This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 21, 2014

ရန်ကုန်မြို. နေ.ခင်းကြောင်တောင်ကားလုယက်မှုဖြစ်ပွား။................




အင်းလျားလမ်းနှင့် တကသိုလ်ရိပ်သာ လမ်းထောင့်တွင် ယနေ.နေ.လည်(၂)နာရီခန်.က ကားတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး Taxi ကားတစ်စီးမှာ တစ်စီးပြီးတစ်စီး တိုက်လာတာကို တွေ့ရ ကြောင်း၊လူတွေကလည်း အော်ဟစ်နေကြပြီး ယာဉ်ထိမ်းရဲ နှစ်ယောက် ချက်ချင်း ရောက်ရှိလာကြောင်း၊ယာဉ်ထိန်း တစ်ယောက် ကသော့ကို ဆွဲဖြုတ်ဖို့ ကြိုးစားပါတယ်၊ ကားပေါ်မှာလူမှ ထိုးကြိတ် တိုက်ခိုက်ခြင်းကြောင့် ယာဥိထိန်းရဲတစ်ဦး မျက်လုံးတော်တော် ထိခိုက်သွားပုံရကြောင်း။ အဆိုပါလူကို ထိန်းချုပ်ဖို့ ပတ်ဝန်းကျင်က လူတွေနဲ့ ယာဉ်ထိန်းရဲ နှစ်ယောက်ပေါင်းပြီး ကြိုးစားတာကို ပြန်ခုခံပါတယ်..နောက် ၁၀ မိနစ်လောက်အကြာ ယာဉ်ထိန်း၅ယောက်လောက် ထပ်ရောက် လာပြီးသူ့ကို Probox ကားပေါ်ပွေ့တင်သွားပါတယ်။ ကားစထွက်ရုံပဲ ရှိသေးတယ် Probox နောက်ဖုံးထဲမှာ ထည့်ထား တာကို ဖွင့်ပြီး လမ်းပေါ် ထွက်ပြေးပြန်ပါတယ်။ ပတ်ဝန်းကျင်မှ လူအားလုံးကဝိုင်းချုပ်..ခါးပတ်နဲ့လက်ကိုချည်ပြီး ဖမ်းဆီး တင်ခေါ်သွားရပါတယ်။ ထိုသူမှာ Taxiသမားဆီက ကားကို လုယက်ပြီး ထွက်ပြေးလာတာ ဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါး သုံးထားတယ်လို့ ယူဆရပါတယ်လို. ကိုယ်တိုင် ပါဝင်ဖမ်းဆီးပေးခဲ့သူ ကိုစိုးဂျူလှိုင်၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားပါသည်။
 
သတင်းဓါတ်ပုံ- ကိုစိုးဂျူလှိုင်

ပည်တွင်းဘဏ်များ အွန်လိုင်းငွေပေးချေမှုစနစ် စတင် ..................


Posted by: Ko Myo on Wednesday, May 21, 2014 Categories:
photo;www.abiederman.com

ပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် Internet Banking စနစ်ကို အသုံးပြု၍ အွန်လိုင်းငွေပေးချေမှုများကို စတင် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်ဟု ပြည်တွင်းဘဏ်အချို့က မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အနေဖြင့် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ၀န်ဆောင်မှုပေး ရန် ဗဟိုဘဏ် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ မေလအတွင်းက စတင်လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်၏ ဒု-အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောသည်။

ဦးသက်ကိုကိုမျိုးက “လက်ရှိမှာတော့ နိုင်ငံတကာက ငွေပေးချေမှုကတ်တွေနဲ့ပဲ အွန်လိုင်းငွေပေးချေမှုကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့ ချိတ်ဆက်ထားတဲ့ အရောင်း ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေယာဉ်လက်မှတ် ၀ယ်ယူတဲ့ နေရာမျိုးတွေမှာ ပေးချေနိုင်မှာပါ။ အရောင်း ဆိုင်နဲ့ ဈေးဝယ်သူကြားမှာ ငွေပေးချေပေးတဲ့ အွန်လိုင်း Payment Gateway ပုံစံမျိုးသွားတာပါ” ဟု ဆိုသည်။

Internet Banking စနစ်သည် ဘဏ်လုပ်ငန်းအားလုံးကို အင်တာနက် ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ဆောင် ရွက်ခြင်းများ ပြုလုပ်နိုင်ပြီး အွန်လိုင်းငွေပေးချေမှု လုပ်ငန်းများနှင့်ပါ ချိတ်ဆက်ထားခြင်း ဖြစ်သည်။

အဆိုပါ Internet Banking စနစ်ကို မကြာမီဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပြီဟု ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် စီဘီဘဏ်၏ ဒု-အထွေအထွေ မန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။

ဦးဇေယျာအောင်က “Internet Banking ၀န်ဆောင်မှုပေးနိုင်ဖို့ လုပ်နေပါတယ်။ ဒီစနစ်မှာ ကျွန်တော်တို့ ဘဏ်စနစ်တွေအားလုံးကို အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဆောင်ရွက်နိုင်လိမ့်မယ်။ အကောင့် ပိုင်ရှင်တွေကလည်း ငွေလွှဲတာ၊ ငွေစာရင်းစစ်တာကအစ အွန်လိုင်းမှာ ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင် လိမ့်မယ်” ဟု ပြောသည်။

Internet Banking စနစ်ကို အသုံးပြုရာတွင် ဘဏ်အနေဖြင့် Internet Banking ၀က်ဘ်ဆိုဒ်ကို လွှင့်တင် ထားရမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အကောင့်နာမည်၊ လျှို့ဝှက် နံပါတ် များဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အပြင် ကုန်ရောင်းကုန်ဝယ် အခွန်များ၊ မီတာခ၊ ဖုန်းဘီလ် ဖြည့်သွင်းခြင်း စသည့်လုပ်ငန်းများကိုလည်း အွန်လိုင်းမှ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဦးဇေယျာအောင်က“အခွန်အခပေးတာမျိုးတွေကို အွန်လိုင်းအကောင့်ကနေ တစ်ဆင့် ပေးချေလို့ ရသလို ဈေးဝယ်စင်တာတွေ၊ ကုန်ရောင်းကုန်ဝယ်တွေမှာ ငွေပေးချေမှုမျိုးကိုလည်း ဆောင်ရွက်လို့ရမှာပါ။ အခုလည်း စီဘီဘဏ်ရဲ့ ငွေပေးချေမှုကို အသုံးပြုနိုင်မယ့် ဆိုင်တွေ၊ နေရာတွေကို ချိတ်ဆက်မှုတွေ လုပ်နေပါ တယ်” ဟု ပြောသည်။

ထို့ပြင် ကျေးလက်ဒေသအထိ ငွေပို့ ငွေလွှဲခြင်းများပြုလုပ်နိုင်မည့် Mobile Banking စနစ်ကို စတင် သုံးဆွဲမှုများ ပြုလုပ်နေပြီဖြစ်သည်ဟုလည်း စီဘီဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက ပြောသည်။

Internet Banking သည် ၀က်ဘ်ပေါ်တယ်မှ တစ်ဆင့် ဘဏ်လုပ်ငန်းများ၊ ဈေးရောင်းဈေး ၀ယ်ခြင်းနှင့် ငွေပေးချေမှုများအတွက် အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သည့် Mobile Banking စနစ်သည် ကျေးလက်ဒေသအထိ အေးဂျင့်များမှ တစ်ဆင့် ငွေထုတ်၊ ငွေလွှဲခြင်းများ အထိ ဆောင်ရွက်နိုင် မည်။

Mizzima News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း.......................





အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ)
  ယူကျု ကနေကြည့်လိုပါက Look Here
အားလုံးအဆင်ပြေပါစေလို့ရေနီသားဖြိုးလေးဆုတောင်းလျက်
Admin...ရေနီသားဖြိုးလေး
Gmail...yenihackerlay@gmail.com
Phone Number....09428175198

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org