Wednesday, June 6, 2012

တောင်ကုတ်မြို့အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအား စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့လယ်တွင် တောင်းဆို

Inbox
x

လင်းဇော်ထက် linnzawhtike@gmail.com




တောင်ကုတ်မြို့အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအား စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့လယ်တွင် တောင်းဆို
 မွန်းလွဲ ၁နာရီ ၅၈ မိနစ်၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်-YPI
 ယခုလ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ရန်ကုန်မြို့ ဆူးလေ ဆွန်နီဂျာမေးလ် ဗလီရှေ့တွင် လူ ၅၀၀ ခန့်စုဝေး တောင်းဆိုလျှက်ရှိသည်။  ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက စုဝေးနေသည့် လူအုပ်အား စိတ်ရှည်သည်းခံကြရန် လူမျိုးဘာသာရေး ခွဲခြားဆက်ဆံခံရမှုများအတွက် ထောင်ထဲတွင် နှစ်ရှည်လများ တိုက်ပွဲဝင်လာခဲ့ရကြောင်း၊ ငြိမ်းချမ်းစွာ သည်းခံဖို့၊ စိတ်ရှည်ဖို့ ဖျောင်းဖျပြောဆိုသွားသည်။  မွန်းလွဲ ၂ နာရီ ခန့်တွင် ကိုမြအေးမှာ ပြန်သွားပြီဖြစ်ကာ လူအင်အား ၅၀၀ ခန့်ထိရှိလာပြီး ဆန္ဒထုတ်ဖေါ်သည့် ဆိုင်းဘုတ်ငယ်များ၊ တောင်ကုတ်တွင် အသတ်ခံရသည့် ဓါတ်ပုံများအား ကိုင်ဆောင်၍ ပြသလျှက်ရှိသည်ဟု သိရသည်။  အစိုးရ အနေဖြင့် ယနေ့ထုတ် သတင်းစာနှင့် ရုပ်သံများတွင် ယခင်ရက်များက ရခိုင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သတင်းဖေါ်ပြထားကာ အရေးယူစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ။ YPI

0 ကွန်မန့်ရေးရန်:

Post a Comment