This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, January 20, 2013

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်



Photo: ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်


ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်


သာလွန်ဇောင်းထက်

သမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလို ကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့် ပွဲ အ ခမ်းအနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကိုရပ်ဆိုင်းရန်၎င်းအနေဖြင့်အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေ အိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင် ရွက် ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။

“အလျဉ်းသင့်လို့ ကေအိုင်အေအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင် ရွက်မှာဖြစ်ပါတယ်။ ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထား ပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ် လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင် ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျနော်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါ တယ်။ တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေး ထားဖို့လိုအပ်ပါတယ်” ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။

အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ် မည် ဟု ဦးသိန်းစိန်က ဆိုသည်။

“ကေအိုင်အိုကလွဲပြီး ကျန်တဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political dialogue ကိစ္စတွေကို ၂၀၁၃ နှစ်ဦးပိုင်း မှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောသည်။

၁၈ လကြာဖြစ်ပွားလျက်ရှိသော ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် လူဦးရေ တသိန်း နီးပါး အိုးအိမ်များစွန့်ခွာ ထွက် ပြေးနေကြရကြောင်း ကချင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ကလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကလည်း ကေအိုင်အေနှင့်အစိုးရအကြား တိုက်ပွဲများရပ်ဆိုင်းပြီး ငြိမ်း ချမ်း ရေး ဆွေးနွေးရန် နှစ်ဖက်စလုံးကို တိုက်တွန်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ကချင်ပြည်နယ် လဂျားယန်ဒေသတွင် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများ ဆောင် ရွက်ပြီးစီးသည့်အတွက် စစ်ရေးလှုပ်ရှားမှုများကို ယနေ့ မနက် စတင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေ ညာသွားသည်။

“မိန်းမလျှာတစ်ဦးငါးဖမ်းလှေက ထွက်ပြေးလွတ်မြောက်လာ”

   ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ အကွာတွင်ရှိသော ပင်လယ်ငါးဖမ်းလုပ်ငန်း အမြောက်အများလုပ်ကိုင်သည့်ခြုံဘူရီခရိုင်ခရိုင်   ချောင်း စမေးစံလှေဆိပ် တွင် ရောင်းစားခံ ခဲ့ရသည့် ပဲခူးမြို့မှ မိန်းမလျှာ လူငယ် တစ်ဦးအား MAT အဖွဲ့ က ယမန်နေကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
        ပဲခူးမြို့ မှ အသက် ၁၈နှစ်အရွယ် မိန်းမလျှာ မင်းသန့် ဆိုသူသည် မြ၀တီ ၁၄ ဂိတ်မှ ပွဲစား - - - - က နာနတ်သီးစက်ရုံတွင်လုပ်ရမည်ဟုပြော ဆိုသဖြင့် လိုက်ပါလာခဲ့ရာငါးဖမ်းလှေဆိပ်သို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

       “ကျနော်တို့ လာတုန်းက မြန်မာအလုပ်သမားပေါင်း ၃၀ ကျော်ပါတယ်။ လှေဆိပ်ကိုရောက်တော့ မွန်
လူမျိုးပွဲစားတွေက နာမည်ခေါ်ပြီး လှေအသီးသီးကိုတင်လိုက်တယ်။ မဲဆောက်က လာရောင်းတဲ့သူက ဘတ်ငွေ ၁၄၀၀၀ နဲ့ရောင်းချခဲ့တာ။ လှေပေါ်ကိုရောက်တော့ ၁နှစ်လုပ်ဆပ်ရမယ်။ ဘတ်ငွေ ၂၈၀၀၀  ဖိုးပြည့်မှလွတ်မယ်လို့ပြောပါတယ်။ ကျနော်  နေမကောင်းလို့ ဆေးဝယ်ဖို့ထွက်လာရင်း ပြေးလာတာပါ။ ကျနော့်ကို လှေသမားတစ်ယောက်က ဦးကျော်သောင်း ဖုန်းကိုဆက်ပါလို့ ပြောထားလို့ ကျနော် ဒီဖုန်းနံ ပါတ်ကို အသေမှတ်ထားပါတယ်” ဟုပြောသည်။
         မင်းသန့် သည် လှေပေါ်တွင် ရက် ၂၀ ခန့် သာလုပ်ကိုင်ခဲ့သည်။ လှေပေါ်တွင် အလုပ်လုပ်ခါနီးတိုင်း
စိတ်ကြွဆေးများဖျော်ထားသည့် အရည်တစ်မျိုးကို မသောက်မနေရသောက်သုံးရကြောင်း ပြောပါသည်။
တစ်ညလုံးကို လမ်းလျှောက်ထွက်ပြေးခဲ့သဖြင့် နေရာတစ်ခုသို့ရောက်သည့်အခါ ထိုင်းလူမျိုး ကျောင်းဆရာ
တစ်ဦးက ခေါ်ယူ၍ ၁၀ ရက်တိုင်တိုင် ဆေးဝါးကုသပေးခြင်း ကျွေးမွေးစောင့်ရှောက်ခြင်းများပြုခဲ့သည်။
ထို့နောက် အမည်မသိ မြို့တစ်မြို့၏ ဈေးတစ်ခုတွင် ဘတ်ငွေ ၅၀ နှင့် ပြောင်းဖူးပြုတ် ၂ဖူးတို့ကိုပေးခဲ့ပြီး
ကျောင်းဆရာ ထွက်ခွာသွားခဲ့ပါသည်။
             မင်းသန့် သည် ကျောင်းဆရာ ပြန်မရောက်လာသဖြင့် ငိုယိုနေစဉ် ငါးခြောက်များရောင်းသည့်
တွန်းလှည်းတစ်စီးဖြင့် မြန်မာအမျိုးသမီး တစ်ဦး ရောက်ရှိလာခဲ့သဖြင့် လိုက်ပါလာခဲ့ပြန်သည်။ ထိုအမျိုး သမီးက ဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်နှင့်စက်ချုပ်အလုပ်လုပ်ရသည့် အိမ်တစ်အိမ်သို့ ရောင်း ချခဲ့ပြန်ပါသည်။ နံနက် ၄နာရီမှ ည၁၀ နာရီအထိ မနေမနား လုပ်ခဲ့သည့် လုပ်အားခ မှာ ဘတ်ငွေ ၁၂၀၀ သာပေး သဖြင့် ရောင်းစားခံရပြန်ပြီဖြစ်ကြောင်း သိရှိလာခဲ့သည်ဟု သူ ကဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော့်ကိုဖုန်းဆက်လာ တယ်။ ကျနော်က အငှါးကားမောင်းသူကို လာပို့ ဖို့ လိပ်စာကိုပြောပြလိုက်တယ်။ ဒီကလေးက မနေ့ ကရော ဒီနေ့ မနက်ကပါ ထမင်းမစားရသေးတာကြောင့် ကားပေါ်မှာ အိပ်ပျော်ပြီးမှ ရောက်လာတယ်။ ကျနော်တို့ကို
အဆက်အသွယ်မရပဲ၊ ကျနော်တို့မသိပဲ ထိုင်း ငါးဖမ်းလှေပေါ်မှာ ဘယ်လောက်ရှိမလဲ၊ ထိုင်းမှာပြဌာန်းထား တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကလည်း တိုင်ကြားတဲ့သူရှိမှ၊ တစ်ခါ လှေနံပါတ်လှေဆိပ်အမည်၊ ကမ်းကိုကပ်မယ့်နေ့  အချိပ်အဆက်လုပ်ရတာ အတော်ခက်ခဲပါတယ်။ ရောင်းစားခံထားရသူတွေဆိုတာ ဖုန်းလည်းကိုင်ခွင့်မရှိတော့ အတော်အလုပ်ရကိုင်ရ ခက်ခဲပါတယ်” ဟုပြောသည်။
ပြန်လည်လွတ်မြောက်လာသူအားMATအဖွဲ့ကယ်ဆယ်ရေးအခန်းတွင် ဆေးဝါးကုသပေးခြင်း၊ ကျွေးမွေးခြင်းများ ကူညီပေးလျှက်ရှိသည်။