This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 6, 2013

ရန်သူနယ်မြေ အတွင်း ကင်းထောက် နိုင်သည့် ၈ လက်မ အရွယ်ရှိ BLACK HORNET မောင်းသူမဲ့ ရဟတ်ယာဉ်


 
လက်ဖဝါး ပုံစံရှိပြီး သေးငယ်သည့် ရဟတ်ယာဉ်ကို အမှတ်တမဲ့ ကြည့်ပါက ကလေးငယ်များ ကစားသည့် ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။ သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ် ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်အား Black Hornet ဟု အမည် ပေးထားပြီး ၈ လက်မ အရွယ် မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ အလေးချိန် ၁၅ ဂရမ် သာရှိ သည့် ၎င်းရဟတ်ယာဉ်၏ ထိပ်ဖျားတွင် ကင်မရာ သုံးခု တပ်ဆင် ထားသည်။

Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်သည် မီးခိုးရောင် ဖျော့ဖျော့ရှိပြီး အနက်ရောင် ဒလက် နှစ်ခု ပါရှိကာ ပြန်လည်အားသွင်း နိုင်သည့် သေးငယ်သော ဘက်ထရီ ပါရှိသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်အာွး GPS စနစ်ကို အသုံးပြု၍ ကွန်ပျူတာ ပရိုဂရမ်ဖြင့် အလို အလျောက် စစ်မြေပြင်သို့ စေလွှတ် ပျံသန်းစေခြင်း သို့မဟုတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ် ပျံသန်းခြင်း တို့ဖြင့် ရန်သူ၏ တည်နေရာ အခြေ အနေ တို့ကို ထောက်လှမ်း၍ စစ်အခြေစိုက် စခန်းသို့ ပြန်လာနိုင်သည်။

၎င်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် ရန်သူ စခန်းအတွင်းနှင့် ရန်သူ သိမ်းပိုက်ထားသည့် နယ်မြေများ အတွင်း ရန်သူ မသိအောင် ဝင်ရောက်၍ အနီးကပ် ထောက်လှမ်းကာ ဓာတ်ပုံများ ပေးပို့ နိုင်သည်။ Black Hornet မောင်းသူမဲ့ရဟတ် ယာဉ်အား ကွန်ပျူတာဂိမ်း စက်ကဲ့သို့ ထိန်းချုပ် ကိရိယာဖြင့် လွယ်ကူစွာ ထိန်းချုပ် မောင်းနှင် နိုင်သည်။ အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်သည် အလေးချိန် သုည ဒသမ ၅ အောင်စရှိပြီး အမြန်နှုန်း တစ်နာရီ ၂၂ မိုင်နှုန်းဖြင့် မိနစ် ၃ဝ ကြာအောင် ပျံသန်းနိုင်သည်။

၎င်းရဟတ်ယာဉ်ကို ဗြိတိန်နှင့် နော်ဝေနိုင်ငံ တို့က ပူးတွဲ ထုတ်လုပ်ထားပြီး Proxdynamics Pd-100 Personal Reconnaissance System ဟုလည်း ခေါ်သည်။ Black Hornet ရဟတ်ယာဉ်နှင့် ထိန်းချုပ် ကိရိယာကို ကျောပိုးအိတ် အတွင်း သယ်ဆောင်နိုင်သည်။

တာလီဘန် နယ်မြေ အတွင်းသို့ Black Hornet မောင်းသူမဲ့ လေယာဉ် စေလွှတ်၍ စမ်းသပ် ထောက်လှမ်းမှု ပြုခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ် ကင်းထောက် အဖွဲ့မှ တပ်မှူး ဗိုလ်မှူး အက်ဒမ် ဖိုဒန်က ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ် - မြဝတီ

အောင်ပန်း ရိုးမဘဏ် ဖောက်ထွင်းခံရ

 ရိုးမဘဏ် နှင့်ဘဏ်ဝန်ထမ်းများ ၊ ဓာတ်ပုံ- ရိုးမဘဏ်

~ ကြယ်ပြာ ~

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်နေ
သော ဘဏ်လုံခြုံရေးအား ဓားဖြင့်ထောက်၍ ဘဏ်သော့တောင်းခဲ့သည့် ၁၉ နှစ်အရွယ်ဆယ်ကျော်သက် တဦးအား ဖမ်းဆီးတရားဆွဲဆိုထားကြောင်း သိရသည်။ 

အောင်ပန်းမြို့နယ်ရဲစခန်းမှူး ဦးအောင်မင်းဦး ၏ ပြောကြားချက်အရ တရားခံသည် အေးသာယာ နည်းပညာ တက္ကသိုလ်မှ ကိုဇာနည်ဦးဆိုသည့် ကျောင်းသားတဦးဖြစ်ကြောင်း၊ ရိုးမဘဏ်ကနေ တရားလို 
ပြုလုပ်ပြီး ပုဒ်မ ၃၉၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

ဖြစ်ပွားပုံမှာ တရားခံသည် ယနေ့နံနက် ၂နာရီခန့်တွင် ခြံစည်းရိုးအားကျော်တက်၍ ပွင့်နေသောဘဏ် ၏ နောက်တံခါးမှနေ အထဲသို့ဝင်သွားကြောင်း၊ ဘဏ်ပေါ်ထပ်ရှိအလူမီနီယံတံခါးများအား ၎င်းယူဆောင် လာသော ဓားမြှောင်ဖြင့်ဖွင့်၍ ၀င်ရောက်ရှာဖွေရာ ငွေမတွေ့ခြင်း ကြောင့် စတိုခန်းထဲမှ ကပ်ကြေးများကို ယူဆောင်က ဘဏ်အောက်ထက်ရှိ ငွေတိုက်အား ယင်းကိရိယာများဖြင့် ဖောက်ခြင်း ဖြစ်သည်။ 

ဝက်အူရစ်များအားဖြုတ်နိုင်ခဲ့သော်လည်း ငွေတိုက်အားဖောက်ဝင်နိုင်ခြင်းမရှိသည့်အတွက် ဘဏ်အနောက် ဖက် အစောင့် အိမ်ထဲတွင် ရှိနေသောလုံခြုံရေးအား ဓားဖြင့်ထောက်၍ ငွေတိုက်သော့တောင်းကြောင်း၊ ဓားလွတ် ကျသွားခဲ့သောကြောင့် လုံခြုံရေးက ပြန်လည်ခုခံသည့်အတွက် ထွက်ပြေးသွားခဲ့သည်။ 

" သူဘာမှရမသွားရှာပါဘူး စီမံဌာမှူးရုံးခန်းထဲက ပိုက်ဆံ ၁၇၀၀၀ဘဲရသွားတယ်၊ ဆိုင်ကယ်စီးချင်လို့ ဘဏ်တိုက်ဖောက် ရတာပါလို့ ၀န်ခံချက်ပေးထားပါတယ်၊ လူငယ်လေးတွေ ဒီလိုမျိုးဖြစ်ရတာ စိတ် မကောင်းဘူး" ဟု စခန်းမှူး ဦးအောင်မင်းဦး ကဆိုသည်။ 

ထွက်ပြေးသွားသော တရားခံအား ဘဏ်ရှေ့ရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် ညဘက်ရဲလှည့်ကင်းများ ကနေ လိုက်လံဖမ်းစီးရာ ဘဏ်ထိပ်ကုန်းမြင့်ပေါ်တွင်ရှိသော ထော်လာဂျီပေါ်တွင်ပုန်းအောင်းနေခဲ့ကြောင်း၊ တဖန် ဘဏ်အောက် ဘက်သို့ ပြန်ပြေးဆင်းလာပြီး ကားလမ်းမအောက်ရှိ ရေသွယ်မြောင်းထဲသို့ ၀င်သွားသည့် အတွက် အ၀နှစ်ဖက်အားပိတ်ဆို့ ပြီး ဖမ်းခဲ့ရကြောင်း သိရသည်။ 

" တရားခံလိုက်ဖမ်းပေးလိုက်တဲ့လူတွေကို ဘဏ်တွေကနေ ဆုချလိုက်တာ ၁၂ သိန်းခွဲလောက်ရသွား တယ်" ဟု အောင်ပန်းမြို့ ဈေးလူကြီးတဦးဖြစ်သူ ဦးမိုးကျော်ကပြောသည်။ 

ယင်းကဲ့သို့ ရိုးမဘဏ်အလွယ်တကူဖောက်ထွင်းခံလိုက်ရသည့်အတွက် ဘဏ်များအနေဖြင့် တုန်လှူပ်သွား ခဲ့ကြောင်း၊ ရိုးမဘဏ်၊ကမ္ဘောဇဘဏ်၊AGDဘဏ်၊CBဘဏ်နှင့်အခြားအဖွဲ့အစည်းများကနေ တရားခံဖမ်းပေး ခဲ့သူများအား မြို့နယ်ခမ်းမတွင် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

SKYPE မှ video နှင့် အသံ ကို record လုပ်ရန်


How to Record Skype Video Calls

 
skype သုံးတဲ့ သူငယ်ချင်းတွေအတွက်ပါ
မိမိရဲ့ ဟိုဒင်း ဟိုဟာ လေးတွေနဲ့ ချက်ကြတဲ့အခါ အလွမ်းပြေပြန်ကြည့်ချင်ကြမယ်
အလွမ်းပြေ အသံလေးတွေ ပြန်နားထောင်ချင်ကြမှာပါ
အခု့ ဒီဆော့ဝဲလေးကအဲဒါလေးကို အကူအညီပေးပါတယ်
သုံးကြည့်ပါ ဒီဆော့ဝဲလေးက ရုပ်ချည်းပဲ လိုချင်သလား အသံလေးပဲလိုချင်တာလား ရုပ်ရော အသံရော
လိုချင်တာလား မိမိလိုချင်တာလေးကိုရွေး ပြီး လုပ်နိုင်အောင်ကူညီပေးပါမယ်
 လိုချင်ရင်အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်

ဒေါင်းရန်


Today I'm gonna give you another free tools which allows you to record Skype video calls. This free tool will helps you to record important Skype conversation like client, lecture (conversation ) etc...

Free Video Call Recorder for Skype, This freeware tool helps you to record Skype video calls easily. This software works in three ways,

How to Record Skype Video Calls

1) Picture in Picture (Record audio and video of both sides of conversation)
2) Only Video Of Other Side (Record the both audio and video of other side)
3) Only Audio (Record audio of both 2 sides)

Click Here to Download Free Video Call Recorder for Skype
ကိုလတ်(ကျွဲဆင်း)