This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, May 26, 2013
"ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်"
••••••••••••••••••••••••••••••••••••••••••••••••
လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။
ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်
စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။
အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။
လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။
ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။
လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။
လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း
မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ
မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။
ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်းသေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊
အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။
အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ
ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။
အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့
ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ
ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။
လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။
မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။
ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊
မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့
အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။
မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။
အရူးအနှမ်းဖြစ်တတ်ပါတယ်။သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊
မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။
ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။
ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။
သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။
ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။
ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။
- အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)
Dhamma Danã Source
►Young Buddhist's Association
ဒီနေရာမှ ကူးယူမျှဝေပါသည်။
                                                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2013/05/blog-post_8820.html
ဖုန်း ဖြင့် 3G အင်တာနက် သုံး သူများ ဆောင် သင့် တဲ့ ဆော့ဝ် Apk
ဂျပန် ၀န်ကြီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ပြီး ဘာတွေ ပြောခဲ့လဲ
Sunday, May 26, 2013
ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုဘာဘေးနဲ့ ဂျပန်ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ယနေ့ 
နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ 
အဲဒီလိုတွေ့ဆုံကြရာမှာ  ရန်ကုန်တက္ကသိုလ်နှင့် နာဂိုယာ တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်-မြန်မာ ဥပဒေရေးရာ သုတေသနဋ္ဌာန (Japan-Myanmar Legal Center) တည်ထောင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကူညီပံ့ပိုးပေးရေး ကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ 
ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ရုံး ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
ဒီအပြင် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ/ အတတ်ပညာ အကူ အညီပေးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများအတွက် အသေးစား
ငွေကြေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မြို့ပြစီမံကိန်း ရေးဆွဲမှု၊ မြို့ပတ်ရထားလမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နှင့် ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံတွင် မော်တော်ကား စက်ရုံများ တည်ဆောက် ထုတ်လုပ်ရေး ကိစ္စတွေလည်း ၂ နိုင်ငံ ခေါင်းဆောင်တွေက  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် တို့ဟာ ၂ နိုင်ငံဆိုင်ရာ စာချွန်လွှာလက်မှတ်ထိုးပွဲတွေကို တက်ရောက်ကြပါတယ်။ 
စာချွန်လွှာရေးထိုးကြရမှာ ပညာသင်ဆုပေးရေး၊ ရန်ကုန်မြို့တော်ရေပေးရေးစနစ်စတဲ့ ကဏ္ဍတွေကို ဂျပန်က ကူညီပေးသွားမယ့် ကိစ္စလည်း ပါဝင်ပါတယ်။
"ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်း သုံးရပ်အတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံအား ပေးအပ်ရေးအတွက် လဲလှယ်မှု စာချွန်လွှာ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် ဂျပန်ယန်း ၁၂ ဒသမ ၅ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာတို့ကို ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်" လို့လည်း သမ္မတ ရုံး ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။
ဂျပန်-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အနက် သီလဝါ အထူးစီးပွားရေးဇုန် ကိစ္စလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင်အထည်
ဖော်ခဲ့ပြီး ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်ပေးခဲ့သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။
ဒီအပြင် ဂျပန်ဘက်က အကူအညီတွေ ထပ်ပေးမယ့် ကိစ္စတွေကိုလည်း သမ္မတရုံးဝက်ဆိုက်မှာ အခုလို ဖော်
ပြထားပါတယ်။ 
"ဂျပန်အစိုးရ အနေဖြင့် ထပ်မံကူညီ ပေးမည်ဖြစ် ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ ပြည်သူတို့၏ လူမှုဘဝ မြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့် ကဏ္ဍ များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ယန်းငွေ သန်း (၉၁၀၀၀) ဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင်လည်း နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု အပါအဝင် အဘက်ဘက်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အတွေ့အကြုံ နှင့် နည်းပညာကြွယ်ဝသည့် ဂျပန်နိုင်ငံတို့ အနေဖြင့် အနာဂတ် တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်" လို့ ဆိုပါတယ်။
KNU ဗိုလ်မှူးကြီး နဒါးမြ သြစီပါလီမန်မှာ တိုင်းရင်းသားအရေး ပြောမယ်
Saturday, May 25, 2013
ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြရဲ့ သားတဦးဖြစ်သူ ဗိုလ်မှူးကြီး နဒါးမြဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့အတူ သြစတေးလျ ပါလီမန်ကို တက်
ရောက်ကာ KNU ကိုယ်စား ဧည့်သည် တဦး အနေနဲ့ မေလ ၂၇ ရက်နေ့မှာ စကားပြောဖို့ ရှိတယ်လို့ သတင်းရပါတယ်။ 
ဗိုလ်မှူးကြီး နဒါးမြ ပြောမယ့် ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေး ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဒေသစံတော်ချိန် မနက်၈ နာရီကနေ ၉ နာရီထိ ၁ နာရီ ကြာဆွေးနွေး 
ပြောကြားမှာဖြစ်ပါတယ်။ 
ဗိုလ်မှူးကြီး နဒါးမြကို သြစတေးလျ လွှတ်တော် အမတ် Luke Simpkins နဲ့ အနောက် သြစတေးလျက အထက်လွှတ်တော် အမတ် Dean တို့က တာဝန်ယူ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ 
အိမ့်သံစဉ် ~
သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး
အေးချမ်းမြေ့
အင်တာနက် လူမှုကွန်ရက်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သူတဦးကြောင့် အကျိုးထူးခဲ့သည့် ဖြစ်ရပ်တခု မကြာသေး မီက ဖြစ်ပေါ်ခဲ့ကြောင်း facebook သုံးသူတိုင်း သတိထားမိကြမည် ဖြစ်သည်။
မီးလောင်ဒဏ်ခံခဲ့ရသည့် ၃ နှစ်အရွယ် ကလေးငယ်နှင့် ကူကယ်ရာမဲ့နေသည့် မိခင်တို့၏ အဖြစ်ကို မြင်ပြီး မကြည့်ရက်သဖြင့် facebook ပေါ်တင်ကာ မျှဝေခဲ့သူ၊ တဆင့်တဆင့် လက်ဆင့်ကမ်း သတင်းဝေမျှ ရှယ်ပေးခဲ့ကြ သူတို့ကြောင့် လူသိများသော အနုပညာသမား တချို့က စတင် လှူဒါန်းခဲ့သည့် ဖြစ်ရပ် အမှန်တကယ် ပေါ်ပေါက်ခဲ့ပါသည်။
facebook ကို အနုပညာသမားများ ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း သိကြပြီးဖြစ်သည်။ ပရိသတ် အချစ်တော်များ ဖြစ်ကြသည့် အနုပညာ သမားများအတွက် facebook ကို အသုံးပြုခြင်းက လူချင်လူခင် ပိုများကာ ပရိသတ် ထိတွေ့မှု ပိုမို ရရှိနိုင်သည်ကတော့ အမှန်ပင် ဖြစ်သည်။ facebook ကြောင့် အနုပညာသမားများကို လူသိပိုများပြီး အချစ်တိုးစေသကဲ့သို့ အသုံးပြုပုံ မမှန်ကန်သောကြောင့် အကျိုးထက် အပြစ်ပိုဖြစ်ကြရသည်ကိုလည်း သတိပြုမိသည်။
နန်းခင်ဇေယျာကျပြန်တော့ facebook ကြောင့်ပင် ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်စေသည့် မယ်တယောက်အဖြစ် နာမည်ကြီး ခဲ့သလို၊ ၎င်း၏ စေတနာထက်သန်မှု၊ လူမှုရေးအသိရှိမှု သတင်းများက facebook ပေါ်တွင် ဆက်လက် မွှေးမြခဲ့ပြန်သည်။ ယခုတဖန် မီးလောင်ဒဏ်ရာ ခံစားနေရသည့် မိန်းကလေးငယ်ကို သွားရောက် ကူညီသူထဲတွင်လည်း နန်းခင်ဇေယျာက ရှေ့ဆုံးမှ ပါနေပြန်သဖြင့် သာဓုခေါ်စရာ ဖြစ်သည်။
ထို့အပြင် စိုင်းစိုင်းခမ်းလှိုင်၊ မိုးယုစံ စသည့် facebook အသုံးပြုသူ လူသိများ ထင်ရှာသော အနုပညာသမားများက စတင်ကာ ကလေးငယ်ကို စေတနာ ထက်သန်သောစိတ်ဖြင့် သွားရောက် ကြည့်ရှု လှူဒါန်းသဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အပါအဝင် လှူဒါန်းသူ စေတနာရှင်များစွာ ပေါ်ပေါက်ခဲ့သည်။ အမှောင်တိုက်အတွင်း ကျရောက်နေသည့် ကလေး၏ အနာဂါတ် တွင် အလင်းရောင် မြင်တွေ့နိုင်အောင် ကူညီသူများအား ချီးကျူးမိပါသည်။
မီးလောင်ကျွမ်းခဲ့သူ ဖူးဖူးလေး ဆိုသည့် ကလေးငယ်၏ အဖြစ်ကို ကြားရတော့ လွန်ခဲ့သည့် ၈ နှစ်ခန့်က အလားတူ အဖြစ်အပျက်တခုကို ကျမ ပြန်ပြောင်း သတိရ မိသည်။
လွန်ခဲ့သည့် ၈ နှစ်ခန့်က တခုသော ဆောင်းကာလတွင် မြကျွန်းသာ စားသောက်ဆိုင် တဆိုင်၌ ကလေးငယ်တဦး မီးလောင်မှု တခု ဖြစ်ခဲ့ဖူးသည်။ မီးလောင်ခဲ့သည့် ကလေးငယ်မှာ တခြားသူမဟုတ်၊ ကျမနှင့် မောင်ရင်းနှမသဖွယ် ရင်းနှီးသူ အစ်ကိုနှင့် အစ်မတို့၏ သားငယ်လေး ဖြစ်သည်။ မီးလောင်ဒဏ်ခံခဲ့ရသည့် သားငယ်မှာ ထိုစဉ်က ယခု မီးလောင်ဒဏ်ခံခဲ့ရသူ ဖူးဖူးလေးနှင့် သက်တူရွယ်တူခန့်သာ ဖြစ်သည်။ ယခုအချိန်တွင် ထိုသားငယ်၏ အသက်မှာ ၁၁ နှစ်ကျော်ခဲ့ပြီ။
လွန်ခဲ့သည့် ၈ နှစ် ဆောင်းတညက မြကျွန်းသာ စားသောက်ဆိုင်တွင် ကျမနှင့် ရင်းနှီးသူ အစ်ကိုတို့ မိသားတစု သူတို့ ငယ်သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့သည့် ပွဲတပွဲ ကျင်းပစဉ်က ဖြစ်သည်။ စားသောက်ဆိုင်တွင် မီးတိုင်ကြီးများ ထွန်းညှိ ထားသည်။ လျှပ်စစ်မီးတိုင်များ မဟုတ်ဘဲ ဝါးပိုးလုံးများကို ထိပ်တွင်ခွဲစိတ်၍ ရေနံချေး မီးထုပ်ကြီးများကို ထွန်းညှိကာ တင်ထားခြင်း ဖြစ်သည်။ မိဘများက သူငယ်ချင်းများနှင့် စကားပြောနေစဉ် ကလေးကလည်း ဘာသာဘာဝ ဆော့ကစားနေသည်။ ထိုစဉ် စားပွဲထိုးတဦးက မီးတိုင်တတိုင်ကို တိုက်မိပြီး မီးတိုင်ပေါ်မှ ရေနံချေးမီးထုပ်ကြီး လွင့်စဉ်ကာ ကလေး၏ ရင်ဗတ်ပေါ် တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။
ဆောင်းတွင်းဖြစ်သောကြောင့် ရှပ်အင်္ကျီလက်ရှည်ကို ကြယ်သီးအပြည့် တပ်၍ ဝတ်ဆင်ပေးထား ခံရသော ကလေးငယ်၏ ရင်ဗတ်ကို မီးများလောင်ကျွမ်းချိန် ဖခင်ဖြစ်သူက စိုးရိမ်တကြီးဖြင့် အင်္ကျီကို ကြယ်သီးမဖြုတ်မိဘဲ အောက်မှ အထက်သို့ ဆွဲလှန်လိုက်ရာ မီးများက ရင်ဗတ်သာမက မျက်နှာကိုပါ လောင်ကျွမ်းသွားတော့သည်။ မီးငြိမ်းသွားချိန်တွင် ကလေး၏ မျက်နှာ အပါအဝင် ကိုယ် အထက်ပိုင်းတပိုင်းလုံး မီးလောင်ခဲ့ပြီး ဖြစ်နေသည်။
မီးလောင်ဒဏ်ရာများ ပျောက်ကင်းပြီးချိန်တွင် ကလေးမှာ မိမွေးတိုင်း၊ ဖမွေးတိုင်း မဖြစ်နိုင်တော့။ မွေးဖွားစဉ်က ဖြူဖြူတုတ်တုတ် ချောမောလှပ ချစ်စရာကောင်းလှသော သားငယ်လေး၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပြီ။
ကလေး၏ မိခင်က နာမည်ကြီး ပုဂ္ဂလိက ဆေးခန်းကြီးတခုမှ သူနာပြုဆရာပြု ဆရာမ တဦး ဖြစ်သောကြောင့် မိခင်နှင့် ရင်းနှီးသူ ဆရာဝန်ကြီးများနှင့် စာနာဖေးမသော ဆွေမျိုးသားချင်း၊ မိတ်ဆွေ အပေါင်းအသင်းတချို့၏ အကူအညီဖြင့် ကလေးငယ်ကို အကြိမ်ပေါင်းများစွာ ခွဲစိတ်ခဲ့ကြသည်။ ပေါင်မှာအသားကို ခွဲထုတ်ယူကာ မျက်နှာတွင် အကြိမ်ကြိမ် အစားထိုးခဲ့သဖြင့် ယခု ၁၁ နှစ်အရွယ် သားငယ်၏ မျက်နှာမှာ များစွာ ကြည့်ပျော်ရှုပျော် ဖြစ်ခဲ့ပြီ။ သို့သော် အလုံးစုံ ချောမွတ်ခြင်း ရရှိရန် ဘယ်လောက်ဆက်လက် ခွဲစိတ်ရဦးမည် မသိနိုင်။
ယခု ဖူးဖူးလေး၏ အဖြစ်အပျက်ကို ကြားရတော့ လွန်ခဲ့သည့် ၈ နှစ်ခန့်က သားငယ်၏ အဖြစ်ဆိုးကို ပြန်သတိရကာ ကျမ အစ်ကိုကဲ့သို့ ရင်းနှီးသူ ကလေးအဖေကို ဖုန်းဆက်မေးမြန်းမိသည်။
ခွဲစိတ်မခံမီ မီးလောင် ဒဏ်ရာများ ပျောက်ကင်းရန် ကလေးဆေးရုံတွင် တင်၍ ကုသနေချိန်၌ ရဲများလာရောက်ကာ တရားစွဲ မစွဲ၊ အမှု လုပ်မလုပ် မိခင်၊ ဖခင်တို့ကို မေးမြန်းခဲ့သည်ဟု သိရသည်။ ကလေးအတွက် ရတတ်မအေး ဖြစ်နေချိန်တွင် သားဖြစ်သူ ဝေဒနာ ပျောက်ကင်းရန် တခုကိုသာ အားထုတ်ခဲ့ကြသောကြောင့် အမှုကို ပိတ်ခဲ့သည်ဟု ကလေးအဖေက ကျမကို ပြောပြသည်။ စားသောက်ဆိုင်ဘက်မှ လျော်ကြေး၊ ဂရုဏာကြေး စသည်ဖြင့် တပြားတချပ်မှ မရခဲ့ပါ။
ထိုအဖြစ်အပျက်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သော်လည်း ကျမ အစ်ကို၊ အစ်မတို့နှင့် ဆွေမျိုးသားချင်း ရင်းနှီးသူ တချို့မှအပ ဘယ်သူမှ မသိလိုက်ကြ။ ထိုစဉ်က ကျမက ဂျာနယ်လစ်တဦးတော့ ဖြစ်နေပြီ၊ သို့သော် ထိုကာလသည် သိတိုင်း ရေး၍ ရသော ကာလမဟုတ်ခဲ့။ မျက်စိနှင့် နား ပွင့်နေသော်လည်း ပါးစပ်ကို ဖွင့်ချင်တိုင်းဖွင့်၍ မရသော ကာလ၊ ဟိုဟာ မထည့်ရ၊ ဒီဟာ မရေးရနှင့် တင်းကျပ်လှသော စစ်အုပ်ချုပ်ရေးလက်အောက် စိစစ်ရေးဖြတ်ရသည့် ဂျာနယ်များတွင် စားသောက်ဆိုင်၌ မီးလောင်ခဲ့ရသော ကလေး၏ သတင်း မပါခဲ့။ ထိုစဉ်က မလွတ်လပ်သော မီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်ရန်၊ စကားပြောရန် ထိတ်လန့်သော၊ အကြောက်တရား ကြီးမားသော လူထု၏ အခြေအနေကြောင့်လည်း ထိုသတင်း မကျယ်ပြန့်ခဲ့ခြင်း ဖြစ်နိုင်သည်။ ကျမ အစ်ကိုနှင့် အစ်မသည် ကလေးကို အကြိမ်ကြိမ် ခွဲစိတ် ပြုပြင်နိုင်လောက်အောင်အထိ ငွေကြေး ဖူလုံတောင့်တင်းသူများ မဟုတ်ကြသော်လည်း စာနာတတ်သော မိတ်ဆွေ အပေါင်းအသင်းနှင့် ဆွေမျိုးသားချင်း အဝန်းအဝိုင်း တောင့်တင်း သောကြောင့် သားငယ်ကို မတရားရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် အခြေအနေမှ ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဖူးဖူးလေး၏ အဖြစ်ကျတော့ တမျိုးဖြစ်သည်။ သူတို့မိသားစုမှာ ငွေကြေးလည်း မတောင့်တင်း၊ ဆွေမျိုးအသိုင်း အဝန်းလည်း မရှိ၊ ဖူးဖူးလေး၏ ဖခင်ကလည်း ကလေး မီးမလောင်ခင် ကတည်းက နေအိမ်မှ ထွက်သွားလိုက်သည်မှာ ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်းမသိ။ ဆေးရုံတွင် တကယ့်ကို မျက်စိသူငယ်၊ နားသူငယ်နှင့် ဖြစ်နေသူများ။ လွန်ခဲ့သည့် ၈ နှစ်က မီးလောင်ခံခဲ့ရသူ သားငယ်ထက် ဆိုးရွားစွာ၊ အချိန်ကြာမြင့်စွာ ဖူးဖူးလေး မီးလောင်ဒဏ် ခံခဲ့ရသည်၊ အသက် မသေဆုံး သည်ကိုပင် ကံကောင်းသည်ဟု ဆိုရမလို ဖြစ်နေသည်။ ငှားရမ်းနေထိုင်သည့် အိမ်ကို စပေါ်တိုးမပေးနိုင် သဖြင့် ဖူးဖူးလေး အပါအဝင် မိခင်နှင့် ကျန်သားသမီး နှစ်ယောက်မှာ နေစရာပင် မရှိတော့။ ဆေးရုံကိုပင် အိမ်လုပ်နေရသည်။ ကလေးကို ဆေးကုဖို့ အသာထား၊ စားစရာပင် မရှိသောကြောင့် မိခင်ဖြစ်သူမှာ ဆေးရုံတွင် ကလေးများကို ထားခဲ့ပြီး အလှူခံ ထွက် ကျွေးမွေးခဲ့ရသည်ဟု သိရသည်။ ဖူးဖူးလေး၏ အစ်ကို အကြီးဆုံးက တနေ့ ကျပ်တထောင်ဖြင့် နေ့စားအလုပ် ဝင်လုပ် နေရသည်။
facebook မကယ်လျှင် ဤမိသားစု၏ အဖြစ်၊ ဖူးဖူးလေး၏ အဖြစ်မှာ တွေးရဲစရာပင် မရှိဟု ဆိုရပေမည်။ facebook တွင် အမှတ်တမဲ့ပဲ ဖြစ်ဖြစ်၊ ရည်ရွယ်၍ပဲဖြစ်ဖြစ် ဤအဖြစ်အပျက်ကို စတင်ပေးလိုက်သူအား ချီးကျူးမိသလို၊ လူသိများ ထင်ရှား သူတို့၏ စေတနာနှင့် လူမှုရေး အသိရှိမှုတို့အတွက် ဖူးဖူးလေး ကိုယ်စား ကျမ ကျေးဇူးတင်မိသည်။ သာမန်လူတယောက်က သွားရောက် လှူဒါန်းသည်ထက်၊ ထင်ရှားသူ အနုပညာရှင် တဦးက လှူဒါန်းလိုက်ခြင်းမှာ ပိုမိုထိရောက်သည်ကို မငြင်းနိုင်ပါ။
ဤ အဖြစ်အပျက် မတိုင်ခင် မြန်မာအများစု အသုံးပြုနေသော facebook စာမျက်နှာများက သတင်းကောင်းထက် သတင်းဆိုးများဖြင့်သာ ကျော်ကြားခဲ့သည်။ အတင်းအဖျင်းများ၊ ကောလာဟလများ၊ ယုတ်ညံ့သည့် ဝေဖန်တိုက်ခိုက်မှုများ၏ ဒဏ်ကို မခံနိုင်သဖြင့် facebook အသုံးပြုမှုမှ ရပ်နားသွားသူများပင် အများအပြား ရှိခဲ့သည်။
ဖူးဖူးလေး၏ အဖြစ်က လူထု မီဒီယာ ကွန်ယက်၏ အကျိုးနှင့် ကောင်းကွက်ကို ညွှန်ပြလိုက်ခြင်းဟု ယူဆသည်။ လွန်ခဲ့သည့် ၈ နှစ်ကသာ လွတ်လပ်သည့် မီဒီယာများ၊ လူမှုကွန်ရက်များ ကျယ်ပြန့်ခဲ့လျှင် ကျမ၏ သားကြီးထက် ၂ နှစ်သာငယ်ပြီး တူအရင်းကဲ့သို့ ချစ်ခင်ရင်းနှီးရသော သားငယ်အတွက် စာနာမှုများနှင့် တရားမျှတမှု တစုံတရာ ရရှိခဲ့လိမ့်မည်ဟု ကျမ တွေးနေမိသည်။ ကျမ တူလေးသာမကဘဲ လူမသိသူမသိ တရားမျှတမှု၊ စာနာမှုများ မခံစားရသူ များစွာ ရှိနေနိုင်ပါ သေးသည်။
အခုတော့ facebook ပေါ်မှ share ဆိုသော ခလုပ်တချက်၏ အားက ဖူးဖူးလေးအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းနိုင် ခဲ့ပြီ။
မကြာသေးခင်က facebook ကြောင့်ပင် လူမျိုးရေးဘာသာရေး အမုန်းပွားမှုများ ရှိသင့်သည်ထက် ပိုရှိခဲ့သည်၊ လူလူချင်း ခိုက်ရန် ဖြစ်ပွားလာအောင် facebook ကပင် လှုံ့ဆော်ခဲ့ကြသည်၊ ဆဲဆိုရိုင်းပြမှုများ မြင်မကောင်းအောင် ပွထခဲ့ပြီး အကျိုးဆက် အားဖြင့် နာကျည်းမှုများ၊ ရန်ညှိုးဖွဲ့မှုများ တိုးပွားခဲ့သည်။ ယခု ဖူးဖူးလေး၏ အဖြစ်ကတော့ ထိုအရာများနှင့် ဆန့်ကျင်ဘက် မြင်ရ ကြားရရုံဖြင့် ကြည်နူးအားရဖွယ် ဖြစ်သည်။ facebook သည် အကျိုးရှိရှိ သုံးတတ်လျှင်ဆေးဖြစ်၍၊ မသုံးတတ်ပါက ဘေးဖြစ်နိုင်သည် မဟုတ်ပါလား။ ။
နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီး အနီးက အံ့ သြဖွယ် ဆွဲငင်အားတစ်ခု
နေပြည်တော် - တပ်ကုန်း အမှတ် (၁) လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ခြောက်မိုင် ငါးဖာလုံတွင် ထူးဆန်း သည့် ဆင်ခြေလျှော ကုန်းဆင်းလေးတစ်ခု ရှိနေပါသည်။
ဆင်ခြေလျှော ကုန်းဆင်းလေး ၏ အဆင်းပိုင်းနေရာသို့ရောက်ပါက တံတောင်ဆစ် ကွေ့ငယ်လေးတစ်ခု ရှိ သည်။
ထို့အတွက် မော်တော် ယာဉ်များအနေဖြင့် ကုန်းအဆင်း ဆင်ခြေလျှောဖြစ် သည့် ထိုနေရာ သို့ရောက် လျှင် ဂီ ယာဖြုတ် ကာ အရှိန်ဖြင့် အသာ အယာ လှိမ့်ဆင်းမောင်းနှင် သွားနိုင်ပေသည်။
သို့သော် အဆိုပါမိုင်တိုင်နှင့် တည့်တည့် ကျသည့် နေရာတွင် (ဓါတ်ပုံပါနေရာ) ကားကိုခေတ္တ ရပ်၍ စက် ပိတ် ရပ် တန့်ပါက ယင်းမော်တော် ယာဉ်သည် ကုန်းအဆင်း ဆင်ခြေလျှော အတိုင်း ထိုးဆင်း သွားရမည့် အ စား  ကုန်း အတက်ဘက်ဆီသို့ နောက်ပြန် ( ဘက်ဂီယာမထိုးဘဲ) အရှိန်နှင့် ပြန်ဆုတ်သွားသည်ကို မျက်မြင် ကိုယ်ေ တွ့ ကြုံခဲ့ရပါသည်။
အများပြောသည်ကိုမယုံကြည်သောယဉ်မောင်းများစွာ ထိုနေရာတွင်လာရောက် စမ်းသပ် ကြည့်ရှုကြ သည်ကို လည်း တွေ့မြင်ခဲ့ရသည်။ အချို့ က လူကိုယ်တိုင်ကားပေါ်မှ ဆင်းကာကား လမ်းမပေါ်မှ မတ် တတ် ရပ်ကြည့် ရှုကြသည်။ အံ့ သြဖွယ်ရာ ကောင်းလောက်အောင်ပင် အနည်း ဆုံး ပေ ၅၀ မှ ၁၀၀ ခန့် အထိ ကုန်း အတက် ဘက်ဆီ နောက်ပြန် ထိုးတက် သွားသည့် ကားများကိုတွေ့မြင်ရပေသည်။
ဇင်ယော် မိတ်ဆွေများလည်း သွားရောက်စူးစမ်းလို့ ရအောင် ဗဟုသုတအလို့ငှာ တင်ပေးလိုက်ပါသည်။
BY : CH
Credit: ကိုပေါက် ( နေပြည်တော်)
 မြန်မာ့အလင်း သတင်းစာ ၂၄-၅-၂၀၁၃ တွင်လည်း အဆိုပါ သတင်းပါရှိပြီး ဂျာနယ် အချို့တွင်လည်း ပါ ပါသည်။ နေပြည်တော်သို့ သွားရောက်၍ စမ်းသပ်ကြပါလေ။
Tumblr ကို အိတ်ထဲ ထည့်ချင်တဲ့ Yahoo
Saturday, May 25, 2013
Yahoo က သူ့ကို လူသုံးများလာစေဖို့အတွက် မဟာစီမံကိန်းကြီးတခု ရှိနေပါတယ်။ အဲဒါကတော့ အနောက်တိုင်းမှာ လူသုံးများတဲ့ Tumblr ကို ဝယ်လိုက်ဖို့ပါပဲ။
Yahoo ရဲ့  အမှုဆောင်အရာရှိချုပ် မာရစ်ဆာမေယာ (ဓာတ်ပုံ - Mario Tama/Getty Images)
 သတင်းတွေအရ Yahoo နဲ့ Tumblr တို့ ရဲ့ အမှုဆောင် အရာရှိချုပ်တွေဟာ သူတို့ကုမ္မဏီ၂ ခုကို ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြတယ်၊ ဝယ်မယ့်ဈေးက ဒေါ်လာ သန်းတထောင် လို့ ဆိုပါတယ်။ 
Tumblr ဆိုတာ ဘာလဲ
Tumblr ဟာ မြန်မာ အင်တာနက်အသုံးပြုသူများနဲ့ အတော်စိမ်းသေးပေမယ့် အမေရိကနဲ့  ဥရောပနိုင်ငံတွေမှာ လူကြိုက်များအသုံးပြုနေတဲ့ ဘလော့ဆိုဒ်တခု ဖြစ်ပါတယ်။
Tumblr မှာ ဘလော့ဆိုဒ်တွေ သန်းပေါင်း တရာကျော် ရှိပြီး တလကို ၁၅ ဘီလီယန်အထိ လာရောက်ဖတ်ရှုတဲ့နှုန်း ရှိတာကြောင့် Yahoo က ဝယ်ယူပြီး ဖို့ ကြိုးစားနေတာပါ။
ဒီနည်းနဲ့ Yahoo ကို လူသုံးများလာမှာ ဖြစ်ပါတယ်။
ဥပမာ အနေဖြင့် Google ဟာလည်း Blogger ကို ဝယ်ယူခဲ့ဖူးပြီး လူကြိုက်များတဲ့ ဘလော့ဆိုဒ် တခုဖြစ်အောင် ဖန်တီးနိုင်ခဲ့တဲ့ သာဓက ရှိပါတယ်။
 Tumblrရဲ့ထူးခြားချက်ဟာ ဓာတ်ပုံဖိုင်တွေကို အလွယ်တကူ ရှယ်နိုင်သလို၊ ဗီဒီယိုဖိုင်တွေကိုလည်း အခမဲ့တင်လို့ ရပါတယ်။
နောက်ထပ်ကောင်းတဲ့အချက်က မိမိတင်သမျှ သတင်းတိုင်းကို လာဖတ်တဲ့သူက ရှယ်သွားလို့ ရတယ်၊
Facebook သုံးသလိုပဲ ပိုစ့်များမှာ အလွယ်တကူ ကွန်မန့် ပေးလို့ရ၊ အလွယ်တကူလည်း ပြန်လည်ရှယ်လို့ ရခြင်းပါပဲ။ ဒီအချက်တွေကြောင့် ကိုယ်ပိုင်ဆိုဒ်လေးတခုမှာ စာဖတ်ပရိတ်သတ်များများ အချိန်တိုအတွင်း ရရှိနိုင်တဲ့ (Blog) ဘလော့ဂ် အမျိုးအစားဖြစ်ပါတယ်။
Yahoo ရဲ့ စိတ်ကူး အထမြောက်သွားပြီး Tumblr ကို အပိုင်ရလိုက်ပြီ ဆိုရင်တော့ ကြော်ငြာတွေ အများကြီး ထပ်ရမှာ အသေအချာပါပဲ။ ကြော်ငြာ ဆိုတာ အင်တာနက်လောကမှာတော့ ငွေတွင်းကြီး မဟုတ်လား။
Yahoo ရဲ့ စိတ်ကူးကို ကန့်ကွက်သူများ
Tumblr ဟာ အချိန်တိုအတွင်း လျှင်မြန်စွာ တိုးတက်လာနေတာကြောင့် Yahoo နဲ့ လက်မတွဲဘဲ တစ်ဦးတည်းသာ ဆက်လက်သွားပါက ပိုမို တိုးတက်လာဖွယ်ရှိနေတယ်လို့ ဝေဖန်တဲ့သူများလည်း ရှိပါတယ်။
Yahoo က ဝယ်မယ် ဆိုတဲ့သတင်းကြောင့် Tumblr အသုံးပြုသူများကတော့ အတော်ကို စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ Yahoo ကို ကန့် ကွက်စာတွေပို့ ကြမယ်လို့ လည်း ဆိုသူက ဆိုပါတယ်။
သတင်းတွေအတိုင်း Yahoo က ဒေါ်လာ သန်း ၁,ဝဝဝ ပေးချေပြီး ဝယ်ယူခဲ့မယ် ဆိုပါစို့။ ဒါဆိုရင်   
Facebook က ဓာတ်ပုံအသားပေး Instagram ကို ဝယ်ယူခဲ့တဲ့ ဒေါ်လာ ၇၁၅ သန်း စံချိန်ကို Yahoo က အသာ ကျော်ဖြတ်နိုင်တော့မှာပါ။
(ဒီအကြောင်းကို ဒီ ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2012/04/facebook_10.html မှာပဲ  Facebook က ဓာတ်ပုံအတွက် $ သန်းတထောင် သုံးပြီ  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ)
Tumblr ကို ဘယ်လို သုံးကြမလဲ
တည်ထောင်သူရဲ့နာမည်ကတော့ ဒေးဗစ် ကာ့ပ် ဖြစ်ပြီး လက်ရှိအချိန်မှာ ဝန်ထမ်းအင်အား ၁၇၅ ယောက်နဲ့ အလုပ်လုပ်နေတာဖြစ်ပါတယ်။
 Tumblr မှာ ဘလော့ဂ် ပေါင်း ၁ဝ၈ သန်းကျော်ရှိနေပြီးနေ့ စဉ်နဲ့ အမျှ ဘလော့ဂ် အသစ်တွေ ဖွင့်နေသူ အများအပြားရှိပါတယ်။
လတ်တလောမှာ ဘာသာစကားပေါင်း  ၁၂ မျိုး နဲ့ အလုပ်လုပ်နိုင်ပြီး တဖြည်းဖြည်းတိုးချဲ့ လုပ်ကိုင်နေတာကိုလည်း တွေ့ ရမှာပါ။
 Tumblr ရဲ့ရည်ရွယ်ချက်ကတော့ ဒီလိုပါတဲ့ ...
Tumblr ဟာ တီထွင်ဖန်တီးမှုကို အားပေးပါတယ်။ သင်တို့ အားလုံးဟာ Tumblr ကိုအသုံးပြုပြီး မိမိ ဘာကိုနှစ်သက်တယ်၊
ဘာကို ယုံကြည်တယ်၊ ဘယ်လိုတွေးခေါ်တတ်တယ်ဆိုတာကို လူအများနဲ့ အချိန်တိုအတွင်းမှာ ဖလှယ်လို့ ရအောင် အဓိက ထားပါတယ် တဲ့။
အကယ်၍ Tumblr ကို အသုံးပြုပြီး မိမိရဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်လေးတစ်ခု ပြုလုပ်ချင်တယ်ဆိုပါက အောက်ပါလိပ်စာမှာ သွားရောက်ပြီး စမ်းသပ်အသုံးပြုနိုင်ပါတယ်။
http://www.tumblr.com/about
ကိုးကား ။ http://edition.cnn.com/2013/05/17/tech/social-media/yahoo-tumblr/index.html?hpt=te_r1
http://news.cnet.com/8301-1023_3-57584967-93/yahoo-tumblr-tie-up-in-the-works/
http://www.tumblr.com/about
http://www.forbes.com/fdc/welcome_mjx.shtml
မလေးရှား cosmetics ဘုရင်မအား သတ်ဖြတ်ခဲ့သူ လေးဦးကို သေဒဏ်ချ
 Ms Sosilawati Lawiya, the founder of Malaysian cosmetics brand Nouvelle Visages. -- PHOTO: HARIAN METRO
မလေးရှားနိုင်ငံတွင် အလှအပ ပစ္စည်း (cosmetics)များ ပြုလုပ်ရောင်းချသည့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးဖြစ်သည့် Sosilawati Lawiya အား သတ်ခဲ့သူ လူသတ်သမားလေးဦးအား ကြာသပတေးနေ့က သေဒဏ်ပေးလိုက်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၏  cosmetics ဘုရင်မဟု သတ်မှတ်ခံရသူ Sosilawati Lawiya အား Judge Akhtar Tahir (in white headgear) and the lawyers visited the farm where Malaysian cosmetics queen Sosilawati Lawiya was allegedly murdered. Four men accused in the murder of Malaysian cosmetics businesswoman Sosilawati Lawiya and three others were sentenced to death by the High Court here on Thursday. -- FILE PHOTO: SIN CHEW DAILY
ထိုလူသတ်သမားများက ၂၀၁၀ ခုနှစ်တွင် သတ်ဖြတ်ခဲ့တာဖြစ်ပြီး ၎င်းတို့လေးဦး သတ်ခဲ့ခြင်းအား သက်သေ အခိုင်အမာရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။
အိမ်ဖြိုရင်း ပြိုကျလို့ လူတစ်ဦးသေဆုံး
ရန်ကုန်၊မေ၊၂၅
စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း အောင်ချမ်းသာရပ်ကွက် အိမ်အမှတ်(၁) မှာ အိမ်ဖြို ဖျက်ရင်း နဲ့ပြိုကျ မှုကြောင့် လူတစ်ဦး သေဆုံး ပြီး ၃ယောက် ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။
“ဖြစ်တာက ၉နာရီ ၁၀မိနစ် မှာဖြစ်ဖြစ်ချင်းနေရာမှာ တစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။နှစ်ယောက် က ဒဏ်ရာပြင်းထန်တယ်။ “လို့ အောင်ချမ်းသာရပ်ကွက် ရာ အိမ်မှုး ဦးမိုးမြင့်ကပြောပါတယ်။
သေဆုံးသူ ကိုထွန်းလွင်မျိုး ဖြစ်ပြီး ဒဏ်ရာ ရသူတွေကတော့ ကိုရှိန်းကို၊ ကိုမိုးကျော်သူ ၊ကိုသီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအိမ်ကို ဦးနိုင်တိုး အပါအ၀င် မိသားစု ၀င် နှစ်ဦးက ပိုင်ဆိုင်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။
အဆိုပါကိုဖြိုဖျက် တဲ့ နေရာမှာ တာဝန်ယူ ထား တဲ့ အင်ဂျင်နီယာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
လဲမို့၊မိုးမြင့်ဇော် (Kumudra)
ကိုးန၀င်းပုတီးစိတ်သူများအတွက် သက်သက်လွတ်ပါ ဖော်ပြတဲ့ဆော့ဝဲ
http://www.zwmnna.com/2013/05/blog-post_25.html
Download - 9NaWim 1.1_2.apk
ဈေးကွက်ဝင် ကချေသည်များ
Sunday, May 26, 2013
    Dancer လို့ ခေါ်ကြတဲ့ ကချေသည်တွေ တဖြည်းဖြည်း ပေါ်ပြုလာဖြစ်လာသလို၊
အနောက်တိုင်းကလာတဲ့ မြူးမြူးကြွကြွ ကခုန်တဲ့ပညာအထွေထွေကို သင်ယူချင်သူတွေလည်း များလာတယ်။
၂ဝ၁၂ ခုနှစ် ရန်ကုန်မြို့ မယ်ပြိုင်ပွဲတခုမှာ အကအဖွဲ့ရဲ့ တင်ဆင်မှုတွေကို အခုလို တွေ့ကြရမှာပါ (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)
အခုနောက်ပိုင်းမှာတော့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တာတွေ ရှိလာပြီး   တော်တော်များများက စိတ်ဝင်စားလာကြတာပါ။
အိပ်မက်ဆုံရာ အစီအစဉ်ကနေ ထုတ်လွှင့် ပြသတဲ့ အကကို  စောင့်ကြည့်ပြီးတော့ လိုက်ကတဲ့ သူတွေ ရှိတယ်လို့ သိရပါတယ်။
ဆက်စပ် ~ Dancer ခေမီကို ရဲ့ ပီပြင်တဲ့ သရုပ်ဖော်အကနဲ့ ၀တ်စုံ ဒီဇိုင်း http://blog.irrawaddy.org/2010/10/blog-post_360.html
ရန်ကုန်က နာမည်ကျော် Uranium အဖွဲ့က ခေါင်းဆောင် ဖြစ်တဲ့ ကိုဇေယျာက...
“ကျွန်တော်တို့တွေ အဲလိုပွဲတွေမှာ ပါဝင်ခွင့် ရလာတာတွေကလည်း လူပိုသိလာတာမျိုး ဖြစ်လာစေပါတယ်” လို့ ပြောပါတယ်။
Chanal 7 လို ဖျော်ဖြေရေးရုပ်သံလိုင်း တွေကနေ ပြသနေတဲ့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲတွေကြောင့်လည်း အကအဖွဲ့တွေ  နာမည်ကြီးလာကြတာလို့   ကိုဇေယျာက သုံးသပ်ပါတယ်။
“မှန်ပါတယ်၊ ကျွန်တော်တို့က ရှိုးပွဲတွေမှာပါပြီးဖျော်ဖြေတယ်၊ ဥပမာ စိုင်းစိုင်းရိုးပွဲတွေမှာ ပါတယ်၊ ဒီလိုလူအများစိတ်ဝင်စားတဲ့ပွဲတွေမှာ ပါဝင်တာကြောင့် ပရိုမိုးရှင်းဖြစ်တယ်။
ရုပ်သံတွေက ထုတ်လွှင့်ပြသတဲ့ အက ပြိုင်ပွဲတွေမှာလည်း လူငယ်တွေက သူတို့နည်း သူတို့ဟန်နဲ့ ကကွက် အသစ်အဆန်းတွေ ထွင်ပြီး ၀င်ရောက် ယှဉ်ပြိုင်လာကြတာ တွေ့ရပါတယ်” လို့ ကိုဇေယျာက ပြောပါတယ်။
“အကပညာဟာ ရန်ကုန်တင် မဟုတ်ဘဲ နယ်က လူငယ်တွေပါ စိတ်ဝင်တစား ဖြစ်လာတာကို  ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့ ပြိုင်ပွဲ အစီအစဉ်တွေ ကြည့်ရင် သိနိုင်ပါတယ်။
ကကွက်တွေက ပရိသတ်ကို ပိုဆွဲဆောင်နိုင်တယ် ဆိုတာ  သိလာတာကြောင့်လည်းပါတယ်” လို့ ကိုဇေယျာက ရှင်းပြပါတယ်။
ဒီကနေ့ ဆိုရင် ကချေသည်အလုပ်နဲ့ ဘဝရပ်တည်နေသူတွေကို တွေ့နိုင်မှာပါ။
လူငယ်အကအဖွဲ့ အရေအတွက်က  အရင်ကထက်များလာပါပြီ။
အထင်ကရအဖွဲ့ရော၊ အပျော်တမ်းသဘောမျိုး လှုပ်ရှားနေတဲ့အဖွဲ့တွေရော ပေါင်းလိုက်ရင် အနည်းဆုံး အဖွဲ့ လေးဆယ်လောက်တော့ ရှိပါလိမ့်မယ်။
အက အဖွဲ့တွေ တိုးပွားလာသလို  အကသင်တန်းကျောင်းတချို့လည်း ဖွင့်လာတာ တွေ့ကြရမှာပါ။ 
ကုန်ပစ္စည်း မိတ်ဆက်ပွဲ၊ ဖက်ရှင်ရှိုးတွေမှာ အကအဖွဲ့တွေကို မဖြစ်မနေ တွေ့နေရပါပြီ။
 တေးသီချင်း ဗီစီဒီ ရိုက်ကူးကြရာမှာလည်း   အကအဖွဲ့တွေကို သုံးလာကြတာ ကာလှအတန်ကြာပါပြီ။ 
ဈေးကွက်ဝင်လာတဲ့၊ လူကြိုက်များလာတဲ့ သူတို့ရဲ့ ကခုန်မှုတွေဟာ ပြည်တွင်းဖြစ်တော့ မဟုတ်ပါဘူး။
နိုင်ငံခြားကလာတဲ့ ယဉ်ကျေးမှု ဆိုပေမယ့် မြန်မာပြည်က ကချေသည်တွေက နိုင်ငံခြားထက် ပိုပြီး ကြိုးစားရတာ ရှိနေတယ်လို့ ဆိုရပါမယ်။
ကချေသည်တွေ ပြောတာကတော့ အကမျိုးစုံ ကခုန်တတ်အောင် လေ့ကျင့်ထားရပါတယ် တဲ့။
ပြည်ပ အကအဖွဲ့တွေဟာ မတူခြားနားတဲ့ ခေတ်ပေါ်ကခုန်မှုပုံစံမျိုးစုံကို ကကြမယ် မထင်ပါ။
အက အမျိုးအစားများစွာ ရှိတဲ့အနက် သူတို့နှစ်သက်ရာ၊ သူတို့ ပိုမို ကျွမ်းကျင်ရာကိုပဲ ကကြမယ် ထင်ပါတယ်။
မြန်မာပြည်မှာတော့ အထက်မှာဆိုခဲ့သလိုပဲ အကမျိုးစုံ ကခုန်တတ်အောင် လေ့ကျင့်ထားကြတာပါ။
ဒါမှလည်း ဈေးကွက်ဝင်တဲ့ အကအဖွဲ့ဖြစ်မယ်၊ အဆိုတော် ဂီတသမားမျိုးစုံနဲ့ တွဲပြီး တင်ဆက်ဖျော်ဖြေနိုင်ကြမှာ ဖြစ်ပါတယ်။
Huawei U8825D သုံးစွဲသူများသတိပြုရန်
Huawei U8825D တွင် Zapya တင်သုံးသူများ စက်ကိုမကြာခဏဟန်းတတ်ခြင်း၊ Firmware ကြောင်ခြင်းများဖြစ်ပေါ်နေပါသည်။ Zapya သုံးရင် Bluetooth မြန်တယ်ဆိုသည်မှာ မှန်ကန်သော်လည်း Zapya ရဲ့နည်းပညာက စက်ရဲ့ Bluetooth ကိုသုံးခြင်းမဟုတ်ဘဲ Wifi ကို အသုံးပြုပြီး Data များကိုပို့ဆောင်ခြင်းဖြစ်သောကြောင့် စက်ရဲ့ Wifi စနစ်အားနည်းပါက စက် ဟန်းတတ်ခြင်း၊ Firmware ကြောင်ခြင်းများကိုဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ထို့ကြောင်း China ဟန်းဆက်များနှင့် Huawei ဟန်းဆက်များတွင် Zapya သုံးပါက Firmware ကြောင်ခြင်းနှင့် စက်ဟန်းခြင်းများဖြစ်ပေါ်နိုင်သည်ကို သတိပြုမိစေရန် သတိပေးရခြင်းဖြစ်ပါသည်။
https://www.facebook.com/groups/laputtatechnical/
ထူးဆန်းထွေလာပုံလေးများ(၅)
မြန်မာပြည်က အောက်လမ်း၊ အထက်လမ်း၊ စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ နာနာဘာဝများလည်း သတိကြပ်ကြပ်ထားကြလေကုန်............. အာဖရိကတောင်ပိုင်းက Swaziland နိုင်ငံမှာတော့ ဥပဒေတရပ် စတင်ထုတ်ပြန် ပြဌာန်းလိုက်ပါပြီ။
အမြင့်ပေ(၅၀၀)[မီတာ(၁၅၀)]အထက်တွင် စုန်း၊ ကဝေများ တံမြက်စည်းရိုးတံ အသုံးပြု ပျံသန်းသွားလာခြင်းကို တားမြစ်လိုက်ပြီလို့ ဆွာဇီလန် ပြည်တွင်းလေကြောင်းသွားလာမှု ထိန်းချုပ်ရေးအာဏာပိုင်တွေက မေလ(၁၄)ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာသွားခဲ့ပါပြီ။ အခုကြေငြာချက်ထဲမှာ တံမြက်စည်းရိုးတံ အသုံးပြုပျံသန်းခြင်းကိုသာ ထည့်သွင်းဖော်ပြထားပြီး ကော်ဇော်ပျံကို အသုံးပြုပြီး ပျံသန်းမယ်ဆိုရင် အမြင့်ပေဘယ်လောက်ကနေ တနာရီအမြန်နှုန်းဘယ်လောက်နဲ့ ပျံသန်းရမယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
အကယ်၍ ဥပဒေကိုချိုးဖောက်ပြီးတော့ သတ်မှတ်အမြင့်ပေအထက်ကျော်လွန်ပျံသန်းတဲ့ စုန်း၊ ကဝေအတတ်ပညာသည်များကိုတွေ့ရှိပါကဖမ်းဆီးမှာဖြစ်ပြီး ဆွာဇီလန်နိုင်ငံသုံးငွေ
၅၀၀ ၀၀၀ {500,000 South African rand (£36,000)} ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အခုလို တံမြက်စည်းရိုးတံကိုအသုံးပြုပြီး ပျံသန်းခရီးသွားလာကြတဲ့ စုန်း၊ ကဝေ၊ မှော်အတတ်ပညာသည်များအနေနဲ့ ၄င်းတို့ရဲ့ ယာဉ်များပေါ်မှာ လူပိုတင်ဆောင်ခြင်းခွင့်ပြု/ မပြုနဲ့ တံမြက်စည်းရိုးတံယာဉ်ပျံများကို အငှားယာဉ်အဖြစ် အခကြေးငွေယူပြီး ပျံသန်းခွင့်ပြု/ မပြု ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
credit to (အက်ဒမင်-ရွာတော်ရှင်)
#Photo Credit Soe Thiha Naung
မူရင်းသတင်းလင့်ခ်များ
၁။http://now.msn.com/swaziland-witches-addressed-in-airspace-laws
၂။http://www.trutv.com/library/crime/blog/2013/05/17/swaziland-witches-banned-from-flying-over-150-meters/index.html
၃။http://www.globalpost.com/dispatches/globalpost-blogs/quick-click/swaziland-witches-on-broomstick-must-fly-low
၎။http://www.timeslive.co.za/africa/2013/05/13/broomstick-flying-witches-to-be-brought-down-in-swaziland
(၁၉.၅.၂၀၁၃)ဒီကနေ့ ကျွန်တော်ဆေးရုံကိုရောက်သွားတော့ ၀မ်းသာစရာကြားလဲကြားရ မြင်လဲမြင်ခဲ့ရပါတယ်။ ဒီ (၄)မွှာပူး ကလေးတွေဟာ အခုဆိုရင် ပိုပြီးစိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေဖို့ ရန်ကုန်မြို့က ရန်ကင်းကလေးအထူးကုဆေးရုံကို ရောက်နေကြပါပြီ။ မိခင်ကတော့ သထုံဆေးရုံမှာပါဘဲ။ အင်တာနက်သတင်းတွေကတွေ့လို့ လာရောက်ကူညီလှူဒါန်းကြတဲ့ မိတ်ဆွေ တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ကလေးတွေရှိတဲ့နေရာကိုစုံစမ်းမေးမြန်းလို့ ရတဲ့ဖုန်းနံပါတ်တွေကတော့ ၀၁.၈၅၅၀၆၈၄၊ ၀၁.၈၅၅၀၆၈၅၊ ၀၁.၈၅၅၀၆၈၆၊ ၀၁.၈၅၅၀၆၈၇။ ကလေးတွေရဲ့ မိခင်နဲ့ဆက်သွယ်လို့ရတဲ့ ဖုန်းက ၀၉.၄၂၅၃၃၉၅၇ ပါ။
အိမ်မီးလောင်တော့ ကြောင်အမေက သူကလေးတွေ တစ်ကောင်ပြီး တစ်ကောင်ကယ်ထုတ်ရင်း နောက်ဆုံး တစ်ကောင်ကို ကယ်ထုတ်ဖို့ ကြိုးစားရင်း မီးခိုးကြောင့် မေ့သွားပါတယ်။ အဲတာ မီးသတ်သမားက တွေ့တော့ အောက်စီဂျင်ပေးပြီး အသက်ကယ်ခဲ့ပါတယ်။ သူ့ဘေးနားမှာ ကြည့်နေတဲ့ ကြောင်ပေါက်စက သူနောက်ဆုံးကယ်ဖို့ကြိုးစားခဲ့တဲ့ အကောင်လေးပါ။ ကြောင်အမေ အသက်ရှင်ခဲ့ပါတယ်။
ခြေဖ၀ါးယားတယ် အမငှီး
Tibetan ကြိုးတံတား
အီတလီ နိုင်ငံ Piedmont ပြည်နယ် ၏ Claviereအပန်းဖြေဒေသမှာတည်ရှိပါတယ် ။Cesana ဒေသ နှင့် Claviere ဒေသတို့ကို တောင်များကြားမှ ၎င်းကြိုးတံတားဖြင်ဆက်သွယ်ပေးထားပါတယ် ။ ကြိုးတံတားရဲ့ အရှည်ကတော့
၄၆၈ မီတာ ရှည်လျှားပါတယ်။
တစ်ခါသုံးဇွန်းလေးတွေနဲ့ ဖန်တီးထားတဲ့ အနုပညာ
credit to ထူးထူးဆန်းဆန်း
သယ်ရင်းတို.ကို.စိတ်ခံစားမှုတစ်ခုပေးနိုင်ပြီဆိုကျေနပ်ပါပြီ
မော်နီကာ ရဲ.ထူးဆန်းထွေလာအပိုင်းရှည်ကြီးကို အချိန်ပေးပြီးကြည့်တဲ့သယ်ရင်းတွေ အချိန်ပေးရကျိုးနပ်တယ်ဆိုကျေနပ်ပါတယ်
မော်နီကာ ဗိုက်မကောင်းဘူး ၀မ်းသွားနေတယ်လေဟိ ဒါပေမဲ့ရေအိမ်သွားချင်တဲ့စိတ်ကိုဖိနိုပ်ချုပ်တည်းပြီး ဒီဘလော့လေးကို အပြီးသတ်လိုက်တယ် အခုတော့အီးအီးပါလို.ရပြီပေါ့နော်
သူငယ်ချင်းတို.ရဲ.ကွန်.မန်.တစ်ကြောင်းစီဟာ မော်နီကာ့အတွက် ၀မ်းပိတ်ဆေးလေးတွေပါ
စာပေဝေမျှသူ
မော်နီကာ