This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 27, 2012

english စာသင်တန်းတတ်လိုသူများအတွက်

S.I. E.S.C English Four Skills Class
(သင်တန်းတတ်ေ၇ာက်လိုသူများအတွက်)

S.I.E.S.C Class တွင် Speaking တတ်ေ၇ာက်လိုသော ကျောင်းသား/သူများ သည် (၁၀)တန်း ၁ခါဖြေပြီးသူများနှင်.
အထက် ဘွဲ.၇ သည်အထိ ကျောင်းသား/သူများကိုသာ လက်ခံသည် ။ (၁၀)တန်း ပညာမရှိသောသူများအတွက် အခြား
သော class တွင် အခြေခံ သင်ယူထားဖူးရမည်။ သင်တန်းချိန်တွင် မြန်မာ စကားပြောခွင်.မရှိ ၊ မြန်မာ စကားပြောသော
ကျောင်းသား/သူများ ကျောင်းထုတ်ခံ၇မည်။ လူမျိုး ၊ ဘာသာမရွေး သင်ယူနိုင်သည်။ သင်တန်းကာလမှာ (၃) လ ဖြစ်ပြီး
(၃)လပြည်.သော ကျောင်းသားတိုင်းအတွက် တစ်ပတ်လျှင် (၂)ရက်သော်လည်းကောင်း၊ (၃) ရက်သော်လည်းကောင်း၊
နေ.စဉ်သော်လည်းကောင်း Practise or Train လာရာက်လေ.ကျင်.နိုင်သည်။ မိမိ အားလပ်ချိန်များတွင် အမြဲလာနိုင်
သည်။ စာသင်ခပေးစရာမလိုဘဲ စာသင်ခန်းအတွက် တစ်လလျှင် တစ်ထောင်နှုန်းဖြင်. (၁၂) လအတွက် (၁၂၀၀၀) ကျပ်
၊သင်တန်းကိုင်မှတ်စုအတွက် (၁၀၀၀)ကျပ် ၊ ကျောင်းသားကဒ်အတွက် (၁၀၀၀)ကျပ်၊ စုစုပေါင်း (၁၄၀၀၀)ကျပ်သာ ပေး
သွင်းရမည်။ (၁)လက်မခွဲ ပတ်စပို.ဒ် ပုံ (၃)ပုံကို ကျောဘက်တွင် အဖအမည်နှင်. မိမိ အမည်ေ၇းသားထားရမည်။
ကျောင်းသား/သူတို.တွင် လိုအပ်သော Grammer , Used, စာဖတ်နည်း၊ စာရေးနည်း၊ အဓိပါယ် ကောက်နည်း၊
အဓိပါယ် ပြန်နည်း စသည်တို.ကို ထိုက်သင်.သလိုပို.ချသွားမည်။
အထူးသဖြင်. နိုင်ငံခြားသွားလိုသောသူများ အတွက် အထူးသင်ကြားပေးသည်။
အမှန်တကယ် တတ်ချင်သော ကျောင်းသား၊
ကျောင်းသူများကိုသာ ဖိတ်ခေါ်ပါသည်။
စာသင်မည်.အချိန်ဇယား
နေ.လည်-- -- ၁၂း၃၀မှ ၄း၀၀နာရီ စနေနေ.မှ ကြာသာပတေးနေ.အထိ
ညနေ----------၅း၃၀မှ ၈း၀၀နာရီ စနေနေ.မှ ကြာသာပတေးနေ.အထိ
သစ္စာစံအိမ် တိုက်အမှတ် ၄၉(က)၊ ၇လွာ B၊ သမိုင်းဘူတာရုံလမ်း ၊ (၂)၇ပ်ကွက် ၊ မ၇မ်းကုန်းမြို.နယ်၊ ရန်ကုန်မြို.။
လမ်းညွန်--ဥိးဘဟန်နှင်. ကျောင်းရှေ.မှတ်တိုင် (သမိုင်းလမ်းဆုံ အနီး)
ဖုန်း----0943056414

မကြာခင် ရောင်းချပေးမည့် WCDMA(3G)ဖုန်းမှာ ဂျီအက်စ်အမ် စနစ်ဖြစ်ပြီး စီဒီအမ်အေဖုန်းဟု အထင်မှားသူများရှိနေ



မကြာခင်ရောင်းချပေးမည့် WCDMA(3G) ဖုန်းမှာ ဂျီအက်စ် အမ်စနစ်သာဖြစ်ပြီး သုံးစွဲသူအချို့ မှာ စီဒီအမ်အေ ဖုန်းဟု ထင်နေသူများလည်း ရှိနေကြောင်း သိရသည်။
“ WCDMA ကို စီဒီအမ်အေ ဖုန်းလိုလို အထင်မှားကြတာတွေ ရှိပါတယ်။ WCDMA က ဂျီအက်စ် အမ်ဖုန်းပါပဲ။ ဂျီအက်စ်အမ်မှာ သူ့ မျိုးဆက်အလိုက် တိုးတက်လာခဲ့ပြီး 1 G တုန်းကဆိုရင် Analog စနစ်ပဲ ရှိသေးတယ်။ 2G မှာ Digital ဖြစ်လာပြီး Data Service က ပါတယ် ဆိုရုံလေးပဲ။ ဥပမာ- SMS တို့ Message တို့ ပို့လာနိုင်တာမျိုးပေါ့။ 2G ကိုထပ်မြှင့်တော့ 3G မဖြစ်ခင် မှာ 2.5, 2.75 ဆိုပြီး ဖြစ်လာတယ်။ အရင် Circuit Switched Data Transport အစား Package Data Transport စနစ်ဖြစ်လာတယ်။ Data Service ပိုင်းမှာ ပိုကောင်းလာတာပေါ့။ ဒီလိုပဲ 3G ဖြစ်လာတဲ့အခါ Data Speed တွေ ပိုမြန်၊ ပိုကောင်း လာတယ်။ ဥပမာပြောရရင် EDGE က လမ်းကောင်းရင် မြန်မြန်မောင်းနိုင်သလိုဖြစ်ပြီး UMTS ကျတော့ လမ်းကောင်းတဲ့အပြင် ပိုကျယ်လာလို့ မြန်မြန်မောင်း နိုင်သလိုမျိုးပေါ့။ 2G ရဲ့ Frequency က 850,900,1800, 1900 လေးမျိုးရှိပြီး ဒီက ဂျီအက်စ်အမ်က 900 MHz ဖြစ်ပါတယ်။ 3G မှာတော့ 1800, 1900, 2100 ဆို ပြီးရှိပါတယ်”ဟု MTDC မိုဘိုင်းဖုန်းဆိုင်ရာ သင်တန်းကျောင်းမှ ကိုစိုးမင်းထွန်းက ပြောကြားခဲ့သည်။
“အရင် ၁၅ သိန်းဂျီအက်စ်အမ် ဖုန်းတွေတုန်းက ၀၉၅၅ နဲ့စတာတွေ က WCDMA ဖုန်းတွေပါ။ WCDMA ရဲ့ Service တွေမရလို့ သုံးရတာ ဘာမှလည်း သိပ်ပိုမထူးပါဘူး။ အဲဒီဖုန်းဝယ်တုန်းက ဈေးနှုန်းဆိုရင် သိန်း ၂၀ ကျော်တယ်။ Downtown ထဲရောက်ရင် ကွန်ရက် က 3G တက်ပြီး တခြားမြို့နယ်တွေ ရောက်ရင် 2G ဖြစ်သွားတာပဲ” ဟု ၀၉၅၅ နံပါတ်ဖြင့် စသော WCDMA ဖုန်းသုံးစွဲသူတစ်ဦးက ပြောပြသည်။
ကမ္ဘာပေါ်တွင် GSM/UMTS သုံးစွဲသော နိုင်ငံပေါင်း ၂၁၈ နိုင်ငံရှိ ပြီး လုပ်ငန်းဆောင်ရွက်နေသော အော်ပရေတာ အရေအတွက်မှာ ၈၀၀ ကျော်ခန့် ရှိကြောင်း၊ ဂျီအက်စ်အမ်သုံးစွဲမှု တိုးတက်နှုန်းမှာ တစ်လလျှင်သန်း ၄၀ ခန့်ရှိပြီးလိုင်းအင်အားမှာ သန်း ၅၀၀၀ နီးပါးရှိကြောင်း သိရသည်။
WCDMA (3G) ဖုန်းများကို ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့များမှအပ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဂျီအက်စ်အမ်ဖုန်းကို ကျပ်နှစ်သိန်း၊ WCDMA(3G) ဖုန်းကို ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းချမည်ဟု သိရသည်။

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/forum/topics/wcdma-3g#ixzz1qKWnlc2Y