မွန်ပြည်နယ် ရေးမြို့ နယ် ရေးမြို့ ဆိုတာကတော့ မွန်ပြည်နယ်အဆုံး မြို့လေးတစ်မြို့ဖြစ်ပါတယ် အဲ့ဒိမြို့လေကနေ ဆတ်သွားမယ်ဆိုရင်တော့ တနင်္လာရီတိုင်း ကို အစပြုပါပြီ ကဲစာဖတ်သူတို့ရေ ဆောင်းပါလေးစလိုက်ကြရအောင်ဗျာ
ရေးမြို့ ရဲ့ ဈေးအရှေ့ဘက်ကမ်းက ချောင်းတောင် ဆိုတဲ့ ရွာလဲမဟုတ် မြို့လဲမဟုတ် ဆေးရုံဆေးခန်း စသည်ဖြစ်ရှိပါတယ် တိုက်နယ် ပုံစံမျိုးလေးပါ အမျိုးသားကတော့ ချောင်းတောင် ဆိုတဲ့ရွာလေးမှာနေပါတယ် အမျိုးသမီးလေးကတော့ ချောင်းတောင် ဆိုတဲ့ရွာလေးနဲ့ မလှမ်းမဝေးရှိနေတဲ့ ရွာလေးတစ်ရွာကပါ သူတို့နှစ်ယောက် အိမ်ထောင် ကျခဲ့ကြပါတယ် ၄င်းအချိန်တွင် ကောင်မလေးသည် ၁၆(သို့)၁၇ လောက်ရှိမည်ထင်ပါသည် ကောင်လေးလဲထိုအရွယ်လောက်ပဲ ရှိမည်ဟု ထင်ပါသည် ကောင်လေးကတော့ ဆင်းရဲပါတယ် ကောင်မလေးကတော့ ချမ်းသာပါတယ် ကောင်မလေးတို့ချမ်းသာတာကတော့ ကောင်မလေးတွေနေတဲ့ ရွာ နီးတစ်ဝိုက်မှာဆိုရင်တော့ သူရဲ့ အဖွား သူ့ရဲ့ အမေ နာမည်ဆိုတာ လူတိုင်းသိပါတယ် စိန်ဆိုရင် တင်းတောင်းနဲ့တောင် ချိန်လို့ရပါတယ် တဲ့ခင်ဗျာ ပိုက်ဆံဆိုရင် အထပ်လိုက် စီပြီး ကတင်ပုံစံလုပ်၍ ပိုက်ဆံအပေါ်မှာ အိပ်တဲ့ သူတွေပါ အဲ့လောက်ဆိုရင်တော့ စာဖတ်သူတွေ ကောင်မလေးတို့ဘယ်လောက်ချမ်းသာလဲဆိုတာ သိမှာပါ ကောင်မလေးအမေဆိုရင် အဲ့ရွာနီ တဝိုက်က ချမ်းသာလွန်းလို့ ''စိန်မမ'' လို့တောင် ခေါ်ပါတယ် အခုပြောပြတာကတော့ ကောင်မလေး မိဘရဲ့ ချမ်းသားတဲ့ အ ကြောင်းပါ
စာဖတ်သူတွေကိုရှင်းပြနေရတာနဲ့ ဆောင်းပါးကိုမရောက်ပဲ ဖြစ်နေပြီ သူတို့အိမ်ထောင်ကျခဲ့ကျတယ် ကောင်းလေးအိမ်မှာ ကောင်မလေးက လိုက်နေတယ် ကောင်လေးကဆင်းရဲတယ် ကောင်လေးတို့နေတဲ့ အနီးတဝိုက်မှာ တောတောင်တွေရှိတာမို့ အဲ့တောထဲက ပန်းတွေကိုခူးရောက်းပြီး စာသောက်ရတဲ့ဘဝပါ ရောင်းတဲ့ပန်းကတော့ အောင်သပြေ ပန်း ရေမြို့အနီးတဝိုက်မှာတော့ အောင်သပြေ သပြေပန်းလို့ပဲခေါ်ကြပါတယ် ကောင်မလေးကလဲ ဆင်းရဲတာကို မမှူ့ပဲ ဒုက္ခခံပြီး နေပါတယ် ကောင်မလေးက သူ့မိဘတွေကိုလဲ အဆတ်အသွယ် မလုပ်ရဲပါဘူး ကောင်မလေး မိဘတွေကတော့ သူတို့ရဲ့ သမီး ဘယ်မှာ နေလဲဘယ်မှာရှိနေလဲ ဆိုတာကိုတော့ 2003 2004 ခုနှစ်လောက်ထိ လိုက်လံစုံစမ်းပြီး ရှာဖွေပါတယ် အိမ်ထောင် ကျတောကိုတော့ သူမမိဘတွေ သိပါတယ် 2003 2004 ခုနှစ်လောက် အချိန်မှာတော့ ကောင်မလေးမိဘတွေက မချမ်းသာတော့ပါဘူး ဆင်းရဲသွားကြပါပြီခင်ဗျာ ကံကြမ္မာ ဆိုတာ မသိနိုင်ဘူးမမြင်နိုင်ဆိုတာကိုတော့ စာဖတ်သူတွေလဲသိမှာပါ တချိန်က ရွှေထီးဆောင်းပြီး ယခုခတ်မှ ချဉ်ပေါင်ရွက်ရောင်းနေရတဲ့ သူတွေလဲ အတော်တော်များများရှိမယ်လို့ ကျွန်တော်နဲ့အတူ စာဖတ်သူတွေလဲ သိကြမှာပါ
ကောင်မလေး သည် ကောင်လေးနဲ့ ပေါင်းသင်းလိုက်တာ သားသမီး ၃ယောက် ဖြစ်ထွန်းပါတယ် သားသမီး ၃ယောက် ဖြစ်ထွန်းတဲ့ အပြင် ဗိုက်ထဲမှာလဲ ကိုယ်ဝန် လွယ်ထားရပါတယ် ၄င်း အချိန်တွင် ကောင်မလေး၏ ဦးလေးဖြစ်သူသည် ဗိုလ်ကြီး တစ်ဦးပါ ၄င်းဗိုလ်ကြီးသည် ရေးမြို့ (၆၁)ခြေလျှင်တပ်ရင်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ပါသည် ကောင်မလေး၏ အမေသည် ဗိုလ်ကြီးရဲ့ အမတစ်ဦးဖြစ်ပါသည် ထိုကြောင့် ကောင်မလေးအမေလုပ်သူက ကောင်မလေးဦးလေးကို အကျိုးအကြောင်းပြောပြ၍ ကောင်မလေးကို လိုက်လံစုံစမ်းရှာဖွေရာတွင် ရေးမြို့နယ် ချောင်းတောင်ဆိုတဲ့ရွာလေးမှာနေထိုင်ကြောင်းသိရပါသည် ထိုအချိန်မှသာ သူမ၏သမီးသည် မည်သူနဲ့အိမ်ထောင်ကျပြီး ဘယ်လိုနေထိုင်ရပုံ ကောင်းလေးမိဘတွေရဲ့ အခြေအနေ စသဖြင့်ကိုသိရှိရပါသည်
၎င်းသိရှိချိန်တွင် ကောင်မလေး၏ကိုဝန်မှာ နေ့စေ့ လစေ့ဖြစ်နေပါပြီ ကောင်းမလေးယောက်ျားကတော့ တနင်္လာရီတိုင်း ထားဝယ်မှာ နေထိုင်နေပါသည် ကောင်မလေးကတော့ ချောင်းတောင်မှာပဲ သူမ၏ ယောက္ခမဖြစ်သူ အဖွားကြီးနဲ့ သူမသားသမီး ၃ယောက်နဲ့နေထိုင်ပါသည် ၄င်းအကြောင်းကို သိရှိစုံစမ်းပြီးချိန်တွင် ကောင်မလေး၏မိဘများက လိုက်အလာတွင်တော့ ကောင်မလေးသည် မီးမဖွားနိုင်၍ ရေးမြို့ ပြည်သူ့ဆေးရုံတွင် ရောက်ရှိနေပါသည် ထိုသတင်းကိုကြားသိချိန်တွင် ကောင်မလေး၏မိဘများ အဒေါ်များ ဦးလေးဖြစ်သူဗိုလ်ကြီး တို့ ဆေးရုံသို့ လိုက်သွားချိန်တွင်တော့ ကောင်မလေးသည် အသက်သေဆုံးသွားပါပြီ သူမဗိုက်ထဲမှ ကလေးလဲ သူမနဲ့အတူသေဆုံးသွားပါသည် မိဘလုပ်သူတွေ ဆွေမျိုးသားခြင်းတွေကတော့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရုံကလွဲ၍ ဘာမှမတက်နိုင်တော့ပဲ အဖြစ်ဆိုးလိုက်တာ သမီးရယ် ဆိုတဲ့စကားနဲ့ မျက်ရည်တိုပဲ ကျလာပါတော့သည်
အထက်မှာဖော်ပြထားတာကတော့ ကောင်မလေး၏ အကြောင်းပဲဖြစ်ပါသည် အခု ခေါင်းစဉ်နဲ့ အတူ မကိုခင်လို့ဥကိုတွယ်ဆိုတဲ့ ဆောင်းပါးဇာတ်လမ်းကိုတော့ စပါပြီ
အဖေ နဲ့ အမေ ကို ဘယ်သူ့ကိုပိုချစ်လဲလို့ သားသမီးအယောက် ၁၀၀ ကိုမေးလိုက်ရင်တော့ စာဖတ်သူများခင်ဗျာ အမေကိုပိုချစ်တယ်လို့ ဖြေမဲ့သူက အယောက် ၅၀ကျော် ရှိမယ်ဆိုတာကိုတော့ စာဖတ်သူတွေ သိကြမယ်လို့ထင်ပါတယ် အမေအကြောင်းနဲ့ အဖေအကြောင်းကို တင်စားကြတဲ့ ကဗျာတွေ စာပေတွေ သီချင်းတွေ စတာတွေက အဖေထက်များမယ် ထင်ပါတယ် ဘာမှမကြည့်ပါနဲ့ သီချင်းကိုပဲကြည့်ပါ အဖေနဲ့ ပတ်သတ်ပြီးတင်စားဆိုထားတာကနည်းပါတယ် အမေနဲ့ပက်သတ်ပြီး ဆိုထားတာကအများအားဖြင့်ရှိတယ်ဆိုတာကို စာဖတ်သူတို့လဲသိကြမယ် ထင်ပါတယ် အဖေအားလုံးကိုလဲ မကောင်းဘူးဟူ၍လဲ ကျွန်တော် မဆိုလိုပါ ကောင်းတဲ့အဖေတွေ ထဲက မကောင်းတဲ့ အဖေအကြောင်းလေးကို ကျွန်တော် တင်ပြလိုက်ပါသည်
အထက်မှာ ဖော်ပြထားသည့်အတိုင်း ကောင်မလေးသေဆုံးပြီးအချိန်တွင် ကောင်မလေး၏ အမျိုးသားသည် ထားဝယ် မြို့တွင် တခြားမိန်းမနဲ့ တိတ်တိတ်ပုန်း ယူထားပါသည် တိတ်တိတ်ပုန်းယူထားသော မိန်မတွင်လဲ ကိုဝန်နေ့စေ့လစေ့ဖြစ်နေပါပြီ ပြောရမယ်ဆိုရင်တော့ မယားငယ်ပေါ့ခင်ဗျာ မယားငယ်ဆိုတာကလဲ ငယ်ငယ်ချောချောလေးမို့ မယားငယ်ပြောခြင်းမဟုတ်ပါ မယားကြီးရှိလျှက်နဲ့ အငယ်ထားလို့ မယားငယ်လို့ပြောခြင်းဖြစ်ပါသည် ၄င်းမယားငယ်တွင်လဲ အရင်အိမ်ထောင်ကြီးနဲ့ ရရှိလာသော သားသမီးများရှိပါသည် မယားကြီးမှာလဲ ကိုဝန်နေ့စေ့လစေ့ ဖြစ်နေတာကို မကြည့်ပဲ အငယ်ဖြစ်တဲ့မယားငယ်ဆီကို သွားနေတယ်ဆိုတော့ စာဖတ်သူတို့ခင်ဗျာ ထိုသူသည် ကောင်း၏မကောင်း၏ သိရှိနိုင်မည်ဖြစ်ပါသည် မယားကြီးသေဆုံးသွားသည်ကိုသိ၍ ထားဝယ်မြို့မှာ ပြန်လာပြီ မိမိအိမ်တွင်ရှိနေသော ကလေးများအား ထားဝယ်သို့ ခေါ်ဆောင်သွားပါသည် သူ၏ ကလေး ၃ယောက်မှာ မိန်းကလေးတွေကြီးပဲ ဖြစ်ပါသည် ယောက်ျားလေးတစ်ယောက်မှ မပါပါ ကောင်မလေးဘက်က အမေဖြစ်သူက သူ့သမီး မရှိတော့ပြီဖြစ်သောကြောင့် မြေးလုပ်သူများကို ထိန်းသိမ်းစောင့်ရှောင့် ရန် ချောင်းတောင်သို့လာအခေါ်တွင်တော့ ဖခင်လုပ်သူ သမီးအကြီးမ နှင့် အငယ်မကို ထားဝယ်သို့ ခေါ်ဆောင်သွားခဲ့ပါသည် အလတ်မ ဖြစ်တဲ့သူပဲကျန်ရှိခဲ့ပါသည် မည်သို့ကျန်ရှိခဲ့တယ်ဆိုတာကတော့ အလတ်မလေးသည် ရုပ်ရေ မချောမောပါ အသားမဲမဲ ပုပုကစ်ကစ်လေးဆိုတော့ ဖခင်လုပ်သူက မခေါ်သွားပဲ ချောင်းတောင် ဆိုတို့ ရွာလေးမှာ ထားခဲ့လိုက်ပါသည် ကောင်မလေးဘက်က အမေလုပ်သူ ချောင်းတောင်ကို ရောက်ရှိလာတဲ့အခါတွင်တော့ အလတ်မကိုပဲ တွေ့၍ အလတ်မကိုပဲ ခေါ်ဆောင်း၍ ထိန်းသိမ်းစောင့်ရှောင့်ထားပါသည်
ခေါ်ဆောင်သွားသော အကြီးမနှင့် အလတ်မ အား အကြီးမအား ချမ်းသားသောသူအိမ်တွေင် နေ့စား အလုပ်သမားအဖြစ် ခိုင်းပြီး ပြန်လာချိန်တွင်တော့ မယားငယ်မှ ပါလာသော ကလေးများ လက်ရှိ မွေးဖွားလာသောကလေးအား ထိန်းသိမ်းစောင့်ရှောက်ရပါသည်
အငယ်မသည် ရုပ်ရေချောမော လှပပါသည် ထို့ကြောင့် ချမ်းသားသော သူများထံတွင် စာချုပ်စာတမ်းနှင့် ချုပ်ဆို၍ ငွေကြေးဖြစ် ရောင်းချခဲ့ပါသည် စာဖတ်သူများခင်ဗျာ ၄င်းလူသည် ဖခင်ကောင်း တစ်ယောက် ဖြစ်မဖြစ်ကိုတော့ သိရှိနိုင်မှာဖြစ်ပါသည် မိမိသွေးသားနဲ့ရရှိလာသော သားသမီးများအား ဤကဲ့သို့ လုပ်ဆောင်ခြင်းဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်သင့်မဖြစ်သင့် ဆိုတာကိုတော့ ကျွန်တော်စာရေးသူအနေနဲ့ စာဖတ်သူများအား နာလည်ရန် ထပ်မံရှင်းပြ နေစရာမလိုတော့ဘူးဟုထင်ပါသည်
တစ်နေ့ ဖခင်ဖြစ်လာမဲ့ စာဖတ်သူများခင်ဗျာ မိမိတို့ကော ဤကဲ့သို့ လုပ်ဆောင်မည်လား မိန်းမရှိနေလို့ ကာမစိတ်တွေကို ဖြေဖြောက်နိုင်လို့ ဆိုပြီး သားသမီးများအား ဟန်ဆောင်ချစ်ခင်ခြင်းများ မပြုလုပ်ကြပါရန် စာရေးသူတစ်ယောက်အနေနဲ့ ဖခင်ဖြစ်လာမဲ့ စာဖတ်သူများအား တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် ထိုကြောင့် မကိုမခင်လဲ ဥကိုတွယ်ပါ လို့ပြောကြားချင်ပါသည်
2008 2009 ခုနှစ်လောက်မှာတော့ အဖွားလုပ်သူ လိုက်လံရှာဖွေ ရာမှာတော့ အကြီးမအားတွေ့ရှိခဲ့ပါသည် အလတ်မအား ငွေကြေးဖြစ်ရောင်းချလိုက်သောကြောင့် ပြန်လည်ခေါ်ဆောင်၍ မရ ဘယ်နေရာဘယ်ဌာနေ ကိုပြောင်းသွားသည်ဆိုတာကို မသိရှိရသောကြောင့် ယခုအချိန်တွင် အကြီးမနှင့် အလတ်မအား အဖွားလုပ်သူအားထိန်းသိမ်းစောင့်ရှောင့်ထားပါသည်
နောက်ဆုံးပြောကြားချင်တာကတော့ တစ်နေ့ ဖခင်ဖြစ်လာမည်သူများ ဤကဲ့သို့ မလုပ်ဆောင်ကြပါနဲ့လို့ ကျွန်တော် စာရေးသူ တစ်ယောက် အနေနဲ့ ပြောကြားချင်ပါသည် တစ်ပင်လည်း လို့ တစ်ပင်ကို မထူနဲ့လို့လဲ မပြောချင်ပါဘူး ထူပါ အရင်အပင်မှ ရရှိလာသော သစ်သီးများဖြစ်ကြတဲ့သားသမီးကိုတော့ မစွန့်ပြစ်ကြပါနဲ့ ခင်ဗျာ
အကြီးမနှင့် အလတ်မအားထိန်းသိမ်းစောင့်ရှောင် နေစဉ်မှာပဲ အဖွားလုပ်သူသည် 2012 ခုနှစ်က သေဆုံးသွားပါသည် အဖွားလုပ်သူသေဆုံးသွားသောလည်း ယခုအချိန်တွင် ကလေးများ၏ အဒေါ်ဖြစ်သူများက ဆတ်လတ်ထိန်းသိမ်းစောင့်ရှောင့်ထားပါသည်
ထို့ကြောင့် ဖခင်များ ဤကဲ့သို့မလုပ်ဆောင်ကြပါရန် နှင့် လုပ်ဆောင်ခဲ့မိရင်လဲ အလွန်ပင်ဝမ်းနည်းကြေကွဲစရာတွေ ဖြစ်သောကြောင့် သားသမီးများအား ချစ်ခင်ခြင်းကြင်နာခြင်းရှိကြပါလို့ ပြောကြားလိုက်ပါသည် မိမိသည်လဲ ဖခင်ကောင်းတစ်ယောက် ဖြစ်အောင်နေပါလို့ ပြောကြားလိုက်ရင်း ကျွန်တော် ရေးလိုက်တဲ့ '' မကိုခင်လို့ ဥကိုတွယ် ''ဆိုတဲ့ ဆောင်းပါးလေးအား ရပ်နားလိုက်ပါသည် ခင်ဗျာ
မှတ်ချက်။ ။ ဤဆောင်းပါးအား ရေးသားလိုက်ခြင်းအားဖြင့် ပြသနာ တစ်စုံတစ်ခု ဖြစ်လာပါက ကျွန်တော် ''မောင်ရဲရင့်ရထာ''မှ ဖြေရှင်းသွားမည် ဖြစ်ပါသည် ဖြစ်ပွားခဲ့တဲ့နေရာလေးကတော့ မွန်ပြည်နယ် ရေးမြို့ အရှေ့ဘက်ကမ်းလေးက '' ချောင်းတောင် '' ဆိုတဲ့ ရွာလေးမှာပဲဖြစ်ပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ