Saturday, June 7, 2014

အင်တာနက်အမြန်နှုန်း 4 Mpbs မှ 6 Mbps အထိ အသုံးပြုနိုင်ရန်Telenor Myanmar မှ စီစဉ်............

Posted by: Ko Myo on Friday, June 06, 2014 Categories:

၂၀၁၄ခုနှစ် ဇွန် (၂)ရက်နေ့တွင် Telenor Myanmar အနေဖြင့် စတုတ်္ထအကြိမ်မြောက် net Monday အစီအစဉ်ကို Telenor House တွင် ကျင်းပခဲ့သည်။ အဆိုပါ ပွဲအခမ်းအနားတွင် ဦးဆောင် ဆွေးနွေး သူများ အဖြစ် Microsoft ကုမ္ပဏီမှ Mr. Alvin Chua Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg နှင့် CMO Mr.Sharad Mehrotra  တို့ ပါဝင်ခဲ့ကြသည်။

စတုတ္ထအကြိမ်မြောက် net Monday တွင် “ ကမ္ဘ့အင်တာနက် ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး နည်းပညာ ကျွမ်းကျင်သူလူငယ် (၁၅၀) ကျော် တက်ရောက်ခဲ့သည်။ “ကမ္ဘ့လူဦးရေ ၄.၁ဘီလီယံ ဟာဆိုရင် အခု အချိန်အထိ အင်တာနက်ချိတ်ဆက်မှု မရရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၇ခုနှစ် အရောက်မှာပဲ အဲဒီ လူဦးရေတွေထဲက (၁)ဘီ လီယံဟာ အင်တာနက်အသုံးပြုနိုင်မှာပါ။ အင်တာနက် အသုံးပြုသူ များအနက် ၂၅ ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ကနေတစ်ဆင့် အင်တာနက် အသုံးပြုသူတွေပါ” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။

Telenor Myanmar အနေဖြင့် 3G ကွန်ရက်အသုံးပြုသူများအတွက် အင်တာနက်အမြန်နှုန်းကို
700Mbps မှ 7 Mbps အထိ သုံး စွဲနိုင်ရန် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုသူ
နည်းပါးသောအချိန်ကာ လများတွင် 4 Mbps မှ 6Mbps အထိ ၀န် ဆောင်မှုပေးသွားရန် စီစဉ်ထား ရှိသည်။

ထို့အပြင် 2G ကွန်ရက်အသုံး ပြုသူများအတွက် 100Kpbs မှ 150Kbpsအထိ အသုံးပြုနိုင်ရန် ၀န်ဆောင် မှုပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် မိုဘိုင်းလ်ဈေးကွက်အတွင်း LTE စနစ် ပါဝင်သော မိုဘိုင်းလ်ဖုန်းအသုံးပြုမှုအရေအတွက် မြင့်မားလာသည်နှင့် တစ်ပြိုင်နက် 4G LTE ၀န် ဆောင်မှုကို
Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိကြောင်း သိရှိရသည်။ 
အောင်ရဲကျော်
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment