This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 7, 2014

ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး လူသေ အလောင်း တစ်လောင်း တွေ့...............


Bookmark and Share [ ]


ကော့သောင်း ဇွန် ၅

ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး ကမ်းစပ် ကျောက်ဆောင် များကြားတွင် ဇွန် ၅ရက် ၊နံနက် ၇ နာရီ
က အမည်မသိ လူသေ အလောင်း တစ်လောင်းတွေ့ရှိ ရကြောင်း သိရှိရသည်။


အဆိုပါ အလောင်းမှာ အသားညို လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်၍ ခန္ဓာကိုယ်ပေါ်တွင် အ၀တ်အစားများ မပါရှိဘဲ မှောက်လျှက် အနေ အထားဖြင့် ကမ်းစပ် ကျောက်ဆောင်များ အကြား သေဆုံးနေခြင်းဖြစ်သည်။


အဆိုပါ သေဆုံးသူ ၏မျက်နှာ မှာ ရုပ်ပျက် ဆင်းပျက် ကြေမွှနေ သည်ကို တွေ့ရသည်။

အလောင်းအား မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှု ပြုလုပ်၍ ကော့သောင်းမြို့ နာရေး
ကူညီမှု အသင်း၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးပြီး အဆိုပါ သေမှုသေခင်း ဖြစ်စဉ်နှင့် ပတ်သက်
၍ မြို့နယ် ရဲတပ်ဖွဲ့မှ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်း ဖေါ်ထုတ်အရေးယူ ဆောင်ရွက်လျှက်
ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး လူသေ အလောင်း တစ်လောင်း တွေ့ http://www.simon-vlog.com/2014/06/blog-post_8415.html#ixzz33tV4NOPZ
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မြန်မာ-ဘင်္ဂလာဒေခ်ျ့ အလံတင်တပ်မှူးအဆင့် အစည်းအဝေး မောင်တောတွင် ပြုလုပ် .................


နိရဉ္စရာ

မြန်မာ-ဘင်္ဂလာဒေခ်ျ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နယ်စပ်မြို့ မောင်တောတွင် ယနေ့ နံက်နက် ၁၀ နာရီခွဲက စတင်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ကျင်းပသည့် ယနေ့ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို နှစ်ဘက်နိုင်ငံ ပြည်သူများက အထူး စိတ်ဝင်စားနေကြသည်ဟု သိရသည်။

“ ၁၀ နာရီနဲ့ ၃၀ မိနစ် တိတိမှာ စတင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှ ၂၃ ဦးပါဝင်ပါတယ်” ဟု မောင်တောမြို့က အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ အချက် (၅) ခုကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ဆိုသည်။

ဆွေးနွေးမည့်အချက်များမှာ ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူညီမှုကို မြန်မာဘက်မှ အကြိမ်ကြိမ် ချိုးဖောက်မှု၊ မေလ ၂၈ ရက်နေ့က နယ်ခြား မှတ်တိုင် ၅၂ အနီးတွင် မြန်မာနယ်ခြားစောင့်တပ်မှ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ အရာရှိငယ်တစ်ဦး သေဆုံးရမှု၊ သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြား စောင့်အလောင်းကို မေလ ၃၀ ရက်နေ့တွင် ပြန်ပေးရန် သဘောတူညီခဲ့သော်လည်း ကြန့်ကြာခဲ့မှု၊ စိတ်ကြွ ဆေးပြားအပါအ၀င် မူးယစ်ဆေးဝါး လုပ်ငန်းတားဆီးရေးတို့ပါဝင်ကြောင်း ကော့စ်ဘာဇား အခြေစိုက် CBN သတင်းတွင် ရေးသားထားသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိကြီးများဖြစ်ကြသည့် အမှတ် ၃၁ နတ်ကျောက်ဆိုးရီ တပ်ရင်းမှ ချောဖီးကူလ်ရာ ဟာမာန်၊ အမှတ် ၅၀ ရာမူးအခြေစိုက်တပ်ရင်းမှ တပ်ရင်းမှူး၊ အမှတ် ၁၇ ကော့စ် ဘာဇားတပ်ရင်းမှ ဆိုင်ဖူးလ်အာလာမ်နှင့် အမှတ် ၄၂ တက်နက်အခြေစိုက်တပ်ရင်းမှ အာဘူဇာရ် အာလ်ဇာ ဟီလ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် တင်ကိုကို ဦးဆောင်တက်ရောက်နေသည်ဟု သိရသည်။ မြန်မာဘက်က တင်ပြမည့် အချက်များကို မသိရှိရသေးပေ။

ယနေ့ဆွေးနွေးပွဲအပြီးတွင် သေဆုံးသွားသည့် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ ကိုင်ဆောင်ခဲ့သည့် သေနတ်နှင့် ကျဉ်အိမ် ၄ ခု၊ ၎င်းကျဉ်ဆန် ၁၂၀ ကို မြန်မာဘက်မှ ပြန်ပေးမည်ဟု ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မျှော်လင့်ထားကြောင်း သိရသည်။

ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သေဆုံးသွားသည့် မီဇာနူရ်ရာဟာမန် အလောင်းကို လွန်ခဲ့သည့် စနေနေ့ ညနေပိုင်းက မြန်မာဘက်မှ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သူနှင့်အတူပါသွားသည့် လက်နက်နှင့်ကျဉ်ဆန်များကို မပေးအပ်သေးကြောင်း သိရသည်။

စတော့အိတ်ချိန်း မတည်ထောင်နိုင်လျှင် အများပိုင်ကုမ္ပဏီများ ငွေလိမ်လည်နိုင်သည်ဟု ဒု-၀န်ကြီးဆို ...........

မောင်သင်တုန်း

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် တည်ထောင်နိုင်ခြင်းမရှိလျှင် မသိနားမလည်သည့် အများပြည်သူများ၏ ရင်နှီးငွေများကို အများပိုင်ကုမ္ပဏီများက အကြောင်းပြပြီး လိမ်လည်သွားနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဇွန် ၄ ရက်တွင် ပြောကြားလိုက်သည်။

“ မတည်ထောင်နိုင်ရင် အများပြည် သူတွေကို မသမာသူတွေက အများပိုင်ကုမ္ပဏီဗန်းပြပြီး ငွေတွေ လိမ်သွားမယ့် အဖြစ်မျိုးဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဆီမှာ အရင်အစိုးရလက်ထက်က ငွေစုငွေချေး အသင်းနာမည်နဲ့ လုပ်သွားဖူးတော့ခါးစည်း ခံခဲ့ရတဲ့ သာဓကတွေရှိပါတယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက်ကို စိတ်ချယုံကြည်ရသော အများပိုင်ကုမ္ပဏီ ခြောက်ခု ၀န်းကျင်ဖြင့် ၂၀၁၅ အောက်တိုဘာတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ အခုအခါ မြန်မာ နိုင်ငံတွင် အများပိုင်ကုမ္ပဏီစုစုပေါင်း နှစ်ရာကျော်အထိ တည်ထောင်ဆောင်ရွက်လျက်ရှိသည်။

“ အများပိုင်ကုမ္ပဏီ အားလုံးရဲ့ရှယ်ယာတွေကို ရောင်းချပေးမှာမဟုက်ပါဘူး။ အများပိုင်ကုမ္ပဏီတွေထဲက ယုံကြည်စိတ် ချရတဲ့ကုမ်္ပဏီတွေကိုသာ ရောင်းချပေးသွား မှာဖြစ်တယ်။ ကုမ္ပဏီငါးခု၊ ခြောက်ခုလောက်နဲ့ စသွားနိုင်မှာပါ ” ဟု ဒုတိယ၀န် ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

စတော့အိတ်ချိန်း ဈေးကွက်အတွက် လက်ရှိအချိန်တွင် သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီသည့် ရှယ် ယာရောင်း မည့်အများပိုင်ကုမ်္ပဏီများထဲမှ နှစ်ခုနှင့် MOU ထိုးထားပြီးဖြစ်သည်။ ခိုင်မာမှုရှိသော ကုမ္ပဏီ များကိုစတော့အိတ်ချိန်းတွင် ရှယ်ယာထုတ်ရောင်းနိုင်သည့်အရည်အသွေးများရှိစေရန် ပြင်ဆင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းဈေး ကွက်ကို ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်ဒိုင်ဝါကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဘဏ် သုံးဦးပိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဂျပန်ကုမ်္ပဏီနှစ်ခုက ၄၉ ရာခိုင် နှုန်းပိုင်ဆိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၂ ဘီလီယံ ဖြစ် သည်။

ဧရာဝတီတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉဏ်လင်းက “ ပြည်သူတွေက စတော့အိတ်ချိန်း အရင်းအနှီးဈေး ကွက်များနဲ့ အကျွမ်းတ၀င်မရှိပါဘူး။စတော့ဈေးကွက်ရဲ့ သဘောသဘာဝရည် ရွယ်ချက် မအောင်မြင်ရင် ဖြစ်လာမယ့် အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကို ပြည်သူတွေသိဖို့လိုအပ်တယ် ” ဟု အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေမြန်းခဲ့သည်။

အကျိုးကျေးဇူးအဖြစ် ငွေပိုငွေလျှံရှိ သောပြည်သူများအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် နေရာတစ်ခုရရှိလာ သကဲ့ သို့ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းတိုးချဲ့ရန် ငွေလိုသည့် အချိန်မှာ ဘဏ်များမှ အတိုးနှုန်းများဖြင့် ချေးငွေယူ စရာမလိုဘဲ ရှယ်ယာများထုတ် ရောင်းပြီး ငွေရင်းရမည်ဖြစ်သည်။ ကုမ္ပဏီ များလုပ်ငန်းတိုးချဲ့လာနိုင်လျှင် အလုပ် အကိုင်အခွင့်အလမ်း ရနိုင်သကဲ့သို့အမြတ် ရရှိပါက ခွဲဝေပေးနိုင်မည်ဖြစ်သည်။

စတော့အိတ်ချိန်း ဈေးကွက်ကို အကောင်အထည်ဖော်နိုင်ရန် အပိုင်းသုံးပိုင်းဖြင့် တစ်ပြိုင်နက်တည်းဆောင် ရွက်လျက် ရှိသည်။ စတော့အိတ်ချိန်း ဈေးကွက်အုပ် ချုပ်မည့်အဖွဲ့အစည်း ထူထောင်ခြင်း၊ စတော့ဈေးကွက် ထူထောင်ခြင်းနှင့် စတော့ရှယ်ယာဝေစုရောင်းမည့် ကုမ္ပဏီများကို ပြင်ဆင်ပေးခြင်းလုပ်ငန်းများကို ဆောင် ရွက်မည်ဖြစ်သည်။

Pitch Lab Android Application သုံးပြီ Guitar Master Key ညှိကြရအောင် ...........


Pitch Lab Application လေးကတော်တော်လေးကောင်းတယ်။ကျွန်တော်ပြထားတဲ့ပုံကတော့ Guitar, Standard မှာ Master Key ညှိတာလေးပါ။ဂစ်တာကို ကြိုးတစ်ချောင်းခြင်းစီတီးခတ်ပြီး ညှိလိုက်ယုံပါပဲ အရမ်းလွယ်ပါတယ်။ ကြိုးဟောင်းနေသော ဂစ်တာတွေ သတိတော့ထားပေါ့ဗျာ။ Master Key ညှိရင် ကြိုးပြတ်တတ်လိုပါခင်ဗျာ။တခြား Tools တွေလဲပါသေးတယ်။Music စိတ်ဝင်စားသော
မိတ်ဆွေများအတွက်အောက်ကနေ Download လုပ်နိုင်ပါပြီ။အဆင်ပြေပါစေဗျာ။




ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ဒီချုပ်တွင် ပေါ်လာနိုင်ဟုဆို....................

6 June 2014 18:04(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

    ပါတီအတွင်း ဒေါ်အောင်ဆန်း စုကြည် ကဲ့သို့ စိတ်နေ စိတ်ထားနှင့် တိုင်းပြည် အကျိုး ပြုနိုင်သည့် ခေါင်း ဆောင်များ ပေါ်ပေါက်လာ နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦး ကပြောသည်။

နာယက ဦးတင်ဦးက ''ဒေါ်အောင်ဆန်း စုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက်လာ ဖို့ ရှိတယ်။ လူဆိုတာ အသက် အရွယ်အရ ကြီးရင့်လာမှာ ဆိုတော့ လူငယ်မျိုးဆက် နိုင်ငံရေး သမား တွေပေါ်ပေါက်လာ ဖို့ လက်ကမ်း တွဲခေါ် လေ့ကျင့် ပေးဖို့ လိုတာပေါ့။ နိုင်ငံရေး ဆိုတာ တစ်သက် လုံး လုပ်နေရမယ့် ကိစ္စဖြစ်တော့ ဒီကနေ တစ်ဆင့် ဒုတိယ၊ တတိယ ဒေါ်အောင် ဆန်းစုကြည်လို ခေါင်းဆောင် တွေပေါ်ပေါက်လာနိုင်မှာပါ''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လူငယ်မျိုးဆက်သစ်နိုင်ငံရေးသမားများကို အဆက်မပြတ်မွေး ထုတ်ပေးနိုင်ပြီး တက်ြ<ွကကာ ပညာအရည်အချင်းပြည့်ဝသည့် အမျိုးသမီး နှင့် တိုင်းရင်းသားလူငယ်များပါ ပါဝင်ကြောင်းပါတီနာယက ဦးတင်ဦး ကဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ''နိုင်ငံရေးပါတီတိုင်း က လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ရမှာက ပါတီခေါင်းဆောင်တိုင်းရဲ့ တာဝန်ပါပဲ။ ကောင်းတဲ့အစဉ်အလာပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းရဲ့လိုအပ်ချက်က ပါတီရဲ့သဘောတရား၊ အယူအဆတွေသာ သင်ကြားပို့ချပေးနိုင်ပေမယ့် နိုင်ငံရေးသဘောတရား၊ အယူအဆတွေကို ပိုင်ပိုင်နိုင်နိုင်ချပြပေးနိုင်တာမရှိဘူး။ နိုင်ငံရေးအယူအဆနဲ့ ပါတီရဲ့ရပ်တည် ချက်ကို ဆုပ်ကိုင်ထားဖို့လိုသလို လူငယ်တွေကလဲ ကိုယ်တိုင်လေ့လာဖို့ လိုအပ်ပါတယ်'' ဟု ထောက်ပြပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတစ်ဝန်းတွင်မြို့နယ် အဆင့်လူငယ်ညီလာခံများကျင်းပပေးနိုင်ခဲ့ကာ အရန်လူငယ်မျိုးဆက် သစ်ခေါင်းဆောင် ၄၅ဝဝ ခန့်ကိုရွေးချယ်ထားပြီးဖြစ်သည်။
ပါတီ၏လက်ရှိဖွဲ့စည်းပုံအရ နာယကအဖွဲ့၊ ပါတီဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြင့်သာဖွဲ့စည်းထားပြီး ပါတီဒုဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးနေရာများတွင် လစ်လပ်လျက်ရှိသည်။

ယခင်စစ်အစိုးရလက်ထက်က ပါတီမျိုးဆက်သစ်လူငယ်ခေါင်းဆောင် များ ပေါ်ထွက်လာစေရန် ရန်ကုန်တိုင်းအဆင့်ဗဟန်း၊ မင်္ဂလာဒုံ၊ လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်များတွင် လူငယ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ သော်လည်း စစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် ပါတီအနေဖြင့် လူငယ်ခေါင်း ဆောင်များမွေးထုတ်ရေးတွင် ခါးဆက်ပြတ်သကဲ့သို့ဖြစ်ခဲ့ကြောင်း ပါတီ နာယက ဦးတင်ဦးက ရန်ကုန်တိုင်းမ်သို့ပြောသည်။
------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် ၊ Yangon Times Journal

အတွဲ ၁၀ ၊ အမှတ် ၂၁ | (5-11 , 6 , 2014) ကြာသပတေးနေ့ထုတ် ဂျာနယ်

ရဲလင်းထက်
Yangon Media Group

၁၆ နှစ်မ အလှမယ် သက်လုံးပုံ....................


Bookmark and Share [ ]


ရန်ကုန်မှာ လုပ်တဲ့ အထက်တန်း ကျောင်းသူ မယ်ရွေးပွဲမှာ သရဖူ ဆောင်းသွားသူ သက်လုံးပုံက သူ ရရှိတဲ့
ဆုငွေ သိန်း ၃၀ ကို အလှူ လုပ်မယ်၊ ပရဟိတ အဖွဲ့တွေကို လှူမယ်လို့ ပြောဆိုကြောင်း ဒီ တပတ်ထုတ် ရန်
ကုန်မြို့အခြေစိုက် 8 Days ဂျာနယ်မှာ ရေးထားပါတယ်။

ထူးခြားတဲ့ သူ့အမည် သက်လုံးပုံ ဆိုတာက အမည်ရင်းဖြစ်တယ်၊ သူ့မိခင်က တသက်လုံး ပုံပြီး ချစ်ချင်လို့
အဲသလို နာမည်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မယ် ပြိုင်ပွဲ တွေကို လွန်ခဲ့တဲ့ ၂နှစ် အသက် ၁၄ နှစ် အရွယ် ကတည်းက ၀င်ပြိုင်တာ ဆု ၇ ခုလောက် ရခဲ့
တယ်လို့ ဆိုပါတယ်။ အဲ ဒီထဲမှာ စိန်ဂေဟာ ကုန်တိုက်က ပြုလုပ်တဲ့ ပြိုင်ပွဲ တခုကနေရခဲ့တဲ့ စတိုင်ကျ လှ
ပတဲ့ ခြေလှမ်း ပိုင်ရှင် ဆုလည်း ပါဝင်ကြောင်း အွန်လိုင်း သတင်း တချို့မှာ တွေ့ရမှာပါ။

လာလတ္တံ့သော မယ်ပြိုင်ပွဲ တွေမှာလည်း သက်လုံးပုံကို ဆက်လက် တွေ့မြင်ရဖွယ် ရှိနေပါတယ်။

The Irrawaddy's Blog by zarny win

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ၁၆ နှစ်မ အလှမယ် သက်လုံးပုံ http://www.simon-vlog.com/2014/06/blog-post_9103.html#ixzz33tRuYLAM
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မှတ်ပုံတင် ရှိသူတိုင်း (၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည့် Telenor Sim Card ရောင်းချ မည့် ကာလ ထုတ်ပြန်.................


Bookmark and Share [ ]


မိုဘိုင်းလ် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း လိုင်စင် လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေး နိုင်ငံ
အခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး စခန်းပေါင်း ၈၀၀၀ ထားရှိသွား
မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်
စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချ ပေး သွားမည်
ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန် မလိုကြောင်းသိရှိ ရသည်။

“Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စား ဖွယ် အ
ရောင်းမြှင့်တင်မှု အစီအစဉ် များလည်း ပါဝင်ပါတယ်။ Sim Card ရောင်းချ ရာမှာ အသက် အရွယ် ကန့်
သတ်ချက် မရှိဘဲ မှတ်ပုံတင် ရှိတဲ့ သူတိုင်း လိုသလောက် ၀ယ်ယူနိုင်မှာပါ။

ဒါ့ အပြင် Sim Card ကို ၀ယ်ယူ လိုက် တာနဲ့ အဲ့ ဒီ Sim Card ကို သင် ပိုင်ဆိုင် မှာပါ”” ဟု Telenor
Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြား ခဲ့သည်။

လက်ရှိ ကာလတွင် ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ၀န်ကြီး ဌာန မြန်မာ့ ဆက် သွယ်ရေးမှ ရောင်းချ ထားရှိသော Sim Card များ၏ စာချုပ် အရ မိုဘိုင်းလ် အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသား ထားရှိသည်။

Telenor Myanmar အနေဖြင့် ဆက်သွယ်ရေး စခန်း (၁၀၀၀) ကို တည် ဆောက် ပြီး နောက် ပိုင်း ကာ
လများတွင် တစ်လလျှင် ဆက်သွယ်ရေး စခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်
သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွား မည်ဖြစ်
ပြီး ပထမ ဆုံး ဆက်သွယ် ရေး စခန်း ၁၀၀၀ ကို တည် ဆောက် ခြင်းမှာ အ ကြီး မား ဆုံး စိန်ခေါ် မှုဖြစ်
ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

အောင်ရဲကျော်

Myanmar Digital Life Journal

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: မှတ်ပုံတင် ရှိသူတိုင်း (၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည့် Telenor Sim Card ရောင်းချ မည့် ကာလ ထုတ်ပြန် http://www.simon-vlog.com/2014/06/telenor-sim-card.html#ixzz33tRGfZ5Q
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ကေတီဗီတွင် အလုပ်လုပ်နေသူ အဒေါ်ထံ အလည်လာသည့် မိန်းကလေး ပျောက်ဆုံး

ကိုတိုးကြီး

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗီဆိုင်တစ်ဆိုင်တွင် ဆိုင်လုပ်သားအဖြစ် အလုပ်၊ လုပ်ကိုင်နေသူ အဒေါ်ဖြစ်သူထံ အလည်အပတ် လာရောက်သည့် အသက် (၁၅)နှစ်အရွယ်မိန်းကလေးတစ်ဦး ပျောက်ဆုံးနေသည့်အတွက် အဒေါ်ဖြစ်သူက ဇွန်လ ၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲက မုံရွာနယ် မြေရဲစခန်းသို့ သွား ရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက အမှုဖွင့်အရေးယူလိုက်ပြီးဖြစ်သည်ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးငယ်မှာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာမှ မုံရွာမြို့ရှိ အဒေါ်ဖြစ်သူထံ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော် လှိုင်မိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသူ မိန်းကလေးမှာ လွန်ခဲ့သော ရက်ပေါင်း ၂၀ ခန့်မှစတင်၍ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ရဲစခန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေး ပျောက်ဆုံးနေရခြင်းမှာ အဆိုပါ ကေတီဗီဆိုင်ရှိ ဆိုင်လုပ်သား အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်ပြီး ခိုးယူပေါင်းသင်းနေထိုင်ရန် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်နိုင်သည်ဟု ရဲစခန်းက မှတ်ချက်ပြု သုံးသပ်ထားသေးသည်။

ထို့ကြောင့် မုံရွာနယ်မြေ ရဲစခန်းက(ပ) ၂၀၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၃ အရ အမှု ဖွင့်၍ မိန်းကလေးငယ်ကို အမြန်ဆုံးပြန်လည်တွေ့ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာန၏ လူကုန်ကူးခြင်းခံရသည့် မှတ်တမ်းများအရ လူကုန် ကူးခြင်းခံရသည့် ဥင်္ီးတည်ရာနိုင်ငံများတွင် တရုတ်နိုင်ငံ ၈၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၁၀ ရာခိုင်နှုန်း၊ မလေး ရှားနိုင်ငံ ခြောက်ရာခိုင်နှုန်းနှင့် ပြည်တွင်းတွင် လေးရာခိုင်နှုန်းရှိသည်။

ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို ..............

Posted by: Ko Myo on Friday, June 06, 2014 Categories:

စန္ဒီ on 2014-06-06 11:36

အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကား တော်တော်များများ ရိုက်ကူးလာရသလိုသရုပ်ဆောင်ချက်တွေကလည်း အရင်ကထက် ပိုပြီးပီပီပြင်ပြင် ရှိလာတဲ့ သရုပ်ဆောင်ကတော့ အိချောပိုပါပဲ။ သူမကို လတ်တလော ရိုက်နေတဲ့ဇာတ်ကားအကြောင်းကို မေးဖြစ်ခဲ့တဲ့အခါ သူမက “ ညီမလတ်တလောမှာတော့ ကိုယ့်ရင် ဘတ်ရဲ့တစ်ခြားတစ်ခြမ်း ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ကိုလူမင်းနဲ့ ရိုက်နေပါတယ်။ ဒါရိုက်တာကတော့ ဦးဟိန်းစိုးပါ။ ဒီဇာတ်ကားလေးရဲ့ပုံစံက မှော်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ညီမက ရှေးဟောင်းပစ္စည်း အရောင်းဆိုင်ဖွင့်တဲ့ သူတစ်ယောက်ပေါ့။ ကိုလူမင်းက ရှေးဟောင်းပစ္စည်းတွေကို သဘောကျလို့ လာလာဝယ်တဲ့ သူတစ်ယောက်ပေါ့။ အဲဒီမှာ Time Machine ဆိုတဲ့ နာရီတစ်လုံးကို တွေ့ပြီး သူက လိုချင်သွားတယ်။ ကိုယ်ကလည်း အဲဒီနာရီလေးကို သဘောကျပြီး အရမ်းမြတ်နိုးတယ်။ ဒါပေမယ့် သူခရီးသွားတော့မယ့် အချိန်မှာ ကိုယ်က လက်ဆောင်အဖြစ် အဲဒီ့နာရီလေးကို ပေးလိုက်တယ်။ နာရီလေးရပြီး ခရီးသွားတုန်း လမ်းမှာ သူကကားအက်ဆီးဒင့်ဖြစ်သွားတယ်။ အဲဒီ့အချိန်မှာ နာရီလေးက အသက်ဝင်သွားပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းကိစ္စတွေဆီကို ပြန်ရောက်သွားပါ တယ်။ အဲဒီလွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ညီမက ကောင်လေးတစ်ယောက်နဲ့ မင်္ဂလာကိစ္စ ပျက်ခဲ့ဖူးတယ်။ အဲဒီလိုမျိုးဇာတ်လမ်းလေးပါ”တဲ့။

ဒီဇာတ်ကားပြီးသွားတဲ့အခါ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားအကြောင်းကိုလည်း “ဒီ ကိုယ့်ရင်ဘတ်ရဲ့ တစ်ခြားတစ်ခြမ်း ဇာတ်ကားရိုက်ပြီး သွားရင်တော့ ကိုဟိန်းဝေယံနဲ့ ရိုက်ဖို့ရှိပါမယ်။ အခုနောက်ပိုင်း ညီမဇာတ်ကားလေးတွေကြည့်ရတာ ဇာတ်လမ်းအရ တော်တော်လေး ကောင်းလာတာတွေ့ရတယ်။ အဲဒါကြောင့် ဇာတ်လမ်းရွေးချယ်မှု ကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်သလဲ ဆိုတာကိုတော့ ညီမအနေနဲ့ ဇာတ်လမ်းရွေးချယ်မှုရယ်တော့ မရှိပါဘူး။ ဒီလိုပဲ ကိုယ့်ကိုလာပြီး ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်သွားတာပါ။ ကိုယ်ရိုက်ရမယ့် ဇာတ်လမ်းအပေါ်၊ ကာရိုက်တာပေါ်မူတည်ပြီးတော့ အကောင်းဆုံးဖြစ်ဖို့ ကြိုတင်ပြင်ဆင်ပြီးတော့ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်ခဲ့တာပါ။ အဲဒီလို ကြိုးစားခဲ့လို့ ပရိသတ်တွေရဲ့အားပေးမှု၊ သဘောကျတယ်လို့ ကြားရတော့ ညီမလည်း ကြိုးစားရကျိုးနပ်ပါတယ်။ အဲဒီ့အပေါ်မှာ ကျေနပ်အားရမိပါတယ်။ ရှေ့ဆက်ပြီး ညီမရဲ့ ပရိသတ်တွေအတွက် ဒီ့ထက်အများကြီး ကြိုးစားသွားဦးမှာပါ”လို့ သူမက ပြောပြခဲ့ပါတယ်။
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သစ်အချောထည် အလုပ်သမား ၁၀၀၀ ခန့် မန္တလေးကို ဆန္ဒပြရန် ချီတက် .............

ပိုင်စိုး

အလုပ်သမားတွေကို နစ်နာစေမယ့် စာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်လို့ အလုပ်ရှင်ရဲ့ မောင်းထုတ်တာကို ခံခဲ့ရတဲ့ စဥ့်ကိုင်မြို့နယ် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ဒီနေ့ မနက် ၉ နာရီက မန္တလေးကို ဆန္ဒပြဖို့ လာနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ကိစ္စမှာ အလုပ်သမားတွေက သဘောမတူဘဲ လက်မှတ်မထိုးခဲ့လို့ ရဲတွေခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အခုစာချုပ်မှာက အစမ်းခန့်် ၃ လ လို့ ပါတယ်။ လုပ်သက်ရင့် ၀န်ထမ်းတွေအတွက် နစ်နာ တာပေါ့။ ပြီးတော့ အလုပ်သမားကို အပြစ်မရှိပဲ ထုတ်လို့ရတယ်ဆိုတာလည်း ပါတယ်” လို့ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခိုင်လင်းက ဒီဗွီဘီကို ပြောပါတယ်။

သူတို့အနေနဲ့ ရဲစခန်းကို သွားပြီး အမှုဖွင့်တော့လည်း ဖွင့်မပေးဘူးလို့ ဦးခိုင်လင်းက ပြောပါတယ်။

အဲဒါကြောင့် မန္တလေးတိုင်း တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်သမ္မတအထိ တိုင်စာတွေ ပို့ထား တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အခုအချိန်အထိ မထူးခြားသေးတာကြောင့် အခုလို ဆန္ဒပြဖို့အတွက် ချီတက်လာတာပါလို့လည်း ဦးခိုင်လင်းက ပြောပါတယ်။

အခုအချိန်မှာတော့ သက်ဆိုင်ရာတွေက လာရောက်ညှိနှိုင်းနေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူ တယောက်က နေ့လယ် ၁၂ နာရီခွဲမှာ ဒီဗွီဘီကို ပြောပါတယ်။

အင်တာနက်အမြန်နှုန်း 4 Mpbs မှ 6 Mbps အထိ အသုံးပြုနိုင်ရန်Telenor Myanmar မှ စီစဉ်............

Posted by: Ko Myo on Friday, June 06, 2014 Categories:

၂၀၁၄ခုနှစ် ဇွန် (၂)ရက်နေ့တွင် Telenor Myanmar အနေဖြင့် စတုတ်္ထအကြိမ်မြောက် net Monday အစီအစဉ်ကို Telenor House တွင် ကျင်းပခဲ့သည်။ အဆိုပါ ပွဲအခမ်းအနားတွင် ဦးဆောင် ဆွေးနွေး သူများ အဖြစ် Microsoft ကုမ္ပဏီမှ Mr. Alvin Chua Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg နှင့် CMO Mr.Sharad Mehrotra  တို့ ပါဝင်ခဲ့ကြသည်။

စတုတ္ထအကြိမ်မြောက် net Monday တွင် “ ကမ္ဘ့အင်တာနက် ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး နည်းပညာ ကျွမ်းကျင်သူလူငယ် (၁၅၀) ကျော် တက်ရောက်ခဲ့သည်။ “ကမ္ဘ့လူဦးရေ ၄.၁ဘီလီယံ ဟာဆိုရင် အခု အချိန်အထိ အင်တာနက်ချိတ်ဆက်မှု မရရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၇ခုနှစ် အရောက်မှာပဲ အဲဒီ လူဦးရေတွေထဲက (၁)ဘီ လီယံဟာ အင်တာနက်အသုံးပြုနိုင်မှာပါ။ အင်တာနက် အသုံးပြုသူ များအနက် ၂၅ ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ကနေတစ်ဆင့် အင်တာနက် အသုံးပြုသူတွေပါ” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

Telenor Myanmar အနေဖြင့် 3G ကွန်ရက်အသုံးပြုသူများအတွက် အင်တာနက်အမြန်နှုန်းကို
700Mbps မှ 7 Mbps အထိ သုံး စွဲနိုင်ရန် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုသူ
နည်းပါးသောအချိန်ကာ လများတွင် 4 Mbps မှ 6Mbps အထိ ၀န် ဆောင်မှုပေးသွားရန် စီစဉ်ထား ရှိသည်။

ထို့အပြင် 2G ကွန်ရက်အသုံး ပြုသူများအတွက် 100Kpbs မှ 150Kbpsအထိ အသုံးပြုနိုင်ရန် ၀န်ဆောင် မှုပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် မိုဘိုင်းလ်ဈေးကွက်အတွင်း LTE စနစ် ပါဝင်သော မိုဘိုင်းလ်ဖုန်းအသုံးပြုမှုအရေအတွက် မြင့်မားလာသည်နှင့် တစ်ပြိုင်နက် 4G LTE ၀န် ဆောင်မှုကို
Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိကြောင်း သိရှိရသည်။ 
အောင်ရဲကျော်
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကြိုးတိုက် ဋီကာ (၅) ......................


Friday, June 6, 2014
ကြိုးတိုက်နေ ကြိုးသမားတဦးအတွက် ကြိုးစင်ဆိုတာကိုတော့ မြင်ဖူးတွေ့ဖူးချင်တဲ့ အာသီသက ပြင်းပြ ခဲ့တယ်။ ဒါကြောင့် အစောင့် အကြပ် အထပ်ထပ်နဲ့ ရေချိုးဆင်းတဲ့ အချိန်မှာ ကြိုးစင်ကို မရောက်ရောက်
အောင် အလည်သွားခဲ့ ဖူးတယ်။ ကြိုးသမားတဦး အတွက် ကြိုးစင်ကို သွားကြည့်ရတာလည်း ထောင်တွင်း စွန့်စားခန်း တခုပါ။ 

-ထောင်တွင်း တနေရာ၊ ဓာတ်ပုံ/ဧရာဝတီ

အင်းစိန်ထောင်ရဲ့ ကြိုးစင်ဟာ တိုက် ၅ တိုက်ရှိတဲ့ တိုက်ဝင်းနဲ့ ကပ်လျက်၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်း သား အများစု ရှိကြတဲ့ ၅ တိုက်နဲ့ အတော် နီးပါတယ်။ အမျိုးသမီး ကျွန်းတိုက်၊ ကြိုးတိုက်နဲ့လည်း အနီးဆုံး တည်ရှိတာပါ။ နံရံတွေ၊ ဆူးကြိုးတွေ ကာရံ ထား ပေမယ့် ကြိုးစင်ဟာ အမှတ် ၁ တောင်ယာထဲမှာ တည်ရှိ တာ မို့ တောင်ယာတွေကို ဝင်ထွက် သွားလာလို့ ရတဲ့ သံတံခါးတချပ် ရှိပါတယ်။ 

အဲဒီ သံတံခါးချပ်ကတဆင့် ကြိုးစင်ရှိရာကို မိုးသည်းထန်တဲ့ တနေ့မှာ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ခဲ့ ပါတယ်။ အယူခံတွေ၊ စောဒ က တွေ ရှုံးပြီး နောက်ဆုံး ကြိုးပေး အသတ်ခံရမယ့် နေရာရပ်ဝန်းဟာ ကွင်းပြင်ထဲမှာ ထီးထီးမားမား ရှိနေပါတယ်။ 

စစ်အစိုးရ တက် ပြီးနောက် ကြိုးစင်ကို မွမ်းမံထားတာ တွေ့ရတယ်။ အင်းစိန်ထောင် ကြိုးစင်ဟာ လူ ၂ ဦး ကို တပြိုင်တည်း ကြိုးပေးသတ်လို့ ရတဲ့နေရာလည်း ဖြစ်ပါတယ်။ လှေကား ၄၊ ၅ ထစ်လောက် အမြင့်ကို တက်သွားရင် တဖက်တချက် သံတိုင်တွေနဲ့ ကြိုးပေးတဲ့ သံပေါင်တန်း တခုလည်း ရှိပါတယ်။ 

ကြမ်းပြင်ကတော့ တံခါးတချပ်လို မောင်းတံတွေ၊ တံခါးမင်းတုပ် တွေနဲ့ပါ။ ကြိုးစင်ရဲ့ အခြေမှာတော့ ကြိုးပေး တဲ့ အခါ အဓိက အသုံးပြုတဲ့ ဒေါက်တိုင်နဲ့ ဒေါက်လို့ ခေါ်တဲ့ မောင်းတံ ရှိပါတယ်။ မောင်းတံ ကို ဖြုတ်လိုက်ရင် ကြမ်းပြင်ပေါ် မတ်တတ်ရပ်နေတဲ့ ကြိုးပေးခံရမည့်သူဟာ တံခါးချပ်လို ရှိနေတဲ့ ကြမ်း
ပြင်ပေါ် ခြေလွတ်သွားပြီ ဆိုတော့ လေဟာပြင်ထဲ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေပွဲဝင်ရမယ့် ပုံပါ။ 

ကြိုးစင်ရဲ့ ကြမ်းခင်းအောက်မှာ အခန်းတခန်းလည်း ရှိနေပြီး အဲဒီအခန်းထဲမှာ လူသေကို အသက် သေ တယ်၊ မသေဘူး စစ်ဆေးဖို့ အလောင်းတင် ကျောက်ခုံတခုလည်း တွေ့ရတယ်။ ကြိုးသမားတွေရဲ့ လူ့
လောက နောက်ဆုံးနေရာဟာ တကယ်တော့ အေးဆေး တိတ်ဆိတ်နေပြီး အကျဉ်းသား တချို့လည်း ကြိုးစင်ရှိရာ နေရာမှာ ထမင်းစားကြ၊ ဆေးလိပ်သောက်ကြ၊ တချို့ မူးယစ်ဆေး သုံးတာတွေနဲ့ လောင်း ကစား လုပ်တာမျိုးတွေလည်း ရှိတယ်လို့ ဝါရင့်ထောင်သားကြီးတွေက ဖောက်သည်ချ ပါတယ်။ 

ဒီကြိုးစင်မှာ လုယက်၊ လူသတ်၊ အလောင်းဖျောက်၊ မုဒိမ်းကျင့်သူ ဆိုတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကိုသာ မက နိုင်ငံရေးနဲ့ ပတ်သက်ပြီး သေဒဏ် ကျခံရသူတွေကိုလည်း ကြိုးပေးသတ်ခဲ့ ပါတယ်။ 

ဒီကြိုးစင်မှာ အာဇာနည်ကြီးတွေကို လုပ်ကြံမှုနဲ့ ဂဠုန်ဦးစော၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်၊ ၁၉၇၄ – ၇၅ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးတို့လည်း အသက်ဆုံးပါး သွားခဲ့ကြတဲ့ နေရာပါ။ 

အင်းစိန် ထောင်တွင်းမှာ တိုက်ဝန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို သေဒဏ်ကျ အကျဉ်းသားတွေနဲ့ နာမည်ကြီး အကျဉ်းသား တွေ ထားရာ ကြိုးတိုက်ဟာ ပိုပြီး နာမည်ကြီးတယ်လို့ ပြောရမှာပါ။ 

ကြိုးတိုက်ထဲမှာ ၁၉၈၈ ခုနှစ် တုန်းက နာမည်ကြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထားသလို နဝတ စစ်အစိုးရရဲ့ နာမည်ကြီး ဝါဒဖြန့်ချိရေး သတင်းစာရှင်းလင်းပွဲ ဖြစ်တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် များထဲ က ဇာတ်ကောင်တွေ စုဝေး ရှိနေပါတယ်။ 

ကြိုးတိုက်ထဲ ကျနော့်အရင် ရောက်နေကြသူ တွေကပဲ ကျနော့်ရဲ့ ကြိုးသမားဘဝ အစပျိုး နေ့ရက်တွေရဲ့ 
ထောင်ဝင်စာ တွေ့ခွင့် မရသေးတဲ့ ကျနော်တို့ ရဲ့ဝမ်းရေးကို အကူအညီ ပေးကြပါတယ်။ 

 ကြိုးသမား တဦးအတွက် ထောင်က ကျွေးတဲ့ ဝေစုကတော့ နံနက်စာ ပဲဟင်း၊ ငါးပိနဲ့ ထမင်း၊ ညနေစာ တာလဘော ခေါ်တဲ့ အရွက် စုံ ပြုတ်ထားတဲ့ ဟင်းရည်နဲ့ ငါးကြော် ရပါတယ်။ ကျန်းမာရေး မကောင်းတဲ့ ကြိုးသမားဆိုရင်တော့ ဆေးရုံစားလို့ ခေါ်တဲ့ ကြက်သား စွပ်ပြုတ် တခွက်နဲ့ နို့တခွက် အပိုရလေ့ ရှိပါတယ်။ 

သေဒဏ် ကျခံနေရတဲ့ ကြိုးသမား ၁၀ဝ ကျော်ထဲမှာ ၈၈ ဆန္ဒပြမှု ကာလတွေ အတွင်း တောင်ဥက္ကလာပ မြို့နယ်က ရဲသတ်မှုနဲ့ ရဲရဲ့အသားစားသူလို့ စွပ်စွဲခံရသူ “ကိုကော်ရုပ်” ဆိုသူလည်း ရှိသလို သင်္ဃန်းကျွန်း မြို့နယ်မှာ ခေါင်း ၇ လုံး ဖြတ်သူတွေလို့ စွပ်စွဲ ခံရသူ တွေလည်း ရှိတယ်။ 

ဒီ့ အပြင် မြောက်ဥက္ကလာက ရဲသတ်မှုနဲ့ စွပ်စွဲ ပြီး သေဒဏ် ကျခံရသူတွေလည်း ရှိပြီး အလုံမြို့နယ် က ခေါင်းဖြတ် မှုမှာ နိုင်ငံခြား သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်း အတွင်း ခေါင်းပြတ်ကို ကိုင်ပြီး “Very Good” လို့ ပြောဆိုသူလို့ စွပ်စွဲ ခံရသူလည်း ရှိတယ်။ 

ဒလမှာ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ရဲစခန်းကို ဝင်စီးလို့ သေဒဏ် ကျလာသူတွေလည်း ရှိပါသေးတယ်။ 

ရှစ်လေးလုံး ကာလ လူသတ်မှုတွေ ကျူးလွန်လို့ သေဒဏ်ချမှတ် ခံထားရတဲ့ ကြိုးတိုက်ထဲက ကြိုးသမားတွေ ထဲကို အမျိုးအစား ခွဲကြည့်ရင် အမျိုးမျိုး ရှိပါတယ်။ 

 ရှစ်လေးလုံးကာလ စစ်ထောက်လှမ်းရေးတွေ စီစဉ်ခဲ့ တယ်လို့ ပြောဆိုခဲ့ကြတဲ့ တန်ပြန်သပိတ်မှာ အသုံးချ ခံ ရသူတွေ ဖြစ်တဲ့ လူအများသုံး ရေကန်နဲ့ သောက်သုံးရေ တွေမှာ အဆိပ်ခတ်သူ၊ ရပ်ထဲ၊ ရွာထဲ မီးရှို့သူ၊ အဲဒီလို လူတွေကို သတ်ဖြတ်တယ် ဆိုပြီး ကျူးလွန် တယ် လို့ စွပ်စွဲခံရသူတွေ ရှိသလို ရဲစခန်း တွေ၊ ရဲကင်း
တွေကို တိုက်ခိုက် သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သေဒဏ် ကျခံရသူတွေလည်း ရှိတယ်။ 

တချို့ ကတော့ ရိုးရိုး ရာဇဝတ်ပြစ်မှုတွေ ဖြစ်တဲ့ လူသတ်၊ အလောင်းဖျောက်၊ လုယက်၊ ဓားပြတိုက် လူသတ် ဆိုတဲ့ ပြစ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွဲဆိုချက်တွေနဲ့ သေဒဏ်ချမှတ် ခံထားရသူတွေလည်း ကြိုးတိုက်ထဲမှာ ရှိကြပါတယ်။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် တိုင်းပြည်
ချောက် ထဲ ကျမယ့် အရေး အစဉ်အလာရှိတဲ့ တပ်မတော်က ကယ်တင်လိုက်ရတယ် ဆိုပြီးအကြောင်း ပြခဲ့ တယ်။ 

အဲဒီ အကြောင်းပြချက်ထဲက အထင်အရှား မြန်မာ့ရုပ်မြင်သံကြားက ထိုစဉ်က ဆက်တိုက် ထုတ်လွှင့်တင်ပြ ခဲ့ တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်များ ဆိုတဲ့ ခေါင်းဖြတ်၊ လူသတ်မှုတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ အဲဒီ ကိစ္စတွေကို စွပ်စွဲသေဒဏ် ချမှတ်ခံရသူတွေ ကို မေးမြန်း လေ့လာခွင့် ရခဲ့တယ်။ 

 ဒီ အကြောင်းတွေကို မပြောခင် ရှစ်လေးလုံး အကြို အခင်းအကျင်းတချို့နဲ့ ရှစ်လေးလုံးကာလ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက် တချို့ကိုလည်း ပြန်ပြောင်း သတိရသင့် ပါတယ်။ 

အကျဉ်းသား အဖြစ် သရုပ်ပြနေစဉ် (ဓာတ်ပုံ - AAPP)  

၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန် စတဲ့ ငွေစက္ကူ တွေကို တရားဝင် ငွေစက္ကူ အဖြစ်က ရုပ်သိမ်းကြောင်း ကြေညာခဲ့လို့ ကျောင်းသားတွေရဲ့ မကျေနပ်မှုကြောင့် တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေ ပိတ်ခဲ့ရမှုက ရှစ်လေးလုံးကို ကနဦး အစပျိုးခဲ့တယ် လို့ ပြောရမှာပါ။ 

ပြီးတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ကြို့ကုန်း စက်မှု တက္ကသိုလ် ကျောင်းသားတွေနဲ့ အရပ်သားတချို့ ရဲ့ ခိုက်ရန်ဖြစ်ပွားမှု အပေါ် အစိုးရ တာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းမှု မမှန်ကန်ခဲ့တဲ့ ကိစ္စကတော့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အဓိကပေါ်ပေါက်စေတဲ့ အကြောင်းဖြစ်ခဲ့ပါတယ်။ 

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲက အရပ်သားနဲ့ 
ကျောင်းသား ခိုက် ရန်ဖြစ်ပွားမှု အပေါ် အစိုးရကိုင်တွယ်မှုကို မကျေနပ်လို့ ကျောင်းဝင်းထဲ ကျောင်းသား
တွေ စုဝေးနေချိန်၊ ပဋိပက္ခမှာလည်း မပါဝင်တဲ့ အပြစ်မဲ့ ပဉ္စမနှစ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို မဆလ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ် လိုက်တာဟာ ၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေကို အရှိန်မြင့်သွားစေပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ကို အဓိက ပံ့ပိုးခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ကျောင်းသား လှုပ်ရှားမှုတွေဟာ ရန်ကုန်တက္ကသိုလ် အပါအဝင် တခြားတက္ကသိုလ်၊ 
ကောလိပ် ကျောင်း အပြင် အခြေခံပညာ ကျောင်းတွေ အထိပါ ပျံ့နှံ့သွားခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေ ကနေ အစိုးရ ဝန်ထမ်းများ အပါအဝင် လှည်းနေ လှေအောင်း၊ မြင်းဇောင်းပါ မကျန် လူထုလူတန်းစား အသီးသီးပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး အဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။ 

ဒါပေမယ့် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ပုံဖျက်ဖို့ အတွက် ထိုစဉ်က ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေကို အကောင်အထည် ဖော်ပေးရတဲ့ စစ်ထောက်လှမ်း
ရေး အဖွဲ့ဟာ ပုံစံအမျိုးမျိုးနဲ့ တန်ပြန် သပိတ် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာ အထင်အရှားပါပဲ။ 

တပ်မတော်က ဗိုလ်ကြီးစည်သူ အပါအဝင် စစ်ထောက်လှမ်းရေး အုပ်စုတွေဟာ လူထုလှုပ်ရှားမှု ဒီမိုကရေစီ သပိတ်ကြီးမှာ ရေပန်း စားနေတဲ့ တချိန်က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး 
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ အထိ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်လူထုက သူတို့ကို ဖမ်းဆီးရမိခဲ့သလို ကျောင်းသား လှုပ်ရှားမှုတွေကို အနီးကပ် သတင်းရယူနိုင်ဖို့ ကြိုးစားခဲ့သူ စစ်ထောက်လှမ်းရေး ဗိုလ်မှူးစန်းပွင့် ဆိုသူ ကိုလည်း ပြည်သူနဲ့ ကျောင်းသားတွေက ဖမ်းဆီး ရမိခဲ့ပေမယ့် အသက် ချမ်းသာပေးခဲ့တယ်။ 

ဒီလုပ်ရပ်ဟာ ဆန္ဒပြ ပြည်သူနဲ့ ကျောင်းသားတွေရဲ့ လူကိုမုန်းတီးစိတ်နဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်တာ မဟုတ်ဘူး ဆိုတာ ပေါ်လွင်စေပါတယ်။ ဒီလို ကိစ္စတွေဟာ တပါတီနိုင်ငံရေး စနစ် မူဝါဒ ပြောင်းရေး အတွက် သာ သဘောထား ကြီးကြီးနဲ့ လှုပ်ရှားမှုတွေကို နိုင်နင်းစွာ ကိုင်တွယ်ခဲ့တယ် ဆိုတဲ့ အထင် အရှား 
ပြယုဂ်တွေထဲက တချို့ပါ။ ။ 



လင်းသန့် ~


ဆက်လက်ဖော်ပြပါမည်။ 
ဧရာဝတီ မြန်မာပိုင်း စာမျက်နှာတွင် ဖော်ပြထားပြီး ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်သည်။ 

လားရှိုးတွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ .........................

ခွန်ဇော်ဦး

စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက ဗုဒ္ဓရုပ်ပွားတော်တဆူကို မဖွယ်မရာလုပ်မိလို့ ဘာသာရေးဆန်တဲ့ ပဋိပက္ခဖြစ်ပွားမယ့် အခြေအနေတခုကို လားရှိုးမြို့က အာဏာပိုင်တွေ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၂ နယ်မြေ ၁၂ အတွင်းမှာ နေထိုင်တဲ့ စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက သူနေထိုင်တဲ့ရပ်ကွက်နဲ့ ၁ မိုင်ကျော်လောက်ဝေးကွာတဲ့ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်း ရပ်ကွက်အတွင်းက ညောင်ပင်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တဆူကို မဖွယ်မရာပြုလုပ်မိလို့ ရပ်ကွက်နေပြည်သူတွေက ဗုဒ္ဓသာသနာတော်ညှိုးနွမ်းအောင် ပြုလုပ်တယ်လို့ဆိုကာ ဘာသာရေးဆန်တဲ့ ပဋိပက္ခတခုဖြစ်ပွားစေမယ့် အခြေအနေမျိုး ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ် ဇွန် ၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးပိုင်းက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ကျေးရွာအထောက်အကူပြု ဥက္ကဋ္ဌ ဦးကျော်သိန်း က “ဒီလို ကျနော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ရုပ်ထုကို လုပ်တယ်ဆိုပြီးတော့ လူပေါင်း ၁၅၀ လောက်က ကျနော်တို့ ရုံးရှေ့ ရောက်လာပြီးတော့မှ သူတို့ မကျေနပ်ကျဘူး ပြောတယ်။ မကျေနပ် တာကို ဒါမျိုးလုပ်လို့ မရဘူး။ ဥပဒေလမ်းကြောင်းရှိတယ်။ ဥပဒေလမ်းကြောင်းအရ စခန်းကို အမြန်ဆုံး အပ်နိုင်တာ အကောင်းဆုံးပဲ။ အဲဒီတော့ သမီးတို့၊ သားတို့ ဘာမှ မလုပ်ကြပါနဲ့ ဆိုပြီး စခန်းကို အပ်လိုက်တယ်”လို့ ပြောပါတယ်။

ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့ ဆရာတော်၊ သံဃာတွေကလည်း လာရောက် ထိန်းသိမ်းခဲ့ကြပါတယ်။

ဆရာတော် ဥူးကုသလသာမိက “လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပွားစေဖို့၊ မဖြစ်ရေးကို လာပြီး ထိန်းအုပ်ဖို့ ကြိုတင်ပြီး ရောက်လာခြင်း ဖြစ်ပါတယ်” လို့ မိန့်တော်မူပါတယ်။

အဲဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး တရပ်ကွက်တည်း အတူနေထိုင်တဲ့ အိမ်နီးနားချင်းတဦးက “ရပ်ကွက် ၁၂၊ နယ်မြေ ၁၂ တနယ်မြေလုံးနီးပါးသိတယ်။ အမှန်တကယ် စိတ်မနှံ့ဘူး” လို့ ပြောပါတယ်။

အဲဒီ အမျိုးသမီးကို ဥပဒေအရ အရေးယူသွားမှာဖြစ်သလို မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့အတွက်လည်း လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ရဲတမှူး တင်ဖေ၀င်းက “အဲဒီ အမျိုးသမီးက စိတ်ကစဥ့်ကလျားဖြစ်နေချိန်မှာ ညောင်ပင်မှာ ထားထားတဲ့ ဘုရားရုပ်တုကို မဖွယ်မရာပြုသလို ဖြစ်သွားတယ်။ အဲဒီတော့ ဥပဒေအရ ဒီအမျိုးသမီးကို ချက်ချင်း ဖမ်းထားတယ်။ မနက်ဖြန် ချက်ချင်း တရားစွဲဖို့လည်း စီစဉ်ထားတယ်။ လားရှိုးမြို့ရဲ့ အခြေအနေက အခုအချိန်မှာ လုံခြုံရေးတိုးမြှင့်ပြီး ချထားတယ်။ အခြေအနေကတော့ လက်ရှိအခြေအနေထိ အေးချမ်းနေတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့မှာ ၂၀၁၃ ခုနှစ်ကလည်း လူတဦးက အမျိုးသမီးတဦးကို ဓာတ်ဆီလောင်းမီးရှို့ရာကနေ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ၁၀ ဦး .....................

Posted by: Ko Myo on Friday, June 06, 2014 Categories:
နောက်ဆုံးကောက်ယူခဲ့သော စစ်တမ်းအရ ကမ္ဘာ့ ထိပ်တန်းအချမ်းသာဆုံး သူဌေးကြီးဆယ်ဦးတွင် မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံဖြင့် အချမ်းသာဆုံး စာရင်းဝင်နေပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို ဖော်ပြလိုက်ပါသည်။

၁။ ဘီလ်ဂိတ်



မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်သည်။ အသက်(၅၇)နှစ်ရှိပြီး အမေရိကန်နိုင်ငံတွင် နေထိုင်သည်။ ဘီလ်ဂိတ် သည် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရုံသာမက အရက်ရောဆုံးသူလည်း ဖြစ်သည်။ ပိုလီယိုနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်ပင် ၎င်းနှင့် ဇနီးဖြစ်သူတို့ တည်ထောင်ထားသော ဘီလ်နှင့် မလင်ဒါဂိတ်ဖောင်ဒေးရှင်း မှတစ်ဆင့် ကန်ဒေါ်လာ ၂၈ ဘီလီယံ သုံးစွဲခဲ့သည်။

၂။ ကားလို့စ်စလင်း



ကားလို့စ်စလင်းဟီလူးသည် အသက်(၇၃)နှစ်အရွယ် မက္ကဆီကိုနိုင်ငံသားဖြစ်ပြီး ကန်ဒေါ်လာ ၆၁ ဒသမ ၈ ဘီလီယံ ချမ်းသာသည်။ မက္ကဆီကိုနိုင်ငံတွင် နေထိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်ကို လေးနှစ်တာ ကျော်ဖြတ်ခဲ့ဖူးသည်။

၃။ ဝါရင်းဘတ်ဖက်



အသက်(၈၂)နှစ်အရွယ် အမေရိကန်နိုင်ငံသား ဝါရင်းဘတ်ဖက်သည် ကန်ဒေါ်လာ ၅၇ ဒသမ ၅ ဘီလီယံ ချမ်းသာသည်။ ၎င်းကို Berkshire Hathaway ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ရည်ညွှန်းသည်။ အသက် (၁၁)နှစ်အရွယ်တွင် စတော့ရှယ်ယာ စတင်ဝယ်ယူခဲ့သည်။ ဘီလ်ဂိတ်နှင့် အလွန်ရင်းနှီးပြီး လှူဒါန်းမှုများတွင် အရက်ရောဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

၎။ အမန်စီယိုအော်တေဂါ



ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် အော်တေဂါသည် အသက် (၇၇)နှစ်ရှိပြီဖြစ်ကာ ကန်ဒေါ်လာ ၅၄ ဒသမ ၈ ဘီလီယံ ချမ်းသာသည်။ အချမ်းသာဆုံးမိသားစု နောက်ခံနှင့် စပိန်နိုင်ငံတွင် အချမ်းသာ ဆုံးလည်းဖြစ်ကာ ဇနီးဟောင်းမှာလည်း ကွယ်လွန်သည့်အချိန်အထိ စပိန်နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသမီး ဖြစ်သည်။

၅။ အင်ဂဗာကမ်းပရက်



ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ပရိဘောဂကုမ္ပဏီ IKEA ကို တည်ထောင်သူ ကမ်းပရက်သည် ကန်ဒေါ်လာ ၄၉ ဒသမ ၁ ဘီလီယံ ချမ်းသာသည်။ အသက် (၈၇)ခုနှစ်အရွယ် ဆွီဒင်နိုင်ငံသားသည် မကြာမီက ကုမ္ပဏီဥက္ကဋ္ဌရာထူးကို အငယ်ဆုံးသားအား လွှဲပြောင်းပေးအပ်ခဲ့သည်။

၆။ ချားလ်စ်ကော့ခ်ျ



Koch စက်မှုလုပ်ငန်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်သည် ကန်ဒေါ်လာ ၄၄ ဒသမ ၈ ဘီလီယံ ချမ်းသာပြီး အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။ ညီဖြစ်သူ ဒေးဗစ်ကော့ခ်ျနှင့် ညီတူညီမျှချမ်းသာသူဖြစ်သည်။

၇။ ဒေးဗစ်ကော့ခ်ျ



Koch စက်မှုလုပ်ငန်း၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ ဖြစ်သည်။ အစ်ကိုဖြစ်သူထက် ကုမ္ပဏီစီမံခန့်ခွဲမှုတွင် ပိုမိုပါဝင်ဆောင်ရွက်ပြီး အသက်မှာလည်း (၇၇)နှစ်ရှိပြီဖြစ်သည်။

၈။ လယ်ရီအယ်လစ်ဆင်



ကွန်ပျူတာနည်းပညာကုမ္ပဏီ Oracle ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ အသက် (၆၉) နှစ်အရွယ် အမေရိကန်နိုင်ငံသားဖြစ်ပြီး ကန်ဒေါ်လာ ၃၉ ဘီလီယံ ချမ်းသာသည်။

၉။ ခရစ္စတီဝေါလ်တန်



အမေရိကန် လက်လီဈေးကွက် ကုမ္ပဏီကြီး Wall-Mart သူဌေးကြီး ၂၀၀၅ ခုနှစ်က လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်သူမုဆိုးမ ခရစ္စတီဝေါလ်တန်သည် ဝေါလ်မက်ရှယ်ယာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကန်ဒေါ်လာ ၃၅ ဘီလီယံ ချမ်းသာသည်။

၁၀။ ဂျင်မ်ဝေါလ်တန်



ဂျင်မ်ဝေါလ်တန်သည် Arvest Bank အုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ကန်ဒေါ်လာ ၃၄ ဒသမ ၃ ဘီလီယံ ချမ်းသာပြီး ဝေါလ်မက်မှ မစ္စစ်ခရစ္စတီနှင့် မတ်တော်စပ်သည်။ ဝေါလ်မက်ရှယ်ယာအချို့ကိုလည်း ပိုင်ဆိုင်သည်။

_The Countries
ACM Re-Post 6-6-2014
Aye Chan Mon Credit To: 7 Days Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)