This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, November 7, 2013

သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန် ..........................


Wednesday, November 6, 2013

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေး ရာတွင် သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ဒသမ ၅၅၄ နှင့် ရွှေစင် ၈၂၁ ပိဿကျော်ဖြင့် အများဆုံး ပေးသွင်းရန် ကျန်ရှိနေကြောင်း နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေငှသော ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွက် ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခု၊ စည်ပင်သာယာရေး ကော်မတီ/အဖွဲ့ အစည်းများမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိနေသည်။

ယင်းသို့ပေးဆပ်ရန်ကျန်ရှိရာတွင် မွေး/ရေ၀န်ကြီးဌာနက ကျပ် ၂၉၆ ဒသမ ၉၆၆ သန်းဖြင့် ဒုတိယအများဆုံး၊ ပညာရေးဝန်ကြီးဌာနက ၁၄၄ ဒသမ ၉၄၂ သန်း၊ လယ်ဆည်ဝန်ကြီးဌာနမှ ၉၀ ဒသမ ၄၁၀ သန်း၊ စက်မှုဝန်ကြီးဌာန မှ ၂၈ ဒသမ ၈၂၅ သန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၁၁ ဒသမ ၉၉၄ သန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၇ ဒသမ ၃၀၈ သန်း အသီးသီးကျန်ရှိနေသည်။

ရွှေကြွေးကျန်များမှာ ရွှေတူးဖော်ရေးလုပ်ငန်းများမှ အကြောင်းကြောင်းကြောင့် ပေးသွင်းရန်ကျန်ရှိနေသော ရွှေ များဖြစ်ပြီး ၎င်းရွှေများကို အကြွေးလျော်ပေးရန် သြဂုတ်လအတွင်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့ပြီး ၀န်ကြီးဌာနက ကြွေးလျော်ပေးရန် အစီအစဉ်မရှိဟု ပြန်လည်ဖြေကြားထားသည်။

Written by  သီဟကိုကို
Mizzima - News in Burmese

Thit Htoo Lwin - News





ကချင်ပြည်နယ် ရွှေတူးဖော်ရေးလုပ်ငန်း

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို...................


မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။ “ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။ ---

Wednesday, November 6, 2013

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။

“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။

ဓါတ်အားတစ်ယူနစ်ဆိုသည်မှာ ၁၀၀၀ ၀ပ်ရှိကာအင်အားရှိလျှပ်စစ်ပစ္စည်းအား တစ်နာရီကြာသုံးစွဲနိုင် ကြောင်း၊အခြေခ့လူတန်းစားများအတွက် တစ်လယူနစ် ၁၀၀ သက်မှတ်မည်ဆိုပါက တစ်ရက်လျှင် ၃ဒသမ၃ ယူနစ်ဖြစ်ပြီး လေးပေမီးချောင်း ၄ ချောင်း၊တီဗီတစ်လုံး၊ ပန်ကာနှစ်လုံးကို ခြောက်နာရီကြာအသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများကိုမထိခိုက်ကြောင်း ဦးအောင်ခိုင်ကပြောကြားသည်။

အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားကိုအရှုံးခံကာ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပုဂလိကလုပ် ငန်းရှင်များဝင်ရောက်လာနိုင်မည်မဟုတ်ကြောင်း၊ယခုပြင်ဆင်လိုက်သော နှုန်းထားသည် အခြေခံလူတန်းစား များကို များစွာထိခိုက်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်သန်းရှင်တစ်ဦးကပြောကြားသည်။

လတ်တလော လျှပ်စစ်ဓါတ်အားခများတိုးမြင့်ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့တွင် အဖွဲ့ အစည်း အချို့ နှင့်ပြည်သူ အချို့က ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစီစဉ်နေခြင်းဖြစ်သည်။

ရေးသားသူ-နီတိုး
People power

Thit Htoo Lwin - News




မီတာခ ၂ ဆ ဖြစ်ရင် အအေးခန်းစက်ရုံများ ပိတ်ပစ်ရတော့မည်...................



အခု နိုဝင်ဘာလဆန်းကစပြီး ယူနစ် ၅၀၀၀ အထက်သုံးတဲ့ စက်ရုံနဲ့ အလုပ်ရုံတွေရဲ့ မီတာခတွေကို ၂ ဆ မြှင့်လိုက်တာကြောင့် အအေးခန်းစက်ရုံတွေ ပိတ်ပစ်ရတော့မယ်လို့ ရေလုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

သူ အအေးခန်းစက်ရုံဆိုရင် နဂိုက ၁ လ မီတာခ ကျပ် သိန်း ၄၀ လောက်ကျပြီး အခုဆိုရင် ကျပ် သိန်း ၈၀ ကျသင့်တော့မယ်လို့ သူက ရှင်းပြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က လုပ်တဲ့ ငါးလုပ်ငန်းအသင်း ရုံးချုပ် ပုံမှန် အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး စက်ရုံတွေ ပိတ်ရရင် အလုပ်သမားတွေလည်း အလုပ်ပြုတ်ပြီး ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကတော့ နဂို လုပ်ငန်း သုံး မီတာ ၁ ယူနစ် ၇၅ ကျပ်ကနေ အခု ကျပ် ၁၅၀ သတ်မှတ်လိုက်လို့ မီတာခ ၂ ဆ တိုးတာကို ရန်ကုန်မှာ လုပ်ငန်းရှင် ၄ ထောင်လောက်ကပဲ ကြုံရမှာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

by ဒီဗွီဘီ

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား ....................

လင်းသန့်

မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။

“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။

ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။

အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က ပြောသည်။

“လက်တဘက် ပျောက်တာကို သိလိုက်တဲ့ သူက မပြောဘဲနဲ့ ထားလိုက်တာ၊ နောက်တနေ့ ၂၈ ရက်နေ့ မနက်ကျမှ သွားပြောတာ၊ လက်တဘက် ပျောက်သွားတဲ့ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တခုလုံး ဘယ်အချိန် ပျောက်လို့ ပျောက်မှန်း မသိဘူး”ဟု သူက ဆိုသည်။

ယခုကဲ့သို့ ဆရာတော်ကြီး၏ ရုပ်ကလပ် ပျောက်ဆုံးသွား၍ ရဲစခန်းတွင် ဂေါပက အဖွဲ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မင်းဘူး ရဲစခန်းက အတည်ပြုဖြေကြားခဲ့သော်လည်း မည်သို့ ပျောက်ဆုံး သွားရ သည်ဆိုသည်ကို မသိရှိကြောင်း တာဝန်ကျ ဒု ရဲအုပ် ဇော်ကြီးက ဧရာဝတီကို ပြောသည်။

“ကျနော်က အခုမှ ပြောင်းလာတာဆိုတော့ ဘယ်လို ပျောက်ဆုံးသွားတယ် ဆိုတာတော့ ကျနော် မသိပါဘူး”ဟု သူက ဆို သည်။

ဆရာတော် သက်ရှိထင်ရှားရှိစဉ် ကျေးရွာသူ၊ ရွာသားများက ဆရာတော်၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြကြောင်း၊ ဆရာတော်သည် စည်းကမ်းကြီးသူဖြစ်ပြီး အနီးတ၀ိုက် ဒေသများကလည်း အလွန်ရိုသေလေးစား ကြည်ညိုကြကြောင်း သိရသည်။

“ကျနော်တို့မှာ ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်းပေါ့ဗျာ။ ဘယ်လိုမှ ပြန်မရတဲ့ ဆုံးရှုံးမှုမျိုး။ ဒီက ရွာသူ ရွာသားတွေက အကုန် ၀မ်းနည်း နေကြတာပေါ့ဗျာ”ဟု ဦးဝင်းသူက ပြောဆိုသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို မသမာသူ လောဘသားတချို့က ခိုးယူသွားသည်ဟု သံသယရှိကြောင်းလည်း သူက ဆက် ပြော သည်။

“ကျနော်တို့ကတော့ သူခိုး ခိုးတယ်လို့ပဲ ယူဆတယ်။ တချို့ လောကီသမားတွေက လောကီ အစီအမံတွေပေါ့၊ ကာယ သိဒ္ဓိ၊ ပီယ သိဒ္ဓိ တို့ ဘာတို့အတွက်များ ခိုးသွားသလားပေါ့။ ဒါမျိုးတွေကို တချို့ အခုအထိ ယုံကြည်နေကြသေးတာ”ဟု ဦးဝင်းသူ က ဆိုသည်။

ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးမှုသတင်းသည် ယခုအခါ မကွေးတိုင်း၊ မင်းဘူးနယ်တခွင်သာမက ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစား ဖြစ်ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပျံလွန်တော်မူသွားသည်တိုင် မပုပ်မသိုးဘဲရှိသည့် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော် များစွာရှိရာ အထင်ရှားဆုံးတွင် မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော် ဦက၀ိ ၏ ရုပ်ကလာပ် အပါအ၀င် ဖြစ်သည်။

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ ......................



တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက်လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်းကို အကြီးကောင်ကို ပြောလိုက်တယ်။

နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေးတယောက် အပြင် ထွက်လာတယ်။
“အစ်ကို သူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့
ကိုအကြီးကောင်က ကိုကိုအောင်ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည်အသစ်၊ ဒီကို တခါမှလာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။
အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်
ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ကြတယ်။
ခြူးခြူးဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းနားက ရပ်ကွက်ထဲမှာ နေတဲ့သူပါ။ သူ့မှာ အိမ် ထောင်ရှိပေမယ့် သူအခုလို လိင်အလုပ်သမ ဘ၀ ရောက်နေတာကို သူ့ခင်ပွန်းက လုံးဝ မသိတဲ့အကြောင်း၊ သူက ဒီလုပ်ငန်းက ၀င်တဲ့ ၀င်ငွေကို ဧရာဝတီတိုင်းမှာ နေတဲ့ သူ့မိဘတွေဆီ ပိုက်ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။
သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာက အထည်ချုပ် စက်ရုံတရုံမှာ အလုပ်စလုပ်ခဲ့တာ ၈ လ ကျော်လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတခုမှ အလုပ်လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တကယ့် တကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။
“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့သူက ကျမ လုပ်တာကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ယူဖို့ ဖြစ်လာရာကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင်သာယာမှာ အလုပ်လုပ်နေတုန်းပဲ။ သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန်ကျမှ ကျမက ဒီကလပ်ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့အလုပ်နဲ့က ကျမတို့ရွာက မိသားစုကို ဘယ်လိုလုပ် ပြန် ထောက်ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူးက ဆိုတယ်။
ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီးအတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ်ဆိုရင် ကလပ်က လုံးဝကို မဖွင့်တာ၊ သူ့အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကိုလာကြရတဲ့ လိင်အလုပ်သမတွေ အတွက်က လမ်းဘေးလိင်အလုပ်သမ တွေထက် ပိုလုံခြုံတယ်လို့ သူက ဆက်ပြောတယ်။
မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမ၀င် အနှိပ်ခန်းတွေ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပါးချင်တဲ့ သူတချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။
“ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေးတချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တကယ်လို့ ခေါ်ချင်တယ်ဆိုရင် ကျနော့် တက္ကစီနဲ့ ဘယ်ဟိုတယ် ဆိုတာနဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ ပို့ပေးတာကို မကြိုက်သေးဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။
နောက်တယောက် ထပ်ခေါ်သွားတယ်။ ကျနော်က ခေါင်းတွေလိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ်ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း ကိုကိုမြက ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် လိင်အလုပ်သမ အတော်များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေလမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်းခံရတာမျိုး အထိ ရှိကြောင်း တာမွေလမ်းဆုံမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့်က ဆိုပါတယ်။
သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့အပြင် တခါတခါ တာမွေလမ်းဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေအတွက် လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့အကြောင်း သိရပါတယ်။
“တခါက ကျမကို ဖောက်သည် တယောက်က တာမွေပလာဇာက တည်းခိုခန်းကို ခေါ်သွားပြီး အခန်းထဲရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမက မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲတိုင်မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေလမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။ ကျမတို့နေရာက လိင်အလုပ်သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာဆိုတော့ ဘာမှမဖြစ်ဘူး” လို့ မဆင့်ဆင့်က ဆိုတယ်။
အခုလို လိင်အလုပ်သမတွေအပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေနဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတဦးအတွက် တလကို အမှုဘယ်လောက် ရအောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း အခုလို အလွယ်တကူ ဖမ်းဆီးလို့ရတဲ့ လိင်အလုပ်သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ လိင်အလုပ်သမ တွေကို ကူ ညီစောင့်ရှောက်မှုပြုလုပ်နေတဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလို အချိန်မျိုးတွေမှာ လိင်အလုပ်သမတွေကို စီမံချက်နဲ့ အများအပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း လိင်အလုပ်သမတွေ အပေါ် ဥပဒေကို အကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။
“တချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တပြားမှ ပေးမှာမဟုတ်ဘူး၊ တခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကားမှုတွေလည်း ရှိတယ်။ နယ်ဘက်မှာဆို ပိုဆိုးတယ်။ လိင် ပျော်ပါးဖို့ ခေါ်သွားတာက တဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦးက ၀ိုင်း အနိုင်ကျင့်တာ။ လိင်အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန်အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။
ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လိင်အလုပ်သမ မချိုချိုကတော့ လိင်လုပ်ငန်းအပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိဘ၀ ရပ်တည်ရေးနှင့် မိသားစု အရေးများကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေများကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း မိမိ အဆက်အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြောပါတယ်။
အရင်က စားသောက်ဆိုင် ကြီးကြီးတခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင်တာ ဖြစ်ကြောင်း၊ သူကိုယ်တိုင် တလကို ၀င်ငွေ ၁၀ သိန်းနီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။
ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ လိင်လုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။
အသက် ၄၀ ကျော် အရွယ်ရောက်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ၀င်လာခဲ့ကြတဲ့သူတွေ အများစုက ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများရတဲ့အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။
“မူးလာတဲ့သူ တချို့ဆိုရင် ကွန်ဒုံးမသုံးဘူး။ ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတက်နိုင်ဘူး။ တချို့ဆို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တက်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့က ပိုက်ဆံ ပေးနိုင်တဲ့သူတွေ ဘယ်လိုလုပ် ခေါ်မလဲ” လို့ သူက ဆိုတယ်။
မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည်တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေမှုက များပြား လာခဲ့ပါတယ်။
တချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တချို့ကတော့ လိင်ဖျော်ဖြေရေး သက်သက်သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက မကြာခဏ နေရာပြောင်းပြီး လုပ်ငန်းကို အဖမ်း မခံရအောင် ရှောင်တိမ်းလာတာ တွေ့ရတယ်လို့ လိင်ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင်က ဧရာဝတီကို ပြောပြတယ်။
“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တခါနေရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ လိင်ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီက ကောင်မလေးတွေက ကွန်ဒုံးမပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။
အနှိပ်ခန်းမှာ အလုပ်လုပ်နေကြသူ တချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ်ရုံတွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေက မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။
ဧရာဝတီက မေးမြန်းခဲ့သမျှ အနှိပ်ခန်း လုပ်ကိုင် နေကြသူတွေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းက ရရှိတဲ့ ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစုကတော့ အခုလို ပေါပေါများများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာလိုခြင်း မရှိတာလို့ သိရပါတယ်။
ဒါပေမယ့် သူတို့တော်တော်များများက ပုံမှန်ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့မရှိကြသလို၊ အနှိပ်ခန်း တခုမှာလည်း အချိန်ကြာကြာ လုပ်လေ့မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်းတခုမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန်က ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။ အဲဒီလို တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ၀. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။ အဲဒီလို ငွေကြေးတိုက်ရိုက်ယူတဲ့ လိင်အလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။
အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ်တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့မရတဲ့ အနေအထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။
တချို့ အနှိပ်ခန်းက လိင်အလုပ်သမ တွေဟာ အနှိပ်ခန်းတခုကနေ နောက်တခုကို ပြောင်းလုပ်မှ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။
“ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုးထုတ်ပြီး ဒီဆိုင်က အနှိပ်သီးသန့်ပဲ လုပ်သလိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတိုင်းက လိင်ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။ အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွားလာရှာတာ ဆိုတော့ ဒီလိုနေရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။
လိင်အလုပ်သမ တွေဟာ အများသောအားဖြင့် မိသားစုတွေကို ဦးဆောင်ဦးရွက် ပြုနေရတဲ့သူတွေ အများစုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြတယ်လို့ သူက ဆက်ပြောတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ်ဆိုရင် အဲဒီလူအပေါ် ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် လိင်အလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
“တကယ်တော့ လိင်အလုပ်သမတွေ တော်တော်များများက မိသားစုတွေကို တာဝန်ယူချင်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတယောက်တည်းပဲ အနာခံလိုက်မယ်၊ သူ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘ၀ထဲမှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

မှတ်ချက်။     ။ လိင်အလုပ်သတွေရဲ့ နာမည်တွေကို သူတို့ရဲ့ ဆန္ဒအရ ပြောင်းလဲ ဖော်ပြ ထားပါတယ်။

 မူရင်း လင့် http://burma.irrawaddy.org/article/2013/11/06/50572.html

မော်လမြိုင် သုံးဘီးကား .....................

Wednesday, November 6, 2013



သုံးဘီးတွေဟာ ကား မဟုတ်ဘူး၊ ဘာကြောင့်လဲ။
အဖြေက ရှုပ်ပါတယ် - လေးဘီးမဟုတ်လို့ပေါ့။

အခုခေတ် အသက် ၃၀ အောက်တွေက သုံးဘီးကားရောင် ဆိုတဲ့ အသုံးအနှုန်းကို သုံးကြသေးရဲ့လား။
သုံးဘီးကားရောင် ဆိုတာ လိမ္မော်ရောင်တမျိုးကို ခေါ်တာပါ။ ကားအရောင်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ စကားလုံးဖြစ်ဖွယ်ရှိပါတယ်။  

 


သုံးဘီးကားတွေဟာ တချိန်က ရန်ကုန်မှာပဲ အလုံးအရင်းနဲ့ရှိခဲ့တာပါ။
နယ်နှင်ခံရပြီးနောက်ပိုင်းမှာမှ တခြားသောမြို့ကြီးများကို ရောက်သွားပါတော့တယ်။

ကားလို့ အသိအမှတ်မပြုတာဟာ ဘီး လေးလုံး တပ်မထားလို့လား၊ သူ့ရဲ့အင်ဂျင်က ကားအင်ဂျင် မဟုတ်လို့လား။

ကား လို့ အသိအမှတ်ပြုခံရရေးဟာ ဒီကနေ့အချိန်မှာ သုံးဘီး ပိုင်ရှင်တို့အတွက် အရေးကြီးပါတယ်။
ယာဉ်အိုယာဉ်ဟောင်းတွေအပ်နှံရင် ယာဉ်သစ်တစီး ဈေးသက်သာစွာနဲ့ဝယ်ခွင့်ရတဲ့ကာလ မဟုတ်လား။ ဒါကြောင့် နံပတ်မှာ ဟ အက္ခရာပါတဲ့  သုံးဘီးကို ကား ဖြစ်စေလိုကြတာပါ။

အခုတော့ ဟ  အက္ခရာကို ကျော်ပြီး တခြားကားတွေကိုပဲ ကားသင်္ချိုင်းက လက်ခံနေတာပါ။
ဒါကြောင့် သုံးဘီးကားတွေ လမ်းပေါ်မှာ ချာချာလည်နေရဦးမှာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်း မော်လမြိုင်ကို ရောက်တော့ သုံးဘီးတွေကို တွေ့ခဲ့ရပါတယ်။ အင်ဂျင်သံကတော့ တကယ့်ကို ဆူဆူညံညံပါပဲ။ ခရီးသည် ၄ ယောက် လို့ ရေးထားသော်ငြား တကယ် တင်တော့ ၆ ယောက်လည်း ဆံ့တာပါပဲ၊ တင်တာပါပဲ။

မြို့လယ်ကနေ မြို့အထွက် တံတားထိပ်ကို ၁၅၀၀ ပေးရပါတယ်။ 

 

ခေတ်ဟောင်းသုံးဘီးထက် ပိုအဆင့်မြင့်တယ်လို့ ယူဆလိုက ယူဆနိုင်တဲ့ နောက်ပေါ် သုံးဘီး

မော်လမြိုင်မှာ မူလလက်ဟောင်းသုံးဘီးတွေရဲ့ ပြိုင်ဘက်ကတော့ ထိုင်းကသွင်းလာတဲ့ ဆမ်မလော့တွေပါပဲ။
 ဆမ်မလော့ ဆိုတာ ထိုင်းစကားပါ၊ မြန်မာလိုတော့ သုံးဘီးပေါ့။

ထိုင်းသုံးဘီးတွေဟာ ဆိုင်ကယ်ကို နောက်တွဲတပ်ပြီးဆင်ထားတာပါပဲ။ နယ်စပ်မြို့တွေမှာ တွေ့ရမှာပါ။ စက်တွေကို ထိုင်းကနေ သွင်းတယ်၊ ပြည်တွင်းမှာ သုံးဘီးဖြစ်အောင် ဆင်တယ်လို့ ဆိုပါတယ်။

ထိုင်းသုံးဘီးရဲ့ အားသာချက်က ပစ္စည်း များများဆံ့တာပါပဲ။ ဆွဲအားလည်း ပိုကောင်း၊ ဝယ်ဈေးလည်း ပိုများဖွယ် ရှိပါတယ်။

မီးခိုး အလွန်အကျွံ ထွက်ခြင်းကို  သည်းမခံကြတဲ့ခေတ်ရောက်ရင်တော့ မူလလက်ဟောင်း သုံးဘီးတွေ သံရေကြိုစက် ရောက်ကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မော်လမြိုင်က သုံးဘီး ရှေ့ခန်း နဲ့ သုံးဘီးဆရာကို နောက်ကျောဘက်က မြင်ရပုံ

အခုချိန်မှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ လေထု သန့်ရှင်းမှုကို ဦးစားမပေးနိုင်ကြသေးတဲ့အတွက် မူလလက်ဟောင်း သုံးဘီးတွေ မော်လမြိုင်မှာ ပန်းပန်လျက် ရှိတာ တွေ့ခဲ့ရပါတယ်။



.

မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို ရုံးတင်...........................




မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ဆက်ဆံမှုတွေ အပေါ် မကျေနပ်လို့ လက်စားချေတဲ့ အနေနဲ့ အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်သူ တစ်ယောက်ကို အကြမ်းဖက်မှု စွဲချက်နဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

သူကတော့အသက် ၂၉ နှစ် အရွယ် Separiano ဆိုသူ ဖြစ်ပါတယ်။ နောက်ထပ် လူ ၄ ယောက်ကိုလည်း နောက်ပိုင်းမှာ ရုံးတင် စစ်ဆေးဖို့ ရှိပါတယ်။

အိမ်လုပ် ဗုံးတွေနဲ့ ဖောက်ခွဲဖို့ ကြံစည်ခဲ့ကြောင်း အပြစ် ထင်ရှားရင် တော့ သူဟာ သေဒဏ် ကျခံရဖွယ် ရှိပါတယ်။

ဖောက်ခွဲဖို့ စီစဉ်ထားတဲ့ ရက် မတိုင်ခင် တစ်ရက်က မသင်္ကာသူတွေထဲက နှစ်ယောက်က မော်တော်ဆိုင်ကယ်နဲ့ သွားလာစဉ် လမ်းမှာ တားဆီးပြီး စစ်ဆေး ခဲ့ရာမှာ ကျောပိုးအိတ်ထဲ ထည့်ယူလာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)