This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 6, 2013

ငွေဖြည့်ကဒ် အတုတွေ ပေါ်နေ.........................



Tags
ငွေဖြည့်ကဒ် အတုတွေ ပေါ်နေပါတရ်။ဆိုင်မှာ ခုနလေးတင် ဖြစ်သွားတာပါ။
ဈေးဝယ် တစ်ယောက် ပထမ တသောင်းတန် တကဒ် ၀ယ်သွားတယ်။ ၀ယ်ပြီး သိပ်မကြာသေးခင်မှာပဲ ငါးထောင်တန် နှစ်ကဒ်နဲ့ လဲပေးပါ ဆိုလို့ လဲပေးလိုက်တရ်. ။ ခနနေတော့ သူလဲ သွားတဲ့  တသောင်းကဒ် ကို ဆိုင်က ဖုန်းတလုံးထဲ ဖြည့်တာ ဘယ်လိုမှ ဖြည့် မရပါဘူး။ ဒါနဲ့ ဆက်သွယ်ရေး ကို Serial No. နဲ့ တိုက် ပြီး မေး ကြည့်တော့ ငွေဖြည့်ကဒ်က လွန်ခဲ့တဲ့ တပတ်လောက်ကထဲက သုံးထားတဲ့ နံပတ် တွေပါ တဲ့။
ဘေးနား ပတ်ဝန်းကျင်က အသိ ဆိုင်တွေ စုံစမ်းလိုက်တော့ သူတို့လဲ အာ့လို မကြာခန ကြုံနေကြပါတရ် တဲ့ ။ ငွေဖြည့်ကဒ် ဟောင်းတွေ ကို ခဲ ပြန် အုပ် ပလတ်စတစ် ပြန်ဖုံးပြီး အသစ်နဲ့ အဟောင်းနဲ့ လဲပြီး သုံးနေကြတာပါ။ တချို့ဆို ဆယ်ကဒ်လောက်ဝယ်ပြီးမှ ငါးကဒ် လောက်ကို ငါးထောင်တန် နဲ့ ပြန်လဲခိုင်းတာပါ။
အတု တကဒ် တွေ့တာနဲ့ အောက်မှာ ပုံနဲ့ ပြထားလိုက်ပါတရ်။ တော်တော်ခွဲမရအောင် တူပါတရ်။ (တူမှာပေါ့ အစစ်ကို ခဲအုပ်ပြီး အိတ် နဲ့ထည့်ထားတာကိုး)
အတုက ခဲခြစ် ထားတဲ့ ပေါ်မှာ MPT ဆိုတာ မပါပါဘူး ။ နောက် ပလတ်စတစ် က ပိုပါးပါတရ်။

သူငယ်ချင်းတို့လဲ ၀ယ်ရင် တခါထဲ ဖြည့်ခိုင်းပါ။
တခါထဲ မဖြည့်နိုင်ဖူးဆိုလဲ ခဲပေါ်မှာ MPT စာ ပါ မပါ သေချာ စစ်ပါ။ တော်တော်လေးကို ခွဲမရအောင်တူပါတရ်။ လောလော နဲ့ ၀ယ်သွားရင် သတိထားမိမှာမဟုတ်ပါဘူး
သတိထားကြပါ……………….
Shared by:Aung Chan Phyo(Myanmar Mobile Users Group)

ဒီက နေ့ ဖြစ်နေပုံနဲ့တူတဲ့ ပုံပြင် လေးပါ။ (ဖြစ်ရပ်မှန်)

ဒီက နေ့ ဖြစ်နေပုံနဲ့တူတဲ့ ပုံပြင် လေးပါ။

လွတ်လပ်ရေးရပြီးကာစအချိန်ပေါ့ဗျာ။
တောရွာတွေမှာ စစ်လက်ကျန်လက်နက်တွေနဲ့
ဓါးပြ တွေသောင်းကျန်းနေတာပေါ့။ဒီရွာကလူတွေ ကဟိုဘက် ရွာတိုက် ဟိုဘက် ရွာကလူတွေက ဒီဘက် ရွာတိုက်ပေါ့။

မြေလတ်ပိုင်းကရွာကြီးတစ် ရွာက တော့ စီးပွား ရေးတောင့်တင်းပြီး လူငယ်တွေပေါတော့ ပြည် သူ့ စစ်ဖွဲ့ပြီးရွာကိုကာကွယ်ထားနိုင် ကြတယ်တဲ့။ ပြည်သူ့စစ်အဖွဲ့ကလည်း ၄၀-၅၀ လောက် ရှိတော့ ဓါးပြအဖွဲ့တွေရွာနားတောင် မကပ်နိုင် ဘူးလေ။

ဖြစ်ချင် တော့ အဲ့ဒီရွာသူကြီးကဓါးပြအဖွဲ့တစ်ခု ခေါင်းဆောင် ဖြစ်နေတယ်။ရွာနီးချုပ်စပ်က ရွာတွေလှည့်တိုက်လာတာ ကုန်တော့ ရွာကို မျက် စောင်းကျလာတယ်။ရွာက ကာကွယ်ရေးအဖွဲ့ တောင့်တင်းတော့လည်း မလုပ် ရဲဘူး။ဒါပေမယ့် မျိုးမျိုးမြတ်မြတ် ရမယ်ဆိုတာသိတော့လည်း လက်မလွတ်ချင် ဘူး။အဲ့ဒီတော့သူကြီးက အကြံ တစ်ခုရပြီးအ ကောင် အထည်ဖေါ်ပါတယ်။

တစ်နေ့သူကြီးနဲ့ သူကြီးက တော် မြို့အစည်း အ ဝေးကပြန်လာပါတယ်။ ည ရောက်တော့ သူကြီး ကရွာကာကွယ်ရေးအဖွဲ့တွေကို ခေါ်ပြီး သူမြို့က ပြန်လာကြောင်း လူကြီးတွေကဘာတွေလမ်းညွှန် မှာကြားလိုက်ကြောင်း သြဝါဒ ခြွေပါတယ်။ပြော လို့လည်းပြီးရော မြို့ပြန်လက် ဆောင် ပုဆိုး (10) ထည်ပါလာကြောင်း ကာကွယ်ရေးအဖွဲ့တွေ အကုန်မ ပေးနိုင် တဲ့အတွက် စိတ်မ ကောင်းပါ ကြောင်း သင့်သလိုခွဲယူကြပါဆိုပြီး ပုဆိုး (10) ထည်ကို ပေးလိုက်ပါတယ်။
အချိန်ကာလက အဝတ်အထည် ရှားပါးတဲ့ အချိန်ဖြစ်တော့ လူတိုင်းက သူကြီးပေးတဲ့ ပုဆိုးကို လိုချင် ကြတာပေါ့ဗျာ။အ ဝေမတည့် တော့ ကာကွယ်ရေးအဖွဲ့တွေ စိတ်ဝမ်းကွဲကုန် တယ် စကားများကြတယ် လက်ပါခြေပါဖြစ် လာ တော့တာပေါ့။ကာကွယ်ရေးအလုပ်တွေကို စုစု စည်းစည်းညီညီညွတ်ညွတ် မလုပ် နိုင် ကြ တော့ ဘူး။
သိပ်မကြာခင် မှာပဲ သူကြီးရဲ့ ဓါးပြအဖွဲ့က ကာကွယ်ရေးအဖွဲ့မရှိတော့တဲ့ရွာကို လွယ်လွယ် ကူကူဓါးပြတိုက်သွားပါတော့တယ်။

(ကျွန်တော်တို့တစ်တွေ သူကြီ့းဖြစ်သူပေးတဲ့ ပုဆိုး (10) လိုမျိုး အကြာခဏ အ ပေးခံရတတ်တာကို သတိပြုမိစေရန်ပါ)့

ပွဲစား.........................

Wednesday, December 4, 2013


အိမ်ပွဲစား၊ ခြံပွဲစား၊ တိုက်ပွဲစား၊ ကားပွဲစား၊ ကျောက်ပွဲစား၊ စိန်ပွဲစား၊ ရွှေပွဲစား စသဖြင့် ပွဲစားများ သည် ယခင်ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းလာသော လူ့အဖွဲ့အစည်းအတွင်းရှိ ပွဲစားများဖြစ် သလို ယခု ခေတ်ကာလတွင် လက်နက်ပွဲစား၊ လူပွဲစား၊ ငြိမ်းချမ်းရေးပွဲစား ဟူ၍ ပေါ်ပေါက်လာပြန် သည်။

အမှန်စင်စစ် ပွဲစားဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပါယ်ခေါ်ဆိုနိုင်သည်။ လူ့လောကတို့တွ...င် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ လည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့် ထိန်း ရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ ကြောင်းသိရှိခဲ့ရသည်။

ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာတွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့သည် ထိုက် သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင်ရွက် ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။

လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင် ပြေစေရန် မိမိမှ လူသားချင်း စာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပွဲစားလောကတွင် လည်း မဇ္ဈိမပဋိပဋာစိတ်မွေးဖွားပြီး လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပါက ကုသိုလ် ကြံဖန် ၍ရမည့်

ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ်လည်း ခံယူနိုင်မည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိ၏ အတ္တ စိတ်များလွှမ်းခြုံကာ ရောင်းသူနှင့်ဝယ်သူကြား မတရားအမြတ် ထုတ် လိုသော လောဘစိတ်ဖြင့် ဆောင်ရွက် မည် ဆိုပါက မိမိ၏ ဂုဏ်သိက္ခာ၊ မိမိ၏သမိုင်း၊ မိမိ၏ မှတ်ကျောက် တို့ ပြိုပျက်ကာ သံသရာဝဋ်ဆင်းရဲ ဘဝမှလွတ်ကင်းမည် မဟုတ်သလို အပယ်ဘုံမှ လည်း ကျွတ်ဖို့လမ်း ရှိမည်မဟုတ်ချေ။

အမှန်စင်စစ် ပွဲစား ဟူ၍ ပေါ်ပေါက်လာရခြင်းမှာ ရောင်းသူ/ဝယ်သူတို့၏ အချိန်မအားလပ် မှု ကြောင့်၊ လုပ်ငန်းသဘောတရား မကျွမ်းကျင်မှုတို့ကြောင့် ပေါ်ပေါက်လာသော လူအဖွဲ့အစည်း တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ပွဲစားဟူသည် အတ္တများကိုဖြုတ်၍ မှန်မှန်ကန်ကန် မဇ္ဈိမပဋိပဋာ လမ်းစဉ်အား ကျင့် သုံးလိုက်နာပြီး မိမိအား ရောင်းသူဝယ်သူတို့မှ သဒ္ဒါကြေး၊ မေတ္တာကြေးကိုသာ လက်ခံရယူလျှင် ပရဟိတ ပွဲစားဟူ၍ပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။

သို့သော် ယခုခေတ်ကာလ အတိုင်းအတာအရ စီးပွားရေး ကပ်ဘေးအမျိုးမျိုး၊ လူမှုရေး ကပ်ဘေး အမျိုးမျိုး၊ ငြိမ်းချမ်းရေး ကပ်ဘေးအမျိုးမျိုး၊ သဘာဝဘေး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေ ရသောကြောင့် ပွဲစားတည်းဟူသော လောကတွင်လည်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းခြုံခံ ရမှုတည်းဟူသော အဓမ္မဝါဒီများ ဆုပ်ကိုင်ထားသော အတ္တသမားများ ပေါ်ပေါက်လာခဲ့ရပါသည်။ သို့ရာတွင် အကျိုးဆောင် ပေးမှုတည်းဟူသော စကားလုံး၏ တန်ဖိုးအား တန်ဖိုးမြှင့်တင်ရန်၊ တန်ဖိုးရှိရန်၊ နတ်လူအပေါင်း သာဓုခေါ် ဆိုနိုင်ရန်အတွက်မှု မိမိတို့ အကျိုးဆောင်ပေးမှု လုပ်ငန်း သည် လူသားတို့အတွက်၊ ကမ္ဘာ့ပြည်သူတို့ အတွက်၊ မြန်မာပြည်သူပြည်သားများအတွက် အကျိုး ရှိသော၊ တန်ဖိုးရှိသော သာဓုခေါ်ဆိုနိုင်သော လုပ်ငန်းရပ်ဖြစ်ဖို့ အရေးကြီးသည်။

လောဘ၊ ဒေါသ၊ မောဟများကြောင့်၊ လူပွဲစား၊ လက်နက်ပွဲစား၊ ငြိမ်းချမ်းရေးပွဲစားများ ပေါ်ပေါက် လာခဲ့သည့်အပြင် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော၊ ပွဲစားလုပ် ငန်း တစ်ရပ် ပေါ်ပေါက်လာပြန်တော့သည်။ ယင်းပွဲစားသည်ကား “မသာပွဲစား … အသုဘပွဲစား … လူသေ ပွဲစား … နာရေးပွဲစား” ဟူ၍ပင် ဖြစ်တော့သည်။ လူသားတစ်ယောက် ကမ္ဘာမြေပြင် ကိုရောက်ရှိပြီး ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားချိန်တွင် ဝမ်းနည်းပူဆွေးသောကများဖြင့် အပူမီးများ လွှမ်းခြုံခံနေရသော လူတို့ထံမှ လူသားချင်းစာနာစိတ်မွေးဖွား၍ ကူညီဖေးမကာ အပူမီးများ ငြိမ်းအေးပေးရမည့်အစား ထိုအပူသည်၊ ဒုက္ခ သည်တို့ထံမှ မညှာမတာ လူသားချင်းစာနာစိတ် မထားဘဲ လူစိတ်ပျောက်ကာ မိမိရလိုမှုတည်းဟူသော လောဘစိတ်တို့ဖြင့် အမြတ်ထုတ်ကြ သည့် လောဘသားများ၊ အတ္တသမားများ၊ အဓမ္မဝါဒီသမားများ၊ လူစိတ်ပျောက်နေသည့် သူတို့ ပင် ဖြစ်တော့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူတစ်ယောက် သေဆုံးသွားသည့်အခါ နာရေးရှင် မိသားစုတို့ဘက်မှ သက်ဆိုင်ရာဆရာဝန်၏ အမှန်တကယ်သေဆုံးကြောင်း ထောက် ခံစာ၊ ထို ရပ်ကွက်မှာ နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ၊ မြို့နယ်ဒေသန္တရ
ဆေး ခန်း၏ ထောက်ခံစာ (သေဆုံးကြောင်း အမှတ်စဉ်နံပါတ်ပါရှိသည်။) စသည့် အထောက် အထား များပြည့်စုံလျှင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူး ဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၇ဝ၉၂၇၇၊ ၇ဝ၄၇၈၄၊ ဝ၉ ၃၁ဝ ၄၃၉၁၅၊ ၅၈၁ ၉၂၄ များအား ဆက်သွယ်လျှင် အသင်းရုံးချုပ်ရှိရာမှ နိဗ္ဗာန်မော်တော်ကားမောင်း သူ၊ ယာဉ်နောက်လိုက်တို့နှင့်အတူ အသင်းသူ/သားတစ်ဦး အနည်းဆုံးလိုက်ပါကာ သေဆုံးသူ ၏ နေအိမ် (သို့) ဆေးရုံရှိရာသို့ အမြန်ဆုံးလာ ရောက်ကာ ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား နိဗ္ဗာန် ယာဉ်မော်တော်ကားဖြင့် သက်ဆိုင်ရာသုဿန်များသို့ ပို့ဆောင်ပေးပြီး ကျန်ရစ်သူမိသားစု၏ ဆန္ဒ အရ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခြင်း (သို့) အအေးခန်းထားပေး ခြင်းတို့ကို (အခမဲ့) ဝန်ဆောင်ပေးမှု တို့အား လုပ်ဆောင်ပေးလျှက်ရှိသည်။

အအေးခန်းထားရှိပါက (၃) ရက်စာ အအေးခန်းထားခ ကုန်ကျငွေအား ရန်ကုန်မြို့စည်ပင်သာယာ အဖွဲ့သို့ ကျွန်တော်တို့အသင်းမှ ကာယကံရှင် မိသားစုများကိုယ်စား နာရေးအကူငွေအဖြစ် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ခ ကုန်ကျစရိတ်အားလည်း အကူငွေ အဖြစ် ပေးဆောင် ကုသိုလ်ယူလျှက်ရှိသည်။ အအေးခန်းထားပြီးသင်္ဂြိုဟ် မည့် နေ့ရက်တွင်ခန်းမငှားခြင်း၊ ဂူသွင်းခြင်းတို့ကိုမူ နာရေးရှင်များမှ ပေးဆောင်စေခဲ့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းအဖွဲ့အနေဖြင့် အများပြည်သူတို့မှ စေတနာထက်သန်စွာဖြင့် လှူဒါန်းထားသော အလှူငွေတို့အား အပူမီးများ လွှမ်းခြုံခံနေရသော အများပြည်သူအပေါင်းတို့အား ကူညီ ဖေးမ အားပေးမှုများကို စိတ်စေတနာသန့်စွာဖြင့် အနစ်နာခံကာ လူသားချင်းစာနာစိတ်များ မွေးဖွား ကာ ဆောင်ရွက်ပေးနေသော ပရဟိတစစ်စစ် အသင်းအဖွဲ့ တစ်ခုဖြစ်ပါသည်။

ဤတွင် လူတစ်ယောက် သေဆုံးသွားပါလျှင် ထိုသေဆုံးသွားသော လူ၏မိသားစုများ မိတ်ဆွေ အပေါင်းအသင်းများမှ နာရေးအတွေ့အကြုံမရှိခဲ့ပါလျှင် အထက်တွင် ကျွန်တော်ဖော်ပြထားသော “မသာ ပွဲစား … အသုဘပွဲစား … လူသေပွဲစား … နာရေးပွဲစား” များတို့သည် လူသားချင်းစာနာ စိတ် ကင်းမဲ့စွာဖြင့် အမြတ်ထုတ်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့တော့သည်။

ကာယကံရှင်မိသားစုများထံသို့ ဝင်ရောက်ကာ အားပေးနှစ်သိမ့်သည့် ပုံစံမျိုးဖြင့်ဝင်ခဲ့ပြီး မိမိမှာ နာရေးကိစ္စရပ်များအား အတွေ့အကြုံ များစွာရှိပါကြောင်း။ ထို့ကြောင့် မိမိမှ ဤနာရေးကိစ္စရပ်အား အစအဆုံး ကူညီပေးပါမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ယာဉ်ခေါ်ဆိုခ၊ မီးသင်္ဂြိုဟ်ခ၊ အအေးခန်းထားခ၊ ပန်းအလှပြင်ခ၊ ဆီမီးအမွှေးတိုင်ထွန်းခ၊ ကန်တော့ပွဲ တင်ခ၊ ဘုန်းကြီးပင့်ခ၊ သံဃာတော်များအား ဝတ္ထုငွေလှူခ၊ အလောင်းအား ရေချိုးအလှပြင်ခ၊ အုန်းသီးခွဲ၍ သင်္ဂြိုဟ်ပေးခ၊ စည်ပင်ဝန်ထမ်း များ အား စေတနာကြေးငွေပေးခ၊ သင်္ဂြိုဟ်မည့် အခမ်းအနားအား ကြီးကျယ် ခမ်းနားစွာဖြင့် ကျင်းပနိုင် ရန် ခန်းမအတွင်း ကော်ဇောခင်းခ၊ ထိုင်ခုံခင်းခ ဟူ၍ ကာယကံရှင်မိသားစုတို့ ရိုးသားလျှင် ရိုးသား အလျှောက်၊ ‘အ’ လျှင် ‘အ’ သလောက်လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖျား၊ သွေးဆောင် ကာ အခ
ကြေးငွေ တို့ အား ကိုယ်ချင်းစာနာစိတ်မဲ့ကာ မတရားကြေးဟူ၍ အကုသိုလ်ယူခြင်း ပင် ဖြစ်တော့ သည်။

ထို့ကြောင့်ကြမ်းတမ်းသော လူမှုဘဝများအား ရင်ဆိုင်ကြုံတွေ့နေရသော၊ လောကဓံတရား လှိုင်းတံ ပိုးများကြား လူးလိမ့်ခံစားနေရသော အပူသည် မိဘပြည်သူများအနေဖြင့် ဟန်ဆောင်မှု၊ လှည့်ဖြား မှု၊ ဖြား ယောင်းမှု၊ သွေးဆောင်မှုများဖြင့် ယုတ်ညံ့သော စိတ်ဓာတ်တို့ဖြင့် မတရားသော နည်း လမ်းဖြင့် ရှာဖွေစား သောက်နေကြသော ထိုထိုသော မသာပွဲစား၊ နာရေးပွဲစား၊ လူသေပွဲစားများ အား မိမိတို့ ခံစားနေရသော အပူမီးများ လောင်ကျွမ်းခံရမှု ကြုံတွေ့နေရသော အချိန်ကာလအတွင်း သတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြဖို့ အရေးကြီးလှပေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း စည်ပင်သာယာအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာကာ အပူသည်နာရေးရှင်တို့အား လုပ်အားပေး လူမှုရေး သမားမောင်မယ်များမှ အသင်း၏ ပေးဆပ်မှုများ၊ တာဝန်ယူမှုများအား သိရှိစေရန် ရှင်း လင်း ပြော ကြားခြင်းနှင့် အသင်းမှ ဆောင်ရွက်ပေးမှုများအား ငွေကြေးတစုံတရာပေးဆောင်ရခြင်း မရှိ ပါ
ကြောင်း ကာယကံရှင်တို့အား လက်မှတ်ရေးထိုးစေမှုများအား သက်သေ အထောက်အထားဖြင့် ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။

သို့ရာတွင် အချို့သော နာရေးပွဲစားများသည် သူတို့အိတ်ထဲသို့ ထည့်သွင်း လိုက်သော ငွေကြေး တစုံတရာအား ကျွန်တော်တို့အသင်းအား ပေးဆောင်ရသည်ဟူ၍ ထင်ယောင်ထင် မှား ဖြစ်စေရန် ၄င်း၊ ကျွန်တော်တို့အသင်းမှ သဘာဝပတ်ဝန်းကျင်သစ်တော ထိန်းသိမ်းမှုအတွက် ၄င်း၊ ငွေကြေး ၏ ချွေ တာ မှုကြောင့်၎င်း ကွယ်လွန်သူအား အလူမီနီယမ်အခေါင်းဖုံးဖြင့် တစ်နည်း မှန်ခေါင်းဖြင့် ပြင်ဆင်ပေးပြီးသည့်နောက် မီးသင်္ဂြိုဟ်စက်တွင်းသို့ သေဆုံးသွားသူတို့၏ ရုပ်အလောင်းအား ထည့် သွင်းပြီး သည့်နောက် သင်္ဂြိုဟ်စက်အတွင်းတွင် သစ်သားကဒ်ဖြင့် ရုပ်အလောင်းအား မီးသင်္ဂြိုလ် ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သော်လည်း ကျန်ရစ်သူ ကာယကံရှင် မိသားစုတို့အား “ခင်ဗျားတို့ရဲ့ အဖိုး၊ ဦးလေး၊ အဒေါ် တို့ရဲ့ နောက်ဆုံးသင်္ဂြိုဟ်ပေးမှုကို ပက်လက်ကြီး သင်္ဂြိုဟ်မှာလား” ဟူ၍၄င်း၊ “အခေါင်းလေးနဲ့ ဆိုရင်ပိုပြီး တင့်တယ်ပါတယ်ဗျာ” ဟူ၍ တစ်နည်း သစ်သားခေါင်းဝယ် ရန် သွေးဆောင်ဖြားယောင်း လှည့်စားမှုများ ပြုလုပ်ကာ အခေါင်းရောင်းဆိုင်မှ ကော်မရှင်ရယူခြင်း ကာယ ကံရှင်တို့မှ အခေါင်းဖိုးအား အဆမတန် ဈေးမြှင့် တောင်းဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။

ထို့အပြင် အဆိုးဝါးဆုံးသော လုပ်ရပ်တစ်ခုမှာ လူမှုရေး လုပ်ငန်း လုပ်ဆောင်မှုအားအသုံးချကာ ထိုထိုသော နာရေးပွဲစားများ၊ မသာပွဲစားများဖြင့်ပူးပေါင်း၍ သင်္ဂြိုဟ်ပေးရမှု အလောင်းဦးရေ စံချိန်ချိုးရမှုများကို လုပ်ဆောင် ကြသော အသင်းများလည်းရှိပါသည်။ ထိုကဲ့သို့သော အသင်းအဖွဲ့ များနှင့် ပါတ်သက်မိသော နာရေးကာယကံရှင် များအနေဖြင့်(အခမဲ့) သင်္ဂြိုဟ် ပေးခွင့်ရခဲ့သော်ငြား လည်း တကယ်တမ်း ကုန်ကျငွေများသည် (အခမဲ့) မဟုတ်ချေ။

ထို နာရေးပွဲစား များနှင့် ချိတ်ဆက်ထားသော အသင်းအဖွဲ့အနေဖြင့်( အခမဲ့) ကူညီပေးခဲ့သော် လည်း နာရေးပွဲစား များ၏ စည်းရုံးလှည့်ဖြားမှုတို့ကြောင့် အခေါင်းဝယ်စရိတ်၊ ပန်းပြင်ဆင်စရိတ်၊ လူစီးကားငှားစရိတ်၊ ဘုန်းကြီးပင့် ဝတ္ထုငွေစရိတ်တို့အား ညှိနှိုင်းဈေးများဖြင့် အနည်းဆုံး (သုံးသောင်း) မှ (တစ်သိန်း)ခန့် ကုန်ကျတော့မည် ဖြစ်ပေသည်။

နဂိုကတည်းက မိမိတို့၏ စားဝတ်နေထိုင်ရေးအရ မီးသင်္ဂြိုဟ်စရိတ်မတတ်နိုင်၍ (အခမဲ့) ကူညီ သည် ဟူသော ကူညီမှုအသင်းများကို အကူအညီတောင်းခါမှ ကုန်ကျငွေများ ထပ်မံကုန်ကျရသည့် အတွက် နာရေးရှင်များအနေဖြင့် ဘဝရပ်တည်မှုများ နိမ့်ပါးသည်ထက် နိမ့်ပါးကုန်ကြရတော့သည်။ ထို့ကြောင့် နာရေးကိစ္စသော်၎င်း၊ ကျန်းမာရေးကိစ္စသော်၎င်း၊ ပညာရေးကိစ္စသော်၎င်း၊ သဘာဝ ဘေးကိစ္စ သော်၎င်း အကူအညီတောင်းခံကြမည့် အပူသည် ဒုက္ခသည်များအနေဖြင့် မိမိတို့ အကူ အညီတောင်းခံ ကြမည့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်ခဲ့မှုများ၏ သမိုင်း ရာဇဝင် အချက် အလက်များအား သိရှိထားရန်လိုအပ်ပေသည်။

အများပြည်သူတို့အား အမှန်တကယ် အနစ်နာခံ၍ ပေးဆပ်ကူညီဖေးမခဲ့သော အသင်းအဖွဲ့ဟုတ် မဟုတ်၊ အများပြည်သူတို့အား ကူညီသယောင်ယောင်ဖြင့် ကိုယ်ကျိုးရှာ နာမည်ကြီးချင်သော ပရဟိတ အမည်ခံ အတ္တသမားများဟုတ်မဟုတ် အများပြည်သူတို့ အနေဖြင့် လေ့လာသုံးသပ်ထား ဖို့ အချိန်တန်ပြီ ဖြစ်တော့သည်။

ကျွန်တော်အနေဖြင့် ကျွန်တော်တို့၏ ပရဟိတတည်းဟူသော လုပ်ငန်းရပ်ကြီးအား အများပြည်သူ တို့အား ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ဖိဖိစီးစီး ကူညီဖေးမပေးမှုများ လုပ်ကိုင်နိုင်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများအား သတိပေးစာသားဆောင်ပုဒ်အား နာရေးဝန် ထမ်း (ယာဉ် မောင်း/နောက်လိုက်)များ နေ့စဉ်တွေ့မြင်နိုင်သော တာဝန်ကျနေရာချိတ်ဆွဲထား သည်။ ယင်းဆောင်ပုဒ်မှာ

 ရဲ ဘော် တို့

‘ ငို ’ မ ပြ နဲ့ . . . ‘ ကြွေ ’ မ ပြ နဲ့

‘ လမ်း ကြောင်း ’ ရင် . . . ‘ လိုင်း ပြောင်း ’ သွား မယ်။

‘ ဂွ င် ဖန်’ ရင် . . . ‘ အ နှ င် ခံ ’ ရ မယ်။

ဒါဘဲ
ကျော်သူ

 ထို့အပြင် အသင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အကူအညီတောင်းကြသော နာရေးရှင်များ သိရှိရန်အတွက်လည်း အောက်ပါစာသားအား ကျွန်တော်၏ လက်ညိုးထိုးထားသောပုံဖြင့် ချိတ်ဆွဲထား ရတော့သည်။

“မ သာ ပွဲ စား မ လာ ရ”

ပုံ / ကျော်သူ

ကျွန်တော်သည် ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်မှာ (၁၃) နှစ်တာကာလ သို့ ရောက် ရှိလာခဲ့သည်နှင့် အညီ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်မှန်သောပရဟိတ၊ တန်ဖိုးရှိသောပရဟိတ၊ ပြည်သူများ ၏ ပရဟိတ၊ လူသားတိုင်း၏ပရဟိတ ဟူသော မှတ်ကျောက် အတင်ခံ နိုင်ရန်အတွက် ညီနောင်ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ထိုကဲ့သို့သော ပရဟိတ လောကအား နာမည်ဖျက်မည့် ပွဲစားများနှင့် ပါတ်သက်မှုမရှိစေဘဲ စီးပွားရေး၊ နိုင်ငံရေး သမား များ ၏ အနုနည်းဖြင့် စည်းရုံးသိမ်းသွင်းမှု၊ သွေးဆောင်ဖြားယောင်း မှုတည်းဟူသော ပိုးချည်မျှင်မှလွတ်ကင်းနိုင်ရတိဟူသော အသိတရားဖြင့် ရပ်တည်ကြကာ မိမိတို့ လုပ်ဆောင် ပေးဆပ်မှုများအား ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ပြုပြီး အတ္တများဖြုတ်ချကာ အများပြည်သူ တို့အား ကူညီဖေးမပေးနိုင်သော လိပ်ပြာသန့် သည့်၊ သိက္ခာရှိသည့်၊ သီလလုံသည့် အများပြည်သူ တို့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးဆပ်သွားနိုင် သူများ ဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။

ပရဟိတ သစ္စာဆိုရဲသည့်
(ကျော်သူ)


ကျော်သူ
ဒီဇင်ဘာ ၃၊ ၂၀၁၃

ကြမ္မာဆိုးများနှင့် ပြိုင်ကားလေးဘတ်စ်တတ် ...............



ကံကြမ္မာဆိုးများနှင့် နာမည်ကျော်ကြာတဲ့ ပြိုင်ကားလေး ဘတ်စ်တတ် အကြောင်းကို
တင်ပြခြင်ပါတယ်။ ဒီပြိုင်ကားလေး၏ မူလပထမပိုင်ရှင်ဟာ နာမည်ကျော်ကြားသော
သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိမ်းစ်ဒင်း ပါ။ သူဟာ သရုပ်ဆောင်အလုပ်တွင်မက
ပြိုင်ကား စီးရ ၊ မောင်းရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် သူနောက်ဆုံးဝယ်
လိုက်တဲ့ ပြိုင်ကားလေးကို little Bastard လို့အမည်ပေးလိုက်ပါတယ်။
သူ ဒီကားကိုဝယ်ယူစဉ်မှာ နာမည်ကျော်ကြားသော ဆာ အလက် ဂီးနက်စ် က
အရှိန်ပြင်းစွာ မောင်းနိုင်တဲ့ ကားကြောင့် ဂျိမ်းစ်ဒင်း တစ်ယောက်သေနိုင်တယ် လို့
နိမိတ်ဖတ် ဟောကိန်းထုတ်လိုက်ပါတယ်။

ဒီဟောကိန်း အတိုင်းပဲ ၁၉၅၅ ခုနှစ်မှာ ဂျိမ်းစ် တစ်ယောက် ယာဉ်တိုက်မှုဖြစ်ပြီး
ကားပေါ်မှာ သေခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ကားကို တစ်နာရီ မိုင်ရှစ်ဆယ်နှုံးမောင်းပြီး
ခေါင်းချင်းဆိုင် တိုက်မိပြီး သေဆုံးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူများ၏ တွေ့ရှိချက်
အရ ဂျိမ်းစ်တစ်ယောက် မျက်နှာချင်းဆိုင်မောင်းနှင်နေချိန် ရှောင်မယ်ဆို ရရဲ့သားနဲ့၊
ရှောင်ချိန်ရှိရဲ့သားနဲ့ ဘာကြောင့်မရှောင်ခဲ့တာလဲ ဆိုတာ ဝေခွဲမရခဲ့ပါဘူး။ သူတို့ဟာ
ဂျိမ်းစ်၏ ကားမောင်းကျွမ်းကျင်မှု၊ ပရောဖတ်ရှင်နယ် ဖြစ်မှုတွေကိုပါ သိနေသဖြင့် ပိုပြီး
အဖြေထုတ်ရ ခက်ခဲ့ပါတယ်။
ဒီကားလေး၏ လူကို သေစေမှုဟာ ဂျိမ်းစ်တစ်ယောက်ထဲ အတွက်မဟုတ်ပါဘူး။
၁၉၅၉ ခု ဒီကားလေးပျောက်ကွယ်သွားချိန်အထိ နောက်ထပ်လူနှစ်ယောက် ကို သေစေ
ခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ဒီကားလေး၏ ကံကြမ္မာဆိုးများအကြောင်း သတင်းကြီး
စေခဲ့ပါတယ်။ အမှတ်တရ ပစ္စည်းဝယ်ယူစုဆောင်းသူများ၏ အကြိုက်ဖြစ်ခဲ့ပြီး အပြိုင်
အဆိုင် ၀ယ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲဒီလို အမှတ်တရပစ္စည်းစုဆောင်းသူများက ဒီကားလေး၏ အပျက်အစီး အပိုင်အစ
ရယူဖို့ ၊ ခွာယူဖို့ ကြိုးစားကြချိန်မှာလည်း မမျှော်လင့်သော ဘေးအန္တာရာယ်များကျရောက်
ပြီး ဒဏ်ရာအနာတရ ဖြစ်ကြရပါတယ်။
ဒီကားလေးကို ပြုပြင်ပြီးရောင်းဖို့ မိတ်ဆွေတစ်ယောက်က ကြိုးစားပါတယ်။ ဒီလိုကြိုးစား
နေစဉ်မှာ ဒီကားကိုပြုပြင်နေတဲ့ အလုပ်ရုံက စက်ပြင်သမားရဲ့ ခြေထောက်ပေါ် ဒီကားက
ကျလာပြီး ခြေထောက်ကျိုးခဲ့ရပါတယ်။ ပြီး ဆရာဝန်နှစ်ယောက်ကလည်း သူတို့ရဲ့ကား
မှာပြန်သုံးရန် ဒီကားရဲ့ အစိတ်အပိုင်းများကို ၀ယ်ယူခဲ့ကြပါတယ်။
တစ်ယောက်က အသတ်ခံလိုက်ရပြီး ၊ တစ်ယောက်က အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ဒါအပြင် ဒီကား၏ မပျက်မစီးကျန်နေတဲ့ တိုင်ယာနှစ်လုံးကို လူတစ်ယောက်အား ရောင်း
လိုက်ပါတယ်။ ထူးခြားစွာပဲ အဲဒီဘီးနှစ်လုံး လုံးက မောင်းနေစဉ်တစ်ချိန်တည်း ပေါက်သွားလို့
အဲဒီလူကို ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီတိုင်ယာနှစ်လုံးကို စစ်ဆေးကြည့်တော့ ဘီးပေါက်
လောက်အောင် ချွတ်ယွင်းချက် ကြီးကြီးမားမား ရှာမတွေ့ပါဘူး။
ဒီလောက် ထိတ်လန့်ဖွယ် ကံကြမ္မာဆိုးများနှင့် ကားကလေးကို နောက်ဆုံးမှာ ကာလီဖိုးနီးယား
အဝေးပြေးလမ်းမှ ကားပြပွဲ ကိုပြသရန် စီစဉ်ကြပါတယ်။ ဒါပေမယ့် ပြပွဲမဖွင့်ခင် ညမှာ အဲဒီပြခန်း
မီးလောင်ပါတယ်။ ကားတွေအားလုံး မီးလောင်ပျက်စီးသွားပေမယ့် ဂျိမ်းစ်ရဲ့ကားကလေးကတော့
မီးညွန့်တောင် အဟတ်မခံရဘဲ မီးဘေးက လွတ်သွားတာကို အံ့သြဖွယ်တွေ့ကြရပါတယ်။
နောက်တော့ ဒီကားလေးကို ဆယ်လီနတ်စ် ကိုသွားဖို့ ထရပ်ကားပေါ်တင်ယူသွားပါတယ်။
ဆယ်လီနတ်စ် ဆိုတာ ဂျိမ်းစ်သေတဲ့နေ့က ဂျိမ်းစ်သွားမယ့် ခရီးပါ။ အဲဒီ ထရပ်ကားဟာ
မောင်းနေစဉ်မှာပဲ ကားမောင်းသူဟာ ယာဉ်ကိုမထိမ်းနိုင်ကာ ဒရိုင်ဘာခန်းမှ ထွက်ကျသွား
ပါတယ်။ ပြီးတော့ သူ့ရဲ့ ထရပ်ကားက ပြန်ကြိတ်မိပါတယ်။ ဂျိမ်းရဲ့ကားလေးကတော့
ထရပ်ကားပေါ်ကနေ အေးအေးဆေးဆေးပဲ လိမ့်ဆင်းသွားပါတယ်။
၁၉၅၉ ခု ဒီကားလေး၏ ဇာတ်သိမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒီကားကို နောက်တစ်ကြိမ် ပြပွဲလုပ်ဖို့ ကြိုးစားကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကားကလေးဟာ
ဘာ့ကြောင့်မှန်းမသိရပဲ အပိုင်း ၁၁ ပိုင်းကွဲထွက်သွားပါတယ်။ ဒီကားကို သေသေချာချာ ဂဟေ
ဆော် တွဲစပ် ထားရဲ့သားနဲ့ ဖြစ်သွားရတာပါ။
နောက်ဆုံး ဖလော်ရီဒါ ရဲတပ်ဖွဲ့မှ ဒီကားလေးကို မီယာမီ ရှိ ပြပွဲတစ်ခုမှာ ပြဖို့ကြိုးစားကြပါတယ်။
ကားလေး၏ အစိတ်အပိုင်းတွေကို သစ်သားပျဉ်ချပ်တွေနဲ့ အလုံပိတ်ကာ ထရပ်ကားပေါ်တင်ပြီး
လွှတ်လိုက်ပါတယ်။ ထိုအချိန်မှစကာ ကားကလေးဟာ ပဟေဠိဆန်စွာပဲ ပျောက်ဆုံးသွားပါတယ်။
အဲဒီနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်သော်လည်း နောက်ထပ်ဘယ်တော့မှ ဒီကားလေးကို မတွေ့
ကြရတော့ပါဘူး။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ………………. နေခရမ်း
 

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဗုဒ္ဓလှိုဏ်ဂူတွေ့ရှိခဲ့သည့် ဂျပန်သုတေသနအဖွဲ့ ....................

ဂျပန်သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်ဒေသမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ
တာလီဘန်တွေကြီးစိုးတဲ့ လွန်ခဲ့တဲ့ (၁၂)နှစ်ခန့်ကစပြီး ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ယခုအချိန်မှာ တော့ ဂျပန်သုတေသနအဖွဲ့ဟာ ယခင်က ဗုဒ္ဓဘာသာအမွေအနှစ်တွေတည်ရှိတဲ့ နေရာနဲ့ (၃) ကီလိုမီတာအကွာမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 
သုတေသနပြုလုပ်သူတွေရဲ့ ပြောကြားချက်အရတော့ အဆိုပါလှိုဏ်ဂူဟာ (၄.၅)ကီလိုမီတာအနက်ရှိ လှိုဏ်ဂူအတွင်းမှာ ဗုဒ်္ဓဘာသာနဲ့ ဆက်စပ်ပစ်္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဂူတွင်းက ရုပ်ပွားတွေတွေဟာ ဘေးဝန်းကျင်ရှိ ဂူတွေထဲက ရုပ်ပွားတော်တွေထက် နှစ်(၁၀၀)လောက် သက်တမ်းပိုစောတယ်လို့ သိရပါတယ်။ 
ဝါကိုတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျပန်သုတေသနအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ကိုဆာကူမေးဒါ က ယခုလိုမျိုး ဗုဒ္ဓဘာသာကို ဖိနှိပ်ခဲ့တဲ့ နေရာတစ်ခုမှာ ဗုဒ္ဓအမွေအနှစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဟာ အံ့အားသင့်ဖို့ကောင်းကြောင်း ဒါဟာ ဘာမီယမန်ဒေသအတွင်းမှာ ဘယ်လောက်ထိ ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့တယ်ဆိုတာကို လေ့လာဖို့အတွက် အခွင့်ကောင်းပဲဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့သိရပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဂျပန်ကျွန်းငယ်................

တိုကျိုမြို့တောင်ဘက် ကီလိုမီတာ (၁၀၀၀) ကွာ  ပစိဖိတ်သမုဒ္ဒရာထဲက ဂျပန်ပိုင် အိုဂါဆာဝါရာကျွန်းတွေနားက ကျွန်းတစ်ကျွန်းမှာ ကမ်းလွန်မီးတောင်
တစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကျွန်းငယ်လေးတစ်ကျွန်း ဖြစ်ပေါ်လာ ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံမိုးလေ၀သဋ္ဌာနက  မီးတောင်နောက်ဆုံးပေါက်ကွဲမှုဟာ နီရှီနိုရှီမာအရှေ့မြောက်ဘက် မီတာ (၅၀၀)ခန်မှာဖြစ်ကြောင်း ဗုဒ္ဓူဟူးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။  လူမနေတဲ့ကျွန်းမှာနှစ်(၄၀) အတွင်း ပထမဆုံးပေါက်ကွဲမှုဖြစ်ရပ်လည်းဖြစ်ပါတယ်။ ကျွန်းလယ်မီးတောင်အလယ်ကမီးခိုးမြူတွေထွက်လာတဲ့ပုံနဲ့ မီးခိုးမည်းတွေ စက္ကန့်(၃၀)နဲ့စက္ကန့်(၆၀)ကြားတစ်ခါ ပန်းထွက်လာတဲ့ပုံကို NHK ကကင်မရာသမားတစ်ယောက်က ရိုက်ထားခဲ့ပါတယ်။
အသစ်ပေါ်လာတဲ့ကျွန်းငယ်ဟာ အရှေ့နဲ့အနောက်ကို မီတာ(၂၀၀) ၊ မြောက်နဲ့တောင်ကို မီတာ(၃၀၀)ပြန့်ထွက်နေကြာင်း ဂျပန်ကမ်းခြေစောင့်တပ်ကပြောပါတယ်။ ဒါပေမယ့် အရာရှိတွေနဲ့ကျွမ်းကျင်သူ တွေကတော့ ပြန့်ထွက်မှုဟာ မြောက်နဲ့တောင်ကို မီတာ(၁၀၀)ပဲရှိကြောင်းပြောပါတယ်။ ကုလသမဂ္ဂ ရဲ့ အဏ္ဏ၀ါဥပဒေအရ အဲ့ဒီ့ကျွန်းငယ်ကို တရားဝင်ကျွန်းအဖြစ်သတ်မှတ်လိုက်ပါက ဂျပန်နိုင်ငံရေပိုင်နက်ဟာ ကျွန်းငယ်ရဲ့တောင်ဘက်ကို မီတာ(၅၀၀)အထိ ကျယ်ပြန့်သွာမှာဖြစ်ကြာင်းသိရပါတယ်။
ကျွန်းအသစ်နားက ဂျပန်ကျွန်းတွေကြောင့် ဂျပန်နိုင်ငံရဲ့စီးပွားရေးဇုန်ဟာကျယ်ပြန့်မှာမဟုတ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ပေါ်လာတဲ့ကျွန်းအသစ်ဟာ အရှေ့တရုတ်ပင်လယ်မှာနယ်မြေအငြင်းပွားနေရတဲ့ ကျွန်းတွေနဲ့ အတော်ဝေးတယ်လို့လည်းသိရပါတယ်။