Wednesday, June 6, 2012

သွားကိုက်ဝေဒနာ ခံစားနေရလား ရှောက်ရွက်ရှိရင်ဖြစ်သည်

သွားကိုက်ဝေဒနာ ခံစားနေရလား ရှောက်ရွက်ရှိရင်ဖြစ်သည်
ရဲရင့်ရထာ မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
သယ်ရင်းတို့ရေ ဦးစွာပထမ မင်္ဂလာပါလို့ နှုတ်ခွန်းဆတ်သလိုက်ပါသည် ပြောပြစရာလေးလဲရှိလို့ ပြောလဲပြောချင်လို့
အားလုံး သိရအောက်လို့ပါ ။ သွားကိုက်တက်တဲ့ သယ်ရင်းတွေ ရှိကြမှာပါပဲလို့ထင်မိလို့ပါ တချို့ကြတော့ ဆေးထိုးဆေးစားရတာ ကြောက်ကြတယ်လေ အခုဆေးလဲထိုးစရာမလိုတော့ဘူး ဆေးလဲစားစရာမလိုတော့ဘူး နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တဲ့ ဘုရားရှင်လက်ထက်က ပြောတဲ့စကားသယ်ရင်းတို့လဲကြားဖူးမယ်ထင်ပါတယ် အခုဆေးဖက်ဝင်တဲ့ အရွက်တစ်မျိုးရှိပါတယ် အဲ့အရွက်ကတော့ ရှောက်ရွက် ပဲဖြစ်ပါသည် ဘယ်လိုနေရာတွေမှာ အသုံးဝင်သလဲ ဆိုတော့
(၁) သွားကိုက်ခြင်း
(၂) ရေစီးကမ်းပြိုဖြစ်ခြင်း
အဲ့ဒါတွေကို ပြောက်ပါတယ် ရေစီကမ်းပြိုဆိုတာက သွားအဖြေကသွားဖုန်း(သဖုန်း) တွေက ပြည်တွေတည်ပြီး နာတယ် ကိုက်တယ် သွားလေးတွေလှုပ်လာတယ် ဒီလောက်ဆိုရင်တော့သယ်ရင်းတို့သိလောက်မယ် ထင်ပါတယ် အဲ့ဒါကိုတော့ ကျွန်တော်တို့ နယ်ဘက်ခြမ်းမှာတော့ အဲ့လို ရေစီးကမ်းပြို ဖြစ်တယ်လို့ခေါ်ကြတယ် နယ်တွေမတူတော့ သယ်ရင်းတို့ နေထိုင်တဲ့ဘက်မှာ ဘယ်လိုခေါ်လဲတော့မသိဘူး ကဲဆတ်ပြောမယ်
သွားကိုက်တက်တဲ့ သယ်ရင်းတွေအတွက် လုပ်ဆောင်ရမဲ့အရာကတော့ ရေသန့်တစ်ဗူးလောက် ရှိတဲ့ရေကို ရေနွေးအိုးထည်းထည့်တည်မယ် ပွတ်ပွတ် ဆူလာရင် ရှောက်ရွက် ကိုး(၉)ရွက် ဆယ်ရွက်(၁၀)ရောက်ကို ရေးနွေးပွတ်ပွတ်ဆူနေတဲ့ အိုးထည်းသို့ ထည့်လိုက်မယ်
ပြီးရင် မီးကိုပိတ်လိုက်မယ် တည်ထားသောအိုးကို မီးဖိုပေါ်မှချမယ်
ပြီးရင်တော့ သယ်ရင်းတို့ရေ ကိုခံတွင်းက ခံနိုင်လောက်မယ်လို့ထင်သော အပူချိန်ကို မိမိခံတွင်းထည်းတွင် ငုံထားမယ် ပြောရရင်တော့ ပလုတ်ကျင်းတဲ့ပုံစံမျိုးပေါ့ ၁မိနစ် ၂မိနစ်လောက် ပလုပ်ကျင်းတဲ့ပုံစံမျိုးလေး လုပ်ပြီး ထွေးထုတ်လိုက်ပေါ့ မကြာမကြာလေး လုပ်ပေးပေါ့ ၅မိနစ်ခြား ၁၀မိနစ်ခြား လောက်ပေါ့ဗျာ အော်ဒါနဲ့ မီးဖိုပေးက ပြုတ်ထားသောအိုးကိုချလိုက်တာနဲ့ တပြိုင်နက်ထည်း မငုံလိုက်နဲ့နော် တော်ကြာ အပူတွေလောင်ကုန်အုံးမယ် ကိုယ်ခံနိုင်လောက်မဲ့ အပူချိန်လောက်ပဲ ငုံ , ငုံသောရှောက်ရွက်ပြုတ်ရည် သည် အေးစက်စက်ဖြစ်နေလို့မရဘူးနော် နွေးနွေးလေးလောက်တော့ ရှိနေရမယ်
နောက်ထက်တစ်ချက် ရှောက်ရွက်က အစစ်ဖြစ်ရမယ်နော် ရှောက်ရိုင်းတွေသီးတဲ့ ရှောက်ရွက်ဆို မရဘူး သယ်ရင်းတို့ ကျွန်တော်တို့ စာသုံးတဲ့အခါမှာမွှေးကြိုင်အောင်ထည့်တဲ့ အရွက် ရှောက်ရွက်စစ်စစ် ဖြစ်ရမယ် နော်
ကဲဒါဆိုသယ်ရင်းတို့ရေ ကျွန်တော်ပြောတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ သယ်ရင်းတို့ရဲ့ သွားကိုက်နေတဲ့ဝေဒနာက အရှင်းလုံးလုံးမပျောက်ရင်တောင်မှ သွားကိုက်ခံစားရတဲ့ ဝေဒနာကတော့ အနည်းအကျင်းတော့ သတ်သာလာပါမယ် ကျွန်တော်လဲ ဖြစ်ဖူးလို့ သူများပြောတဲ့အတိုင်း စမ်းကြည့်တာလေ သတ်တော့သတ်သာပါတယ် ထို့ကြောင့်သယ်ရင်းတို့ကိုလဲ ပြန်မျှဝေပေးခြင်းဖြစ်ပါသည်
သွားကိုက်ရင် ဖင်ဘူးထောင်းထောင်ပြီးအော်နေကြသောသယ်ရင်းတွေရေ စမ်းကြည့်လုပ်ကြည့်လိုက်ကြပါနော်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထာဝရချစ်ခင်လေးစားနေပါသော ရဲရင့်ရထာ

0 ကွန်မန့်ရေးရန်:

Post a Comment