မလေးရှားနိုင်ငံတွင် အလှအပ ပစ္စည်း (cosmetics)များ ပြုလုပ်ရောင်းချသည့်
နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးဖြစ်သည့် Sosilawati Lawiya
အား သတ်ခဲ့သူ လူသတ်သမားလေးဦးအား ကြာသပတေးနေ့က သေဒဏ်ပေးလိုက်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၏ cosmetics ဘုရင်မဟု သတ်မှတ်ခံရသူ Sosilawati Lawiya အား ထိုလူသတ်သမားများက ၂၀၁၀ ခုနှစ်တွင် သတ်ဖြတ်ခဲ့တာဖြစ်ပြီး ၎င်းတို့လေးဦး သတ်ခဲ့ခြင်းအား သက်သေ အခိုင်အမာရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။
0 ကွန်မန့်ရေးရန်:
Post a Comment