Wednesday, February 26, 2014

ကမ္ဘာ့ အကောင်းဆုံး မိုဘိုင်း ကင်မရာ ကို ပိုင်ဆိုင် ထားတဲ့ Xperia Z2...........









Sony က စွမ်းဆောင်ရည်မြင့် Phablet ဖုန်းဖြစ်တဲ့ Xperia Z2 ကို Mobile World Congress
မှာ ကြေညာလိုက်ပါတယ်။

Sony က ကမ္ဘာ့အကောင်းဆုံး မိုဘိုင်းကင်မရာ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။

Xperia Z2 က သူ့ရဲ့ နောင်တော် Xperia Z1 နဲ့ ဆင်တူပေမယ့် မျက်နှာပြင် ကို ပိုမိုကြီးမားတဲ့
၅.၂ လက်မအရွယ် တပ်ဆင်ထားပြီး သူ့နောင်တော် မှာတော့ ၅ လက်မအရွယ်သာ တပ်ဆင်
ထားတာဖြစ်ပါတယ်။ 1080p IPS Panel အစား eIPS LCD Display ကို ပြောင်းလဲ အဆင့်မြှင့်
ထားတဲ့ အတွက် ရှုထောင့်မျိုးစုံ က ကြည့်ရှုလို့ အဆင်ပြေ လာပါတယ်။ အရောင်တိကျမှုလည်း
ပိုမိုကောင်းမွန်လာပါတယ်။

2.45 GHz Quad - Core Krait 400 CPU ကို အသုံးပြု ထားပြီး ပိုမို လျှင်မြန်တဲ့ Adreno 330
GPU ကို အသုံးပြု ထားပါတယ်။ 3GB RAM, 16GB Storage နဲ့ MicroSD Card အသုံးပြုနိုင်
ပါတယ်။ LTE အသုံးပြုနိုင်ပြီး 3200mAh Battery တပ်ဆင်ထားပါတယ်။

Z2 မှာ 20.7 Megapixel Camera တပ်ဆင်ထားပါတယ်။ ထွက်ရှိပြီး သမျှဖုန်းတွေထဲမှာတော့ အကောင်းဆုံး ဖြစ်ပါတယ်။ 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Samsung Galaxy S5
မှာတောင် 16 Megapixel Camera သာ ပါရှိပါတယ်။

ရေစိုခံပြီး IP55 , IP58 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ Galaxy S5 ကလည်း ရေစိုခံနိုင်ပေမယ့်
ရေအနက် သုံးပေ အထိသာ ယူဆောင်အသုံးပြုလို့ရပါတယ်။ Z2 က ပိုမိုနက်ရှိုင်းတဲ့ ရေအနက်
ကို ယူဆောင်သွားနိုင်ပါတယ်။ Z2 မှာ အသံဆူညံမှုကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းပညာ ဟာ ဖုန်း
မှာ ပါရှိသလို အတူပါရှိတဲ့ Earphone မှာလည်း ပါရှိပါတယ်။ Z2 ရဲ့အထူ က (၈.၂) မီလီမီတာ
ဖြစ်ပြီး အလေးချိန် မှာ (၁၅၈) ဂရမ် ဖြစ်ပါတယ်။ မတ်လမှာ တစ်ကမ္ဘာလုံး ကို ရောင်းချပေးမှာ
ဖြစ်ပါတယ်။

Digital Life Journal မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကမ္ဘာ့ အကောင်းဆုံး မိုဘိုင်း ကင်မရာ ကို ပိုင်ဆိုင် ထားတဲ့ Xperia Z2 http://www.simon-vlog.com/2014/02/xperia-z2.html#ixzz2uMl6pZpC
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment