Saturday, June 7, 2014

ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး လူသေ အလောင်း တစ်လောင်း တွေ့...............


Bookmark and Share [ ]


ကော့သောင်း ဇွန် ၅

ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး ကမ်းစပ် ကျောက်ဆောင် များကြားတွင် ဇွန် ၅ရက် ၊နံနက် ၇ နာရီ
က အမည်မသိ လူသေ အလောင်း တစ်လောင်းတွေ့ရှိ ရကြောင်း သိရှိရသည်။


အဆိုပါ အလောင်းမှာ အသားညို လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်၍ ခန္ဓာကိုယ်ပေါ်တွင် အ၀တ်အစားများ မပါရှိဘဲ မှောက်လျှက် အနေ အထားဖြင့် ကမ်းစပ် ကျောက်ဆောင်များ အကြား သေဆုံးနေခြင်းဖြစ်သည်။


အဆိုပါ သေဆုံးသူ ၏မျက်နှာ မှာ ရုပ်ပျက် ဆင်းပျက် ကြေမွှနေ သည်ကို တွေ့ရသည်။

အလောင်းအား မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှု ပြုလုပ်၍ ကော့သောင်းမြို့ နာရေး
ကူညီမှု အသင်း၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးပြီး အဆိုပါ သေမှုသေခင်း ဖြစ်စဉ်နှင့် ပတ်သက်
၍ မြို့နယ် ရဲတပ်ဖွဲ့မှ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်း ဖေါ်ထုတ်အရေးယူ ဆောင်ရွက်လျှက်
ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ကော့သောင်းမြို့ ဘုရင့်နောင် အငူ အနီး လူသေ အလောင်း တစ်လောင်း တွေ့ http://www.simon-vlog.com/2014/06/blog-post_8415.html#ixzz33tV4NOPZ
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment