This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, November 17, 2012
ကွန်ပြူတာ boot time ကိုမြန်အောင်လုပ်ဖို့ နည်းလမ်းများ Tips To Speed Up Your Computer’s Boot Time
POSTED BY THU YA POSTED ON 11:52 PM
ကွန်ပြူတာ boot time ကိုမြန်အောင်လုပ်ဖို့ နည်းလမ်းများကို  အင်တာနက်မှာရှာပြီး တော့ အကောင်းဆုံး အကြိုက်ဆုံးနည်းတွေကို မျှဝေလိုက်ပါတယ်။Windows startup program တွေကို disable လုပ်ခြင်း၊startup မှာ run တဲ့ services တွေကို delay လုပ်ပေးခြင်း၊BIOS setting မှ boot order ကိုပြင်ခြင်း၊အသုံးမပြုတဲ့ drivers တွေကို disable လုပ်ခြင်း၊ကွန်ပြူတာကို လေးလံစေမယ့် malware တွေကို ရှင်းပေးခြင်း၊အသုံးမပြုတဲ့ ဖောင့်တွေကို ရှင်းထုတ်ခြင်း၊PC optimization softwares တွေကို မှန်မှန်ကန်ကန်နဲ့အမြဲအသုံးပြုပေးခြင်းဖြင့် သင့်ကွန်ပြူတာရဲ့ boot time ကို လျှင်မြန်စေနိုင်ပါ တယ်။
Tweak Your BIOS
8
သင့်ကွန်ပြူတာ boot တက်တဲ့အချိန်မှာ BIOS setting ထဲက boot order priority အရ detect လုပ်ပြီး boot တက်တာဖြစ်ပါတယ်။ှသင့်ကွန်ပြူတာ boot တက်တာဟာ hard disk ကနေဖြစ်တဲ့အတွက် BIOS setting ထဲဝင်ပြီး boot order မှာ hard disk ကိုအပေါ်ဆုံးမှာထားပေးပါ။တစ်ခြား boot device တွေကို အပေါ်ဆုံးမှာထားရင် detect လုပ်နေရတဲ့ အချိန်ကုန်စေတဲ့အတွက် boot speed ကိုနှေးစေပါတယ်။ဒီလို လုပ်ဖို့  ကွန်ပြူတာ boot တက်လာချိန်မှာ setup ထဲဝင်မယ့် key ကိုနှိပ်ပြီး boot order မှာ သင့် hard disk ကိုအပေါ်ဆုံးမှာထားပေးပါ။
Cleanout Programs That Launch At Startup
Startup programs တွေကို disable လုပ်ဖို့ အတွက် start menu ကနေ msconfig လို့ ရိုက်ပြီး msconfig.exe ကိုဖွင့်ပါ။Startup menu ထဲကမလိုအပ်တဲ့ programs တွေကို အမှန်ခြစ်ဖြုတ်ပြီး apply နှိပ်ပါ။
1
Delay Windows Services That Launch At Startup
Windows services တွေ၊ application တွေရဲ့  services တွေကို delay startup လုပ်ပေးခြင်းဖြင့်လည်း boot time ကိုလျှင်မြန်စေပါတယ်။ဒီလိုလုပ်ဖို့  Tools menu ကိုသွားပြီး computer management ကိုရွေးပြီး launch ကိုနှိပ်ပါ။
2
ပြီးရင် services and applications အောက်က services ကို double click နှိပ်ပါ။သင်ဟာ windows services တွေအကြောင်းကောင်းကောင်းမသိရင်တော့ third party application တွေရဲ့  services တွေကို ပဲရွေးချယ်ပြီး delay start လုပ်ပေးသင့်ပါတယ်။သင် delay လုပ်ချင်တဲ့ service ကို double click နှိပ်ပြီး startup type မှာ Automatic (Delayed Start) ကိုရွေးပေးပြီး apply နှိပ်ပါ။
3
Disable Unused Hardware
သင့်ကွန်ပြူတာ boot တက်တဲ့အချိန်မှာ drivers တွေအတော်တော်များများ ကို load လုပ်ပါတယ်။အသုံးမပြုတဲ့ hardware တွေကို disable လုပ်ပေးခြင်းဖြင့် boot speed ကိုမြှင့်တင်နိုင်ပါတယ်။ဒီလိုလုပ်ဖို့ အတွက် start menu ကနေ device manager လို့ ရိုက်ပြီး device manager ကို ဖွင့်ပါ။ သင်ဟာ bluetooth , modem ,floppy disk တွေအသုံးမပြုဘူးဆိုရင် အဲဒီ device အပေါ်မှာ right click နှိပ်ပြီး disable နှိပ်ပါ။
4
Remove Unnecessary Fonts
Windows startup မှာဖောင့်တွေကို လည်း load လုပ်ပါတယ်။သင်အသုံးမပြုတဲ့ ဖောင့်တွေကို hide လုပ်ပေးခြင်းဖြင့် သင့် boot speed ကို ပိုမိုမြန်စေပါတယ်။ကျွန်တော့် စက်ထဲမှာတော့ ဖောင့်အမျိုးအစား (556) မျိုး တွေ့ ရပါတယ်။အသုံးမပြုတဲ့ဖောင့်အတော်များများကို ရွေးပြီး hide လုပ်ပေးပါ။ဒီလို လုပ်ဖို့  start menu ကနေ fonts လို့ ရိုက်ပြီး fonts folder ကိုသွားပါ။ပြီး ရင် အသုံးမပြုတဲ့ဖောင့်တော်တော်များများကို ရွေးပြီး hide  ကိုနှိပ်ပါ။
5
Keep Your Antivirus Running And Up To Date
သင့်စက်ထဲမှာ virus,malware တွေရှိနေရင်လည်းသင့်စက် boot speed ကိုနှေးကွေးစေပါတယ်။အဲဒီအတွက် antivirus and anti malware ကောင်းကောင်းတွေကို အသုံးပြုပြီး virus definition တွေကို အမြဲ update လုပ်ပေးပြီး အမြဲ scan လုပ်ပေးသင့်ပါတယ်။Antivirus and Anti Malware Softwares တွေကိုတင်ပေးထားပါတယ်။ကြိုက်နှစ်သက်ရာရွေးချယ်အသုံးပြုပါ။
PC Optimization Softwares
PC Optimization Softwares  တွေကို  တင်ပေးထားပါတယ်။ အဲဒီဆော့ဝဲတွေကိုသုံးပြီး ကွန်ပြူတာကို နေ့ စဉ် maintenance လုပ်ပေးပါ။အဲဒီထဲကမှ CCleaner နဲ့  Tuneup Utility 2013 ဟာကျွန်တော့် personal favourite ပါ။CCleaner ဟာ ပေါ့ပါးလျှင်မြန်ပြီး registry ,temporary file တွေကိုရှင်းပေးနိုင်လို့ နာမည်ကြီးပါတယ်။Tuneup Utility ရဲ့  features တွေထဲက favourite feature နှစ်ခုအကြောင်းပြောချင်ပါတယ်။Tuneup start center ကိုဖွင့်ပြီးရင် အောက်က window ပေါ်လာမှာပါ။
5
Disable programs
အဲဒီကနေ Disable programs ကိုနှိပ်ပြီးသင် နေ့ စဉ်အသုံးပြုနေကျ နဲ့  မရှိမဖြစ် run နေရမယ့် program တစ်ချို့ ကိုပဲ ချန်ထားပြီး ကျန်တဲ့ program တွေအားလုံးကို disable လုပ်ပေးပါ။Tuneup Program Deactivator ကသင်အသုံးမပြုတဲ့ program တွေ background မှာ မ run နိုင်အောင်သတ်ပေးထားပါလိမ့်မယ်။အဲဒီအတွက်သင့်စက်ကို အလွန်လျှင်မြန်လာစေတာတွေ့ ရပါမယ်။Disable လုပ်ထားတဲ့ program ကို အသုံးပြုချင်ရင် ပုံမှန်အတိုင်းပဲ run ပြီးအသုံးပြုနိုင်ပါတယ်။
6
Disable startup programs
ပြီးရင် tuneup start center main window ကိုပြန်သွားပြီး disable startup programs ကိုနှိပ်ပါ။မရှိမဖြစ် run နေရမယ့် startup program တစ်ချို့ ကိုပဲ ချန်ထားပြီး ကျန်တဲ့ program တွေအားလုံးကို disable လုပ်ပေးပါ။သင့် ကွန်ပြူတာ ရဲ့  boot speed မြန်ဆန်လာတာတွေ့ ရမှာပါ။
7
မန္တလေးမြို့တွင် လူတစ်စုက ဆေးဝါးများ လိမ်လည် ရောင်းချလျှက်ရှိ
ယခု ရက်ပိုင်း အတွင်း မန္တလေးမြို့တွင် လူတစ်စုက ဆေးဝါးတစ်မျိုးကို လိမ်လည် ရောင်းချလျှက်ရှိပါသည်။
ဆေဘူး နှင့် ကြောငြာ စာရွက်ပေါ်တွင်  Propolis Classic & Gold  ပရိုပေါလစ် (စ်) ဟု ရေးသား ထားပါသည်။ ထုတ်လုပ်သည့် ကုမ္ပဏီ၊ ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးမည့် ရက်စွဲ စသည်တို့မပါရှိပါ။ အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်သည် ဟုသာ ဖော်ပြထားပါသည်။
ကြော်ငြာ စာရွက်ပေါ်တွင် ပျောက်ကင်းနိုင်သည့် ရောဂါ (၃၂) မျိုးဖော်ပြထားပါသည်။
လိမ်လည် ရောင်းချခြင်းခံရသူက ပြောဆိုရာတွင် ဆေးတစ်ဘူးလျှင် ကျပ်ငွေ ၃၀၀၀၀ ( သုံးသောင်းကျပ်) ပေးရကြောင်း နှင့် ဆေးဘူး အတွင်းတွင် ပျားရည် များထည့်သွင်း ထားကြောင်း ပြောဆိုပါသည်။
by MNN  သစ်ထူးလွင်မှ
22
မြန်မာပြည်ဖုန်းဈေးကွက်မှာ CDMA 450 ရှားပါးနေ
~
ရွက်စိမ်း ~
    CDMA 450 ဟန်းဆက်များ ဈေးကွက်အတွင်းမှာ ရှားပါးနေပြီး Touch Screen နဲ့ ကိုင်ချင်သူတွေအတွက်ကတော့ ဈေးကြီးကြီး ပေးဝယ်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
    ဟန်းဆက်ဆိုင်တွေမှာ GSM, WCDMA, CDMA 800 စတဲ့ ဖုန်း ဟန်းဆက်တွေက ၇၀,၀၀၀ သောင်း ၈၀,၀၀၀ ကျော် ပေးရုံတင် ဟန်းဆက်
ကောင်းကောင်း ရနိုင်ပေမယ့် ၄၅၀ အတွက် ဟန်းဆက်ကတော့ ငွေကျပ် တစ်သိန်းကျော် ပေးရတာတောင် ပုံစံ လှလှလေးတွေ မဟုတ်တဲ့အပြင် အန့်ဒရိုက် ဆော့ဖ်ဝဲလ်နဲ့  မရနိုင်ပါဘူး။
    ၄၅၀ ဖုန်းကို အရင်က နေပြည်တော်ဖုန်းလို့ ခေါ်ပြီး လိုင်းဆွဲအား ကောင်းပြီး ဘယ်နေရာမဆို သယ်ဆောင် သွားလို့ ရတာကြောင့် ငွေကျပ်
ငါးသိန်းကျော်လောက် ပေးပြီး လူအများ ၀ယ်ယူခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်မှာ GSM နဲ့ WCDMA, ရန်ကုန်ဖုန်းလို့ ခေါ်တဲ့ ၈၀၀ CDMA  ဖုန်းတွေ ကိုသာ
 အသုံးပြုမှု များတာကြောင့် ၄၅၀ ဟန်းဆက် တင်သွင်းမှု နည်းပါးလာပါတယ်။
    လသာ လမ်းမကြီးပေါ်က RH Mobile ဆိုင်ကတော့ “CDMA 450 က ဟန်းဆက်က တော်တော့်ကို ရှားပါတယ်။ GSM လို ပုံလှလှလေးတွေ
သိပ်မထွက်ဘူး။ Touch Screen နဲ့ ဆိုရင်တော့ ၃ မျိုးလောက်ပဲ ရှိတယ်။ အဲဒါကလည်း ဈေးက နည်းနည်း မြင့်နေတော့ သိပ်ရောင်းမကောင်းဘူး” လို့ ပြောပါတယ်။
    ၄၅၀ ဟန်းဆက်ကို အန့်ဒရိုက် ဆော့ဖ်ဝဲလ်နဲ့က တရုတ်က လာတဲ့ GMG ဟန်းဆက် တစ်မျိုးထဲသာ ရနိုင်ပြီး မော်ဒယ် နှစ်မျိုးနဲ့ ၀င်ရောက်လာတာကို တွေ့ရပါတယ်။
နှစ်မျိုးလုံးအတွက် ငွေကျပ် နှစ်သိန်းကျော် ကျသင့်ပါတယ်။
HTC နဲ့ ၀င်လာတာ ရှိပေမယ့် JAVA software နဲ့ ဖြစ်နေပြီး  ငွေကျပ် နှစ်သိန်းဝန်းကျင် ဖြစ်နေတာကြောင့်  HTC ထက် GMG ကို ပဲ ၀ယ်ယူမှု များပါတယ်လို့ RH Mobile  ဆိုင်က ပြောပါတယ်။
    Nokia Touch Screen ဟန်းဆက်ရှိပေမယ့်  လူကြိုက်နည်းပါတယ်။ ဈေးနှုန်းကြောင့် မဟုတ်ပါဘူး။ အရင် တုန်းကပုံစံနဲ့  JAVA ဆော့လ်ဝဲကြောင့်  ဖြစ်တယ်လို့ ဆိုပါတယ်။
တခြား ဟန်းဆက်တွေကတော့ ရိုးရိုး keypad နဲ့ပဲ ရှိပါတယ်။
CDMA 450 ကို ဖုန်းဝယ်မှုအနေနဲ့ အခုနောက်ပိုင်းမှာ အင်တာနက်လည်း မရတာကြောင့် မ၀ယ်သလောက် ရှိနေတယ်လို့ မိုဘိုင်း အရောင်းဆိုင်တွေက ပြောပါတယ်။
CDMA 450 ဖုန်းကိုင်ဆောင်ထားသူ တစ်ဦးကတော့ “အရင်က CDMA ခေတ်ဆိုတော့ ငါးသိန်းခွဲလောက်ကို ပေးပြီး ၀ယ်လိုက်ရတယ်။ အခုနောက်ပိုင်းမှာ Touch Screen လေးတွေ ပေါ်လာတော့ ကိုင်ချင်လို့ သွားစုံစမ်းတဲ့အခါ နှစ်သိန်းကျော်လောက် ကျသင့်ပြီးနှစ်မျိုး သုံးမျိုးလောက်ပဲ ရှိတယ်။ သိပ်ပြီး ရွေးစရာ မရှိဘူး” လို့ ရှင်းပြပါတယ်။
“နှစ်သိန်းကျော်ဆိုတာ အခု ဆိုရင် GSM ဖုန်း တစ်လုံးတောင် ၀ယ်လို့ရနေပြီ။ ဒါပေမယ့် အရင် ၅သိန်းကျော် ပေးဝယ်ရတဲ့ ဖုန်းက အလကားဖြစ်သွားမှာ စိုးလို့ နှစ်သိန်းကျော်တန် ပဲ ပေးဝယ် ကိုင်ရတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒုရဲ အုပ်-ဖျားယောင်း သွေးဆောင် ပြီး သားမယား အဖြစ် ပြု ကျင့်
Photo: ပဲခူး တိုင်း ၊ ဒိုက်ဦး မြို့  ရဲ စခန်း ရှိ ဒုရဲ အုပ် နွေအောင်သည် စခန်း ရှိ ရဲတပ်ကြီး တစ်ဦး ၏ ၇ တန်း ကျောင်းသူ  အသက် ၁၃ နှစ် အရွယ် မိန်းကလေး ကို အကြိမ်ကြိမ် ဖျားယောင်း သွေးဆောင် ပြီး သားမယား အဖြစ် ပြု ကျင့် ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။ ၎င်း သည် နွားဝယ်
ရန် လာသည့် သူ များ ကို လည်း နွား ခိုး မှု ဖြင့် စွပ် ဆွဲ ပြီး ငွေ ၁၆ သိန်း တောင်းခံ ခြင်း ကြောင့် အမှု ရင် ဆိုင် နေ ရသူ တစ်ဦး လည်း ဖြစ်
သည်။ 
ဒိုက်ဦးရဲစခန်း ၊ ဓာတ်ပုံ - FNG
ပဲခူး တိုင်း ၊ ဒိုက်ဦး မြို့  ရဲ စခန်း ရှိ ဒုရဲ အုပ် နွေအောင်သည် စခန်း ရှိ ရဲတပ်ကြီး တစ်ဦး ၏
၇ တန်း ကျောင်းသူ အသက် ၁၃ နှစ် အရွယ် မိန်းကလေး ကို အကြိမ်ကြိမ် ဖျားယောင်း
သွေးဆောင် ပြီး သားမယား အဖြစ် ပြု ကျင့် ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။
ကနဦး တွင် မိန်းကလေး ၏ မိဘ များ က အကြောင်း စုံ ကို သိသော် လည်း အထက်အရာ
ဖြစ် သည့် ပြင် ၊ ရန် လို ပြု မူ တတ် သည့် ဒုရဲ အုပ် နွေ အောင် ၏ အကျင့် စရိုက် ကြောင့် အထက်
သို့  မတိုင် ကြား ရဲ  ၊ အမှု မဖွင့် ရဲ ဖြစ်နေရာ သည် ဟု သိရသည်။
သားမယား အဖြစ် အကြိမ် ကြိမ် ပြု မူ ခဲ့ သည် ကို ဒိုက်ဦး ပြည်သူ့  ဆေးရုံကြီး ၏ ဆေး
စစ်ချက် မှတ်တမ်း များ မှ သိရှိ ရ ပြီး နောက် နိုဝင်ဘာလ ၁၄ ရက်တွင် မှာ စတင် အမှု
ဖွင့် ခဲ့ ခြင်း ဖြစ်သည်။
ဒုရဲ အုပ် နွေအောင် အားဖမ်းဆီး ထား ပြီ ဟု FNG မှ သိရသော် လည်း ဒိုက်ဦး မြို့  သားများ
မှာ အဆိုပါ သတင်း ကြောင့် ဒေါ သ ထွက် လျှက် ရှိ သည်။
၎င်း သည် နွားဝယ်ရန် လာသည့် သူ များ ကို လည်း နွား ခိုး မှု ဖြင့် စွပ် ဆွဲ ပြီး ငွေ ၁၆
သိန်း တောင်းခံ ခြင်း ကြောင့် အမှု ရင် ဆိုင် နေ ရသူ တစ်ဦး လည်း ဖြစ်သည်။
ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန် စကားပြောနည်း
by Moenge Aung on Thursday, November 15, 2012 at 5:58pm ·
ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျုပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျမ စသည်ဖြင့် ပြောဆိုခြင်း မပြုရ။ မိမိကိုယ်ကိုပြောလျှင် “တပည့်တော်၊ ဘုရားတပည့်တော်” ဟုသုံးနှုန်းပြောဆိုရမည်။ “မင်း၊ သင်၊ ခင်ဗျား၊” အစား “အရှင်ဘုရား” ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း “ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား” ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။
ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ “ထမင်းစားပါဘုရား၊ ဟင်းစားပါဘုရား” စသည်ဖြင့် မပြောရပါ။ ဤသို့ပြောလျှင် ရဟန်းသံဃာတော်များမှာ ဝိနည်းသိက္ခာပုဒ်အရ ဘုဉ်းပေးသုံးဆောင် ခွင့် မရှိတော့ပေ။ ထမင်းအစား “ဆွမ်း” ဟုသုံးနှုန်းရမည်ဖြစ်ပါသည်။ “ဆွမ်းဘုဉ်းပေးပါဦး ဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရမည်ဖြစ်သည်။ ရဟန်းသံဃာတော်များ ခရီး သွားနေစဉ် မိမိက ခဏခေတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် “ရပ်တော်မူပါဦးဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရပါသည်။
ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက “ရပ်တော်မူပါဦးဘုရား” ဟုလျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့် ဆွမ်းဟင်းများကို လောင်းလှူရသည်။ မလောင်းလှူနိုင်ပါကလည်း “ကန်တော့ပါသေးရဲ့ဘုရား ကန်တော့ဆွမ်းပါဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။ လမ်းမှာ ခဏ ခေတ္တရပ်၍ ရဟန်း သံဃာတော်များနှင့်လည်း စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။ ရဟန်းသံဃာတော်များထံသို့ သွားသောအခါ မိမိတွေ့ရှိသည့် ရဟန်းသံဃာတော်အား ရှေးဦးစွာ ရှိခိုးဦးချရသည်။မြတ်စွာဘုရားဆင်းတုတော်များရှိသောနေရာဖြစ်ပါက ရှေးဦးစွာမြတ်စွာဘုရားဆင်းတုတော်အားရှိခိုးပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။
ရှိခိုးဦးချနည်း
စေတီတော်၊ ရုပ်ပွားဆင်းတုတော်များနှင့် ရဟန်းသံဃာတော်များကို ရှိခိုးဦးချသောအခါ စနစ်ကျရန်လိုပါသည်။
(က)။ အမျိုးသားဖြစ်ပါက ရှေးဦးစွာ ဆောင့်ကြောင့်ထိုင်ပါ။ (အမျိုးသမီးဖြစ်က ကြုံ့ကြုံ့ထိုင်ရန်)
(ခ)။တံတောင်နှစ်ခုကို ဒူးနှစ်ဖက်ပေါ်သို့တင်၍ လက်နှစ်ဖက်ကို (လက်ငါးချောင်း အချင်းချင်း ညီညီညာညာ ဖြစ်စေလျက်) ယှက်မိုးပြီး နဖူးအလယ်တည့်တည့်ကို ရောက်အောင်ထားပါ။ ထိုအခါ လက်နှစ်ဖက်ယှက်မိုး ထားခြင်းသည် ကြာငုံဖူးကလေးကဲ့သို့ တင့်တင်တယ်တယ် ရှုစဖွယ်လေးဖြစ်ပါလိမ့်မည်။
(ဂ)။ သုံကြိမ် ရှိခိုးဦးချပါ။
(၁)။ ပထမအကြိမ် ဗုဒ္ဓံ ပူဇေမိ။
(၂)။ ဒုတိယအကြိမ် ဓမ္မံ ပူဇေမိ။
(၃)။ တတိယအကြိမ် သံဃံ ပူဇေမိ။
ဤ “ဗုဒ္ဓံ ပူဇေမိ” စသည်တို့ နှုတ်ဖြင့် အသံထွက်အောင် ရွတ်ဆိုရန် မလိုပါ။ စိတ်ထဲက အဓိပ္ပါယ်ပေါက်အောင် နှလုံးသွင်း၍ ရှိခိုးဦးချရန်ဖြစ်သည်။ ရှေးဦးစွာ ပါဠိကို အသံထွက်ပီသအောင် လေ့လာကျက်မှတ်ထားပါ။ အနက် အဓိပ္ပာယ်ကိုလည်း ရအောင်သိအောင်ကြိုးစားထားပါ။
အနက်
(၁)။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၂)။ ဓမ္မံ၊ တရားတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၃)။ သံဃံ၊သံဃာတော်မြတ်ကို၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(ဃ)။ထိခြင်းပါးမျိုး
ရှိခိုးဦးချရာ၌ ထိခြင်းငါးမျိုးနှင့် ညီညွတ်အောင် ရှိခိုးဦးချရပါသည်။ မြေပေါ်မှာ ရှိခိုးက မြေနှင့်ထိအောင်၊ ကြမ်းပေါ်မှာ ရှိခိုးက ကြမ်းနှင့်ထိအောင် ၊ ဖျာပေါ်မှာရှိခိုးက ဖျာနှင့်ထိအောင်၊ ကော်ဇောပေါ်မှာ ရှိခိုးဦးချရသည်။ ယင်းထိခြင်းငါးမျိုးဆိုသည်မှာ ဒူးနှစ်ဖက်၊ တံတောင်နှစ်ဖက်နှင့် နဖူးဟူသော ငါးမျိုးတို့ကို ကြမ်းပြင်သို့ထိအောင် ရှိခိုးဦးချခြင်းဖြစ်သည်။
ရဟန်းသံဃာများအား ဆွမ်းကပ်ပုံ ဆွမ်းကပ်နည်းများကို ဆက်လက်ရေးသားပါဦးမည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
ကျမ်းကိုး။         ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်(သာသနာရေးဝန်ကြီးဌာန)
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်း မရှိစေဖို့ ထောက်ပံ့ရေး နည်းလမ်းများ
by Lwin Aung Soe on Thursday, November 15, 2012 at 11:32am ·
အကျင့်ပျက် ခြစားမှုကို ဖြစ်စေတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်စေဖို့ နိုင်ငံ့ဝန်ထမ်းတွေအပေါ် နိုင်ငံမှ နောက်ထပ် တာဝန်ယူ ထောက်ပံ့တာတွေ ရှိစေချင်ပါတယ်။
 နိုင်ငံ့ဝန်ထမ်းတွေကို လစာကို လုံလောက်အောင် မြှင့်တင်ပေးဖို့ဘက်မှာ ကျနော်ကတော့ အမြဲတမ်း ရပ်တည်ပြီး တောင်းဆိုပေးခဲ့ပါတယ်။ ဥပမာ ဦးရွှေမန်း အဆိုပြုချိန်တုန်းက ဖြစ်ပါတယ်။
များသောအားဖြင့် လစာနဲ့ ကုန်ဈေးနှုန်းကိစ္စကို ပြောသင့်ပြောထိုက်လို့ ပြောကြပါတယ်။ အများသိနေကြတဲ့ လစာတိုးရင် ကုန်ဈေးနှုန်း တက်မယ် ဆိုတာမျိုး မဖြစ်အောင် ထိန်းကြတာလည်း ကောင်းတဲ့ လက္ခဏာတရပ်လို့ ယူဆပါတယ်။ လူတဦး အနေနဲ့ နေ့စဉ် လိုအပ်ချက်အတွက် ဝယ်ယူ သုံးစွဲရတာတွေအပေါ် လုံလောက်တဲ့ လစာငွေ ရှိနေရပါမယ်။ ပိုလျှံတာကို နောင်ရေးအတွက် စုမိဆောင်းမိတာမျိုးထိ ဖြစ်အောင် စီစဉ်ပေးနိုင်ရပါမယ်။
တချိန်တည်းမှာ နောက်ထပ်ဖြစ်နိုင်စရာ နည်းလမ်းတွေကို စီမံပေးနိုင်အောင် ကျနော်တို့ ကြိုးပမ်းရပါမယ်။ အဲဒါတွေကတော့ ..
(၁) အကျင့်ပျက်ခြစားမှု ကင်းရှင်းသူတွေကို နိုင်ငံအဆင့် ဂုဏ်ပြု မှတ်တမ်းတင် ဆုကြေးငွေနဲ့ အခြားခံစားခွင့်တွေ ပေးဖို့၊
(၂) နိုင်ငံ့ဝန်ထမ်းအပါအဝင်ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဟာ အခမဲ့ (သို့) အဖိုးနှုန်း ချိုသာတဲ့ ကျန်းမာရေးစရိတ် ကျခံစေဖို့ နိုင်ငံရဲ့ စီမံချက်မှာ နိုင်ငံဝန်ထမ်းနဲ့ သူတို့ မိသားစုတွေကပါ အကြုံးဝင် ခံစားနိုင်စေဖို့၊
(၃) အထက်တန်းနဲ့ တက္ကသိုလ် ကောလိပ်အဆင့်တွေမှာ အဖိုးနှုန်း အချိုသာဆုံး ဖြစ်စေဖို့ နိုင်ငံရဲ့ စီမံချက်မှာ ဝန်ထမ်းတွေရဲ့ သားသမီးတွေကို အထူးလျှော့ပေါ့ခံစားခွင့်တွေ ပေးဖို့၊
(၄) နိုင်ငံ့ဝန်ထမ်းတွေအတွက် တိုက်တာ အိုးအိမ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တည်ဆောက်ပေးပြီး အဖိုးနှုန်း ချိုသာစွာ ထားရှိဖို့၊ တကယ်လို့ မဆောက်နိုင်သေးဘူး ဆိုရင်တောင် နေထိုင်စရိတ် သပ်သပ် ပေးထားဖို့၊ လစာအနည်းဆုံး ဝန်ထမ်းကို အရင်ဆုံး ဦးစားပေးပြီး ရာထူးအကြီးဆုံးလူက နောက်ဆုံးနေရာမှာ အခွင့်အရေးခံစားတဲ့ စနစ်မျိုး ထားရှိဖို့။
(၅) ဝန်ထမ်းတွေ နေ့စဉ် အလုပ်အသွားအပြန်ကို အခမဲ့ ပို့ဆောင်ပေးဖို့ (သို့) ခရီးစရိတ် ထုတ်ပေးဖို့။
(၆) နိုင်ငံ့ဝန်ထမ်းတွေက အရေးပေါ်အခြေအနေ ကြုံလာရင် လစာ ကြိုထုတ်ခွင့် (သို့) သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေ ထုတ်ယူခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတိုင်းက စီမံထားရှိပေးဖို့ ဖြစ်ပါတယ်။
အထက်ပါ (၆) ချက်က မရှိမဖြစ် အခြေခံအားဖြင့် မှန်ကန်အောင် စီမံပေးရမယ်လို့ ကျနော် ယူဆပါတယ်။ ပိုမိုကောင်းမွန်တဲ့ စိတ်ကူးတွေ ကြံဆပြီး ကူညီထောက်ပံ့နိုင်တာတွေလည်း ရှိနေဦးမှာပါ။ ဒီလို ဖြစ်လာနိုင်အောင်လည်း ကျနော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားသင့်ပါတယ်။  ဒါမှသာ အကျင့်ပျက် ခြစားမှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။
အဆမတန် ပိုလျှံ ကြွယ်ဝ ချမ်းသာနေသူတွေက လာဘ်ပေးလာဘ်ယူတာဟာ မလျော်ကန်တဲ့  လောဘဖြစ်ပြီး အကျင့်ပျက် ခြစားတာလို့ တပ်အပ်သေချာ ပြောရပါမယ်။
စားဝတ်နေရေးကို ဖူလုံနိုင်အောင် အနိုင်နိုင် ကြိုးစားရနေသူတွေက လာဘ်ယူမိတာဟာ အကျင့်ပျက် ခြစားတဲ့ စိတ်ဓါတ်ကြောင့် မဟုတ်မှန်း ကောင်းစွာ ခွဲခြားနားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ဘယ်သူကိုမှ လာဘ်ပေးလာဘ်ယူတာတွေ မလုပ်စေချင်ပါ။
လွင်အောင်စိုး
၁၆-၁၁-၂ဝ၁၂
အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ...
by Yangon Press International on Monday, October 22, 2012 at 12:37am ·
မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့်တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁)
ဝေမိုးတွေ့မေးသည်။
 အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့  ပြည်နယ်ရရှိ ဖို့... 
ဘာတီးလင့်တ်နာ 
(မော်ကွန်းမဂ္ဂဇင်းအမှတ်(၂)တွင်ပါရှိသော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ယခုလမော်ကွန်းမဂ္ဂဇင်းတွင် တိုင်းရင်းသားရေးရာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စသည်တို့နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
          လင့်တ်နာသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး နှစ်ပေါင်း များစွာ ရေးသားခဲ့သူဖြစ်ပြီး အာရှဒေသ၏ သြဇာတိက္ကမကြီး မားခဲ့သော Far Eastern Economic Review ၏ ပင်တိုင် ဆောင်းပါးရှင်လည်းဖြစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်မှ ၈၇ အထိ သူ၏ ရှမ်းတိုင်းရင်းသူဇနီးသည်နှင့်အတူ မြန်မာပြည်တွင်းသို့ အိန္ဒိယ ဘက်မှဝင်ရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင်နေထိုင်ကာ တိုင်းရင်းသားအရေး လေ့လာပြုစုနေသူ ဖြစ်သည်။
          ဆွီဒင်လူမျိုး သတင်းစာဆရာတစ်ယောက် ဖြစ်သည့် လင့်တ်နာသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စာအုပ်ရှစ်အုပ် ထက်မနည်း ရေးသားခဲ့ပြီး ၎င်းင်း၏ နောက်ဆုံးထုတ်စာအုပ်များ မှာ Aung San Suu Kyi and Burma's Struggle for Democracy ဖြစ်ပါသည်။ မကြာသေးမီက ၎င်းအား မြန်မာအစိုးရက အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း ယခုအချိန်ထိ ပြည်ဝင်ခွင့်ဗီဇာမရရှိသေးဟုဆိုပါသည်။ (ယခုအင်တာဗျူးကို ပုံနှိပ်နေချိန်တွင် ဘာတီးလင့်တ်နာဗီဇာရရှိခဲ့သဖြင့် အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။)
          တွေ့ဆုံမေးမြန်းသူ ဝေမိုးသည် ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် ဧရာဝတီသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ အလွတ်တန်း သတင်းစာဆရာ အဖြစ် ရပ်တည်နေသူဖြစ်ကာ လင့်တ်နာအား မေလ ဒုတိယပတ်အတွင်းက ချင်းမိုင်မြို့ တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
MAWKUN:     မြန်မာပြည်က တိုင်းရင်းသားပြဿနာတွေဟာ အင်မတန်ရှုပ်ထွေးပြီး ကိုင်တွယ်ရခက်ခဲပါတယ်။ အမြင်တွေ လည်း  တော်တော်လေး ကွဲပြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။
LINTNER: ဟုတ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိနေပါ တယ်။ သဘောတူညီ လက်ခံမှုလည်း မရှိကြပါဘူး။ အဲဒီအထဲက တစ်ခုက ဘာလဲဆိုရင် လူနည်းစုတိုင်းရင်းသား အုပ်စုတွေက ၁၉၆၂ ခုနှစ်မတိုင်မီကာလရဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆီကို ပြန်သွားချင်ကြတာပဲဖြစ်ပါတယ်။
          အဲဒီစနစ်မှာ တိုင်းနယ်ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေရှိကြတယ်။ မြန်မာနိုင်ငံဟာ  လွတ်လပ်ရေးရပြီးတဲ့နောက် ဖက်ဒရယ်မူကို ကျင့်သုံးခဲ့တယ်။ ၁၉၆၂ ခုနှစ်အထိပေါ့။ အဲဒီ နောက် ဗဟိုချုပ်ကိုင်တဲ့စနစ်ဖြစ်လာတယ်။ ဖက်ဒရယ် ပျောက်သွားတယ်။
          ဒီနှစ်ပိုင်းတွေထဲမှာ စစ်တပ်ဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပတ်သက်လို့ (အမျိုးသား) ညီလာခံတစ်ခုလုပ်ခဲ့တယ်။ ဖက်ဒရယ်ကို လက်မခံဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြီးတဲ့ နောက်မှာလည်း အများစု သဘောတူညီမှုတွေမရ ရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ လူနည်းစု လက်နက်ကိုင်အဖွဲ့ တွေက ဒီအခြေခံဥပဒေကို လက်မခံခဲ့ကြဘူးလေ။
          ဥပမာ-  ကချင်ပြည်နယ်ကို ကြည့်ပါ။ အပစ်အခတ်ရပ်ခဲ့တာ ၁၇ နှစ်ကြာခဲ့တယ်။ ဘယ်သူမှ သူတို့လိုချင်တဲ့ လိုက်လျောမှု တွေ၊ အခွင့်အရေးတွေ မရခဲ့ကြဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲတာ ပျက်ပြယ်သွားတယ်။ အခြားတိုင်းရင်းသား လက်နက် ကိုင်တွေနဲ့လည်း ဒီသဘောမျိုးပါပဲ။
          ဒါက ပြဿနာဖြစ်နေရတဲ့ ရှုထောင့်တစ်ခုပေါ့။ နောက် တစ်ခုက အယူအဆအမျိုးမျိုးကွဲပြားနေတာပါပဲ။ ပါဝင်တဲ့သူ တွေကလည်း အမျိုးမျိုးကွဲပြားတယ်။ တွေးခေါ်ပုံတွေ မတူကြ ဘူး။ ပြီးတော့ ကိုယ်စားပြုတွေက ကွဲပြားတယ်။ လူနည်းစု တိုင်းရင်းသားတွေကို လက်ခံဖို့နေရာမှာ ကွဲပြားနေကြတယ်။
          ကချင်လွတ်လပ်ရေးအဖွဲ့တို့၊ ရှမ်းပြည်တပ်မတော်၊ ကရင် အမျိုးသား အစည်းအရုံးတို့ဟာ သူတို့တိုင်းရင်းသား လူမျိုးစု အရေးကို သူတို့ထိန်းချုပ်နယ်မြေမှာ လုပ်နေကြသလို  စစ်တပ် ကလဲ သူတို့ပုံစံနဲ့သူတို့ ဖြေရှင်းဖို့လုပ်နေတယ်။ အဲဒါကတော့ ဒေသဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို တိုင်းရင်းသားတွေ ခန့်လိုက်တာပါပဲ။ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ မပတ်သက်တဲ့  ကချင်တစ်ယောက်ကို ၀န်ကြီးချုပ်ခန့်သလိုပေါ့။ ဒီလိုနဲ့ အာဏာကို တရားဝင်အောင် တည်ဆောက်တယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဦးတည်ချက်တွေကိုလည်း ပျက်ပြယ်စေမယ်ပေါ့။
          ဒါပေမဲ့ လက်ရှိအနေအထားက ဒီလူတွေ (၀န်ကြီးချုပ် တွေ) အားလုံးဟာ အပေါ်ကချုပ်ကိုင်မှုတွေအောက်မှာပဲ အလုပ် လုပ်နေကြရတာပဲ ဖြစ်ပါတယ်။
MAWKUN:   ကချင်နဲ့ပတ်သက်တာတွေ ခင်ဗျားရေးသား ခဲ့တယ်။ ကျောက်စိမ်းမြေဆိုတဲ့ စာအုပ်လည်း ထုတ်ခဲ့တယ်။ ကချင်အရေးကို ခင်ဗျားဘယ်လိုမြင်လဲ။ ဘာကြောင့်လဲဆိုတော့ အစိုးရက အခုငြိမ်းချမ်းရေးကော်မတီသစ်ဖွဲ့ထားတယ်။ ဒါက ကချင်ကိုရည်ရွယ်တာမျိုးလို့ ယူဆတယ်။
LINTNER: ဒါဟာ (လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ) တစ်ဖွဲ့ချင်းလိုက်သဘောမျိုးပါပဲ။ အောက်ခြေမှာတော့ အမျိုးမျိုးတွေဖြစ်နေတယ်လို့ပြောနိုင်တယ်။ ရှမ်းပြည်နယ်မှာလည်း ရှမ်း ပြည်တောင်ပိုင်းနဲ့ လုပ်နေတာရှိတယ်။ ကချင်ကိစ္စမှာတော့ ကြည့်ရမယ့် ရှုထောင့်တွေကများတယ်။ အရင်က အပစ်အခတ် ရပ်စဲထားတယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာ နေ့စဉ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် စစ်တပ်ဘက်က ငြိမ်းချမ်း ရေးလုပ်လိုတဲ့ ဆန္ဒမရှိဘူး။
          ဘာကြောင့်လဲဆိုရင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးကို အဓိပ္ပာယ်ဖွင့်ဆိုပုံက တခြားသူတွေနဲ့ မတူဘူး။ အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့  ပြည်နယ်ရရှိ ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်လာခဲ့တာ ဆယ်စုနှစ်နဲ့ချီ နေပြီ။  ဒါကြောင့် အခြေခံကျကျ  ဘုံသဘောတူညီမှုမရနိုင်ကြဘူး။
          ဒါကြောင့် အခြေအနေက ပိုခက်ခဲတယ်။ ပိုခက်ခဲနိုင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားက ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ကြတဲ့ အဖွဲ့တွေအများအပြား ပါဝင်နေမှု ကြောင့်ပါပဲ။   လူတိုင်းက မြန်မာပြည်ကိုသွားပြီး ဒီပြဿနာကို ဖြေရှင်းချင်ကြတယ်။ သူတို့က အပစ်အခတ်ရပ်စဲဖို့ ကိစ္စကလွဲရင် ဘာမှမသိဘူး။
          သိပ်မကြာသေးခင်က နော်ဝေအစိုးရက ငြိမ်းချမ်းရေး ရန်ပုံငွေဆိုတာ တည်ထောင်တယ်။ အဲဒီမှာ NGOs တွေကပါ လာပြီး ငြိမ်းချမ်းရေး အဆိုပြုလွှာတွေကို တင်ကြတယ်။ သူတိုရဲ့ ငြိမ်းချမ်းရေး အယူအဆအသစ်ကို လာရောင်းကြတယ်။ ဒီလို အခြေအနေအရ သူတို့ကို ကျွန်တော်က ငြိမ်းချမ်းရေးကုန်သည်တွေလို့ခေါ်ချင်တယ်။ သူတို့လုပ်နေပုံတွေက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ ခဏလောက်အော်ပြီး ထွက်သွားမယ့်လူတွေပါ ပဲ။ တကယ်တမ်းမှာ မြန်မာပြည်သူတွေ တကယ်ကြုံတွေ့ခံစား နေရတာတွေကို သိပ်ထည့်တွက်ပုံမရပါဘူး။
          ဥပမာအားဖြင့် နော်ဝေရဲ့ ငြိမ်းချမ်းရေးအဆိုပြုလွှာကို လေ့လာနိုင်ပါတယ်။ ဒီအဆိုပြုလွှာဟာ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးလောက်ပဲ အဓိကထားနေတဲ့ သဘောဖြစ်နေပါတယ်။ ဒီထဲမှာ မြေမြှုပ်မိုင်းဖျက်သိမ်းဖို့ဆိုတဲ့ အချက် တစ်ချက်ပါတယ်။ ဒါဟာ တိုင်းရင်းသားလူနည်းစုအဖွဲ့ တွေရဲ့ ခံစစ်ကြောင်းကိုဖြုတ်တဲ့သဘောလောက်ပဲ ဖြစ်နေတယ်။ ဒါကြောင့် အလုပ်မဖြစ်နိုင်ပါဘူး။ ဒီလိုနိုင်ငံခြား NGO တွေနဲ့  အစိုးရတွေဟာ၊ ဥပမာအားဖြင့် နော်ဝေရဲ့ဟာပေါ့။ အလုပ် မဖြစ်ပါဘူး။ သူတို့က တိုင်းရင်းသား ပြဿနာကြီးထွားပေါက်ကွဲ ထွက်လာတဲ့ဟာကို သဘောမပေါက်ကြဘူး။
          ဘာကြောင့် ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေရတာလဲဆိုတာ သူတို့လုံးဝနားမလည်ကြဘူး။ သူတို့ရဲ့အဖြေရှာမှုက စာရွက်ပေါ်မှာအမြင်လှဖို့ပဲရှိနေတယ်။ ကျွန်တော့်အမြင် ဒါဟာ ပိုဆိုးတယ်လို့မြင်တယ်။ အဲဒီမှာ အတွေ့အကြုံမရှိတဲ့ အကြံပေးတွေ၊ စာရေးဆရာတွေ၊ စေ့စပ်ရေးမှူးတွေ ပါဝင်ပတ်သက်နေတယ်။ သူတို့ ဘာတွေလုပ်၊ ဘာတွေပြောနေတယ်ဆိုတာ ဘယ်သူတွေ နဲ့  စကားပြောနေတယ်ဆိုတာ နားမလည်နိုင်သလောက်ပါပဲ။
MAWKUN:     ဒါဆိုခင်ဗျားက နော်ဝေငြိမ်းချမ်းရေး အဆို တင်သွင်းတဲ့ အဖွဲ့မျိုးကို ရည်ညွှန်းချင်တာပေါ့။ သူတို့က အဲဒီလိုပုံစံမျိုးကို ပိုပြီးတော့ပြောကြတယ်။ အဲဒီအကြောင်းကို နည်းနည်းထပ်ပြီး ရှင်းပြပေးပါဦး။ ပြီးတော့ခင်ဗျားရဲ့ ရှုမြင်ချက်ကဘယ်လိုရှိသလဲ။
LINTNER:          သူတို့က အချိန်ဖြုန်းတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တစ်ခုကို ထူထောင်လိုက်တာပဲ။ လူတိုင်းဆီကငွေကို တောင်းခံနေတယ်။ ကုလသမဂ္ဂအရာရှိ အားလုံးကိုခေါ်မယ်။
          ၂၀၀၇ မှာ နှင်ထုတ်ခံရတဲ့ ချားလ်စ်ပတ်ထရီ (Charles Petrie) (၂၀၀၃ ကနေ နှင်ထုတ်မခံရမီအချိန်ထိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်လုပ်သွားသူ) ဟာ မြန်မာပြည်မှာ ဘာဖြစ်နေသလဲဆိုတာကို တော်တော့်ကို မမြင်တတ်လွန်းတဲ့သူဖြစ်တယ်။ သူပြောဖူးတာ တစ်ခုရှိတယ်။ သူက သံဃာ့လှုပ်ရှားမှုဟာ အဓိပ္ပာယ်မရှိဘူး။ အရေးမကြီးဘူး။ လက်မခံနိုင် ဘူးလို့ဆိုတယ်။ ဒါပေမဲ့ မြန်မာပြည်ကလူတွေရဲ့ နေထိုင်မှုဘ၀ ဟာ အလွန်ဆိုးရွားလာနေပြီဖြစ်လို့၊ တချို့လူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြကြတာလို့ သူပြောလိုက်တာမှာ သူမှားသွားတယ် ပေါ့ဗျာ။
          သူက မြန်မာပြည်အကြောင်းကို ဘာမှမသိတဲ့သူပါ။ သူ လုပ်ခဲ့တာက တွေ့ဆုံဆွေးနွေးမှုတစ်မျိုးထက် မပိုပါဘူး။ ဒါမျိုး တွေကလည်း လုပ်ခဲ့ကြပြီးပါပြီ။ သူတို့တွေက မြန်မာပြည်ဟာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ ပုံစံမျိုးသွားမလား၊ ဖက်ဒရယ် ပြည်ထောင်စုကို သွားမလား ဆိုတာကိုပဲ ထပ်ဆွေးနွေးနေတယ်။ ဒါပေမဲ့ ဒီလိုအဆိုပြုလွှာတွေဟာ အဓိကပြဿနာဖြစ်တဲ့  ၂၀၀၈ အခြေခံဥပဒေကိုတောင် ရည်òန်းပြောတာ မရှိပါဘူး။ ဒါဟာ အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို အကြောင်းပြပြီး စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို အင်အားသုံးလာခြင်းဖြစ်ပါတယ်။
          နောက်ဆုံးမှာတော့ သူတို့ရဲ့အဆိုပြုလွှာဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အုပ်စုတွေကို လက်နက်ချဖို့ တောင်းဆိုနေ တာထက် သိပ်မပိုလှပါဘူး။ ဒါက အစိုးရကလိုချင်နေတာနဲ့ တစ်ထပ်တည်းကျနေတာပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက် ခံတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ အာဏာသိမ်းမှုနောက် ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ စခဲ့ပါတယ်။
          ၁၉၆၃၊ ၁၉၆၄ ကာလတွေကပေါ့။ ကချင်နဲ့  အစိုးရကြားက စကားပြောမှုကတော့  ၁၉၈၀ မှာ ပထမဆုံးအကြိမ်။ အဲဒီအချိန် က ကေအိုင်အိုဥက္ကဋ္ဌ ဘရန်ဆိုင်း ရန်ကုန်အထိသွားပြီး ဗိုလ်ချုပ် နေ၀င်းနဲ့တွေ့တယ်။ အဲဒီဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပေးခဲ့တာပါ။
          တရုတ်အစိုးရက မြန်မာပြည်အရေးမှာ နော်ဝေနိုင်ငံထက်    သြဇာသက်ရောက်မှု အများကြီးရှိတယ်။ ဒါပေမဲ့လည်း ဆွေးနွေး ညှိနှိုင်းပွဲက မအောင်မြင်ခဲ့ပါဘူး။ အမြင်ကွဲပြားမှုတွေကြောင့် မညှိနှိုင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ အဲဒါတော့ တစ်ဖက်က ဗဟိုချုပ် ကိုင်တဲ့နိုင်ငံအနေနဲ့ သွားချင်တယ်။ တစ်ဖက်က ဖက်ဒရယ် ပြည် ထောင်စုအနေနဲ့ သွားချင်တယ်။  ခေါင်းဆောင်တွေက သူတို့ကို တပ်ရုတ်သိမ်းလိုက်ပြီး  အိမ်ပြန်ကြဖို့ပဲပြောနေကြတယ်။ ဒါက ပိုဆိုးသွားပါတယ်။ ဘာမှ မထူးခြားဘူး။ ဒါပမဲ့ တချို့တွေက ငွေတွေ အများကြီးရလိုက်ကြတယ်။ ကျွန်တော်ပြောခဲ့သလို  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းစဉ် ဖြစ်လာတယ်။
MAWKUN: အစိုးရဘက်က စေ့စပ်ညှိနှိုင်းရေးမှူး ဦးအောင်မင်းနဲ့ နော်ဝေအဖွဲ့က ဖွံ့ဖြိုးတိုက်တက်မှု စီမံကိန်းတွေ အဲဒီဒေသမှာ လုပ်ပေးဖို့ ပြောနေကြတယ်။ တိုးတက်မှုတွေ ရှိလာရင် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ်လို့ မြင်ကြ တယ်။ ခင်ဗျားအမြင်ရော ဘယ်လိုလဲ။
LINTNER:          အဲဒီလို မဟုတ်ဘူးဗျ၊ သူတို့တိုက်ပွဲဝင်နေတာ နောက်ထပ်ကျောင်းတွေ ဆေးရုံတွေ၊ လမ်းတွေ ရလာဖို့ မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းနေကြတာပါ။ တံတားတွေ၊ လမ်းတွေဆောက်ပြလည်း ထူးမှာမဟုတ်ပါဘူး။ အဲဒီလူတွေက  သူတို့မှာ သီးခြားကိုယ်ပိုင်အမှတ်အသားတစ်ခုရှိပါတယ်ဆိုတာကို သိတယ်။ ဒါကို လိုချင်တယ်။ သူတို့ရဲ့ ရပိုင်ခွင့် တွေ သီးခြားအမှတ်အသား ကိုယ်ပိုင်ဝိသေသ ရှိနေတာကို  အသိအမှတ်ပြုစေချင်တယ်။
          ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ကြမယ်။ အဲဒီရွေးကောက်ပွဲ ဟာ တရားမျှတမှု၊ လွတ်လပ်မှုရှိတယ်။ NLD က နေရာအများစုမှာ အောင်ပွဲခံခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ရဲ့ အမတ်နေရာ တော်တော်များများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာ အများအပြားရတယ်။ ရခိုင်မှာဆိုရင်လဲ ရခိုင်ပါတီ တွေ အနိုင်ရခဲ့ကြပါတယ်။ ဒါကိုကြည့်ရင် သူတို့မှာ ထိန်းသိမ်း ကာကွယ်ရမယ့် သီးခြားကိုယ်ပိုင်ဝိသေသ ရှိတယ်ဆိုတာ တွေ့ရတယ်။ မြန်မာပြည် တိုင်းရင်းသားညီညွတ်မှုရရှိရေး ဘယ်လို တည်ဆောက်မလဲဆိုတဲ့ မေးခွန်းဟောင်းကြီး ထပ်ပြီးထင်ဟပ် ပြနေတယ်။
          ကျောင်းတွေ ထပ်ဆောက်မယ်ဆိုရင်လည်း မြန်မာစာ တွေကိုပဲ တိုင်းရင်းသားနယ်တွေမှာ သင်ခိုင်းတဲ့ အခြေအနေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးအစီအစဉ်ကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်ကိုမှဦးတည်နိုင်မှာ မဟုတ်ပါဘူး။  ဒေသအတွင်းဖွံ့ဖြိုးအောင်လုပ်ပါလို့ အကြံပေးရတာ အလွန် လွယ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ဆိုတဲ့ ယုံကြည်ချက်ကတော့ သီးခြားအကြောင်းတစ်ခုပါ။ အရှေ့တီ မောကို ဥပမာအဖြစ်ကြည့်လိုက်ပါ။ အရှေ့တီမောဟာ ၁၉၇၅ ခုနှစ်မှာ လွတ်လပ်ရေးတောင်းတယ်။ ပေါ်တူဂီကိုလိုနီအောက် မှာ နှစ်ပေါင်းရာနဲ့ချီပြီးနေခဲ့ရတယ်။ ကိုလိုနီစနစ်က သူတို့ကို လျစ်လျူရှုထားခဲ့တယ်။
          နောက်နှစ် ၁၉၇၆ ခုနှစ်မှာ အင်ဒိုနီးရှားက အရှေ့တီမောကို သိမ်းယူခဲ့တယ်။ အရှေ့တီမောမှာ အဲဒီအချိန် စာမတတ်သူ ၉၀ ရာခိုင်နှုန်းရှိတယ်။ အင်ဒိုနီးရှားအုပ်ချုပ်တဲ့ ၂၅ နှစ်အတွင်းမှာ စာမတတ်မြောက်သူ အတော်နည်းသွားတယ်။ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံတွေအများကြီးကို ဆောက်ပေးခဲ့တယ်။ ဒါပေမဲ့ အရှေ့တီမောရဲ့ ၈၀ ရာခိုင်နှုန်းက လွတ်လပ်ရေးကို တောင်းဆို နေဆဲပါပဲ။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွေ ရှိလာရုံနဲ့ လူတွေရဲ့ စိတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာတွေ့ရတယ်။
MAWKUN: တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အစိုးရရဲ့  ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အရေးယူပြီးတဲ့ နောက် ပိုင်းမှာ တိကျတဲ့လူဆိုပြီးမရှိခဲ့ဘူး။ နောက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ သူလည်း တိုင်းရင်းသားတွေ နဲ့ အောင်မြင်အောင် ညှိနှိုင်းမှု မလုပ်နိုင်ခဲ့ဘူး။ ဦးသိန်းစိန် သမ္မတ ဖြစ်ပြီးနောက်ပိုင်း ဦးအောင်သောင်း၊ ဦးအောင်မင်း  အစရှိတဲ့ သူတွေကို တာဝန်ပေးခဲ့တယ်။ ဒါတွေနဲ့  ပတ်သက်လို့  ဘယ်လို သုံးသပ်မိလဲ။
LINTNER:          ဒီလိုအဖွဲ့ ခွဲထားတဲ့ သူတို့ရဲ့ နောက်ဆုံးပန်း တိုင်က ဘာလဲဆိုတာကြည့်လိုက်ပါ။ ဦးအောင်သောင်း ဒါမှ မဟုတ် ဦးအောင်မင်းတို့က တာဝန်ယူတာ အရေးမကြီးပါဘူး။ အစိုးရဘက်က စေ့စပ်ရေးမှူးတွေ ရည်မှန်းချက်က ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အားလုံးရောက်လာဖို့ပဲ။ အဲဒီရဲ့အဓိပ္ပာယ် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို  အပြီးသတ်ချေမှုန်း တဲ့ သဘောပါပဲ။ အစိုးရကနည်းမျိုးစုံနဲ့ ပြိုင်ဘက်တွေကို ရှင်းနိုင် တယ်။ ဆွေးနွေးလိုက်၊ တိုက်လိုက်။ တိုက်လိုက်၊ ဆွေးနွေးလိုက် ပေါ့။ ဒါပေမဲ့ ဦးအောင်မင်းဖြစ်ဖြစ်၊ ဦးအောင်သောင်းဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ အခြေခံဥပဒေကို အတူတူပြောင်းကြရအောင်လို့ပြောမယ့်ပုံ မတွေ့ ရသေးပါဘူး။
          သူတို့စိတ်ထဲမှာ ပြည်နယ်အစိုးရသစ်ဟာ ပြည်နယ်လူထု ကို ကိုယ်စားပြုနေပြီ။ တစ်ဖက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖယ်ထုတ်ထားမယ်။ လက်နက်ကိုင်အုပ်စုတွေကို ချေဖျက်ပစ်ရမယ်။ တစ်ဖက်မှာ လက်နက်ကိုင်အဖွဲ့တွေက ဒါကို လက်မခံကြဘူး။ ဒီလို အခြေအနေတွေကြောင့် ဘုံသဘောတူညီ မှု မရနိုင်ဘူးပေါ့။
MAWKUN:        ဒါဆို ခင်ဗျားဆိုလိုချင်တာက အစိုးရက  ငြိမ်းချမ်းရေးစကားပွဲတွေလုပ်ပြီး အချိန်ဝယ်နေတယ်လို့ ပြောချင်တာလား။
LINTNER:          ဟုတ်ပါတယ်။ အခုဖြစ်နေတာက သေနတ် မိုးထားတဲ့ စကားဝိုင်းလိုဖြစ်နေတယ်။ သူတို့ရဲ့တာဝန်က လက် နက်ကိုင် အုပ်စုတွေကိုအဆုံးသတ်ပြီး နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ အစိုးရကပြောတဲ့ ဥပဒေဘောင် အတွင်းဝင်လာဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ စိတ်ကြိုက်ရွေးထား တဲ့  ပြည်နယ်အစိုးရတွေရှိတယ်။ ဒါကြောင့် အစိုးရက နိုင်ငံရေး အရ ဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေကို ယုံယုံကြည်ကြည် မလုပ် သေးဘူးလို့  ဆိုရမယ်။
MAWKUN: မကြာသေးခင်က ဦးအောင်မင်း နော်ဝေ၊ ဆွစ်ဇာလန်တို့ကိုသွားတယ်။ သူတို့ပြန်လာတော့ ဦးသိန်းစိန် အစိုးရက ငြိမ်းချမ်းရေးကော်မတီသစ်တစ်ခုဖွဲ့တယ်။ ဒါဟာ နော်ဝေဖိအားလို့ ပြောနိုင်မလား။
LINTNER:          မဟုတ်ဘူးဗျ။ ဒါက ကစားပွဲတစ်ခု၊ လှည့် ကွက်တစ်ခုပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြောင်းချင် ပြောင်းမယ်။ သူတိုရဲ့ အဆုံးစွန်ရည်မှန်းချက်ကတော့ ပြောင်း လဲမှာ၊ စွန့်လွှတ်မှာမဟုတ်ပါဘူး။ လက်နက်ကိုင်အုပ်စုတွေကို ချေမှုန်းပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းဖို့ပါပဲ။
MAWKUN: နိုင်ငံတကာ၊ ဥပမာ-နော်ဝေတို့ရဲ့ ပါဝင် ပတ်သက်မှုတွေရော ဘာထပ်ပြောချင်သေးလဲ။ ငြိမ်းချမ်းရေး ရနိုင်မလား။
LINTNER: ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲဗျာ။ အခုအထိ အခြေခံပြဿနာရပ်တွေကို ထည့်ပြီးမဆွေးနွေးသေးဘူး။ ဖက်ဒရယ် စနစ်ရှိရမယ့်အစား ဗဟိုချုပ်ကိုင်မှုစနစ်ကို ပထမအဆင့်မှာ ဆက်ထားနေသေးတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရှိနေတယ်လို့ ယုံကြည်တာဟာ ရူးနှမ်းတဲ့ကိစ္စပဲ။ တကယ့်အမှန်က အဲဒီလိုမဟုတ်ပါဘူး။ အစိုးရက အလွန်ကို သိမ်မွေ့တဲ့ ကစားနည်းတစ်မျိုးကို ကစားနေတာပါ။ လေးနက်တဲ့ တစ်စုံတစ်ရာ ဖြစ်နေပြီလို့ နို်င်ငံခြားသားတွေ ယုံကြည်အောင် လုပ်ပြနေကြတာပါ။ လက်နက်ကိုင်အုပ်စုတွေကတော့ သူတို့ကို ဖိအားပေး လှုပ်ရှားနေတာ ပဲလို့သိကြတယ်။
MAWKUN:        ဒါဆို တစ်ခုမေးချင်တာက SSA- South (ရှမ်းပြည်တပ်မတော် - တောင်ပိုင်း) တို့၊ KNU တို့က အခု တလော ဦးအောင်မင်းနဲ့ သဘောတူလက်မှတ်ထိုးဖို့ စိုင်းပြင်း နေကြတာ ဘာကြောင့်လဲ။ သူတို့မှာ ဘာအကျပ်အတည်းတွေ ရှိလို့လဲ။
LINTNER: သူတို့က စကားဝိုင်းတွေကနေ နိုင်ငံရေးအရ အဖြေထွက်မယ်လို့ ယုံကြည်နေပုံရတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် သူတို့ ကချင်ပြဿနာကို လေ့လာသင့်တယ်။ ကချင်တွေဟာ ဒီလို အပစ်အခတ်ရပ်စဲရေးတွေကနေ နိုင်ငံရေးအရ အဖြေရှာလို့  ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လုပ်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘာမှ မရခဲ့ဘူး။ အစိုးရက သူတို့လိုချင်တာ တွေကိုသာ လိုသလို ဆုံးဖြတ်သွားခဲ့တယ်။  ဦးအောင်မင်းက ပြောဆိုဆက်ဆံလို့ကောင်းတယ်။ ဒါ ကြောင့် သူနဲ့စကားပြောရင် အဆင်ပြေတာလောက်နဲ့ ငါတို့ တိုင်းရင်းသားတွေရဲ့ ရည်မှန်း ချက်တွေ၊ ငြိမ်းချမ်းရေးတွေ ရမယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ ဘာ လို့လဲဆိုတော့ ဦးအောင်မင်း စတဲ့ အစိုးရစေ့စပ်ရေးမှူးတွေဟာ ဖက်ဒရယ် ပြည်ထောင်စု အယူအဆထက်စာရင် ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာရသူတွေဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့  လူမျိုးစု အခွင့်အရေးတွေကို အာမ မခံနိုင်ပါဘူး။
(သူရိန်ဝင်းဘာသာပြန်သည်။)
အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။
Sexy မှာတော့ နိုင်ငံတကာ ရင်ဘောင်တန်းပြီ
ဓာတ်ပုံလေးတွေမှာ ကော်ပီရိုက် နာမည်ပါလေတော့ မြန်မာဆိုတာ မှားစရာ မရှိလေတော့ဘူး။ စာရေးသူပြောချင်တာကတော့ Sexy ကျတာဟာ အတုယူစရာ မဟုတ်သလို အထင်ကြီးလေးစားစရာ မဟုတ်ဘူးလို့ပါပဲ။ သူ့ထက်ငါ ဟော့ဖြစ်ချင်ယုံနဲ့ မိမိသိခ္ခာတော့ မကျစေလျင်ဘူး။  စာရေးသူတို့ယောက်ျားတွေကတော့ ပြရင်ကြည့်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်။ု
တပ်မတော်သားကောင်းတစ်ယောက်ဘက်ကနေ ကြည့်ကြည့်ပါ
by Moenge Aung on Thursday, November 15, 2012 at 7:50pm ·
တပ်မတော် သား ဘဝကိုတကယ်နားလည်ပြီလား?
==============================
သေချာ မေးတော့လည်း သေချာပြန်ပြီးဖြေပါ့မယ်
မေးသူ - ပြောချင်လွန်းလို့ friend request လုပ်လိုက်တာ။မေးရဦးမယ်။
အဲဒီ ဒုက္ခတွေ ဘယ်သူ့အတွက်ခံရတာလဲကွ။ ဗိုလ်သင်တန်း တက်ပြီး စစ်ဗိုလ်လုပ်ရတဲ့ရည်ရွယ်ချက်လေး
စဉ်းစားကြည့်ပါဦး။ စစ်တိုက်ဖို့လား???။
ကောင်းပြီသူငယ်ချင်း ငါတို့ မှာရည်ရွယ်ချက်ပေါင်းစုံနဲ့ ဝင်လာကြတယ် DSA , DSTA နဲ့  DSMA ဆိုပြီးတော့
စစ်ကျောင်းကြီးတွေကို ဝင်လာကြတယ်ဒါမဲ့ ဘယ်လိုအကြောင်း မျိုးကြောင့်ဘဲဖြစ်ပါစေ တိုင်းပြည်ကို ကာကွယ်ရင်းငါတို့ အသက်တွေ ပေးဖို့ ဝန်မလေး ကြတော့ဖူး
တိုင်းပြည်ကို ကာကွယ်ဖို့  ရိုက်သွင်းခံလိုက်ရတယ်ဘဲ ပြောပြော ငါတို့ စစ်ကျောင်းကြီး တွေမှာတတ်ခဲ့ပြီးတဲ့
အချိန်မှာ စစ်သားတယောက်ရဲ့ ဘဝကို ခံစားမိလာတယ်
အဲ့ခံစားချက်နဲ့ အတူ တိုင်းပြည်မှာ တပ်မတော်ဆိုတာ အမာခံအချုပ်ခြာ အာဏာကို ကာကွယ်နေပါလား
ဆိုတာ သိလာတယ်။စစ်တိုက်ဖို့ လား ဆိုတာကတော့ စစ်သား စစ်တိုက်ရမယ် ဆိုတာသိနေတာဘဲလေ
စစ်ဆိုတာကို ခုံမင်လို့ တော့မဟုတ်ဖူး ဒါပေမဲ့ဗိုလ်ချုပ် အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ် ဘာလို့ စစ်သင်တန်းတတ်ခဲ့ကြသလဲ ဟိုင်းနန်းကျွန်းမှာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်ထုတ်ဖို့ စစ်ပညာ သွားသင်ခဲ့ကြတာ အဲ့လိုဘဲ ငါတို့ ဟာလည်း သွေးနဲ့ ရေးခဲ့တဲ့ လွတ်လပ်ရေးကိုကာကွယ်နိုင်ဖို့ မျိုးဆက်သစ်တွေ အဖြစ် လိုအပ်ရင် စစ်တိုက်ဖို့  ရှိနေတယ်။
စစ်က ဘယ်သူ့ကို တိုက်မှာလဲ သွေးချင်းညီ အကို ကချင်တွေကို တိုက်ဖို့လား။
ကရင်တွေကို တိုက်ဖို့လား။ ရှမ်းတွေကိုတိုက်ဖို့လား။ တိုင်းပြည်ကို ကာကွယ်ဖို့လား။
စစ်ဗိုလ်တွေ ကာကွယ်လွန်းလို့ တိုင်းပြည်ကို တရုတ်နဲ့ ကုလား ဝေခွဲယူထားတာ ခံရတာပေါ့။
ကောင်းပြီသူငယ်ချင်း ငါတို့ ဘယ်သူ့ ကိုမှ ရန်သူလို့ မသတ်မှတ်ခဲ့ဖူးကချင်မို့ လို့ ကယားမို့ လို့  ကရင်မို့ လို
့ရှမ်းမို့ လို့ ငါတို့ မှာ မရှိခဲ့ဖူးငါတို့ သွေးချင်းတွေ မှန်းသိလို့ လည်း ဘယ်လို ဘဲအယူဆတွေ ကွဲလွဲနေပါစေ
ငါတို့ ငြိမ်းချမ်းရေး ဆိုတာ ကိုကမ်းလှမ်းတယ် ဂျပန် အင်္ဂလိပ်တရုတ်ဖြူ(ကွန်မင်တန်)လို တိုင်းပြည်ကနေပပျောက်ပြီး အမြစ်ပြတ်မလုပ်ခဲ့ဖူး ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်တယ်။
ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ ထိပါးပြီးမငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ အားလုံး
ငါတို့ တိုက်ခဲ့တယ်။ကုလား တရုတ်ဝေခွဲယူတယ် ဆိုတာရှင်းဖို့ ကတော့ ကမ္ဘာတခုလုံးကို ကြည့်လိုက်ပါ
တရုတ်နိုင်ငံရဲ့ စီပွားရေး လုပ်ဆောင်နေမှု ဘယ်နေရာမှာမဆို သူတို့ ရှိနေတယ် ငါတို့ နိုင်ငံနဲ့ တော့
တော်တော်များများ အရင်က အလုပ်တွဲ လုပ်ခဲ့ကြတယ် အဲ့လိုလုပ်ခဲ့တယ်ဆိုတောင်ပြန်စဉ်းစားကြည့်
ငါတို့ ပိတ်ဆို့ မှုတွေနဲ့ ကြုံဆုံလာတဲ့ အချိန်မှာမားမားမတ်မတ် ရပ်ပေးခဲ့တဲ့ အနေထား ဝေခွဲယူတယ်လို့ 
ဆိုတာတော့ မဟုတ်ဖူးအမြတ်ကြီးစားပြီး လုပ်ခဲ့တယ် ဆိုတာတော့ လက်ခံတယ်။
ကုလား နေရာတိုင်းမှာ လူမျိုးရေးဝါမျို မှုတွေလုပ်နေတယ်အထူးတလည် ရှင်းပြစရာမလိုဖူး
လူမိုက်အားပေးလုပ်နေတာတော့တပ်မတော် မဟုတ်ဖူး မြင်အောင်ကြည့်တတ်ရင်
အမျိုးသားရေးသစ္စာဖောက် လောက်ကောင်တွေ ရှိနေလို့ ရယ် အမျိုးဂုဏ်မစောင့်တဲ့ မိန်းခလေးတွေ ရယ်
လာဘ်ပေးလာဘ်ယူ မှုတွေ ရှိပြီး ကိုယ်လူမျိုးထက် သူများကိုအားပေးတဲ့ လူတွေရှိနေလို့ ပါ။
တပ်မတော် မှာဆောင်ပုဒ်တခုရှိတယ် -တပ်မတော်သည်အမျိုးသားရေးကို သစ္စာမဖောက် ။
အဲ့တော့ကုလားဆိုတာ ငါတို့ ကြောင့်လို့  ပုံအော်လက်ညှိးမထိုးပါနဲ့  ကမ္ဘာနဲ့ ယှဉ်ပြီးကြည့်ပါ
ဘယ်လိုကာကွယ်မလဲစဉ်းစားပါ။
ဗိုလ်သင်တန်း တက်ရတဲ့ ဗိုလ်လောင်း ကျောင်းသားတွေရဲ့ဒုက္ခတွေကို သိလည်း သိ မြင်လည်း မြင်ဖူးပါတယ်။ တကယ်ကို သနားချင်စရာပါ။ ဒါပေမယ့် သေချာစဉ်းစားကြည်တယ် သူတို့ဒီ ဒုက္ခတွေ ဘာကြောင့်ခံရတာလဲ တိုင်းပြည်အတွက်လား။ပြည်သူ့အတွက်လား။ လုံးဝ မဟုတ်ပါဘူး။
ကောင်းပြီသူငယ်ချင်း ဗိုလ်လောင်း တယောက်ရဲ့ဒုက္ခတွေ သိနားလည် တယ်ဆိုတော့ဘာတွေလုပ်ရလည်း ထပ်မပြောတော့ဖူး ကြမ်းတမ်းမယ် အသေချာဘဲ။ဒါမဲ့ ဘာတွေလေ့ကျင့်ရလဲဆိုတာသေချာ လေ့လာကြည့်ဖို့ တော့လိုတယ်။
သေနတ်တလက်ကိုကိုင်တွယ်ပစ်ခတ် တတ်ယုံနဲ့ စစ်ခေါင်းဆောင် တယောက်မဖြစ်ဖူးတွေးခေါ်မှု
ဆင်ခြင်သုံးမှု စီမံခန့် ခွဲမှု အများကြီးလိုသေးတယ်။
တိုင်းပြည်တွက် ပြည်သူ့ အတွက်လား ဆိုတာတော့ မသိဖူးအဲ့ဒုက္ခ တွေ ခံပြီးမှ အမိန့် နဲ့ တာဝန်ကို
ဦးလည်မသုန် ထမ်းရွက်ပြီး အသက်ပေးခဲ့တဲ့ အရာရှိ စစ်သည်တွေကတော့ ဒုနဲ့ ဒေးဘဲ
ခြေထောက်ပြတ်ခဲ့တဲ့လူတွေ ကျဆုံးခဲ့တဲ့ လူတွေ မိသားစုအားလုံး နောက်ဆုံး ဖြည်ခဲ့တာတော့
အော် တိုင်းပြည်တွက်ဘဲလေ ဆိုပြီး မျက်ရည်တွေ ခါထုတ်ခဲ့တာတော့ အမှန်ဘဲ။
အများစုက မိဘက ကိုယ့်သားကြီး စစ်ဗိုလ်ကြီး ဆိုတဲ့ဂုဏ်ကို လိုချင်လို့ တက်ခိုင်းလို့တက်ကြတာ။
တစ်ချို့က အပြင်တက္ကသိုလ်တက်မယ်ဆို ဘွဲ့တစ်ခု ရအောင်ယူဖို့ မလွယ်လို့တက်ကြတာ။
ကောင်းပြီသူငယ်ချင်း သူတို့ ဘာလို့ ဂုဏ်ယူကြတာလဲအရင်ပြန်စဉ်စားကြည့်လိုက်ပါ
တချို့ က စစ်ဗိုလ်ကြီးဖြစ်စေချင်တယ် ဂုဏ်ယူတယ် မိန်းခလေးတွေ နှစ်သက်သဘောကျ တယ်
လုံးဝမငြင်းပါဖူး ခေတ် အဆက်ဆက်တိုင်းပြည်တွက် တပ်မတော်သားတွေရဲ့ ပေးဆပ်ရင်းနှီးမှုတွေ ကြောင့်
သားကောင်း ခင်ပွန်းကောင်းဆိုတဲ့ အရာတွေသက်သေ ရှိခဲ့လို့ ဘဲ။အခုထိလည်း ဂုဏ်ဆိုတာ ရဲ့အရာကို
ကိုယ့်သား တိုင်းပြည်တွက် ကိုယ့်ချစ်သူ စွန့် လွှတ်ပေးခဲ့ကြတော့မှ အဲ့ဂုဏ်ရဲ့ အရင်းမြစ်ကို မျက်ရည်စတွေ
နဲ့ အတူလူတွေ ပိုနားလည် လာကြတာပါ ။
အပြင်မှာ ဘွဲ့ တခုရအောင်တတ်ဖို့ မလွယ်ဖူးဆိုတာ လက်ခံပါတယ်
အဲ့လိုဘဲ စစ်ကျောင်းကြီးတွေနဲ့ စစ်ပညာရပ်ဟာလည်းလျောက်လွာစာရွက်မှာ ဖြည့်ပြီးတတ်ချင် တိုင်းတတ်လို့ ရခဲ့ကြတာ မဟုတ်ပါဖူး ။တတ်ပြီးရင်တောင် ခံနိုင်ရည် ရှိရှိ နဲ့  သစ္စာရှိရှိ နေဖို့ စောင့်စည်းရပါတယ်။
သေချာတာတော့ စာပေပညာရော စစ်ပညာပါ ပူးတွဲသင်ရတာတခုတော့ ကွာပါလိမ့်မယ်။
ခြေထောက်ပြတ်ပြီး နေတဲ့ စစ်သားတွေ အသက်သေမုဆိုးမ နဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ စစ်သားအကြောင်း ကောင်းကောင်း သိသားနဲ့  သေနိုင်တယ် ပြတ်နိုင်တယ်ဆိုပေမဲ့ တပ်ထဲ သွင်းခဲ့တဲ့ မိဘ တွေ ရှိတယ်ဆိုတာရော သတိထားမိခဲ့လား ။
တစ်ချို့ကတော့ ဘယ်ဗိုလ်ကြီးကတော့ ဘယ်တပ်မှာ ဘယ်လောက်ချမ်းသာနေတာဆိုတဲ့
အမြင်အကြားတွေအားကျလို့တက်ကြတာ။
ကောင်းပြီသူငယ်ချင်း အဲ့လိုလူမျိုးတွေ ရှိတယ် အမြင်အကြားနဲ့ ချမ်းသာ အားကျမိတယ် ဆိုရင်တော့
ကျွန်တော် တို့ တွေဘယ်တပ် ဘယ် ငှာန မှ တာဝန်ကျမယ်ဆိုတာ ဘယ်ဗေဒင်ဆရာ နဲ့  ဓါတ်ဆင်နိုင်မလဲသိချင်တယ်။
မြို့ မှာကြီးဘဲ တပ်ရှိတယ်လို့ ထင်လို့ လား လူတွေ မြင်ကြတာ အဲ့ရုံးပေါ်ကအနေထား ဘဲမြင်ပေမဲ့
နယ်စပ်နဲ့ ဝေးလံခေါင်သီးတဲ့ နေရာတွေမှာ မိသားစုနဲ့ အတူ ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့
သူတွေ အများကြီးပါဘဲ ။တပ်မတော် ဆိုတာ မြန်မာပြည် နေရာအနှံအပြားမှာ တပ်တွေ ဖွဲ့ စည်းထားတာပါ
အဲ့လိုဘဲ ရုံးပိုင်ဆိုင်ရာကျွမ်းကျင်သူ ရုံးမှာရောက်တယ်ဆေးကုတဲ့သူ ဆေးရုံမှာ လမ်းတံတား ဖောက်တဲ့သူ
ဆောက်လုပ်ရေး အဖွဲ့ မှာ ဒါ့အပြင် သူ့ လက်ရုံးတပ်ဖွဲ့ အသီးသီးလိုက် ကြည်း၊ရေ၊လေ၊သံကျပ်ကာ၊အမြောက်အစရှိသည် သူနဲ့ ကျွမ်းကျင်ရာ ထမ်းဆောင်ရတာပါ။ ဘယ်ကို သွားချင်လို့ ပါ ဘယ်နေရာ ဆိုရင် အားလုံးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာ လက်ညှိးထိုးမှာပေါ့ ခင်မျာ ။
ပြည်သူ့အတွက်ပါလို့တော့ တစ်ခွန်းဟမယ် မကြံပါနဲ့။တပ်မတော်သာ အမိ တပ်မတော်သာအဖဆိုသူတွေ
အတွက်ပြည်သူ့အတွက်ဆိုတာ ပါးစပ်ဖျားကထွက်တဲ့လေပါ။
ကောင်းပြီ သူငယ်ချင်း မင်းက မဟနဲ့ ဆိုတော့ မဟပါဖူး သမိုင်းကိုတော့ ရှင်းပြပါရစေ
တပ်မတော် လွတ်လပ်ရေးဘယ်လိုရယူပေးခဲ့လဲ ၁၉၄၁ ခုနစ် ဂျပန် ဟိုင်နန် ကျွန်းမှာစစ်ပညာ သင်ကြားပြီး
ဒီဇင်ဘာ BIA ဆိုတာ စတင်ဖွဲ့ မြန်မာပြည်ထဲကို စစ်ကြောင်းကြီး လေးကြောင်းနဲ့ ဝင်ပြီး
အင်္ဂလိပ်မျက်နှာ ဖြူတွေကို ဂျပန်ရဲ့ အကူညီနဲ့ တိုက်လာခဲ့တယ် ဂျပန်ဟာမော်လမြိုင်ကို သိမ်းပြီးတဲ့
အချိန် လွတ်လပ်ရေးပေးမယ် ဆိုတဲ့ ကတိကိုဖျက်ခဲ့တယ်။ ဖက်ဆစ် စနစ် နဲ့ မြန်မာ တမျိုးသားလုံး လည်းရင်ဆိုင်ခဲ့ရတယ်။ဂျပန်တွေက BIAကိုဖျက်သိမ်းစစ်အင်အား
လျော့ချခဲ့လိုBDA ဆိုပြီးပြောင်းလဲဖွဲ့ စည်း ၁၉၄၂ ခုနစ် ဇူလိုင်လ (၂၈) ရက်နေ့ မှာဗိုလ်ချုပ် ကို
ဗိုလ်မှုးကြီး အဆင့်တိုးမြင့်ပြီး စစ်သေနာပတိချုပ် ခန့် အပ်ခဲ့တယ်။
အဲ့ချိန်ထဲက ဘာလုပ်ခဲ့လဲ ၁၉၄၃ ခုနစ် မေလ ၁၀ရက်နေ့ မှာဒုတိယ ဗိုလ်သင်တန်းကို မင်္ဂလာ ဒုံမှာ ဖွဲ့ ပြီး
စစ်ခေါင်းဆောင်တွေ မွေးထုတ်ခဲ့တယ်။၁၉၄၅ - မတ်လ ၂၇ မှာ သရက်မြို့ နယ်ပုဏ္စားရွာမှာ တပ်ထွက်မိန့် ခွန်းအနီးဆုံးရန်သူကို ရှာတိုက်ကြဆိုပြီး ဗိုလ်ချုပ်ကိုယ်တိုင်တပ်ပြောက်ပြီးဖက်ဆစ်ကို တော်လှန် မြန်မာ့တပ်မတော်စစ်စစ် ပေါ်ပေါက်လာပြီးလွတ်လပ်ရေး ယူပေးခဲ့တယ်။
အဲ့ချိန်ကနေ စပြီး လွတ်လပ်ရေး နဲ့ အတူ ပေါက်ဖွားလာတဲ့အကြမ်းဖက်မှုတွေ သောင်းကျန်းမှုတွေ
ခွဲထွက်မှုတွေနဲ့ ခု ဒီအနေထား ထိ ကြုံနေတုန်းပါ အဲ့သမိုင်းတွေတော့ပြည်သူ့ အတွက် လေဘဲပေးခဲ့တာလား တပ်မတော်သားတွေ ကလေ့လာကြည့်ပေးပါ။
အမှန်တရားနဲ့ စစ်ဗိုလ်ရာထူး ဘယ်ဘက်လိုက်မလဲဆိုရင် စစ်ဗိုလ်ရာထူးဘဲယူမယ့်သူတွေချည်းပဲ။
ဘယ်နေရာရောက်ရောက် ဘာကိစ္စဖြစ်ဖြစ် ကျွန်တော် ဘယ်တပ်ကဗိုလ်ကြီးပါဆိုပြီး အာဏာပြမယ့်သူချည်းပဲ။
ကောင်းပြီသူငယ်ချင်း လူတိုင်းကို ကောင်းတယ်လို့  ကျွန်တော်မငြင်းပါဖူး
စစ်ဗိုလ် ရာထူးဘဲယူမဲ့ သူ အမှန်တရား ကို ရှောင်ဖယ်တယ်ဆိုတာ တော့ လုံးဝမဟုတ်ပါဖူး
ခုတပ်မတော်ကြီးနဲ့ ဘဲယှဉ်ပြောပါရစေ တပ်မတော်မှာ လူ မူပိုင် ဘယ်သူ့ တပ်မတော်ဆိုတာမရှိပါဖူး
အဲ့တာကြောင့် ပြောင်းလဲလာတဲ့အနေထား အတိုင်းခု ကာကွယ်ရေးဦးစီးချုပ် ကအစ စစ်ဘက် အရာရှိကြီးတွေမှာ ကောင်းမှု အစဉ်လာတွေကို ထိန်းသိမ်းပါတယ် မကောင်းတာပြင်ပါတယ် ကျွန်တော်တို့ အားလုံးတိုင်းပြည်ကြီးကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့  သူ ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြပါတယ်။
ရာထူးဆိုတာလည်းထိုက်တန် မှလာတာပါ ကျွမ်းကျင်မှုလေးစားမှု ရဲရင့်မှု စွန့် လွတ်အနစ်နာ ခံမှုအများကြီး ပေးဆပ်ပြီးဖြစ်တည်လာကြတာပါ။
ဥပမာ ရော့ မင်း သမ္မတ တတ်လုပ်ကွာဆိုပြီးလူတိုင်းကို လုပ်ခိုင်းလို့ ရသလား ။
အပြစ်ဆိုတာ ဖောက်ထားလို့  ပြုတ်သွားတဲ့ သူတွေအများကြီးပါစစ်သား မှာ စစ်စည်းကမ်း ဆိုတာတောင်
ပိုပါသေးတယ်။ဘယ်နေရာ ရောက်ရောက် အာဏာ ပြမဲ့သူတွေ စစ်မြေပြင်မှာတော့ စစ်မြေပြင် အတိုင်း
ကျင့်သုံး ကြမှာဘဲ အမိန့် ဆိုတဲ့အရာကို အပြည့်အဝ သုံးရပါတယ် ဘာလို့ လဲဆို သေသွားနိုင်တာကိုး ။
အာဏာပြ တယ် လို့ ပြောတာ ကျွန်တော် တိုခုလက်ရှိပြည်သူဆိုလည်းကြောက်ပါတယ်။
အရပ်ဘက် အဖွဲ့ စည်းဆိုလည်းလန့် ရပါတယ် တောသားမြို့ တတ်ဆိုသလို ဘဲ ကိုယ်ကြီးဘဲ ဖိဟောက်ခံရတာပါ။ ခင်များစစ်သားမဟုတ်ဖူးလား ဆိုတာနဲ့ ဟုတ်ကဲ့ ကူညီပေးပါဗျာလုပ်ခဲ့ရတာ ဘယ်သူ့ ပါဝါ ပိုကြီးလဲသိသာကြီးဘဲ။
ကျုပ်တို့ မှာ ခွင့် ဆိုလည်း ရက်နဲ့ အချိန်နဲ့  အတိကျသွားရလာရ နဲ့ တခါတလေ ဘူတာတို့  လေဆိပ်
ကားလက်မှတ်တို့ မှာကျွန်တော် ဗိုလ်ကြီးပါ ခင်မျာ ဆိုတဲ့ အသံလေးနဲ့ ပြောမှအဆင်ပြေတာ အဲ့လုပ်ပေးတဲ့
သူတွေကလည်း တပ်မတော်သားအချိန်နဲ့ အလုပ်လုပ် ဆိုလို့ ဦးစားပေးတာပါ ။နားလည်မှုလေးတွေပါအာဏာ ပြတယ် မဟုတ်ပါဖူး။
ကျွန်တော် တပ်ကပါလို့ပြောလို့ လူတွေ ကြောက်သွားတာကို ကြည်နူးဂုဏ်ယူနေကြတဲ့သူတွေချည်းပဲ။
အဲဒီလို လုပ်ပြောလိုက်တိုင်း ကိုယ့်မိဘ ပါးကို တစ်ချက်ရိုက်လိုက်တာနဲ့ တူတယ်လို့ တွေးတဲ့စစ်ဗိုလ် တစ်ယောက်မှ မတွေ့ဖူးဘူး။
ကောင်းပြီသူငယ်ချင်း
ကျွန်တော်ကတပ်ကပါလို့ အငြိမ့်ထဲမှာအော်တိုင်း တော့ မင်းသမီးကို ဖက်ရမယ်လို့ မထင်ပါနဲ့ မသုံးပါနဲ့ ဗျာ
အရပ်သား တယောက်နဲ့ တယောက် ရန်ဖြစ်အချင်းများ ကြရင် ဘာမှ ပြသာနာမရှိဖူး တမူဘဲ ခံကြရတာပါ
တပ်မတော်သား တယောက်နဲ့ ဖြစ်ခဲ့တာ နဲ့  စစ်ဘက် စည်းကမ်းစည်းလုံး ညီညွတ်မှု ပျက်ပြားတယ် ဆိုတဲ့
ပြစ်မှုတွေ တောင်တိုးပါသေးတယ်။အဲ့တော့ ကိုယ့်မိဘကို ပါးရိုက်တယ်လို့ မတွေးဖူး ဆိုတဲ့ အကိုရေတပ်မတော်မှာ ဆန်ရင်းနာနာဖွတ်ပါတယ်။ အဲ့တာ ဘာလို့ လဲဆိုတော့ စည်းကမ်းဆိုတာတပ်မတော် ရဲ့ကျောရိုးဖြစ်နေလို့ ပါဘဲ ။
ပြည်သူပိုင်တဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီးလစာတွေ အများကြီးရထားတာကိုပဲ။ ငါတို့ကို ပြည်သူကကျွေး ထားတာမဟုတ်ဘူး။ တပ်ကကျွေးထားတာလို့မြင်နေတဲ့။
ပြည်သူနဲ့ပတ်သက်ရင် ကိုယ့်စားခွက်ပဲကြည့်ပြီး ကိုယ့်သခင်ကိုတောင် ပြန်ကိုက်တတ်တဲ့ ခွေးဆိုးသာသာအသိဥာဏ် ရှိသူတွေပဲလို့မှတ်တယ်။
ကောင်းပါပီ ခုမေးလာတဲ့အနေထားမှာတော့ ဝမ်းနည်းမိပါတယ်ဗျာ။
ကျွန်တော်တို့ ကို ခွေးလို့ သတ်မှတ်တယ်ဆိုလည်း ခွေးပါဘဲ ဟုတ်ပါတယ်။
တိုင်းပြည်ရဲ့အပေါ်သစ္စာ ရှိတဲ့ ခွေးတွေပါဘဲ။ ဘယ်အရာမှ လက်ဝါးကြီးအုပ်စိုးမိုးခြယ်လှယ် ထားတာ မရှိခဲ့ပါဖူး။ ခုလက်ရှိဒီမိုကရေစီ တိုးတတ်ပြောင်းလဲမှု မှာ ပြည်သူ့ လက်ကို အပ်နှံဖို့  ကြိုးစားပြီး ကူညီနေတာတွေ တော့သိသင့်ပါတယ်။
ကိုယ့်စားခွက် ဘဲကြည့်တယ်လို့ တော့ မစွပ်စွဲပါနဲ့  ။ ရှေ့ တန်းစစ်မြေပြင်မှာ တိုင်းပြည်စည်းရိုး သယံဇာတတွေကို လက်ဝါးကြီးအုပ်လိုသူတွေကို တိုက်ထုတ်ရင်း နေခဲ့သူတွေပါ။
တပ်ကကျွေးတဲ့ ထမင်းနဲ့  အိမ်က ထမင်းဟင်းဘယ်ဟာပို ကောင်းတယ်ထင်လဲ
စားရိပ်သာကိုဖိတ်ခေါ်ပါတယ်။
ရှေ့ တန်းစစ်မြေပြင် စခန်းတွေကဓါးလှီးထမင်းနဲ့  ပဲပြုတ်ရည်ကိုတောင်ထည့်မပြောပါဖူး
ပေးထားတဲ့လစာ နဲ့ ထမ်းဆောင်တဲ့ တာဝန် သိချင်ရင်စစ်သားတယောက်အဖြစ်နဲ့ ဝင်ပြီး
လုပ်ကြည့်ပါလို့ ပြောပါရစေ။အဲ့ကျရင် သိလာပါလိမ့်မယ် အလိုလို။
လှိုက်လှဲသော အသဲနှလုံးက ပါရှင် ဆိုတဲ့ ရေဒီယိုက လွင့်တဲ့ အသံလေးကို ငတ်ငတ် မွတ်မွတ် နဲ့ 
ပြတ်ပြတ် လတ်လတ် အဝေး နေရာတွေမှာ တာဝန်ထမ်းဆောင်ရင်း နားထောင်တဲ့အခါ
ပြည်သူကပေးတဲ့အင်းအားတွေ အလိုလို ဖြစ်တည်အသက်ကို စွန့် ရဲတိုင်းပြည်ကို ကာကွယ်ချင်တဲ့စိတ်
ဖြစ်ပေါ်လာတဲ့ အချိန် စစ်သားဘဝကို တကယ်နားလည်မိလားဆိုတာ ကိုယ့်ဘာသာကို ဖြေစရာမလိုဘဲသိလာပါလိမ့်မယ်။
ကျွန်တော် အဖြေထဲ မှာ လိုအပ်တာတွေ ရှိရင်ပြင်ဆင်ပေးကြပါ။
ကျွန်တော် အသိနဲ့ စစ်သားတွေရဲ့ခံယူချက် ခံစားချက်လေးတွေ ပါ။
လေးစားစွာဖြင့်
ဖိုးသားလေး
ဟုတ်ကဲ့ ....ဒီပိုစ့်လေးကို ဖတ်မိတော့ စစ်သား သားသမီးတစ်ယောက်အနေနဲ့ တော်တော်လေးကို
ခံစားလိုက်မိပါတယ်.....အဘိုးက စစ်သား(ရုံးအုပ်) အဖေက စစ်သား(ဗိုလ်ကြီး {ငြိမ်း})......
စစ်တပ်ထဲမှာ မွေးကတည်းက ရှင်သန်ကြီးပြင်းလာသူမို့ စစ်သားသားသမီးမို့လို့ စစ်သားတွေဘက်ကနေ
နာမှာပေါ့လို့ ပြောကြ ထင်ကြမှာပါ....
ဟုတ်ကဲ့ .....နာပါတယ်....အဘိုးတို့ အဖေတို့လို စစ်သားတွေ ကိုယ်စား ....နာပါတယ်
မကောင်းတဲ့ သူတွေ ရှိကောင်းရှိ ရှိလဲရှိကြပါတယ်။အချင်းချင်းတောင် ခေါင်းပုံဖြတ်
အမြတ်ထုတ်တတ်တဲ့ စစ်သားတွေလဲ ရှိကောင်းရှိ ရှိလဲရှိပါတယ်
မကောင်းတဲ့ သူတွေကိုပဲ မြင်ပြီး ကောင်းတဲ့သူတွေ အနစ်နာခံရသူတွေ ဘဝပျက်သွားတဲ့ စစ်သားတွေ ကိုကော
မမြင်ကြတော့ဘူးလားရှင်....
အခု DSA , DSTA, DSMA စတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့
ရင်ဖွင့်စကားတွေ ....ပြီးတော့ သူတို့ ခံယူချက်တွေ.....သူတို့က ပြောပါတယ် .
တပ်မတော်က မကောင်းတာ မဟုတ်ဘူး ....ခင်.......လူတွေကပဲ မကောင်းတာပါတဲ့
ဟုတ်ပါတယ်.....
ခင်တို့တွေ မကောင်းတဲ့သူတွေရဲ့ အပြစ်ကိုပဲ မြင်...ကောင်းတဲ့ကောင်းခဲ့သူတွေကို လျစ်လျူရှုထားမိကြတယ် လို့
ခံစားမိတယ်.....။
သူ့တည်းတစ်ယောက် ကောင်းမှုရောက်ဖို့ ကျန်သောသူမှာ ပျက်စီးရာသည် ဓမ္မတာ တည်း......
တစ်ယောက် ကို မဟုတ်ဘဲ ကျန်တဲ့သူတွေကိုပါ ကြည့်တတ်မြင်တတ်လာဖို့ ကြိုးစားကြည့်ရအောင်.....။
လုယူခံ ဗုဒ္ဓရုပ်ပွားတော် ဘင်္ဂလီဒုက္ခသည်စခန်းမှ ရှာဖွေတွေ့ရှိ
သဇင်ဥ
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်သို့ အကြမ်းဖက်သောင်းကျန်းသူများက စက်တင်ဘာ(၂၉)ရက်နေ့က စတင်တိုက်ခိုက်ပြီး ဗုဒ္ဓရုပ်ပွားတော် အများအပြားကို လုယူသွားခဲ့ရာ ယခုအခါ ဘင်္ဂလီဒုက္ခသည်စခန်းနှင့် ဒေသအများအပြားမှ ဗုဒ္ဓရုပ်ပွားတော်များ ရှာဖွေ တွေ့ရှိ ရမိကြောင်း သတင်းရရှိသည်။
ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် Rapid Action Battalion(RAB-7)က ဒေသအတွင်း ရာဇ၀တ်နှင့် မူးယစ်ဖေါက်ကား ကျူးလွန်သူများကို လိုက်လံရှာဖွေနေရာမှ အိုခီးယားမြို့နယ် ကိုတိုးပါလောင် ဘင်္ဂလီဒုက္ခသည်စခန်းအတွင်းမှ နိုဝင်ဘာ(၇)ရက်၊ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓရုပ်ပွား တော်(၃)ဆူကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း bdnews24.com တွင် (၈)ရက်နေ့က ဖေါ်ပြခဲ့သည်။
ကိုတိုးပါလောင် ဘင်္ဂလီ ဒုက္ခသည်စခန်းဈေးဆိုင်မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဆိုင်ရှင် Jafar Alam Dipu(35)နှင့်အတူ အပေါင်းအပါ Iman Hossain တို့အား လက်ရဖမ်းဆီးရမိခြင်းဖြစ်ကြောင်း RAB-7 မှ ဗိုလ်မှူး Sarwar-e Alam က တရားဝင်ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ဒေသခံသတင်းထောက်များနှင့် လူထုများက ပန်းဝါမြို့နယ်မှာ ယင်းတို့အခေါ် (ရိုဟင်ဂျာ)များထံ အဓိကအငြိုးထား တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်းနှင့် ဗုဒ္ဓရုပ်ထုတော်များမှာ ယင်းတို့ထံ အများအပြား လုယူအခိုးခံရခြင်းဖြစ်ကြောင်းဆိုသည်။
ဆက်လက်ပြီး ဒေသခံများက "အဲဒီ ဘုရားရုပ်တွေကို ရွှေ၊ စိန်စတဲ့ တန်ဖိုးကြီးတဲ့ ရုပ်ထုတွေအထင်နဲ့ ခိုးယူသွားကြတာပါ၊ ဥာဏ်တော်က သယ်ယူရလွယ်ကူတဲ့ အငယ်မျိုးတွေက ပိုပြီးသပ်ပါယ်ပါတယ်၊ အဲဒီ ရုပ်ပွားတော်တွေကိုဖျက်ဆီးတဲ့ သူတွေအကြားမှာ ကြောက်လန့်နေ ကြပါတယ်၊ တစ်ချို့ပြောတာက ငါက ဘုရားအသေးကိုဖျက်ဆီးတာ၊ အပြစ်သိပ်မရှိဘူး အဲသလိုမျိုး ရဲဌာနတွေမှာ ထွက်ဆိုနေကြပါ တယ်။"ဟု ရှင်းပြသည်။
ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပြီး လုယူခံရပြီးနောက် ဘင်္ဂလီဒုက္ခသည်စခန်းအနီး အိုခီးယားမြို့နယ်အတွင်းမှ တစ်ချို့ဆင်းတုတော်များ ကိုပါ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဒေသသတင်းများက ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ပန်းဝါမြို့နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ရှေ့ဟောင်းဗုဒ္ဓကျောင်းဘုရားသိမ်ဆောင်များနှင့် ဟိန္ဒူကျောင်းများ တိုက် ခိုက်ခံရမှုမှာ မည်သည့်အကြောင်းပြချက် ခိုင်လုံမှုတစ်စုံတစ်ရာမရှိဘဲ အသားလွတ်အနိုင်ကျင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။
တာခ်နာမြို့နယ် ဘင်္ဂလီဒုက္ခသည် နော်ယာပါရာစခန်းမှ လက်လုပ် သေနတ်တစ်လက်နှင့်အတူ မိုဟာမတ်ဖေါ်ယေဇေရ် (နေအိမ်အမှတ် ၆၆၁)အား စခန်းတာဝန်ကျ BGB က နိုဝင်ဘာ(၈)ရက်နေ့က ဖမ်းဆီးဖေါ်ထုတ်ရမိခဲ့ကြောင်း ဒေသထုတ်သတင်းစာများက ဆိုခဲ့သည်။
Window 7 မှာ Time Zone တွေ ချိန်ညှိမရခဲ့ရင်
ကျွန်တော် ဒီနေ့မျှဝေချင်တာလေးကတော့ ကျနော့ရဲ့ ကိုယ်တွေ့လေးပါ
ကွန်ပြူတာသုံးနေကြတဲ့  ညီအကိုတွေလဲ ဒီလိုပြဿနာမျိုး ဖြစ်ခဲ့ရင်ခေါင်းမစားရအောင်လို့ ဒါလေးကိုပြန်လည်
မျှဝေလိုက်ပေးပါတယ်...
ကျနော်သုံးနေတာ window7 ပါ။ကျနော်လည်းတက်သလောက် မှတ်သလောက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပါသေးတယ်။
မရဘူး။ သူငယ်ချင်း ၃ ယောက်လောက် ကိုပြောင်းပီး အကူအညီ တောင်းကြည့်တယ် Teamviewer နဲ့ ပါချိတ်ပြီး ပြင်ကြည့်တယ်
လုပ်ပေးတယ် မရဘူး။  Google မှာ ဗြောင်းဆန်နေအောင် ရှာတယ် အဆင်မပြေဘူး။
ဒါနဲ့ နောက်ဆုံး အမြဲတမ်းအလုပ်ရှုတ်နေတတ်တဲ့ အကိုကြီး ကိုဝင်း (ဝင်းကမ္ဘာကျော်)  ကိုသွားမေးတော့
" ညီလေး ဒါလေးဖတ်ကြည့်ပြီး တော့ .reg ဖိုင်လေးကို run လိုက်" လို့ပြောတယ်။
သူပြောတာနဲ့ အဲဒီမှာ အဆင်ပြေသွားပါတယ်။ ကိုဝင်း...ရေ ..ကျေးဇူးပါနော်.....
ကျနော့်အတွေ့အကြုံလေးတွေကိုအောက်မှာပုံနှင့်တကွ တင်ပေးလိုက်ပါတယ်။
နားလည်ကြမယ်လိမ့်လို့မျှော်လင့်ပါတယ်ခင်မျာ .....
၁) အောက်ကပြထားတဲ့နာရီကမမှန်တော့ပါဘူး။အဲ့ဒါကို မှန်အောင်ပြန်တိုက်ချင်တာပါ။
အခုပြထားတဲ့ နာရီပေါ်မှာ right click နှိပ်လိုက်ပါ Adjust time/date ဆိုတာလေးကိုနှိပ်လိုက်ပါ။
၂။အောက်ကပုံ အတိုင်းပေါ်နေရပါမယ်။ ဒါပေမယ့်ကျနော့် စက်မှာကတော့ ဒီလိုမဟုတ်ပါဘူး။
၃။ဒီအောက်က ပုံအတိုင်းဖြစ်နေပါတယ်။ ဘာမှကိုလုပ်လို့မရဘူး reset တောင်လုပ်လို့မရဘူး....
အချိန် ရက် လ တွေပြောင်းလို့ရခဲ့ရင်တောင်  OK ကို နှိပ်လို့မပြန်ပါဘူး....
၎။နောက်ဆုံး cmd မှာ Comment ရိုက်ပြီး ပြင်ကြည့်တာတောင်မရပါဘူး...
ကိုဝင်းနည်းအတိုင်းပြင်ဆင်ခြင်း
ကိုဝင်းက Link လေးတခုပေးတယ် အောက်မှာရှင်းထားတယ်နော် 
1. အောက်မှာပေးထားတဲ့ ဒေါင်းလုပ် ဆိုတာကို ကလစ်ပြီးတော့ .reg ဖိုင်လေးကိုဒေါင်းလိုက်ပါ 
Restore_All_Windows_7_Default_Time_Zones.reg
download
2.  .reg  ဖိုင်လေးကို  desktop ပေါ်မှာ save လိုက်ပါ။
3. အပေါ်ကရလာတဲ့.reg ဖိုင်လေး ကို right click နှိပ်ပြီး Merge ဆိုတာလေးကိုရွေးပါ..
4.  Merge  ကို click နှိပ်ပြီး run လိုက်ပါ ပြီးတော့ Yes (UAC), Yes, ပြီးတော့ OK နှိပ်လိုက်ပါ
5.  OK နှိပ်တာဟာ နောက်ဆုံးအဆင့်ပါ အဲဒါလေးပြီးသွားရင် ကွန်ပြူတာကို Restart (သို့) log off  နဲ့ဖြစ်ဖြစ် ပိတ်လိုက်ပါ ။ျWindow ပြန်ပွင့်လာရင် အားလုံး အဆင်ပြေသွားပါပြီ။
6. နောက်ဆုံးကတော့ .reg ဖိုင်လေးကို delete ပြစ်လိုက်ပါ။
Thanks to Shawn  and  ကိုဝင်း
ကိုလတ်(ကျွဲဆင်း)