Saturday, November 17, 2012

မနေ့ညပိုင်း ၇ နာရီလောက် လှည်းတန်းမှာ ကောင်မလေးတစ်ယောက်ကို ဓားဖြင့်ထောက်ကာ....


သူငယ်ချင်းတို့ရေ...
သတင်းလေး တစ်ပုဒ်တင်လိုက်တယ်နော်..။ အတိကျ သိချင်ရင်တော့ မှုခင်းဂျာနယ်ကိုသာ ၀ယ်ဖတ်ကြပါ..။
ကျွန်တော်လည်း သိသမျှလေး ဝေမျှပေးလိုက်ပါတယ်.။ တဆင့်စကားပေါ့ဗျာ.။  သေသေချာချာ သိချင်ရင်တော့ အနီးနားက သူငယ်ချင်းတွေကိုလည်းမေးမြန်းကြပေါ့.။
ဖြစ်ပုံမှာ ...
မနေ့က လှည်းတန်း ( ရန်ကုန်မြို့၏ လူအစည်ကားဆုံးနေရာ ) ရဲ့ ဇေယျာသီရိလမ်းအဆုံးပိုင်း.. လမ်းကျဉ်းကျဉ်းလေး ရှိတယ့် နေရာနား မရောက်ခင်လေးပေါ့..။
ဦးထွန်းလင်းခြံလမ်းထဲကို ကျောင်းလာတက်တယ့် ဆယ်တန်းကျောင်းသူလေးကို ကျောင်းလိုက်ပို့တယ့် သူတို့အိမ်က အိမ်ဖော်မလေးတစ်ယောက် ...
ကျောင်းကိုလိုက်ပို့ပြီးအပြန်မှာ.. ...
          အချိန်အားဖြင့် ... ည ၇ နာရီလောက် ( မယုံနိုင်ဘူးဗျာ အစောကြီးကို ဒါပေမယ့် တကယ်ဖြစ်ခဲ့တာပါ ) အထက်ပါ ဖော်ပြထားတယ့် နေရာနားမှာ ဓါးဖြင့်ထောက်ပြီးတော့ ကားတစ်စီးအပေါ်ကို အတင်းဆွဲခေါ်တာကို ခံရပါတယ်ခင်ဗျာ..။
ကောင်မလေးက ( ပြောရရင်တော့ အရွယ်မရောက်တစ်ရောက် ကလေးမလေးပေါ့ နယ်ကနေ အိမ်ဖော်လာလုပ်တာလို့ ပြောကြတယ် ) ရုန်းတယ် အော်တယ်ခင်ဗျ ။
ဒါနဲ့ ဘေးကလူတွေက ကြားပြီးတော့ ၀ိုင်းလာတယ်.။ လူတွေကို ဖမ်းမိလိုက်တယ်. ။ နှစ်ယောက်လို့ပြောပါတယ်.။ ကောင်မလေးမှာတော့ ရုန်းတယ့်အော်တယ့်အတွက်ကြောင့် ဓားဒဏ်ရာတော့ ရင်နှစ်မွှာကြားမှာ ရသွားတယ်လို့ ကြားပါတယ်.။ ၀မ်းဗိုက်မှာရော ပေါ့.။
စိတ်မကောင်းစရာဆိုတာထက် ပိုဝမ်းနည်းရမှာက အတင့်ရဲလာတာကိုပါ .။ လူတွေက ရေလိုက်လွဲနေတာ .။ ဒီမိုကရေစီရပြီဆိုပြီးတော့ ပိုပိုအတင့်ရဲလာကြတယ်လေ.။
အဓိကကတော့ တရုတ်ကို ရောင်းဖို့ပါ.။ ပေါ်တင်တောင်မှ ဆွယ်နေကြတယ်ဆိုပဲဗျ.။ ကလေးမွေးပေးရမယ် သိန်း ၃၀ တယ့်.။ ကဲ..။
ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အလွတ်ရုန်းခဲ့တယ့် ကလေးမလေး ကံကောင်းပါတယ်ဗျာ.။ ရုန်းလို့ ရခဲ့တာက ဓားဒဏ်ရာပါ..။ မရုန်းမိခဲ့ရင် စိတ်ဒဏ်ရာက တစ်သက်လုံးပျောက်မှာ မဟုတ်တယ့်အပြင်..။ မတော်ရင် တရုတ်တွေရဲ့ သတို့သမီးရှာတာထက်ကို ပိုဆိုးပြီး တခြားနေရာရောက်သွားမှ ဘ၀ဆုံးရချည်ရဲ့....
မိန်းကလေးငယ်များ အမျိုးကောင်းသမီးများ ဖြူစင်စွာပွင့်လန်းနိုင်ကြပါစေဗျာ..။ တန်ဘိုးလည်း ထားကြနော်.။ မိမိကိုယ်ကိုယ်မှ တန်ဘိုးမထားရင် ဘယ်သူကများ ကိုယ့်ခန္ဓာကိုယ်ကို လာပြီး တန်ဘိုးထားမလဲနော် ..။
တဆင့်စကား သတင်းလေးကို ပြန်ဖောက်သည်ချရတာမို့ လွဲမှားနေတာရှိ နားလည်ပေးကြပါရန်...။

0 ကွန်မန့်ရေးရန်:

Post a Comment