This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, November 15, 2012

ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီးတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

Kotoke Gyi shared Tun Wai's photo.
ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီးတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

USS George Washington (CVN 73)

https://www.facebook.com/pages/USS-George-Washington-CVN-73/177732872397

USS John C. Stennis (CVN 74)

https://www.facebook.com/stennis74?ref=ts&fref=ts

----- ----- ----- ----- -----

ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး

ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။

အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေး စုံ ထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။ ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။

အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်း တော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေး ခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့် မပေး နိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘား မား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။

စိုင်းနေမင်း (တင်ပြသည်)

Credit : ခေတ်ပြိုင်ဂျာနယ်
ကိုဇော်ဝင်း ကိုထွန်းဝေ

USS Geor
ge Washington (CVN 73)

တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

      မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများ ပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်းပိုင်းကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့ လူကုန် ကူးခံရကာ (၂)လ၀န်းကျင်ကြာမြင့်ပြီးမှ ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် လူကုန်ကူးခံရသည့် အဖြစ်အပျက်မှ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသုတစ်ဦး၏ ပြောပြချက်များအား သိရှိနိုင် ရန် ဖော်ပြအပ်ပါသည်။

မို့မို့
အသက် (၃၂)နှစ်
ယောင်္ကျားအလုပ်က အိမ်တွေကို ဆေးလိုက်သုတ်ရတာဆိုတော့ မိုးတွင်းဆိုရင် အလုပ်ကမရှိဘူး။ အဲ့ဒါနဲ့ မစိုးဆိုတဲ့ အစ်မဆီက ပိုက်ဆံတွေ ခဏခဏ ယူချေးမိတယ်။ ကြာတော့ ပိုက်ဆံအကြွေး (၃)သောင်း လောက်ရှိသွားတယ်။ ကိုယ်က ပြန်လည်း မဆပ်နိုင်ဘူး။ သူက တရုတ်ပြည်မှာ အိမ်ဖော်
လုပ်မလားတဲ့။ တရပ်ကွက်သားချင်းဆိုတော့ သူ့ကိုလည်း ယုံတယ်လေ။
ဒီလိုနဲ့ ၈လပိုင်း (၂၂)ရက်နေ့က မစိုးနဲ့ လားရှိုးကို လိုက်သွားတယ်။ ဘာမှမပူနဲ့။ စားပြီးသောက်ပြီး (၂)သိန်းရမယ်ဆိုလို့ မစိုးပြောတဲ့စကားကို ယုံပြီး ယောင်္ကျားသဘောမတူတဲ့ကြားကနေ လိုက်သွား ခဲ့တယ်။ ရန်ကုန်ကနေ လာရှိုးကို ကျွန်မ ခရီးဆက်ခဲ့တယ်။

သားအိမ်အစစ်ခံရတယ်-
ကျွန်မတို့ လားရှိုးကနေ မင်းတိန် ရောက်တော့ ပွဲစားမိန်းမတွေ (၆)ယောက်လောက်ကို တွေ့ရတယ်။ သူတို့က ကျွန်မ အိမ်သာသွား ရင်အိမ်သာ၊ ထမင်းစားရင်လည်း အမြဲစောင့်ကြည့်နေတယ်။ ပြီးတော့ သူတို့ က အဲ့ဒီမှာ ကျွန်မကို ကလေးမွေးနိုင်၊ မမွေးနိုင် ဗိုက်ကိုစစ်တယ်။ သားအိမ်ကိုစစ်တယ်။ တစ်ကိုယ်လုံးကို စက်တွေနဲ့ စစ်ဆေးတယ်။ ကျွန်မကို ဓါတ်ပုံရိုက်ယူတယ်။ ကျွန်မစိတ်ထဲမှာ ထင်နေပြီ… သူတို့တွေ က လူကုန်သည်ပွဲစားတွေလားလို့ စိတ်ထဲမှာ သံသယရှိနေပြီ။ နောက်တော့ ကျွန်မ သိလိုက်တယ် သူတို့တွေက လူပွဲစားတွေဆိုတာ။တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်တယ်
ကျွန်မကို ဖုန်းတွေနဲ့လည်း အရောင်းအဝယ်လုပ်နေတာ ကြားတယ်။ အဲ့တာနဲ့ ကျွန်မ ထွက်ပြေးဖို့ လုပ်တယ်။ ဘယ်ထွက်ပြေးလို့ရမလဲ.. သူတို့မိသွားတယ်။ ကျွန်မကို သူတို့တွေက ရိုက်နှက်တာ တွေလုပ်တယ်။

     နောက်တော့ ပွဲစားမိန်းမတွေက ကျွန်မလက်ထဲကို တရုတ်ဖုန်းတစ်လုံး လာထည့်ပေးတယ်။ သူတို့နဲ့ ဆက်သွယ်လို့ရအောင်တဲ့။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်တယ်။ ကျွန်မရောင်းစားခံရပြီ။ ကျွန်မသူတို့ တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ ကျွန်မ အရမ်းခံစားရတယ်။ ကျွန်မဘာမှ မစားနိုင်တော့ဘူး။ ငါတော့ သေရတော့မှာပဲဆိုပြီး ငိုပဲငိုနေခဲ့တယ်။ ကျွန်မကိုဝယ်တဲ့ တရုတ်ကြီးက အသက်က (၃၇)နှစ်လောက်ရှိပြီ။ သူ့အိမ်ကိုရောက်သွားတော့ သူ့အမေရယ်၊ သူ့ညီရယ်ရှိတာတွေ့ရ တယ်။
စောင့်ရှောက်ရေးဂေဟာမှာ သောင်တင်နေတယ်
သူ့ဆီရောက်လို့ (၄)ရက်မြောက်နေ့မှာ သူက ကျွန်မကို လက်ဟန်ခြေဟန်နဲ့ အပြင်သွားဖို့ခေါ်တယ်။ ဒီလိုနဲ့ မြို့ထဲရောက်တော့ သူက ယောင်္ကျားလေးအိမ်သာထဲကို ၀င်သွားတယ်။ ကျွန်မလည်း ထွက်ပြေးဖို့ စိတ်ကူးရသွားတယ်။ နီးစပ်ရာ သတင်းစာရောင်းနေတဲ့ တရုတ်ကြီးတစ်ယောက်ကို ကျွန်မ ခြေဟန်လက်ဟန်နဲ့ ငိုပြီးပြောပြတယ်။ အဲ့ဒါနဲ့သူက တရုတ်ရဲကို ဖုန်းဆက်ပေးတယ်။

     တရုတ်ရဲ ရောက်လာတယ်။ ကျွန်မကို စခန်းကို ခေါ်သွားတယ်။ ကျွန်မကိုမေးတဲ့အခါမှာ ကျွန်မကို ၀ယ်တဲ့ တရုတ်ကြီးကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားတာရှိတယ်လေ။ အဲ့ဒါကို ပြလိုက်တယ်။ သူတို့က အဲ့ပုံကို ဖျက်ပစ်တယ်။ ကျွန်မကို ပွဲစားမိန်းမတွေဆီကို ဖုန်းခေါ်ခိုင်းတယ်။ ပွဲစားတွေက ဖုန်းကို ချချပစ်တယ်။ လုံးဝမကိုင်ဘူး။ အဲ့ဒါနဲ့ တရုတ်ရဲတွေက မူဆယ်နယ်စပ်ဂေဟာကို လိုက်ပို့ပေးတယ်။
အဲ့ဒီမှာ (၁၅- ၁၆)အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ် တောင်မမှတ်မိချင်ဘူး။ ဦးနှောက်ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင် ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများထိန်းသိမ်းစောင့်ရှောင်ရေး ဂေဟာမှာ သောင်တင်နေတဲ့
လူတွေလည်း အများကြီးပဲ။အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေအများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည်လို့ လူကုန် ကူးခံရတဲ့ သူတွေကြီးပဲ။

(၂)လတာ ငရဲခန်း
“ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း ” ဆိုတဲ့ ဂေဟာမှာတွေ့တဲ့ဆောင်ပုဒ်လေး တိုင်းပါပဲ။ ဒါ့ကြောင့် ကျွန်မကိုယ့်နိုင်ငံမှာ လက်လုပ်လက်စားပဲလုပ်ရလုပ်ရ ရှာဖွေစားတော့မယ်။ လူကုန်ကူးတဲ့ ပွဲစားတွေကိုလည်း များများဖမ်းစေချင်တယ်။ အမျိုးကောင်းသမီးလေးတွေကို မပျက်စီးစေချင်ဘူး။ ကိုယ့်နိုင်ငံမှာ ရှိတဲ့အလုပ်တွေကိုပဲ ရှာဖွေစားသောက်ကြပါ။ သူများနိုင်ငံဆိုတာက မလုံခြုံပါဘူး။ အထင်မကြီးစေချင်ဘူး။ ကျွန်မလည်း ကျွန်မကို လူကုန်ကူးခဲ့တဲ့ ပွဲစားတွေကိုလည်း တိုင်ချက်ဖွင့် ထားတယ်။ ၂၂ရက်နေ့ ၈လပိုင်းက လိုက်သွားခဲ့တာ။ အခု ၂၁ရက်နေ့ ၁၀လပိုင်းမှာ ပြန်ရောက် လာတာပါ။ ၂လနီးပါးကြာ ခဲ့ပါတယ်။မြန်မာပြည်မှာပဲ အလုပ်လုပ်တော့မယ်အခု ကျွန်မစိတ်ကူးထားတာက ၁ ပတ်လောက်နားပြီးရင် ယောင်္ကျားနဲ့ အလုပ်လုပ်မယ်လို့ စိတ်ကူး ထားပါတယ်။

လူကုန်ကူးခံရမှုမှာ လက်ရှိအချိန်တွင် မြို့ပေါ်မှ မိန်းကလေး မျာသာမက ယောင်္ကျားလေးများပါ လူကုန်ကူးခံနေရကြောင်း လူကုန်ကူးမှုကာကွယ်တာဆီးရေးအဖွဲ့များထံက သိရသည်။
“ အရင်တုန်းကဆို အသိပညာနည်းပါးတဲ့ တောရွာတွေက လူတွေပဲလူကုန်ကူးခံရပေမယ့် အခုဆိုမြို့တွေက လူတွေပါ လူကုန်ကူးခံနေရတယ်။ မိန်းကလေးတွေ အများစု လူကုန်ကူးခံရတာကို လူတွေသိပေမယ့် နယ်စပ်ဘက်တွေကနေတဆင့်သွားတဲ့ ယောင်္ကျားလေးတွေလည်း လူကုန်ကုးခံ နေကြရတာတွေ အများကြီးရှိပါတယ် ” Youth Legal Clinic အဖွဲ့မှ ဒေါ်လှလှရီက ပြောသည်။

မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုဗဟိုမှ စာရင်းများအရ သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရမှ ချမှတ်ထားသော one Child ပေါ်လစီ ကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာတွင် ယောင်္ကျားလေးသာ အယူများနေပြီး တရုတ် ပြည်တွင် သတို့သမီး သန်း(၂၀၀) ၀န်းကျင်လိုအပ်လျက် ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကို ထိရောက်စွာအရေးယူမှုမပြုလုပ်သည့် အတွက် မြန်မာနိုင်ငံသူနိုင်ငံ သားတို့၏ လုံခြုံရေးကို မိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဆိုထား သည်။
ယမင်း(မြစ်မခ)
Myit Makha Mediagroup

မြန်မာ့လေကြောင်း ခရီးသည်တင်လေယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့အရေးပေါ် ပြန်လည်ဆင်းသက်

မြန်မာ့လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရန်လေကြောင်းတွင် ပျံသန်းလျှက်ရှိသော
F-28 အမျိုးအစား လေယာဉ် တစ်စီးကို တွေ့မြင်ရစဉ်

မြန်မာ့လေကြောင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးသည် နိုဝင်ဘာလ ၁၃ရက်နေ့ နံနက်က စက်ချို့ယွင်းမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းမှ ခရီးစဉ် အမှတ် UBA-663၊ F-28  ခရီးသည်တင်လေယာဉ်သည် ရန်ကုန်-နေပြည်တော်-မန္တလေး-ဟုမ္မလင်း-မုံရွာခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၇နာရီ တွင် ထွက်ခွာခဲ့ရာ နေပြည်တော် လေဆိပ်သို့ အရောက်စက်ချို့ယွင်းမှုကြောင့် ဆင်းသက်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရ ကြောင်း သိရသည်။

"Technical error ကြောင့်လို့ ပြောရမှာပါ။ နေပြည်တော် လေဆိပ်မှာ ဆင်းလို့မရတဲ့အတွက် ရန်ကုန် လေဆိပ်ကို ပြန်လှည့်ခဲ့ရပါတယ်။ ရန်ကုန်လေဆိပ် အရောက်မှာတော့ Safety Landed အဖြစ် ဆင်းသက်နိုင်ခဲ့ပါတယ်" ဟု မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီး တစ်ဦးက ပြောပြခဲ့သည်။

အဆိုပါလေယာဉ်တွင် ခရီးသည် ၅၆ဦးနှင့် လေယာဉ်အမှူထမ်း ၅ဦး ပါဝင်ခဲ့ပြီး၊ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိအပြီးတွင်၊ မြန်မာ့လေကြောင်းမှ အခြားလေယာဉ်တစ်စီးဖြင့် ခရီးသည်များအား ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် F-၂၈ လေယာဉ် ၃စီး၊ MA-60 လေယာဉ် ၃စီး၊ ATR ၃စီး၊ Beech-1900D လေယာဉ် ၂စီးဖြင့် ခရီးစဉ်များကို ပြေးဆွဲလျက် ရှိသည်။

အဆိုပါလေယာဉ်များ အနက် F-၂၈ လေယာဉ်များမှာ သက်တမ်းကြာမြင့်ပြီဖြစ်သည့်အတွက် အမေရိကန်နိုင်ငံ GE Capital Aviation Services မှ လေယာဉ်၂စီးအား  အငှားဝယ်ယူစနစ်ဖြင့် ၀ယ်ယူထားပြီး၊ အဆိုပါ လေယာဉ်များအနက် ၁စီးမှာ ဒီဇင်ဘာ ၂၇ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သတင်းရရှိပါသည်။
 elevenmediamgroup
(အမုန်းတော်ခံ)

အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်း

Maung Lwin shared Aye Chan Mon's photo.
‎"အိမ်ထောင်မူ့ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ကျောင်းထိုင်ပင့် မြတ်သံဃာ၊ စာချုပ်ရန် ခက်သည့်အမျိုး။"

အိမ်ထောင်များ အဘယ်
ကြောင့်ပျက်ရသနည်း? ဒီမေးခွန်းရဲ့ အဖြေကိုတော့ လူတိုင်းသိချင်ကြမှာပါ။ (အထူးအားဖြင့် အိမ်ထောင်ရှင်များ) တကယ်တမ်းတော့ တစ်ယောက်နဲ့ တစ်ယောက်ချစ်လို့ အိမ်ထောင်ကျခဲ့ပြီးပြီးပဲ၊ ဘာလို့များအိမ်ထောင်တစ်ခုကိုလွယ်လွယ်လေးနဲ့ ဖျက်စီးတတ်ကြသလဲတော့မပြောတတ်ပါဘူး။ သူ့အကြောင်းနဲ့သူတော့ရှိကြမှာပါပဲ။ ဒီနေရာလေးမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုရာဝယ် ရှေးဘ၀က အတူတကွနေထိုင်ပေါင်းသင်း သီတင်းသီလတူမျှစွာ ပြုခဲ့ဖူးခြင်း၊ မျက်နှာမြင်ချစ်ခင်ပါစေဟု သူ၏ကောင်းမူတစ်ခုခု၌ ဆုတောင်းပြုခဲ့ခြင်း၊ ယခုမျက်မှောက်ဘ၀၌ သူ၏အကျိုးစီးပွား လိုလားဆောင်ရွက်ပေးမူပြုခြင်းဟူသောအကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံ၍ ချစ်ခဲ့ရတာပါ။ ချစ်ခြင်းရဲ့လမ်းမပေါ်ရောက်ဖို့ ဒီလမ်းကြောင်းသုံးသွယ်က ထွန်းပြပေးခဲ့တာပေါ့။ ဒီအဆင့်ကိုကျော်ဖြတ်ပြီးမှ အိမ်ထောင်သည်ဘ၀သို့ ရောက်ရတာပါ။ တစ်ချို့တွေလည်း အိမ်ထောင်သည်ဘ၀မရောက်ခင် ချစ်သူ့ဘ၀နဲ့ပဲ လမ်းခွဲသွားရတယ်၊ တစ်ချို့ကြတော့လည်း ချစ်သူသမီးရည်းစားဖြစ်ကတည်းကအိမ်ထောင်ဘက်အဖြစ်ထိရွေးချယ်သွားကြတာတွေလည်းရှိပါတယ်။ စာဖတ်သူကတော့ ထင်ကောင်းထင်ပါလိမ့်မယ်၊ စာရေးသူကအချစ်ကြောင်းတွေသိနေပါလာပေါ့၊ စာရေးသူလည်းအချစ်ရှိပါတယ်၊ ချစ်တာခြင်းတော့တူချင်မှတူမှာပါ။ အချစ်ကလည်းသုံးမျိုးတောင်ရှိတာ၊ ၁။ ချစ်သူအချစ်(တဏှာပေမ) မိသားစုအချစ်(ဂေဟသိတပေမ) ပါရမီအချစ်(မေတ္တာပေမ)ဆိုပြီး သုံးမျိုးရှိပါတယ်။ လူသားတိုင်းအချစ်နဲ့မကင်းကြပါဘူး၊ ဒါပေမယ့်ချစ်ပုံချစ်နည်းလေးတွေတော့ကွာသွားတတ်ကြပါတယ်။ ချစ်သူအချစ်ဆိုတာက ချစ်သူအချင်းချင်းချစ်တာ၊ ဇနီးမောင်နှံအချင်းချင်းချစ်တာ အဲဒီလိုအချစ်မျိုးကိုချစ်သူအချစ်လို့ခေါ်တာပါ။ မိသားစုအချစ်ဆိုတာက ကိုယ့်ရဲ့မိသားစုအချင်းအချင်း၊ ဆွေမျိုးသားခြင်းချစ်တာကို မိသားစုအချစ်လို့ခေါ်ပါတယ်။ ပါရမီအချစ်ဆိုတာက ကိုယ်ကနေသူ့ကို ကုသိုလ်ရအောင်လုပ်ပေးတာမျိုး၊ သူကလည်း ကိုယ့်ကို ကုသိုလ်ရအောင်လုပ်ပေးတာမျိုးကိုပါရမီအချစ်လို့ခေါ်ပါတယ်။ ပြောချင်တာကတော့ ကိုယ်ကုသိုလ်ဖြစ်အောင်သူကဖန်တီးပေးတယ်၊ ကိုယ်ကလည်းတစ်ဖန်းသူကုသိုလ်ဖြစ်အောင်ဖန်တီးပေးတယ်၊ တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ကျေးဇူးပြုနေတဲ့အချစ်မျိုးကိုပါရမီအချစ်လို့ခေါ်ပါတယ်။ စာရေးသူမှာဘာအချစ်ရှိသလဲလို့ ကိုကိုယ့်ကို မေးကြည့်လိုက်ပါတယ်……..း) အချစ်အကြောင်းအစပျိုးနေတာနဲ့ ပြောချင်တဲ့ဆီမရောက်ဘဲနေလိမ့်မယ်။ အချစ်ကိုအထင်မသေးပါနဲ့၊ အချစ်က နိဗ္ဗာန်အထိအကျိုးပေးနိုင်ပါတယ်၊ ပဋ္ဌာန်းပစ္စည်းနဲ့တွက်ကြည့်မယ်ဆိုရင် အချစ်ကိုအကြောင်းပြု၍ ဒါနတွေပြုမယ်၊ သီလတွေဆောက်တည်မယ်ဆိုရင်နိဗ္ဗာန်အထိရောက်နိုင်ပါတယ်။ မိမိက အိမ်ထောင်သည်ဘ၀ရောက်နေသူဖြစ်လျှင် နကုလပိတာနကုလမာတာတို့၏နည်းကို အမြဲတမ်းရင်ထဲမှာထည့်ထားဖို့လိုပါတယ်။ သူတို့နည်းလမ်းလေးက-၁။ တူမျှသော သဒ္ဓါတရားရှိရမယ်၊ ၂။ တူမျှသော သီလတရားရှိရမယ်၊ ၃။တူမျှသော စာဂတရားရှိရမယ်၊ ၄။တူမျှသော ပညာတရားရှိရမယ်။ တကယ်တမ်းတော့ အကြင်ဇနီးမယားအဆင့်အထိတောင်ရောက်လာပြီးပြီး ၊တစ်ယောက်နဲ့တစ်ယောက်က များသောအားဖြင့်အကျင့်စရိုက်ခြင်းတူတာတော့များမှာပါ။ နောက်တစ်ခုက သိင်္ဂါလောဝါဒသုတ်မှာလည်း မယားကျင့်ဝတ်၊လင့်ကျင့်ဝတ်စသည့်ဖြင့် ရှိပါသေးတယ်။ ဒါလေးတွေကဗုဒ္ဓဘာသာရူထောင့်ဘက်ကနေ တင်ပြပေးထားတာပါ။ မိမိကဗုဒ္ဓဘာသာပဲ နည်းလမ်းတွေကိုသိနေတာပဲ သိသည့်အလျှောက်ကျင့်သွားမယ်ဆိုရင် မိမိရဲ့မိသားစုဘ၀လေးကပျော်ရွှင်စရာကောင်းသွားမှာပါ။ ဒီလိုဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကွဲနိုင်စရာ သို့မဟုတ် ပြိုကွဲနိုင်စရာမရှိတော့ပါဘူး။ မိတ္တဗလဋီကာ-မှာ အကြင် လင်နှင့်မယားတို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင် နည်း (၇) နည်းကိုလည်းတင်ပြပါဦးမယ်။

၁။နားပူနားဆာ မလုပ်နှင့်။

၂။အကြင်လင်မယားတို့သည် တစ်ဦးကိုတစ်ဦး ငြီးငွေ့အောင် မလုပ်သင့်။

၃။ဆူပူကြိမ်းမောင်းခြင်း မပြုနှင့်။

၎။စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်။

၅။တစ်ဖက်သားကို ကြင်နာယုယပါ။

၆။ရိုသေ လေးစားပါ။

၇။အိမ်ထောင်သည်တို့၏ ရာဂစိတ်ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို ဖတ်ပါ။

ဒီ (၇)နည်းအတိုင်းကျင့်သွားမယ်ဆိုရင်လည်း မိမိအိမ်ထောင်ရေး ပြိုမကွဲနိုင်ပါဘူး။ အကယ်၍သာ ဒီလိုမလုပ်သွားရင်တော့ တစ်ယောက်နဲ့တစ်ယောက်ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လင်နှင့်မယား (မိန်းမကိုစိတ်ကြည်ကြည်လင်လင်ထားတတ်လို့ လင်လို့ခေါ်ပြီး၊ ယောက်ျားကို မယားအောင်ထားတတ်လို့ မယား သို့မဟုတ် မိန်းမက ယောက်ျားကို မာယာသုံးပြီး ချစ်တတ်လို့ မယားလို့ ခေါ်သတဲ့) လျာနှင့်သွားဆိုသလိုပေါ့ မိမိတို့ကပုထုဇဉ်တွေပဲ တစ်ခါတလေးမှားတာတော့ မှားနိုင်ပါတယ်၊ အမှားကြီးမမှားမိဖို့တော့လိုတာပေါ့။ ပြောချင်တာက အိမ်ထောင်ရေးပြိုကွဲသွားလောက်တဲ့အထိမမှားမိဖို့ပါ။

(မိတ္တဗလဋီကာ-ဦးနု)အောက်ပါမေးခွန်းများကို သင်ကိုယ်တိုင်ဖြေနိုင်လျှင် အကျိုးရှိပေလိမ့်မယ်။ “ဟုတ်ကဲ့” ဟုဖြေနိုင်သော အဖြေတိုင်းကို အမှတ်(၁၀)ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်သည် အမှတ်မည်မျှ ရသည်ကို တွက်ကြည့်ပါ။ အိမ်ထောင်သည် ယောက်ျားတိုင်း မိန်းမတိုင်း အောက်ပါမေးခွန်းများအနက် မိမိတို့နှင့်ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ်(၁၀၀)မရသေးချင်း မလျော့သော လုံ့လဖြင့် အမှတ်(၁၀၀)ရနိုင်အောင်ကြိုးစားနိုင်ကြပါစေ…….

[ယောကျာ်းများအတွက်]

၁။သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးအစ လက်ဆောင်ကလေးအစ ပေးလျှက်ရှိပါသေးသလား။ မညားမီကကဲ့သို့ သင်၏မိန်းမအပေါ်တွင် ကြင်ကြင်နာနာနှင့် ယုယပိုက်ထွေးခြင်း ရှိပါသေးရဲ့လား။

၂။အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင်ဆူပူကြိမ်းမောင်းခြင်းမျိုးမှ အထူးဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။

၃။သူ သဘောကျသလို သုံးစွဲနိုင်ရန် သင့်မိန်းမကို အိမ်စရိတ်အပြင် ငွေပိုများ ပေးပါရဲ့လား။

၎။သင့်မိန်းမ၏အလိုဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင်ကြိုးစားပါရဲ့လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းနယ်လျှက်ရှိသောအခါ၌လည်းကောင်း၊ စိတ်မအီမသာဖြစ်နေသည့်အခါ၌လည်းကောင်း သင်သည် သင့်မိန်းမကို အကူအညီပေးပါရဲ့လား။

၅။သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ၍ သင့်မိန်းမနှင့် အတူတူကြည်ဖြူစွာ နေထိုင်ပါရဲ့လား။

၆။သင့်မိန်းမ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမူသည် သင့်မိခင်သို့မဟုတ် ကိုဖြူ့မိန်းမ၏ အချက်အပြုတ်အိမ်ထောင်ထိန်းသိမ်းမူထက် ညံ့သည်ဟု မပြောဘဲ ပို၍ကောင်းသည်ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။

၇။သင့်မိန်းမ ဖတ်ကြားသော စာအုပ်များ၊သင့်မိန်းမ၏အပေါင်းအဖော်များ၊မြို့ရွာအရေးနှင့်စပ်လျဉ်း၍ သင့်မိန်းမ၏ ယူဆဆချက်များအပေါ်တွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့လား။

၈။သင်သည် သ၀န်ကြောင်သော စကားမျိုးကို မသုံးဘဲနှင့် သင့်မိန်းမအားအခြား ယောက်ျားများနှင့်အတူ စကားပြောဆိုသည်ကိုလည်းကောင်း၊ မိတ်ဆွေတို့ဘာဝ ဂရုတစိုက်ပြုစုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား။

၉။အခွင့်အလမ်းများ ပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့်မြှောက်စားရန်အတွက် သင့်မှာ အသင့်ရှိပါရဲ့လား။

၁၀။သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ်ပေါက်နေသည် ဖာပေးခြင်း၊သင့် အ၀တ်အစားများကို ဖွပ်လျှော်ပေးခြင်းစသော အလုပ်ကလေးများအတွက် သင်သည် သင့်မိန်းမကို ကျေးဇူးတင်စကားများ ပြောကြားပါရဲ့လား။

[မိန်းမများအတွက်]

၁။သင့်ယောက်ျား၏ အလုပ်တွင် ၀င်မစွက်ဘဲ သီးသန့်နေပါရဲ့လား။ သူ့အပေါင်းအသင်းများကို ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘယ်သူဟာလူရူပ်ပဲ အစရှိသည်ဖြင့် အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကိုခန့်ထားရာ၌ ၀င်ရောက်ပြောဆိုခြင်း၊ သူသွားလာလည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။

၂။သင့်နေအိမ်နှင့်တကွ သင့်အပေါ်တွင် သင့်ယောက်ျားသည် စိတ်ဝင်စားနေအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။

၃။”ယနေ့တော့ ဟိုဟင်းကြီးကို စားရဦးတော့မှာပဲ” ဟူ၍ စိတ်ထဲမှာ မတွေးတောနိုင်အောင် စားဖွယ်သောက်ဖွယ်အမျိုးမျိုးတို့ကို သင်ကိုယ်တိုင် စီမံ၍ သင့်ယောက်ျားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။

၎။သင့်ယောကျာ်းသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင်အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အကြောင်းကို သင်သည် လေ့လာပါရဲ့လား။

၅။စီးပွားပျက်သောအခါ “ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူလုပ်ပုံကိုက ဒီလိုဖြစ်မှာပေါ့ “အစရှိသည်ဖြင့် သင့်ယောက်ျားကို ဆူပူခြင်း မလုပ်ဘဲအေးအတူ ပူအမျှ ခံနိုင်သောသတ္တိသင့်မှာ ရှိပါရဲ့လား။

၆။သင့်ယောက်ျား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုးဥာတိများနှင့်သော်လည်းကောင်း သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် ကြိုးစားပါရဲံလား။

၇။အ၀တ်အစားဝတ်ရာ၌လည်း သင့်ယောက်ျားမကြိုက်သော အဆင်နှင့်အ၀တ်အစားများကို ရှောင်ရှားပြီးလျှင် သင့်ယောက်ျားကြိုက်သော အဆင်နှင့် အ၀တ်အစားများကို ၀တ်ဆင်ပါရဲ့လား။

၈။လင်မယားချင်း သင့်မြတ်စွာ ပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။

၉။သင့်ယောက်ျားနှင့် အားလပ်ချိန်များတွင် အတူနေနိုင်ရန် သင့်ယောက်ျားဝါသနာပါသော အားကစားများကို သင်ကိုယ်တိုင် သင်ကြာထားပါရဲ့လား။

၁၀။သင့်ယောက်ျား၏ ပညာပါရမီကို ကူညီသောအားဖြင့် နေ့စဉ်သတင်းထူးများ၊ စာအုပ်သစ်များ အကြံအစည်သစ်များကို သင်ကိုယ်တိုင်စုဆောင်းပေးပါရဲ့လား။

စာဖတ်သူရေ….အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်းဟူသည် မိမိက ဒီလိုအရည်းအချင်းတွေမရှိသေးလို့ဖြစ်ပါလိမ့်မယ်၊ အခုဆောင်းပါးသည် အိမ်ထောင်သည်ကိုကြည့်ရည်ရွယ်သည်မဟုတ် မိမိက လူလွတ်ဆိုလည်း ငါအိမ်ထောင်ကျရင် ဒီလိုအရည်အချင်းတွေရှိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကလေးကို မိမိရင်ထဲမှာထည့်ထားလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့အိမ်ထောင်ရေ ဘယ်တော့မှပျက်စီးနိုင်တော့မှာမဟုတ်ပါဘူး။ ဒီဆောင်းပါးလေးကို ဖတ်ပြီး အသိလေးတွေရရှိနိုင်ကြပါစေ..ရရှိသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ....

လပြည့်ဝန်း(သာစည်)

ကျမ်းကိုး။ ။ အင်္ဂုတ္တိုရ်ပါဠိတော်၊ပုညာဘိသန္ဒ၀ဂ်။

မိတ္တဗလဋီကာ(ဦးနု)

အေးချမ်းမွန်မှ ဓမ္မလမ်းပြကြယ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဓမ္မလမ်းပြကြယ်

Phone နဲ့ အင်တာနက်ဘယ်လောက်ဖိုးသုံးပြီးသွားပြီလည်း ဆိုတာကြည့်နိုင်တဲ့ 3G Watchdog v 0.38.4

             ရှေ့လလောက်ဆိုရင် ဖုန်းနဲ့ အင်တာနက်အသုံးပြုသူတွေကို MPT က နေ အင်တာနက်အသုံး
ပြုခကို ပြောင်းလည်း ကောက်ခံတော့မယ်လို့ သတင်းရထားပါတယ်ဗျာ။ အရင်တုန်းကတော့ အင်တာ
နက်အသုံးပြုခကို တစ်မိနစ်နှစ်ကျပ် ပေးရပါတယ်။ အခု ပြောင်းလည်းကောက်ခံပုံကတော့ Data အလိုက်
ပြောင်းလည်းကောက်ခံသွားမယ်လို့သိရပါတယ်။ သာမန် Chatting , Gmail နဲ့ ရိုးရိုးဘဲ Website တွေမှာ
သတင်းတွေလိုက်ဖက်ရုံဘဲဆိုရင်တော့ ယခင်ထက် သက်သာမှာပါ။ ဒါပေမယ့်အင်တာနက်ပေါ်ကFile တွေ
ကို ဒေါင်းလုပ်ဆွဲမယ်ဆိုရင်တော့ အသုံးပြုတဲ့ Data ပေါ်မူတည်ပြီး ကုန်ကျမှာပါ။ အဲဒါဆိုရင် အခုကျွန်
တော်တင်ပေးထားတဲ့ 3G Watchdog ဆိုတဲ့ Application လေးကတော့ အင်တာနက်ကို Data ဘယ်
အထိအသုံးပြုပြီးသွားပြီလည်းဆိုတာကိုဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီမှာဖော်ပြပေးထားတဲ့ Data ကို
ကြည့်ပြီး MPT က သတ်မှတ်ပေးမယ့် ဈေးနှုန်းနဲ့ မြှောက်လိုက်ရင် ကုန်ကျစရိတ် ကိုသိရမှာဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဖုန်းနဲ့ Download ဆွဲလိုက်  Upload တင်လိုက်နဲ့ဆိုတော့ သေပြီဆရာဘဲဗျာ။
Android Phone တွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

Download Password - pyaephyo.com
http://www.pcfreetime.com/images/download.gif

မိုးဟေကို တချိန်က ဘာ ပြောခဲ့ဖူးလဲ

ဓာတ်ပုံ-Myanmar celebrity.com

မိုးဟေကိုရဲ့ တခုသော မွေးနေ့ပွဲကို ထိုစဉ်က သူ့ချစ်သူ ကိုညီညီထွန်းက ကျင်းပပေးခဲ့တဲ့ ဗီဒီယို ပြကွက် ကလေးပါ။ 

ဒါ ကလည်း သူတို့ ၂ ဦး ချစ်ခရီး ၁ နှစ်ပြည့် အမှတ်တရအနေနဲ့ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ မိုးဟေကို ကတော့ သူ့ချစ်သူပုံရိပ်ကို ဘာတွေပြောထားလည်းဆိုတာ ပရိတ်သတ်များ နားလည်ခံစားသိရှိသွားနိုင် မှာပါ။ 

မိုးဟေကိုက သူ့ချစ်သူ ကိုညီညီထွန်းနဲ့ပတ်သက်လို့ ဘာတွေပြောထားလဲ။ 

တခါ ကိုညီညီထွန်းက မိုးဟေကိုနဲ့ ပတ်သက်လို့ ဘာတွေပြောထားလဲ ဆိုတာ အခု အောက်မှာပါရှိတဲ့ Violet Video Magazine ရဲ့ ဗီဒီယို တင်ဆက်မှုမှာ ကြားမြင်သိခွင့် ရကြမှာပါ။ 

အခုတော့သူတို့ ၂ ဦးဟာ ၂၀၀၉ ခုနှစ်က လက်ထပ်ခဲ့တာတွေနဲ့ အိမ်ထောင်ကြီး ရှိလို့ မိုးဟေကိုတို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ကွာရှင်းခဲ့ကြပြီဆိုတဲ့ အပြန်အလှန် ကြေညာချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

တချိန်က ဘယ်လိုတွေဖြစ်ခဲ့တယ်။

ဒီကနေ့ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ ဧရာဝတီ စာဖတ်သူများ သဲသဲကွဲကွဲ သုံးသပ်နိုင်မှာလည်းဖြစ် ပါတယ်။  

ဆက်စပ်သတင်းများ

မိုးဟေကိုက ခင်ပွန်းဟောင်းရဲ့ ကြေညာချက်ကို တုံ့ပြန်

မိုးဟေကိုရဲ့ နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက်ထွက်ပေါ်

အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ

သျှမ်းသံတော်ဆင့်
ကချင်ပြည်နယ် မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရတပ်များသည် KIO ဗဟိုဋ္ဌာ နချုပ် နယ်မြေအနီး သို့ ယနေ့ ချဉ်းကပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ABSDF ကျောင်းသားတပ်မတော် သတင်းရပ်ကွက် အဆိုအရ သိရသည် ။

ခမရ ၃၈၅ ၊ ၃၈၆ တပ်ရင်းများမှ တပ်အင်အား ၂၀၀ ၀န်းကျင်ခန့် KIO ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးသော မိုးလဲချောင်းအ နီးရှိ တိန်လုံရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းအနက် အင်အား ရ၀ ကျော်ခန့်က လိုင်ဇာဘက်သို့ ဆက် လက်ချီတက်လာကြောင်း သိရ သည် ။

လိုင်ဇာနှင့် ၅ မိုင်ခန့်သာ ကွာဝေးသော လဂျာယန် အစိုးရတပ်စခန်းသို့ ရိက္ခာပေးပို့ရန် ၄င်းတပ်များ ရောက်ရှိလာသည်ဟု ကျောင်းသား တပ် စစ်ဘက်သတင်းရပ်ကွက်မှ သုံးသပ်ပြောဆိုပြီး ရှေ့ဆက်တိုးလာပါက နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း ကျောင်းသား တပ်မှူး တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သူတို့ လဂျားယန်မှာ တပ်ရင်းတစ်ရင်းထိုင်ထားတာရှိတယ်။ အခုက ရိက္ခာပို့တဲ့အချိန်ပဲ ရိက္ခာလည်း ပတ်နေတယ်လို့ ကြားတယ် ။ ခါတိုင်း က္ခာပို့ရင်လည်း ဒီလိုပဲ အင်အားအလုံးအရင်းနဲ့ပဲလာတယ်။ အဲဒီလဂျားယန်စခန်း အောက်ခြေမှာ ပတ်ပတ် လည်မှာ ဒီဘက်က ဝိုင်းထားတယ်။ သူတို့လည်းထွက်လို့မရဘူး ဆုတ်လည်းမဆုတ်ပေးဘူးပေါ့နော်။ ဒီကြားထဲဝင်လာရင် တော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ တွေ ပြန်ဖြစ်လိာုင်တယ် ” ဟု ၄င်းတပ်မှူးက ဆိုသည် ။

ယခင်ကလည်း အစိုးရတပ်များ လဂျာယန်စခန်းသို့ ၀င်ရောက်လာချိန်တွင် တုံဖုန်းယန် အစိုးရတပ်မှ ၁၀၅ မမ အမြောက် ကြီး များဖြင့် KIA နှင့် ABSDF တပ် စခန်းရှိရာသို့ စတင်ပစ်ခတ်လေ့ရှိပြီး နှစ်ဘက်တိုက်ပွဲများလည်း ဖြစ်ပွားတတ်ကြောင်း သိရသည် ။

လွန်ခဲ့သည့်လကုန်ပိုင်းက တရုတ်နိုင်ငံ ရွေလီမြို့၌ KIOနှင့် အစိုးရကိုယ်စားလှယ်များ နှစ်ဘက်တွေ့ဆုံခဲ့ရာ ၄င်းတွေ့ဆုံ ပွဲ နောက်ပိုင်း နှစ်ဘက် စ်ဆင်ရေး ပြုလုပ်မှုများ ရပ်နားထားသဖြင့် လိုင်ဇာနယ်မြေအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် ကျဲပါးသွားကြောင်း ၄င်း စစ်ဘက်အသိုင်းအဝိုင်းက ဆက်ပြောသည် ။

ဘက်စ်ကားစီးခရီးသည်များ သတိထားသင့်

ယနေ့ နေ့လည် တစ်နာရီ ၀န်းကျင်ခန့်တွင် သာကေတမှ မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ်တွင် ခရီးသည် တစ်ဦး၏ ပိုက်ဆံအိတ် ပျောက်ဆုံးခဲ့သည့် အတွက် ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်းသို့ မောင်းနှင်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။

“ လမ်းမှာဆင်းတာက အများကြီးပဲလေ။ ဘယ်အချိန် ကပျောက်နေ မှန်းလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တာဝန်အရ စခန်းပဲမောင်းရတာပဲ” ဟု ၄င်းကားမှ ယာဉ်နောက်လိုက်က ပြောသည်။ ယခုကဲ့သို့ ဘက်စ်ကားပေါ်တွင် အလစ်သုတ် ခါးပိုက်နှိုက်မှုများ မကြာခဏ ကြုံတွေ့ ရသဖြင့် သတိပြုရန် သတိပေးစာများ ကပ်ထားသော်လည်း ခရီးသည်များ အနေဖြင့် ဂရုစိုက်မှုအားနည်း ကြောင်း၊ အထူးသဖြင့် လကုန်ရက်များ တွင် ပို၍ အဖြစ်များပြီး ခါးပိုက်နှိုက်များမှ လူကျပ်တတ်သည့် ယာဉ်လိုင်းများ
ပေါ်တွင် အများဆုံး ကျင်လည်ကျက်စား တတ်ကြကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ - AKS
Popular Myanmar News Journal

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ  
Wednesday, 14 November 2012 14:56

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။

thn-14-11-12-9
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

thn-14-11-12-10
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်

ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
14 Novembe 2012

 အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17 လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ ရှိခဲ့သည်ဟု သိရသည်။

thn-14-11-12-9
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ညလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

thn-14-11-12-10
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်

ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။

အမေရိကန် သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
 
Black Angle အင်တာနက်စာမျက်နှာသတင်းမှ

Connectify Hotspot PRO 3.7.0.25374 ၀ိုင်ဖိုင်ပြန်လွင့်မယ်

ဒီကောင်လေးကိုတော်တော်များများသိမှာပါ Update လေးတွေ့လို့တင်ပေးလိုက်ပါတယ် 
ဆောစ့်ဝဲလ်ကိုတော့ http://downloads2.connectify.me/?src= မှာDownload လုပ်ပါ 
Install လုပ်ပြီးတဲ့အခါ Restar လုပ်မလားလို့မေးတဲ့အခါ မလုပ်ပါနဲ့ 
Connectify မဖွင့်ပါနဲ့ 
c:\Windows\System32\drivers\etc\အထိသွားပြီးတော့ hosts  ဖိုင်ကို Notpad နဲ့ဖွင့်ပြီးတော့
127.0.0.1 updates.connectify.me
 
  ကိုကော်ပီလုပ်ပြီးထည့်ပေးလိုက်ပါ ပြီးရင် Save လုပ်လိုက်ပါ ပြီးမှ
Connectify ဆောစ့်ဝဲလ်ကိုဖွင့်ပါ 
ပြီးမှ လိုင်စင်တောင်းတဲ့အခါ အောက်ကနှစ်သက်ရာ တစ်ခုကိုယူပြီးထည့်နိုင်ပါတယ်
Select One to Activate:
     
Email  : dytoshare@student.undip.ac.id
Serial :R67LZ2-6F4SFL-H99MHK-8DE821-1QT37X-1CSJ2S-
B9ZXNG-5W4LE7-7FVE4U-W7BAE6-29C3BH-RV29KB-MJFW4M-Q37WR2-64BXBG-5K4RU3
       
or
     
Email  : dytoshare@alumni.undip.ac.id
Serial : DEC3SC-D8G8PS-3QLLMZ-DL9VA1-1QT3J3-1C
SJ2S-B9ZXNG-5W4LE7-7FVE4U-W7BAEA-28C7NJ-FD64C3-7GRD2K-KBTFRV-DMEXLG-5GAPQ
 
 ကျွန်တော် ထည့်လိုက်ပုံပါ အဆင်ပြေပါစေhttp://www.amyokaungtarr.com/2012/11/connectify-
hotspot-pro-37025374.html?utm_source=feedburner&utm_medium=feed&utm_campaign
=Feed%3A+blogspot%2FFwmdR+%28%E1%80%A1%E1%80%99%E1%80%BA%E1%80%B3%E1%80%A
D%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E
E1%80%AC%E1%80%B8%29

နှစ်ပေါင်း ၇၀ ကျော် ပန်းဆက်သလာသူ

‎`

ပုံမှာ မြင်တွေ့နေရတဲ့ (ပန်းစီးကိုင်ထားသော) အသက်ကြီးကြီး အမျိုးသားတစ်ဦးဟာ နှစ်ပေါင်း ၇၀ လုံးလုံး ချစ်ဇနီးအတွက် တနင်္လာနေ့တိုင်း ပန်းစီးဝယ်ပြီး ပြန်လာတတ်သူ ဖြစ်ပါတယ်။ အသက် ၈၉ နှစ် ရှိပြီဖြစ်ပြီး အိမ်ထောင်ကျပြီး နှစ်ပေါင်း ၇၀ လုံးလုံး သူ့ ဇနီးအတွက် ပန်းစီးဝယ်ပေးခဲ့ပါတယ်။

ဇနီးဖြစ်သူဟာ ကျန်းမာရေးချူချာပြီး ဘယ်မှ မသွားနိုင်ပါဘူး။ မယူခင်က မိဘများ တားမြစ်ပေးမယ့် လက်ထက် ဖြစ်ခဲ့ကြပါတယ်။ လက်ထက်ပြီးတော့လည်း သူ့ရဲ့ချစ်ဇနီးအပေါ် သစ္စာရှိပြီး ရုံးကပြန်တဲ့ တနင်္လာနေ့တိုင်း ပန်းစီးဝယ်ပြန်လာပေးတတ်ပါတယ်။

အခုလို ပန်စီးဝယ်ပေးလာတာ ၁၀ စုနှစ် ၇ စုကို ကျော်လွန်ခဲ့ပေမယ့် ယခုချိန်ထိ သူ့ရဲ့ ဇနီးအပေါ်မှာထားတဲ့ တာဝန်နဲ့ သစ္စာတရားကို စောင့်ထိန်း လာတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ချစ်ဇနီးအပေါ် တန်ဖိုးထား၊ မြတ်နိုးတတ်တဲ့ စိတ်ဓာတ်ကြောင့်လည်း အင်္ဂလန်နိုင်ငံ၊ Cambridgeshire ပြည်နယ်မှာ လူသိများ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Post International News For Myanmar Ref:masefacts
`

တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး ဘောလူးချောင်းတွင် ရွှေတုံးရွှေခဲများ တွေ့ရှိသည်ဆိုသောကြောင့် ရွှေရှာသူများပြားလာ၊ ကချင်ပြည်နယ်မှ ရွှေရှာသူနှင့် ဒေသခံရွှေရှာသူ ဦးရေ တစ်သောင်းကျော်အထိရှိ

 PDF Print
Wednesday, 14 November 2012 11:28
AddThis Social Bookmark Button

ha-14-11-3
ဘောလူးချောင်းတစ်လျှောက်၌ ရွှေလာရောက်ရှာသူများအား တွေ့ရစဉ်

တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး တနင်္သာရီမြစ်၏ ချောင်းလက်တက်တစ်ခုဖြစ်သော ဘောလူးချောင်းတစ်လျှောက်တွင် ရွှေရှာနေသူ များတွင် ရွှေတုံး၊ ရွှေခဲများတွေ့ရှိနေရကြောင်း သိရသည်။

ယခုလက်ရှိ ဘောလူးချောင်း၌ ရွှေလာရောက်ရှာသူများတွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည်နယ်မှ ရွှေရှာသူ အများဆုံးလာရောက်လုပ်ကိုင်နေကြပြီး ဒေသခံရွှေရှာသူများဖြင့်ဆိုလျှင် လူဦးရေတစ်သောင်းကျော် အထိ ရှိနေကြောင်း၊ ရွှေရှာသည့် ရွှေအဆိုင်း ၄၀ ကျော်ရှိပြီး တစ်ဆိုင်းလျှင် လူ ၂၀ ခန့် ၀င်ရောက်လုပ်ကိုင်ကြ ကြောင်း၊ ဘောလူးချောင်းမှာ တနင်္သာရီမြစ်လက်တက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်ဘက်သို့ သွယ်တန်းနေ ကြောင်း၊ အဆိုပါနေရာမှာ သင်္ဘောဦး ကျေးရွာအုပ်စုအတွင်း ပါဝင်ကာ တနင်္သာရီမြို့နယ်မှ ရေလမ်းခရီး ၁၂ နာရီ သွားရကြောင်း သိရသည်။

“ကျွန်တော်တို့ သွားရောက်လုပ်ကိုင်တာကတော့ အခုဆိုရင် လေးလကျော်သွားပြီ ရွှေတွေကတော့ အတုံးလိုက်အခဲလိုက် တွေ့ရတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့မုဆိုးတွေ ပြောပြချက်အရဆိုရင် သူတို့ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုရွှေအတုံးအခဲ တွေ့ရတဲ့ ဘောလူးချောင်းလိုနေရာမျိုးကို မတွေ့ဖူး ကြောင်း၊ သူတို့တောင်အံ့သြမိကြောင်း ပြောပါတယ်။ ပုံမှန်အတိုင်းဆိုရင် ချောင်းတစ်လျှောက်မှာ ရွှေကျင်တဲ့ အပြားတွေနဲ့ အမှုန်လေးတွေကို ကျင်ယူရပေမယ့် ဒီမှာကတော့ ရေပန်းနဲ့ကမ်းပါးတွေ၊ တောင်စောင်းတွေကို ထိုးချလိုက်ပြီး အောက်ကိုကျလာတဲ့ အနည်တွေထဲမှာ ရွှေတွေကို ကောက်ယူတဲ့ပုံမျိုးဖြစ်နေပါတယ်။ အဲဒီထဲမှာ တစ်နိုင်တစ်ပိုင်လေးတွေလည်း ရွှေကျင်တဲ့အပြားလေးတွေနဲ့ လိုက်ကျင်တာတောင် တစ်နေ့ကို အတော်လေး တွက်ခြေကိုက်ပါတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့ အမျိုးသမီးကြီးတစ်ယောက်မှာလည်း ပိဿာနဲ့ချီပြီး လေးတဲ့ ရွှေတုံးကြီးကို ရသွားသလို ဓာတ်ဗူးအရွယ်လောက်ရှိတဲ့ ရွှေတုံးကြီးကို ရသွားတဲ့သူတွေလည်း ရှိတယ်။ သိရသလောက်ကတော့ ရွှေအချိန် ၆၀ ကျပ်သားကျော်အထိ အတုံးကြီးတွေရနေတာလည်း ရှိတယ်” ဟု ဘောလူးချောင်းတွင် သွားရောက်ရွှေရှာနေသူ တနင်္သာရီဒေသခံတစ်ဦးက ပြောသည်။

ha-14-11-4
ဘောလူးချောင်းတစ်လျှောက်မှ ရရှိခဲ့သော ရွှေတုံးရွှေခဲများကို တွေ့ရစဉ်

ရွှေရှာသူများတွင် နေကြာစေ့အရွယ် ရွှေတုံးလေးများလည်း အများအပြားရနေကြောင်း၊ ရွှေအရည်အသွေး မှာ ၁၅ ပဲရည်ရှိကာ လာရောက်ဝယ်ယူသူများလည်းရှိကာ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းဝန်းကျင် ဈေး ပေးဝယ်နေကြောင်း သိရသည်။

“အခုဆိုရင် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ လူငယ်၊ လူလတ်ပိုင်းအတော်များများ ရွှေရှိတဲ့ အဲဒီ နေရာကို သွားရောက်နေကြပြီး ရတဲ့လူတွေလည်းရှိသလို မရတဲ့လူတွေလည်းရှိတယ်လို့ သိရတယ်။ ရွှေရှာတဲ့ နေရာမှာ ရွှေအကြောင်းနားလည်တဲ့သူက လိုက်ပြပြီး ရွှေထွက်တယ်လို့ယူဆရတဲ့နေရာကို ပြနိုင်ရင် ဒီမှာရှိတဲ့ ဥယျာဉ်ရှင်ကို ငွေသိန်းဆယ်ဂဏန်းအထိပေးပြီး လုပ်ခွင့်ယူရပါတယ်။ ဒီနားမှာရှိတဲ့ တစ်နိုင်တစ်ပိုင်ဒေသခံ လက်ကျင်သမားတွေက ဒီနေရာကို ၀င်လို့မရတော့ပါဘူး” ဟု သတ္တုအကြောင်းကျွမ်းကျင်သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး ဘောလူးချောင်းတွင် ရွှေတုံးရွှေခဲများ တွေ့ရှိသည်ဆိုသောကြောင့် ရွှေရှာသူများပြားလာ၊ ကချင်ပြည်နယ်မှ ရွှေရှာသူနှင့် ဒေသခံရွှေရှာသူ ဦးရေ တစ်သောင်းကျော်အထိရှိ  PDF  Print 

ဝန်ကြီးဌာန၁၅ခု ကျပ်သန်းပေါင်း ငါးထောင်ကျော် ပေးသွင်းရန် ကျန်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အတွက် ရ၊သုံး မှန်းခြေ ငွေစာရင်း များအရ ဝန်ကြီးဌာန ၁၅ခု က နိုင်ငံတော် သို့ ကျပ်သန်းပေါင်း ငါးထောင်ကျော် ပေးသွင်းရန် ကျန်ရှိ နေကြောင်း ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် က ပြောကြား သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ၏ အရေးကြီး သော စစ်ဆေး တွေ့ရှိချက် များအရ ဌာနဆိုင်ရာ အဖွဲ့အစည်း ၄၇ခု တို့က နိုင်ငံတော်သို့ ပေးသွင်း ရမည့် နစ်နာငွေ ကျပ်သန်း ၅၈၃၉၈ ဒဿမ ၈၁၀ နှင့် အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒဿမ ၃၁၀ ရှိပြီး ပေးသွင်းပြီး ငွေမှာ ကျပ်သန်းပေါင်း တစ်သောင်းကျော် နှင့် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် သာ ရှိကြောင်း၊ သို့ဖြစ်ရာ ပေးသွင်းရန် ကျန်ရှိငွေ ကျပ်သန်း ၄၀၇၉၂ ဒဿမ ၀၃၈၂ နှင့် အမေရိကန် ဒေါ်လာ ၇၀၆၅၅ ဒဿမ ၀၂၀ ထိ ရှိနေကြောင်း ၄င်းက အသေးစိတ် ရှင်းပြသည်။

ကျပ်သန်း ၄၀၉၇၂ ဒဿမ ၀၃၈ တွင် ပုဂ္ဂလိက ထံမှ ရရန် ကြွေး ကျပ်သန်း ၄၀၈၂၈ ဒဿမ ၁၂၂ နှင့် အမေရိကန် ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ ဖြစ်ပြီး ဝန်ထမ်းများ၏ မှားယွင်းမှု နှင့် အလွဲသုံးစား မှုများ ကြောင့် ပြန်လည် ပေးသွင်းရမည့် ငွေမှာ ကျပ်သန်း ၁၄၃ ဒဿမ ၉၁၆ ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ် ချုပ် က ဆိုသည်။

ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ သမဝါယမ ဝန်ကြီး ဌာန၊ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီး ဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီး ဌာန၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီး ဌာန၊ စက်မှု ဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနနှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန တို့ ဖြစ်သည်။

ပဲခူးလှုပ်ရင် တော်တော်လေးစိုးရိမ်ရတယ် စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သူ ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေနှင့် တွေ့ဆုံခြင်း

7Day News Journal's photo.
ပဲခူးလှုပ်ရင် တော်တော်လေးစိုးရိမ်ရတယ် စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သူ

ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေနှင့် တွေ့ဆုံခြင်း

ရေးသားသူ- အားမာန်

ကမ္ဘာပေါ်တွင် အကြီးဆုံးသက်ရှိမြေငလျင်ပြတ်ရွှေ့ကြောများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော စစ်ကိုင်းငလျင်
ကြောကို ဘူမိဗေဒပညာရှင်ဒေါက်တာဝင်းဆွေက ၁၉၆၉ ခုနှစ်တွင် စတင်တွေ့ရှိပြီး ဖော်ထုတ်နိုင်ခဲ့သည်။ စစ်ကိုင်းငလျင်ကြောပေါ်တွင်
လှုပ်ခဲ့သောပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်နှင့်ပတ်သက်၍ ဒေါက်တာဝင်းဆွေကို တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုရွှေဘိုငလျင်နဲ့ပတ်သက်ပြီး အဘရဲ့အမြင်ကို သိလိုပါတယ်။
အခုငလျင်က ကျွန်တော့်အမြင်က တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ ကံကောင်းတယ်ဗျ။ ကံကောင်းတယ်ဆိုတာက လူနေနည်းတဲ့ဒေသမှာ လှုပ်လို့။ နောက်ပြီး ဒီမြေငလျင်က သိပ်ပြီး ရှယ်လိုး(မြေအတိမ်) ဖြစ်တယ်လေ။  မြေငလျင် ဗဟိုချက်ကတိမ်ရင် ပိုပြီးအန္တရာယ်များတယ်။ 
ဒီထက်ကြီးတဲ့ငလျင်တွေ စစ်ကိုင်းမြေငလျင်ကြောမှာ အရင်တုန်းက လှုပ်ခဲ့တယ်။  ဒီငလျင်က အဲဒီအဆင့်တွေတော့ မမီဘူး။ ဒါပေမဲ့ သူများနိုင်ငံမှာဆိုရင် ဒီလောက်အင်အားဆိုရင် တော်တော်လေး ခံရတယ်။ အခု ငလျင်က ပုဂံမှာလှုပ်တဲ့ ငလျင်နဲ့ ပမာဏ မတိမ်းမယိမ်းပဲ။ သပိတ်ကျင်းမြို့က မြေငလျင်ကြောတည့်တည့်ဖြတ်သွားတဲ့နေရာ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနားမှာလာပြီးလှုပ်တော့ သပိတ်ကျင်းဆို မြေငလျင်ကြော တစ်လျှောက်မှာ ရွေ့တဲ့ဒဏ်လည်းခံရတယ်။ ငလျင်လှိုင်းက ထွက်လာတဲ့ လှုပ်တဲ့ဒဏ်ကိုလည်း ခံရတယ်။ ရတနာသိင်္ဃတံတားဆိုရင်လည်း
အရှေ့ဘက်မှာ အဓိက ငလျင်ကြောရှိတယ်။ ငလျင်ကြောနဲ့ သိပ်ပြီးတော့နီးတယ်။  ငလျင်ကြောက တောင်နဲ့မြောက်နဲ့ဖြတ်တာ။ ငလျင်လှုပ်တာလည်း တောင်မြောက်ဘေးတိုက်လှုပ်တာမှာ တံတားက အရှေ့အနောက် ကန့်လန့်ဖြတ်ကြီးဆိုတော့ ပိုပြီးတော့ အခြေအနေ ဆိုးတယ်။ အပြိုင်ဆိုရင်တော့ သက်သာမယ်။ အားလုံးကိုခြုံလိုက်ရင် မန္တလေးနဲ့နီးရင်သော်လည်းကောင်း၊ စစ်ကိုင်းနဲ့နီးရင်သော်လည်းကောင်း မြို့ကြီးကြီးနဲ့နီးရင် ပျက်စီးဆုံးရှုံးမှု ပိုများမယ်။ လူလည်း သေတာပိုများမယ်။ နောက်ဆက်တွဲငလျင်တွေကတော့ တောင်ဘက်ကို လိုက်လာတယ်။ မြောက်ဘက်ကိုလည်း သွားတယ်။ ဘေးတိုက် တောင်ဘက်ကိုရော မြောက်ဘက်ကိုရော ရွေ့တဲ့သဘောရှိတယ်။  အဲ့ဒီလို နောက်ဆက်တွဲ မြေငလျင်
ငယ်တွေကတော့ လာနိုင်သေးတယ်။ မူလ မြေငလျင်ဗဟိုချက်နားကို ဟုတ်ချင်မှဟုတ်မယ်။ တောင်ဘက်ဖြစ်ချင်ဖြစ်မယ်။ မြောက်ဘက် ဖြစ်ချင်ဖြစ်မယ်။ဒီငလျင်က စစ်ကိုင်းနားမှာလှုပ်ရင် မန္တလေးမသက်သာဘူး။ စစ်ကိုင်း၊ မန္တလေးအောက်ဆိုရင်လူနေက  ပိုသိပ်သည်းလာတာလေ။ 

မြေငလျင်ပညာရှင်တွေ ပူပန်နေတဲ့ ပဲခူးအနီးတစ်ဝိုက်နဲ့ အောက်ပိုင်းမှာ ဒီလောက်အင်အားရှိတဲ့ ငလျင်လှုပ်ခဲ့ရင် ဘယ်လိုဖြစ်မယ်ထင်လဲ။
ပဲခူးလှုပ်ရင် တော်တော်လေး စိုးရိမ်ရတယ်။ အရင် ပဲခူးမှာလှုပ်တာ 7.3 ပေါ့ဗျာ။ သူများ နိုင်ငံမှာလည်း အဲဒီလောက်ဆို တော်တော်လေး ခံနေရပြီ။ ဘာလို့လဲဆိုတော့ မြေငလျင် ဗဟုသုတသိပ်မရှိဘဲနဲ့ ဆောက်တာတွေကလည်း အများကြီး။ ငလျင်မလှုပ်တာကြာလို့ အိုနေတဲ့ အဆောက်အအုံတွေကလည်း ရှိသေးတယ်ဗျ။ 

ဒီငလျင်လှုပ်ပြီးတဲ့နောက်မှာ ပြည်သူကို သတိပေးချင်တာ ပူပန်တာမျိုးကောရှိလား။ 
သပိတ်ကျင်းဒေသဘက်မှာရှိတဲ့ ရွှေတူးတာတွေနဲ့ ပတ်သက်လို့တော့ စိုးရိမ်တယ်။ မြေအောက်မှာ လုံလုံခြုံခြုံ မဟုတ်လို့ရှိရင် အန္တရာယ်များတယ်။ နိုင်ငံခြားမှာတော့ မြေအောက်ကို တူးပြီဆိုရင် ကျကျနန ခိုင်ခိုင်ခံ့ခံလုပ်တယ်။ ဒီမှာကတော့ မြေငလျင်က နေ့တိုင်းလှုပ်တာမဟုတ်တော့ မေ့မေ့လျော့လျော့လုပ်ကြလိမ့်မယ်လို့ ထင်တယ်။ မြေငလျင်အတွေ့အကြုံ သိပ်မရှိကြတော့ ဖြစ်ကတတ်ဆန်း လုပ်ကြလိမ့်မယ်လို့ထင်တယ်။ သပိတ်ကျင်း ဟိုဘက်က ရွှေတူးတာများလို့ အဲဒါလေးပဲ ကျွန်တော်စိုးရိမ်တယ်။ 

အဘက စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်တယ်။ ဒီငလျင်ကြောနဲ့ ပတ်သက်ပြီး အများကြီးလည်း လေ့လာခဲ့ဖူးတော့ အခုငလျင်ကြီးတစ်ခုလှုပ်ပြီးသွားပြီ။ စစ်ကိုင်းငလျင်ကြောမှာ အရင်က ငလျင်ကြီးတစ်ခု လှုပ်ပြီးလျှင် နောက်ထပ်ငလျင်ကြီးတစ်ခု
နှစ်အနည်းငယ်အတွင်းမှာ လှုပ်ဖူးလား။

ငလျင်အကြီးကြီး လှုပ်မယ်ဆိုရင် အင်အားအများကြီးစုရတယ်ဆိုတော့ အကြာကြီးစုရတဲ့ သဘောရှိတယ်။ တစ်ခါတလေ ကျတော့လည်း အကြီးကြီးမဟုတ်ဘဲ အလတ်စားတစ်ခုလောက် ဖြတ်ပြီးတော့ လှုပ်တာမျိုးလည်း ရှိတတ်တယ်။ တစ်ခါတည်းတော့ တစ်ခါလှုပ်ဖူးရင် နောက်ပြန်လှုပ် မလားဆိုတာ မြေငလျင်ပညာရှင်တွေ ဘူမိပညာရှင်တွေ တိုင်းတာတွက်ချက် လေ့လာနေကြတုန်း။  တချို့ဟာတွေကျတော့ နှစ်ထောင်နဲ့ချီတယ်။ တချို့ဟာတွေကျတော့ နှစ်ရာနဲ့ချီတယ်။ အတိုင်းအတာ အများကြီး ကွာကြတယ်။ အရေးကြီးတာက ကြိုတင်ပြင်ဆင်မှုပဲ။ ဂျပန်မှာလို  ငလျင် ဒဏ်ခံနိုင်အောင် အဆောက်အအုံတွေကိုဆောက်ဖို့၊ နောက်ငလျင် လှုပ်ရင် ငလျင်ဒဏ်ခံနိုင်တဲ့အခန်းကို သိပြီးအမြန်သွားနိုင်ဖို့ပြင်ဆင်တာ မျိုးတွေလိုတယ်။ ခုနောက်ပိုင်း လူနေသိပ်သည်းလာတယ်။ အဆောက်အအုံတွေကလည်း အများကြီးများလာတယ်။ မြို့ကြီးပြကြီးတွေဆိုရင် မြေငလျင်လှုပ်ရင် ၀ါယာရှော့ခ်တွေ ဘာတွေဖြစ်၊ ဓာတ်ငွေ့လိုင်းတွေ ဘာတွေပိတ်ပြီးတော့ မီးလောင်တတ်တယ်။ ငလျင်လှုပ်လို့ပျက်စီးတာထက် မီးလောင်လို့ ပျက်စီးတာက ပိုဆုံးရှုံးတယ်။ ငလျင်လှုပ်ပြီးရင် မီးလောင်တာ နောက်ဆက်တွဲ ပါစမြဲပဲ။ အခု ဘယ်မှာမီးမှမတောက်ဘူးဗျ။ အဲ့ဒါလူနေနည်းလို့။ လူတွေကတော့ ပြောတယ်။ ဒီလောက်ပျက်စီးတာ  တစ်ခါမှ မမြင်ဖူးဘူးလို့။ ကျွန်တော့်အမြင်က ပြောရရင် ကံတော်တော် ကောင်းတယ်ထင်တယ်။ လူနေနည်းလို့။ ဘာကြောင့်လဲဆိုတော့ ဒီမြေငလျင်ကြောတစ်လျှောက်ကတော့ ဖြစ်မှာပဲ။ ဘယ်တော့ ဖြစ်မယ်သာ မပြောနိုင်တာ။ အရမ်းဖြစ်ခဲ့ဖူးတယ်ဗျာ။ ဖြူးကို လှုပ်ခဲ့ဖူးတယ်ဗျာ။ ဆွာမှာ လှုပ်ခဲ့ဖူးတယ်ဗျာ။ ပဲခူးဆို အကြိမ်ကြိမ်လှုပ်ခဲ့ဖူးတယ်ဗျာ။ 

လူတွေက မြေငလျင်ကြီးနဲ့ နဖူးတွေ့ဒူးတွေ့ကြုံပြီးတဲ့နောက်မှာ မြေငလျင်အန္တရာယ်ကို တော်တော်ကြောက်လာတယ်။ မြေငလျင်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများ အကြံပြုချင်ပါသလဲ။  

အကြီးကြီးတစ်ခုလှုပ်ပြီးရင် သူ့လောက်တော့မကြီးတော့ဘဲနဲ့ နောက်ဆက်တွဲငလျင်တွေတော့ လှုပ်တတ်တယ်။ ဒါကြောင့် ဒီငလျင်သည် အဓိက ငလျင်ဆိုရင် နောက်ဟာတွေက သူ့ထက်နည်းသွားဖို့ပဲရှိတယ်။  အခုလှုပ်တဲ့ ငလျင်သည် ပရင်စီပယ်ရှော့(အဓိကငလျင်) လို့ပဲ ထင်တယ်။ နောက်
ဆက်တွဲ ငလျင်တွေတော့ လာတော့လာမယ်၊ ပထမဟာလောက်တော့ ကြီးစရာ အကြောင်းမရှိဘူး။ အခြားသော အလားတူနည်းမျိုးနဲ့ တွက်မယ်ဆိုရင် ဒီငလျင်က ရှေ့ပြေးငလျင်ပဲဆိုရင် သူ့ထက်ကြီးတဲ့ကောင်က လာရဦးမယ်ပေါ့။ ကျွန်တော့်အနေနဲ့တော့ ထင်ပါတယ်။ ဒီလိုငလျင်မျိုး မလာတာကြာပြီဆိုတော့ ဒါသည်အကြီးဆုံးဖြစ်ပြီးတော့ နောက်သေးတာလေးတွေလောက်ပဲ ဒုက္ခမပေးနိုင်တာတွေပဲ လာလိမ့်မယ်လို့ ထင်တယ်။  နင်လားငါလား စိုးရိမ်ရင် စိုးရိမ်စရာတော့မရှိဘူး။ လုံးဝစိုးရိမ်စရာ မရှိဘူးလည်း မဟုတ်ဘူး။ နောက်ဆက်တွဲ မြေငလျင်ဆိုပေမယ့် ပထမလှုပ်တဲ့ဒဏ်ကြောင့် ပျက်ထားတဲ့အိမ်က အပေါ်မှာတင်နေတာမျိုးဆိုရင် နောက်ထပ် နည်းနည်းလေးလှုပ်လိုက်ရင် သူက ပြုတ်ကျဦးမှာပဲလေ။ အဲဒီလိုအပေါ်ကနေ ပြုတ်ကျနိုင်တဲ့ အရာတွေရှိနိုင်တဲ့ နေရာမျိုးတော့ ရှောင်ပေါ့ဗျာ။ အပေါ်က ပြုတ်ကျစရာမရှိတဲ့နေရာမှာ လောလောဆယ် သွားနေလိုက်ရင် ဘာမှမဖြစ်နိုင်တော့ဘူး။

ဒီငလျင်အတွေ့အကြုံကနေ အစိုးရကို ဘာများအကြံပြုချင်ပါသလဲ။
သဘာဝဘေးအန္တရာယ်တစ် ခုကျရောက်လာပြီဆိုရင် အဲဒါကို သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးရေး လုပ်ဖို့လိုတယ်။ နည်းပညာအရရော၊ လူမှုရေးအရဆိုလည်း နောင်ဒီလိုမျိုးတွေဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာ  ပညာပေးနိုင်ဖို့၊ သင်ခန်းစာယူနိုင်ဖို့၊ အချက်အလက်တွေ ကောက်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီလိုမြေငလျင်မျိုးဆိုတာ လူကလှုပ်လို့ရတာမျိုး မဟုတ်ဘူး။ လှုပ်တုန်းလေးကို သွားကြည့်ပြီးတော့ သိပ္ပံနည်းကျ အချက်အလက် ကောက်ယူတာရော၊ လူမှုသိပ္ပံနည်းကျ အချက်အလက်တွေ ကောက်ယူတာမျိုးတွေ၊ နောင်ဖြစ်လာရင် ဘယ်လို စီမံခန့်ခွဲရမယ် ဆိုတာ အိုင်ဒီယာတွေရလာအောင် သေသေချာချာ လေ့လာသင့်တာ အမှန်ပဲ။ အခုလည်း အစိုးရက ဖြစ်ပြီးပြီးချင်း ဒုတိယသမ္မတ ချက်ချင်းဆင်း
သွားပြီးကြည့်တာမျိုးကြားတော့ ၀မ်းသာပါတယ်။ အင်ဒိုနီးရှားတုန်းကဆိုရင် ငလျင်လှုပ်ပြီးတော့ တစ်ကမ္ဘာလုံးက ၀ိုင်းလာကြတာ။ လေ့လာချင်လို့။ တာလေတုန်းကလည်း မြေငလျင်အသင်းကသွားတော့ သိပ္ပံနည်းကျ အချက်အလက်တွေရတယ်။ နောင်အတွက် အများကြီး အသုံးဝင်
တယ်။  

ကျေးဇူးတင်ပါတယ်။        ။

အိုဘားမား မြန်မာ ပြည်သူလူထုကို မိန့်ခွန်း ပြောမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အိုဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း မြန်မာ ပြည်သူ လူထုအား မိန်ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ရက် နေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကိုလည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အိမ်ဖြူတော် ၏ နိုဝင်ဘာလ ၈ ရက် နေ့ တွင် အတည်ပြု ကြေညာချက် အရ အမေရိကန် သမ္မတ အိုဘားမား သည် နိုဝင်ဘာလ ၁၇ ရက်နေ့ မှ ၂ဝ ရက်နေ့ အထိ အရှေ့တောင် အာရှ ခရီးစဉ် အဖြစ် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား နိုင်ငံ များသို့ သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ နှင့် အမေရိကန် နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၁၈ဝ ပြည့် အထိမ်းအမှတ် အခမ်းအနား သို့တတ်ရောက် ၍ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် နှင့် တွေ့ဆုံရန် စီစဉ် ထားပြီး ကမ္ဘောဒီးယား နိုင်ငံတွင် ယခုလ ၁၈ ရက် နေ့ မှ ၂၀ ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အဆင့်မြင့် ဆွေးနွေးပွဲ များ သို့လည်း တက်ရောက်ပြီး အာဆီယံ ခေါင်းဆောင် များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေး တာဝန် ခံ Jay Carney က တရားဝင် ထုတ်ပြန် ကြေညာ ထားသည်။

တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား။။။

Thursday, November 15, 2012

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၄၊ ၂၀၁၂
တရုပ်နိုင်ငံကို နောင်တက်လာမည့် မဟာအင်အားကြီးနိုင်ငံတခုအဖြစ် ကမ္ဘာ့မီဒီယာတွေက ပြောဆိုနေကြတယ်။ တရုပ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှေ့အကျဆုံးသော ယဉ်ကျေးမှုပေါ်ထွန်းလာခဲ့သည့် နိုင်ငံတွေအနက်က တခုဖြစ်ပါတယ်။ လူဦးရေက အဆမတန် များပြားနေပြီး၊ ဒုတိယ စီးပွားရေးအကြီးဆုံး နိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာနေတယ်။
တရုပ်နိုင်ငံ အကြောင်းကို မီဒီယာတွေက ပြောဆိုနေဒါတွေနဲ့ ပကတိ ဖြစ်ပျက်နေဒါတွေတို့ကို နှိုင်းယှဉ်ကြည့်ပါက လုံးဝ မတူညီ ကြီးမားစွာ ကွာခြားနေဒါကို တွေ့ရှိရမှာဖြစ်တယ်။
တရုပ်နိုင်ငံ၏ အား ဟာ စီးပွားရေုးုဖြစ်တယ်လို့ လူအများက ထင်နေကြတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးလျင် တရုပ်စီးပွားရေးဟာ ဒုတိယ လိုက်နေဒါကိုတွေ့ရှိရမှာဖြစ်တယ်။ ဒါပေမယ့် တရုပ်နိုင်ငံ၏ အမျိုးသား တစ်ဦးချင်းဝင်ငွေဟာ ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့ နဲ့ နှိုင်းယှဉ် လိုက်လျင် (၁၀) ဆကျော်လောက် လျော့နည်းနေဒါကို တွေ့ရှိရမှာဖြစ်ပြီး၊ လူနေမှု့ အဆင့်အတန်းကို ကြည့်လိုက်လျင် နိုင်ငံ၏ (၈၅) ရာခိုင်းနှုန်းရှိသော ပြည်သူတွေ၏ လူနေမှု့ အဆင့်အတန်းက များစွာ နိမ့်ကျစွာ နေထိုင်နေရတုန်းပါပဲ။ ဒီအချက်က အာဖရိကရှိ နိုင်ငံတွေနဲ့ လွယ်လွယ်ကလေးနှိုင်းယှဉ်လို့ရနေပါတယ်။ လူဦးရေ၏ ထက်ဝက်ကျော်မှာ ကျေးလက်ဒေသတွေမှာ နေနေကြရတုန်းဖြစ်တယ်။ အများစုက အခြေခံကျသော လိုအပ်ချက်များဖြစ်သည့် သောက်သုံးရေရရှိမှု၊ ကျမ္မာရေးစောင့်ရှောက်မှု (သို့မဟုတ်) အခြေခံပညာသင်ကြားနိုင်မှုများ မရှိကြပါဘူး။
မြို့ပြအဖြစ်သို့ပြောင်းလဲလာသည့် ရာခိုင်နှုန်းကို ကြည့်လိုက်ပြန်လျင် သက္ကရာဇ် (၂၀၁၀) မှ (၂၀၃၀) အတွင်းကို တွက်ဆကြည့် ပါက နှစ်စဉ် (၁) ရာခိုင်နှုန်းလောက်ပဲ တိုးတက်နေတယ်။ ဒီနှုန်းဖြင့် ဆက်သွားပါက တရုပ်နိုင်ငံအနေဖြင့် နောက်ထပ် ဆယ်စုနှစ်ပေါင်း အနည်းဆုံး (၃) ခုလောက်ကြာသည့်အခါမှ့ နိုင်ငံ၏ လူဦးရေ၏ (၄)ပုံ ပုံလျင် (၁)လောက်ကိုပဲ အကျိုးသက်ရောက်စေမှာဖြစ်တယ်။ အဲဒီလို လူနေမှု့ရေးအဆင့်အတန်း နိမ့်ကျမှုတွေက နိုင်ငံ၏ စီးပွားရေးကို များစွာ သက်ရောက်စေပါတယ်။ အကြောင်းက ပြည်တွင်းစားသုံးမှုနှုန်းက သိပ်ကို ကျဆင်းနေသောကြောင့် ပြည်ပသို့ ကုန်များတင်ပို့နိုင်ရေးကိုသာ အားထားနေရတယ်။ ပြည်ပသို့ တင်ပို့သည့် စီးပွားရေးလုပ်ငန်းများအပေါ်မှာသာ မှီခိုနေရသော အချက်က တရုပ်နိုင်ငံအတွက် အဓိကအချက်တရပ်ဖြစ်၍ လာတယ်။
အခြေခံအားဖြင့် တရုပ်နိုင်ငံ၏ စီးပွားရေးဟာ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် စီးပွားရေးဖြစ်နေသောကြောင့် တရုပ်နိုင်ငံအနေဖြင့် ပြည်ပသို့ ကုန်တင်ပို့ခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို
ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်ထဲသို့ တိုးဝင်လာတော့တယ်။ ထို့ကြောင့် တရုပ်နိုင်ငံဟာ နိုင်ငံခြားကုန်သွယ်ရေးစနစ်ကို မှီခိုအားထားနေရတယ်။
အဆမတန်များပြားနေသော အနောက်နိုင်ငံတွေမှ စားသုံးသူများအပေါ်မှာ များစွာ မှီခိုလာရပြီး၊ အဓိကစားသုံးသူတွေကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်နေတယ်။ နောက်တချက်က တရုပ်၏ ထွက်ကုန်တွေကို သယ်ယူပို့ဆောင်ရေးအတွက် ကမ္ဘာ့ရေကြောင်းကို အသုံးပြုနေရတယ်။ ဒီကမ္ဘာ့ရေကြောင်းကို အမေရိကန်ရေတပ်က လွှမ်းမိုးထားတယ်။ ဒီအချက်က တရုပ်နိုင်ငံအတွက် စိန်ခေါ်မှု့တရပ်အဖြစ် ရှိလို့နေဒါပေါ့။ အကြောင်းက အမေရိကန်အနေဖြင့် ကမ္ဘာရေးကြောင်းကို ပိတ်စို့ချင်လျင် ပိတ်စို့လို့ရနေတဲ့အချက်က တရုပ်နိုင်ငံအတွက် စိတ်မသက်မသာဖြစ်နေရတယ်။
အကယ်၍များ တရုပ်က ယူဆထားသလို အမေရိကန်အနေဖြင့် သူတို့ကို ရေကြောင်းပိတ်စို့မှုတွေ လုပ်လာလျင်တော့၊ တရုပ်အတွက် အကြီးမားသော အခက်အခဲများ ရင်ဆိုင်လာရမှာ ဖြစ်တယ်။ ဒါကြောင့် တရုပ်နိုင်ငံအနေဖြင့် ခေတ်မှီသော ရေတပ်အင်အားကို တည်ဆောက်ပြီး၊ မိမိ၏ ကုန်သွယ်ရေးအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာတယ်။
တကယ်လို့ တရုပ်အနေဖြင့် ၎င်းတို့၏ ရေတပ်ကို ခေတ်မှီတိုးတက်အောင်လုပ်ရလျင်၊ စစ်သင်္ဘောတွေရယ်၊ ၎င်းစစ်သင်္ဘောတွေအတွက် ဆိပ်ကမ်းနေရာများရယ်၊ မစ်ဆိုင်းလက်နက်တွေရယ် စသည်များကို လိုအပ်လာပါမယ်။ အဲဒီရေတပ်မျိုးကို တည်ဆောက်ဖို့ဆိုဒါဟာ တရုပ်နိုင်ငံအတွက် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာမှ့ အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။
ကဲ... စီးပွားရေးနဲ့ ရေတပ်တည်ဆောက်ရေးတို့ကို ခဏဘေးဖယ်ထားကြည့်ပါစို့။
တရုပ်နိုင်ငံဟာ ပြည်တွင်းရေးကိစ္စများစွာကို ရင်ဆိုင်နေရတယ်။ ပထ၀ီအနေအထားကို ကြည့်လျင် တရုပ်နိုင်ငံဟာ သဘာဝ တောတောင်တွေက နိုင်ငံကို ကာကွယ်ပေးထားပါတယ်။ တရုပ်နိုင်ငံ၏ မြေပုံကိုကြည့်လိုက်လျင် ဂိုဘီသဲကန္တာရကို ထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ တိဖက်ကုန်ပြင်မြင့်ရယ်၊ ဟိမန္တာတောင်ကြောတွေနဲ့ ဗမာ ယူနန်သစ်တောအုပ်များကိုပါ တွေ့ရှိရမှာ ဖြစ်တယ်။ တိဖက်ကုန်မြေမြင့်နဲ့ ဂိုဘီသဲကန္တာရအကြားရှိ ပိုးလမ်းမဟာ တရုပ်နိုင်ငံကနေပြီး ကာကစ္စတန်နိုင်ငံဖက်မှတဆင့် ဥပရောပအထိ ခရီးပေါက်နေတယ်။ နောက်ပြီးတော့ ဗီယက်နမ်နယ်စပ်နားတ၀ိုက်နဲ့ ဗမာ ယူနန်လမ်း( တရုတ်မြန်မာလမ်းမ)က နောက်ထပ်လမ်းတပေါက်ရှိနေတယ်။ အဲဒီလို သဘာဝတောတောင်တွေက နိုင်ငံ၏ နေရာဒေသများစွာကို ကာကွယ်ပြုပေးထားတယ်။
တရုတ်နိုင်ငံ၏ သဘာဝတောတောင် ကန္တာရများနဲ့ ထွက်ပေါက်လမ်းများပြပုံ
ဒါပေမယ့် တကယ့် အပေါက်က မန်းချူးရီးယားက လမ်းပေါက်ဖြစ်တယ်။ မွန်ဂိုလီယားနဲ့ ရုရှားတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသောနေရာဖြစ်တယ်။ (၁၃) ရာစုနှစ်လောက်က ဒီလမ်းပေါက်ကနေပြီး ဂျင်းဂျစ်ခန်း၏ မွန်ဂိုတပ်တွေဟာ တရုပ်ပြည်ကို အောင်မြင်စွာ ကျူးကျော် ၀င်ရောက်လာနိုင်ခဲ့ဒါကို တွေ့ရှိရမှာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အချိန်မှာလည်း ဂျပန်တွေက အဲဒီလမ်းပေါက်ကိုပဲ အသုံးပြုပြီး၊ တရုပ်ပြည်ကို ကျူးကျော်လာခဲ့ပြန်တယ်။ တရုပ်တွေအတွက် ပြည်ပက ဘယ်လို ကျူးကျော်မှုမျိုးမဆို လာလျင် ဒီလမ်းပေါက်ကိုပဲ အဓိက အသုံးပြုပြီးတော့၊ ကျူးကျော်လာခဲ့ဒါကို သမိုင်းစဉ်တလျောက်မှာ တွေ့ရှိရမှာဖြစ်တယ်။
လူဦးရေက သိပ်ကို ထူထပ်များပြားနေသောကြောင့် တရုပ်ပြည်ကို ကျူးကျော်ဖို့ကလည်း ခက်ခဲပါတယ်။ ကျူးကျော် သိမ်းပိုက်ထားဖို့ ဆိုရင်တော့ ပို၍တောင် ခက်ခဲနေတယ်။ ပထ၀ီအနေအထားအရ တရုပ်ပြည်ဟာ နေရာဒေသ၏ အလယ်ဗဟိုမှာ တည်ရှိနေတယ်။
လူဦးရေဘီလီယံလောက်ရှိနေသော ဟန်လူမျိုးတရုပ်တွေဟာ လယ်ယာစိုက်ပျိုးရေးဒေသများမှာ နေထိုင်ကြပါတယ်။ ဝေးလံပြီး ခက်ခဲစွာ သွားလာရသော ဒေသများတွင် ဥဂရက်မူဆလင်၊ မွန်ဂိုနဲ့ တိဘက်တန်လူမျိုးတွေနေထိုင်ကြပါတယ်။ တရုပ်နိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်နေတယ်ဆိုဒါကို နားလည်ထားရပါမယ်။
တရုပ်နိုင်ငံ၏ အမျိုးသားဝင်ငွေများတနေရာနဲ့တနေရာခြားနားမှုများပြပုံ
တရုပ်နိုင်ငံကို အနောက်ပိုင်းနဲ့ အရှေ့ပိုင်းရယ်လို့ ခွဲခြားကြည့်ပါက အနောက်ဘက်မှာ ဥဂရက်မူဆလင်တွေ၊ တိဖက်တွေက အနောက်တောင်နဲ့ မွန်ဂိုတွေက အနောက်မြောက်မှာ ရှိနေပြီး၊ အရှေ့ဘက်မှာလည်း ခွဲထွက်လိုသော စိတ်သဘောထားရှိသည့် လူနည်းစုတို့ ရှိနေကြတယ်။ တရုပ်နိုင်ငံ၏ သမိုင်းစဉ်တလျှောက်လုံးမှာ အရှေ့ဘက်နဲ့ အနောက်ဘက် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးအတွက် အမြဲတမ်း ကြိုးပမ်းအားထုတ် ရုန်းကန်နေရတယ်။ ဒီအချက်က အနာဂတ်ကာလမှာ ဆက်လက်ပြီး ရှိနေပါလိမ့်မယ်။
ထိုသို့သော အချက်များကြောင့် တရုပ်ခေါင်းဆောင်တွေက ကွန်မြူနစ်ဝါဒကို ရွေးချယ်ခဲ့ကြဒါပါ။ နိုင်ငံ၏ အရှေ့ဘက်နဲ့ အနောက်ဘက် နှစ်ဘက်စလုံးကို ချိန်ခွင်လျှာမျှအောင် လုပ်ထားနိုင်ရန်ဖြစ်တယ်။ နောက်ပြီးအရှေ့ဘက်ကို ဆက်လက်၍ ထိန်းချုပ်ထားနိုင်ရေးအတွက် ငွေတန်ဖိုးဘီလီယံပေါင်းများစွာကို စီးပွားရေးမှာ ရင်းနှီးမြုပ်ထားရပြီး၊ နိုင်ငံ၏ တည်ငြိမ်ကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်တယ်။
တရုပ်နိုင်ငံ၏ လူဦးရေသိပ်သည်းမှု့အနည်း အများပြပုံ
ရင်းနှီးမြုပ်နှံမှုတွေဟာ နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနဲ့အခြားလိုအပ်ချက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ အလုပ်အကိုင်ရေးရာများတို့မှာ ဖြစ်ပြီး၊ တခြားကြီးမားသော ရင်းနှီးမြုပ်နှံ့ထားမှုတွေက စစ်ရေးနဲ့ လုံခြုံရေးအင်အားများအတွက် ဖြစ်တယ်။ အဲဒါမှ ၎င်းတို့၏ ပိုင်နက်နယ်မြေတွေနဲ့ နိုင်ငံ၏ အချုပ်အချာအာဏာတို့ကို ဆက်လက်တည်မြဲအောင် ထိန်းချုပ်ထားနိုင်ဖို့ ဖြစ်ပြီး၊ ဒီကိစ္စက တရုပ်နိုင်ငံ၏ စီးပွားရေးမှာ ၀န်ထုတ်ဝန်ပိုးဖြစ်နေစေပါတယ်။
ပြည်တွင်းရေးရာကိစ္စတွေပြီးတော့၊ တခြားကိစ္စကို ဆက်ကြည့်ကြစို့။
အမေရိကန်နဲ့မတူညီဒါက တရုပ်ဟာ ပြင်ပက ဖိအားများစွာကို ရင်ဆိုင်နေရတယ်။ ဂျပန်၊ ရုရှားနဲ့ အိန္ဒိယတို့လို အင်အားရှိတဲ့နိုင်ငံတွေနဲ့ ရယ်။ ထိုနိုင်ငံများသာမက တိုင်ဝမ်၊ တောင်ကိုရီယား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်တို့လို နိုင်ငံငယ်တွေနဲ့ရယ်၊ ထိုအပြင့် ဗီယက်နမ်တောင်ပါ လိုက်သေးတယ်။ ထိုသို့ရင်ဆိုင်နေခြင်းဖြင့် တရုပ်ဟာ မိမိပိုင်နက်မြေတွေတည်တံ့ရေးအတွက် စစ်ရေး၊ စီးပွားရေးတို့ဖြင့် အသုံးချနေရတယ်။ ဒါတွေဟာ တရုပ်၏ ပထ၀ီနိုင်ငံရေးဖြစ်တယ်။
တရုပ်နိုင်ငံအပေါ်ရှိနေသော ဒေသဆိုင်ရာဖိအားများပြပုံ
အဲဒါတွေကြောင့် တရုပ်ဟာ နောင်တက်လာမည့် မဟာအင်အားကြီးနိုင်ငံတခု မဖြစ်လာနိုင်ပါဘူး။ ဒေသဆိုင်ရာအတွင်းမှာသာ အင်အားတခုအနေဖြင့် ရှိနေမှာဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ အမေရိကန်အနေဖြင့် ဒေသတွင်း တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်သော အခွင့်အရေးများ ရှိနေပြီး၊ တရုပ်၏ သြဇာကြီးမားမလာနိုင်ရေးကို ထိန်းချုပ်ထားနေသောကြောင့်ဖြစ်တယ်။
တရုပ်အနေဖြင့် ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံ တခုအနေဖြင့်ဖြစ်မှာ ဖြစ်ပြီး။ တခြားသော ကုန်သွယ်ရေး အင်အားကြီး နိုင်ငံတွေလို ဖြစ်လာပါမယ်။ စစ်ရေးနဲ့ စက်မှုကုန်သွယ်ရေးတွေဟာ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက် အမြဲတမ်း လိုအပ်နေမှာဖြစ်တယ်။ နိုင်ငံ၏ အရှေ့မှာ ညီမျှမှုတွေရှိနိုင်ပေမယ့်၊ အနောက်ဖက်မှာတော့ မညီမျှမှုတွေ ဆက်ဖြစ်နေမှာပါ။ အနာဂတ်မှာ တရုပ်အနေဖြင့် မိမိပိုင်နက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နဲ့ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနိုင်ရန် အလို့ဌာ စစ်ရေးတွင် အကြီးအမာဆုံး ရင်းနှီးမြုပ်နှံ့ရမှာဖြစ်တယ်။ ထို့ကြောင့် အရှေ့ကို တက်လှမ်းဖို့ လုပ်လိုက်တိုင်းမှာ အနောက်ကို ပြန်ပြန်ကြည့်နေရမှာဖြစ်တယ်။
။။။။။။။
ဘာသာပြန်သူ၏ အမြင်နဲ့သုံးသပ်ချက်။။။။ တရုပ်နိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းကုန်ထုတ်ရေးဖြင့် ပြည်ပပို့သို့တင်ပို့သော စီးပွားရေးဖြစ်နေ၍ တရုပ်နိုင်ငံ၏ လျှပ်စစ်၊ ဓါတ်ငွေနဲ့ လောင်စားဆီ လိုအပ်ချက်များ ကြီးထွားလာသည့် အတွက် မြန်မာနိုင်ငံ၏ မြစ်ချောင်း အင်းအိုင် တောတောင် ကမ်းခြေ ပင်လယ်တွေက သံယံဇာတများအားလုံးကို တရုပ်အစိုးရပိုင်ကုပဏီတွေက ယခင်စစ်အုပ်ချုပ်ရေး သမားတွေနဲ့ စီးပွားရေးစာချုပ်ချုပ်ဆိုပြီး၊ သွယ်ဆောင်နေကြသည်ကို မြန်မာပြည်သူတွေအားလုံးအသိဖြစ်တယ်။ တရုတ်စီးပွားရေး ကုပဏီတွေ ဒီလိုမလုပ်နိုင်အောင် တားဆီးရန်အလို့ဌာ၊ နိုင်ငံ၏အစိုးရမှာ တာဝန်ရှိနေတယ်။ ပြည်သူလူထု၏ နိုးကြားမှုက အစိုးရကို ဖိအားပေးသလိုဖြစ်နေ၍ အရေးကြီးတယ်။ တရုပ်၏ စီးပွားရေးကြီးထွားမှု့သည် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အနုတ်လက္ခ္စဏာဖြစ်ပေါ်စေသည်ကို သက်သေအဖြစ် ဧရာဝတီမြစ်ဆုံ ဆယ် တည်ဆောက်ရေးကိစ္စတွေလိုမျိုးက သက်သေထူနေတယ်။ ဧရာဝတီအပါအ၀င် မြန်မာ့ သံယံဇာတများနဲ့တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံသူ မြန်မာနိုင်သား အားလုံး၏ မွေးရာပါ တာဝန်တရပ်ဖြစ်တယ်။
မှတ်ချက်။ အဲဒီစာတမ်းသည် သုတေသနပြုအဇာဘိုင်ဂျန်ကျောင်းသားလူငယ်တစ်စု၏ လေ့လာသုံးသပ်ချက်များကို မြန်မာလို ဘာသာပြန်ပြီး၊ ရုပ်ပြပုံများကို ကျွန်တော် ဖန်တီးတင်ပြထားပါတယ်။
ဒီဘာသာပြန်စာကို ဖတ်ရှုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
ဘာသာပြန်သူ။။။။ မျိုးသန့်

Copy from - New Generations