This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, September 8, 2012
iLoader for Facebook
Facebook ကို တစ်ခါ upload လုပ်မှ ဓာတ်ပုံ တစ်ပုံချင်းစီ လုပ်ရတာကို စိတ်မရှည် တဲ့ သူတွေကတော့ iLoader ကို ကောင်းကောင်း အကြိုက် တွေ့ကြ ရမှာပါ။ iLoader ဟာ Facebook ဓာတ်ပုံနဲ့ Video uploader ဖြစ်ပြီး iOS Version ကိုသုံးစွဲသူ 1.5 သန်းကျော် ရှိပါတယ်။
iLoader ကို အခုအခါ Android အတွက်ပါ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ဓာတ်ပုံတွေ upload တင်ဖို့ဆိုရင် အလွန်လျင်မြန်တဲ့ multiphoto selection ပါဝင်ပြီး ခေါင်းစီးကိုလဲ တစ်ပါထဲ ထည့်သွင်းပေးနိုင်ပါတယ်။ ဓာတ်ပုံကို လှည့်ပတ်ဖြတ်တောက်နိုင်ပြီး brightness, contrast, saturation, color, sharpen, blur စတဲ့ effect တွေလဲ ပါဝင်ပါတယ်။ မျက်လုံးတွေ နီနေတာ၊ သွားပေါ်နေတာတွေကိုလဲ ပြင်ဆင်နိုင်ပြီး ဓာတ်ပုံနဲ့အတူ မှတ်စုတွေကိုပါ ထည့်သွင်းနိုင်ပါတယ်။
Filter 10 မျိုး ပါဝင်ပြီး ပုံတွေကို ပိုမိုလှပအောင် ပြင်ဆင်နိုင်မယ့်အပြင် ဓာတ်ပုံ အဲလ်ဘမ်အသစ်တွေ ပြုလုပ်ပြီး privacy ကိုလဲ iLoader ကနေပဲ နှစ်သက်သလို စီစဉ်နိုင်ပါတယ်။ iLoader ကနေ အပြင်ထွက်ခဲ့ရင်လဲ ဆက်ပြီး uplad လုပ်ပေးနေမှာ ဖြစ်ပါတယ်။
Video upload ကိုလဲ ဓာတ်ပုံမှာလိုပဲ privacy ချိန်ညှိနိုင်ပြီး upload မလုပ်ခင် playback နဲ့ စစ်ဆေးနိုင်ပါတယ်။ Resolution အပြည့် upload လုပ်ပေးနိုင်မှာ ဖြစ်သလို ဗီဒီယို အမြောက်အမြားကို တစ်ပြိုင်နက် ပေးပို့နိုင်ပါတယ်။ အမြင်ဆန်းသစ်လှပတဲ့ UI ပါဝင်ပြီး အင်တာနက်မရှိတဲ့ နေရာမှာလဲ upload ကလွဲရင် ကျန်တာတွေ အားလုံး ပြင်ဆင်ထားနိုင်ပါတယ်။ 3G (သို့) Wi-Fi နှစ်သက်ရာ သုံးနိုင်ပါတယ်။ iLoader ကို iSO 3.0, Android 2.2 နဲ့ အထက်မှာ သုံးစွဲနိုင်ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတထံ တင်သွင်း
လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။ ဥပဒေထဲမှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်တဲ့နေရာမှာ အရင်တုန်းက ချမှတ်ထားတဲ့ ကန့်သတ်ချက် အတော်များများကို လျှော့ပေါ့ ပယ်ဖျက် ရေးဆွဲထားပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ ကိုက်ညီတဲ့ ဥပဒေတရပ်ဖြစ်ပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အပြည့်အ၀ ဆွဲဆောင်နိုင်ဖို့အတွက် လုပ်စရာတွေတော့ အများကြီး ကျန်သေးတယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ဆက်ထားပါတယ်။
အခုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမူကြမ်းမှာ အရင်က အနိမ့်ဆုံးရင်းနှီးမြုပ်နှံငွေ ပမာဏသတ်မှတ်ချက်ဖြစ်တဲ့ ဒေါ်လာ ၅သန်းရှိရမယ်ဆိုတဲ့ အချက်ကို ဖျက်သိမ်းပြီး၊ ဖက်စပ်လုပ်ငန်းလုပ်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူဟာ မတည်ငွေရင်းရဲ့ အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမယ်ဆိုတဲ့ အချက်ကိုလည်း ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ အစောပိုင်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အကြား အငြင်းပွားခဲ့တဲ့ အချက်အလက်အတော်များများကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
ဒီဥပဒေဟာ နိုင်ငံအတွက် အရေးတကြီး လိုအပ်ချက်ဖြစ်တာကြောင့် လွှတ်တော်ရဲ့ နောက်ဆုံးရက်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။
“ အငြင်းပွားစရာလည်းမရှိပါဘူး။ ဘာလို့လည်း ဆိုတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေက လွှတ်တော်မှာ အပြီးလုပ်ရမယ့်ကိစ္စဖြစ်နေတယ်။ အဓိက အရေးကြီးတဲ့ ဥပဒေဖြစ်နေတော့ ဒီဥပဒေကို အခု လွှတ်တော်မှာ ပြီးအောင် ဒီနေ့ နောက်ဆုံးနေ့မှာ အတည်ပြုလိုက်တာပါ။”
အခုလို ပြုပြင် ရေးဆွဲလိုက်တာဟာ အရင်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးရေးဆွဲထားတဲ့ အချက်အချို့ကို လျှော့ပေါ့ပေးလိုက်တာဖြစ်ပြီး၊ အပြည့်အ၀တော့ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူးလို့ မြင်ကြောင်း ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင် ဦးမင်းခင်က ပြောပါတယ်။
“ လက်ရှိ ဥပဒေကတော့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို အထူးသဖြင့် တတ်နိုင်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဆိုတဲ့ အဆင့်ကနေ နောက်တဆင့် ပြန်လျှော့သွားတာလို့ ကျနော်တို့ ယူဆတယ်။ တကယ်တမ်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကောင်းဆုံးအခြေအနေတခုကို မျှမျှတတ အခွင့်အရေးပေးပြီးတော့ ဖိတ်ခေါ်နိုင်တဲ့အဆင့်တော့ မရောက်သေးဘူးလို့ ကျနော်တို့ ထင်တယ်။”
တကယ်တမ်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်း ၀င်လာနိုင်အောင် ဖိတ်ခေါ်ဖို့ ပြည်တွင်းမှာ ပြင်ဆင်ပြောင်းလဲစရာ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ ဦးမင်းခင်က အခုလို ထောက်ပြပါတယ်။
“ကျနော်တို့ အခက်အခဲတွေရှိတယ်၊ ပြည်တွင်းမှာ ပြင်ဆင်စရာတွေ အများကြီးရှိနေသေးတယ်။ ဘဏ်လုပ်ငန်းစနစ်တို့ စီမံခန့်ခွဲရေးတို့ ပြည်တွင်းမှာ ဥပဒေစိုးမိုးရေး စည်းမျဉ်းစည်းကမ်းတွေ နောက် ဌာနဆိုင်ရာတွေရဲ့ အုပ်ချုပ်ရေးစနစ်တွေက ကျနော်တို့ အများကြီးလုပ်ဖို့ လိုနေသေးတယ်။ နောက် အရေးကြီးတာက တကယ်တမ်းရင်းနှီးမြုပ်နှံသူလာမယ် ဒီမှာ ဖက်စပ်ပြီးတော့ တွဲလုပ်မယ်ဆိုရင် ကျနော်တို့ဖက်က လုပ်ငန်းတွေမှာ စနစ်ကျတဲ့ စီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေးအခြေအနေ ဖော်ပြမှုတို့ ဒါတွေ ကျနော်တို့ဖက်မှာ လိုနေသေးတယ်ခင်ဗျ။ အဲဒါတွေကကို ရင်းနှီးမြုပ်နှံမှုဥပဒေအတွက် အရေးကြီးတဲ့ အခက်အခဲတွေ ဖြစ်နေမယ်လို့ ကျနော်တို့ ထင်ပါတယ်။”
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတထံ တင်သွင်းရမှာဖြစ်ပြီး၊ သမ္မတက အတည်ပြုလက်မှတ်ရေးထိုးပြီဆိုရင်တော့ ဥပဒေ အတည်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
http://burmese.voanews.com/content/joint-parliament-sessions-approv...
ရုံးပိတ်ရက်မှာ Pizza လုပ်စားကြရအောင်
ဒီတစ်ပတ် နားရက်မှာ ပီဇာစားချင်တာနဲ့ ပီဇာလုပ်စားဖို့  စိတ်ဆုံးဖြတ်ချက်ချလိုက်တယ်။ စိတ်ဆုံးဖြတ်ချက်ချတယ် ဆိုတဲ့ နေရာလေးမှာ သေချာအောင် ပြောရရင်တော့ အစားအသောက်ကောင်းကောင်းလေးတွေဆို ချက်လိုက်၊မြည်းလိုက်နဲ့ လူက ဝိတ်တက်လာမှန်းမသိ တက်နေလိုက်တာ ကိုယ့်ကိုယ်ကို သတိထားမိချိန်မှာတော့ အောင်မလေး ငါအတော်လေးဝနေပြီးပါလားဆိုပြီး သိချိန်မှာ နောက်ကျနေပြီး။ အတော်လေးကို ဝနေပြီ။
ဒီတော့လဲ ဝိတ်လျှော့ရတော့မှာပေါ့။ သူများတွေလို အစားလျှော့စားတာတို့ ဘာတို့တော့ မလုပ်ပါဘူး။ အဓိက ဝါသနာကိုက စားတာဆိုတော့ စာနေအုံးမှာပဲ။ ဗိုက်ပြည့်အောင်ကို တစ်ဝကြီး စားနေအုံးမှာပဲ။
ညစာမစားပဲလဲ မနေပါဘူး။ ဒါပေမဲ့ ညစာတွေကို ထမင်း၊ခေါက်ဆွဲ၊ပေါင်မုန့်၊Pasta စတာတွေကို အကုန်လက်ရှောင်ပြီး အသီးအရွက်သုတ်တွေကိုသာ တစ်မျိုးပြီးတစ်မျိုးစားနေရတာပေါ့။
ဒီနေ့တော့ မစားတာပဲ ကြာလို့လားမသိတော့ပါဘူး။ စားချင်သောက်ချင်စိတ်လေးက ထိန်းမရအောင်ဖြစ်လာတာ။
 လျှာလေးက အရသာခံချင်လာတာနဲ့ပဲ စိတ်ကလဲ မနေနိုင်တော့ဘူး။ မျက်စေ့မှိတ်ပြီး ပီဇာလုပ်စားဖို့ကို ဆုံးဖြတ်လိုက်တယ်။ ဝယ်ပြီးစားတာထက် ကိုယ်တိုင်လုပ်စားရတာကို ပိုနှစ်သက်လို့ မေလဲ လုပ်စားရင်း သူငယ်ချင်းတို့လဲ ကိုယ်တိုင်လုပ်စားနိုင်အောင် ပီဇာလုပ်နည်းလေး မျှဝေလိုက်မယ်နော်။
Pizza dough လုပ်ရန်
၁။ တစေး( dry yeast) စားပွဲတင်ဇွန်း တစ်ဇွန်း
၂။သကြား စားပွဲတင်ဇွန်း တစ်ဇွန်း
၃။ဆား စားပွဲတင်ဇွန်း တစ်ဝက်
၎။သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (မရှိလျှင် အခြားဆီအစားထိုးသုံး၍ ရနိုင်ပါသည်)
၅။ရေနွေးနွေး တစ်ခွက် (250ml)
၆။ဂျုံမှုန့် ၂ ခွက် (ထမင်းပေါင်းအိုးတွင် ပါလာသည့် ဆန်ချိန်ခွက်နှင့် ချိန်တွယ်နိုင်ပါသည်၊ရေလဲ ထိုနည်းတူစွာ)
ပြုလုပ်ပုံ အဆင့်ဆင့်
အဆင့် ၁
ပန်းကန်လုံးတစ်လုံးတွင် ရေနွေးနွေး၊တစေး၊သကြားတို့ကို အပေါ်မျက်နှာပြင် အမြုပ်ထွက်လာသည်အထိ ထည့်မွှေလိုက်ပါ။
အဆင့်၂
ဂျုံ၊ဆား၊ဆီ၊ရောမွှေထားသော တစေးရေ တို့ကို ဇလုံကြီးထဲသို့ ထည့်၍ ဂျုံများ စေးပိုင်လာသည်အထိ နယ်ရပါတော့မည်။ ဂျုံနယ်သည့် နေရာမှာ စေးနေသည့် ဂျုံတွေအရှေ့ကယူပြီး အလယ်ကိုဆွဲခေါက်ရှေ့တွန်းလိုက် ၊ပြီး အရှေ့က အစကို ဆွဲယူလိုက်၊ဘေးက အစကိုဆွဲယူလိုက် အလယ်ကို ဆွဲခေါက်လိုက် ၊နံပြားမလုပ်ခင် ဂျုံထိုးတာကို မြင်ဖူးပါလိမ့်မယ်။ လုပ်နည်းအတူတူပါပဲ။
ဂျုံနယ်ချိန် လက်တွေစေးကပ်လာရင်တောရေနည်းနည်း စွတ်ပေးတာမျိုး၊ဆီလေးနည်းနည်း ကိုင်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
အဆင့်၃။
ဂျုံလေးတွေ ချောမွေ့ပြီး စေးကပ်လာပြီးဆိုလျှင် နယ်ထားသည့် ဂျုံတွေကို ဂျုံလုံးကြီးအတိုင်းထားပြီး သန့်စင်သည့် နောက်ထပ်ဇလုံကြီးထဲ ပြောင်းထည့် ရေစွတ်ပြီး ပြန်လည်ညှစ်ထားတာရေစိုဝတ်သန့်လေးနဲ့ အုပ်ထားပြီး အနည်းဆုံး ၂၅ မိနစ်လောက် နွေးနွေးထွေးထွေး ထားရပါမယ်။ ရေခဲသေတ္တာထဲ မထားမိပါစေနဲ့။ အခန်းအပူချိန်လောက်ဆိုရင်လဲ ရပါတယ်။ ဂျုံလုံးကြီးက ပွတ်လာမှာဖြစ်သောကြောင့် ဂျုံထည့်ရန် ဇလုံကြီးကြီး လိုအပ်ပါသည်.
ဒါဆိုရင်တော့ ပီဇာလုပ်ဖို့ ဂျုံရပြီနော်။
ပီဇာစလုပ်တော့မယ်နော်။ ဟီးးး အခုမှ ပီဇာက စပြီးလုပ်မှာ။ စောစောက ဂျုံနယ်တာပဲ ရှိသေးတယ်။
ပါဝင်သော ပစ္စည်းများ
၁။ Pizza dough
၂။ခရမ်းချဉ်သီးဆော့ (စူပါမားကက်များတွေ ဝယ်ယူ၍ရနိုင်ပါသည်)
၃။ mozzarella cheese
၎။ မိမိနှစ်သက်သည်များ ပါဝင်ထည့်နိုင်ပါပြီ။ (သံလွင်သီး၊ကြက်သွန်အကွင်းလိုက် လှီးထားသော၊ခရမ်းချဉ်သီး ၊ငရုပ်ချိုပွကြီးများ၊salami ၊ham ၊နာနတ်သီး၊မှို ၊ထောပတ်သီးစသည်ဖြစ်......)
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ နယ်ထားပြီးသော dough များကို ဒလိမ့်တုံးနှင့် ပြားနေအောင် လိမ့်လိုက်ပါ။ ဂျုံတွေ မကပ်အောင်တော့ ဂျုံမုန့် အနည်းငယ်စီ ဖြူးပေးရပါလိမ့်မည်။ မေကတော့ ပါးပါးလေး ဖြစ်တဲ့ အထိ လိမ့်တယ်။ ဒါမှ ဂျုံပါဝင်မှုနုန်းနည်းမှာ။ ဂျုံထူတဲ့ Pizza hut က လုပ်တဲ့ ပီဇာထူထူကြီးတွေကိုလဲ စားရတာ မကြိုက်ဘူး။
၂။ဂျုံပြားရပြီးဆို ခရမ်းချဉ်သီးဆော့တွေကို အပေါ်က သုတ်လိမ်းရပါမည်။
၃။ ခရမ်းချဉ်သီးဆော့ပေါ်က mozzarella cheese လေး ထပ်ဖြူးလိုက်ရင် ပီဇာအကြမ်းထည်ရပါပြီး။ (တစ်ခါတစ်လေ အဲ့ဒီအတိုင်းပဲ စားဖြစ်တယ်။)
၎။ အဆင့်(၄)တွင် မိမိပါဝင် ထည့်လိုသည့် ရသာများကို အပေါ်မှာ ဖြူးပေးပြီးလျှင် အဆင့်သင့်ပီဇာရပါပြီ။
၅။ ပြီးရင်တော့ ဖုတ်ရတော့မယ်နော်.။ Ovenကို 200'c အပူပေးပြီး ၁၅ -၂၀ မိနစ် မီးဖုတ်ရပါလိမ့်မည်။ Oven မရှိလျှင်တော့ မုန့်ဖုတ်ဖိုနှင့်သော်လည်းကောင်း၊အပေါ်မီးအောက်မီးနှင့်သော်လည်းကောင်း ဖုတ်ရပါမည်။
ကဲ အဆင်သင့် စားသုံးနိုင်သည့် အရသာရှိရှိ ပီဇာလေး စားသုံးနိုင်ပါပြီရှင်။
salami ပီဇာ
ခရမ်းချဉ်မီးနဲ့ မှိုပီဇာ
ခရမ်းချဉ်သီးပီဇာ။ ဒါလေးကိုတော့ ခရမ်းချဉ်သီးကို Oven ထဲက ထုတ်ပြီးမှ အပေါ်က တင်တာပါ။ ထောပတ်သီးကိုလဲ ထိုနည်းလည်းကောင်းပါပဲ။
မေကတော့ စားချင်တဲ့ ပီဇာလေးလဲ စားရအောင် အများကြီးလဲ မစားမိအောင် အသီးအရွက်သုတ်လေးနဲ့ စားတယ်။ ပီဇာကို ငရုတ်သီးမုန့်လေး နည်းနည်းဖြူစားရတာကိုကြိုက်တယ်။
ပီဇာနဲ့ စားသုံးဖို့ အခြားလိုက်ဖက်တာ တစ်ခုရှိသေးတယ်။ စာဆိုတောင် ရှိသေးတယ်။
ပီဇာနဲ့ ဘီယာ
ရသာကို လျှာပေါ်တင်ပြီလျှင်
ထိုအရသာကို သင်တစ်သက်မမေ့နိုင်တော့ပါတဲ့။
ဘီယာကြိုက်တဲ့ ကိုကိုတွေ ထားခဲ့တဲ့ အပြောလေး ဖြစ်ပုံရပါတယ်။
ဒီနေ့တော့ ဒီလောက်ပဲနော်။ နက်ဖြန်ဘာချက်စားရမှာလဲ တွေးလိုက်အုံးမယ်။ မနက်ဖြန်မှ တစ်ခါ ပြန်လည်ဆုံတွေ့ကြတာပေါ့။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
တရုတ်တွင်၂ နှစ်ရွယ်ကလေးကို ကားဖြင့်တိုက်မိပြီး ထွက်ပြေးသွားသူကို ထောင်ဒဏ် ၃ နှစ်ခွဲချမှတ်
ယမန်နှစ်အောက်တိုဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ဖိုရှန် မြို့တွင် လမ်းလျောက်တတ်ကာစ ၂ နှစ်အရွယ်ကလေးတစ်ဦးကို ကားဖြင့်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားသော ကားသမား ဟူဂျန်ကို ဖိုရှန်တရားရုံးကထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာကိုဖော်ပြထားချက်ကို ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။
ဝမ်ယွီး ဟုအမည်ရသော လမ်းလျောက်တတ်ကာစက ၂ နှစ်သာရှိသေးသောမိန်းကလေးငယ်ကို အဆိုပါကားသမား ဟူဂျန်က ကားဖြင့်တိုက်မိခဲ့ပြီးနောက် နောက်ထပ်ကားတစ်စီးကလည်း ဝင်ရောက်တိုက်ကာ ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်သည်။
လုံခြုံရေးကင်မရာတွင်တွေ့ရှိချက်အရ အဆိုပါကားတိုက်ခံရသူကလေးငယ်ကို လမ်းသွားလမ်းလာ ၁၈ ဦးကလည်း တစ်စုံတစ်ရာ ကူညီမှုမပြုခဲ့ခြင်းအတွက်လည်း တရုတ်လူ့အဖွဲ့အစည်းအပေါ်ဝေဖန်စရာများဖြစ်လာခဲ့သည်။
ကားဖြင့်တိုက်ခံခဲ့ရသူ ဝမ်ယွီးကို အမှိုက်ကောက်သူ အမျိုးသမီးတစ်ဦးက ကူညီပေးခဲ့ပြီး၊ ဆေးရုံသို့ပို့ပေးခဲ့သော်လည်း ကလေးမှာ ရက်အနည်းငယ်အကြာတွင်သေဆုံးသွားခဲ့သည်။
ကားဖြင့်တိုက်မိပြီး ထွက်ပြေးသွားသူ ဟူဂျန်သည် ယင်းဖြစ်ရပ်အပြီးတွင် ရဲစခန်းတွင် ကိုယ်တိုင်အဖမ်းခံခဲ့ပြီး၊ ကလေးငယ်အတွက် ဆေးဝါးစားရိတ်များကို ထောက်ပံ့ပေးခဲ့ခြင်းကြောင့် တရားရုံးက သက်ညှာသောအားဖြင့်ထောင်ဒဏ် ၃ နှစ်ခွဲသာချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံး၏ အမိန့်ချမှတ်ရာတွင်ဖော်ပြထားသည်။
အဆိုပါ ကလေးငယ်ကို နောက်ထပ်ကားဖြင့်တိုက်မိခဲ့သော ကားသမားနှင့်ပတ်သက်၍မူ အဆိုပါသတင်းတွင် တစ်စုံတစ်ရာဖော်ပြထားခြင်း မရှိပေ။
ယင်းဖြစ်ရပ်တွင် ကားတိုက်ခံရသောကလေးကို ကူညီခြင်းမရှိသည့် လမ်းသွားလမ်းလာများနှင့်ပတ်သက်၍ စီးပွားရေးဖွံ့ဖြိုးလာသော တရုတ်လူ့အဖွဲ့အစည်း၏ ဂရုဏာတရားကင်းမဲ့လာမှုကို အချို့ကဝေဖန်ထောက်ပြပြောဆိုလျက်ရှိသည်။
သို့သော် တရုတ်နိုင်ငံတွင် ထိခိုက်ဒဏ်ရာရသူများက ၎င်းတို့ကို ကူညီကယ်ဆယ်ပေးသူများကို တရားစွဲဆိုလေ့ရှိခြင်းကြောင့် လူအများအနေဖြင့် ဝင်ရောက်ကူညီရန်ကြောက်ရွံ့ကြခြင်းလည်းဖြစ်ကြောင်း ရှန်ဟိုင်းရှိ ဘီဘီစီသတင်းထောက် ဂျွန်ဆတ်ဝေါ့သ် ကပြောကြားသည်။
သို့သော် တချို့အမြင်အရမူ တရားဥပဒေမှာ ပြဿနာ၏ အဖြေတစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး၊ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီး၊ မြို့ပြဖြစ်ထွန်းမှုကြီးထွားလာခြင်းကြောင့် အစဉ်အလာ လူ့ကျင်ဝတ်တန်ဖိုးများကို အားနည်းသွားခြင်းမျိုးဖြစ်ဖွယ်ရှိ မရှိကိုမူ မေးခွန်းထုတ်လျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
By The Voice Weekly
ကျူးကျော် နေသူများကို အင်အားသုံးရှင်းမည်ဟု စည်ပင်အရာရှိ ပြော
ရဲက ဝင်မဖမ်းမီ ကျူးကျော်နေထိုင် သူများကို တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာ အထက် ခွင့်ပြုမိန့်ကျသည်နှင့် ရှင်းလင်းသွားမည် ဖြစ်ပြီး တစုံတရာ ခုခံ ကာကွယ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီ မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောဆိုလိုက်သည်။
မန္တလေးမြို့တော်ခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ဦးတင်ထွဋ်ကျော်က ထိုသို့ ဧရာဝတီ ကို ပြောကြားခြင်း ဖြစ်သည်။
ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော် မြေကွက်များတွင် လက်ရှိ လူ နှစ်ထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။
ယင်းမြေကွက်များပေါ်တွင် ကျူးကျော် နေထိုင်သူများအား ဦးဆောင်သည့် ကိုဝင်းမြင့်ထွန်း ဆိုသူကို သြဂုတ်လ ၂၀ ရက်က ရဲ တပ် ဖွဲ့ဝင် ၈၀ ခန့်က ၀င်ရောက်စီးနင်း၍ ဖမ်းဆီးရာမှ ကျူးကျော် နေသူများနှင့် ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သည်။
ကိုဝင်းမြင့်ထွန်း သည် သြဂုတ်လ ၂၃ ရက်တွင် ကိုယ်တိုင် ရဲ စခန်းသို့ သွားရောက် အဖမ်းခံခဲ့သည်။ အဖမ်းမခံရခင် တရက် အလို တွင် ယင်းကျူးကျော်မြေ ကိစ္စနှင့် ပတ်သက်ပြီး ဗီဒီယို ရုပ်သံ မှတ်တမ်း တင်ခဲ့သည်။
ထိုမှတ်တမ်းတွင် ကိုဝင်းမြင့်ထွန်းက ၎င်းကို ဦးတင်ထွဋ်ကျော်က နောက်ကွယ်မှ ကြိုးကိုင် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ဦးတင်ထွဋ်ကျော်ကမူ‘‘ဒီကိစ္စ သူ့ရဲ့ တဖက်သတ် ပြောကြားချက်ပါ၊ သူ့ကို ကျနော် ပြောခဲ့တာက မင်း(ကိုဝင်းမြင့်ထွန်း)က သူပုန်ပဲ၊ ဒီမြေတွေကို မင်းက အဲဒီလို ကျူးကျော်နေထိုင်ပြီး ဆင်းရဲမွေတေမှု လျှော့ချတဲ့ လုပ်ငန်း လုပ်တယ်ဆိုပြီး ပြောရအောင် ဒါမင်းပိုင် တာ မှ မဟုတ်တာ ဆိုပြီး ကျနော် ပြောခဲ့တာပါ”ဟု တုံ့ပြန်ပြောဆိုသည်။
ယင်းကျူးကျော်မြေများမှာ ၁၉၉၁ ခုနှစ်က လ/န ၃၉ ဖြင့် ခွင့်ပြုထားပြီး မြေကွက်များကို ပိုင်ဆိုင်သည့် လယ်သမားများ ထံမှ အစိုးရ က ၀ယ်ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် အဆိုပါမြေများကို လယ်သမားများလည်း ပိုင်ဆိုင်ခြင်းမရှိသကဲ့သို့ လယ်သမားများထံမှ တဆင့် ၀ယ်ယူထားသူများလည်း ပိုင်ဆိုင်ခြင်းမရှိကြောင်း ဦးတင်ထွဋ်ကျော်က ပြောဆိုသည်။
ယင်းကျူးကျော်မြေကွက်မှာ ရာနှင့်ချီရှိပြီး မန္တလေး စည်ပင်သာယာမှ အကွက် ၄၀ ခန့် ပိုင်ဆိုင်ထားကြောင်း၊ ယခင် လယ်သမားများက ဦးလဆန်အောင်ဝါ ၏ ကချင် ငြိမ်းချမ်းရေး အဖွဲ့ကို ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ထားကြောင်းလည်း သိရသည်။
ကချင် ငြိမ်းချမ်းရေး အဖွဲ့က ထိုမြေများကို ၁၉၉၃ ခုတွင် တဧကလျှင် ကျပ် ၄၀၀၀ ခန့်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး တရားဝင်ဝယ်ယူခြင်း မဟုတ်၍ ၎င်းတို့အနေဖြင့်လည်း တရားမ၀င် ၀င်ရောက်နေထိုင်ခြင်း ဖြစ်ကြောင်း ကိုဝင်းမြင့်ထွန်းက ပြောဆိုထားသည်။
ကိုဝင်းမြင့်ထွန်းသည် မြေကွက်များအပေါ် ကျူးကျော်နေထိုင်ပြီး တလ ကျော်တွင် ကချင် ငြိမ်းချမ်းရေး အဖွဲ့၏ တိုင်ကြားချက်ဖြင့် ရဲ တပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းအား ပစ္စည်းပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။
ကချင် ငြိမ်းချမ်းရေး အဖွဲ့မှ ဒု ဗိုလ်မှူးကြီး ညွန့်စိန်က“ကျူးကျော် နေထိုင်တဲ့ လူတွေကို အခုထိ မဖယ်ခိုင်းသေးပါဘူး၊ ကျနော်တို့က ပျောက်သွားတဲ့ ပစ္စည်းထက် ဒီမြေကွက်မှာ ဒီလို ကျူးကျော်တဲ့သူတွေ ရှိနေသေးတာ ဘယ်လို သဘောလဲ ဆိုတာ နားလည်လို့ မရသေးပါဘူး”ဟု ပြောဆိုသည်။
http://burma.irrawaddy.org/archives/19637
မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား တူရကီအမျိုးသမီး သတ်ဖြတ်
တူရကီနိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် မိမိကို မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား သေနတ်ဖြင့် ပစ်သတ်ကာ ခေါင်းဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ နာဗင်
ယီလ်ဒါရင်မ်သည် ယခုအခါတွင် လူသတ်မှုဖြင့် စွဲချက်တင်ခြင်း ခံထားရပြီ ဖြစ်သည်။ သူမက မုဒိမ်းသမားဟု စွပ်စွဲထားသူကို ပြီးခဲ့သည့် သီတင်းပတ်က တူရကီ အနောက်တောင်ပိုင်းရှိ ကျေးရွာတစ်ခုမှ နေအိမ်တွင် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ နာဗင်သည် ကလေး(၂)ဦး ရှိနေပြီး သူမသတ်ဖြတ်ခဲ့သူနှင့် ရခဲ့သည်ဟုဆိုသော ကိုယ်ဝန် (၅)လကိုလည်း လွယ်ထားရသည်။ သူမသည် မုဒိမ်းသမားအဖြစ် စွပ်စွဲခဲ့သူ နာရက်တင် ဂီဒါ၏ ခေါင်းကို ဖြတ်ယူလာကာ ယယ်လ်ဗက်ရွာလေး၏ ရွာလယ်မြေကွက်လပ်တွင် စွန့်ပစ်ထားခဲ့သည်။
နာဗင်က သူမကို နာရက်တင်က ကိုယ်ဝန်ဖျက်ချရန် ပြောဆိုခဲ့သော်လည်း (၁၀)ပတ်ထက် ပိုသော ကိုယ်ဝန်ကို ဖျက်ချရန် အန္တရာယ် များကြောင်း သတ်မှတ်ချက်ထက် (၄)ပတ်မျှ ကျော်နေပြီ ဖြစ်ခြင်းကြောင့် သူမက ငြင်းဆိုခဲ့ကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူက ရာသီပေါ် အလုပ်တစ်ခုအတွက် နေအိမ်မှ ထွက်ခွာသွားစဉ် နာရက်တင်က သူမအား သေနတ်ပြကာ မုဒိမ်းကျင့်ခဲ့ပြီး အကယ်၍ ယင်းကိစ္စကို ပြန်ပြောပါက အသက်(၂)နှစ်နှင့် (၆)နှစ်ရှိ သူမ၏ ကလေးများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း နာဗင်က ဆိုသည်။ နာရက်တင်သည် နာဗင်အား ဩဂုတ်လ (၂၈)ရက်နေ့ထိ မကြာခဏ မုဒိမ်းကျင့်နေခဲ့ပြီးနောက် နာဗင်သည် အပြောင်းအလဲ တစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
လူသတ်မှု ဖြစ်မည့်နေ့တွင် နာရက်တင်သည် သူမ၏ အိမ်နောက်ဘက် ခြံစည်းရိုးကို ကျော်ဝင်လာပြီး နာဗင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ နာရက်တင်သည် ၎င်း၏ သေနတ်ကို သွားယူရန် ကြိုးစားစဉ် နာဗင်က နောက်တစ်ချက် ထပ်ပစ်ခဲ့သည်။ "ဒီတစ်ခါ ကျွန်မ ပစ်လိုက်တာက သူ့လိင်အင်္ဂါကိုပါ။ သူ့အသံ တိတ်သွားတယ်။ ကျွန်မသိလိုက်တယ်လေ။ သူသေသွားပြီ ဆိုတာကို။ အဲဒီနောက်မှာ ကျွန်မ သူ့ခေါင်းကို ဖြတ်လိုက်တယ်"ဟု နာဗင်က ရဲများထံတွင် ထွက်ဆိုခဲ့သည်။ ရဲများ၏ အဆိုအရ နာဗင်သည် နာရက်တင်ကို သေနတ်ဖြင့် (၁၀)ချက်မျှ ပစ်ခတ်ထားပြီး ပေါင်ခြံတစ်ဝိုက်တွင် အချက်ရေ အတော်များကြောင်း သိရှိရသည်။ ထို့အပြင် သေဆုံးနေချိန်တွင်ပင် နာရက်တင်သည် ဝမ်းဗိုက်ကို ဓားဖြင့် အထိုးခံထားရသေးရာ နာဗင်၏ နာကျည်းနေမှုကို သိသာထင်ဟပ်စေခဲ့သည်။
ထို့နောက် နာဗင်သည် မုဒိမ်းသမား၏ ဦးခေါင်းကို ဆံပင်မှ ဆွဲကာ သွေးအလိမ်းလိမ်းဖြင့်ပင် ရွာလယ်ကွင်းပြင်တွင် စွန့်ပစ်ခဲ့သည်။ ထိုအချိန်တွင် သူမကို လူအများက ထိတ်လန့်တကြား စောင့်ကြည့်နေခဲ့ကြသည်။ သူမက ကော်ဖီဆိုင် တစ်ဆိုင်ထဲတွင် တုန်တုန်လှုပ်လှုပ် ငေးကြည့်နေသူများအား "ကျွန်မ နောက်ကွယ်ကနေ အတင်းမပြောပါနဲ့။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ မကစားပါနဲ့။ ဟောဒီမှာ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကစားမိတဲ့လူရဲ့ ခေါင်းပဲ"ဟုဆိုကာ နာရက်တင်၏ ခေါင်းကို ပြသသွားသေးသည်။ နာရက်တင်၏ ဦးခေါင်းကို မြေကြီးပေါ်တွင် သွေးအလူးလူး ရှိနေပုံက ဒေသခံ DHA သတင်းဌာနက ဖော်ပြခဲ့သည်။
နာဗင်က သူမ အိပ်စက်နေချိန်များတွင် နာရက်တင်က အခန်းထဲ ခိုးဝင်လာခဲ့သလို သူမ၏ အဝတ်ဗလာနှင့် ပုံများကို ဓာတ်ပုံရိုက်ယူကာ ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ကြောင်းလည်း ဆိုသည်။ "တစ်ခုခုဆိုရင် အဲဒီအကြောင်း လူတိုင်းသိအောင် လျှောက်ပြောမယ်လို့ သူက ကျွန်မကို ပြောတယ်လေ"ဟု နာဗင်က ရဲများထံ ထွက်ဆိုခဲ့သည်။ "ကျွန်မသမီးက ဒီနှစ် ကျောင်းစတက်မယ်။ ကျွန်မရဲ့ ရှက်စရာ ကိစ္စကြောင့် ကျွန်မကလေးတွေကို လူတိုင်းက နှိမ်ကြမယ်။ ခုတော့ ဘယ်သူမှ မနှိမ်ရဲတော့ဘူး။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကျွန်မ ကယ်တင်ခဲ့တာပါ။ ကျွန်မရဲ့ ကလေးတွေဟာ ခုချိန်မှာ ကိုယ့်သိက္ခာကိုယ် အဖတ်ဆည်ခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ကလေးတွေလို့ အသိအမှတ်ပြု ခံရတော့မယ်"ဟုလည်း နာဗင်က ပြောကြားသွားသည်။
လက်ရှိတွင် နာဗင်သည် တူရကီ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရပြီး လူသတ်မှုအတွက် စွဲချက်တင်ခံရရန် စောင့်ဆိုင်းနေရသည်။ တူရကီမှ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များကမူ သူမကို သူရဲကောင်း တစ်ဦးနှယ် ချီးကျူးလျှက် ရှိကြသည်။ အသက်(၃၅)နှစ်ရှိ နာရက်တင်သည် နာဗင်နှင့် ဆွေနီးမျိုးစပ် တော်စပ်ပြီး နာဗင့်ခင်ပွန်း၏ အဒေါ်တစ်ဦးကို လက်ထပ်ထားကာ ကလေးနှစ်ဦး ရှိနေကြောင်း သိရသည်။
Samsung မှထုတ်မည့် ကမ္ဘာ့အပါးဆုံး Laptop
ကမ္ဘာ့အပါးဆုံး Laptop အနေနဲ့ Samsung မှထုတ်လုပ်မယ့်လို့ ပြီးခဲ့တဲ့ ဇွန်ကတည်းက ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
Samsung ရဲ့ Series Ultrabook ကိုပဲ နောက်ဆုံးထွက်အနေနဲ့
အပါးဆုံး ဖန်တီးထား ခြင်း ဖြစ်ပါတယ်။ အထူ ၀.၆ လက်မသာ ရှိပြီး Apple ထုတ် Macbook ထက်တောင် ပါးမှာ ဖြစ်ပါတယ်။ Macbook ရဲ့ အပါးဆုံးတောင် ၀.၇၁ လက်မရှိနေတဲ့အတွက် Series 7 ကအပါးဆုံးပြန်ဖြစ်လာတော့ မှာ ဖြစ်ပါတယ်။ အလူမီနီယံကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့အတွက် အလေးချိန်လည်း လျော့ချထားပြီး ၃ လက်မမော်ဒယ်၊ ၁၅ လက်မ မော်ဒယ် လို့ ခွဲပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Windows OS နဲ့ပဲ အလုပ်လုပ်မှာ ဖြစ်ပါ တယ်။
Series 9 မှာ ပါဝင်မယ့် feature များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Operating System : Windows 7 နဲ့ ပြသခဲ့ပေမယ့် တကယ်ထွက်ရှိချိန်မှာ Windows 8 အသုံးပြုမယ်လို့ ဆိုပါတယ်။
Meomory : 4GB RAM . Base Drive Capacity -128GB စီ ပရှိပါတယ်။ SSD ကဒ်slot ပါဝင်ပါသေးတယ်။
Processor : Intel Core Porcessor ရဲ့  တတိယမျိုးဆက် Core i7 ကိုအသုံးပြုထားပါတယ်။ Core i5 နဲ့လည်း ထွက်ရှိမှာ ဖြစ်ပါတယ်။
Battery : မျက်နှာပြင် အလင်းရောင် တစ်ဝက်လျော့ချထားရင် ၁၀ နာရီခံ မှာ ဖြစ်ပါတယ်။ သာမန် ပရိုဂရမ်တစ်ခုခုသုံးနေမယ်ဆိုရင်တော့ ၈နာရီ ခံမှာ ဖြစ်ပါတယ်။
Brightness : LCD မျက်နှာပြင်၊ HD+ , သာမန် Laptop screen ထက် ၁၄ဆ ပိုပြီးတော့ လင်းပါတယ်။
USB : USB 3, USB 2 များ ထောက်ပံ့ပေးထားပါတယ်။
Weight : ၁၃လက်မ - ၂.၅ပေါင် / ၁၅ လက်မ - ၃.၆ ပေါင်
၇၅ ရာခိုင်နှုန်းသော အစိတ်အပိုင်းများကို Samsung မှ ထုတ်လုပ်ထား တာ ဖြစ်ပါတယ်။ Diablo 3 တို့လို အက်ရှင်း ဂိမ်းများလောက် ဆော့ကစားလို့ ရအောင်တောင် Graphic ထောက်ပံ့ပေး ထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ၁၃ လက်မ Ultrabook ကို အမေရိကန်ဒေါ်လာ ၁၂၉၉ ၊ ၁၄ လက်မ Ultrabook ကိုတော့ ၁၄၉၉ ဒေါ်လာ သတ်မှတ်ထား ပါတယ်။ Series 9 ကို ၂၀၁၃ နှစ်ဆန်းပိုင်းရောက်မှ ထုတ်လုပ်ရောင်းချ မှာ ဖြစ်တယ်လို့ သိရပါတယ်။---
Aung Kham (TSJ Tech Team)
Ref:Samsung
By Techspace Journal
ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်
စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများအား သောကြာနေ့တွင် တောင်းပန် လိုက်သည်။
"မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းနေဖြင့် ထပ်တူဝမ်းနည်းရသလို ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်၍ ယင်းအဖွဲ့မှ ဓမ္မဓိဌာန်ကျသော မှတ်တမ်း ရယူနိုင်ရေး ကြိုးပမ်းနေသည်ဟု ABSDF လက်ရှိ ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။
"ကျွန်တော်တို့ ပထမ အဆင့် အနေနဲ့ အမှုမှန် ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းတယ်၊ ဒီဖြစ်စဉ်ကြီးမှာ ပါဝင် ပတ်သက် ခဲ့သူတွေ တွေ့ဆုံမယ်၊ မေးမြန်းမယ်၊ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို မှတ်တမ်း အဖြစ် ရယူဖို့ရှိတယ်၊ အဲဒီလို ဓမ္မဓိဌာန် ကျကျ မှတ်တမ်း တစ်ခု ပထမ အဆင့် အနေနဲ့ တင်နိုင်မယ်၊ ဒီဖြစ်စဉ်ကြီးကို သေသေချာချာ ဖော်ထုတ်နိုင်မှ နောက်တစ်ဆင့်ကို ဆက်သွားမယ်" ဟု သူက မဇ္ဈိမကို ပြောသည်။
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော ညှင်းပန်းသတ်ဖြတ်မှုများနှင့် ပတ်သက်၍  အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့၏ အချက်အလက် စုဆောင်းခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက် သွားမည်ဟုလည်း မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။
 ABSDF (မြောက်ပိုင်း) စခန်းရှိရာ ကချင်ပြည်နယ် ပါဂျောင်တွင် ထိုစဉ်က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရန် စုဖွဲ့ခဲ့ကြသည့် ကျောင်းသားတပ်အကြား စစ်ထောက်လှမ်းရေးများ စိမ့်ဝင်ကာ ဖြိုခွဲရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ညှင်းပန်းစစ်ဆေးခဲ့ကြသည်။ မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် အဖွဲ့ဝင်  ၁၅ ဦး သေဒဏ်အပြစ်ပေးခံခဲ့ရသည်။
စခန်းရှိ အဖွဲဝင်အရေအတွက်၏ သုံးပုံတစ်ပုံကျော်ဖြစ်သော အဖွဲ့ဝင် ၁၀၀ ကျော်ကို ထောက်လှမ်းရေး၏ "ရေလှိုင်းစစ်ဆင်ရေး" အောက်မှ ပါဝင်လှုပ်ရှားသူများဟု စွပ်စွဲခဲ့ကြသည်။
၁၉၈၈ ခုနှစ် မြန်မာပြည်တ၀ှမ်း မြို့ကြီးများတွင် ပါတီစုံဒီမိုကရေစီလိုလားသော လူထုဆန္ဒပြမှုများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်း၍ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ကျောင်းသားများ အပါအ၀င် ကျောင်းသားလူငယ်များသည် လက်နက်ကိုင်ကို ပြန်လည်တော်လှန်ရန် နယ်စပ်ဒေသများသို့ တိမ်းရှောင်သွားရာက  ကျောင်းသားတပ်မတော်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ရှစ်လေးလုံးဟုတွင်ခဲ့သည့် အရေးအခင်းအတွင်း လူ သုံးထောင်ခန့် သေခဲ့ကြရသည်။
ကျောင်းသားလူငယ် နှစ်သောင်းခန့်အထိ တောခိုသွားခဲ့ကြရာ အများစုက ထိုင်းနိုင်ငံနယ်စပ်ကို ရောက်သွားခဲ့ကြသလို တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်တို့လည်း သွားရောက်ခဲ့ကြသူများလည်း ရှိသည်။
By Mizzima
အစိုးရတပ် ဖားကန့်စစ်ဆင်ရေး ရဟတ်ယာဉ်ဖြင့် အင်အားတိုးချ
KNG
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ထိုးစစ်ဆင်ရန် ဖားကန့်ကျောက်စိမ်းမှော်ဒေသ သို့ စစ်အင်အားများကို စစ်ရ ဟတ်ယာဉ်များဖြင့် တိုးချတင်ပို့နေကြောင်း မျက်မြင်သက်သေများပြောသည်။
ပြီးခဲ့သည့်ပတ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အစိုးရ ရဟတ်ယာဉ် ၂ စင်းဖြင့် တစ်ကြိမ်လျှင်လူအင်အား ၂၀ ကျော် နှုန်းဖြင့် ၇ ကြိမ်တိုင် အင်အား ၂၀၀ ကျော်နှင့် လက်နက်ကရိယာများပါ ပို့နေကြောင်း မျက်မြင်သက်သေတစ်ဦး KNG ကချင်သ တင်းဌာနသို့ပြောသည်။
“ကျနော်တွေ့တာက နောက်ဆုံးပို့တာ တနင်္လာနေ့မှာ ဟုတ်တယ်။ ရဟတ်ယာဉ်က အစိမ်းရောင်၂ စင်းဟုတ်တယ်။ တစ်စင်းကကြီးတယ်။တစ် စင်းက နည်းနည်းသေးတယ်။ စစ်ဝတ်စုံ တွေနဲ့ သေနတ်လည်းကိုင်ပြီး ဆင်းလာကြတာ။ သေတ္တာအကြီးတွေလည်းပါတယ်။ အဲဒီသေ တ္တာကို လူ ၅ ယောက် လောက်ပေါင်းပြီး မ ကြတယ်။ သေနတ်အကြီးလိုလည်းတွေ့တယ်။ ကျနော်တို့လည်း ရဟတ်ယာဉ်နား တဲ့နေရာနဲ့ နည်းနည်းဝေးတဲ့ တောင်ကပဲ တွေ့ရတော့ ကောင်းကောင်းမမြင်ရဘူးလေနော်။ လေယာဉ် က ၁၀ မိနစ် လောက်ပဲနားပြီး ပြန်သွားတာ” ဟုအထက်ပါ မျက် မြင်တစ်ဦးကပြောသည်။
ထိုအစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အထိနာမှု ဖြစ်ပွားပြီး နောက် ယခုလို ရဟတ်ယာဉ်များ အသုံးပြုပြီး ဖားကန့်သို့ အင်အားဖြည့်နေခြင်းဖြစ်ကြောင်း ဒေသခံများ ပြောသည်။
ဖားကန့်ဖက်သို့ ကားများနှင့် စစ်အင်အားတိုးချဲ့ခြင်းကို KIA ဖက်မှ တိုက်ခိုက်ခံနေရခြင်းကြောင့်လည်း ရဟတ်ယာဉ်အသုံးပြုမှု များလာ ခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ထိုအစိုးရရဟတ်ယာဉ် ၂ စင်းသည် ဖားကန့်ရှိ အစိုးရစစ်တပ် အနီး ဘော်လုံးကွင်းမှတဆင့် ရပ်နား၍ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရ သည်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် သြဂုတ်လပိုင်းမှစကာ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဖားကန့်မြို့အနီးမှ ကျေးရွာဒေသခံများသည် လုံခြုံရာ ဖားကန့်မြို့တွင်းရှိ မှော်ဝမ်း၊ မရှီကထောင်၊ မေ သီလကျောင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်း ကြီး ကျောင်း၊ ကက်သလိတ် RC ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်း စသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင် လာခြင်းဖြစ် သည်။
ဒုတိယ ကာကွယ်ရေး ၀န်ကြီး၏ ရှင်းလင်းချက် အပေါ် လွှတ်တော်မှ စုံစမ်းရန်လို
07 September 2012
အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေး ဆွေးနွေး ကြမည် ဆိုသည့် အစိုးရ၏ ငြိမ်းချမ်းရေး မူဟောင်းသည် လက်တွေ့ မကျသဖြင့် နိုင်ငံရေး ဆွေးနွေးမှုဖြင့်သာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးသင့်ကြောင်း အဆိုပြုချက်ကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ( KIO) ပြောခွင့် ရသူ ဦးလာနန်းက ဆိုပါသည်။
“ ကျနော့်တို့က နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ အရင်ဆွေးနွေး ခဲ့ရင် အပစ်အခတ် ရပ်စဲရေးဟာ အလွယ်လေးနဲ့ ပြီးသွား လိမ့်မယ်။ အခုဟာက သူတို့က အပစ်အရင်ရပ် ပြီးမှနိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ မူဟောင်းကို ခင်းပြီးတော့ အချိန်ဆွဲ ပေါ်လစီနဲ့ သွားပြီးတော့ အချိန်တခုမှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ် မဟုတ်လား။ ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို လက်တွေ့ ကျအောင် အဆိုပြု နေတာပါ” ဟု ဆိုပါသည်။
အစိုးရသည်၊ ၄င်းတို့၏ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး အရ ဆွေးနွေးရေး (တဖွဲ့ချင်း)နှင့် ပင်လုံကဲ့သို့သော ညီလာခံကျင်းပ ရေးဟူသည့် အစီစဉ်ကိုသာ KIA လက်ခံပါက အပစ်ရပ်ရေး လက်မှတ် ထိုးမည်ဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သောက ယမန်နေ့တွင် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အမတ် တဦး၏ မေးမြန်းချက်ကို ဖြေကြား ခဲ့ပါသည်။ http://www.mrtv3.net.mm/ newpaper/79newsm.pdf စာမျက်နှာ (၂၀)တွင် ဖတ်ရှု နိုင်ပါသည်။
ထို့အပြင် ကချင်ဒေသ၌ စစ်ဆင်ရေး မရှိဘဲ နယ်မြေ ရှင်းလင်းရေးသာ ရှိကြောင်း လွှတ်တော် အမတ်တဦး၏ အမေးကို ပြန်လည် ရှင်းပြခဲ့ပါသည်။ တကယ်စင်စစ် ကချင်ဒေသ၌ အစိုးရသည် တိုင်းတပ် နှစ်ခုနှင့် တပ်မပေါင်း (၅) ခု ထက်မနဲမှ စစ်အင် အား တသောင်းကျော်နှင့် ပြည်သာယာ စစ်ဆင်ရေးကို ဆင်နွှဲ နေပါသည်ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့က ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2005--kia-.html
အစိုးရသည်၊ ငြိမ်းချမ်းရေး အပြည့်ဝ လိုလားကြောင်း၊ ဤအတွက် ၂၀၁၁ခုနှစ် ဇွန်လမှ စ၍ KIA နှင့် ပြည်နယ် အဆင့်တွင် (၃) ကြိမ်၊ ပြည်တောင်စု အဆင့် တွင် (၃)ကြိမ်၊ အလွတ်သော (၄) ကြိမ် ဆွေးနွေး ခဲ့ပြီးဖြစ်သည်ဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က လွှတ်တော်သို့ တင်ပြ သွားပါသည်။
သို့သော် KIA ဖက်ကမူ ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်အဖွဲ့ နှင့် ဆွေးနွေး ရာတွင် နိုင်ငံရေး ဆွေးနွေးမှုများသည် အပစ်အခတ် ရပ်စဲရေး အဆင့်သို့ ရောက်ရှိနေချိန် နီးနီး၌ ဦးအောင်သောင်း အစား ဦး အောင်မင်းတို့ အဖွဲ့နှင့် ပြောင်းလဲ ဆွေးနွေး စေခဲ့ပါသည်။ ဤအခြေအနေမှ ဦးအောင်မင်းတို့ အဖွဲ့နှင့် အလွတ်သဘောအရ နှစ်ကြိမ်တိုင် ဆွေးနွေး ပြီးသော်လည်း ယနေ့အထိ မရေမရာနှင့် အဆင်မပြေ မှုများဖြင့်သာ ရင်ဆိုင် ခဲ့ရသည်ဟု ဆိုပါသည်။
“ အတွေ့အကြုံကိုက ရှိနေတယ်။ ကြားလူပါတဲ့ စုံစမ်းရေး ကော်မီရှင် ဖွဲ့ကြည့်ပါလား၊ သတ္တိရှိရင် အဖြေမှန် သိရအောင်။ အခု ကြည့် တိုင်းရင်းသား (၁၁) ဖွဲ့ ထဲမှာ (၁၀)နဲ့ အပစ်ရပ်နိုင်ခဲ့တယ်တဲ့၊ KIA ကသာ ငြိမ်းချမ်းရေးကို မလိုချင်သယောင် ၀ါဒဖြန့် နေတယ် မဟုတ်ပါလား။ အကြောင်းမသိ ရင်ခက်မယ်၊ အဲဒီ(၁၀) ဖွဲ့ထဲမှာ ဘယ်အဖွဲ့တွေနဲ့ ပြေလည်နေပြီးလဲ၊ အပစ်အခတ် ရပ်စဲရေး တပိုင်းတစနဲ့ တခြား အဖွဲ့တွေကို အချိန် ဆွဲထားတယ်မလား၊ တကယ်တော့ ဘယ်အဖွဲ့နဲ့မှ ပြေလည်တယ် ရယ်လို့ မတွေ့ရသေးဘူး။ အမြတ်ကတော့ အစိုးရ ဖက်က ထုတ်နေပြီးလေ ” ဟု KIA တပ်မှူး တဦးက ဆိုပါသည်။
သမ္မတသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကေအိုင်အေ တပ်စခန်း များအား၊ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ မပြုလုပ်ရန်ညွှန်ကြားခဲ့ပါကြောင်း၊ သမ္မတ၏ ညွှန်ကြား ချက်အပေါ် တပ်မတော်က တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်းဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီးက လွှတ်တော် ၌ ဆိုခဲ့ပါသည်။
KIA ကမူ အစိုးရ တပ်ဖွဲ့များ စစ်ဆင်ရေး မရှိပါက တိုက်ပွဲများ ဖြစ်လာစရာ အကြောင်းလည်း မရှိပေ။ ဒုက္ခသည်များလည်း (၆) သောင်းမှ တသိန်းနီးပါး ဖြစ်လာစရာ အကြောင်းလည်း မရှိပေ။ တရုတ် အစိုးရလည်း ကချင် စစ်ပြေး ဒုက္ခသည်များကို မောင်း ထုတ်စရာလည်း ရှိမည် မဟုတ်ပေ။ ကချင်ပြည်နယ် ဖါးကန့် ဒေသ၌လည်း အချိန်တိုအတွင်း စစ်ပြေးများ သောင်း နှင့်ချီပြီး ဖြစ်လာစရာလည်း မရှိပေ။ ဤအခြေအနေများသည် ဒုတိယ ကာကွယ်ရေး ၀န်ကြီး တဦး၏ လွှတ်တော် တင်ပြချက်နှင့် နှိုင်း ယှဉ်ကြည့် စေလိုပါသည်။ ဟုတ် မဟုတ် သက်သေပြနိုင်ရန် လိုသည်ဟု ဆိုပါသည်။
ဤသို့ကြောင့် လွှတ်တော်မှ အခြေအနေမှန် သိရှိနိုင်ရန် ကချင်အရေးကို လွှတ်တော် စုံစမ်းရေး ကော်မီရှင် ဖွဲ့ပြီးလေ့လာသင့် ပါသည်။ သို့မဟုတ်ပါက လွှတ်တော်ထဲက တပ်မတော်၏ ရှင်းပြချက်နှင့်သာ ရပ်နေပေလိမ့်မည်ဖြစ်သည်။ ကချင်ပြည်လွတ် လပ်ရေး အဖွဲ့သည်လည်း အစိုးရတပ်ဖွဲ့၏ သဘောထားကို သိရှိနေပြီး ဖြစ်သည့် အတွက် အဆိုပြုချက်ကို လက်တွေ့ ကျကျ ဖြစ်စေရန် နိုင်ငံရေး ဆွေးနွေးမှုဖြစ်သာ အပစ်အခတ် ရပ်စဲရေး နည်းကို တင်ပြနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန
သားက ပစ်သတ်ခံရ၊ အဖေက အဖမ်းခံရ၊ အမေက အလုပ်လက်မဲ့ ၊ လူမယ်ကလေး ကနှစ်ယောက်၊ စစ်တွေ ဗျိုင်းဖြူရွာက မိသားတစ်စုရဲ့ ကြေကွဲ ဖွယ်ရာ
စစ်တွေ နာဇီရပ်ကွက် အနီးတွင် ဘင်္ဂါလီ
ဆူပူမှုကာလအတွင်း သေနတ်ဒဏ်ရာဖြင့်
 သေဆုံးသူခဲ့သူ စစ်တွေမြို့နယ် ဗျိုင်းဖြူ
ကျေးရွာမှ မောင်မောင်ချေ
(အသက်-၁၇ နှစ်)၏ မိခင်အား စစ်တွေအခြေစိုက် ၀ံလက်
ဖောင်ဒေးရှင်းက ယမန်နေ့မွန်းလွဲပိုင်းက
ငွေတစ်သိန်းထောက်ပံ့ပေးအပ်ခဲ့သည်။
သေဆုံးသူ မောင်မောင်ချေအပါအ၀င် သားသမီးသုံးဦး၏ မိခင်ဖြစ်သူ ဒေါ်ဦးယိုင်သိန်းမှာ
၂၀၁၂-ခုနှစ် ဇွန်လ (၁ရ) ရက်ကတည်းက အဖမ်းခံ ထားရသည့်အတွက် ထောက်ပံ
သူကင်းမဲ့ပြီး ပျံကျအလုပ်များလုပ်ကိုင်ကာလူမမယ်ကလေး နှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နေ
ရသည်ဟု ဆိုသည်။
                                          မောင်မောင်ချေ၏မိခင် ဒေါ်ဦးယိုင်သိန်းအား
                                        ၂၀၁၂  စက်တင်ဘာလ ခြောက်ရက်နေ့က
                                               ထောက်ပံ့ငွေများ ပေးအပ်စဉ်
သားဖြစ်သူကို မည်သူသတ်သလဲ မေးမြန်းရာ မဖြေသော်လည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသည် ဟု ၄င်းကဆိုသည်။ လယ်ကွင်းထဲတွင် ပစ်သတ်ခံရသည့်သားအလောင်းကို သွားကြည့်သူ ဖခင်လည်း ဖမ်းဆီးရိုက်ပုတ်ခံရပြီး မိမိမည်သူမည်ဝါမှန်း မဖြေကြားနိုင်တော့သည့်အဆင့်အထိ ထိုစဉ်က အတိတ်မေ့ သွားခဲ့သည်ဟု သေသူ၏မိခင်က ဆိုသည်။
မိမိခင်ပွန်းအားထောင်ဝင်စာ ဆယ်ခေါက်ခန့်တွေ့ပြီးဖြစ်ကြောင်း ယခုအနည်းအကျဉ်း နေမကောင်းသည်မှလွဲ၍ တခြားပြဿနာရှိသည်ဟု မိမိအားမပြောကြောင်း ဒေါ်ဦးယိုင်သိန်းက Coral Arakan အားပြောကြားသည်။
မိမိယောင်္ကျားအတွက် ရှေ့နေမငှားထားကြောင်း၊ ရှေ့နေငှားဖို့လည်းမတတ်နိုင်ကြောင်း ပြောပြသည့် ဒေါ်ဦးယိုင်သိန်းမှာ ရှေ့နေငှားရန်မတတ်နိုင်သည့် တရားခံများအား အစိုးရဘက်မှ ရှေ့နေငှားပေးရမည် ဆိုသည်ကို မသိဟု ပြောကြားသည်။
ခြောက်နှစ်အရွယ် သမီးမိန်းခလေးမှာ ၄င်းနှင့် နေထိုင်ဆဲဖြစ်ပြီး၊ (၁၃) နှစ်အရွယ် သားယောင်္ကျားကလေး တစ်ယောက်မှာမူ လေးတန်းဆက်တက်ရန် မိမိက မပို့နိုင်သည့်အတွက် ကျွေးမွေးနိုင်သူတချို့ရှိရာ ရသေ့တောင်မြို့နယ် တစ်နေရာသို့ ပို့ထားသည်ဟု ပြောရင်း ဒေါ်ဦးယိုင်သိန်းမှာ မျက်ရည်များဝဲနေခဲ့သည်။
                                               မောင်မောင်ချေ (အသက် ၁၇ နှစ်)
မောင်မောင်ချေ သေဆုံးစဉ်က ၀ံလက်ဖောင်ဒေရှင်းမှ ရက်လည်ဆွမ်းကျွေးပွဲကျင်းပရန်အတွက် ကျပ်ငွေ ခုနစ်သောင်းဖိုးခန့်တစ်ကြိမ်၊ ဆန်တစ်အိတ်နှင့် ငွေသားအနည်းငယ်ကို တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဒေါ်ဦးမယိုင်တို့ မိသားစုကို ထောက်ပံ့ပေးပြီးဖြစ်သည် ဟုဆိုသည်။
တစ်ခြားအဖွဲ့အစည်းတွေကများ ထောက်ပံ့တာများရှိသေးလား ဟု Coral Arakan က မေးမြန်းရာ စစ်တွေ လမ်းမပေါ်ကရုံး (RNDPဗဟိုရုံး) က ငွေတစ်သောင်းနှင့် ဆန်တစ်အိတ် တစ်ကြိမ် ထောက်ပံ့ပေးဖူးသည် ဟု ၄င်းက ဆိုသည်။
၂၀၁၂ စက်တင်ဘာလ (၈) ရက်နေ့တွင် ၀ံလက်ဖောင်ဒေးရှင်းက ကျင်းပမည့် “၂၀၁၂ ဇွန် အရေးအခင်းတွင် ရခိုင်ပြည်အတွက် အသက်ပီးခရေ သူရဲကောင်းများ ဂုဏ်ပြုပွဲ” မတိုင်မီ နှစ်ရက်အလိုတွင် ဒေါ်ဦးယိုင်သိန်းအား ၀ံလက်က ဤကဲ့သို့ထောက်ပံ့ခြင်းဖြစ်သည်။
၂၀၁၂ ဇွန်လ (၈) ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီဆူပူမှုအတွင်း ဘင်္ဂါလီများသတ်၍ သေဆုံးခဲ့ရသူ ရခိုင်တိုင်းရင်းသားပေါင်း (၃၄)ဦးကို ၀ံလက်ဖောင်ဒေးရှင်းက သုံးလပြည့်နေ့ဖြစ်သည့် လာမည့် စက်တင်ဘာလ (၈) ရက်နေ့တွင် ဂုဏ်ပြုပွဲကျင်းပခြင်းဖြစ်သည်။
စစ်တွေတွင် အရေးအခင်းဖြစ်လျက်တန်းလန်း အခြေအနေများရှုပ်ထွေးနေဆဲကာလတွင် နာဇီရပ်ကွက် (ထိုစဉ်က မရှင်းလင်းရသေးသော) မီးလောင်ပြင်ကို ၀င်လာသူများအား အစိုးရစစ်တပ်က ပစ်ခတ်ရာတွင် မောင်မောင်ချေ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု တချို့က ဆိုကြသည်။
(သောင်းကြွယ်)
Coral Arakan News Agency
ရွှေမြန်မာ
ထောက်လှမ်းရေးက နိုင်ငံရေးသမားကို အသံဖမ်းစက် လက်ဆောင်ပေး
ရဲထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးသမားတွေကို သတင်းသမားအဖြစ် အသွင်ကူးပြောင်းစေချင်သလား?
SB လို့ လူသိများတဲ့ ရဲထောက်လှမ်းရေးအဖွဲ့က ရန်ကုန်ရောက်
နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဒေါက်တာနိုင်အောင် သုံးဖို့ "အသံဖမ်းစစ်အမဲရောင်လေး" ပေးထားတယ်လို့ Shwe Myitmakha Media Group ရဲ့ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။
ဒေါက်တာနိုင်အောင်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ရှိနေတုန်း ဒီအသံဖမ်းစက်ကို တွေ့ခဲ့တာပါ တဲ့။
"ကျနော့်ကို အက်စ်ဘီက လာပေးသွားတာပါ၊ သုံးချင်တာရှိရင် သုံးလို့ရအောင်ဆိုပြီး ပေးသွားတာပါ" လို့ ဒေါက်တာနိုင်အောင်က Shwe Myitmakha ကို ပြောပါတယ်။
မြန်မာပြည်မှာ အသံဖမ်းစက် အများဆုံး သုံးတဲ့သူတွေကတော့ သတင်းသမားတွေပါ။
ထောက်လှမ်းရေးတချို့လည်း အသံဖမ်းစက် သုံးပါတယ်။
ဒေါက်တာနိုင်အောင်ကို အသံဖမ်းစက် လက်ဆောင်ပေးရခြင်းရဲ့နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပုံတွေမှာ တွေ့ရတဲ့အတိုင်း ပြည်ပရောက်အတိုက်အခံခေါင်းဆောင်များဖြစ်တဲ့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းတို့ ဒီကနေ့ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ တွေ့ဆုံကြပါတယ်။
ငြိမ်းချမ်းရေး၊ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ရွက်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
By Irrawaddy
ပြင်ဦးလွင်မြို့ ‘KM’ ဂေါက်အပိုပစ္စည်းအရောင်းဆိုင် အရောင်းစာရေးမဖြစ်သူ မ.... အား ဆိုင်မန်နေဂျာဖြစ်သူ ဦးအေးမြင့်မှ မုဒိန်းကျင့်
by Wira Thu on Friday,  September 7, 2012 at 12:13pm ·  
ပြင်ဦးလွင်မြို့ ‘KM’ ဂေါက်အပိုပစ္စည်းအရောင်းဆိုင် အရောင်းစာရေးမဖြစ်သူ မ.... အား ဆိုင်မန်နေဂျာဖြစ်သူ ဦးအေးမြင့်မှ မုဒိန်းကျင့်ခဲ့သည့်အမှုအား အမှုမှန်ပေါ်ပေါက်ရေး အတွက်  မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးလျှက်ရှိသည့် ဦးဝီရသူထံသို့ အကူအညီတောင်း
သို့/
ဦးဝီရသူ
မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်
မန္တလေးမြို့။
ရက်စွဲ၊ ၂၀၁၂-ခုနှစ်၊ စတင်ဘာလ(၂)ရက်
ရိုသေစွာ ဦးတင်လျှောက်ထားအပ်ပါသည် ဘုရား…..
၁။ ဘုရားတပည့်တော်မသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အိမ်အမှတ်(-----)၊ စန္ဒာလမ်း၊ ရက်ကွက်ကြီး(----)တွင် နေထိုင်သည့် အဘ ဦး……၊ အမိ ဒေါ်…….တို့၏ သားသမီး(၄)ဦးအနက် သမီးအကြီးဖြစ်သူမ…….(ခ)……..၊ အသက်(၃၄)နှစ်၊ မှတ်ပုံတင်အမှတ်(…………….)ဖြစ်ပါသည် အရှင်ဘုရား။
၂။ ဘုရားတပည့်တော်မသည် မိသားစုတွင် သမီးအကြီးဆုံးဖြစ်သည်ကတစ်ြေ ကာင်း၊ မိသားစု(၆)ဦးအတွက် ဖခင်တစ်ဦးတည်း၏ ဝင်ငွေနှင့် မိသားစု စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲသည်ကတစ်ကြောင်း၊ ညီမအငယ်(၃)ဦး၏ ပညာရေးအတွက် ကူညီပံ့ပိုးလိုသည်ကတစ်ကြောင်း၊ ထို့ကြောင့် တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေရန် ပြင်ဦးလွင်မြို့၊ ဂေါက်ကွင်းအတွင်း ဖွင့်လှစ်ထားသော “KM” ဂေါက်အပိုပစ္စည်းဆိုင်တွင် အရောင်းစာရေးမအဖြစ် ၂၀၁၀ခုနှစ် (၁၀)လပိုင်းတွင် အလုပ်စတင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ 
၎င်း “KM” ဂေါက်အပို ပစ္စည်းဆိုင်၏ ဆိုင်တာဝန်ခံ(မန်နေဂျာ)မှာ ပြင်ဦးလွင်မြို့၊ သစ်ထုတ်လုပ်ရေး ဝန်းအတွင်းနေ မွတ်ဆလင် ကုလားဖြစ်သူ အသက်(၅၅)နှစ်အရွယ်ရှိ ဦးအေးမြင့် ဖြစ်ပါသည်။ဦးအေးမြင့်အား အဆိုပါဆိုင်တွင် အလုပ်မဝင်ခင်ကတည်းကပင် တပည့်တော်မတို့ နေထိုင်သည့် အိမ်အနီးရှိ ဂေါက်လေ့ကျင့်ရေးကွင်းတွင် တွေ့မြင်ဖူးပြီး ၄င်းမှပင် တပည့်တော်မအား “KM” ဂေါက်ပစ္စည်း အရောင်းဆိုင်တွင် အလုပ်ခန့်ထားပေးခဲ့ခြင်း ဖြစ်ပါသည်။
၃။ ထိုသို့ “KM”  ဂေါက်အပိုပစ္စည်းဆိုင်တွ င် တာဝန်ထမ်းဆောင်နေရင်း ၂၀၁၁-ခုနှစ်၊ ဇူလိုင်လအတွင်း၏ နေ့တစ်နေ့ (နေ့ရက်မမှတ်မိ) နေ့လည်(၁၂)နာရီဝန်းကျင်တွင်  Golfer-များ ဂေါက်ကွင်းဝန်ထမ်းများ ကယ်ရီများ နေ့လည်ထမင်းစား ပြန်ချိန်တွင် တပည့်တော်မမှ ဆိုင်အတွင်းရှိ အိမ်သာသို့ဝင်ပြီး ပြန်အထွက်တွင် ဦးအေးမြင့်မှ တပည့်တော်မအား အိမ်သာထဲသို့ လက်ဖြင့်ဆောင့်တွန်းကာ တံခါးပိတ်၍ ၎င်းတွင်အသင့်ပါလာသော ဓားဖြင့် တပည့်တော်မအား ထောက်ပြီး “နင်မအော်နဲ့၊ အော်လျှင်သတ်ပစ်မည်” ဟု ပြောပြီး အိမ်သာအုတ်နံရံနှင့် တပည့်တော်မ၏ ဦးခေါင်းအား(၃)ချက်ခန့် ဆောင့်တိုက်ပြီး ဦးခေါင်းမူးဝေနေစဉ် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့် စော်ကားခဲ့ပါသည်။
တပည့်တော်မမှ မိဘများနှင့် သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟု ငိုယို၍ပြောရာ အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဦးအေးမြင့်မှ “င့ါသိက္ခာကျအောင်လုပ်ကြည့်၊  နင်နှင့်အတူနင့်ညီမတွေကိုပါ  အရှက်ခွဲပြီး အသေသတ်ပစ်မယ်၊ ရဲတိုင်လျှင်လည်း ငါ့အစ်ကိုမှာ သိန်း(၂၀၀၀)လောက်ရှိတယ်၊ ငါ့မိသားစုမှာလည်း ငွေရှိတယ်၊ နင်အမှုဖွင့်လျှင် နိုင်မည်ထင်နေလား၊ ဥပဒေဆိုတာငွေနှင့် ပိတ်လျှင်ရတယ်၊ တရားသူကြီးနှင့် ရှေ့နေတွေထဲမှာ ငါ့အသိတွေအများကြီးရှိတယ်၊ ငါ့မှာအဖွဲ့အစည်းတွေလည်းရှိ တယ်၊ နင့်မှာငွေမရှိလျှင် Golfer-တွေရဲ့ စပွန်စာလုပ်လိုက်ပါလား၊ တရားဥပဒေနှင့် ရင်ဆိုင်မယ်ဆိုလျှင် ငွေအရင်ရှာထားလိုက်ဦး။” ဟု ခြိမ်းခြောက်ပြောဆိုပါသည်။
၎။ တပည့်တော်မအား အထက်ပါကဲ့သို့ ပြုကျင့်ပြီး ဦးအေးမြင့်မှ အတင်းထိုင်ခိုင်းပြီး မိန်းမကိုယ်အား ရေဆေးခိုင်းခြင်း၊ သက်သေခံ အတွင်းခံဘောင်းဘီိကိုလည်း အတင်းချွတ်၍ သူကိုယ်တိုင် ယူဆောင်သွားခဲ့ပါသည်။ ထို့ပြင် “နင်ဗိုက်ကြီးလျှင် ငါတာဝန်ယူနေရမည်ဆိုပြီး” ၎င်းနှင့်အသင့်ပါလာသော ဆေးကပ်အသေးလေးထဲရှိ အဖြူရောင်ဆေး(၂)လုံးမှ ဆေးတစ်လုံးကို တပည့်တော်မအား အဓမ္မသောက်ခိုင်းသည့်အတွက် သောက်ခဲ့ရပါသည်။ ၎င်း ဦးအေးမြင့်မှပင် “နင်အလုပ်ထွက်မည်ဆို လျှင်လည်း ငါကစီးပွားရေးနှင့် ဘွဲ့ရထားတာ၊ နင်ရောင်းချသော ဆိုင်မှပစ္စည်းများအား စာရင်းအင်းပညာဖြင့် ပစ္စည်းစာရင်းကွာရန်၊ ရောင်းကြေးငွေကွာရန် လုပ်ကြံလိမ်လည်၍ ငွေပစ္စည်းအလွဲသုံးစားမှုနှင့် တရားစွဲထောင်ချပစ်မည်” ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် တပည့်တော်မမှ မည်သူကိုမျှ မတိုင်ရဲ၊ အသိမပေးရဲဘဲ ကြောက်ရွံ့လျက်သာ တိတ်တစိတ် ဒုက္ခရောက်နေခဲ့ ရပါသည်။
အထက်ပါကဲ့သို့ အိမ်သာအတွင်း အနိုင်ကျင့်ဖျက်ဆီးစော်ကားပြီး နောက်ပိုင်းတွင်လည်း အခြားတစ်နေရာသို့ ၎င်းနှင့်အတူ လိုက်ပါ၍ ကာမစပ်ယှက်ရန် ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် ခေါ်ဆိုခဲ့ပြီး တပည့်တော်မ နည်းအမျိုးမျိုးနှင့် လိုက်ပါရန် ငြင်းဆန်ခဲ့ရပါသည်။ ၎င်းဦးစီးရသည့် “KM” ဂေါက်အပိုပစ္စည်းဆိုင်တွ င်လည်း ဗုဒ္ဓဘာသာမြန်မာမှုဓလေ့ထုံးစံအရ ဘုရားစာရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း၊ ဘုရားရှိခိုးခြင်းများ လုံးဝမပြုလုပ်ဘဲ တပည့်တော်မအိမ်မှ ထုတ်လာသော ထမင်းချိုင့်ကိုပင်၊ ၀က်သားမယူရ၊ ဈေးဝယ်လျှင်ပင် ဗုဒ္ဓဘာသာဆိုင်တွင် မ၀ယ်ရဘဲ ၎င်းတို့၏ မူဆလင်ဆိုင်တွင်သာ ဈေးဝယ်စေပြီး လူမှုရေး၊ ဘာသာရေးများ ချိုးနှိမ်ခံခဲ့ရပါသည်။
၎င်းဆိုင်တွင် အလှူခံလာသော ဗုဒ္ဓဘာသာ သီလရှင်၊ ဘုန်းကြီးရဟန်း၊ လူပုဂ္ဂိုလ်များကိုပင် အလှူငွေ လောင်းလှူခြင်း မပြုရပါ။ ၅။ ထို့သို့ နေလာရင်း လွန်ခဲ့သည့်(၁၄-၅-၂၀၁၂)ရက်ေ န့ ညနေ(၅)နာရီခန့်တွင် တပည့်တော်မ တာဝန်ယူရောင်းရသည့် ဂေါက်အပိုပစ္စည်းများ လိုအပ်နေပါ၍ ဦးအေးမြင့်ထံ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် ဦးအေးမြင့်မှ အရေးကြီးလျှင် ဆက်သွယ်ရန် ပေးထားသော ၎င်း၏ညီမဖုန်းအား ဆက်ရာ ဦးအေးမြင့်၏ ညီမက “နင့်ငါ့ဖုန်းဆက်စရာမလိုဘူး ၊ ငါ့အစ်ကိုနားကပ်လို့ ရမယ်ထင်နေသလား” ဟု ပြောပြီး မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုကြိမ်းမောင်းကာ ဖုန်းပိတ်သွားပါသည်။ ခဏအကြာတွင် တပည့်တော်မ၏ ဖခင်မှ ဆိုင်သို့လာပြီး အိမ်တွင် ဦးအေးမြင့်၏ အစ်မနှင့် ညီမဟုဆိုသူများက ပြဿနာလာရှာနေကြောင်း၊ လိုက်ရှင်းဦးဟု ပြော၍ တပည့်တော်မလည်းဆိုင်သို့ ဦးအေးမြင့်ပါ ထပ်ရောက်လာသဖြင့် ၄င်းကိုပါ လိုက်လံဖြေရှင်းပေးရန် ခေါ်ဆောင် လာခဲ့ပါသည်။
တပည့်တော်မ၏ နေအိမ်ခြံဝန်းအတွင်းသို့ အရောက်တွင် အိမ်အတွင်းသို့ အရင်ရောက်ရှိနေသော ဦးအေးမြင့်၏ အစ်မနှင့် ညီမမှ “နင်အလုပ်က အခုချက်ချင်းထွက်၊ ငါ့အစ်ကိုနားကို ကပ်ချင်မနေနဲ့”ဟု စွပ်စွဲပြောဆိုပြီး ဆဲဆိုခြိမ်းခြောက်ကာ တပည့်တော်မ ဆံပင်အား ၀ိုင်းဆွဲပြီး၊ ပါးရိုက်ခြင်း၊ ထုထောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအချိန်မှ တပည့်တော်မ၏ မိဘများမှ သတိဝင်လာကာ အနိုင်အထက်မပြုလုပ်ရန်၊ လက်မပါရန် ၀င်ရောက်ပြောဆိုမှသာ တပည့်တော်မအား ရိုက်နှက်သတ်ပုတ်ခြင်းမှ လွတ်မြောက်ခဲ့ပါသည်။
တပည့်တော်မလည်း မည်သို့မျှ မြိုသိပ်မထားနိုင်တော့ဘဲ ဦးအေးမြင့်မှ သားမယားအဖြစ်အဓမ္မ အလိုမတူဘဲ ပြုကျင့်ခဲ့ကြောင်း မိဘများအား ဖွင့်ပြောတိုင်ကြားခဲ့ပါသည် ။ တပည့်တော်မ၏ မိဘများက ဦးအေးမြင့်အား မေးမြန်းရာ အထက်ပါကဲ့သို့ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း  ၀န်ခံခဲ့ပါသည်။ သို့အတွက်(၁၈-၉-၂၀၁၂)ရက်နေ့၌ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တပည့်တော်မ၏ အမှုကို လိုက်ပါဆောင်ရွက် ပေးမည့် ရှေ့နေအဖွဲ့နှင့်အတူ အမှုဖွင့် တရားစွဲဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်း၌ သက်သေခံပစ္စည်းလည်း မရှိတော့ခြင်း၊ အချိန်လည်း ကြာပြီဖြစ်သည့်အတွက် အတင်းအဓမ္မတစ်ကြိမ်ကျူးလွန်သည့်အစား အကြိမ်ကြိမ်ကျူးလွန်သည်ဟု တိုင်မှသာလျှင် ပြစ်မှုမြောက်မည်ဟု တပည့်တော်မ၏ အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေအကျိုးဆောင်ရှေ့နေ၊ အမှုစစ်အရာရှိနှင့် ရဲစခန်းမှ အတင်းအဓမ္မပြောဆို၍ အမှုတိုင်ချက်အား လက်မှတ်ရေးထိုးစေခဲ့သဖြင့် မသိနားမလည်စွာ လက်မှတ်ရေးထိုးပေးလိုက် ရပါသည်။
တပည့်တော်မနှင့်တကွ မိသားစုများမှလည်း ထိုကဲ့သို့ မမှန်မကန် လက်မှတ်ရေးထိုးပေးရသည်ကို စိတ်မချမ်းမြေ့သဖြင့် အခြားနားလည်တက်ကျွမ်းသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့နှင့် ပြောဆိုတိုင်ပင်ကြည့်မှသာလျှင် အထက်ပါတိုင်ကြားချက်သည် အမှုပေါ့လျော့အောင် ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရပါသဖြင့် တရားသဖြင့် လိုက်ပါဆောင်ရွက်ပေးသည့် ပရဟိတ စိတ်သက်သက်ဖြင့် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအကျိုးဆောင်ရှေ့နေများနှင့် ချိတ်ဆက်မိ၍ ယခုအခါ တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်ပါသည်။ တရားလိုဖြစ်သော တပည့်တော်မ တစ်ဦးတည်းပင် ရုံးချိန်း(၃)ကြိမ်ခန့် စစ်ဆေးရာ ယနေ့ထက်တိုင် ပြီးပြတ်အောင် စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ အဖွဲ့စည်း (ဌာနဆိုင်ရာ)များကိုပင် အပြည့်အ၀ ယုံကြည်အားထားရန် မဖြစ်နိုင်ကြောင်းသံသယ ဖြစ်မိပါသည်။
သို့ဖြစ်ပါ၍ ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေးနှင့် ပက်သက်၍ မေတ္တာရှေ့ထား ကူညီဆောင်ရွက်ပေးပါသော ဆရာတော် ၀ီရသူ(မစိုးရိမ်)အား ယခုရင်ဆိုင်နေရသော လူမျိုးခြား/ဘာသာခြား တစ်ဦး၏ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကောင်း တစ်ဦးအပေါ် အဓမ္မအနိုင်ကျင့် ဖျက်ဆီးသည့် ကိစ္စရပ်အား အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သော တရားဥပဒေအဖြစ်ဒဏ်၊ လူမှုရေးအပြစ်ဒဏ်၊ ဘာသာသာသနာရေးအပြစ်ဒဏ်များ တရားမျှတစွာ ချမှတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် လေးမြတ်စွာ အသနားခံလျှောက်ထားအပ်ပါသည်ဘုရား။
တပည့်တော်မကိုယ်တိုင်လည်း နောင်မျိုးဆက် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများ တပည့်တော်မကဲ့သို့ လူမျိုးခြား၊ ဘာသာခြား၏ အနိုင်အထက်စော်ကား မခံရလေအောင် စံနမူနာပြ၍ အရှက်နှင့်သိက္ခာကို ပဓာနမထားဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်မည်ဟု ကတိသစ္စာပြု၍ ယခုအမှုကို အမှုမှန်ပေါ်သည်အထိ ဖြေရှင်းပါမည်ဟု ထပ်လောင်းလျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား။
ရှိခိုးဦးတင်လျှက်
(အနိုင်ကျင့်ခံရသူ တစ်သူမိန်းကလေးတစ်ဦး)
ပြင်ဦးလွင်မြို့။
မေ့လျော့နေကြသော မိဘဂုဏ် - (၁၂)ပါး
မေ့လျော့နေကြသော မိဘဂုဏ် - (၁၂ )ပါး
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂ )ပါး။
၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကိုလှူရမည်။
၎။ အိမ်စောင့်အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချိုတိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ဥစ္စာ သားသမီးဖို့ပါ ဖွေရှာထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက
မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။
အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည်ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည်လုပ်ကျွေးထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီးရှာဖွေသည်ကို မပျောက်ပျက်အောင်တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ်သည်။
၅။ သားသမီးမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့်
ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထား
သောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
Myanmar Volunteer
ရခိုင်အရေး သတင်းလိမ်လည်မူများကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက ယူအန် ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ
မောင်အေး
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာတိုင်းရင်းသားများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဆလင်နိုင်ငံ တချို့တို့မှ သတင်းများ လွဲမှားစွာ လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို ယနေ့ (စက်တင်ဘာ ၅ ရက်) ညနေ ၃ နာရီကနေ ၄ နာရီအထိ ဂျပန်ရောက် မြန်မာ တိုင်းရင်း ၈၀ ခန့်က တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံ တချို့သည် မဟုတ်မမှန် သတင်းများကို ထုတ်လွင့်ပြီး မြန်မာ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးစားနေသဖြင့် ယခုကဲ့သို့ ဆန္ဒပြ ကန့်ကွက် ရခြင်း ဖြစ်ကြောင်း  ဦးဆောင် လူပ်ရှားသူ တဦးဖြစ်သည့် ကိုကျော်သန်းလှိုင်က ပြောသည်။
“ ကျွန်တော်တို့ ဆန္ဒပြရတာက အခု ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို နိုင်ငံတကာ အဖွဲ့ အစည်းတွေအပါအ၀င်၊ မူဆလင်နိုင်ငံတချို့က မဟုတ်မမှန် သတင်းတွေထုတ်လွင့်ပြီး ၀င်ရောက်စွက် ဖက်နေတယ်။ သူတို့ စွက်ဖက်နေတဲ့အကြောင်းကလည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို ကူညီဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် လုပ်ဆောင် နေတာကို တွေ့နေရတယ်။ ဒါကို ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆန္ဒ ထုတ်ဖော်ပြသအပြီးတွင် ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူများကို သူတို့၏ သဘောထား ထုတ်ပြန် ချက်များကို ပေးပို့ ခဲ့ပြီး တိုကျိုမြို့ရှိ တခြားနိုင်ငံတကာ သံရုံးများကိုလည်း သူတို့၏ သဘောထား ထုတ်ပြန်ချက် များကို ပေးပို့သွားမည် ဖြစ်ကြောင်း ကိုကျော်သန်းလှိုင်က ဆက်ပြောသည်။
“ အခုဖြစ်နေတာဟာ မတရားချဲ့ကား လုပ်ကြံပြောနေတာတွေကို လက်ကိုင်ထား ပြောနေကြတာကို တွေ့နေရပါတယ်။ သူခိုးက လူ လူဟစ်နေပြီး တရားခံက တရားလို ဖြစ်နေတာတွေကိုဘဲ တွေ့နေ ရတယ်။ ဒါတွေကို ကျွန်တော်တို့ ဆန့် ကျင်တယ် ဆိုတဲ့အကြောင်းကို မူဆလင် နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အီရန်၊ ပါကိစ္စတန်စတဲ့ နိုင်ငံတွေက သံရုံးတွေကို ကျွန်တော်တို့ရဲ့ သဘောထားတွေနဲ့ အဖြစ်မှန် အချက်အလက် တွေကို ပို့ပေးသွား မှာဖြစ်ပါတယ်။”
ယနေ့ ဆန္ဒပြပွဲကို အဖွဲ့အစည်းအနေနှင့် ပြသခြင်းမဟုတ်ဘဲ ယနေ့ရခိုင်ပြည်နယ်အရေးသည် မြန်မာ နိုင်ငံ အနောက်ဘက်တံခါးကို ကာကွယ်ရန် အတွက် မြန်မာနိုင်ငံသားတိုင်းတွင်  တာဝန်ရှိသည်ဟု ခံယူကြပြီး အားလုံး၏  ဆန္ဒ သဘောထားနှင့် အညီ  ပြသ ကြခြင်းဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတကာတွင် လိမ်လည်ဝါဒဖြန့်နေသည့် ဓါတ်ပုံများမှာ အမှန်တကယ် မြန်မာနိုင်ငံတွင် ဖြစ်ပျက် ခဲ့ခြင်းမဟုတ်ဘဲ တိဘက်မှ ငလျှင်ကြောင်းသေဆုံးသည့်ပုံများ၊ ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် ပုံများ ကို အသုံးပြုပြီး မဟုတ်မမှန် လိမ်လည်နေခြင်းသာဖြစ်ကြောင်းကို အချက်အလက်များနှင့်တကွ အဆို ပါသံရုံးများကို ပို့ပေးသွားရန် စီစဉ်ထားသည်ဟု ပြောသည်။
သူတို့ပေးပို့မည့် အချက်လက်များကို  အသေးစိတ် ဓါတ်ပုံများနှင့် တကွ ရှင်းပြထားသည့်အတွက် မူဆလင် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း အဖြစ်မှန်ကို နားလည် သဘောပေါက်လိမ့်မည်ဟု မျော်လင့် ကြောင်း ကိုကျော်သန်းလှိုင်က ပြောဆိုသွားသည်။
`ရယ်လေရယ်လေအသက်ရှည်လေ´`ဟာသကာတွန်းလေးများ´(၉)
Views: 157
ကြွက်သားများကို ဂရုစိုက်ပါ
ကြွက်သားများကို ဂရုစိုက်ပါ ...............
အမျိုးသမီးတွေဟာ ကြွက်သား ဒဏ်ရာတွေကို တချို့အချိန်မှာ ပိုမိုရလွယ်ပါတယ်။ UKရဲ့ နောက်ဆုံး အသစ်တွေ့ရှိချက်က ကြွက်သား ဒဏ်ရာတွေနဲ့ တခြားဒဏ်ရာတွေဟာ ရာသီစက်ဝန်းအလယ်မှာ ပိုပြီး ရကြတယ်ဆိုတာ သက်သေပြနေပါတယ်။ Oestrogen ဟော်မုန်းပြောင်းလဲမှုနဲ့အတူ အမျိုးသမီးတွေရဲ့ ကြွက်သားဟာ ပျော့ပျောင်းနေတတ်ပါတယ်။
အရိုးနဲ့ကြွက်သားတွဲဆက်ထားတဲ့ တွဲဆက်မျှင် (Ligament) တွေဟာလည်း ပိုပြီးပျော့ပျောင်းနေပါတယ်။ Relaxinဆိုတဲ့ ဟော်မုန်းကိုထွက်စေလို့ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ရာသီသွေးစက်ဝန်းအလယ်မှာ (သားဥကြွေချိန်)(ရာသီသွေးပေါ်ပြီး ၁၄-၁၅ ရက်ဝန်းကျင်) ဆိုရင် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်မလုပ်မိဖို့ သတိထားသင့်ပါတယ်။
အိမ်ထောင်ရေးသာယာသောအမျိုးသားများ လေဖြတ်ရောဂါဖြစ်ပွားခြင်းနည်းပါး
အိမ်ထောင်ရေးသာယာသောအမျိုးသားများ လေဖြတ်ရောဂါဖြစ်ပွားခြင်းနည်းပါး ........
သာယာ ပျော်ရွှင်မှုရှိသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသော ယောက်ျားများသည် အိမ်ထောင်မပြုသူ သို့မဟုတ် အိမ်ထောင်ရေး အဆင်မပြေသူ ယောက်ျားများထက် ပို၍ လေဖြတ်ရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း အစ္စရေး တက္ကသိုလ်ဆရာဝန်များ၏ သုတေသန ပြုချက်တစ်စောင်အရ သိရသည်။
နှလုံးရောဂါလေ့လာရေးဌာနမှ လူပေါင်း ၁၀၀၅၉ဦးအား ၁၉၆၃ခုနှစ်မှစ၍ လေ့လာသုတေသနပြုချက်အရ တစ်ကိုယ်တည်း အိမ်ထောင်မပြုသူ ယောက်ျားများနှင့် အိမ်ထောင်ရေး မပြေလည်သူ ယောက်ျားများသည် အိမ်ထောင်ရေး ပျော်ရွှင်မှုရှိသော ယောက်ျားများထက် ၆၄ရာခိုင်နှုန်း ဆီးချိုမှတစ်ဆင့် လေဖြတ်ခံရနိုင်ဖွယ်ရှိကြောင်း တင်ပြထားသည်။
တဲလ်အဗစ် တက္ကသိုလ်မှ ဒေါက်တာ ယူရီဂိုးလ်ဘောတ်ခ်က သူ၏သုတေသနပြုချက်တွင် လူနေမှု အဆင့်အတန်း၊ ဆေးလိပ် သောက်သုံးသည့်အကျင့်၊ သွေးတိုးနှုန်းနှင့် မိသားစု အရေအတွက် စသည့်ကဏ္ဍများကို ထည့်သွင်းတွက်ချက်ပြီး ကောက်ချက်ချထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်း၏သုတေသနပြုချက်တွင် အိမ်ထောင်ရှင်အမျိုးသမီး များကို ထည့်သွင်း မှတ်တမ်းမယူခဲ့ပေ။ ပင်ပန်းနွမ်းနယ်မှုသည် လူများအား နှလုံးရောဂါနှင့် လေဖြတ် ရောဂါများ ဖြစ်နိုင်ခြေများကြောင်း၊ ပင်ပန်းနွမ်း နယ်မှုမခံနိုင်သူများတွင် သွေးကြောများ မာတင်းလာတတ်ပြီး စိတ်ငြိမ်မှုရှိသူများတွင် မည်သည့်ရောဂါမျှ မပြကြောင်း ကို ပျမ်းမျှအသက်(၆၂)နှစ်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၁၄ဦးအား သုတေသနပြုချက်မှ သိရှိရသည်။
Bus ကားပေါ်ကအလွဲများ
blitz1
တီတီ.. တီတီ.. တီတီ.. တီတီ.......
တနင်္လာမနက်တို့ရဲ့ ထုံးစံအတိုင်း ကျောင်းသွားဖို့နှိုးစက်က အသံပေးနေပြီ။ တနင်္လာမနက်တို့ရဲ့ ထုံးစံအတိုင်းပဲ မထချင်သေး။ ဒါပေမယ့် ဆက်နှပ်နေရင် မွေးသမိခင်ကျေးဇူးရှင်ရဲ့ မနက်မိုးလင်းနှိုးသံကိုပါ ကြားရမှာစိုးလို့ မျက်လုံး ကို ပြူးပြဲပြီး အတင်းဖွင့်ရတယ်။ မျက်လုံးကိုဖွင့်ဖွင့်ချင်း ၀ါးတားတား။ နိုးခါစ အ၀ါးလေးပေါ့ဆိုပြီး လက်နဲ့မျက်စိကိုပွတ်ကြည့်တော့လည်း ဘာမှမထူးခြား။ ဒုံးရင်းကဒုံရင်း ၀ါးတားတားပဲ။
"ဪ.. ငါမျက်မှန်မှ မတတ်ရသေးပဲ"
မျက်မှန်ထားနေကျ ခုတင်ဘေးက စားပွဲပေါ်ကို မမြင်မစမ်းနဲ့ စမ်းကြည့်လိုက်တယ်။
"အွန်.. ဘယ်ရောက်နေတုန်း"
အနီးနားတစ်ဝိုက် ရှာကြည့်တော့လဲ မျက်မှန်နဲ့ဆင်တာဆိုလို့ အစအနတောင်မတွေ့။ ရှုပ်ပွနေတဲ့အခန်းထဲ ဟိုဒီလျှောက်ရှာကြည့်ပြီး  အခန်းဒေါင့်မှာပုံထားတဲ့ အကျီင်္အဟောင်းလေးကို ၀ါးတားတားတွေ့တော့မှ မနေ့ကကိစ္စကို ပြန်သတိရတော့တယ်။
နေမင်းခ
--------
နေမင်းခက ပေါ့သေးသေးတော့မဟုတ်။ ဇရှိသည်။ တစ်ဦးတည်းသောသားမို့ ငယ်ငယ်တုန်းကတည်းက အလိုလိုက်ထားတော့ တစ်ခါ တစ်လေ ဗွေကထဖောက်ချင်သည်။ ဆေးကျောင်းပထမနှစ်သာ ပြီးတော့မယ် လုပ်ချင်ရာကို လုပ်တုန်း။ အိမ်ကလည်း ပြောလို့မရလို့ လွှတ်ပေးထားသည်။ ၁၀ တန်းအပြီး ဆေးကျောင်းစတတ်တော့ အဖေဖြစ်သူကို ကားတစ်စီးပူဆာတယ်။ သားလေးတစ်ယောက် တည်း ရှိတာပဲလေဆိုပြီး ၀ယ်ပေးမိတော့ ၁ လအတွင်း ၀ပ်ရှော့ ၂ ခါရောက်တော့ ကားနားတောင် ကပ်ခွင့်မပေးတော့။ အဲဒါကြောင့် ကျောင်းကို Bus ကားနဲ့သာသွားရသည်။ အဖေအားတဲ့နေ့ လိုက်ပို့ပေးမှ ကားလေးနဲ့ ကျော့ကျော့မော့မော့။ ၁၉ နှစ်လောက် သူ့ဒုက္ခကို ခံလာရတော့လည်း အိမ်ကသိပ်မကြည်ချင်တော့။ မနေ့ကဖြစ်ပုံကလည်း ဒီလို.....။
တနင်္ဂနွေနေ့ဆိုတော့ ထုံးစံအတိုင်းပဲ ဂနာကသိပ်မငြိမ်ချင်။ ကျောင်းပိတ်ရက်လေးတောင် အိမ်မမြဲဘူးဆိုပြီး အပြောခံရမှာဆိုးလို့သာ အောင့်အည်းပြီး နေနေရပေမယ့် ကယ်တင်ရှင်တစ်ယောက်ယောက် လာခေါ်ပါစေလို့ ကြိတ်ဆုတောင်းနေရသည်။ ကံကောင်းချင် တော့ နေ့လည်စာစားပြီး အဆီရစ်နေတုန်း ကယ်တင်ရှင်တွေ ပေါက်ချလာပါတော့သည်။
"ဟေ့ကောင်ငနေ.... ငနေရေ.... အိမ်ထဲမှာ ရှိလားကွ"
ချစ်သူငယ်ချင်းတွေရဲ့ အသံကြားတော့ ၀မ်းသားလုံးဆို့ပြီး ထအော်မိသည်။
"အေး... ဟေ့ကောင်တွေ.. ငါဒီမှာကွ။ ဘာလုပ်မလို့တုန်း"
"ဟေ့ကောင်.... ခဏနေရင် ကြည်မြင့်တိုင်ဘက်မှာ ဘောလုံးပွဲရှိတယ်။ ချိန်းပွဲကွ။ မင်းလိုက်မယ်မလား"
"ဟီးဟီးဟီး... လိုက်မှာပေါ့ကွာ။ ငါမပါလို့မှ မပြီးတာ"
3"အရေးထဲ.. လိုက်မယ်ဆိုရင် ထွက်ခဲ့ဟေ့။ ငါတို့ကားဂိတ်မှာ စောင့်နေမယ်"
ထွက်ဖို့လမ်းစက ရသွားပြီဆိုတော့ မျက်နှာချိုသွေးပြီး အမေ့ဆီသွားရသည်။
"အမေ... သားဘောသွားကန်မို့"
"ကြားသားပဲ။ ခုနက ဒီလောက် အော်ကြီးဟစ်ကျယ် အော်သွားတဲ့ဟာကို။ ကြွ.. ကြွ"
"မုန့်ဖိုးလေး.. အဟီး"
"အမလေး.. ဟိုတစ်နေ့ကမှ တစ်လစာ ပေးထားတာလေ။ မပေးနိုင်ဘူး။ ကြွတော်မူ။ နင့်အဖေကြားရင် ပိုဆိုးမယ်"
ဘောလုံးကန်ပြီး ညနေစောင်းတော့ အိမ်ကိုဘက်(စ်)ကားနဲ့ ပြန်လာတာပေါ့။ လူကလည်းမောနေတော့ ကျပ်တဲ့ကားမစီးချင်လို့ စောင့်နေ ရတာ ၃ စီးရှိနေပြီ။ ဒီကြားထဲ စီးလာတဲ့ညှပ်ဖိနပ်က ပျက်တော့မယ်တည်းတည်း။ အခုထိ ကိုယ်စီးရမယ့် ကားကလည်း ချောင်တာတစ်စီး မှမတွေ့။ ဒီကြားထဲ မလှမ်းမကမ်းက ရုပ်ဆိုးဆိုးဝတုတ်တုတ် အဒေါ်ကြီးက လူကိုပြူးကြည့်ပြီး မျက်လုံးမှိတ်ပြလိုက်။ သူ့လက်မောင်း တုတ် တုတ်ကြီးနှစ်ခုနဲ့ ကျွန်တော့်ကိုပဲ ပြေးဖက်တော့မလိုလို။ ကျွန်တော်ကပဲ ပျက်တော့မယ့် ခြေညှက်ဖိနပ်ကို ကုန်းကောက်ပြီး ပြေးရတော့ မလိုလို။ ကြက်သီးကို ထနေတာပဲ။ ကျွန်တော်မောင်နေတို့များ
"အရှင်ဘုရား... ရည်းစားချောချောလေးကို ကျွန်တော်ကမလိုက်ရပဲ ရပါစေ"
လို့ ဆုတောင်းတာလည်း ၁၀ တန်းပြီးကတည်းပေါ့။ ခု ၁ နှစ်ပြည့်လို့ နောက်ဆုံးကဝင်တဲ့ ဆေးကျောင်းပထမနှစ်လည်း ပြီးတော့မယ်။ ဆုတောင်းက မပြည့်။ မ,မစ တော့လည်း မ,မစလို့။ ဆုတောင်းကပဲ ကျွန်တော်နဲ့ မတန်သလား မပြောတတ်။ မစလိုက်တော့လဲ အရပ် ကပုပု။ ခြေသလုံးတွေ၊ လက်သလုံးတွေ၊ လက်သမောင်းတွေ ခြေသမောင်းတွေက တုတ်တုတ်နဲ့။ ဈေးထဲက ဝက်သားသည် မတုတ်ကြီး ဖြုတ် တော့မယ့် အဲ့လေ ခုတ်တော့မယ့် ဝက်တုန်းတုံးကြီးအလားပဲ။ မောနေတဲ့လူ သေချင်စိတ်ပေါက်နေပြီ။ ဟိုကလဲ သူ့ Feeling နဲ့ သူကောင်း နေတုန်း။ စိတ်ကူးယဉ်အနမ်းတွေ ပေးလို့ကောင်းတုန်း။ နောက်ဆုံးတော့ သေမထူး၊ နေမထူး လာတဲ့ကားပဲ တက်စီးလိုက်တာ စိတ်ထဲမှာ တော့ ဟိုဘွားတော်ကြီး လိုက်တက်မလာပါစေနဲ့ပေါ့။ ဘက်(စ်) ကားပေါ် ခြေ ၁ လှမ်းပဲ လှမ်းရသေး စပါယ်ယာက လှမ်းဆွဲတာ၊ နောက်ကဘိုးတော်က ထီးနဲ့ထိုးတာနဲ့ စပါယ်ယာရဲ့ဆဲသံတွေနဲ့ ကားပေါ်ရောက်ချင်းမသိ ရောက်သွားရော။ ဒီကြားထဲ နောက်ကဘိုးတော်က ထီးနဲ့ ထိုးလို့ကောင်းတုန်း။ လူက လေနေပါတယ်ဆိုမှ ဒုက္ခပေါင်းစုံနဲ့တိုးနေလို့ ကားနောက်ဆုံးနားကို ပြေးရတော့တာပဲ။ ကျွန်တော်လည်း တိုးလို့ရသလောက်တော့ တိုးပေးတာပဲ။ ဒါတောင် စပါယ်ယာရဲ့ နှုတ်နဲ့မလွတ်ဘူး။
"ဟိုဆံပင်စုတ်ဖွား မျက်မှန်နဲ့ညီလေး ဟိုဖက်ကို ၄၅ ဒီဂရီလောက် စောင်းလိုက်လေ။ ဒါမှ ဒီကလူက နေရာရမှာပေါ့"
4ကြည့်ကြပါဦး.. လူကိုသုံးသွားတဲ့ နာမ်စား။ ရစရာတောင် မရှိဘူး။ ကား ၁ စီး လုံးရဲ့ မျက်လုံးပေါင်း သောင်းခြောက်ထောင်။ ဟီးဟီး.. နည်းနည်းတော့ များ သွားပြီထင် တယ်။ လူ ၁ ယောက်မှာ ၂ လုံး။ ယောကျာ်းလေးဆိုရင်ပေါ့။ အဲလေ.. မှားလို့။ ကျားကျား၊ မမ ၂ လုံးကိုယ်ဆီတော့ ရှိကြတာပဲ။ (မျက်လုံး ပြောပါတယ်)။ ထားတော့ ဘာ ၂ လုံးပဲ ဖြစ်ဖြစ် လူ ၃၀ ရှိရင် အလုံးခြောက် ဆယ်ပေါ့။ မျက်လုံးနော် ဟဲဟဲ။ အင်း အဲဒီ့အလုံးခြောက်ဆယ်ရဲ့ အကြည့်တွေ ကိုယ့်ဆီရောက်လာတော့။ ရောက်လာတာတောင်မှ မကောင်းတဲ့နာမ်စားကြီးနဲ့။ မတတ်နိုင်ဘူး။ ရှက်ကလဲရှက်။ ဟိုလူကို လှမ်းရှိုးလိုက်တော့ မောင်မင်းကြီးသား က ဖြီးနေတာပဲ။ ဖြီးမှာပေါ့။ သကောင့်သားက အခုမှတတ်လာတဲ့ ကောင်မလေး ကို မျက်နှာလိုမျက်နှာရနဲ့
"ညီမလေး.. ဝေးလား။ နေရာရမယ်နော် ခဏလေး "
ကောင်မလေးကို အဲ့လိုပြောပြီး ကျွန်တော့်ဘက်လှည့်ကာ
"ဟိုလူ ခင်ဗျားနားက ပင်းနေလို့လား။ ကဲ.. ကိုနားပင်း ခင်ဗျားဘာသာ ခင်ဗျားလှည့်မလား။ ကျုပ်လာ လှည့်ပေးရမလား"
ကျွန်တော်လည်း လန့်လန့်နဲ့
"တော်တော် ကျုပ်ဘာသာကျုပ်လှည့်မယ်"
ပြောပြီး သူ့လှည့်ခိုင်းတဲ့ဘက် လှည့်ရသေးတယ်။ အဲ့တာတောင် သူက မပြီးသေးဘူး။ တစ်ကားလုံးကြားအောင် အော်သေးတာ
"လူတွေများနော် ခက်တယ်။ ကောင်းကောင်းပြောလို့ မရဘူး။ ဆိုးဆိုးပြောမှ ရတယ်။ ဒါနဲ့များလူတွေက စပါယ်ယာဆို အာကြမ်း လျှာ ကြမ်းလို့ ထင်နေကြတယ်။ ဒီလိုလူတွေရှိနေလို့ ဒီလို ကြမ်းနေရတာဗျ"
"၁ စက္ကန့်လေး နောက်ကျမိပါတယ်။ အပြောခံရတာ လူက ၁ ပြားမှ မတန်တော့ဘူး"
စိတ်ရှုတ်ရှုတ်နဲ့ ၁ ဖက်ကိုလှည့် မျက်လုံးမှိတ်ပြီး ဆင်းရမယ့်မှတ်တိုင်သာ ရောက်ပါတော့လို့ ဘုရားတနေရတယ်။ ၁၅ မိနစ် လောက် ကြာတော့ အိမ်များရောက်ပြီလားဆိုပြီး အသိဝင်လာတဲ့အချိန်မှာ နှာခေါင်းထဲရလိုက်တာက ရနံ့သင်းသင်းလေး။ ပြီးတော့ ဆံပင်ချော ချောလေးရဲ့ အထိအတွေ့။ ရင်တော့ ၁ ချက် ခုန်လိုက်ရသား။ ဒီလိုမျိုး လူကြပ်လို့ စိတ်ရှုပ်စရာတွေချည်းရှိနေချိန်။ ဒါမျိုးလေးရတော့ ထူးဆန်းသဟဆိုပြီး မျက်လုံးဖွင့်လိုက်တော့ အမြင်တွေ မကြည်တော့ဘူး။
"ဟိုက်.. ဘယ်လိုဖြစ်သွားတာတုန်း"
သိလိုက်တဲ့အချိန်က နဲနဲနောက်ကျသွားပြီ။ ခုနက ရနံ့ပိုင်ရှင်လေးဆီကို ကျွန်တော့်မျက်မှန် ညှိပါသွားပြီ။
"ဟိတ် ဟိတ်။ ဟိုကအမ ခဏ"
5" ဖြန်း" ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ပါး စပ်ခနဲပူသွားပြီး လူလည်း အီစလန်ဝေသွားတယ်။ မနဲ အားယူပြီး ကြည့်လိုက်တော့ ခုနမှတ်တိုင်က ဒေါ်တုတ်ကြီး။ နာမည်တော့ မသိဘူး။ ဒါပေမယ့် ရုပ်ရည်နဲ့လိုက်အောင်တော့ အခုလိုနာမည်ပေးလိုက်ပြီ။
"ဟာ... ခင်ဗျားကြီးက ဘာကိစ္စကျုပ်ကို ပါးလာရိုက်တာတုန်း"
"အောင်မာ သူကလာပြောနေသေးတယ်။ ဒီက ၁ ခါ ၂ ခါ ဆို ခွင့်လွှတ်တယ်။ ဒါပေမယ့် ခုက များပြီ။ သူများနောက်က လာလာပြီးတော့ မဟုတ်တာတွေလာပြီး"
"တော်တော်... ခင်ဗျားလို ပျော့ပျော့လုံးလုံးကြီးကို ကျုပ်မစဉ်းစားဘူး။ ကျုပ်မျက်မှန် ဟိုမှာ ပါသွားလို့ ကျုပ်ပြေး . . . . . . ."
စကားတောင်မဆုံးသေးဘူး။ နောက်ထပ် လက်ချောင်းတုတ်ကြီး ၅ ချောင်းကို ရှောင်ချိန် မရပဲ မိသွားတယ်။ လူလဲပူထူသွားပြီး ၁ ကားလုံး ဝိုင်းတွန်းထုတ်တာ ကားအောက်ရောက်ရောပဲ။ ဒီကြားထဲ ပျက်ခါနီးဖိနပ်ကပါ ပျက် သွားသေးတယ်။ လူလဲရစရာမရှိ မျက်မှန်လဲမရှိနဲ့ Taxi ငှားပြီးသာ အိမ်ပြန်လို့ အိပ်ရာပေါ် ဒိုင်ပင်ပစ်ရတော့တာပဲ။
ကဲ.. အခုတော့ မနက်လည်းမိုးလင်းပြီ။ ကျောင်းလည်း သွားရတော့မယ်။ မျက်မှန်ကလည်း မရှိ။ ဪ.. ရှေ့ရေးကို ရင်လေး ပါသဘိနဲ့။ မွေးသမိခင်ကျေးဇူးရှင်ကို လက်ဖြန့်ပြီးတော့ ပိုက်ဆံတောင်းရပေဦးတော့မည်။ မောင်နေ.. မောင်နေ။ မင်းကတော့ လုပ်ချ လိုက်ပြန်ပြီကွာ။    ။
References by http://www.mymclub.net/main/index.php?option=com_content&view=a...