Saturday, May 25, 2013
မှောက်ပြီသေပြီ နေပြည်တော်ဆီ
မှောက်ပြီသေပြီ နေပြည်တော်ဆီ
------------------------------ -----
====================
ယနေ့နံနက်ပိုင်း125 မိုင်ဖြူးမြို့နယ်အတွင်းတွင်ရန် ကုန်မှနေပြည်တော်သွားခရီးသည်တင် ယာဉ်တစီးတိမ်းမှောက်သွားရာသံဃာေ တ်ာတပါးအပါအဝင်လူ၁၁ဦးပွဲချင်ြး ပီးသေဆုံးကာအများအပြားဒါဏ်ရာရရှိသွားကြောင်းသိရသည်။
------------------------------
====================
ယနေ့နံနက်ပိုင်း125 မိုင်ဖြူးမြို့နယ်အတွင်းတွင်ရန်
ဂျပန်က မြန်မာကို ဒေါ်လာ ၁ ဘီလီယံ နီးပါးပေးမယ်
ABC
မြန်မာနိုင်ငံဖွံ့တိုးတက်မှုအတွက် ဂျပန်နိုင်ငံက ဒေါ် ၁ ဘီလီယံ နီးပါး အကူအညီပေးမယ်လို့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီကနေ့ ရောက်ရှိမယ့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ ဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမ ဦးဆုံးလာရောက်တဲ့ ဂျပန်ဝန်ကြီးချုပ်ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုက်မှုနဲ့ အခြေခံ အဆောက်အဦး လိုအပ်ချက်တွေအပြင် တနိုင်ငံလုံး လိုအပ်နေတဲ့ လျှပ်စစ်မီးတွေအတွက် ဂျပန်နိုင်ငံ အကြီးမားဆုံး ဒေါ်လာ ၁ ဘီလီယံ အကူအညီပေးမယ်ဆိုတာ မြန်မာနိုင်ငံအပေါ် ဂျပန်ကခြေတလှမ်းတိုးလက်တဲ့ သဘော သက်ရောက်မှာဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။
ရှင်ဇိုအာဘေရဲ့ မြန်မာနိုင်ငံကိုလာတဲ့ ခရီးစဉ်ဟာ သုံးရက်ကြာမှာဖြစ်ပြီး ဒေသတွင်းနဲ့ လုံခြုံရေးကိစ္စတွေကို ပိုမိုဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဂျပန်က ရေတပ်သင်္ဘောသုံးစီး မြန်မာနိုင်ငံဆိပ်ကမ်းကို လာမယ့် အောက်တိုဘာလကြရင် ရောက်လာမဲ့အကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးအရရော နိုင်ငံရေးအရပါ သြဇာကြီးခဲ့တဲ့ တရုတ်နိုင်ငံကတော့ အခုရှင်ဇိုအာဘေ ရဲ့မြန်မာ ပြည်ခရီးစဉ်ကို နီးနီးကပ်ကပ် စောင့်ကြည့်လေ့လာမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
Posted by
Koko Zaw

Internet Journal အတွဲ(၁၄)၊ အမှတ် (၁၉)
2:12 PM
မောင်ပေါက်
No comments
ဒီပတ်ထုတ် Internet Journal အတွဲ(၁၄)၊ အမှတ် (၁၉) လိုချင်သူများ ဒေါင်းနိုင်ပါပြီ..
(၂)နှစ်အတွင်း စကပ်အပေါ်ပိုင်းတွေချည်း ခိုးရိုက်ခဲ့သူအား တရားစွဲ
စင်္ကာပူနိုင်ငံတွင် အသက်(၃၁)နှစ်ရှိသူ အမျိုးသားတစ်ဦးဟာ နှစ်နှစ်တာ
ကာလအတွင်း မိန်းကလေးများ၏ စကပ်အပေါ်ပိုင်း နှင့် ပေါင်အတွင်းပိုင်း
ဗွီဒီယိုဖိုင်များကို ဘော့ပင် ကင်မရာဖြင့် ဗွီဒီယိုဖိုင်ပေါင်း(၄၂၃) ဖိုင်
ရိုက်ကူးခဲ့သောကြောင့် မိန်းကလေးများအား မတော်တရော် ပြုမူမှုဖြင့်
တရားစွဲခံထားရကြောင်း
သိရသည်။ထိုအမျိုးသားသည် ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ခုနှစ်အတွင်း၌ စင်္ကာပူရှိ Takashimaya ၊ Ngee Ann City မှာရှိတဲ့ Kinokuniya နှင့် Watson စတိုးဆိုင် ၊ Isetan Shaw House နဲ့ Ang Mo Kio နဲ့ Bishan နေရာများရှိ Popular စာအုပ်ဆိုင် ၊ ng Mo Kio Hub ၊ Wheelock Place ၊ Jurong Point နဲ့ Ngee Ann City မှာရှိတဲ့ Artfriend စတိုးဆိုင်များတွင် ယင်းဗွီဒီယိုဖိုင်များ ရိုက်ကူးခဲ့တာဖြစ်ကြောင်း သိရသည်။
Hampshire လမ်းမကြီးပေါ်က ရုံးခန်းမှာတော့ အမျိုးသမီးလေးဦး၏ စကပ်အပေါ်ပိုင်း ဗွီဒီယိုများကို ၁၁ကြိမ် ခိုးရိုက်ခဲ့ကြောင်းလည်း သိရသည်။
Source : Straitstimes
ပုံရိပ်(burmesehearts.com)
You might also like:
နာမည်ပျက်မရှိဘဲ အောင်မြင်မှုကို လိုချင်တယ်ဆိုတဲ့ မိုးယုစံ
မြန်မာ အကတွေ ကပြီး နိုင်ငံခြား အကမကဘူး ဆိုတာက ဝါသ နာမပါတာ မဟုတ်ပါဘူး။ အစီအစဉ် မရှိသေး တာပါ။ မြန်မာ မိန်းကလေး တစ်ယောက် အနေနဲ့ မြန်မာ အကကို ကတတ်ဖို့ အရေးကြီးတယ်။ ဥပမာ ပြောရရင် Over Sea မှာ ဖျော်ဖြေ တဲ့အခါမှာ မြန်မာအကနဲ့ ဖျော်ဖြေ တာအကောင်းဆုံးပဲ။ မြန်မာအက မဟုတ်ဘဲ တခြားအကနဲ့ ဖျော်ဖြေ ရင် ကိုယ့်မြန်မာ့ ယဉ်ကျေးမှုကို သိမှာ မဟုတ်ဘူး။ မိုးယုက ကောလာဟ လမထွက်ဘူး ဆိုတာ အဖေက အမြဲ ဆုံးမတယ်။ နာမည်ပျက် မရှိအောင် နေ။ နေလို့အောင်မြင်မှု ရတာကိုပဲ လိုချင်တယ် ဆိုလို့ အတတ်နိုင်ဆုံး အကောင်းဆုံး
နာမည်ပျက်မရှိအောင် နေပါတယ်။
အဲဒါဆို အဖေ့စကား ကြောင့် နာမည်ပျက် မရှိအောင်နေ တာလား ဆိုတော့ အဖေ့စကား ကြောင့်လည်း မဟုတ်ပါဘူး။ မိုးယု ကိုယ်တိုင် ကလည်း အဲဒီလိုပဲနေ တတ်တယ်။ စိတ်ထဲက မပါဘဲ ဟန် ဆောင်ပြီး မလုပ်တတ်ဘူး။ ကော လာဟလနဲ့ အတူ တိတ်ဆိတ်နေ တာအချစ်ရေး ဆိုတော့ အချစ်ရေး နဲ့ ပတ်သက်ပြီး အသံမထွက်သေး တာ မရှိသေးလို့ပါ။ စဉ်းစားဖို့ လူ မရှိသေးပါဘူး။ ပြင်ပက လူကိုစဉ်း စားမှာလား၊ အနုပညာ လောကထဲ ကလူကို စဉ်းစားမှာ လားဆိုတော့ အဲ ဒါကတော့ တသမတ်ထဲ ပြောလို့ မရဘူး။ မိုးယု ဖြစ်ချင်တာ အပြင်က ရိုးရိုး သားနဲ့ ကြိုးစားတဲ့ သူပဲဖြစ်ချင် ပါတယ်။
ဒရာမာတွေ ရိုက်တဲ့အခါ မျက်ရည် အတုသုံး ရလား ဆိုတော့ မိုးယု မညာပါဘူး။ မျက်ရည်အတု သုံးရတဲ့ အခါ ရှိပါတယ်။ မိုးယုရဲ့ ခန္ဓာကိုယ်က ပုရိသ တွေအပြင်၊ မိန်းမ အချင်းချင်းတောင် နှစ်သက် ကြတဲ့ ခန္ဓာကိုယ်ဖြစ်တဲ့ အတွက် ကိုယ့်ခန္ဓာကိုယ် အလှနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိတာမျိုး ဖြစ်ဖူးလား ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိ တာတော့ မဖြစ်မိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်လည်း မကြီးပါဘူး။ ကြိုက် ကြတယ်ဆိုတော့ ဝမ်းသာ ပါတယ်။
yoyarlay.
ထိုင်းစစ်သား တစ်ဦးထံမှ လက်ပြောင်း ရယူခဲ့သော မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိ
မေ ၂၁ ရက် နံနက် ၁ဝ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီး နယ်စပ်
ကုန် သွယ်ရေး စခန်းသို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီ
မြို့နယ်ခွဲ ဒန်တက် တထို ကျေး ရွာနေ မစ္စတာ တာဟူး ၅၇ နှစ်နှင့် ဇနီးဖြစ်သူ
မစ္စချန် ၄၁ နှစ်တို့ နှစ်ဦးသည် ထီးခီး စစ်ဆေးရေးဂိတ် အ နီး ၌
မြန်မာငွေနှင့် ထိုင်းဘတ် ငွေလဲလှယ်ရန် ဆောင်ရွက် နေစဉ် မသင်္ကာ သဖြင့်
ထီးခီး ကုန် သွယ်ေ ရး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ရာ မစ္စတာ
တာဟူးနှင့် အတူ ပါလာသော အညိုရောင် ချည် ထည်ဖြင့် ရက်လုပ် ထားသည့်
ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁ဝဝဝ ကျပ်တန် ၁ဝဝ ရွက်၊ ၅ဝဝဝ
ကျပ်တန် ၁၉၄ ရွက်တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက် အရ ၎င်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံမှ ထီးခီး နယ်စပ် ကုန်သွယ်ရေး
စခန်းသို့ ကုန် အရောင်း အ ဝယ် ကိစ္စလေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း၊
၎င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက် တထို ကျေးရွာ
အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ်တွင် နေ ထိုင်သော
အချိုင် ဆိုသူ ထံသို့ ထိုင်း စစ်သား အစင် ဆိုသူက ယင်း မြန်မာငွေ စက္ကူ အတု
များအား ပေး အပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ
ထိုင်းနိုင်ငံ ဗန်ကောက်တွင် နေထိုင်လျက် ရှိကြောင်း၊ အဆိုပါ ငွေစက္ကူ အတု
များကို အချိုင်မှ ထိုင်းဘတ်ငွေဖြင့် လဲလှယ် ပေးရန် ၎င်းတို့အား ပေး အပ် ခဲ့
ခြင်း ဖြစ်ကြောင်း သိရှိရပြီး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ
မစ္စတာ တာဟူး ၅၇ နှစ်နှင့် မစ္စချန် ၄၁ နှစ်တို့ နှစ်ဦးအား
ထားဝယ်မြို့မရဲစခန်း(ပ) ၁၈၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၄၈၉ (က) (ခ) (ဂ)ဖြင့်
အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။
မြ၀တီ
နွားနင်းမိသော မိုင်းကြောင့် မန်ကွန်တိုက် ရွာသားများ ထွက်ပြေးရ
ကော့လီ
RCSS/SSA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မာ့တာ ကနေ မန်ကွန်တိုက် ကိုသွားတဲ့ လမ်းဘေးက စိုက်ပျိုးရေးခြံ တစ်ခြံထဲမှာ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ နွားတစ်ကောင်က နင်းမိတဲ့ မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကျေးရွာလူထု အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
အဲဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ထော်လာရဂျီ တစ်စီးက အဲဒီလမ်းကို ဝင်အလာမှာ လမ်းဘေးက နွားတစ်ကောင်က ထော်လာဂျီ အသံကိုလန့်ပြီး ခြံထဲကို ဝင်အပြေးမှာ မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မိုင်းနင်းမိတဲ့နွားကတော့ ဒဏ်ရာပေါင်းများစွာနဲ့ သေသွားတယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် မန်ကွန်တိုက်ကျေးရွာလူထုက တိုက်ပွဲဖြစ်တယ် အထင်နဲ့ ပစ္စည်းများကို ထော်လာဂျီ၊ ဆိုင်ကယ်တွေပေါ် တင်ဆောင်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်သွားကြရတယ်လို့ သိရပါတယ်။
မန်ကွန်တိုက် ကျေးရွာ လူကြီးတွေက ပေါက်ကွဲသံကြားရာကို သွားစစ်ဆေးကြည့်တဲ့အခါမှ နွားကြောင့် နင်းမိုင်းကွဲတာကို သိရှိရတဲ့အတွက် တိမ်းရှောင်သူများက မိမိတို့အိမ် မိမိပြန်လာရဲကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီခြံထဲမှာပဲ ထောင်ထားတဲ့ မိုင်းနှစ်လုံး ထပ်မံတွေ့ရှိရလို့ အစိုးရတပ် တာဝန်ရှိသူတွေထံ အပ်နှံလိုက်တယ်လို့ သိရပါတယ်။
မိုင်းကွဲတဲ့အချိန်ဟာ နမ့်ခမ်းမြို့နယ် မှာရှိတဲ့ ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီစလုံးက မြို့နယ်ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ စိုင်းလိန်မြတ် (SNLD)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်း (SNDP) တို့ နှစ်ယောက်စလုံးက ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ဆွေးနွေးနိုင်ရန်အတွက် အဆိုပါ မန်ကွန်တိုက်ကို ရောက်ရှိနေကြချိန်လည်း ဖြစ်ပါတယ်။

ဗြိတိန်မှာ လေယာဉ်တစင်းကို အရေးပေါ်ဆင်းခိုင်း
» ဗြိတိန်မှာ လေယာဉ်တစင်းကို အရေးပေါ်ဆင်းခိုင်း
ဗြိတိန်နိုင်ငံ မန်ချက်စတာ လေဆိပ်ကို ဦးတည် ပျံသန်း လာတဲ့ ခရီးသည်တင်
လေယာဉ် တစင်းကို ဗြိတိသျှ လေတပ်က Typhoon တိုက်လေယာဉ် တွေကို စေလွှတ် ကာ
စောင့်ကြပ်စေပြီး မြေပြင်ပေါ်ကို ဆင်းသက် စေခဲ့တယ်လို့ ဗြိတိသျှ ကာကွယ်ရေး
ဝန်ကြီး ဌာနက ပြောပါတယ်။ ပါကစ္စတန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ
ပါကစ္စတန် နိုင်ငံ လာဟိုး မြို့ကနေ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သစ်ထူးလွင်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ