This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, June 6, 2012

ရခိုင်ပြည်နယ်တစ်ဝှမ်း ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်စေခဲ့တဲ့ မှုခင်းဖြစ်ပွားရာ ရမ်းဗြဲတိုက်နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စုမှ အစ္စလာမ်ဘာသာဝင် တစ်ဦးကို အဲဒီဒေသက အခြေအနေတွေကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။


(by Alex Arakani )

မေး - အစ်ကိုရေ အခုလိုမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဦးဆုံးပြောပါရစေ။ သပြေချောင်းရွာက မသီတာထွေး အသတ်ခံရတဲ့ ကိစ္စမှာ ကျောက်နီမော်ရွာကျေးရွာအုပ်စုက ဗုဒ္ဒဘာသာဝင်တွေ အထူးမကျေမနပ်ဖြစ်ပြီးတော့ ရဲစခန်းကိုဝိုင်းရံပြီး တောင်းဆိုချက်တွေ တောင်းဆိုကြတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ကျွန်တော်သိချင်တာက ဒီဒေသက အစ္စလာမ်ဘာသာဝင်တွေကရော အခု ကိစ္စမှာ ဘယ်လိုသဘောထားကြပါသလဲခင်ဗျ။

ဖြေ - ဟုတ်ကဲ့၊ အခုကိစ္စမှာ ရဲစခန်းကိုတောင်းဆိုခဲ့တာ ဗုဒ္ဒဘာသာဝင်တွေချည်းဘဲ မဟုတ်ပါဘူးခင်ဗျ၊ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်
တွေလည်း ပါပါတယ်။

မေး - ဟုတ်ကဲ့ပါ။ ဘာတွေ တောင်းဆိုခဲ့ကြလဲ ပြောပြပါလား။
ဖြေ - ကျွန်တော်တို့ တောင်းဆိုခဲ့တာကတော့ တရားခံအစစ်အမှန်တွေကို အမြန်ဆုံးဖေါ်ထုတ်ပေးဖို့ရယ်၊ တရားခံတွေကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဒဘာသာဝင်တွေကတော့ လက်ရှိစစ်ဆေးနေတဲ့ ကောင်လေးတွေကို သူတို့လက်ကို အပ်ဖို့ရယ်၊ အမြန်ဆုံးသေဒဏ်ချမှတ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

မေး - အခု တရားခံတွေဖြစ်ကြတဲ့ အစ္စလာမ်ဘာသာဝင်(၃)ဦးဟာ တရားခံအစစ်အမှန်တွေ မဖြစ်နိုင်ဘူးလို့ ပြောသံတွေလည်း ကြားရပါတယ်။ အဲဒီအပေါ်မှာရော တိတိကျကျပြောပေးလို့ရမလား။
ဖြေ - အခုဖမ်းဆီးခံထားရတဲ့ကောင်လေး(၃)ယောက်က တရားခံအစစ်အမှန်မဟုတ်ဘူးလို့ သံသယဖြစ်စရာ အကြောင်းခြင်းရာလေးတွေတော့ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်ခင်ဗျ။ ရလာတဲ့ အချက်အလက်တွေကို သက်သေခိုင်လုံအောင် စီစစ်နေပါတယ်။ အဲဒီကောင်လေးတွေကို ကျောက်နီမော်ရဲစခန်းမှာ စစ်ဆေးတုန်းက သူတို့မဟုတ်ပါဘူးလို့တော့ထွက်ဆိုခဲ့ကြတယ်။

ကျောက်ဖြူမြို့ကိုခေါ်ဆောင်သွားပြီး နောက်ပိုင်းတော့ ၀န်ခံတယ်ဆိုပြီးလည်း သတင်းတွေထွက်လာပါတယ်။ ကျောက်ဖြူမှာ စစ်ဆေးတုန်းက ကောင်လေးတစ်ယောက် ခါးရိုးကျိုးသွားတယ်လို့ သတင်းရထားပါတယ်။

မေး- အခု မသီတာထွေးကိစ္စကို အခြေခံပြီး တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ သတ်ဖြတ်ခံရပါတယ်။ အဲဒီကိစ္စအပေါ် ရန်ကုန်မြို့မှာလည်း အစ္စလာမ်ဘာသာဝင်တွေက ဆန္ဒပြကြပါတယ်ခင်ဗျ။ အခုကျောက်နီမော်မှာရော ဗုဒ္ဒဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ အခြေအနေတွေက ဘယ်လိုရှိလဲခင်ဗျ။
ဖြေ - ဟုတ်ကဲ့။ အခုကျောက်နီမော်ကျေးရွာအုပ်စုအတွင်းမှာပေါ့လေ ။ ဗုဒ္ဒဘာသာဝင်တွေက မွတ်စလင်တွေအပေါ် ပိတ်ဆို့မှုမျိုးစုံကိုသုံးပြီး ပိတ်ဆို့နေပါတယ်။ ဒါကလည်း စီးပွားရေးသမားအချို့က အခုလို အခြေအနေမှာ ဘာသာရေး လူမျိုးရေးပဋိပက္ခဖန်တီးချင်နေပါတယ်။ ဒီအပေါ် အမြတ်ထုတ်တယ်လို့မြင်ပါတယ်။

မေး - အစ်ကိုပြောတဲ့ ပိတ်ဆို့မှုမျိုးစုံဆိုတာကို သိပ်မရှင်းဘူးခင်ဗျ။
ဖြေ - ဒီလိုပါ။ ပိတ်ဆို့မှုမျိုးစုံလို့ သုံးလိုက်တာက ဥပမာဗျာ ပညာရေး ပိတ်ဆို့မှုလုပ်တယ်။ ကျောက်နီမော်ကျေးရွာ အထက်တန်းကျောင်းက ဗုဒ္ဒဘာသာဝင်တွေနေထိုင်တဲ့ စံပြကျေးရွာမှာရှိပါတယ်။ ကျွန်တော်တို့ မွတ်စလင်ရွာ(၃)ရွာက အဲဒီကိုကျောင်းသွားတက်ရတဲ့ကလေးက (၂၅၀) လောက်ရှိပါတယ်။ အဲဒီကလေးတွေ အဲဒီကို ကျောင်းသွားတက်လို့မရဘူး။ ဆေးရုံ၊ ဆေးခန်းတွေကလည်း အဲဒီစံပြရွာမှာရှိပါတယ် အဲဒီကို သွားလို့မရဘူး။

မေး - ဘယ်သူတွေက တားဆီးတာလဲခင်ဗျ၊ အာဏာပိုင်တွေဘက်ကလား၊ ဗုဒ္ဒဘာသာဝင်တွေဘက်ကလား ရှင်းရှင်းလင်းလင်း ပြောပေးပါခင်ဗျ။
ဖြေ - ဗုဒ္ဒဘာသာဝင်တွေဘက်ကပါ။ သူတို့ရွာတွေကို ဖြတ်သန်းသွားလာခွင့်မပြုဘူး၊ သွားလာတဲ့လူတွေကိုလည်း ရိုက်လွှတ်တာတွေရှိတယ်ခင်ဗျ။ ဘယ်သူမှမသွားရဲကြပါဘူး။

မေး - အာဏာပိုင်တွေဘက်ကကော အဲဒီကိစ္စအပေါ် ဘာမှလုပ်မပေးဘူးလားခင်ဗျ
ဖြေ - ဘာမှလုပ်မပေးပါဘူးခင်ဗျ။ အခင်းစဖြစ်တုန်းက ညဘက်ကျရင် ဗုဒ္ဒဘာသာဝင်တွက ရွာကိုဝင်စီးမယ်ဆိုပြီး သတင်းတွေထွက်တော့ ကျောက်ထရံရွာထိပ်မှာ နေ့ခင်းဘက်ကင်းစောင့်ပေးပါတယ်။ ညဘက်ကျရင် ပြန်သွားကြပါတယ်။ လုံခြုံရေးအစီအစဉ်ကို ကိုယ့်ဖာသာကိုယ် တာဝန်ယူကြရပါတယ်။ နေ့ခင်းဘက် လာစောင့်ပေးတဲ့အတွက် ရပ်ရွာက သူတို့စားသောက်ဖို့အတွက် အကုန်တာဝန်ယူပေးရပါတယ်။

မေး - တခြားပိတ်ဆို့မှုတွေကော ရှိသေးလားခင်ဗျ
ဖြေ - စီးပွားရးပိတ်ဆို့ပါတယ်။ ကျွန်တော်တို့ရွာက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် တောင်ကုတ် - ရန်ကုန်လမ်းကို အားထားရပါတယ်။ အခု ကျွန်တော်တို့ မွတ်စလင်ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကို ပြည်မကိုလည်း ပို့လို့မရသလို၊ ပြည်မကပြန်လည်မှာယူရောင်းချတဲ့ ကုန်ပစ္စည်းတွေကိုလည်း တောင်ကုတ်မှာသိမ်းဆည်းထားပါတယ်။ ကျောက်နီမော်-တောင်ကုတ်ကို ခရီးသည်နှင့် ကုန်ပစ္စည်းတွေ သယ်ပို့ပေးတဲ့ မော်တော်လိုင်းက ဗုဒ္ဒဘာသာဝင်တွေ ပိုင်ပါတယ်။ အဲဒီလိုင်းမှာ မွတ်စလင်တွေကို အရင်ကတည်းက၀င်ရောက်လုပ်ကိုင်ခွင့် မပေးပါဘူး။ ကျောက်နီမော်က ကုန်ပစ္စည်းကိုအဲဒီလိုင်းမော်တော်တွေက လက်မခံသလို၊ ပြည်မကနေ တောင်ကုတ်ကိုရောက်နေတဲ့ ကုန်တွေကိုလည်း သယ်မလာပါဘူး။ နောက်ပြီး အစ္စလာမ်ဘာသာဝင်တွေက ရေလုပ်ငန်းနှင့် ကုန်သည်၊ ဈေးဆိုင်ရောင်းစတဲ့အလုပ်တွေကို လုပ်ကြပါတယ်။ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ကျောက်နီမော်ကို ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်ကအစ လာမရောင်းကြတော့ပါဘူး။ မွတ်စလင်ဆိုင်တွေကလည်း ပစ္စည်းလာမ၀ယ်ကြတော့ပါဘူး။ အဆိုးဆုံးကတော့ ကျောက်နီမော် ဈေးကို အရင်က မွတ်စလင်တွေနေတဲ့ ကျောက်နီမော်ရွာ မြောက်ပိုင်းနှင့် ရခိုင်စုရပ်ကွက်ကြားမှာရှိပါတယ်။ အခုဈေးကို မွတ်စလင်တွေနဲ့ အလှမ်းဝေးတဲ့ စံပြရွာနှင့် ဟုံးဝရွာကြား၊ ရဲစခန်းအနားမှာ ပြောင်းရွှေ့ဖွင့်ထားပါတယ်။

မေး - အဲဒီကိစ္စတွေကို ဘယ်သူတွေကဦးဆောင်ပြီး လုပ်နေတာလဲခင်ဗျ။ ဥပမာဈေးတစ်ခု အပြောင်းအရွှေ့ဖြစ်သွားတယ်ဆိုတော့ စည်ပင်သာယာရေးဌာနက ဘာမှမပြောဘူးလား။
ဖြေ - ဟုတ်ကဲ့။ ဘယ်သူတွေကဦးဆောင်နေလဲဆိုတော့ စီးပွားရေးသမားတွေက ဦးဆောင်ပြီး လူမျိုးရေးအစွန်းရောက်တွေက လုပ်နေတာပါ။ စည်ပင်သာယာရေးဌာနကတော့ ရမ်းဗြဲမှာဘဲရှိပါတယ်။ သူတို့ကတစ်နှစ်စာ ဈေးအခွန်အတွက် လေလံပစ်၊ ငွေယူပြီးပြန်သွားရင် နောက်နှစ်လေလံပစ်ချိန် ပြန်လာတတ်ပါတယ်။

မေး - အခုလိုပိတ်ဆို့ထားတဲ့အပေါ်မှာရော ဘယ်လိုအခက်အခဲ အကြပ်အတည်းတွေ ဖြစ်ပါသလဲခင်ဗျ။
ဖြေ - ဒီလိုဗျ အခုလိုပိတ်ဆို့ထားတဲ့အတွက် မွတ်စလင်တွေ မထိခိုက်ဘူးလားမေးရင် ထိခိုက်ပါတယ်လို့ ပြန်ဖြေရပါလိမ့်မယ်။ ဒါပေမယ့် ဗုဒ္ဒဘာသာဝင်တွေကော မထိခိုက်ဘူးလားလို့မေးရင်လည်း သူတို့လိမ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျောက်နီမော်ကျေးရွာအုပ်စုမှာ ရွာတွေအချင်းချင်း ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီ နေကြတာဗျ၊ အဓိကထိခိုက်တာကတော့ အောက်ခြေလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ၊ ထိခိုက်မှာ။ စီးပွားရေးသမားတွေကတော့ အချိန်ကာလတစ်ခု အထိ အကျိုးခံစားရင် ခံစားရလိမ့်မယ်။ ရေရှည်တော့မရဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်ခြေလူတန်းစားတွေကို အဲဒီလူတွေ ထမင်းမကျွေးထားနိုင်သလို တာဝန်လည်းမယူနိုင်ပါဘူး။ ကိုယ့်ဝမ်းစာ ကိုယ်ဘဲရှာရမှာဘဲ။ ကျန်းမာရေးနှင့် ပညာရေးကတော့ အတိုင်းအတာတစ်ခုအထိ ထိခိုက်နေရပါတယ်။

မေး - ပိတ်ဆို့ထားမှုအပေါ် ဘာများဆက်လုပ်ကြမလဲ၊ ဘယ်လိုအစီအစဉ်တွေရှိလဲ။
ဖြေ - အခု ကျွန်တော်တို့တိုင်ပင်နေတုန်းခင်ဗျ။ တစ်ဘက်ကလည်း သဘောထားအလယ်အလတ်ရှိတဲ့ ဗုဒ္ဒဘာသာဝင်တွေကတော့ ပိတ်ဆို့မှုတွေ မလုပ်ကြဖို့ လိုက်လံစည်းရုံးနေတယ်လို့လည်း ကြားရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ ပြေပြေလည်လည်ဖြစ်ချင်ပါတယ်။ တရားခံကိုလည်း ဖမ်းမိထားပြီးပြီ၊ ၀န်ကြီးကိုယ်တိုင်ကလည်း တရားဥပဒေအရ အရေးယူပေးဖို့ ကတိပေးခဲ့ပြီးပြီ။ ဒီကိစ္စကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေလည်း တောင်ကုတ်မှာဖြစ်ပွားသွားတယ်ကြားလို့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ အခုလိုမှုခင်းမျိုး ကျွန်တော်တို့ဒေသမှာ ဖြစ်ခဲ့ဖူးတဲ့ ရာဇ၀င်သမိုင်းလဲမရှိပါဘူး။ ဒီလူတွေအချင်းချင်း နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၅၀၀ထက်မနည်းတော့ဘူး။ တစ်ယောက်အကြောင်းတစ်ယောက် မသိတဲ့လူတွေလည်း မဟုတ်ကြဘူး။ အားလုံးပြေလည်သွားစေချင်ပါတယ်ခင်ဗျ။