ် ဖြန့်ဖြူးလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပါတယ်။

ဒါဟာ လေးနက်ပြင်းထန်တဲ့ လူမှုရေးပြဿနာတွေကို ဈေးကွက်တင်ဖို့ ထွင်လုံးအနေနဲ့ သုံးစွဲကြတယ် လို့ ဝေဖန်သူတွေက ပြောပါတယ်။

အမျိုးသမီးများ သေနတ်ဘေးမှ ရှင်သန်သူများ ကွန်ရက်အဖွဲ့ခေါင်းဆောင် ဘီနာလက်ရှ်မီး နီပရမ်က “ဒီသေနတ် မ၀ယ်နိုင်ရင်ကော နီယာဘာယာက အသက်ရှင်နေဦးမှာလား။ ကျမတို့လို မိသားစုတွေ ဒီလောက်ဆင်းရဲနေကြတာကို။ ဈေးနှုန်းတွေကလည်း နီယာဘာယာမိသားစုရဲ့ ၁ နှစ်စာ ၀င်ငွေ ထက်တောင် ပိုများနေသေးတယ်။ ဒါ သူ့ကို အမှတ်ရနေတာတွေအတွက် စော်ကားမှုတခုပဲ” လို့ ပြောပါ တယ်။

လက်နက်တခု ပိုင်ဆိုင်ထားခြင်းဟာ ရန်လိုနေတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတယောက်ကို လုပ်ပိုင် ခွင့် ပေးထားတာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။

“သေနတ်တလက် ရှိနေတာဟာ ရှင့်ကို တကယ်ပဲ လုံခြုံမှု ပေးထားတာ မဟုတ်ဘူးဆိုတာ သုတေသန က ပြနေပါတယ်။ တကယ်တော့ ရှင့်မှာ သေနတ်တလက် ရှိတယ်ဆိုရင် ရှင် အသေပစ်သတ်ခံရမယ့် အရေးက ရှင့်မှာ သေနတ်မရှိတဲ့ အခြေအနေနဲ့ နှိုင်းကြည့်မယ်ဆိုရင် ၁၂ ကြိမ်ကျော်လောက်တောင် ရှိနေတာလေ။ နောက်ပြီးတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေကလည်း အများကြီး မြင့်တက် လာနေတာ အဲဒါကနေ သူ့ကို ဆန့်ကျင်တဲ့ဘက်တောင် ပြန်လှည့်သွားနိုင်တယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာ ဂီလာနီက နယူးဒေလီကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

DVB News