This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 10, 2013

လစာတစ်သိန်းအထက်ရပါက ဆမ်ဆောင်းပစ္စည်းများ အရစ်ကျဝယ်နိုင်ပြီ



ချိုကို | အင်္ဂါနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၃၈ မိနစ်

လစာ တစ်သိန်းအထက်ရရှိသော ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရ၀န်ထမ်းများအတွက် ဆမ်ဆောင်း အမှတ်တံဆိပ်ဟန်းဆက်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည်ဟု ဆမ်ဆောင်းအမှတ်တံဆိပ် ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် O2 Mobile မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဝယ်ယူနိုင်သည့်ပစ္စည်းများမှာ ဆမ်ဆောင်းအမှတ်တံဆိပ်ဟန်းဆက်၊ တက်ဘလက်နှင့် အီလက်ထရွန်း နစ်ပစ္စည်းများကို ခြောက်လ၊ တစ်နှစ်၊ တစ်နှစ်ခွဲမှ နှစ်နှစ်အထိ နှစ်ကာလ အပိုင်းအခြားအလိုက် အရစ်ကျ စနစ်ဖြင့် ဗိုလ်အောင်ကျော်လမ်း၊ BAK တာဝါအနီးရှိ Sam- sung Brand Showroom တွင် ၀ယ်ယူနိုင် မည်ဖြစ်သည်။

Samsung Showroom မှ တာဝန်ရှိသူက “လစာတစ်သိန်းနဲ့အထက်ရတဲ့ ၀န်ထမ်းတွေကို ရောင်းပေး သွားမယ်။ အရစ်ကျအနေနဲ့ ဟန်းဆက်ဆိုရင် ခြောက်လ၊ တစ်နှစ်ဆိုပြီး ခွဲပေး နိုင်ပြီး အီလက်ထရွန်းနစ် ပစ္စည်းဆိုရင်တော့ တစ်နှစ်ခွဲ၊ နှစ်နှစ်ဆိုပြီး ခွဲပေးနိုင်တယ်”ဟု ပြောသည်။

အရစ်ကျစနစ်ဖြင့်ဝယ်ယူရန် လျှောက်ထားရာတွင် နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ နေထိုင် သည့်ရပ်ကွက်မှ နေထိုင်ကြောင်းထောက်ခံစာ ယူဆောင်လာရမည့်အပြင် ကုမ္ပဏီမှ တာဝန်ရှိသူ၏ ထောက်ခံစာများ ယူဆောင်လာပြီး Samsung Showroom တွင် လာ ရောက်လျှောက်ထားရမည်ဖြစ်သည်။ ပစ္စည်းလာ ရောက်ထုတ်ယူရာတွင် application fee (စာရွက်စာတမ်းကြေး) ကျပ် ၅၀၀၀ ပေးသွင်းရမည်ဖြစ်သည်။အထက်ပါတာဝန်ရှိသူက “ရန်ကုန်မြို့အတွင်းနေထိုင်သူဖြစ်ပြီး ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူတွေ ယူလာ ရင်ရပါတယ်။ အဲဒါကိုမှန်ကန်ကြောင်း စိစစ်ပြီးတဲ့အခါ ပစ္စည်းလာရောက်ထုတ်ယူဖို့ Message ပို့ပေးမယ်”ဟု ပြောသည်။

စတင်ဝယ်ယူရာတွင် အရစ်ကျငွေကြေး ပေးသွင်းရန် မလိုသေးဘဲကျပ် ၅၀၀၀ သာပေးရ မည်ဖြစ်ကာ ပစ္စည်းထုတ်ယူသောလ၏ လကုန်ရက်ရောက်မှသာ ပထမအရစ်ငွေကြေး ပေးသွင်းရမည်ဖြစ်သည်။ အရစ်ကျဝယ်ယူရာတွင် ပေးသွင်းသည့် ကာလအပိုင်း အခြားအလိုက် အတိုးနှုန်းကွာခြားမည်ဖြစ်ပြီး ခြောက်လ အရစ်ကျဆိုပါက အတိုးနှုန်းမှာ ပစ္စည်းတန်ဖိုး၏ ၁ ဒသမ ၄ ရာခိုင်နှုန်းပေးရမည်ဖြစ်သည။်

ယင်းအတိုးနှုန်းကို အရစ်ကျဝယ်ယူမည့်ကာလအလိုက် စုစုပေါင်းတွက်ချက်ထားပြီး လစဉ်ပေး သွင်းငွေ တွင် ခွဲသွင်းရမည်ဖြစ်သည်။ ၀န်ထမ်းတစ်ဦးလျှင် ပစ္စည်းတစ်မျိုး တည်းသာ ရောင်းချပေးသွားမည်ဖြစ်သည်။

Facebook v3.4 Build 258880 Apk (15 MB)

Kyaw Ko Kyaw shared မောင်(စွယ်စုံကျမ်း)'s photo.

==================

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် Facebook version အသစ်
8 ရက်7လပိုင်းမှာ ထွက်ရှိလာပါပြီ

Facebook v3.4 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။
https://play.google.com/store/apps/details?id=com.facebook.katana&hl=en
Google မားကတ်ထဲဝင်မရတဲ့သူတွေ အောက်မှာရယူနိုင်ပါတယ်

http://www.zwmnna.com/2013/07/facebook-v34-build-258880-apk-15-mb.html

S4 နှင့် တွဲဖက်အသုံးပြုနိုင်သော Camera Lens

ဓါတ်ပုံဝါသနာ ရှင် များ အတွက် S4 နှင့် တွဲဖက်အသုံးပြုနိုင်သော Camera Lens မြန်မာနိုင်ငံတွင်ဈေးသက်သာစွာဝယ်ယူနိုင်ပြီ ၊၊ Fish Eye, Wide And Micro Lens .မိုက်တယ် ၊၊အနော်တောင် ၀ယ်ထားသေးတယ် ၊၊ အာသာပြေ ရိုက်လို့ရတယ်ဗျာ ၊၊ S4 Camera ကလည်းကောင်းဆိုတော့ မိုက် မိုက် မိုက် ပဲ — with မုန်းအောင် ချစ်.

ဟိုင်းကြီးကျွန်းတံတားဆောက်၊ အိမ် ၃ဝဝ ကျော် ရေထဲရောက်

Wednesday, July 10, 2013




  ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ခမောက်မော်ကျေးရွာတွင်  အိမ်ခြေ ၃၀၀ ကျော် ရေနစ်မြုပ်သွားရခြင်းသည် ထိုဒေသတွင် တည်ဆောက်နေသည့် ဟိုင်းကြီးကျွန်းမြစ်ကူးတံတား စီမံကိန်းကြောင့် ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

တံတားစီမံကိန်းအနီး ရေဘေးဒုက္ခ ရင်ဆိုင်နေရသည့် ခမောက်မော်ကျေးရွာ   (ဓာတ်ပုံများ - ဆလိုင်းသန့်စင်/ဧရာဝတီ)
 ဒီရေအတက်အကျဖြင့် ရေစီးနေသည့်ချောင်း ၂ ခုကို ပိတ်ဆို့ပြီး  မြစ်ကူးတံတား ချဉ်းကပ်လမ်း ဖောက်လုပ်ခဲ့သည့်အတွက်  ကျောက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ထိုရွာအတွင်းသို့ ချောင်းရေများ   ၀င်ရောက်ကာ နေအိမ်များ နစ်မြုပ်ခြင်း ဖြစ်ကြောင်း၊ လူပေါင်း ၁,၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရကြောင်း  ဒေသခံများက ပြောသည်။

 “လမ်းတံတား အထူးအဖွဲ့ ၂ က လမ်းနဲ့ချောင်းကိုပိတ်ဆို့ထားတယ်။ အဲဒီတော့ ကျေးရွာမှာ ရေတွေ လျှံနေတယ်။ အခုဆို ရေမြုပ်နေတာ ၂ လ နီးပါး လောက်ရှိနေပြီ။ ၀ပ်နေတဲ့ရေတွေကို ရေစုပ်စက်တွေနဲ့ ပင်လယ်ထဲကို စုပ်ထုတ်ပစ်တာလည်း ခဏပဲ ရတယ်။ အဆင်မပြေဘူး။
 မိုးရွာရင် ချောင်းရေကစီးစရာမရှိဘဲ ရွာထဲပြန်ဝင်တော့ ပိုဆိုးတယ်” ဟု ကျောက်ချောင်း  အုပ်ချုပ်ရေးမှူး ဦးနိုင်လွင်က ဧရာဝတီကိုပြောသည်။

 ဟိုင်းကြီးကျွန်းမြစ်ကူးတံတားသည် ရေလမ်းခရီးဖြင့်သာ သွားလာနိုင်သည့် ဟိုင်းကြီးကျွန်းမြို့နှင့် ပုသိမ်သို့ ဆက်သွယ်ပေးမည့် တခုတည်းသော ကားလမ်းဖြစ်ပြီး မြန်မာပြည်အနောက်တောင်ဘက်စွန်း ပင်လယ်ဝတွင် တည်ဆောက်နေသည့် တံတားတစင်းလည်း ဖြစ်သည်။

 တံတားချဉ်းကပ်လမ်းအား မူလက ကျောက်တိုင်များဖြင့်တည်ဆောက်ရန် ပုံကြမ်းဆွဲ၍ သတ်မှတ်ထားကြောင်း၊
နောက်ပိုင်းတွင် မြေသားလမ်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 “သူတို့ တံတားပုံကြမ်းမှာ ချဉ်းကပ်လမ်းကို တိုင် ၄ တိုင်နဲ့ ဆောက်ဖို့ဆွဲထားတာ တွေ့ရတယ်။ ဒါဆိုရင်တော့ ဘာမှ ပြဿနာ မရှိဘူး။ အားလုံး အဆင်ပြေမှာလို့တွက်ထားတာ။
တကယ်ဆောက်တော့ တိုင်တွေမဟုတ်ဘဲ ချောင်းတွေကို ကန့်လန့်ဖြတ်ပိတ်တဲ့ မြေသားလမ်းဖြစ်နေတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။


ရေပုပ်တွေဝင်လို့ ပျက်စီးသွားတဲ့  ခမောက်မော်ကျေးရွာက သောက်သုံးရေတွင်းတခု 
 ချဉ်းကပ်လမ်းဖောက်လုပ်စဉ်က ချောင်း ၂ ခုအား ပိတ်ဆို့မည့် ကိစ္စကို လမ်းတံတားအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာလူထုအား အသိပေးတိုင်ပင်ခြင်း
မရှိဘဲ ၎င်းတို့ သဘောထားဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊
ရွာအတွင်းရေ၀င်၍ ရွာသားများ ဒုက္ခရောက်နေသော်လည်း ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးသာ လာရောက်ခဲ့ပြီး အဓိကတာဝန်ရှိသည့် လမ်းတံတားအဖွဲ့က လာရောက်ဖြေရှင်းပေးခြင်း မရှိကြောင်း  ဦးနိုင်လွင်က ဆိုသည်။

 တံတားကိစ္စနှင့်ပတ်သတ်၍ ဧရာဝတီက ငပုတောမြို့နယ် ထွေ/အုပ်ရုံးသို့ ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ...
 “ခမောက်မော်ရွာရေမြုပ်နေတဲ့ ကိစ္စကို အဆင်ပြေအောင် အမြန်ဆုံးလုပ်ပေးဖို့ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးကို ကျနော်ညွှန်ကြားထားပါတယ်။ ၀ပ်နေတဲ့ရေတွေ ထုတ်ပစ်ဖို့ ရေနုတ်မြောင်းတခု ဖောက်လုပ်ဖို့လည်း စီစဉ်နေပါတယ်”ဟု ပြောသည်။


ကျေးရွာ၏ ၃ ပုံ ၂ ပုံ ရေနစ်မြုပ်သည့်အတွက် ရွာသားများအသုံးပြုနေသည့် ရေတွင်းများ၊ လမ်းများပျက်စီးခြင်း၊ ကလေးငယ်များတွင် ယားနာပေါက်ခြင်းနှင့် ၀မ်းဖောဝမ်းရောင်ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

 “ရေမြုပ်တော့ ကျမတို့ဈေးသည်တွေ ထိခိုက်တယ်။ အရောင်းအ၀ယ်လည်း မကောင်းဘူး။ ခြင်တွေကလည်း တအားကိုက်တယ်။ ရေတွေက စီးစရာမရှိဘဲ အိုင်နေတော့ ကြာလာတော့ပုပ်လာပြီးတော့ နံလည်းတအားနံတယ်။ အနံ့ဆိုးဒဏ်တွေကို တအားခံရတယ်။ ကျမတို့ရွာမှာ တခါမှဒီလိုမဖြစ်ဖူးဘူး”
ဟု ခမောက်မော်ရွာမှ ဈေးသည်တဦးက ပြောသည်။

 ခမောက်မော်ကျေးရွာသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးရွာတခုဖြစ်ပြီး ပင်လယ်ဝတွင်တည်ရှိသည်။
လက်ရှိတွင် အိမ်ခြေ ၄၀၀ ကျော်ရှိကာ လူဦးရေ ၁,၇၀၀ ကျော် ရှိသည်။

 “ကျနော်တို့တောင်းဆိုချင်တာကတော့ လမ်းတံတား ကျွမ်းကျင်တဲ့သူတွေ အမြန်ဆုံး လာရောက်ပြီး နောက်နောင်အခုလို ရေမြုပ်တာတွေမဖြစ်ရအောင် စီမံဆောင်ရွက် ပေးစေလိုပါတယ်” ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။



.

ISO7 စတိုင် Ios7 Flat (APEX NOVA GO THEME) Apk 15MB

THEME အသစ်လေးတင်ပေးလိုက်ပါတယ် ISO7 စတိုင်ပေါ့ဗျာ 
သူကိုအသုံးပြုဖို့အတွက် မိမိဖုန်းမှာ  nova , apex, adw, action launchers , go launcher 
စသည်ဖြင့် တစ်ခုခုရှိရမှာဖြစ်ပါတယ်
လန်းချက်တော့ အောက်ကပုံလေးတွေကိုကြည့်လိုက်ပါ 
Dwonload>>>mirrorcreator (or)zippyshare (or)solidfiles








တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်

YTalk

၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။
--
အောင်ခမ်း (TSJ team)