Thursday, November 15, 2012

အိုဘားမား မြန်မာ ပြည်သူလူထုကို မိန့်ခွန်း ပြောမည်



ရန်ကုန်၊ နိုဝင်ဘာ ၁၄

အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အိုဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း မြန်မာ ပြည်သူ လူထုအား မိန်ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ရက် နေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကိုလည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အိမ်ဖြူတော် ၏ နိုဝင်ဘာလ ၈ ရက် နေ့ တွင် အတည်ပြု ကြေညာချက် အရ အမေရိကန် သမ္မတ အိုဘားမား သည် နိုဝင်ဘာလ ၁၇ ရက်နေ့ မှ ၂ဝ ရက်နေ့ အထိ အရှေ့တောင် အာရှ ခရီးစဉ် အဖြစ် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား နိုင်ငံ များသို့ သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ နှင့် အမေရိကန် နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၁၈ဝ ပြည့် အထိမ်းအမှတ် အခမ်းအနား သို့တတ်ရောက် ၍ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် နှင့် တွေ့ဆုံရန် စီစဉ် ထားပြီး ကမ္ဘောဒီးယား နိုင်ငံတွင် ယခုလ ၁၈ ရက် နေ့ မှ ၂၀ ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အဆင့်မြင့် ဆွေးနွေးပွဲ များ သို့လည်း တက်ရောက်ပြီး အာဆီယံ ခေါင်းဆောင် များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေး တာဝန် ခံ Jay Carney က တရားဝင် ထုတ်ပြန် ကြေညာ ထားသည်။

0 ကွန်မန့်ရေးရန်:

Post a Comment