This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, July 6, 2014

သေသွားသူက မြေးဖြစ်သူထံ တမလွန်က ဓာတ်ပုံ ပေးပို့........................



Posted by: Ko Myo on Saturday, July 05, 2014 Categories:

ဓာတ်ပုံ- The Mirror

မိုဘိုင်းဖုန်းတွေ ခေတ်စားလာချိန်၊ လူမှု ကွန်ရက်တွေ အသုံးများလာချိန်မှာ Selfie လို့ ခေါ်တဲ့ ကိုယ့်ကိုယ် ကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွေပေါ် တင်ကြတာတွေ ကလည်း တွင်ကျယ်လာနေပါတယ်။ အခု ကိစ္စကတော့ တစ္ဆေ Selfie ဖြစ်စဉ်ပါ။

ရိုမေးနီးယားနိုင်ငံမှာ သေလွန်ပြီးသား သူ တဦးက Selfie ဓာတ်ပုံ ရိုက်ပြီး အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့
မြေးဖြစ်သူ မစ္စ Gina Mihai ရဲ့ တယ်လီဖုန်းကို ပို့လိုက်တာပါဘဲ။

တကယ်တော့ Gina Mihai ရဲ့ အဖွားဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေဆုံးသွားခဲ့ပြီး ဂျီနာကလည်း အဖွားဖြစ်သူရဲ့ သင်္ချိုင်းကို ဘာအစားအသောက်ကိုမှ မပို့ပေးခဲ့ဖြစ်ဘူးတဲ့။

အခုတော့ အဖွားဖြစ်သူက သူ့လည်ပင်းမှာ မြွေတကောင်ပတ်ထားသလို ရှိတဲ့ ဓာတ်ပုံကို သူ့ မိုဘိုင်း တယ်လီဖုန်း ဆီ ပို့လာတယ် လို့ ဆိုပါတယ်။


အရပ်ထဲက ဗေဒင်ဆရာတွေကပြောတာကတော့ ကွယ်လွန်သွားသူဟာ ဘဝတပါးမှာ သူ့အပြစ်အတွက် တခုခု အပြစ်ပေးခံနေရပုံရပြီး သူ့ လွတ်မြောက်ရေးအတွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့ မြေးဖြစ်သူဆီ သတင်းစကား ပါးတာဖြစ်တယ်လို့ ဟောပါသတဲ့။

ဒါနဲ့ ရပ်ထဲ ရွာထဲက လူတွေ စုပြီး ကွယ်လွန်သူအတွက် ဆုတောင်းမှုတွေနဲ့ အလှူဒါနပြုမှုတွေ လုပ်ကြပါ တယ်တဲ့။

ရိုမေးနီးယားနိုင်ငံမှာ သူတို့ ဓလေ့ ထုံးစံအရ သေသွားသူအတွက် တနှစ်ကို တကြိမ် သချုင်္ိုင်းကို သွားပြီး အစားအစာသွားပို့ကာ အလှူအတန်းလုပ်လေ့ ရှိကြပါတယ်လို့လည်း သိရပါတယ်။

အခုတော့ တစ္ဆေ Selfie ရောက်လာပြီးတဲ့နောက်မှာ နေ့တိုင်း သင်္ချိုင်းကို သွားပြီး အစားအစာနဲ့ အလှူ ဒါန တွေ သွားလုပ်ကြပါတယ်တဲ့။

The Mirror ရဲ့ ဒီသတင်းဟာ သိပ္ပံသမားတွေ အတွက် အတော်စဉ်းစားရခက်တဲ့ သတင်းတခုလည်းဖြစ်
နေပြီး စိတ်ဝင်စားစရာလည်း အလွန်ကောင်းပါတယ်။


မြေးဖြစ်သူ


သက်ရှိထင်ရှား အဖွားရှိစဉ်က မြေးနဲ့ အဖွား


အဖွား သက်ရှိထင်ရှား ရှိခဲ့စဉ်က 

မူရင်း သတင်းအပြည့်အစုံကို ဤနေရာမှ တဆင့် သွားဖတ်နိုင်ပါတယ်။


အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Fann Wong သို့မဟုတ် ဒုတိယ ဒင်န်မီမိုး...............



Posted by: Ko Myo on Saturday, July 05, 2014 Categories:
စင်ကာပူနိုင်ငံမှာ ကျော်ကြားသူ တဦးဖြစ်သူ Fann Wong ဟာ ကိုယ်အလေးချိန် လျှော့ချတဲ့ ကုန်ပစ္စည်း
တွေ ထုတ်လုပ်ရောင်းချတဲ့ Marie France Bodyline ကုမ္ပဏီအတွက် ကိုယ်ဝန်ဆောင် ဓာတ်ပုံတွေ ကို မော်ဒယ်အဖြစ် ရိုက်ကူး ဖော်ပြထားပါတယ်။ 
ဓာတ်ပုံ- ရာဟူး 

Fann Wong က သူ့ရဲ့ အဝတ်ဗလာနီးပါး ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ဘဝ ဓာတ်ပုံတွေကိုလည်း အွန်လိုင်းမှာ တင်ခဲ့ပြီး မကြာခင်အချိန်အပိုင်းတွင်းမှာပဲ Like လုပ်သူပေါင်း ၁ သောင်း ၃ ထောင်ကျော် ရှိနေပါပြီ။

အခုလို Fann Wong ရဲ့ ကိုယ်ဝန်ဆောင်ဘဝ အဝတ်ဗလာ ကျင်းနီးပါး ဓာတ်ပုံတွေကို တချိန် က
ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဒင်န်မီမိုး က မဂ္ဂဇင်း မျက်နှာဖုံး တွေမှာလည်း ဖော်ပြခဲ့ဖူးပါတယ်။





ဒါကြောင့် Fann Wong ကို ဒုတိယ ဒင်န်မီမိုးလားလို့ ကင်ပွန်းတပ်နေသူတွေလည်း ရှိကြပါတယ်။


အိမ့်သံစဉ် ~ Irrawaddy
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မန္တလေးဖြစ်ရပ်အပေါ် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု ဒေါ်စုပြော ..................

စိုးသန်းလင်း

ပြီးခဲ့သည့်နှစ်ရက်အတွင်း လူသေဆုံးမှုရှိခဲ့ပြီး ဇူလိုင် ၃ရက်ကစ၍ ‘ညမထွက်ရ’ အမိန့် ထုတ်ထားသည့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု မဇ္ဈိမကို ဇူလိုင်လ ၄ရက် နံနက်တွင် ပြောခဲ့သည်။

“အဲဒီဖြစ်ရပ်အပေါ် အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာချက်ထုတ်တယ်၊ ထုတ်ထုတ်ချင်းမှာ အတု ထွက်လာတယ်၊ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေသလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီး စဉ်းစားရမယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်ဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်နေတာကတော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး NLD က ထုတ်ပြန်သည့် ကြေညာချက်တွင် ‘လူမျိုးစုများ တွေ့ဆုံဖြေရှင်းကြစေလိုကြောင်းနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း’ ဖော်ပြပါရှိသော်လည်း ကြေညာချက် အတုတွင်မူ ‘ ယခုဖြစ်ရပ်၌ တာဝန်ပေါ့လျော့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့အား ပြင်းထန်စွာအရေး ယူသင့်ကြောင်း အပြင် မွတ်ဆလင်ဘာသာဝင်တို့အား ကာကွယ်ပေးသင့်သည် ဟူသည့် အဓိပ္ပါယ်မျိုး ဖော်ပြပါရှိသည်ဆို၏။

NLD က ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်ပြီး “အစတုန်းက သူများတွေပြောရင် အဖွဲ့ချုပ်က ဝင်မပါဘူး၊ တတ်နိုင်သမျှ ဒါတွေမဖြစ်အောင်လို့ အားလုံးအဆင်ပြေဖို့အတွက် ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင် ကြေညာချက်ထုတ်တာပါ” ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့အပြင် ယခုကဲ့သို့ ညမထွက်ရ ကာဖျူးထုတ်ခြင်းသည် အမှန်တကယ် လိုအပ်မှသာ ထုတ်သင့်ကြောင်း၊ အမှန်တကယ်လိုအပ်မှု ရှိ မရှိ သေချာဖို့လိုအပ်ကြောင်းနှင့် နောက်ထပ် ပဋိပက္ခမဖြစ်စေရန် ကာကွယ် ခြင်းမျိုး ဖြစ်စေလိုကြောင်း၊ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ မတူခြားနားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက်၊ ၂ရက်နှင့် ၃ရက်နေ့များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဒဏ်ရာရရှိခဲ့ပြီးနောက် မန္တလေးမြို့အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဇူလိုင်လ ၃ရက်မှ စ၍ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်အမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။