This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 26, 2014

ဖားကန့်တွင် တွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံး ကျောက်စိမ်းတုံး မဟုတ်ဘဲ သာမန်ကျောက်တုံး ဖြစ်နေဟုဆို................



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများ တွေ့ရှိခဲ့သော ၃၇ တန် ရှိ ကျောက်တုံးမှာ ကျောက်စိမ်းတုံးမဟုတ်ဘဲ ကျောက်စိမ်းအဆင့် မရောက်သေးဘဲ မောက်တုံး ဆင့်သာရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

““ကျောက်စိမ်းတုံးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”” ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေတွင်ပြောသည်။

ဖားကန့်မြို့နယ် ဝေခါကျောက်မျက်မှော်တွင် တွေ့ရှိသည့် ကျောက်တုံးကို ကျောက်စိမ်းတုံးအဖြစ် မှတ်ယူကြပြီး နိုင်ငံတော်အစိုးရက ထိန်းသိမ်းသွားရန်စီစဉ်ထားကာ ကျောက်တုံး စတင်တွေ့ရှိသည့်အချိန်မှစ၍ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော် နှင့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဖားကန့်ဒေသ ကျောက်စိမ်းကျောက်မျက်ရုံးမှ တာဝန်ရှိသူများက လုံခြုံရေးတာဝန်ယူကာ စောင့်ရှောက်ထားခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့တွင် ကျောက်တုံးကြီးအား မြေမှဖော်ယူရန်နှင့် သယ်ယူရန် လုပ်ဆောင်စဉ် ကျောက်တုံးကြီးမှာ အက်ကြောင်းများမှတစ်ဆင့် အလိုအလျောက် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီးနောက် ကျောက်စိမ်းမဟုတ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း ယင်းကျောက်စိမ်းတုံးအား ထိန်းသိမ်းစောင့်ရှောက်သည့်အဖွဲ့တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

““စနေနေ့က သယ်ဖို့စီစဉ်တဲ့အချိန် ပဲ့ကျသွားတာ။ ကျောက်တုံးကြီးက ကျောက်စိမ်းတုံးအဆင့်ထိ မရောက်သေးတဲ့ မောက်တုံးကြီးဖြစ်နေတယ်။ ကျောက်စိမ်းအဆင့်ထိ မရောက်သေးဘူး။ ကျောက်စိမ်းဆန်တဲ့ မောက်တုံးပေါ့။ ကွဲသွားတဲ့အချိန်မှာ ကျောက်စိမ်းနဲ့တူတဲ့ အပိုင်းအစတွေ၊ ရိုးရိုးကျောက်တုံးစတွေ၊ မြေမာစတွေပါတယ်”” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။      

ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကလည်း““ဖေဖော်ဝါရီ ၂၂ ရက်က ကျောက်တုံးကြီးကိုသယ်ဖို့ ကရိန်းနဲ့မတဲ့အချိန်မှာ ပဲ့ကျသွားတယ်။ ပဲ့ကျသွားတဲ့အခါမှာ ကျောက်သားတွေက ကျောက်စိမ်းလို့ ပြောလို့မရဘူး။ ကျောက်သားတွေမှာ ကျောက်စိမ်းလို့ခေါ်နိုင်တဲ့ အရည်အသွေးမရှိဘူး။ အရည်ကိုက ကျောက်စိမ်းလို့မခေါ်နိုင်ဘူး။ အခုတော့ တာဝန်ရှိသူတွေက ကျောက်စိမ်းဟုတ်၊ မဟုတ် အသေအချာမပြောသေးဘူး။ ညှိနှိုင်းနေကြတယ်။ ပဲ့ကျသွားတဲ့ကျောက်စိမ်းတုံးကို မြစ်ကြီးနားကိုသယ်ဖို့ စီစဉ်နေကြတယ်”” ဟု ပြောသည်။

ယင်းကျောက်တုံးကြီးမှာ လက်ရှိတွင် သက်တမ်းနုနေပြီး ကျောက်စိမ်းတုံးအဆင့်ထိ မဖြစ်သေးကြောင်း၊ မြေမာခဲများ၊ ကျောက်ခဲစများဖြင့် ကျောက်စိမ်းတုံးဖြစ်လာနိုင်သော်လည်း ကျောက်စိမ်းတုံးမဖြစ်မီ ကျောက်တုံးများကို ဖားကန့်ဒေသတွင် မကြာခဏတွေ့ရသည်ဟု ဆိုသည်။ ယခုတွေ့ရှိသော ၃၇ တန် ရှိ ကျောက်တုံးမှာလည်း ကျောက်စိမ်းမဖြစ်သေးမီ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ဖားကန့်ဒေသ ဝေခါကျောက်မျက်မှော်မှ ကျောက်မျက်ကုန်သည်တစ်ဦးက ပြောကြားသည်။

““ကျောက်စိမ်းတုံးကြီးတွေ့တယ်ဆိုတဲ့သတင်းက တော်တော်ပျံ့နှံ့နေပြီ။ အဲဒါကြောင့် အခု ကွဲသွားပြီး ကျောက်စိမ်းတုံးမဟုတ်မှန်းသိရတော့ အပိုင်းအစတွေသယ်ဖို့ လုပ်နေကြတယ်။ ဒီနေ့သယ်ပြီး လူကြီးတွေလာရင် ပြဖို့ လုပ်နေကြတယ်””ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်စိမ်းမဟုတ်သော်လည်း အပိုင်းအစများသယ်ယူရန် စီစဉ်နေ၍ ကျောက်စိမ်းတုံးတွေ့ရှိသည့်နေရာအနီးတွင် ခြံခတ်ထားပြီး လုံခြုံရေးများ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်မှော်များတွင် လုံခြုံရေးပိုမိုတင်းကျပ်ပြီး တစ်နိုင်တစ်ပိုင်ကျောက်မျက်ရှာဖွေသူများအား တားဆီးခြင်း၊ ဖမ်းဆီးကာ မိုးကောင်းဒေသသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ တပ်မအပြောင်းအလဲနှင့် ပြည်ထဲရေးဒုဝန်ကြီးလာရောက်ခဲ့မှုကြောင့် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးလျော့သွားကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

““အခု ငါးရက်လောက်ရှိပြီ။ တစ်နိုင်သမားတွေ၊ ရေမဆေးသမားတွေ မဖမ်းဘူး။ တစ်နိုင်တစ်ပိုင်သမားတွေ၊ တော်တော်လေး လုပ်သာကိုင်သာ ရှိနေတယ်”” ဟု ဖားကန့်ဒေသ ဆိုင်းတောင်ရွာမှ တစ်နိုင်တစ်ပိုင် ကျောက်ရှာဖွေသူတစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသကို ယခင် တပ်မ ၁၀၁ က နယ်မြေစိုးမိုးရေးတာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ တပ်မ ၆၆ က ပြောင်းလဲတာဝန်ယူသွားကြောင်း၊ ထိုသို့ တပ်မပြောင်းသလို တပ်မမှူး အပြောင်းအလဲကြောင့် ဖားကန့်ဒေသ တစ်နိုင်တစ်ပိုင်သမားများကို လတ်တလော ဖမ်းဆီးမှုမရှိဘဲ အေးချမ်းနေကြောင်း ဖားကန့်ဒေသခံများက ပြောကြားသည်။

Author: မောင်တာ
7day Daily
လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သယ်ယူရန် စစ်ဆေးစဉ် ပဲ့ထွက်သွားသော ကျောက်အပိုင်း အစများ ကို ကြည့်ကာ ကျောက်စိမ်း မဟုတ်ဟု ပြောနေပြန်သော ကျောက်တုံးကြီးကို တွေ့ရစဉ် ဓာတ်ပုံ - 7Day

ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန်...........


ဦးဝီရသူက သူ အပါအဝင် မြန်မာပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ်လို့ တနင်္လာနေ့က ဧရာဝတီကို မိန့်ကြားပါတယ်။

၂၀၁၃ ဇွန်လက ရန်ကုန်မြို့မှာ တွေ့ရတဲ့ ဦးဝီရသူနဲ့ သံဃာများ   (ဓာတ်ပုံ - ဂျေပိုင် / The Irrawaddy)

 -
ဦးဝီရသူနဲ့ NLD ဦးဝင်းတင်တို့ တွေ့ဆုံပွဲအကြောင်း ဆက်သွယ် မေးမြန်း လျှောက်ထားစဉ်မှာ အဲဒီလို မိန့်ကြားလိုက်တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဦးဝင်းတင် မန္တလေးရောက်စဉ် တွေ့ဆုံကြတာပါ။

ဦးဝင်းတင်နဲ့တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်းအရာတွေထဲ  ... အခြေခံဥပဒေ ပုဒ်မ ၅၉ ပြင်ဆင်ရေး၊ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစရှိတာတွေ ပါဝင်တယ်လို့  မိန့်ကြားပါတယ်။

သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ ကိစ္စ ပြင်ရေးက ဒေါ်စုအတွက် ထောက်ခံတယ်။ ဒီနိုင်ငံမှာ နိုင်ငံခြားသား ဥပမာ တရုတ်၊ ကုလားတို့ သမ္မတဖြစ်လာမှာကို အင်မတန်စိုးရိမ်ပါတယ် လို့ မိန့်ကြားပါတယ်။

 မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး .... ဒီနိုင်ငံမှာ မျိုးစောင့်ဥပဒေ အလွန် လိုအပ်နေတယ်။ အမျိုးသမီးတွေက တခြားဘာသာတွေထဲ ဇွတ်အတင်း သွပ်သွင်းခံရမှာကို စိုးရိမ်ပါတယ် တဲ့။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီပင်မစာမျက်နှာ
http://www.irrawaddy.org/burma/meeting-nld-cofounder-wirathu-cautions-suu-kyi-presidency.html မှာ မူရင်းသတင်းကို ဖတ်နိုင်ပါပြီ။

In Meeting With NLD Cofounder, Wirathu Cautions Against Suu Kyi Presidency
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။


တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ် မေးမြန်းထားပါတယ်။

မန္တလေးရောက်တုန်းမှာ ဆရာတော်က ဖိတ်တယ်၊ ဖိတ်တော့ ကျောင်းကို သွားတယ်၊ ဟိုရောက်တော့ ကျောင်းထဲမှာ ဒေါ်စုဓာတ်ပုံတွေ မိန့်ခွန်းတွေ ကပ်ထားတာ တွေ့ရတယ်။

ကျန်းမာရေးအရ ကျနော်က ထိုင်ခုံနဲ့ထိုင်ရတဲ့အတွက် နားလည်ဖို့ ခွင့်တောင်းတယ်၊ စကားပြောဖြစ်ကြတယ်၊  ဒေါ်စုကို သူ လေးစားတယ် ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်၊
  ၅၉ နဲ့ ပတ်သက်ပြီး ဒေါ်စု သမ္မတဖြစ်လာမှာကို သဘောတူတယ်။ သို့သော်လည်း ဒါပြင်ပြီးရင် တရုတ်၊ ကုလားတွေ သမ္မတဖြစ်လာမှာကို စိုးရိမ်တယ်။
NLD ပါတီထဲမှာ အရည်အချင်း မရှိတာတွေ တွေ့ရတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပြီလို့ အကြံပြု မိန့်ကြားတယ်။ 
NLD ကို ထောက်ခံလို့ ကျေးဇူးတင်တယ်၊  ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့ လုပ်သင့်တယ်၊ သို့သော်လည်း အဆင့်ဆင့်သော ခေါင်းဆောင်တွေကတော့ ညီလာခံလုပ်ပြီး စနစ်တကျ တင်မြှောက်ထားကြတာဖြစ်တယ် လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးကြပါသလဲ???  မျိုးစောင့်ဥပဒေကို လူတွေက ဘာကြောင့် မထောက်ခံကြသလဲ မသိဘူး လို့
ဦးဝီရသူက မှတ်ချက် မိန့်ကြားပေမယ့် ကျနော် ဒီကိစ္စကို ဆက် မပြောဘူး၊ ပြောလည်း အငြင်းပွားနေမှာပဲ လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။






.

၂၀၁၅ နောက်ပိုင်းမှသာ ပိုမိုဖွံ့ဖြိုးလာနိုင်မည့် ရန်ကုန် ကွန်ဒိုဈေးကွက်

ထားထားခင်


ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လိုအပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒိုအရေအတွက်သာများပြားနေ ပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂၀၁၅ နောက်ပိုင်း မှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကွန်ဒိုဈေးကွက်မှာလည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းမှသာ အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည် ဟု ၎င်းတို့က ဆိုသည်။

လှိုင်မြို့နယ်ရှိ Capital Development Limited မှ Marketin Manager မလွင်မာအောင်က “အဆင့်မြင့် ကွန်ဒိုတစ်ခု တည်ဆောက်နိုင်ဖို့အတွက် မြေအမျိုးအစားက ဂရမ်မြေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ၀ယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာဖို့နဲ့ ကွန်ဒိုတစ်ခုရဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ ပြည့်စုံဖို့ အဓိကအထောက် အကူဖြစ်စေပါတယ်။ ကွန်ဒိုရဲ့ အရည်အသွေးက ၀န်ဆောင်မှုပိုင်း၊ ပံ့ပိုးမှုပိုင်း ပြည့်စုံပြီး ကွန်ဒိုရဲ့အရည် အသွေးအားသာချက်ရှိတာကလည်း ဈေးကွက်ထိုးဖောက်မှုအပိုင်းမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဈေးကွက်မှာဖြစ်နေတာက အဆင့်မြင့်ကွန်ဒိုတစ်ခုမှာ facility အနေနဲ့ ကားပါကင်ပါတယ်ဆိုရင် ဈေးက သိန်း ၃,၀၀၀ ဖြစ်နေပြီ၊ တချို့ဟာတွေက ကွန်ဒိုလို့သာ ပြောနေကြတာ တကယ်တော့ high-end apartment တွေပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအများစုသည် တည်ဆောက်သူဘက်မှ ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံအောင်ထည့်သွင်းထား မှုမရှိကြောင်းနှင့် ယင်းအချက်က ကွန်ဒိုဈေးကွက် ပီပြင်စွာပေါ်ပေါက်လာစေရန် အတားအဆီးတစ်ရပ် သဖွယ်ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ်ရှိ Perfect Home Generation Real Estate & Construction မှ ဈေးကွက်မန်နေဂျာ ကိုရန်အေးကလည်း မြန်မာပြည်ရှိ ကွန်ဒိုများသည် ဈေးနှုန်းအနေအထားမြင့်မားသည့်အတွက် ငွေကြေး အသင့်အတင့်သာတတ်နိုင်သောသူများအတွက် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆိုသည်။ “ကွန်ဒိုတွေက ဈေးများနေတော့ ဈေးကွက်ထဲမှာ တိုက်ခန်းတွေပဲ အရောင်းအ၀ယ်သွက်နေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

“မြန်မာပြည်မှာရှိတဲ့ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံတဲ့ ကွန်ဒိုတွေဆိုရင် ဈေးနှုန်းသိန်း ၂,၅၀၀ လောက်ရှိတယ်၊ တကယ်တမ်းပြောရမယ်ဆိုရင် ကွန်ဒိုတွေက အောက်ခြေလူတန်းစားတွေနဲ့ အရမ်းအလှမ်းဝေးနေတယ်၊ သူတို့တွေအတွက် ကွန်ဒိုမပြောနဲ့ တိုက်ခန်းအပေါ်ဆုံးထပ်ကိုတောင် မတတ်နိုင်တဲ့သူတွေရှိတယ်၊ ဈေး ကွက်မှာ အမေးများတာကလည်း သိန်း၂၅၀ နဲ့ သိန်း ၃၀၀ ကြား တိုက်ခန်းတွေပဲ အမေးများတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကွန်ဒိုအရောင်းအ၀ယ်များနည်းပါးခဲ့သည်ဟု မဆိုနိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ပိုမိုဝင်ရောက်လာနိုင်မည့်၂၀၁၅ ခုနှစ်တွင်မူ အရောင်းအ၀ယ်ပိုဖြစ်လာနိုင်သည်ဟုလည်း ကိုရန်အေးက ပြောသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာပြည်ကိုလာမယ်ဆိုရင်တော့ ကွန်ဒိုအရောင်းအ၀ယ်ရော၊ အငှား ရော ပိုဖြစ်မှာပါ၊ ကမ္ဘာအေးဗီလာမှာဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၃,၅၀၀ လောက် အငှားဈေး ရှိတယ်၊ အဆင့်မြင့်ကွန်ဒိုတွေရဲ့ အရောင်းအငှားဈေးကွက်က ၂၀၁၅ မှာ ပိုမိုပီပြင်စွာ ဖြစ်တည်လာမှာပါ” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ မြေကွက်ကျဉ်းများပေါ်တွင် ဓာတ်လှေကားထည့်၍တည်ဆောက်ထားကြသော ကွန်ဒိုဟုခေါ် ဆိုနေသည့် အထပ်မြင့်တိုက်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသော အဆင့်မြင့်ကွန်ဒို စစ်စစ်များ မဟုတ်ဟုလည်း ကိုရန်အေးက ပြောသည်။

ဗဟန်းမြို့နယ်ရှိ စိုးကမ္ဘာအိမ်ခြံမြေ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကမူ ကွန်ဒိုဝယ်ယူသူများသည် အဓိက အားဖြင့် ဈေးနှုန်း၊ ပံ့ပိုးမှုအင်္ဂါရပ် ၊ ရေရှည်တွင်ဝယ်ယူ သူအတွက် ကိုက်ညီမှုရှိ၊ မရှိစသော အချက်များကို ကြည့်၍ ကွန်ဒိုများကို ရွေးချယ်ဝယ်ယူလေ့ရှိသည်ဟုပြောသည်။

“အတွေ့အကြုံအရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကွန်ဒိုဈေးနှုန်းတွေ တော်တော်မြင့် တက်လာခဲ့တာကိုတွေ့ရတယ်၊ ခန့်မှန်းမိသလောက် ဈေးနှုန်းတွေက ၂၀၁၁ ကထက် သုံးဆလောက် ပိုတက်လာတယ်၊ ၀ယ်သူတွေက ဈေးနှုန်း၊ ဓာတ်လှေကား၊ ကားပါကင်စတဲ့ facility တွေကို ဘတ်ဂျက်နဲ့ ချိန်ဆပြီး ရွေးချယ်ဝယ်ယူလာကြတာအပြင် ရေရှည်အတွက်ကောင်းတဲ့နေရာ ဥပမာ-ရုံးခန်းဖွင့်မယ်ဆို လည်း အဆင်ပြေမယ့်နေရာမျိုးမှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတွေကို ရွေးချယ်လာကြတယ်။

ဈေးကွက်ကနေ လေ့လာမိသလောက် ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတချို့ ဈေးကြီးတယ်ဆိုတာက ကွန်ဒိုမှာထည့်သွင်းပေးထားတဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေက စုံလင်တယ်၊ ကားပါကင်၊ လုံခြုံရေးအပြင် တခြား facility တွေပါပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းတူပြီး facility ကွာတဲ့ကွန်ဒိုတွေလည်းဈေးကွက်မှာရှိတယ်။ တချို့ ကွန်ဒိုတွေမှာ ကားပါကင် မပါဘူးလားဆိုရင်တော့ ပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရုံးခန်းဖွင့်ဖို့ အတွက်ကျတော့ အဆင့်မြင့်ကွန်ဒိုမဟုတ်တဲ့အတွက် အဆင်မပြေဘူး။ ဒါမျိုးကွန်ဒိုတွေကတော့ ဈေးကွက် မှာ အောင်မြင်ဖို့ ခဲယဉ်းသွားမှာပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ Assistant Manager မခင်မာနွယ်က“လက်ရှိအချိန်မှာတော့ ကွန်ဒို ဥပဒေကမူကြမ်း အဆင့်ပဲထွက်သေးတဲ့အတွက် ကွန်ဒိုလို့ သတ်မှတ်ရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးဘူး၊ ကိုယ့်အဆောက်အအုံတွေက ကွန်ဒိုဥပဒေထွက်လာလို့ အဲဒီမှာထည့်သွင်း ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် ကွန်ဒိုလို့ သတ်မှတ်ခံရမယ်၊ ကွန်ဒိုဆိုတာ အထပ် မြင့်အဆောက်အအုံကို ပြောတာမဟုတ်ဘူး” ဟု ပြောသည်။

ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ဖွယ်ရှိသည့် ကွန်ဒိုဈေးကွက်အတွက် အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ကွန်ဒိုများကို စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်မှုများရှိလာနေသည်ဟုလည်း ကွန်ဒိုဆောက် လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။

မလွင်မာအောင်က “ပံ့ပိုးမှုအင်္ဂါရပ်နှင့်ပြည့်စုံသည့် ကွန်ဒိုများသာ ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်မည် ဖြစ်သည်”ဟု ဆိုသည်။

ရေစိုခံ၊ 4K ဗီဒိယို တွေရိုက်နိင်ပြီး ဖြစ်တဲ့ Galaxy S5 ...........


Samsung ဟာ Galaxy S5 ရဲ့ ရောင်းချမဲ့ နေ့အတိအကျနဲ့ Spec တွေကိုထုတ်ပြန်လိုက်ပါပြီ။


မျက်နှာပြင် အရွှယ်အစား ၅.၁ လက်မ 1080p Super AMOLED display နဲ့ဖြစ်ပါတယ်။ Android 4.4.2 (Kitkat) ဖြစ်ပြီး 2.5 GHz Quad Core CPU, run ပါတယ်။ Super power save မူပါဝင်ပြီး 2800mAh လောက်ကိုတိုးထားပါတယ်။
အရှေ့ကင်မရာ 2.1 MP ဖြစ်ပြီး အနောက်ကင်မရာက 16 MP ဖြစ်ပါတယ်။. အမည်းရောင်၊ အဖြူရောင်၊ အပြာရောင်၊ copper-gold တို့ကို အရောင်အနေနဲ့ ရွေးချယ်နိင်ပါတယ်။

ထူးခြားမူတွေအနေနဲ့ 30fps မှာ UHD video တွေကို ရိုက်ကူးနိင်တဲ့အတွက် 4K ဗီဒီယိုတွေကို ရိုက်ကူးနိင်တယ်လို့ ဆိုရပါမယ်။
သံချေးတက်ခံနိင်၊ ရေစိုခံနိင်ပြီး Sony ရဲ့ Xperia ZR လောက်တော့ ရေအောက်မှာ ရေစိမ်မခံနိင်သေးပါဘူး။

802.11ac and 2×2 MIMO Wi-Fi connectivity တွေကိုထောက်ပံပေးထားပြီး fitness package လို့ခေါ်တဲ့ S Health 3.0 တို့လို အစိတ်အပိုင်း တွေပါဝင်ကာ diet နဲ့ exercise တွေကို လုပ်နိင်မဲ့အပြင် heart rate monitor တွေကိုပါ ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။

ဧပရယ် ၁၁ လောက်တွက်မှာ ဖြစ်ပြီး 16GB နဲ့ 32GB versions ကိုရနိင်ပါလိမ့်မယ်။ သို့ပေမဲ့ 64GB model ကိုတော့ ထုတ်ဖို့ အစီအစဉ်မရှိပေမဲ့လို့ Micro SD ကနေပဲ တိုးမြှင့်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Smart Pro Journal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ကမ္ဘာ့ အကောင်းဆုံး မိုဘိုင်း ကင်မရာ ကို ပိုင်ဆိုင် ထားတဲ့ Xperia Z2...........









Sony က စွမ်းဆောင်ရည်မြင့် Phablet ဖုန်းဖြစ်တဲ့ Xperia Z2 ကို Mobile World Congress
မှာ ကြေညာလိုက်ပါတယ်။

Sony က ကမ္ဘာ့အကောင်းဆုံး မိုဘိုင်းကင်မရာ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။

Xperia Z2 က သူ့ရဲ့ နောင်တော် Xperia Z1 နဲ့ ဆင်တူပေမယ့် မျက်နှာပြင် ကို ပိုမိုကြီးမားတဲ့
၅.၂ လက်မအရွယ် တပ်ဆင်ထားပြီး သူ့နောင်တော် မှာတော့ ၅ လက်မအရွယ်သာ တပ်ဆင်
ထားတာဖြစ်ပါတယ်။ 1080p IPS Panel အစား eIPS LCD Display ကို ပြောင်းလဲ အဆင့်မြှင့်
ထားတဲ့ အတွက် ရှုထောင့်မျိုးစုံ က ကြည့်ရှုလို့ အဆင်ပြေ လာပါတယ်။ အရောင်တိကျမှုလည်း
ပိုမိုကောင်းမွန်လာပါတယ်။

2.45 GHz Quad - Core Krait 400 CPU ကို အသုံးပြု ထားပြီး ပိုမို လျှင်မြန်တဲ့ Adreno 330
GPU ကို အသုံးပြု ထားပါတယ်။ 3GB RAM, 16GB Storage နဲ့ MicroSD Card အသုံးပြုနိုင်
ပါတယ်။ LTE အသုံးပြုနိုင်ပြီး 3200mAh Battery တပ်ဆင်ထားပါတယ်။

Z2 မှာ 20.7 Megapixel Camera တပ်ဆင်ထားပါတယ်။ ထွက်ရှိပြီး သမျှဖုန်းတွေထဲမှာတော့ အကောင်းဆုံး ဖြစ်ပါတယ်။ 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Samsung Galaxy S5
မှာတောင် 16 Megapixel Camera သာ ပါရှိပါတယ်။

ရေစိုခံပြီး IP55 , IP58 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ Galaxy S5 ကလည်း ရေစိုခံနိုင်ပေမယ့်
ရေအနက် သုံးပေ အထိသာ ယူဆောင်အသုံးပြုလို့ရပါတယ်။ Z2 က ပိုမိုနက်ရှိုင်းတဲ့ ရေအနက်
ကို ယူဆောင်သွားနိုင်ပါတယ်။ Z2 မှာ အသံဆူညံမှုကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းပညာ ဟာ ဖုန်း
မှာ ပါရှိသလို အတူပါရှိတဲ့ Earphone မှာလည်း ပါရှိပါတယ်။ Z2 ရဲ့အထူ က (၈.၂) မီလီမီတာ
ဖြစ်ပြီး အလေးချိန် မှာ (၁၅၈) ဂရမ် ဖြစ်ပါတယ်။ မတ်လမှာ တစ်ကမ္ဘာလုံး ကို ရောင်းချပေးမှာ
ဖြစ်ပါတယ်။

Digital Life Journal မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကမ္ဘာ့ အကောင်းဆုံး မိုဘိုင်း ကင်မရာ ကို ပိုင်ဆိုင် ထားတဲ့ Xperia Z2 http://www.simon-vlog.com/2014/02/xperia-z2.html#ixzz2uMl6pZpC
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ယူကရိန်းသမ္မတ ထွက်ပြေးသွားတော့ နန်းတော်ကြီးလို ခမ်းနားလွန်းတဲ့ စံအိမ်တော်ကြီးကို ပြည်သူတွေ လေ့လာနိုင်အောင်လို့ ခွင့်ပြုပေးလိုက်တယ်…..........



 
ကိုယ်ကျိုးစီးပွါးအတွက် ခရိုနီတွေနဲ့ ပေါင်းပြီး ချမ်းသာနေတဲ့ သမ္မတကို ပြည်သူတွေရဲ့ အားနဲ့ ဖြုတ်ချနိုင်ဖို့ ဆန္ဒပြပွဲတွေ၊ လူထုအုံကြွမှုတွေ၊ သွေးထွက်သံယိုဖြစ်စေမှုနဲ့ လမ်းပေါ်ထွက်ခဲ့ကြတယ်…

ကျုပ်တို့ ပြည်သူတွေအတွက် အတုယူစရာဆိုရင်လည်း မမှားပါဘူး…...
အနာမခံချင်ရင် အသာစံဖို့ အခွင့်အရေးမရှိဘူး…

ကျုပ်တို့ နိုင်ငံအခြေအနေက ယူကရိန်းထက် အဆပေါင်းများစွာ ဆိုးရွားပါတယ်…

ဖွဲ့စည်းပုံ မပြင်ချင်လို့ ပြည်သူတွေကို အမျိုးမျိုး နှိပ်စက်နေတဲ့ အစိုးရဟာ ဖွဲ့စည်းပုံသာ ပြင်လိုက်မယ်ဆိုရင် ခွေးဘဝရောက်တာထက် ဆိုးလိမ့်မယ်ဆိုတာ အာဏာရှင်တွေနဲ့ ခရိုနီတစ်စု သိနေကြလို့လည်း ကျုပ်တို့ ပြည်သူတွေကို ဒီလို မတရားမှုတွေနဲ့ ပြဿနာတွေကို ဖန်းတီးပေးနေခြင်းပဲ ဖြစ်တယ်…

မြင်တတ်ကြပါစေ…
နားလည်တတ်ကြပါစေ…
စစ်အာဏာရှင်ကျွန်ဘဝက လွတ်မြောက်ဖို့ ပြည်သူတွေ ညီကြပါ………

သက်နှင်း သုန္ဒရီ

ဆွေမျိုးသားချင်းများနဲ့ပတ်သက်သော အင်္ဂလိပ် အခေါ်အဝေါ်များ ........


Photo: ဆွေမျိုးသားချင်းများနဲ့ပတ်သက်သော အင်္ဂလိပ် အခေါ်အဝေါ်များ
======================
အဖေ - Father , Daddy, Dad
အမေ - Mother, Mummy, Mum
ညီ၊ မောင် - Young brother
အစ်ကို - Elder brother
ညီမ ၊ နှမ - Young sister
အစ်မ - Elder sister
ယောက္ခမ ( ထီး ) - Father in law
ယောက္ခမ ( မ ) - Mother in law
ယောက္ခမများ - Parents in law
ယောက်ဖ ၊ မတ်၊ ခဲအို - Brother in law
မရီး ၊ ယောက်မ ၊ ခယ်မ - Sister in law
သားမက် - Son in law
ချွှေးမ - Daughter in law
ဦးကြီး ၊ ဦးလေး - Uncle
အဒေါ် - Aunt
ဘေး - Great grandfather
ဘေး ( မ ) - Great grandmother
မြစ် ( ယောကျာင်္း ) - Great grandson
မြစ် ( မိန်းမ ) - Great granddaughter
မြစ် ( ယောကျာင်္း ၊ မိန်းမ ) - Great grandchild
ဘကြီး - Great uncle
ကြီးဒေါ် - Great aunt
တူ - Nephew
တူမ - Niece
သား - Son
သမီး - Daughter
ဖအေတူ မအေကွဲ ညီအစ်ကိုမောင်နှမ - Half brother/sister
ပထွေးပါ ၊မိထွေးပါ - Step brother / sister
ပထွေး - Step father
မိထွေး - Step mother
လင် - Husband
မယား - Wife
လင်မယား - Man and wife
အဖိုး - Grandfather / Grandpa
အဖွား - Grandmother/ Grandma
မြေး - Grandchild
မြစ် - Great grand child
စုံတွဲ - Couple
မွေးစားမိဘ - Adoptive parent
လင်ပါ မယားပါ ကလေး - Step child
မွေးစားကလေး - Adopted child
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ - Cousin
လင်ပါ မယားပါ သား - Step son
လင်ပါ မယားပါ သမီး - Step daughter
ဘိုးဘေး - Fore father
ဘိုးဘေးဘီဘင် ဆွေမျိုးဆက် - Forebear , Forbear

Maung Maung Wannhttps://www.facebook.com/maungmaung.wann/posts/451848834921830

အဖေ - Father , Daddy, Dad
အမေ - Mother, Mummy, Mum
ညီ၊ မောင် - Young brother
အစ်ကို - Elder brother
ညီမ ၊ နှမ - Young sister


အစ်မ - Elder sister
ယောက္ခမ ( ထီး ) - Father in law
ယောက္ခမ ( မ ) - Mother in law
ယောက္ခမများ - Parents in law
ယောက်ဖ ၊ မတ်၊ ခဲအို - Brother in law
မရီး ၊ ယောက်မ ၊ ခယ်မ - Sister in law
သားမက် - Son in law
ချွှေးမ - Daughter in law
ဦးကြီး ၊ ဦးလေး - Uncle
အဒေါ် - Aunt
ဘေး - Great grandfather
ဘေး ( မ ) - Great grandmother
မြစ် ( ယောကျာင်္း ) - Great grandson
မြစ် ( မိန်းမ ) - Great granddaughter
မြစ် ( ယောကျာင်္း ၊ မိန်းမ ) - Great grandchild
ဘကြီး - Great uncle
ကြီးဒေါ် - Great aunt
တူ - Nephew
တူမ - Niece
သား - Son
သမီး - Daughter
ဖအေတူ မအေကွဲ ညီအစ်ကိုမောင်နှမ - Half brother/sister
ပထွေးပါ ၊မိထွေးပါ - Step brother / sister
ပထွေး - Step father
မိထွေး - Step mother
လင် - Husband
မယား - Wife
လင်မယား - Man and wife
အဖိုး - Grandfather / Grandpa
အဖွား - Grandmother/ Grandma
မြေး - Grandchild
မြစ် - Great grand child
စုံတွဲ - Couple
မွေးစားမိဘ - Adoptive parent
လင်ပါ မယားပါ ကလေး - Step child
မွေးစားကလေး - Adopted child
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ - Cousin
လင်ပါ မယားပါ သား - Step son
လင်ပါ မယားပါ သမီး - Step daughter
ဘိုးဘေး - Fore father
ဘိုးဘေးဘီဘင် ဆွေမျိုးဆက် - Forebear , Forbear

Maung Maung Wannhttps://www.facebook.com/maungmaung.wann/posts/451848834921830
— with Shwe Eaim Si and 5 others.

တရုတ် မှောင်ခို ဈေးကွက် မှာ တန်ဖိုး မြင့်တက် လာတဲ့ လူ့ခန္ဒာကိုယ် အစိတ်အပိုင်းများ... အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက် ...........



တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊...


.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့  ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံအတွင်းမှာ ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက ဈေးကွက်မှာ ကျယ်ပြန့် လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ(၁)သန်း လောက်ဟာ ကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ စောင့်နေကြပါတယ် ၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံးသွားသူနဲ့ အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီက နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ ဦးရေကအလွန်များနေတာကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး ၀ယ်နေတော့ မှောင်ခိုဈေးကွက် ကလည်း တွင်းကျယ်လာပါတယ်၊

ဝယ်အားကောင်းနေဆဲ လူ့ အစိတ်အပိုင်းတွေကတော့ ကျောက်ကပ်($၅၀၀၀၀ကျော်) အသည်းမှာဒေါ်လာ($၈၀၀၀၀၀ကျော်)နဲ့  ဈေးအရဆုံးကတော့ အဆုတ်ဖြစ်ပြီး ဒေါ်လာတသိန်း မှ လေးငါးသိန်း ကျော်အထိ ဈေးပေါက်ပါတယ်။
နောက်ဆုံး..မျိုးဥကောင်းတဲ့ ယောက်ကျားသုတ်ရည်ကိုတောင်ဒေါ်လာထောင်ချီပေးပြီးဝယ်တာလည်းရှိသေးတယ်။

ချမ်းသာတဲ့သူတွေက သူ့ ထက်ငါဈေးကောင်းပေးအလုအရက် ၀ယ်လာနေလို့  ခုလိုဈေးတွေတက်သွားခဲ့တာပါ၊ ၀ယ်လိုအားကောင်းတော့ ဒုစရိုက်ဂိုဏ်းသားတွေက မျက်စေ့ကျလာပါတော့တယ်၊ဒီတော့ ကုန်ကြမ်းတွေကိုရဘို့  လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်လာရာမှာတော့..... လူသားဈေးကွက်တွင်ကျယ်လာတာပါ

.နောက်ပိုင်း လူကလီစာရောင်းတာတွေ.တရုပ်နိုင်ငံတွင်းမှာ ဖမ်းဆီးအရေးယူနေ ပေမဲ့...လူသား မှောင်ခိုလောကက ရပ်မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေဟာ ပုံစံတမျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ ...လူကလီစာကုန်ကြမ်းတွေကို ဆက်ရှာနိုင်ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာအလုပ်ထွက်လုပ်သူတွေဟာ သားကောင်တွေဖြစ်သွားရော၊ နယ်စပ်ကနေ လူတွေကိုအောက်လမ်းမှခိုးသွင်းလာမယ် ပြီးရင်တချို့ ကိုဆေးထိုးသတ်ပြီး ကိုယ်ထဲအစိတ်အပိုင်းတွေထုတ်ယူတယ်၊

တချို့ ကိုတော့ နေမကောင်းလို့  ဆေးရုံပြမယ်လို့  လိမ်ညာပြီးမှောင်ခိုဆရာဝန်နဲ့ ကိုယ်ထဲက အစိတ်အပိုင်းတွေကို ခွဲထုတ်ယူကြပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိဆန္ဒအလျှောက် ထုတ်ရောင်းကြတာလည်းရှိတယ်၊ နောက်နည်းတမျိုးမှာ နယ်စပ်က ကျန်းမာရေးကောင်းတဲ့ မိန်းခလေးငယ် တွေကို လက်ထပ်ဘို့ စည်းရုံးခေါ်သွားပြီး နောက်ပိုင်းမှာအပြောက်ရှင်းလိုက်တာပါ။ တရုပ်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းကျေးလက်တောသူတဦးဟာ ယောက်ကျားနေတဲ့ တရုပ်ပြည်ကို လိုက်သွားရင်း နဲ့  နေမကောင်းလို့ ဆေးရုံတက်ရတဲ့အချိန်မှာ သူမကိုမေ့ ဆေးပေးပြီး နှလုံးကိုအစားထိုးလဲ လိုက်တဲ့အတွက် ဆေးရုံကဆင်းလာပြီးတဲ့နောက်ပိုင်း.... ၃လအကြာမှာ သေဆုံးသွားခဲ့ပါတယ်၊ မိမိတို့  နိုင်ငံမှာလည်း လူမသိသူမသိနဲ့  ခုလိုလိမ်ညာလူကုန်ကူးနေသူတွေကြောင့် ဘယ်လောက် ပြောက်ဆုံးနေကြတယ်ဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ပါ

ဒါကြောင့် တရုတ်ဘက် ကို တရားဝင်နည်းနဲ့ ပဲဖြစ်ဖြစ် မှောင်ခိုပဲဖြစ် ဖြစ် သွားရောက် အလုပ် လုပ် ကိုင်မည့် သူများကို သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ်

ှSource.. (NSA)
‪#‎Burmarpyithar‬ ‪#‎min‬ Burma

ကွန်ဒုံး သုံးရင်လည်း သိပ်စိတ်မချရဘူး ...............

Wednesday, February 26, 2014
~


 

 -
ရောဂါရှိသူအမျိုးသားအိပ်ဖော်နဲ့ အတူနေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း  စိတ်မချရဘူး၊ ရောဂါကူးနိုင်ခြေရှိတယ် လို့  ရန်ကုန်အခြေစိုက် NOW  အပတ်စဉ်ထုတ် ဂျာနယ် ဆောင်းပါးတပုဒ်မှာ ဒီတပတ် သတိပေး ရေးသားထားပါတယ်။

"ကွန်ဒုံးသုံးပေမယ့် သင့်ရဲ့ အမျိုးသမီးအင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ်အရေပြားနဲ့ ပွတ်တိုက်ထိတွေ့ဖန် များတဲ့အခါ ကွန်ဒုံးသုံးလည်း ရောဂါကူးနိုင်တာကို သတိမူသင့်ပါတယ်" လို့ ရေးထားပါတယ်။

အမျိုးသမီးတွေနဲ့ လိင်မှုရေးရာ ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးမှာ အဲဒီလို သတိပေးထားတာပါ။
 
ကွန်ဒုံးအသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြုသင့်သူတချို့က  သုံးရမှာ ဝန်လေးနေကြပါသေးတယ်။

  ကွန်ဒုံးကုမ္ပဏီတွေကလည်း အသုံးပြုသူများကိုဆွဲဆောင်တဲ့အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပါးသည်ထက် ပါးအောင် ထုတ်နေကြတာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံးကွန်ဒွန် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

သူ့မတိုင်ခင် စံချိန်တင်ခဲ့တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။
လိင်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာလည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကားရိုက်သူများ LA မှ ထွက်ရန် စဉ်းစား  ဆိုပြီး မနှစ်က  http://blog.irrawaddy.org/2012/01/la.html မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေထုတ်လိုက်ခါမှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယိုကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါတယ် လို့ အမေရိကန် အွန်လိုင်းစာမျက်နှာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

 

http://blog.irrawaddy.org/2012/01/la.html



.

အင်တာနက် ၅ မိနစ်ဖွင့်ရုံနဲ့ ကမ္ဘာလောကကြီးအကြောင်း သိနိုင်မယ့် APK ( Special For 2014 ) ............

 မြန်မာနည်းပညာရှင်အစ်ကိုတစ်ဦးရေးသားတဲ့ 2014 အတွက် အကောင်းဆုံးAndroid Application လေးဖြစ်ပါတယ်ခင်မျAndroid Device တွေမှာ ဒီ apk လေးကိုထည့်ပြီး ၅ မိနစ်ပဲ Internet ဖွင့်ကြည့်လိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ချက်ချင်းသိနိုင်ပါမယ်။ ဘာဖြစ်လို့ပါလဲ... ဒီ Application မှာ သတင်း၊ သုတ၊ ရသ၊ အားကစား၊ နည်းပညာ စတဲ့ Website/Blog/Facebook Page ပေါင်းများစွာကို တစ်စုတစ်စည်းတည်း ထည့်သွင်းထားလို့ပါပဲ...


 
နာမည်က All Updates Reader လို့ပေးထားပါတယ်.. ဗားရှင်း ( ၂ )မျိုးထုတ်လုပ်ထားပြီး White Version 1.0 နဲ့ Black Version 1.0 တို့ဖြစ်ကြပါတယ်..

White Version မှာပါဝင်တဲ့ Content List တွေကတော့ -
သတင်း
The Free Note    ၊  ရိုးရာလေး    8
RFA Burmese     ၊  မြန်မာ့အလင်း
အေးချမ်းမွန်         ၊  Myanmar Online News
MOI Webportal   ၊ Myanma-Spectrum   
Mizzima NEWS    ၊ Yangon Police
The Voice Weekly၊ သစ်ထူးလွင်


IT နည်းပညာ
မောင်ပေါက် (နည်းပညာ)  ၊  ဝင်းကမ္ဘာကျော်
MM IT Helper               ၊  မောင်(စွယ်စုံကျမ်း)
ညီနေမင်း ( နည်းပညာ )   ၊  အမျိုးကောင်းသား
ဝေမျှသူ                        ၊  ဘလော့ခရီးသည်
ပြည့်ဖြိုး ( MMITD )        ၊  ဆော့ဝဲမြို့တော်
Myanmar IT Developer ၊ Myanmar IT Sky

ဖုန်းနည်းပညာ 
Forum XDA ၊ Android Central
ဖြိုးချမ်း  ၊ MMS Developer
ထိုင်းရောက် IT လူငယ်များ ၊  MMAS (Live)
MP Firmwares

Ebook Download

Myanmar Journal Download (Live) ၊  Free Download Myanmar E-Book၊
စာအုပ်စာပေလူ့မိတ်ဆွေ

အားကစားကဏ္ဍ
ဘောလုံးချစ်သူ         ၊  မန်ယူဖန်များအတွက်သီးသန့်နေရာ
အားကစားပဒေသာ    ၊  Myanmar Arsenal Fan
ကြေးပေါက် AsianBookie(Live)  ၊  Goals365 ( Live )
Football Score ( Live )

ကျန်းမာရေး၊အလှအပနှင့်ပျိုမေရေးရာ
ဒေါက်တာတင့်ဆွေ   ၊   ပျိုမေတို့သိစေဖို့
စတိုင်နှင့်ဖက်ရှင်ကဏ္ဍ ...

စသည်ဖြင့် ကဏ္ဍစုံလင်ပြီး အမြဲ Update ဖြစ်တဲ့ Website/Blog/Facebook Page တွေပါဝင်ပါတယ်...

Offline နဲ့ဖတ်မရလို့ Online မှာ တိုက်ရိုက် Live ကြည့်နိုင်အောင် Live လေးတွေထည့်ပေးထားပါတယ်.. ဘောလုံးပွဲရဲ့ Goal Score တွေ၊ ကြေးပေါက်တွေ၊ Forum XDA လို နည်းပညာဖိုရမ်ကြီးတွေကို တိုက်ရိုက် Live ကြည့်နိုင်မှာဖြစ်ပါတယ်...

အပေါ်က အချက်အလက်တွေအားလုံးဟာ All Updates Reader White Version 1.0 အတွက်ဖြစ်ပါတယ်...http://s4.sfcdn.in/MmI1YmQ2ZDBiYzY4MzcyZjQ4NGU2YTViMDI3OTcxMzhhZTUzOWE0MDoxV0lNcEQ6SldONldQUU50WFg4dnFjamJzeGVxZVd0ejd3/3c0a408260/All_Updates_Reader_%28White%29.apk

Whit Version 1.0 Download Links: 3.34 MB
Mediafire    /     Solidfiles     /       DevHost

---------------------------------------
Black Version မှာ ပါဝင်တဲ့ Content တွေကတော့
အထက်မှာဖေါ်ပြခဲ့တဲ့ သတင်း၊ နည်းပညာ၊ ဖုန်းနည်းပညာ၊ အားကစား၊ ကျန်းမာရေးနှင့်ပျိုမေရေးရာတွေအပြင် အသက် ( ၁၈ )နှစ်အောက်နှင့် ဂုဏ်သရေရှိ လူကြီးမင်းများ မရကြည့်သင့်၊ မကြည့်အပ်တဲ့ အနုပညာဆိုင်ရာ ဓါတ်ပုံတွေ၊ Model တွေရဲ့ ပုံလှလှလေးတွေ၊ ခံစားသူအကြိုက် ဝတ္ထုတိုလေးတွေ၊ ကောင်းနိုးရာရာ ဗွီဒီယို ဆိုဒ်တွေ ပါဝင်ပါတယ်... ဒီဗားရှင်းနဲ့ပတ်သက်လို့ ကိုယ်ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်တယ်၊ ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်တယ်၊ အမျိုးသမီးနဲ့ (၁၈)နှစ်အောက် လူငယ်ဖြစ်တယ်ဆိုရင် လုံးဝ မဒေါင်းပါနဲ့.. ဝေလည်းမဝေဖန်ပါနဲ့.. ဘာဖြစ်လို့လဲဆိုတော့ ဒီဗားရှင်းကို မဒေါင်းရင် ဒီဗားရှင်းနဲ့ပတ်သက်ပြီး ဝေဖန်စရာ မရှိဘူးလေ...


Black Version 1.0 Download :  http://download1256.mediafire.com/h2gfu6effmjg/24t3i39ytqskzg9/All+Updates+Reader+%28Black%29.apk
MediafireSolidfiles  / DevHost


အားလုံးပဲ လောကကြီးရဲ့အကြောင်း၊ သာယာမှုနှင့် ပျော်ရွှင်မှုတွေ သိရှိခံစားနိုင်ကြပါစေ...
 Post By Myanmar IT Helper