This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 1, 2013

သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည် အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်
မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူ
ကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

Credit to >> Myawady <<
https://www.facebook.com/myanmardaily.net

ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်

 ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မ.ထ.သ (၃၉) အထူးယာဉ်မှ အသက် ၂၅ နှစ်ခန့်ရှိ ယာဉ် နောက်လိုက် တစ်ဦး ယာဉ်ပေါ်သို့ ခုန်တက်စဉ် ခြေချော်ကျကာ ၎င်း၏ ဦးခေါင်းကို အဆိုပါယာဉ် ၏ နောက်ဘီးဖြင့် ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ် ယာဉ်ထ...ိန်းတပ်ဖွဲ့စု (၁၆) ရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲသော မ.ထ.သ (၃၉) အထူးယာဉ် သည် ပါရမီလမ်းသို့ ကွေ့ကြောမှ ကွေ့ဝင်ကာ ယာဉ်ကို ဂငယ်ကွေ့ ကွေ့၍ ဘုရင့်နောင်လမ်းမ ပေါ်သို့ ပြန်အတက် ယာဉ်နောက်လိုက်က ယာဉ်ပေါ် ခုန်တက်ရာ ခြေချော် ပြုတ်ကျပြီး ဦးခေါင်း ကို ကြိတ်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဘုရင့်နောင် လမ်းမကြီးနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် မ.ထ.သ (၃၉) အထူးယာဉ် အများစုသည် မီးပွိုင့်မိပါက ပါရမီလမ်းအတွင်းသို့ ကွေ့ဝင်ကာ ပါရမီလမ်းအတွင်း ရောက်ပါက ဂငယ်ကွေ့ ပြန်ကွေ့ကာ ဘုရင့်နောင် လမ်းပေါ်သို့ ပြန်လည် ဝင်ရောက်လေ့ရှိကြောင်း အဆိုပါ မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားသည်။

ယာဉ်နောက်လိုက်သည် မောင်းဟု အော်ပြီး ယာဉ်ပေါ်သို့ ခုန်တက် စဉ် ဘောင်းဘီနှင့် တံခါး ငြိကာ တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး တက်ကြိတ်ခံ ရခြင်း ဖြစ်ကြောင်း အဆိုပါ အနီးရှိ ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။

(၃၉) အထူးယာဉ်လိုင်းမှ ယာဉ်မောင်းသည် ယာဉ်ကို ထားကာ ထွက်ပြေး ခဲ့ပြီး ညနေ ၄ နာရီတွင် လှိုင်မြို့နယ် ပိတောက်ချောင်း ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အဖမ်းခံရဖို့အရေး အလကား အိပ်ပေးလိုက်ရသေးတယ် (နေမျိုးအေး)

ပြည့်တန်ဆာမှုအတွက် အသွင်ယူခြင်း


ပြည့်တန်ဆာလို့ ယူဆရသူကို ဖမ်းဆီးဖို့ဆိုရင် ရဲတွေက အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံတွေ သုံးလေ့ရှိပါတယ် တဲ့။

အဖမ်းအဆီးသတင်းတွေကို ကြိုတင်မှတ်သားထားတဲ့ ငွေစက္ကူ ဘယ်လောက်နဲ့အတူ ဖမ်းမိတယ် ဆိုပြီး ဖတ်ကြရမှာပါ။


အမှတ်အသားလုပ်ထားတဲ့ ဒီပိုက်ဆံတွေက ပြည့်တန်ဆာလို့ ယူဆရသူကို တရားရုံးတင် စစ်ဆေးရာမှာလည်း သုံးကြဖွယ်ရှိပါတယ်။

ဒီထက်သင့်တော်တဲ့သက်သေ ဘယ်မှာရှိတော့မှာလဲလို့ ဆိုတဲ့သူ ရှိသလို ဒီလို ဖန်တီးတဲ့လုပ်ရပ်ကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။

ဒါဟာ  ပြည့်တန်ဆာကို ငွေပေးပြီး ငှားရမ်းရာရောက်တဲ့အတွက် ဥပဒေချိုးဖောက်ရာ မရောက်ဘူးလားလို့ ဝေဖန်တာကိုလည်း ကြားဖူးကြမှာပါ။

ဘယ်လိုပဲ ကန့်ကွက်သည်ဖြစ်စေ ဝေဖန်သည်ဖြစ်စေ ... အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံနဲ့ ထောင်ချောက်ဆင်လေ့ရှိတာ အခုချိန်အထိတော့ ထုံးစံပါပဲ။
ထောင်ချောက်ဆင်သူက ပြည့်တန်ဆာနဲ့ဆက်ဆံသူအဖြစ် အသွင်ယူရပါလိမ့်မယ်။

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အလုပ်အကိုင်ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်နဲ့ ပတ်သက်ပြီး ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်က မြန်မာပြည်မှာ အသံတော့ ထွက်နေပါပြီ။

ပြည့်တန်ဆာအလုပ် ဆိုတာကလည်း ကမ္ဘာတည်သရွေ့ တည်ရှိသွားမယ့်အလုပ်အကိုင် ဖြစ်မှာကတော့ အသေအချာပါပဲ။

ဒီလို အသက်မွေးဝမ်းကျောင်းပြုရာမှာ ကြုံရတတ်တဲ့ ထောင်ချောက်ဆင်မှုနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ နေမျိုးအေးရဲ့ လက်ရာကို ဧရာဝတီဘလော့ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


ဆက်စပ် -

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို

http://burma.irrawaddy.org/archives/45369

Group Calls for Overhaul of Repressive, Antiquated Prostitution Law

http://www.irrawaddy.org/archives/41020



.

ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့်

YTalk

ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့် အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။
Catwalk လျှောက်လမ်းပေါ်တွင် ရှုမငြီးသည့် အလှနတ်သမီးလေး တစ်ပါးသဖွယ် ကျော့ရှင်းပြေပြစ်သည့် ကမ္ဘာကျော် မော်ဒယ်လ် တစ်ဦးဖြစ်သော်လည်း ကြိုးဝိုင်းထဲတွင်မူ အေဒရီယန် လီမာသည် မာကျောရဲရင့်သည့် ကျားသစ်မလေးသဖွယ် ရှိနေသည်။ အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သော Victoria's Secret မော်ဒယ်လ်၏ မိတ်ကပ်ဗလာ မျက်နှာဖြင့် ပြင်းပြင်းထန်ထန် လက်ဝှေ့လေ့ကျင့်နေသော ပုံများကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

ဖလော်ရီဒါရှိ မီယာမီမှ အားကစားရုံ တစ်ခုတွင် အနက်ရောင် ဝတ်စုံနှင့် အေဒရီယန်သည် ချွေးတလုံးလုံးဖြင့် လက်ဝှေ့ လေ့ကျင့်နေခဲ့သည်။ ယခုသီတင်းပတ်အတွင်း လက်ဝှေ့ကြိုးဝိုင်းပေါ်၌ ကြံ့ခိုင်ရေးမှူး တစ်ဦးနှင့်အတူ ချွေးတလုံးလုံး လက်ဝှေ့လေ့ကျင့်ခန်း ပြုလုပ်နေသော အေဒရီယန်သည် ကင်မရာအများအပြား ရှေ့မှောက်တွင် တွေ့မြင်နေက ပုံစံနှင့် လုံးဝ ကွဲလွဲနေသည်။ သူမသည် အနက်ရောင် ဆံပင်ကို နောက်ဘက်တွင် စည်းထားပြီး လက်ဝှေ့ထိုးသည့် ပစ်မှတ်ကိုသာ မျက်လုံးပြာပြာများနှင့် စူးစိုက် ကြည့်နေခဲ့သည်။ သူမ၏ လေ့ကျင့်ခန်း အစီအစဉ် အပြီးတွင် ချွေးပြိုက်ပြိုက်ကျကာ အားကစားရုံမှ ထွက်ခွာသွားချိန်ထိ အေဒရီယန်သည် အရိုင်းဆန်ဆန် တစ်မျိုးလှပနေဆဲဟု ပရိသတ်များက ဆိုသည်။

အေဒရီယန်သည် ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံး စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသော သန်းကြွယ်သူဌေးမလေး ဖြစ်သည်။ သူမက လက်ဝှေ့ထိုးခြင်းသည် ကောင်းမွန်သည့် ကိုယ်လက် လေ့ကျင့်ခန်း တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားဖူးသည်။ "အားကစား တစ်ခုခုကို စဉ်းစားရင်း လက်ဝှေ့ကို သဘောကျသွားတယ်။ ဒီအားကစားဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် တကယ့်ကို ကောင်းမွန်တယ်ဆိုတာ ကျွန်မ လက်ခံတယ်။ အကောင်းဆုံးဆိုတဲ့ အချိုးအဆက်မျိုးကို ရှင်ရလာချင်ရင် လက်ဝှေ့ ကစားသင့်တယ်။ ဒါဟာ စိန်ခေါ်မှု တစ်ခုပဲ။ ကျွန်မကလည်း စိန်ခေါ်မှုတွေကို သဘောကျတယ်လေ"ဟု အေဒရီယန်က ပြောဆိုခဲ့သည်။

Planet Myanmar Network

တောင်ကုတ်လူသတ်မှု နေပြည်တော်အထူးဖွဲ့ ဆက်လက်တရားစွဲမည်

Wednesday, July 31, 2013

မနှစ်တုန်းက တောင်ကုတ်မြို့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားသူ ၆ ဦးကို  နေပြည်တော် အထူးအဖွဲ့က ဆက်လက် တရားစွဲဆိုသွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

မနှစ်က တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ မွတ်စလင် ဆယ်ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အုပ်စုဖွဲ့သတ်ဖြတ်ခဲ့တာပါ။ အခင်းဖြစ်ပြီး တနှစ်ကျော်အကြာမှာ နေပြည်တော်က အထူးအဖွဲ့ဆင်းလာပြီး တောင်ကုတ်မြို့ကနေ ၆ ဦးကို ဖမ်းပြီး သံတွဲထောင်မှာ ချုပ်ထားပါတယ်။

အထူးအဖွဲ့ကပဲ တရားစွဲဆိုရေးအပိုင်းကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

“ကျနော်တို့ နေပြည်တော် အထူးအဖွဲ့ကနေပြီးတော့ ဖမ်းဆီးရေး လုပ်ငန်းတွေကို ဆောင်ရွက်တယ်၊ တရားစွဲဆိုရေး အပိုင်းကိုလည်း သူတို့ကနေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖမ်းတဲ့ လူအရေအတွက်ကိုတော့ ၆ ယောက်လောက်ပဲ ကျနော်တို့ သိရတယ်။ ဘယ်လောက်ပါတယ်၊ ဘယ်လောက်ဟိုဟာ ဖြစ်တယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ခရိုင်ထဲမှာ ဖြစ်တာ မှန်တယ်။ ဒါပေမယ့် ဒီအထူးအဖွဲ့အနေနဲ့ တိုက်ရိုက်လာလုပ်တော့ ကျနော်တို့ အနေနဲ့ အဲဒီအပိုင်းကို အပေါ်ကနေ စီမံဆောင်ရွက်နေတဲ့ အပိုင်း ဖြစ်တဲ့အတွက်ကြောင့် မေးမြန်ခြင်းလည်း မရှိပါဘူး။”

သံတွဲမြို့နယ်ရဲစခန်းကို မေးမြန်းတဲ့အခါ သူတို့စခန်းနဲ့ မသက်ဆိုင်ကြောင်း တာဝန်ကျရဲက ဖြေပါတယ်။

မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့  မွန်ပြည်နယ်ခရီးသည်တင်ကား ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဟာ လူပုံအလယ် နေ့ခင်းကြောင်တောင် သတ်ဖြတ်တဲ့ကိစ္စကို မဖော်ထုတ်နိုင်တဲ့အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။

ရာဇ၀တ်မှု ကျူးလွန်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်မှသာ ရာဇ၀တ်မှုတွေကို  အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“အဲဒီတော့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို ဟိုထိပ်က အာဏာပိုင်တွေ သိနေပြီ။  ဒီလိုဆိုရင် ဒီကစ္စဟာ အရေးယူချင်ရင် ယူလို့ရတဲ့ အပိုင်းမှာ ရှိတယ်၊ နောက်ကွယ်မှာ ဘယ်သူပါလို့ ဘယ်လောက် ဒီပြဿနာတွေဟာ ကြီးကျယ်နေသလဲ ကျနော်တို့ အတော်ပြောဖို့ ခက်နေတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ပါနေတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ပြောတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိတယ် သိရင် ဖော်ထုတ်ပြီးတော့ ဒါတွေကို ထိထိမိမိ အရေးယူလိုက်ဖို့ တိုင်းပြည်နဲ့ ကမ္ဘာကို သိအောင် ကြေညာပေးဖို့ ကိစ္စမှာကျတော့ အလွန်နှေးကွေးနေတယ် အဲဒါ ဘာကြောင့်လဲ ဆိုတဲ့ ကိစ္စဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ မေးစရာ မေးခွန်းတွေ ဖြစ်နေတယ်။”

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြပါတယ်။

by ​အေး​နိုင်   (ဒီဗွီဘီ)

Thit Htoo Lwin - News

ရွှေမလေးတွေ သတိထားလို့ ရအောင်


  • ဒုတ်ညိုကြီး
                           ဟိုတနေ့ကဗျာ ပျင်းလို့ဆိုပြီး လမ်းလျှောက်သွားရင်း ဆိုင်တဆိုင်မှာ   အအေးဝင်သောက်တော့ ဘေး ၂ ဝိုင်းကျော်မှာထိုင်နေတာက ကပ္ပလီ နဲ့ထိုင်နေတာ ဘာမလေး လဲလို့
ကြည့်နေတာ...ခဏကြာတော့ ကောင်မလေးက ဖုန်းစကားပြောတော့ မှ ရွှေမ မှန်းသိတယ်ဗျာ..
အော်..အဲဒီရွှေမလေးကို ကြည့်ပြီး ဒီပို့စ်လေးကို ရှာပြီးတင်လိုက်တာပါဗျာ..ဒီကောင်တွေက ဒါမျိုးလေး
တွေကို ရှာပြီး လုပ်စားနေကျတာနော်...သတိထားကျနော် ရွှေမလေးတွေလည်း...ပြီးမှ....ဟင့်..ဟင့်

မှတ်တမ်းများ -

ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပြီ

Wednesday, July 31, 2013

မန္တလေးမှာ ဆေးရုံမှာ သတိလစ်နေတဲ့  နာမည်ကျော်တေးသံရှင် ဆိုတေး  တကြိမ်တခါမှ သတိပြန်လည်လာခြင်း မရှိသေးကြောင်း သူ့အဒေါ်ဖြစ်သူကို ကိုးကားပြီး ဒီတပတ်ထုတ် စောင့်ကြည့်/News Watch ဂျာနယ်မှာ ရေးထားပါတယ်။

"ဆိုတေးက မျက်လုံးလည်း မပွင့်သေးဘူး၊   စကားလည်း မပြောနိုင်သေးဘူး၊   နောက်  ခေါင်းခွဲရတယ်ဆိုတဲ့ သတင်းကလည်း မဟုတ်သလို ခေါင်းမှာလည်း ဘာဒဏ်ရာမှ မရပါဘူး။ မျက်နှာမှာ ဒဏ်ရာလေးတွေကို အမာရွတ် မကျန်ခဲ့အောင် ချုပ်ရိုးလေးတွေ ချုပ်ထားတာပါ" လို့ အဒေါ်ဖြစ်သူက ပြောဆိုကြောင်း အင်္ဂါနေ့ (ဇူလိုင် ၃၀) ရက်စွဲနဲ့ ထုတ်တဲ့ စောင့်ကြည့်ဂျာနယ်မှာ ဖော်ပြထားတာပါ။

ဒီလ - ဇူလိုင်လ ၁၄ ရက်နေ့က 
ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်းမှာ ဆိုတေးတို့ရဲ့ကား တိမ်းမှောက်ခဲ့ပါတယ်။ ၁ ဦး သေဆုံးပြီး ဆိုတေးအပါအ၀င် ၃ ဦး ဒဏ်ရာရပါတယ်။ဒါကြောင့် ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပါပြီလို့ ဆိုရပါမယ်။

ဒဏ်ရာရသွားတဲ့ တခြား ၂ ယောက်ရဲ့ အခြေအနေကို မသိရသေးပါ။

ယာဉ်မတော်တဆမှုအပြီး သေဆုံးသွားတဲ့ မချောချော ခေါ် မ၀င့်ကုဋေသူဟာ ဆိုတေးရဲ့ ဇနီးသည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ ကြော်ငြာတခုမှာ တွေ့ရပါတယ်။ အဲဒီကြော်ငြာကို ဆိုတေးရဲ့ ဖခင် ဦးတင်မြင့်က ထည့်သွင်းခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သထုံမှာ လက်ထပ်ခဲ့တာဖြစ်တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။




မောင်တောမှ အမျိုးသမီး ရွှေချောင်း ၂ ချောင်းဖြင့် ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင် အမျိုးသမီး တစ်ဦးကို ရွှေချောင်း (၂) ခုနှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ အမျိုးသမီးမှာ မောင်တောမြို့မှ မလှမြင့် (၄၃) နှစ် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး ဂျာဟစ် ဟာဆန်က ပြောသည်။

သူမသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ တစ်ရက်တာ ပတ်စ်ပို့ဖြင့် လာရောက်သူ ဖြစ်ကြောင်း၊ သူမထံမှ အလေးချိန် ၃၃၂ ဂရမ် အလေးချိန်ရှိသော ရွှေချောင်း (၂) ချောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် တစ်နာရီတွင် တက်ကနက် နယ်စပ်မြို့တွင် ဖမ်းမိကြောင်း သူ ဆိုသည်။

သူမအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဥပဒေနှင့် အညီ တရားစွဲဆိုသွားမည်ဟု ဂျာဟစ် ဟာဆန်က ပြောသည်။

နိုင်ငံတကာတွင် ရွှေဈေးကျနေရာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ တရားမ၀င် သွင်းယူလာသော ကုဋေနှင့် ချီ၍ တန်ဖိုးရှိသော ရွှေများကို အာဏာပိုင်များက မကြာခဏ ဖမ်းဆီးမိနေကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ဒက္ကားမြို့ရှိ Shahjalal နိုင်ငံတကာ လေဆိပ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်း တင်သွင်းလာသော အလေးချိန် ၁၂၄ ကီလိုရှိသော ရွှေချောင်းများကို ဘင်္ဂလာဒေခ်ျ့ အကောက်ခွန်ဌာနက ဖမ်းဆီးမိခဲ့သည်။ ရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၅၄ ကုဋေ ဖိုး( မြန်မာကျပ်ငွေနှင့် ကုဋေ ၅၄၀) ရှိကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဒက္ကားမြို့ အဆိုပါ လေဆိပ်တွင် လူ နှစ်ဦး ရွှေ ၈ ကီလိုနှင့် အတူ ထပ်မံ ဖမ်းဆီးမိခဲ့သည်။ ၎င်းရွှေများမှာ ဒူဘိုင်မှ သွင်းယူလာသော ရွှေများ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့တွင် ရွှေတကျပ်၏ တန်ဖိုးမှာ တာကာ ၄၂၀၀၀ (မြန်မာကျပ်ငွေနှင့်ဆိုလျှင် ၅၀၄၀၀၀) ရှိကြောင်း သိရသည်။

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို

မြတ်စုမွန်

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြန်လည် လေ့လာစိစစ်ပြီး အသစ်ပြန်လည်ရေး ဆွဲပေးရန် အပါအ၀င် တောင်းဆိုချက် ၄ ချက်ကို တော်ဝင်ခရေ အဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများ ကွန်ရက်) က တောင်းဆို လိုက်သည်။

“ကျမတို့က လိင်လုပ်ငန်းကို တရားဝင်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးပါဆိုပြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါကို လူတွေက အထင် လွဲနေတယ်။ အဓိကက ကျန်းမာရေး စောင့်ရှောက်မှုတွေကို တခြားသူတွေနဲ့ တန်းတူညီမျှ ရရှိရေး တောင်းဆိုတာပါ။ နှိပ်ကွပ်ရေး ဥပဒေထက် ကာကွယ်ရေး ဥပဒေ ဖြစ်သင့်ပါတယ်” ဟု တော်ဝင်ခရေအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီသို့ ပြောသည်။

ယနေ့ခေတ် လူမှုဘ၀နှင့် မကိုက်ညီသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေများကြောင့် ပြစ်မှုကျူးလွန်သူများ အဖြစ် နေထိုင်ရသည့် လိင်အလုပ်သမများအား ဥပဒေစိုးမိုးရေး ၀န်ထမ်းများက အနိုင်ကျင့် ပြုမူဆက်ဆံမှုများ ရှိကြောင်း ကွန်ရက်၏ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။

တော်ဝင်ခရေ၏ နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်မြို့ အိတ်ဇဲလ် တာဝါတွင် ၂ ရက်ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။

ဒေါ်နှင်းနှင်းယုက ဆက်လက်၍ “ရဲတွေက ထောင်ဖမ်းတာ ရှိတယ်။ တည်းခိုခန်းကို ခေါ်သွားပြီး လိင်ဆက်ဆံပြီးမှ ဖမ်းတာ ရှိတယ်။ ပြီးတော့ လိင်လုပ်သားနဲ့ ဖောက်သည်နဲ့ အတူတူ ရှိနေတဲ့အချိန်မျိုးမှာ ၀င်ဖမ်းတဲ့အခါ မိန်းကလေးကိုကျတော့ ဖမ်းပြီး ဖောက်သည်ကို ကျတော့ သက်သေအဖြစ်ပဲ ယူတယ်။ အဲဒီသက်သေက ရဲစခန်းမှာပဲ ထွက်ဆိုပြီး တရားရုံးအထိ ပါမလာဘူး” ဟု ပြောသည်။

ယင်းကွန်ရက်၏ တောင်းဆိုချက်ထဲတွင် HIV ကာကွယ် ကုသရေးလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်မည့် ဥပဒေများ ပြန်ဋ္ဌာန်းပေးရန်ဆိုသည့် အချက်လည်း ပါဝင်သည်။

မြန်မာနိုင်ငံ အနှံ့ရှိ ဒေသဆိုင်ရာ HIV/ AIDS ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ကွန်ရက်အဖွဲ့ ၁၇ ခုနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့ ၃၆ ဖွဲ့တို့မှ စုစုပေါင်းအဖွဲ့ဝင် ၈၀ ကျော် တက်ရောက်သည့် တော်ဝင်ခရေ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အချက် ၄ ချက်ကို လက်မှတ် ရေးထိုး တောင်းဆိုလိုက်သည်။

ယင်းအချက်များတွင် HIVပိုးကူးစက်မှုကာကွယ်နိုင်ရန် လိင်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများ ရာနှုန်းပြည့် ကွန်ဒုံးသုံးစွဲရေးအတွက် ပညာပေးရေးလုပ်ငန်းများကို ကျန်းမာရေးဋ္ဌာနများနှင့် INGO များက ထိရောက်စွာအားစိုက်လုပ် ဆောင်ပေးရန်ဆိုသည့် အချက်လည်းပါဝင်သည်။

“လိင်လုပ်သားဆီကိုလာတဲ့ ဖောက်သည်တွေကလည်း ကွန်ဒုံးမသုံးရင် ငွေပိုပေးမယ်ဆိုပြီး စည်းရုံးတယ်။ ဗိုက်ဆာနေရင် လုပ်မိလုပ်ရာ လုပ်မှာပဲ။ နောက်မှာ သူ့ကိုမှီခိုနေရတဲ့ မိသားစုရှိနေတယ်။ ငွေပိုရတော့ ကွန်ဒုံးနဲ့ကာကွယ်ဖို့ လွတ်သွားတာမျိုး လည်းရှိတယ်။ သူတို့ကိုယ်တိုင်ကို အသိပညာပေးဖို့လိုသလို လာတဲ့ဖောက်သည်တွေ မှာလည်း ဒီအသိရှိဖို့လိုပါတယ်” ဟု ဒေါ်နှင်းနှင်းယုက ပြောသည်။

ထို့အပြင် ကျန်းမာရေးဋ္ဌာနများနှင့် INGO များသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ ၀န်ဆောင်မှုများ တိုးချဲ့ခြင်း၊ အစီအစဉ် ဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းများတွင် တော်ဝင်ခရေ အဖွဲ့ဝင်များအား ပါဝင်ခွင့် ပေးရန်၊ လျှို့ဝှက်ချက်များကို လေးစား လိုက်နာရန်နှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ART ဆေး တိုးမြှင့်ပေးသည့် အစီအစဉ်တွင် ဒေသအသီးသီးရှိ လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများအား ပိုမိုဦးစားပေးရန်လည်း တောင်းဆိုထားသည်။

နောက်ဆုံး တောင်းဆိုချက်တခုမှာ ကျန်းမာရေးကဏ္ဍနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍများ၌သာမက၊ ပညာရေးနှင့် စီးပွားရေး နယ်ပယ်များတွင် လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများနှင့် မိသားစုဝင်များအား ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုဘဲ၊ လူသားအဖြစ် ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများကို တန်းတူရည်တူ ခံစားခွင့်ရရှိစေရေး အသိအမှတ်ပြု ဆောင်ရွက်ပေးရန် ဟူ၍ ဖြစ်သည်။

ယင်း တောင်းဆိုချက်များကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှတဆင့် လွှတ်တော်သို့ တင်ပြဆွေးနွေး သွားနိုင်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။

တော်ဝင်ခရေ အဖွဲ့ကို ၂၀၁၁ ခုနှစ် ဧပြီလက မြန်မာနိုင်ငံရှိ ဒေသ ၁၀ ခုမှ လိင်အလုပ်သမ ၃၅ ဦးတို့ ကွန်ရက်ချိတ်ဆက်ကာ စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ရက်သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြင်းခြံ၊ လားရှိုး၊ အောင်ပန်း၊ ရွှေဘိုနှင့် စစ်တွေ မြို့များရှိ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ကွန်ရက် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့သည် လိင်အလုပ်သမများ၏ အသိပညာ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်၊ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ မြှင့်တင်ပြီး၊ HIV/AIDS လုပ်ငန်းစဉ် အဆင့်တိုင်းနှင့် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း လျှော့ချရေး လုပ်ငန်းများတွင် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်… ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…

 
ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်…
ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…
သူ့ဘ၀ကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး…
ဒါနဲ့သူ သူချစ်တဲ့သူကို ဖုန်းကနေတဆင့် ပုံပြင်တစ်ပုဒ်ပြောပြလိုက်တယ်…

ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကိုဆိုလိုတာလဲဆိုတာကိ
ု သိလိုက်တယ်…
... ဒါပေမဲ့ သူဒီလိုဖြစ်ရပ်မျိုးကို ချက်ချင်းလက်မခံနိုင်ဘူး… ကောင်လေးက ကောင်မလေးကိုပြောလိုက်တယ်…

သူ့ကို ၁၂ နာရီ အချိန်ပေးပါ…
ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”

မိုးတဖြေးဖြေးလင်းလာပြီ… အရှေ့ဘက်ကနေ လင်းရောင်ခြည်ကို ၀ိုးတိုးဝါးတာမြင်နေရပြီ…
ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှပပဖြစ်အောင် ပြင်ဆင်လိုက်တယ်…
အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်…
သူ့မှာ လက်မှိုင်ကျစရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်…


အဲဒီ အချိန်မှာဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေးဆက်လာတာပါ…
“ငါတညလုံး စဉ်းစားထားပြီးပြီ… ငါနင်ကိုပြောပြချင်တာက…”
ကောင်မလေးက လုပြီးပြောလိုက်တယ် “မပြောနဲ့တော့… ငါသိတယ်… နင်ဘာပြောမလဲဆိုတာကို။ နင်ငါ့ကိုချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား…


ကောင်မလေးက အိပ်ဆေးတွေကို လက်ဖ၀ါးပေါ်တွန်ချလိုက်တယ်… အလုံးတစ်ရာလောက်ရှိတဲ့ ဆေးပြားတွေဟာ သူ့လက်သေးသေးလေးမှာ အပြည့်ပါဘဲ…
ကောင်လေးက ညင်သာစွာပြန်ပြောလိုက်တယ်… “ အင်း… ငါနင့်ကိုချစ်တယ်…”
“ဒီကိစ္စဟာနင့်ရဲ့ အမှားမဟုတ်ပါဘူး… နင်လဲမဖြစ်ချင်ဘူး… ဒါပေမဲ့လဲ ဘယ်တတ်နိုင်မှာလဲ… ငါတစ်ခုတောင်းဆို ချင်တယ်… လိုက်လျောနိုင်မလား?”
“အင်း.. နင်ပြောလေ… ငါနားထောင်နေမယ်… ဒီ အချိန်တိုတိုလေးမှာ လုပ်ပေးနိုင်မယ်ဆိုရင် ငါလိုက်လျောပေးပါ့မယ်…”

“အချစ်…

ငါတို့လက်မထပ် ခင် အထိ နင့်ရဲ့ အပျိုစင်ဘ၀ကို ဒုတိယတစ်ခေါက် စောင့်ထိန်းပေးနိုင်မလား?”
“ဘာ?” ကောင်မလေး ခဏတာ မှင်သက်သွားပြီး “ဒါမျိုးက တစ်ကြိမ်ဘဲရှိတာ… ဘယ်လိုလုပ်ပြီးဒုတိယ တစ်ကြိမ်ရှိမှာလဲ?”
“ဟုတ်တယ်၊ ပထမ တစ်ကြိမ်တုန်းက နင် မဆုံးရှုံးချင်ဘူး… နင့် ဆန္ဒမပါဘဲ ပေးလိုက်ရတာ… ဒုတိယတစ်ကြိမ်ကိုတော့ နင့်ရဲ့စိတ်ဆန္ဒနဲ့ ငါ့ကိုပေးနိုင်မလား?”

ဘိုင်း… ဆေးပုလင်းနဲ့ ဖုန်း ကောင်မလေးရဲ့လက်ထဲကနေ လွတ်ကျသွားတယ်…
ကောင်မလေးရဲ့ ကြည်လင်လှတဲ့ မျက်ရည်တွေဟာ သူ့ရဲ့မျက်နှာပြင်အတိုင်းစီးကျလာတယ်…

“ဟဲလို… နင်ဘာဖြစ်သွားတာလဲ?”

ကောင်လေး တော်တော်လေးလန့်သွားတယ်… သူ ခြေကုန်လက်ပန်း ကောင်မလေးရဲ့ အိမ်ကို ပြေးလာခဲ့တယ်…
သူ သူ့ကို ဆုံးရှုံးလို့မဖြစ်ဘူး… သူ သူ့ကိုချစ်တယ်…
သူဘာဘဲဖြစ်နေပါစေ… သူသိတာက.. သူဟာ သူ့ရဲ့ အသက်… သူဟာ သူ့ရဲ့နတ်သမီး… သူဟာ သူ့ရဲ့တစ်ခုတည်းသော…
သူ မောမောဟိုက်ဟိုက်နဲ့ ကောင်မလေးအိမ်တံခါးရှေ့ရောက်တဲ့အချိန်မှာ…
တံခါးကိုဆွဲဖွင့်လိုက်တယ်… ကောင်းမလေး ရဲ့မျက်ရည် အဆက်မပျက် ကျဆင်းနေတဲ့ မျက်ဝန်းအစုံဟာ တံခါးဝကို စိုက်ကြည့်နေတယ်…
“ဟူး…”သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်တယ်… “ တော်သေးတာပေါ့… ငါ့မှာလန့်လို့သေတော့မယ်…”

ကောင်မလေးက သူ့ဆီက ပြေးဖက်လိုက်တယ်… နူးညံ့စွာ ပြောလိုက်တယ်…
“ငါ ငါ့ရဲ့ဒုတိယ တစ်ကြိမ်ကို နင့်ကိုပေးမယ်… အခုပေးလဲရတယ်…”
ကောင်လေးက ကောင်မလေးရဲ့ လင်းလက်နေတဲ့ မျက်ရည်ကို အနမ်းပေးပြီးပြောလိုက်တယ်…
“မဟုတ်ဘူး… အဲဒီနေ့ကိုစောင့်ပါ… အဲဒီနေ့မှာ နင်ငါ့ကိုပေးမယ်ဆိုမှငါယူမယ်… ငါစောင့်မယ်… နင်လဲစောင့်ရမယ်… သိလား?”

ကောင်လေးက ကောင်မလေးရဲ့ကောင်းကို ပွတ်ပြီးပြောလိုက်တယ် " နင်သေသွားရင် ငါနင့်ကို ဘယ်လိုဆက်ချစ်ရတော့မှာလဲ? ငါနင့်ကိုချစ်တာ နင့်ကိုပျော်ရွှင်ကြည်နူးစေချင်လို့ပါ..."

ကောင်မလေး ဖြတ်သန်းလာခဲ့တဲ့ နေ့များစွာမှာ ပထမဦးဆုံးသော “ကြည်နူးမှု အချစ်မျက်ရည်ကျဆင်းခဲ့ရတယ်…

လူတစ်ယောက်ကို ချစ်တာ သူ့ကောင်းကွက်ကိုဘဲ ချစ်တာမဟုတ်ဘဲ သူ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းချက်လေးတွေကိုပါ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်...
နန်းထိုက်အောင်
yamatoprince@gmail.com
Credit to Myawaddy