Wednesday, May 30, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေး ခံယူချက်နှင့် အမြင်များ......



                         ဗိုလ်ချုပ်အောင်ဆန်းသည် (၁၉၄၆)ခုနှစ်၊  ဇွန်လတွင်  ရန်ကုန်မြို့  ၊ ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက်ရှိ မဟာ
သံဃနာယက အစည်းအဝေးအပြီး ခေတ္တ အနားယူနေတော်မူကြသော ဆရာတော်ကြီးများနှင့် ပခုက္ကူ ဆရာတော် အရှင်ပညာ (အဂ္ဂမဟာ
ပဏ္ဍိတ) တို့ထံ သွားရောက် ဖူးမြော် သြဝါဒ ခံယူခဲ့ပါသည်။
                         ဆရာတော် အရှင်ပညာ၊ ပခုက္ကူ ဆရာတော်ဘုရားကြီးက ``မောင်အောင်ဆန်း၊ ဗိုလ်ချုပ်ဆိုလို့  တော်တော်ကြီးပလား
အောက်မေ့တယ်။  တယ်မကြီးသေးဘဲကိုး.....။ ကြုံတုန်းကြုံခိုက် ဆရာတော်သြဝါဒ နည်းနည်းပေးပါမည်....။  ဗိုလ်ချုပ်... လွတ်လပ်ရေး
ရပြီးလျှင် တို့သာသနာရေးကိစ္စလည်း ပစ်မထားပါနဲ့.....။  သာသနာတော်ကြီး အကြီးအကဲ ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး သာသနာရေး
ကိစ္စတွေ လုပ်ရလိမ့်လို့ စိတ်ကူးထည့်ထားပါလေ....။ ဒါ့အပြင် ``သည်းခံ၊ နိုးကြားသနား၊ထကြွ၊ နိစ္စမသွေ ရှိစေရှုတတ်၊ သူမြတ်တို့ဂုဏ်´´
ဆိုတဲ့အတိုင်း အကြီးအကဲတို့ရှိရမယ့် ဂုဏ်ခြောက်ပါး အနက် အထူးသဖြင့် နိုးနိုးကြားကြား၊ သတိဝီရိယ သတိပြုရမည်။
                         ``ဒါယကာ ဗိုလ်ချုပ် မြောက်တိုင်းလည်း မမြောက်နဲ့.....၊ မမြောက်ဘဲလဲ မနေရာ...၊  ခြောက်တိုင်းလဲ မကြောက်နဲ့....၊
မကြောက်ဘဲလဲ မနေရာ.....ဆိုတဲ့ သြဝါဒလေးချက်ကိုလဲ သတိပြုလေ” ဟု မိန့်ကြားတော်မူခဲ့လေသည်။
                          ဗိုလ်ချုပ်အောင်ဆန်းသည်..... ငယ်စဉ် ကျောင်းသားဘဝကပင်  ဘာသာရေးနှင့်  ထိတွေ့  ရင်းနှီးခဲ့သူ ဖြစ်လေသည်။
နတ်မောက်မြို့  ၊ ဘုန်းတော်ကြီး ဦးသောဘိတကျောင်း၌ စတင်ပညာသင်ခဲ့ရာမှ ဘာသာရေးနှင့် မြန်မာ့ယဉ်ကျေးမှုကိုအလေးထားခဲ့သည်။
နတ်မောက်မြို့၊ ဆရာတော် ဦးသောဘိတကျောင်း၌ (၁၂)နှစ်သားအရွယ်တွင် မြန်မာစာ လေးတန်း (စတုတ္ထတန်း)အောင်မြင်သည်။  မြန်မာ
စာလေးတန်း အောင်မြင်ပြီးနောက် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းသို့ ဆက်လက်ပညာသင်ကြားရာ၊  အစိုးရစစ် သတ္တမ
တန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကျောင်းများ၊ အမျိုးသားကျောင်းများတွင် ပထမဆင့် အောင်မြင်သဖြင့်    ဦးရွှေခို၏ ဆု
တံဆိပ်ကို ရရှိခဲ့သည်။
                            ရေနံချောင်း အမျိုးသားကျောင်းမှ   အင်္ဂလိပ်-မြန်မာ (၁ဝ)တန်း စာမေးပွဲအောင်မြင်ပြီး  ရန်ကုန်တက္ကသိုလ်သို့  သွား
ရောက် ပညာဆက်လက် ဆည်းပူးရာတွင် မြန်မာစာ ပါဠိဘာသာကို အထူးပြု ယူခဲ့သည်။ ပါဠိဘာသာကိုအင်္ဂလိပ်ဘာသာဖြင့်ပင်ကျွမ်းကျင်
စွာရေးသားနိုင်ခဲ့သည်။  တက္ကသိုလ်ကျောင်းသားဘဝတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့သောပါဠိဘာသာ
သင်ခန်းစာများကို (လက်ရေးမူအတိုင်း) ယခုအချိန်အထိ ရေနံချောင်းမြို့၊အမှတ်(၁)အစိုးရအထက်တန်းကျောင်းစာကြည့်တိုက်၌သိမ်းထား
လေသည်။
                            ငယ်စဉ်ကပင် ဘာသာတရားကို သက်ဝင်ယုံကြည်ရင်းစွဲရှိခဲ့သောဗိုလ်ချုပ်အောင်ဆန်းသည်ဆရာတော်၊သံဃာတော်
များအား အခါအခွင့်သင့်တိုင်း အချိန်ရသလောက် ဖူးမြော်ကန်တော့လေ့ရှိသည်။ ဘာသာရေးအပေါ်အလေးအနက်ခံယူချက်နှင့်ရိုသေကိုင်း
ရှိုင်းခြင်းတို့ကို ဖော်ပြသည်ဟု ဆိုနိုင်ပါသည်။    ဗိုလ်ချုပ်အောင်ဆန်းသည် (၁၃ဝ၈)ခုနှစ်၊ တပေါင်း လဆန်း(၄) ရက်၊  ခရစ်နှစ် (၁၉၄၇)ခု၊
ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ရန်ကုန်မြို့  ၊ မြို့  တော်ဝန်ခန်းမ၌ ကျင်းပသော ပထမပြန်ဘွဲ့နှင်းသဘင်တွင်  မြန်မာနိုင်ငံတော် အမှုဆောင်
ဝန်ကြီးများအဖွဲ့၊  ဒုတိယဥက္ကဋ္ဌ အနေဖြင့် သာသနာရေးနှင့်ပတ်သက်၍ သူ့ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားခဲ့လေသည်။

                           `` ဒီနေ့.. ဆုနှင်း သဘင်ကြီးမှာ လာရောက် စကားပြောရတာဟာ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတိုင်း
ဝတ္တရားနှင့် လာရောက်ပြောရခြင်း ဖြစ်ပါတယ်။  ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူ မှန်သမျှ  ဘုရား၊ တရားကို အမြဲတမ်း..... ရိုသေကိုင်းရှိုင်းကြ
ပါတယ်။ ယုံကြည်ကြတယ်လို့လည်း ယူဆမိပါတယ်။  တပည့်တော်လဲငါးပါးသီလကိုအမြဲဆိုသလိုစောင့်ထိန်းခဲ့ပါတယ်။  ဒါပေမယ့်စစ်သား
ဖြစ်လို့ စစ်တိုက်တဲ့ အခါမှာတော့ ငါးပါးသီလကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။  များသောအားဖြင့်  လူတွေဟာ ဘုရားတရားကို ဆည်းကပ်ခြင်း
မရှိဘဲ၊  ဒုက္ခတွေ့ ချိန်ကျမှ ဘုရားတရားကို ပိုပြီး သတိရကြပါတယ်။  ဒီလိုပါပဲ၊ နိုင်ငံရေးသမားများကလည်း ရွေးကောက်ပွဲ နီးလာပြီဆိုရင်
ဘာသာတရားကို ဆည်းကပ်ကြတယ်။  သတိရကြတယ်။  တပည့်တော်ကိုလည်း ရွေးကောက်ပွဲနီးလာလို့ လာပြီး ကပ်တယ် ထင်မှာ စိုးတဲ့
အတွက် ခုမှပဲလာရခြင်း ဖြစ်ပါတယ်။
                             ပထမပြန်စာမေးပွဲဟာ ရှေးမြန်မာမင်း လက်ထက်ကစပြီး ဗုဒ္ဓဘာသာသနာတော်မှာ အကြီးဆုံး စာမေးပွဲ ဖြစ်တယ်။
အင်္ဂလိပ်အစိုးရ လက်ထက် ရောက်တဲ့ အခါမှာလည်း ပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်တယ်။  ကျင်းပရခြင်း အကြောင်းက မင်းတို့ ရဲ့ ..
ပရိယာယ်အရ ကျင်းပပေးခြင်းဖြစ်ပါတယ်။  အုပ်ချုပ်တဲ့အခါမှာ ဘာသာရေးနဲ့ပတ်သက်ပြီး အယူစွဲနေတာကိုသိလို့ ကျင်းပတာပဲ။  ဥရောပ
တိုက်မှာ နှစ်ပေါင်း သုံးဆယ်ကျော်လောက်က ဘာသာရေးနှင့် ပတ်သက်ပြီး စစ်ပွဲကြီးဖြစ်ခဲ့တယ်။  ဘာသာမတူတဲ့အတွက် တိုင်းပြည်တစ်
ပြည်နဲ့တစ်ပြည် တိုက်ခိုက်ကြတယ်။  နောက်ဆုံးကျတော့.. သင်ခန်းစာတစ်ခုရသွားပြီး၊  ဘာသာရေးနဲ့ ပတ်သက်လို့  လွတ်လွတ်လပ်လပ်
ကိုယ့်ဆန္ဒအတိုင်း ကိုယ်ယုံကြည်ရာ ဘာသာကိုယူနိုင်တဲ့ ထုံးတမ်းတစ်ရပ် ဖြစ်လာတယ်။  ဗုဒ္ဓဘာသာထဲမှာ.... လူတစ်ပိုင်း ဖြစ်နေတာကို
တပည့်တော်တို့ မကြိုက်မနှစ်သက်ပါဘူး..။ တပည့်တော် ဘုန်းကြီးလုပ်ဖို့ နှစ်ခါတောင် စိတ်ကူးခဲ့ပါသေးတယ်။ မအောင်မြင်ဘူး။ မအောင်
မြင်တာဘဲခပ်ကောင်းကောင်း..။ မြန်မာပြည် မလွတ်လပ်သမျှ ကျွန်လူမျိုးဘဝနဲ့ရှိတဲ့အခါမှာကျွန်သာသနာဘဲ ဖြစ်နေတယ်။  ကျွန်နိုင်ငံဖြစ်
နေသမျှ ကာလပတ်လုံး သာသနာတော်ဟာ မကြီးပွားနိုင်ဘူး။ ခေတ်ပြောင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လျှောက်ထားပါရစေ..။  ခေတ်
ပြောင်းလာတဲ့ အတွက် ဗုဒ္ဓဘာသာဝင်များ ပိုမို နားလည်လွယ်အောင် ပါဠိဘာသာနဲ့ ထုတ်ဝေထားတဲ့အဖိုးတန်ကျမ်းဂန်များကို မြန်မာစာနဲ့
ပြန်ဆိုရေးသား ပြောင်းလဲရရင် ဗုဒ္ဓဘာသာဝင်တို့ဟာ ဘုရား၊ တရား၊ သံဃာ အကြောင်းတွေ ပိုပိုနားလည်လာလိမ့်မယ်။ ဥပမာ-သြကာသ
ဆိုတဲ့ပုဒ်ရဲ့အနက်အဓိပ္ပာယ်ကို တချို့  မသိကြပါဘူး။ မြတ်စွာဘုရားသခင် ကျင့်ထုံးများကိုလည်း သာသနာတော်ကြီး ထွန်းကားလာအောင်
သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ပွဲတစ်ခုလို့ ယူဆမိပါတယ်...။ နောက်ဆုံး တင်ပြလျှောက်ထား လိုတာကတော့....  ယခုအခါ ရွေးကောက်ပွဲတွေ
နီးလာပြီ။  သာသနာတော်ကြီး ကြီးပွားတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စကားနဲ့ ဆွယ်တရားဟောပြောကြတဲ့ လူ၊ ပုဂ္ဂိုလ်များကို သတိထား
ကြပါ။   တကယ်တမ်း လွတ်လပ်ရေးကို  ဆောင်ရွက်တဲ့  လူ၊ ပုဂ္ဂိုလ်များကိုတော့  အားပေးချီးမြှောက်ကြပါ...´´ ဟုလျှောက်ထားခဲ့ကြောင်း
သိရှိရပါသည်။

                         ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္မလောက မဂ္ဂဇင်း (The World of Books) တွင်ပါရှိသော ( Burma And Buddhism,
by Aung San)   ``မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ´´ ဟူသောဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ဆောင်းပါးအား (၆-၇-၂၀၁၀)ရက်၊တနင်္ဂနွေ
နေ့ထုတ် Monitor မဂ္ဂဇင်းတွင်  ကောက်နှုတ်ဖော်ပြထားကြောင်း သိရှိရပြီး  မြန်မာနိုင်ငံနှင့်  ဗုဒ္ဓဘာသာ အပေါ်တွင် ထားရှိသောဗိုလ်ချုပ်
အောင်ဆန်း၏ အမြင်အား  ဗဟုသုတအလို့ငှာ ဆက်လက် ဖော်ပြအပ်ပါသည်။
                        ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးတွင်သာ ကြေညက်ခြင်း မဟုတ်ပဲ ဘာသာရေးတွင်လည်း  ကြေညက်ကြောင်းအား
ဤဆောင်းပါး ၌ ဖေါ်ညွှန်းထားပါသည်။   ဗိုလ်ချုပ်သည် မျက်မှောက်အခြေအနေနှင့် အံဝင်ခွင်ကျမရှိသော မှိုတက်ပစ္စည်းများအားအမှိုက်
တောင်းထဲ စွန့် ပြစ်ရမည်ဖြစ်ကြောင်း၊  အမှိုက်ကဲ့သို့ ဖြစ်နေသော.. ရှေးရိုး အစဉ်အလာများ ရှိသကဲ့သို့   ထိန်းသိမ်းသင့်သော.. ရှေးရိုးစဉ်
အလာများလဲ ရှိခြင်းကြောင့် ခြေရာလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု မှာကြားခဲ့ကြောင်း၊  ပြင်ဆင်စရာ ရှိသည်ကို  မပြင်ဘဲ
ဖက်တွယ်နေသူများနှင့် မြန်မြန်ဆန်ဆန် ပြောင်းလဲချင်သူ ဟူသော အစွန်းနှစ်မျိုးရှိရာတွင် ဗိုလ်ချုပ်သည် ဗုဒ္မလမ်းစဉ်အတိုင်း မဇ္ဇျိမပဋိပဒါ
(အလယ်အလတ်) လမ်းစဉ်တွင် ရပ်တည်ကြောင်း၊ ဗုဒ္မဘာသာသည်သိပ္ပံနည်းကျဖြစ်သည်ကိုဗိုလ်ချုပ်ကလက်ခံကြောင်း၊ဗုဒ္ဓဘာသာသည်
ဝေဖန်ရေးကို လက်သင့်ခံကြောင်း၊ ဗုဒ္မကိုယ်တော်တိုင်မျက်စိမှိတ်မယုံကြရန် ဟောကြားခဲကြောင်း။ ကလေး ဘ၀ကတည်းကကြားဖူးနားဝ
ရှိခဲ့သဖြင့်လည်း လက်မခံနှင့်......။ မိဘရိုးရာ (မိရိုးဖလာ) ဟူ၍လည်း လက်မခံပါနှင့်.......။ အခြားတယောက်မှ ဤသို့ဆိုပြီးပြောရုံမျှနှင့်လဲ
လက်မခံပါနှင့်..... ။ ဤအယူဝါဒသည် ငါတို့ သင်ယူနေသော ကျမ်းစာနှင့် ညီသည် ဟူ၍လည်း လက်မခံပါနှင့်.......။ ဤသူကား ယုံကြည်
ထိုက်သောသူဟူ၍လဲ ထိုသူပြောစကားကို လက်မခံပါနှင့်.....။ ငါတို့ ၏ အတွေးအခေါ်နှင့်တူညီသည်ဟုလဲ လက်မခံပါနှင့်...... ။ ကိုယ်တိုင်
တတ်သိနားလည်ကျင့်ကြံပြီးမှသာလျှင် လက်သင့်ခံရမည်ဟု.မြတ်ဘုရားဟောကြားတော်မူခဲ့သော ``ကာလာမ´´သုတ်တော်အားကိုးကား၍
ဗိုလ်ချုပ်သည် ထပ်ဆင့် ညွှန်ကြားထားခဲ့ကြောင်း... ၊ မြန်မာနိုင်ငံသည် ရာစုနှစ်နှင့် ချီသည့် ဗုဒ္မဘာသာနိုင်ငံ ဖြစ်ပါလျှက်  အဓိကကျသည့်
အနှစ်သာရကို မသိကြကြောင်း...၊ဤကာလာမသုတ်ကဲ့သို့စဉ်းစားချင့်ချိန်၍လက်တွေ့သိမြင်နိုင်သော ဝေဖန်ရေးအမြင် ခေါင်းပါးအားနည်း
နေသေးကြောင်း...။ မြန်မာလူမျိုး ဗုဒ္မဘာသာဝင်များ အနေဖြင့် ယခုထက်ပို၍ နက်နက်ရှိုင်းရှိုင်း တူးဆွ လေ့လာရမည်ဖြစ်ကြောင်း၊ သမန်
ကာ ရှန်ကာ အပေါ်ယံ ကျင့်ကြံနေရုံသက်သက်ဖြင့် ကျေနပ်မနေသင့်ကြောင်း၊ အချို့သောပွဲတော်များအတွက်အနှစ်သာရကိုတွေးခေါ်တတ်
ရမည်ဖြစ်ကြောင်း၊ အချို့သော ပွဲလမ်းသဘင်များသည် ပညာမဲ့ သူများအား ပွဲလမ်းသဘင်ခင်းပြီး ဆွဲဆောင်ခြင်း ဖြစ်သည်ဟု မြင်ကြောင်း
ခေတ်သစ်ကြီးကို ရောက်ရှိနေပြီဖြစ်သဖြင့်လက်ရှိခေတ်နဲ့ မလျှော်ညီသော၊အဓိပ္ပါယ်ကင်းမဲ့သောကိစ္စရပ်များကိုတားမြစ်ရမည်ဖြစ်ကြောင်း၊
မြန်မာပြည် ဖွံဖြိုးတိုးတက်စေချင်လျှင် ခေတ်နှင့်မလျှော်ညီသော၊ အဓိပ္ပါယ်ကင်းမဲ့သော မိရိုးဖလာယဉ်ကျေးမှုဆိုသည်များအား၊ အမြစ်က
နေ ဖျက်ဆီးပြစ်ရမည်ဖြစ်ကြောင်း.....။  ဟောင်းနွမ်းရွတ်တွနေသော အတွေးအခေါ်များအား မြေလှန်ခြေမှုံးပြစ်ရမည်ဖြစ်ကြောင်း....။ ဤ
သည်ပင် မြန်မာလူမျိုးတိုင်း၏ တာဝန်လဲ ဖြစ်ကြောင်း......။ ဗုဒ္မဘာသာဝင်တိုင်းသည် ဗုဒ္မဘာသာတွင်အရေးကြီးပါဝင်နေသောဝေဖန်ဆန်း
စစ်မှုစိတ်ဓါတ်ကို မြှင့်တင်လေ့ကျင့်ရမည် ဖြစ်ကြောင်း..... ဗိုလ်ချုပ်အောင်ဆန်းသည် ကိုယ်တိုင် ဆောင်းပါးရေးသားထားခဲ့ကြောင်း သိရှိ
ရပါသည်။

                          ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်မီသော အတွေးအမြင်၊ ဘာသာရေး အသိအမြင်  လေးနက် ကြွယ်ဝမှု၊ ဘာသာရေးနှင့်
နိုင်ငံရေး ရောထွေးနိုင်မှုများနှင့် ခုတုံးလုပ်နိုင်မှုများအား ကြိုတင် မြင်တွေ့ခဲ့ပုံများကို  ဗဟုသုတအလို့ငှာ ဤဆောင်းပါးဖြင့် ဂုဏ်ပြုတင်ပြု
အပ်ပါသည်။
( ရတနာပုံသတင်းစာ (http://mandalaygazette.com ) တွင်  ဖော်ပြထားသော ``ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော  သာသနာ´´
ဆောင်းပါး နှင့် My world (phyophyohlaing.com) တွင်ဖော်ပြပါရှိသော   ``မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာအပေါ် ဗိုလ်ချုပ်အောင်ဆန်း
အမြင်´´ ဆောင်းပါးတို့အား မှီငြမ်း ကူးယူ တင်ပြအပ်ပါသည်...)

0 ကွန်မန့်ရေးရန်:

Post a Comment