Wednesday, May 30, 2012
ကျွန်တော် လူလိမ် ( ၂ )
  မဟာဗန္မုလ ပန်းခြံရှေ့  ကားမှတ်တိုင်တွင် ကျွန်တော်ကားစောင့်နေစဉ်
ဆူးလေဘုရားဘက်မှအသက် ၂၀ ကျော်ခန့် မိန်းကလေးတစ်ယောက်
ကားလမ်းကူးလာတာကိုကျွန်တ်ာသတိထားမိသည်။ စလွယ်သိုင်းအိပ်ကလေးကိုလွယ်ထားသည်။
နေ့ လည်ခင်း ၃ နာရီခန့် မို့ နေပူရှိန်ကလည်းမသေး။လူသွားလူလာကလည်းနဲပါးသည် ။
ထိုမိန်းကလေးသည်ကားလမ်းကူးလာပြီး လမ်းအလယ်ပလက်ဖောင်းတုံးပေါ်မှ ကျွန်တော်ရှိရာ
ပန်းခြံဘက်သို့ အဆင်း ခြေခေါက်ပြီး လမ်းမပေါ်သို့ ပြစ်လဲကျသွားတာကိုတွေ့ လိုက်ရသည် ။
ကျွန်တော်ကောင်မလေးနား အပြေးအလွှားရောက်သွားပြီး ။
** ဘယ်လိုဖြစ်သွားတာလဲ ကျွန်တော်ဘာအကူအညီပေးရမလဲ ပြောပါ**
ကောင်မလေးကဘာမှမပြော ကျွန်တော့်ကိုမော့ကြည့်ပြီးသူ့ ခြေထောက်ကိုလက်ညှိုးထိုးပြသည် ။
လက်တစ်ဖက်ကနားထင် ၂ နှစ်ဖက်ကိုဖိထားသည်။ ကျွန်တော်ကောင်မလေးခြေထောက်ကိုကြည့်လိုက်တော့။
ကြိုးသိုင်းဒေါက်ဖိနပ်လေး ဒေါက်ကလဲသိပ် မမြင့်ပါ ၂ လက္မခန့် ပဲရှိပါသည် ။ဒေါက်လည်းပြုတ်ထွက်မသွားပါ။
ဖိနပ်ကလည်းစီးလျှက်သား ကျွန်တော်ကောင်မလေးကိုကြည့်လိုက်တော့ ခြေထောက်ကိုပဲ လက်ညှိုး ။
ထပ်ထိုးပြပြီး ပြောလိုက်သည် ။
** ဦးလေး သမီးဘိနပ်ကိုချွတ်ပေးပါ **
ကျွန်တော်ကောင်မလေးဘိနပ်ကိုချွတ်ပေးလိုက်ပါသည် ။ နောက်မှသိုင်းထားသောကြိုးရာက  ။
ဖနောင့်တွင်နီရဲနေသည် ။ ဒီထက်ဆိုးသည်က ခြေမျက်စိနေရာတွင် ချက်ချင်းယောင်လာခြင်းဖြစ်သည်။
ကျွန်တော်ယောင်နေသောနေရာကိုလက်နှင့်အသာဖိကြည့်တော့။
** အားဦးလေးကြီး  အရမ်းနာတယ် **
ကောင်မလေးမျက်နှာရှုံ့ မဲ့ သွားပြီးငိုမဲ့မဲ့နှင့်ပြောသည်။ ကျွန်တော် ကောင်မလေးဘယ်ဘက်လက်မောင်းကိုကိုင်ပြီး။
ဆွဲထူလိုက်သည် ။ကောင်မလေးကလည်းအားယူပြီးမတ်တပ်ရပ် လိုက်သည် ။
** အာ ဦးလေးကြီး ခြေထောက်ကထောက်လို့ မရတော့ဘူး **
ပြောလည်းပြော သူ့ ညာလက်နှင့်ကျွန်တော့်ပုခုံကိုလှမ်းဆွဲလိုက်သည်။ကျွန်တော်ပြန်ထိမ်းပေးလိုက်ပြီး ။
** ခဏလောက်ရပ်ကြည့်ပါဦး ရမလားလို့ **
** မရဘူးဦးလေးကြီးရ ခြေထောက်က လုံးဝကိုထောက်လို့ မရတော့တာ အရမ်းနာတယ် **
ပြောသံလေးကြားတော့သနားမိသည် ။ စိတ်မကောင်းလည်းဖြစ်သွားသည် ။
ကျွန်တော်သူ့ လက်မောင်း ၂ဖက်ကိုထိမ်းကိုင်ပေးပြီး ပလက်ဖောင်းပေါ်ပြန်ထိုင်ခိုင်းလိုက်သည် ။
တက္ကဆီတစ်စီးကိုတားလိုက်ပြီး ကောင်မလေးကိုနောက်ခန်းတွင်ထိုင်စေသည် ။ ကျွန်တော်ကရှေ့ခန်းတွင်ဝင်ထိုင်လိုက်ပြီး။
ကားဆရာအား အနီးဆုံးဆေးခန်းတစ်ခုသို့ မောင်းခိုင်းလိုက်ပါသည်။ဆေးခန်းမှဆရာဝန်ကစမ်းသပ်ပြီး ။
** ခြေခေါက်သွားတာပါ အရိုးကိုမထိပါဘူး ။ဆေးလိမ်းပြီးပတ်တီးစည်းပေးလိုက်ပါတယ် ။
နောက် ၂ရက်လောက်ဆိုရင်ကောင်းသွားမှာပါ ။ ဘာမှမစိုးရိမ်ပါနဲ့ **
** ဟုတ်ကဲ့ ကျေးဇူးပါဒေါက်တာ **
ဆေးဘိုးကျသင့်ငွေရှင်းပေးပြီး ပြန်ထွက်လာတော့ ကျွနမ်တော်စောင့်ခိုင်းထားသောတက္ကဆီဆရာကိုတွေ့ ရသည်။
ကောင်မလေးလည်း ဆေးလိမ်းပတ်တီးစည်းလိုက်သဖြင့်ဖြေးဖြေးတော့လမ်းလျှောက်နိုင်သွားသည်။
သို့ သော် ကျွန်တော်ကတော့တွဲထားရသေးသည် ။
** ကဲမင်းဘယ်မှာနေတာလဲပြောတက္ကဆီနဲ့ တင်ပေးလိုက်မယ်။ကိုယ်တော့မလိုက်တော့ဘူး**
ကောင်မလေးက အလုံမြို့ နယ်လိပ်စာတစ်ခုကို တက္ကဆီဆရာအားပြောလိုက်သည် ။
ကျွန်တော်ကောင်မလေးကိုတွဲပြီးကားပေါ်တင်ပေးလိုက်ပါသည်။ ကားတံခါးကိုပိတ်မည်အလုပ် ။
** နေဦး ဦးလေးကြီး  **
ကောင်မလေးက သူ့ ဘေးလွယ်အိပ်လေးထဲမှ ဘောပင်ထုပ်ပြီးစာရွက်တစ်ရွက်ပေါ်တွင် ဖုန်းနံပါတ်တစ်ခုကိုရေးပြီး။
ကျွန်တော့်ကိုလှမ်းပေးလိုက်ပါသည် ။ နှုတ်မှလည်း ပြောသည် ။
** ခုလိုကူညီတာကျေးဇူး အရမ်းတင်ပါတယ် ဦးလေးကြီးဖုန်းဆက်ဖြစ်အောင်ဆက်ပါနော်**
ကျွန်တော်ခေါင်းညိတ်ပြလိုက်ပြီး စာရွက်ကိုလှမ်းယူကါ တံခါးကိုပိတ်ပေးလိုက်သည်။
တက္ကဆီကားလေးမျက်စိအောက်ကပျောက်သွားသည်အထိ လိုက်ကြည့်နေမိသည် ။
၃ ရက်လောက်ကြာတော့ ကောင်မလးကိုသတိယသဖြင့်အများသုံးဖုန်းရုံလေးမှ သူပေးထားသောနံပါတ်ကိုခေါ်ကြည့်လိုက်သည်။
** ဟလို ဘယ်သူလည်းမသိဘူး **
** ကျွန်တော် ဟိုတစ်နေ့ ကချော်လဲတဲ့ကောင်မလေးက ဖုန်းနံပါတ်ပေးခဲ့လို့ ခေါ်ကြည့်တာပါ **
အဒေါ်ကြီးတစ်ယောက်ရဲ့ အသံကိုကြားရသည် ။
**ဟုတ်ကဲ့ ခဏလေးကိုင်ထားပါရှုင်  ။ သမီးသီရိရေ ဖုန်းလာနေတယ် **
ဖုန်းထဲမှအသံကြောင့် ကောင်မလေးနာမည် သီရိ ဆိုတာကျွန်တော်သိသွားသည်။
ကောင်မလေးအသံ ကျွန်တော့်နားထဲဝင်လာသည် ။
** ဟလို **
** သီရိ ခြေထောက်သက်သာသွားပြီလား **
** ဦးလေးကြီး  ဦးလေးကြီးပါနော် **
** အင်းဟုတ်တယ်လေ သီရိရဲ့ ကိုယ်ပါ **
** အင် ဒါဆို ဦးလေး ကြီးက သီရိနာမည်ကိုဘယ်လိုလုပ်သိနေတာလဲ **
** သြော်ခုနက ဖုန်းထဲကနေသီရိနာမည်ကိုခေါ်သံကြားလိုက်လို့ ပါ **
** အင်းဦးလေးကြီးကမဆိုးဘူးပဲ မနေ့ ကဆက်မလားလို့ မျှော်နေတာ **
** ဆက်မလို့ ပဲ မနေ့ ကအလုပ်များနေလို့  ကဲ ပြောပါဦး ခြေထောက်ကဘယ်လိုနေသေးလဲ **
** ဆရာဝန်ပေးတဲ့ဆေးကို မနက်တစ်ခါညတစ်ခါလိမ်းလိုက်တာကောင်းသွားပြီ **
** အင်းဒီလိုကြားရတာကိုယ်ဝမ်းသာပါတယ် **
** ဦးလေးကြီး မေးရဦးမယ် ဘာအလုပ်လုပ်တာလဲ **
** ပန်းဆိုးတန်းလမ်းက ကုမ္မဏီတစ်ခုမှာပါ **
** ပြောဦးလေ ကုမ္မဏီနာမည် **
ကျွန်တော်က နာမည်တစ်ခုပြောပြလိုက်ပါသည်။
** အလုပ်ကဘယ်အချိန်ပြန်လဲ ဦးလေးကြီး**
** ညနေ ၆ နာရီမှပြန်ရတယ် **
** တနင်္ဂနွေပိတ်လား **
** တစ်ခါတစ်လေမှဆင်းရတယ် မမှန်ပါဘူး **
** အင်းဒါဆိုရင်ဦးလေးကြီးကိုသီရိလာတွေ့ မယ်  ပြီးတော့ ကြွေးလည်းလာဆပ်ချင်တယ် **
** ဟာမလုပ်ပါနဲ့ ပြန်ဆပ်စရာမလိုပါဘူး ကိုယ်ကကူညီတာပါ **
** အင်းဒါဆိုရင်လည်းကျေးဇူးပဲနော် သီရိဖုန်းချလိုက်တော့မယ် ဦးလေးကြီး တာ့တာ **
ဒီလိုနဲ့ ၂ ပတ်လောက်အကြာကျွန်တော်ရုံးဆင်းချိန် ။
** ဦးလေးကြီး  သီရိဦးလေးကြီးကိုလာတွေ့ တာ **
ကျွန်တော်ကပြုံးပြလိုက်ပြီး ။
** သီရိတစ်ယောက်ထဲလား  လာလည်တယ်ဆိုတော့ ကျွေးမွေးရဦးမှာပေါ့လေ ဘာစားခဲ့ပြီလဲ **
ကျွန်တော်ကအဲ့ဒီလိုမေးတော့ ရှက်ကိုးရှက်ကန်းမျက်နှာလေးနဲ့  ။
** အဟီး နေ့ လည်ကတည်းကထွက်လာတာဆိုတော့ ဗိုက်တော့ နဲနဲ ဆာနေသလိုပဲ **
** ကဲပါနဲနဲ တော့ဆာမနေပါနဲ့  များများပဲဆာလိုက်ပါ ။ ကဲသွားရအောင် **
ကျွန်တော်တို့  ၂ယောက်စားသောက်ဆိုင်ထဲဝင်လိုက်ပြီး စားချင်တာများမှာလိုက်သည် ။
ထမင်းစားနေရင်း သီရိကမေးသည် ။
** ဦးလေးကြီး နာမည်ဘယ်လိုခေါ်လဲ **
** ကိုယ့်နာမည်  မောင်မောင်  **
** ဒါဆိုရင်သီရိက ဦးလေးကြီးကို ဦးမောင်လို့ ပြောင်းခေါ်မယ် **
ကျွန်တော်က ခေါင်းညိတ်ပြလိုက်ပါတယ် ။ စားသောက်ပြီးတော့သီရိက ကျွန်တော့်ကိုပိုက်ဆံတွေကမ်းပေးပါတယ်။
** ဘာလုပ်တာလဲသီရိ **
** ကြွေးဆပ်တာလေ **
**နေပါစေ ဦးမောင်မယူဘူးလို့  သီရိကိုပြောပြီးပြီလေ **
** မရဘူးဖေဖေ နဲ့ မေမေ ကပေးခိုင်းလိုက်တာ **
** မယူပါဘူးဆို **
** မရဘူးနော် ဦးမောင်ယူရမယ် **
ဇွတ်တရွတ်ပိုက်ဆံထိုးပေးနေသောကြာင့် ဘယ်လိုလုပ်ရမှန်းမသိတော့ ။ ထို့ နောက် ။
** ကဲဒါဆိုရင်လည်း ဒီပိုက်ဆံကို ဥိးမောင်ကသီရိကိုမုန့် ဖိုးပေးတယ်လို့ သဘောထားလိုက် ။။
ပြီးတော့သီရီက  အခုစားတာတွေကိုရှင်း ဘယ်လိုလဲမကောင်းဘူးလား **
** ဒီလိုဆိုရင်လည်းမဆိုးပါဘူး ကျေနပ်တယ် အဟီး ဥိးမောင်ကသဘောကောင်းသားပဲ ။
ဒါပေမဲ့ ပြောရဦးမယ် ဒါသီရိကျွေးတာဆိုတော့နောက်တစ်ခါစားရင်ဦးမောင်ရှင်းရမယ်နော် **
ဟား ဟား ဟား ဟား
ကျွန်တော်သဘောကျစွာရယ်မောရင်း စိတ်ထဲမှလည်းတွေးနေမိပါ သည်။
အင်း တော်တော်လည်တဲ့ချာတိတ် မလေးပဲ ။
** ကဲသီရိပြန်တော့ ကားငှားပေးလိုက်မယ် မိုးချုပ်နေပြီ **
** ဟင့်အင်း သီရိဆူးလေဘုရားသွားချင်သေးတယ် ဦးမောင်လိုက်ပို့ ပေး **
ကျွန်တော်တို့   ၂ယောက်ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားဖက်သို့ လမ်းလျှောက်ခဲ့ကြသည် ။
လမ်းကူတော့ကျွန်တော်သီရိလက်ကလေးကိုလှမ်းဆွဲလိုက်ပြီး ဘုရားဖက်ရောက်တော့မှလက်ကိုပြန်လွှတ်ပေးလိုက်သည်။
ဘုရားဖူးပြီး ကျွန်တော်တို့  ၂ယောက် ဘုရားတစ်ပတ်လမ်းလျှောက်ကြပါသည် ။
ကျွန်တော်ကမေးလိုက်ပါသည် ။
** သီရိ အသက်ဘယ်လောက်ရှိပြီလဲ **
** ၂၂ နှစ်ဦးမောင် **
** ဦး မောင်ရော **
** ဦးမောင်က  ၃၂ နှစ် **
** ဟာ သီရိထက် ၁၀ နှစ်တောင်ကြီးတာပဲ **
** ဦးမောင်မေးမယ်နော်  ဥိးမောင်မှာ မိန်းမရှိလားဟင် **
** မရှိပါဘူးသီရိရဲ့  အမေပဲရှိတော့တယ်  ဦးမောင်အဖေ ကဦးမောင် ၁၅ နှစ်သားလောက်က ဆုံးသွားပြီ **
** သြော် ဒါဆိုရင် ဦးမောင်က အမေတစ်ခုသားတစ်ခုပေါ့နော် **
ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ သီရိရဲ့  အပျော်မျက်နှာလေးကိုတွေ့ လိုက်ရသည် ။
** ဦးမောင် အိမ်နားမှာ ဖုန်းမရှိဘူးလား **
** ဘာလုပ်မလို့ လဲ သီရိရဲ့ **
** ဟိုလေ တနင်္ဂနွေတစ်ခါတစ်လေ သီရိအပြင်သွားချင်ရင် ဦးမောင်ကိုခေါ်မလို့  **
ကျွန်တော်က အိမ်ရှေ့ အိမ်မှဖုန်းနံပါတ်ကိုပြောပြလိုက်ပါတယ် ။
** ဦးမောင်နာမည်ပြောပြီး ခေါ်ခိုင်းရင် ရတယ်မဟုတ်လား **
** အင်းရပါတယ် **
ကျွန်တော်နဲ့ သီရိအရမ်းရင်းနှီးလာကြပြီးအတူသွားအတူလာဖြစ်လာကြပါတယ် ။
ထူးခြားတာက တစ်ခါတစ်လေသီရိဟာ ခဏခဏ ခေါင်းကိုက်တတ်တာပါပဲ ။
ဒီလိုနဲ့  ၆ လလောက်အကြာ ဖုန်းလာလို့ လာခေါ်တာကို နားထောင်ကြည့်တော့ သီရိဖြစ်နေပါတယ် ။
** ဦးမောင်သီရိပါ **
** သီရီ ခုမှ ( ၈  ) နာရီပဲရှိသေးတယ် **
** ဟုတ်တယ်ဦးမောင်  သီရိကို ၁၀ နာရီတိတိ သိမ်ကြီးဈေး မှတ်တိုင်မှာလာစောင့်။
 သီရိဒီနေ့  ရွှေတိဂုံဘုရားသွားချင်တယ်  လိုက်ပို့ ပေးနော် **
** အင်းလာခဲ့လေ ဦးမောင်စောင့်နေမယ် **
** အိုကေ ဦးမောင်နောက်မကျစေနဲ့ နော် **
** စိတ်ချ ပါ **
ကျွန်တော်တို့  ၂ယောက် ရွှေတိဂုံဘုရားရောက်တော့ ၁၂ နာရီတိတိ ။ဘုရားကို လမ်းပတ်လျှောက်နေစဉ် ။
နေပူသဖြင့် ကျွန်တော်သီရိကိုထီးဆောင်းပေးလိုက်သည် ။ သီရိက ကျွန်တော့်လက်မောင်းကိုကိုင်ထားသည် ။
လမ်းလျှောက်နေရင်းသီရိကခြေလှမ်းရပ်လိုက်ပြီး သူ့ ဘယ်လက်ကလေးနှင့် နားထင် ၂ဖက်ကိုညှစ်လိုက်သည် ။
** သီရိ ခေါင်းကိုက်လို့ လား လာဟိုခေါင်းလောင်းကြီးမှာသွားထိုင်ရအောင် **
ပြောလည်းပြောသီရိကိုတွဲ ပြီးခေါင်းလောင်းကြီးရှိရာသို့  ခေါ်လာခဲ့ပါသည် ။ တိုင်တစ်တိုင်မှာမှီထိုင်ရင်း ။
ကျွန်တော်က သီရိပုခုံးလေးကိုဖက်ထားပေးလိုက်ပါသည် ။သီရိကကျွန်တော့်ပုခုံးကိုခေါင်းမှီပြီးမျက်လုံးမှိတ်ထားပါသည်။
ကျွန်တော် သီရိမျက်နှာလေးကို သေသေခြာခြာကြည့်နေမိပါသည် ။ ပုခုံးကျော်ကျော်၇ှိသောဆံပင်လေးကို ဘေးခွဲခွဲထားပြီး။
မျက်တောင်ကော့လေးများ နှာတံစင်းစင်း နှုပ်ခမ်းပါးပါး လေးနှင့်အပြစ် ပြောစရာမရှိအောင်ချောမောသူလေးမှန်း သတိထားမိလိုက်ပါသည်။
၁၅ မိနစ်လောက်ကြာတော့မှ  သီရိက ကျွန်တော့်ပုခုံးကိုမှီထားရင်းမော့ကြည့်ကာ ။
** ဦးမောင် ဘာကြည့်နေတာလဲ **
ကျွန်တော်သီရိမျက်နှာလေးကိုခိုးကြည့်နေတုံး အမေးခံရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ။
** ဟို လေ ဘာမှမကြည့်ပါဘူး သီရိကိုကြည့်နေတာ **
** ကြည့်ပြောပုံကိုက ဦးမောင်သီရိကိုကြည့်နေတာ သီရိသိပါတယ်နော် **
** အဟဲ ဟိုလေ ဦးမောင်က သီရိကို စိုးရိမ်လို့  ကြည့်နေမိတာပါ **
သီရိကပြုံးပြီး ကျွန်တော်နဲ့ လူချင်းခွာလိုက်ပါတယ် ။ ကျွန်တော်ကမေးလိုက်ပါတယ် ။
** သက်သာသွားပြီလား **
သီရိကခေါင်းညိတ်ပြီး မတ်တပ်ထရပ်လိုက်ပါတယ် ။ ကျွန်တော်လည်းထရပ်လိုက်ပြီး ။
** သီရိ ဘယ်သွားချင်သေးလဲပြော **
** အရှေ့ ဘက် မုဒ်ကဆင်းပြီး မြို့ ထဲမှာကြေးအိုးသွားသောက်မယ် **
ကျွန်တော်နှင့် သီရိအရှေ့ ဘက်မုဒ်ကဆင်းပြီးလမ်းလျှောက်လာစဉ် မှတ်တိုင်မရောက်ခင်မိုးကရွာလာပါတယ်။
သီရိကထီးကိုဖွင့်ပြီးဆောင်းလိုက်ပါတယ် ။ ထီး ကသေးတော့   ၂  ယောက်မလုံချင်  ။ ဒီလိုနဲ့ ကားမှတ်တိုင်ကိုရောက်လာပါတယ် ။
ဘတ်စကားမှတ်တိုင်မှာ အဒေါ်ကြီးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်သာရှိပါတယ် ။
မိုးကလည်းသည်း ကားကလည်းတော်တော်နဲ့ မလာနိုင် ။ မိုးအေးတော့ချမ်းလာလို့ ထင်ပါရဲ့  သီရိကိုယ်လေး ။
ကျွန်တော့်ရင်ခွင်ထဲဝင်လာပါသည် ။ ကျွန်တော်က သီရိကိုယ်လေးကိုအလိုက်သင့်ဖက်ထားပေးလိုက်ပါသည်။
သီရိက ကျွန်တော့်ကိုမော့ကြည့်ရင်းပြောလာသည် ။
** ချမ်းလာပြီဦးမောင်ရယ် **
ထိုအခိုက်ကျယ်လောင်သောမိုးချိမ်းသံကြောင့် သီရိလန်ု့  ပြီး ကျွန်တော့်ကိုဖက်လိုက်ပါသည် ။
ကျွန်တော်က တိုးတိုးလေးကပ်ပြီးပြောလိုက်ပါသည် ။
** မကြောက်ပါနဲ့  သီရိရယ် ဥိးမောင်တစ်ယောက်လုံးရှိပါတယ် သီရီကိုမိုးကြိုးမထိအောင်  ဦးမောင်ဖက်ထားပေးမှာပေါ့**
သီရိကကျွန်တော့်ကိုမော့ကြည့်ကာမျက်စောင်းထိုးပြီး ပြောပါသည် ။
** ဟင်း လူလည်ကြီး **
သီရိအပြောလေးကြောင့် ကျွန်တော်သီရိကိုယ်လေးကိုပိုပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါသည် ။
အဲဒီနေ့ က ကျွန်တော်တို့  ၂ယောက်စားခဲ့ကြတဲ့ ကြေးအိုးလေးကတော့ ချစ်သူဖြစ်သွားကြတဲ့အထိမ်းအမှတ်လေးပါပဲ။
ဒီလိုနဲ့ ချစ်သူဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ သီရိက ကျွန်တော့်ကိုလက်ထပ်ဖို့ တောင်းဆိုပါတယ် ။
မကြာခင်ချစ်သူများနေ့  ရောက်တော့မှာမို့  အဲဒီနေ့ မှာအမှတ်တရ ဖြစ်အောင်လက်ထပ်ချင်ပါသတဲ့ ။
ကျွန်တော်လည်းခေါင်းညိတ်ပြီးအဖြေပေးလိုက်ပါတယ် ။
ချစ်သူများနေ့ မရောက်ခင်တစ်ရက်အလိုမှာ သီရိကကျွန်တော့်ကို ဖုန်းဆက်ပြီးပြောပါတယ် ။
** ဦးမောင် မနက်ဖြန် ချစ်သူများနေ့ နော် အားလုံးအဆင်သင့်လုပ်ခဲ့ ။ သီရိတို့  တရားရုံး တစ်ခုခုမှာလက်ထပ်ကြမယ် **
** သီရိနဲ့ ဦးမောင်ဆုံခဲ့တဲ့ မဟာဗန္ဒူလ ပန်းခြံမှာစောင့်နေနော်သီရိလာခဲ့မယ် **
** အင်းစိတ်ချ သီရိ ဦးမောင်လာခဲ့မယ် **
သီရိ ဖုန်းချသွားပေမဲ့  ကျွန်တော် ဖုန်းခွက်ကိုကိုင်လျှက်သားငေးတိငေးငိုင် မနက်ဖြန်အတွက်ကိုတွေးပြီးစိတ်မကောင်းဖြစ်နေမိသည်။
ရင်ထဲတွင်လည်း လေးလံလာသည် ။ မသွားလို့ ကလည်းမဖြစ် ။
ကျွန်တော် ပန်းခြံထဲဝင်လာခဲ့သည် ။ လှမ်းကြည့်လိုက်တော့ ကျောက်တိုင်နားတွင်ကျွန်တော့်ကိုလက်လှမ်းပြနေသော သီရိကိုတွေ့ လိုက်ရသည် ။
သီရိကိုကြည့်လိုက်တော့ ထမီအပြောရောင် လေးနှင့် တီရှပ် အပြာရောင်လေးကိုဝတ်ဆင်ထားပြီးခေါင်းတွင်လည်း အပြောရောင် ။
ဖဲပြားပုံ ကလစ်လေးကို  နဖူးဘယ်ဘက်အပေါ်နားဆံပင်လေးတွင်ထိုးညှပ်ထားသည် ။ထို့ ကြောင့်သီရိမျက်နှာရှင်းရှင်းလေးနှင့် ။
တစ်မျိုးချစ်စရာကောင်းနေသည်။ ကျွန်တော်သီရိအနားကိုရောက်တော့ သီရိကပြုံးပြီးပြောသည်။
** သီရိ ၉နာရီခွဲ ကတည်းကရောက်နတာ ဦးမောင်အရင်ရောက်ချင်လို့ **
ကျွန်တော်ကပြန်ပြုံးပြလိုက်ပြီးပြောလိုက်ပါသည် ။
** သီရိဘာစားပြီးပြီလဲ တစ်ခုခု သွားစားရအောင် **
** မစားသေးဘူးဦးမောင် တရားရုံးကို အရင်သွားကြမယ် ပြီးတော့မှ ဆိုင်ကောင်းကောင်းတစ်ခုမှာစားရင်းနဲ့ စကားပြောကြတာပေါ့ **
ကျွန်တော်က ဘာမှမပြောပဲ ပြုံးရုံသာပြုံးပြနေသည်မို့  ။
** ကြည့် ဦးမောင်  သီရိပြောတာစိတ်မပါသလိုပဲ အေးတိအေးစက်နဲ့  **
** မဟုတ်ပါဘူးသီရိရယ် တရားရုံး မသွားခင် သီရိကိုဥိးမောင်ပြောစရာရှိတယ် **
** အင်းဒါဆိုရင်လည်းမြန်မြန်ပြော **
ကျွန်တော်က ဘာမှမပြောသေးပဲသီရိလက်လေးနှစ်ဖက်ကိုဆုတ်ကိုင်လိုက်ပြီး မျက်နှာလေးကိုစေ့စေ့ကြည့်နေလိုက်ပါတယ်။
ဒါဟာသီရိမျက်နှာလေးကို နောက်ဆုံးကြည့်ခြင်းဆိုတာသီရိတစ်ယောက်သိမည်မဟုတ်ပါ။
** ပြောလေဦးမောင် ဘာမှမပြောပဲနဲ့ သီရိကိုဘာလို့ ဒီလောက်ကြည့်နေတာလဲ **
ကျွန်တော်ဓါတ်ပုံတစ်ပုံကို အင်္ကျီအိပ်ထဲကထုတ်လိုက်ပြီး  သီရိလက်ထဲထည့်ပေးလိုက်ပါသည် ။
** ဟင်ဒါ ဥိးမောင်ပဲ  ဘေးကအမျိုးသမီးကဘယ်သူလဲဟင် ။ ဦးမောင်လက်မောင်းကိုကိုင်ပြီး ပုခုံးကိုမှိထားတယ်နော် **
ကျွန်တော် သီရီကိုမကြည့်ပဲမျက်နှာလွှဲပြီးပြောလိုက်ပါသည် ။
 **  ဘာ **
သီရိ  အံ့သြသည့်မျက်နှာဖြင့် ကျွန်တော့်ကိုကြည့်ပြီးပြောပါသည် ။
** ဦးမောင်  သီရိကိုနောက်နေတာလား ဒါနောက်စရာမဟုတ်ဘူးနော် သီရိကိုရှုင်းအောင်ပြော **
** ဟုတ်ပါတယ် အဲဒါ ဥိးမောင် ဇနီးပါ သီရိကိုအမှန်အတိုင်းပြောတာပါ **
** ဟင် ဒါ ဒါ ဆိုရင် သီရိကို ဦးမောင် ချစ်ခဲ့တယ်ဆိုတာကရော **
သီရိ အထစ်ထစ် ငေါ့ငေါ့နှင့် ကျွန်တော့်အင်္ကျီရင်ဘတ်ကိုဆွဲပြီးမေးပါတာ့သည်။မျက်ရည်များကလည်း စီးကျလာသည် ။
ကျွန်တော် သီရိငိုနေတာကိုမကြည့်ရက်သဖြင့် သီရိခေါင်းပေါ်မှကျော်ကာတစ်ခြားနေရာသို့ ကြည့်နေလိုက်ပါသည်။
** ပြောပြော အဲဒါကိုရှင်း ဦးမောင် ဘာလို့  သီရိကိုချစ်ခဲ့တယ်ဆို တာကိုပြော **
သီရိအသံကဒေါသကြောင့် အနည်းငယ်ကျယ်လောင်သွားသဖြင့် တစ်ခြားလူများစောင်းငဲ့ကြည့်သွားကြသည်။
** ဇနီး ရှိတာကိုလည်း ဘာကြောင့် ဖုံးကွယ်လိမ်ညာခဲ့တာလည်းပြော ဦးမောင် **
** ဒီလိုပါ သီရိရယ် ဦးမောင် သီရိနဲ့  အနေ နီးစပ်ပြီး ချစ်ခဲ့မိလို့ ခုလိုလိမ်ညာခဲ့ရတာပါ ။ ဒါပေမဲ့  ဦးမောင် သီရိကို ။
ဘာမှထိခိုက်နစ်နာအောင် မလုပ်ခဲ့ပါဘူနော် **
** ထိခိုက်တာတွေ နစ်နာတာတွေ သီရိ ဘာမှမသိဘူး စဉ်းလဲမစဉ်းစားချင်ဘူးဦးမောင် ။ မိန်းကလေးတစ်ယောက် ရဲ့ အချစ်ကို ။
လိမ်ညာခဲ့တာကိုက ဥိးမောင်အမှားပဲ  ဦးမောင်လူလိမ်ပဲ **
 ** ဟုတ်ပါတယ်သီရိရယ် ဦးမောင် လိမ်ညာခဲ့မိပါတယ် ကြိုက်သလိုလုပ်ပါ  ကြိုက်သလိုအပြစ်ပေးပါ **
ကျွန်တော့်စကားအဆုံး သီရိက ကျွန်တော့်အင်္ကျီကိုလွှတ်ကာ ကျွန်တော့်ကိုကျောခိုင်းလိုက်ပါသည် ။
** ဟား သီရိ ကတော့ဦးမောင်ကိုချစ်လိုက်ရတာ ဦးမောင်ကတော့သီရိကို **
ထိုသို့ ပြောပြီး  သီရိ ကျွန်တော့်ဖက်သို့  ဆတ်ကနဲလှည့်ပြီး ကျွန်တော့်အင်္ကျီ ရင်ဘတ်နေရာကို ။
 သူ့ဘယ်လက်နှင့်ဆုတ်ကိုင်လိုက်ပါသည် ။ သီရိညာလက်ဝါးမြောက်တက်သွားတာမြင်တော့ ကျွန်တော်မျက်လုံးမှီတ်ထားလိုက်ပါတော့တယ်။
စိတ်ထဲမှလည်း ပြောနေမိသည် ** ကျေနပ်အောင်ရီုက်ပါတော့သီရိရယ်**
ခဏ ကြာသည်အထိ ကျွန်တော့်ပါးပြင်ပေါ်လက်ဝါးရောက်မလာသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ။
ကျွန်တော့် မျက်နှာကိုစေ့စေ့ကြည့်နေသောသီရိ မျက်နှာလေးကိုတွေ့ လိုက်ရပြီး မျက်နှာပြင်တစ်ခုလုံးလည်းမျက်ရည်များနှင့်ရွှဲနစ်လျှက်၊
သီရိ နှုပ်ခမ်းကိုတစ်ချက်ကိုက်လိုက်ပါသည် ။ကျွန်တော့်ရင်ဘတ်ကို သူ့ လက်သီးဆုတ်နှင့်  ၄ ။ ၅ ချက် အားရအောင်ထုပြီး။
အောက်ပါအတိုင်းပြောကာ ပန်းခြံအတွင်းမှပြေးထွက်သွားပါတော့သည် ။
** ဦးမောင် လူလိမ်  ဦးမောင် လူလိမ်  ဥိးမောင်ကို မုန်းတယ် အရမ်းမုန်းတယ် **
သီရီထွက်သွားပြီး အတော်ကြာသည်အထိ ကျွန်တော် ပေပြီးရပ်နေမိသည် ။ လွန်ခဲ့သော ၂ ပတ်ခန့် က ။
သီရိ အဖေပြောသွားသောစကားများကိုကြားယောင်နေမိပါသည် ။
** မောင်မောင် မင်းနဲ့  ဦးသမီးချစ်နေကြတာ ဦးသိပါတယ်ကွာ ဒါပေမဲ့  မင်းကို ဥိးတစ်ခုပြောပြချင်ပါတယ် ။
ဦးသမီးလေးကရောဂါသည်လေးပါ  ၁၀  တန်းအောင်ပြီးကတည်းက တက္ကသိုလ်တောင်ဆက်မတက်ခိုင်းပဲ  ။
သူ့ ကိုနေချင်သလိုနေပါစေဆိုပြီးအလိုလိုက်ထားခဲ့တာ  မင်းနဲ့တွေ့ မှ ဘယ်လိုသံယောဇဉ် ဖြစ်သွားသလဲဆိုတာတော့ ။
ဦးလည်း မစဉ်းစားတတ်တော့ပါဘူးကွာ ။ ဒါပေမဲ့ ဆရာဝန်ကပြောထားတယ် သမီးလေးက အိမ်ထောင်ပြုလို့ မရဘူး ။
မင်းကိုလက်ထပ်ခိုင်းရင် ရှောင်ပေးပါကွာ **
** နေပါဦး ဦးရယ် သူကအိမ်ထောင်ပြုလို့ မရဘူးဆိုတော့ ဘာရောဂါလဲ ကျွန်တော့်ကိုပြောပြပါ **
** ဆရာဝန်က သမီးလေးကိုတောင် ရိုးရိုးခေါင်းကိုက်တာလို့ ပဲပြောထားတာ မင်း  သမီးလေးကို ပြန်မပြောပါဘူးလို့ ဦးကိုဂတိပေးပါ**
** ဟုတ်ကဲ့  ဂတိပေးပါတယ် ဦးရယ်ပြောပြပါ **
** သမီးလေးရဲ့ ရောဂါ က  ဦးနှောက်ကင်ဆာပါ **
** ဗျာ **
ကျွန်တော် ဘာမှ ဆက်ပြောနိုင်စွမ်းမရှိတော့ပါ ။ ဤ အကြောင်းသာ သီရိ သိခဲ့လျှင် ကျွန်တော့်ကို လူလိမ်ဟု ပြောဦးမှာလား။
နေပူထဲလမ်းလျှောက်များလျှင် ခေါင်း ခဏခဏ ကိုက်တတ်သောသီရိ မျက်နှာလေးကိုပြန်မြင်ယောင်နေမိသည် ။
သီရိကို ကျွန်တော်ပြခဲ့သော ဓါတ်ပုံ သည်လည်း ကျွန်တာ့် ညီမ၀မ်းကွဲ မွေးနေ့ က ကျွန်တော်နှင့်တွဲရိုက်ထားသော ပုံမှန်း။
သီရိသိခဲ့လျှင်  ကျွန်တော့်ကို လူလိမ်ဟု စွပ်စွဲ ဦးမှာလား ။ ကျွန်တော့်အတွေးတို့ ကဆူဝေလျှက် ။
မည်သို့ ပင်ဖြစ်စေ သီရီကိုချစ်လျှက်နှင့် သီရိ မိဘများ၏ ဆန္ဒကိုဖြည့်စွမ်းပေးနိုင်လိုက်ပြီး ။
 ချစ်သော သီရိကိုလည်း  အိမ်ထောင်ရေးသောကများမခံစားစေချင်တော့ပါ ။
ထို့ ကြောင့် ကျွန်တော့်အား လူလိမ်ဟုပင် တစ်သက်လုံးထင်မှတ်နေပါစေတော့ ။။။။။။။။။။။
                                                                                      သူငယ်ချင်းအားလုံးကို
                                                                                       ချစ်ခင်လေးစားလျှက်
                                                                                        ကိုမောင်မောင်
ju
0 ကွန်မန့်ရေးရန်:
Post a Comment