This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, March 24, 2013

ဒေါ်လာရဖို့ ကုလားဘက်လိုက်ရေးသားသော BBC ၏ သတင်းလိမ်မှု Eleven ဖွင့်ချ

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။ ထို့အတူ Eleven Media Group ၏ ဒေသခံသတင်းထောက်နှင့် အဆိုပါဒေသသို့ရောက်ရှိနေသော သတင်းထောက်တို့၏ စုံစမ်းသိရှိရမှုများအရလည်း ယင်းကဲ့သို့ အစ္စလာမ်ဘာသာဝင်အများအပြား သေဆုံးခြင်းမရှိကြောင်း သိရှိရပါသည်။

ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခုနောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြထားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။

ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည်နယ်အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။
မူးရင့်လင့် http://www.myanmarexpress.net/2013/03/bbc-eleven.html

“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ” * Inbox x

Seaman Nayminthu and 2 other friends shared Myawady News's photo.
“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ”
(မောင်စက်မှု)
* * * * * * * * * * * * * * * * * * * * * * * * * *
(စေ့စပ်သေခြာသည့် အတွေးနှင့် အရေး)

ကိုမင်းကိုနိုင်ဆီကို ခင်မင်မှု အရင်းခံပြီး စာရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်တို့ဆီကို စာရေး မယ်လို့ ကြံရွယ်နေခဲ့တာ အခုမှပဲ အထမြောက်ပါတော့တယ်။ ကျွန်တော့်ရဲ့ နာမည်ကိုတော့ မပြောချင်တော့ပါဘူး။ ကျွန်တော်က ကိုမင်းကိုနိုင်တို့လိုပဲ ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ။ ကျွန်တော့်မှာ ပြောစရာလေးတွေ၊ မေးစရာလေးတွေ ရှိနေလို့ ပြောပါရစေ၊ မေးပါရစေ ဆိုပြီး ကိုမင်းကိုနိုင်ဆီမှာ ခွင့်တောင်းပါတယ်။

ဦးဆုံးအနေနဲ့ ကိုမင်းကိုနိုင်တို့တတွေ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာကို ၀မ်းမြောက်ပါတယ်လို့ ပြောပါရစေ။ ပြီးတော့ နိုင်ငံအတွက် ကျရာနေရာကနေ တတ်နိုင်သရွေ့ အကျိုးပြု လုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်နေတာ၊ စာအုပ်စာတမ်းတွေ ရေးသားနေတာ၊ ပြီးတော့ ဟောပြောပွဲတွေ လိုက်လံဟောပြောနေတာ အဲဒီလိုတွေကို တွေ့ရတော့၊ ကြားရတော့ ကျွန်တော် ချီးကျူးမိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

အဲဒီလို ကိုမင်းကိုနိုင်တို့တစ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့အတူ “၈၈ မျိုးဆက် ကျောင်းသား အဖွဲ့”ဆိုတဲ့ နာမည်ဟာလည်း နိုင်ငံမှာ ထင်ရှား၊ ကျော်ကြားလာပါတယ်။ လူအများရဲ့ အာရုံစိုက်မှုကိုလည်း ရရှိလာခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ မတင်မကျ၊ ဒွိဟဖြစ်ပြီး စိတ်ထဲကနေ မေးခွန်းတွေ မေးချင်စိတ်၊ သိချင်စိတ်တွေ ဖြစ်ပေါ် လာခဲ့ပါတယ်။

အဲဒီတော့ ကိုမင်းကိုနိုင်တို့ “၈၈ မျိုးဆက်ကျောင်းသား အဖွဲ့”ကို မေးခွန်းလေးတွေ မေးချင် ပါတယ်။ ဒီလို မေးမြန်းတာဟာ မနာလို ၀န်တိုလို့၊ ပျက်စီးစေချင်လို့၊ မုန်းပြီး ကြည့်မရလို့ အဲဒီလို မျိုးတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ မထင်စေချင်ပါဘူး။

သူငယ်ချင်းတစ်ယောက်၊ ညီငယ်တစ်ယောက်က သိချင်စိတ်နဲ့ မေးတာလို့ ယုံကြည်ပေးပါ။

- ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဆိုတာကို ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာလဲ။
- အဲဒီအဖွဲ့ဟာ ဘယ်သူတွေကို ကိုယ်စားပြုသလဲ။
- ၁၉၈၈ ခုနှစ်တုန်းက ကျောင်းသားအားလုံးကို ကိုယ်စားပြုတာလား။
- ကျောင်းသားဆိုရင်လည်း တက္ကသိုလ်ကျောင်းသားတွေကိုပဲ ပြောတာလား။
- တက္ကသိုလ်တွေက ဘယ်တက္ကသိုလ်တွေပါလဲ။
- ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုထဲကို ပြောတာလား။
- ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စတာတွေရော ပါသေးသလား။
- မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေရော မပါဘူးလား။
- ကျောင်းသားဆိုတဲ့ စကားလုံးကို သုံးစွဲထားတော့ စတိတ်ကျောင်းသားတွေ ပါသေးသလား။
- စတိတ်ကျောင်းသားဆိုရင်လည်း မူလတန်းကျောင်းသားတွေအထိ ပါသလား။
“၈၈ မျိုးဆက်ကျောင်းသား”ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပါယ်က အလွန်တရာ ကျယ်ဝန်းလွန်း လှပါတယ်။ အဲဒီကျယ်ဝန်းတဲ့ အခေါ်အဝေါ်ကို ကိုမင်းကိုနိုင်တို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ ယူသုံး ထားတော့ လူအများရဲ့ စိတ်ထဲမှာ သို့လော သို့လော ထင်မိကြမှာပါ။ အထူးသဖြင့် ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်တွေမှာ ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများ၊ စတိတ်ကျောင်းသားများက ပိုပြီးတော့ ယုံထင်ကြောင်ထင် ဖြစ်မိကြမှာပါ။ သူတို့လည်းပဲ မေးခွန်းတွေ မေးချင်နေမှာ အသေအချာပါပဲ။
- ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာ ငါတို့လည်း မသိလိုက်ရပါလား။
- ၁၉၈၈ ခုနှစ်တုန်းကတည်းက ဖွဲ့ထားတာလား။ အခုမှ ဖွဲ့လိုက်တာလား။
- ငါတို့ရော ပါလို့ရသေးလား။
- ငါတို့လည်း ဒီနာမည်ကို ယူသုံးလို့ ရသလား ... စသဖြင့် ပေါ့လေ။
၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တဲ့ ကာလတွေမှာ ကျွန်တော်လည်း ရန်ကုန်မှာ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့အတူ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်၊ ကိုဝင်းမိုးတို့စပြီး ထင်ရှားလာကြတာ ကျွန်တော် မှတ်မိပါတယ်။ နောက်ပိုင်း ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ရဲ့ ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအဖွဲ့ စတာတွမှာ ကိုမင်းကိုနိုင် ပါဝင်ခဲ့တယ်လို့ ကျွန်တော် သိခဲ့ရပါတယ်။

စစ်အစိုးရလက်ထက်မှာတော့ အဲဒီအဖွဲ့တွေ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ ကိုမင်းကိုနိုင်တို့လည်း အကျဉ်းထောင်ထဲကို ရောက်သွားခဲ့တယ် ထင်ပါတယ်။

ကျွန်တော်မရှင်းလင်းတာ တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အသက်နဲ့အတန်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ကိုမင်းကိုနိုင်ရဲ့ အသက်(၅၀)ပြည့် မွေးနေ့ပွဲ ပြုလုပ်သွားတယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီလိုဆိုတော့ ကိုမင်းကိုနိုင်က ၁၉၆၂ ခုနှစ်ဖွားပေါ့။ ၁၉၈၈ ခုနှစ်တုန်းက အသက်(၂၆)နှစ် ရှိနေရ မှာပေါ့။

ကိုမိုးသီးဇွန်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ သူဟာ ၁၉၆၂ ခုနှစ် ဖွားမြင်ပြီး၊ ၁၉၈၇ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါဆိုရင် ၁၉၈၈ ခုနှစ်မှာ သူက တက္ကသိုလ်ကျောင်း သားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျောင်းပြီးသွားတဲ့သူ၊ ဘွဲ့ရသွားပြီး တဲ့သူ အဲလိုမျိုး လူတွေကို ကျောင်းသားလို့ ခေါ်လို့ မရပါဘူး။ ကျောင်းသားမဟုတ်တဲ့သူကို လည်း ကျောင်းသားခေါင်းဆောင်အဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။
ကိုမင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်”ဆိုတဲ့ စာအုပ်ထဲမှာ ကိုမင်းကိုနိုင်ရဲ့ အတ္ထုပတ္တိကို ရှာကြည့်တော့ ကျွန်တော် မတွေ့ပါဘူး။ တခြား ဘယ်နေရာတွေမှာ ရှာကြည့်ရမလဲလို့လဲ ကျွန်တော် မသိပါဘူး။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလို ပါတယ်။
- ၁၉၈၈ ခုနှစ်တုန်းက ကိုမင်းကိုနိုင်က ကိုမိုးသီးဇွန်လို ကျောင်းပြီးထားတဲ့ ဘွဲ့ရထားပြီးတဲ့ သူလား။
- တက္ကသိုလ်မှာ တက်နေဆဲဆိုရင်လည်း ဘယ်တက္ကသိုလ်ပါလဲ၊ ဘယ်နှစ်တန်းလဲ၊ ဘယ်မေဂျာမှာလဲ။

ဒီနေရာမှာ ကျွန်တော့်ရဲ့အကြောင်းကို အနည်းငယ် ပြောပါရစေ။ ကျွန်တော်က ၁၉၆၆ ခုနှစ်ဖွားပါ။ ၁၉၈၈ ခုနှစ်မှာ အသက်(၂၂)နှစ် ရှိနေပါပြီ။ ဆယ်တန်းတုန်းက တစ်ခါ စာမေးပွဲ ကျဖူးပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသားတစ်ယောက်ပါ။ အဲဒီတုန်းက ကြို့ကုန်းစက်မှုတက္ကသိုလ်ရဲ့ ပထမဦးဆုံး အရေးအခင်းမှာ သေနတ်ထိမှန်ပြီး သေခဲ့ရတဲ့ “စိုးနိုင်”နဲ့ တစ်တန်းထဲ ဖြစ်ပါတယ်။ “စိုးနိုင်”ဟာ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်လူနာဆောင်မှာ ကျွန်တော်တို့ လက်ပေါ်မှာ တင် သေခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတော့ စာမေးပွဲ တစ်နှစ်ကျဖူးပြီး အသက်(၂၂)နှစ်ရှိနေတဲ့ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပဉ္စမနှစ်ကို ရောက်နေတဲ့အချိန်မှာ အသက်(၂၆)နှစ် ရှိနေတဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှာ ကျောင်းသား မဟုတ်နိုင်တော့ပါဘူး။ အဲဒီမှာက စတုတ္ထအထိပဲရှိတာ မဟုတ်လား။ ဂုဏ်ထူးတန်းတို့၊ မာစတာတန်းတို့ ရှိပေမယ့် အဲဒီတုန်းက နည်းလှပါသေးတယ်။

ဒါကတော့ နှိုင်းယှဉ်ပြီး တွေးကြည့်မိတဲ့ ကျွန်တော့်ရဲ့အတွေး ဖြစ်ပါတယ်။
နိုင်ငံရေးစိတ်ဝင်စားတဲ့ နီးစပ်တဲ့သူတွေကို ကျွန်တော် မေးကြည့်မိတော့ ဘယ်သူမှ မသိကြပါဘူး။ ကိုမင်းကိုနိုင်ဟာ ၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသားတော့ ဟုတ်မှာပါတဲ့။ စာမေးပွဲ တွေ ကျနေလို့ ဖြစ်မှာပေါ့ဆိုပြီး ထင်ကြေးနဲ့ ပြောကြတယ်။ နိုင်ငံရေးလုပ်တော့ စာမေးပွဲ ခဏ ခဏ ကျနေတာ ဖြစ်မှာပေါ့လို့လည်း ဆက်ပြော ကြသေးတယ်။ အဖြေကို အတိအကျ မသိရတော့ ကျွန်တော် မချင့်မရဲ ဖြစ်ရပါတယ်။
၁၉၈၈ ခုနှစ် မတိုင်မှီအထိ ကျောင်းသားတွေထဲ က နိုင်ငံရေးလုပ်တဲ့သူဆိုလို့ ကျွန်တော် သိရ သလောက် မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီတုန်းက “မဆလ”အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေ ကို အပြင်းအထန် နှိပ်ကွပ်ထားတာကိုး။ အဲဒီတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ မရှိသေးပါဘူး။

အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်သူ၊ နောင် တစ်ခေတ်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ့်သူတွေရဲ့ ကိုယ်ရေးရာဇ၀င်၊ အတ္ထုပတ္တိတွေကို အများပြည်သူကသိဖို့ အရေးကြီးလှပါတယ်။ အခုလို ကျောင်းသား တက္ကသိုလ်ကျောင်းသားလို့ဆိုပြီး ရောကြိတ်လို့ မဖြစ်ပါဘူး။ ဒါမှလည်း အများက စိတ်ရှင်းရှင်းလေးနဲ့ နှိုင်းယှဉ်ရွေး ချယ်နိုင်မှာပေါ့။ သူ့နောက်ကိုလည်း ယုံယုံကြည်ကြည်နဲ့ လိုက်နိုင်မှာပေါ့။
ပြီးတော့ ခေါင်းဆောင်လုပ်မယ့်သူတွေရဲ့ ပညာအရည်အချင်း၊ ဥာဏ်ရည်ဥာဏ်သွေး စတာတွေ ကိုလည်း ထည့်ပြီး စဉ်းစားရမယ် မဟုတ်လား။ ဥပမာပြောရရင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ခေါင်းဆောင်တွေ စာမေးပွဲကျဖူးတယ်လို့ ကြားဖူးကြလို့လား။ စာညံ့တယ်လို့ များ သိကြလို့လား။

ပြောစရာ နောက်တစ်ချက် ရှိနေပါသေးတယ်။ “ငါတို့က ထောင်ကျခံပြီး အများအတွက် အနစ်နာခံထားရတာ”ဆိုပြီး နေရာယူချင်တဲ့သူတွေ၊ နေရာတကာ ၀င်ပါချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ထောင်ထွက်လက်မှတ်ကို အလွဲသုံးစား မလုပ်ကြနဲ့”လို့ ပြောဖူးပါတယ်။
နိုင်ငံရေးလုပ်လို့ ထောင်ကျခံရတာ၊ အများရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရလို့ အနစ်နာခံ ရတာ၊ အဲဒီသူတွေကို ချီးကျူးမိပါတယ်။ ကိုယ်ကျိုးကို စွန့်လွှတ်နိုင်လို့လည်း လေးစားရပါတယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး မလုပ်နိုင်တာ ၀န်ခံပါတယ်။ ဒါမျိုးက လူနည်းစုသာ လုပ်နိုင်တဲ့ အရည် အချင်း တစ်ခုပါပဲ။

အဲဒီလို တိုင်းပြည်အတွက်၊ အများအတွက် ကိုယ်ကျိုးစွန့်ခဲ့၊ အနစ်နာခံခဲ့ကြတဲ့သူတွေ မြန်မာ့ သမိုင်းမှာ အများကြီး ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ကိုယ်ကျိုးစွန့်၊ အနစ်နာခံရုံမျှလောက်နဲ့ နိုင်ငံကို ဦးဆောင်နိုင်မယ့်သူရဲ့ အရည်အချင်း မဟုတ်သေးပါဘူး။ အခြား ဥာဏ်ရည်မြင့်မားမှု၊ ပါးရည်နပ်ရည်ရှိမှု၊ ကိုယ်ချင်းစာတတ်မှု၊ အမျှော် အမြင်ရှိမှု၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှု စသလို အရည်အချင်းများ လိုအပ်ပါသေးတယ်။

ဥပမာဆောင်ယူပြရရင် လွတ်လပ်ရေးမရခင်ကာလတွေတုန်း က မြန်မာ့သမိုင်းမှာ နိုင်ငံရေးသမား တွေ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြတဲ့သူတွေ အများကြီး ရှိခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက အဲဒီသူတွေကို အခါအားလျော်စွာ ဖမ်းဆီးထောင်ချပါတယ်။ တားဆီးနှိပ်ကွပ်ပါတယ်။ တချို့နိုင်ငံရေးသမားတွေဆိုရင် ထောင် ခဏ ခဏ ကျဖူးပါတယ်။ အဲဒီလို နိုင်ငံရေးသမားတွေထဲမှာ ထောင်ကျတဲ့အကြိမ် အများဆုံးကို ခံခဲ့ရတဲ့သူက “သခင်ဗစိန်”လို့ သိရပါတယ်။ အဲဒီလို နိုင်ငံရေးသမား တွေထဲမှာ ထောင်တစ်ခါမှ မကျဘူးတဲ့ သူလည်း ရှိပါသေးတယ်။ အဲဒီသူကတော့ အများသိကြတဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

ဟိုတစ်လောက ရေဒီယိုကနေ မှတ်သားစရာ အဆိုအမိန့်လေးတစ်ခု ကြားလိုက်ရပါတယ်။

“ဝေဖန်ပါ၊ ဝေဖန်ပါ ဆိုပြီး ပြောနေကြပေမယ့် အဆိုးကို ဝေဖန်တော့ သဘောမကျချင်ကြဘူး။ တကယ်တမ်း သူတို့ လိုချင်နေတာက ချီးကျူးမှုကို လိုချင်တာပဲ ဖြစ်တယ်”တဲ့။

သိပ်ကိုကောင်းပြီး၊ ကိုယ့်ကိုယ်ကို ဝေဖန်သင့်တဲ့ အဆိုအမိန့်လေး ဖြစ်ပါတယ်။ အခုလည်း ကိုမင်းကိုနိုင်တို့အပေါ် ကျွန်တော်အဆိုးတွေ ဝေဖန်မိသလို ဖြစ်သွားပါပြီ။ စိတ်တော့ မဆိုးလိုက်ကြပါနဲ့။ ၈၈ မျိုးဆက် ကျောင်းသားအချင်းချင်း အကြံပေး၊ ဝေဖန်တယ်လို့ပဲ မှတ်ယူပေးပါ။
ကိုမင်းကိုနိုင်တို့တစ်တွေ ဒီထက်ပိုပြီး နိုင်ငံအကျိုး၊ လူအများရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
စာရေးဆရာ စိန်အိုးစည် ပြောနေကြ စကားလေးတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ပါတယ်။
“လွန်တာရှိရင် ၀န္ဒာမိပါ။”
Credit to : Aung Kyaw Min

(မောင်စက်မှု)

ကိုမင်းကိုနိုင်ဆီကို ခင်မင်မှု အရင်းခံပြီး စာရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်တို့ဆီကို စာရေး မယ်လို့ ကြံရွယ်နေခဲ့တာ အခုမှပဲ အထမြောက်ပါတော့တယ်။ ကျွန်တော့်ရဲ့ နာမည်ကိုတော့ မပြောချင်တော့ပါဘူး။ ကျွန်တော်က ကိုမင်းကိုနိုင်တို့လိုပဲ ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ။
ကျွန်တော့်မှာ ပြောစရာလေးတွေ၊ မေးစရာလေးတွေ ရှိနေလို့ ပြောပါရစေ၊ မေးပါရစေ ဆိုပြီး ကိုမင်းကိုနိုင်ဆီမှာ ခွင့်တောင်းပါတယ်။

ဦးဆုံးအနေနဲ့ ကိုမင်းကိုနိုင်တို့တတွေ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာကို ၀မ်းမြောက်ပါတယ်လို့ ပြောပါရစေ။ ပြီးတော့ နိုင်ငံအတွက် ကျရာနေရာကနေ တတ်နိုင်သရွေ့ အကျိုးပြု လုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်နေတာ၊ စာအုပ်စာတမ်းတွေ ရေးသားနေတာ၊ ပြီးတော့ ဟောပြောပွဲတွေ လိုက်လံဟောပြောနေတာ အဲဒီလိုတွေကို တွေ့ရတော့၊ ကြားရတော့ ကျွန်တော် ချီးကျူးမိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတစ်ယောက်အနေန
ဲ့ ဂုဏ်ယူမိပါတယ်။

အဲဒီလို ကိုမင်းကိုနိုင်တို့တစ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့အတူ “၈၈ မျိုးဆက် ကျောင်းသား အဖွဲ့”ဆိုတဲ့ နာမည်ဟာလည်း နိုင်ငံမှာ ထင်ရှား၊ ကျော်ကြားလာပါတယ်။ လူအများရဲ့ အာရုံစိုက်မှုကိုလည်း ရရှိလာခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ မတင်မကျ၊ ဒွိဟဖြစ်ပြီး စိတ်ထဲကနေ မေးခွန်းတွေ မေးချင်စိတ်၊ သိချင်စိတ်တွေ ဖြစ်ပေါ် လာခဲ့ပါတယ်။

အဲဒီတော့ ကိုမင်းကိုနိုင်တို့ “၈၈ မျိုးဆက်ကျောင်းသား အဖွဲ့”ကို မေးခွန်းလေးတွေ မေးချင် ပါတယ်။ ဒီလို မေးမြန်းတာဟာ မနာလို ၀န်တိုလို့၊ ပျက်စီးစေချင်လို့၊ မုန်းပြီး ကြည့်မရလို့ အဲဒီလို မျိုးတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ မထင်စေချင်ပါဘူး။

သူငယ်ချင်းတစ်ယောက်၊ ညီငယ်တစ်ယောက်က သိချင်စိတ်နဲ့ မေးတာလို့ ယုံကြည်ပေးပါ။

- ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဆိုတာကို ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာလဲ။
- အဲဒီအဖွဲ့ဟာ ဘယ်သူတွေကို ကိုယ်စားပြုသလဲ။
- ၁၉၈၈ ခုနှစ်တုန်းက ကျောင်းသားအားလုံးကို ကိုယ်စားပြုတာလား။
- ကျောင်းသားဆိုရင်လည်း တက္ကသိုလ်ကျောင်းသားတွေကိုပဲ ပြောတာလား။
- တက္ကသိုလ်တွေက ဘယ်တက္ကသိုလ်တွေပါလဲ။
- ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုထဲကို ပြောတာလား။
- ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စတာတွေရော ပါသေးသလား။
- မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေရော မပါဘူးလား။
- ကျောင်းသားဆိုတဲ့ စကားလုံးကို သုံးစွဲထားတော့ စတိတ်ကျောင်းသားတွေ ပါသေးသလား။
- စတိတ်ကျောင်းသားဆိုရင်လည်း မူလတန်းကျောင်းသားတွေအထိ ပါသလား။
“၈၈ မျိုးဆက်ကျောင်းသား”ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပါယ်က အလွန်တရာ ကျယ်ဝန်းလွန်း လှပါတယ်။ အဲဒီကျယ်ဝန်းတဲ့ အခေါ်အဝေါ်ကို ကိုမင်းကိုနိုင်တို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ ယူသုံး ထားတော့ လူအများရဲ့ စိတ်ထဲမှာ သို့လော သို့လော ထင်မိကြမှာပါ။ အထူးသဖြင့် ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်တွေမှာ ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများ၊ စတိတ်ကျောင်းသားများက ပိုပြီးတော့ ယုံထင်ကြောင်ထင် ဖြစ်မိကြမှာပါ။ သူတို့လည်းပဲ မေးခွန်းတွေ မေးချင်နေမှာ အသေအချာပါပဲ။
- ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာ ငါတို့လည်း မသိလိုက်ရပါလား။
- ၁၉၈၈ ခုနှစ်တုန်းကတည်းက ဖွဲ့ထားတာလား။ အခုမှ ဖွဲ့လိုက်တာလား။
- ငါတို့ရော ပါလို့ရသေးလား။
- ငါတို့လည်း ဒီနာမည်ကို ယူသုံးလို့ ရသလား ... စသဖြင့် ပေါ့လေ။
၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တဲ့ ကာလတွေမှာ ကျွန်တော်လည်း ရန်ကုန်မှာ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့အတူ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်၊ ကိုဝင်းမိုးတို့စပြီး ထင်ရှားလာကြတာ ကျွန်တော် မှတ်မိပါတယ်။ နောက်ပိုင်း ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ရဲ့ ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအဖွဲ့ စတာတွမှာ ကိုမင်းကိုနိုင် ပါဝင်ခဲ့တယ်လို့ ကျွန်တော် သိခဲ့ရပါတယ်။

စစ်အစိုးရလက်ထက်မှာတော့ အဲဒီအဖွဲ့တွေ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ ကိုမင်းကိုနိုင်တို့လည်း အကျဉ်းထောင်ထဲကို ရောက်သွားခဲ့တယ် ထင်ပါတယ်။

ကျွန်တော်မရှင်းလင်းတာ တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အသက်နဲ့အတန်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ကိုမင်းကိုနိုင်ရဲ့ အသက်(၅၀)ပြည့် မွေးနေ့ပွဲ ပြုလုပ်သွားတယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီလိုဆိုတော့ ကိုမင်းကိုနိုင်က ၁၉၆၂ ခုနှစ်ဖွားပေါ့။ ၁၉၈၈ ခုနှစ်တုန်းက အသက်(၂၆)နှစ် ရှိနေရ မှာပေါ့။

ကိုမိုးသီးဇွန်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ သူဟာ ၁၉၆၂ ခုနှစ် ဖွားမြင်ပြီး၊ ၁၉၈၇ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါဆိုရင် ၁၉၈၈ ခုနှစ်မှာ သူက တက္ကသိုလ်ကျောင်း သားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျောင်းပြီးသွားတဲ့သူ၊ ဘွဲ့ရသွားပြီး တဲ့သူ အဲလိုမျိုး လူတွေကို ကျောင်းသားလို့ ခေါ်လို့ မရပါဘူး။ ကျောင်းသားမဟုတ်တဲ့သူကို လည်း ကျောင်းသားခေါင်းဆောင်အဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။
ကိုမင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်”ဆိုတဲ့ စာအုပ်ထဲမှာ ကိုမင်းကိုနိုင်ရဲ့ အတ္ထုပတ္တိကို ရှာကြည့်တော့ ကျွန်တော် မတွေ့ပါဘူး။ တခြား ဘယ်နေရာတွေမှာ ရှာကြည့်ရမလဲလို့လဲ ကျွန်တော် မသိပါဘူး။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလို ပါတယ်။
- ၁၉၈၈ ခုနှစ်တုန်းက ကိုမင်းကိုနိုင်က ကိုမိုးသီးဇွန်လို ကျောင်းပြီးထားတဲ့ ဘွဲ့ရထားပြီးတဲ့ သူလား။
- တက္ကသိုလ်မှာ တက်နေဆဲဆိုရင်လည်း ဘယ်တက္ကသိုလ်ပါလဲ၊ ဘယ်နှစ်တန်းလဲ၊ ဘယ်မေဂျာမှာလဲ။

ဒီနေရာမှာ ကျွန်တော့်ရဲ့အကြောင်းကို အနည်းငယ် ပြောပါရစေ။ ကျွန်တော်က ၁၉၆၆ ခုနှစ်ဖွားပါ။ ၁၉၈၈ ခုနှစ်မှာ အသက်(၂၂)နှစ် ရှိနေပါပြီ။ ဆယ်တန်းတုန်းက တစ်ခါ စာမေးပွဲ ကျဖူးပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသားတစ်ယောက်ပါ။ အဲဒီတုန်းက ကြို့ကုန်းစက်မှုတက္ကသိုလ်ရဲ့ ပထမဦးဆုံး အရေးအခင်းမှာ သေနတ်ထိမှန်ပြီး သေခဲ့ရတဲ့ “စိုးနိုင်”နဲ့ တစ်တန်းထဲ ဖြစ်ပါတယ်။ “စိုးနိုင်”ဟာ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်လူနာဆောင်မှာ ကျွန်တော်တို့ လက်ပေါ်မှာ တင် သေခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတော့ စာမေးပွဲ တစ်နှစ်ကျဖူးပြီး အသက်(၂၂)နှစ်ရှိနေတဲ့ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပဉ္စမနှစ်ကို ရောက်နေတဲ့အချိန်မှာ အသက်(၂၆)နှစ် ရှိနေတဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှာ ကျောင်းသား မဟုတ်နိုင်တော့ပါဘူး။ အဲဒီမှာက စတုတ္ထအထိပဲရှိတာ မဟုတ်လား။ ဂုဏ်ထူးတန်းတို့၊ မာစတာတန်းတို့ ရှိပေမယ့် အဲဒီတုန်းက နည်းလှပါသေးတယ်။

ဒါကတော့ နှိုင်းယှဉ်ပြီး တွေးကြည့်မိတဲ့ ကျွန်တော့်ရဲ့အတွေး ဖြစ်ပါတယ်။
နိုင်ငံရေးစိတ်ဝင်စားတဲ့ နီးစပ်တဲ့သူတွေကို ကျွန်တော် မေးကြည့်မိတော့ ဘယ်သူမှ မသိကြပါဘူး။ ကိုမင်းကိုနိုင်ဟာ ၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသားတော့ ဟုတ်မှာပါတဲ့။ စာမေးပွဲ တွေ ကျနေလို့ ဖြစ်မှာပေါ့ဆိုပြီး ထင်ကြေးနဲ့ ပြောကြတယ်။ နိုင်ငံရေးလုပ်တော့ စာမေးပွဲ ခဏ ခဏ ကျနေတာ ဖြစ်မှာပေါ့လို့လည်း ဆက်ပြော ကြသေးတယ်။ အဖြေကို အတိအကျ မသိရတော့ ကျွန်တော် မချင့်မရဲ ဖြစ်ရပါတယ်။
၁၉၈၈ ခုနှစ် မတိုင်မှီအထိ ကျောင်းသားတွေထဲ က နိုင်ငံရေးလုပ်တဲ့သူဆိုလို့ ကျွန်တော် သိရ သလောက် မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီတုန်းက “မဆလ”အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေ ကို အပြင်းအထန် နှိပ်ကွပ်ထားတာကိုး။ အဲဒီတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ မရှိသေးပါဘူး။

အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်သူ၊ နောင် တစ်ခေတ်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ့်သူတွေရဲ့ ကိုယ်ရေးရာဇ၀င်၊ အတ္ထုပတ္တိတွေကို အများပြည်သူကသိဖို့ အရေးကြီးလှပါတယ်။ အခုလို ကျောင်းသား တက္ကသိုလ်ကျောင်းသားလို့ဆိုပြီး ရောကြိတ်လို့ မဖြစ်ပါဘူး။ ဒါမှလည်း အများက စိတ်ရှင်းရှင်းလေးနဲ့ နှိုင်းယှဉ်ရွေး ချယ်နိုင်မှာပေါ့။ သူ့နောက်ကိုလည်း ယုံယုံကြည်ကြည်နဲ့ လိုက်နိုင်မှာပေါ့။
ပြီးတော့ ခေါင်းဆောင်လုပ်မယ့်သူတွေရဲ့ ပညာအရည်အချင်း၊ ဥာဏ်ရည်ဥာဏ်သွေး စတာတွေ ကိုလည်း ထည့်ပြီး စဉ်းစားရမယ် မဟုတ်လား။ ဥပမာပြောရရင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ခေါင်းဆောင်တွေ စာမေးပွဲကျဖူးတယ်လို့ ကြားဖူးကြလို့လား။ စာညံ့တယ်လို့ များ သိကြလို့လား။

ပြောစရာ နောက်တစ်ချက် ရှိနေပါသေးတယ်။ “ငါတို့က ထောင်ကျခံပြီး အများအတွက် အနစ်နာခံထားရတာ”ဆိုပြီး နေရာယူချင်တဲ့သူတွေ၊ နေရာတကာ ၀င်ပါချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ထောင်ထွက်လက်မှတ်ကို အလွဲသုံးစား မလုပ်ကြနဲ့”လို့ ပြောဖူးပါတယ်။
နိုင်ငံရေးလုပ်လို့ ထောင်ကျခံရတာ၊ အများရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရလို့ အနစ်နာခံ ရတာ၊ အဲဒီသူတွေကို ချီးကျူးမိပါတယ်။ ကိုယ်ကျိုးကို စွန့်လွှတ်နိုင်လို့လည်း လေးစားရပါတယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး မလုပ်နိုင်တာ ၀န်ခံပါတယ်။ ဒါမျိုးက လူနည်းစုသာ လုပ်နိုင်တဲ့ အရည် အချင်း တစ်ခုပါပဲ။

အဲဒီလို တိုင်းပြည်အတွက်၊ အများအတွက် ကိုယ်ကျိုးစွန့်ခဲ့၊ အနစ်နာခံခဲ့ကြတဲ့သူတွေ မြန်မာ့ သမိုင်းမှာ အများကြီး ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ကိုယ်ကျိုးစွန့်၊ အနစ်နာခံရုံမျှလောက်နဲ့ နိုင်ငံကို ဦးဆောင်နိုင်မယ့်သူရဲ့ အရည်အချင်း မဟုတ်သေးပါဘူး။ အခြား ဥာဏ်ရည်မြင့်မားမှု၊ ပါးရည်နပ်ရည်ရှိမှု၊ ကိုယ်ချင်းစာတတ်မှု၊ အမျှော် အမြင်ရှိမှု၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှု စသလို အရည်အချင်းများ လိုအပ်ပါသေးတယ်။

ဥပမာဆောင်ယူပြရရင် လွတ်လပ်ရေးမရခင်ကာလတွေတုန်း က မြန်မာ့သမိုင်းမှာ နိုင်ငံရေးသမား တွေ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြတဲ့သူတွေ အများကြီး ရှိခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက အဲဒီသူတွေကို အခါအားလျော်စွာ ဖမ်းဆီးထောင်ချပါတယ်။ တားဆီးနှိပ်ကွပ်ပါတယ်။ တချို့နိုင်ငံရေးသမားတွေဆိုရင် ထောင် ခဏ ခဏ ကျဖူးပါတယ်။ အဲဒီလို နိုင်ငံရေးသမားတွေထဲမှာ ထောင်ကျတဲ့အကြိမ် အများဆုံးကို ခံခဲ့ရတဲ့သူက “သခင်ဗစိန်”လို့ သိရပါတယ်။ အဲဒီလို နိုင်ငံရေးသမား တွေထဲမှာ ထောင်တစ်ခါမှ မကျဘူးတဲ့ သူလည်း ရှိပါသေးတယ်။ အဲဒီသူကတော့ အများသိကြတဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

ဟိုတစ်လောက ရေဒီယိုကနေ မှတ်သားစရာ အဆိုအမိန့်လေးတစ်ခု ကြားလိုက်ရပါတယ်။

“ဝေဖန်ပါ၊ ဝေဖန်ပါ ဆိုပြီး ပြောနေကြပေမယ့် အဆိုးကို ဝေဖန်တော့ သဘောမကျချင်ကြဘူး။ တကယ်တမ်း သူတို့ လိုချင်နေတာက ချီးကျူးမှုကို လိုချင်တာပဲ ဖြစ်တယ်”တဲ့။

သိပ်ကိုကောင်းပြီး၊ ကိုယ့်ကိုယ်ကို ဝေဖန်သင့်တဲ့ အဆိုအမိန့်လေး ဖြစ်ပါတယ်။ အခုလည်း ကိုမင်းကိုနိုင်တို့အပေါ် ကျွန်တော်အဆိုးတွေ ဝေဖန်မိသလို ဖြစ်သွားပါပြီ။ စိတ်တော့ မဆိုးလိုက်ကြပါနဲ့။ ၈၈ မျိုးဆက် ကျောင်းသားအချင်းချင်း အကြံပေး၊ ဝေဖန်တယ်လို့ပဲ မှတ်ယူပေးပါ။
ကိုမင်းကိုနိုင်တို့တစ်တွေ ဒီထက်ပိုပြီး နိုင်ငံအကျိုး၊ လူအများရဲ့ ကောင်းကျိုးတွေကို ဆောင်ရွက် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
စာရေးဆရာ စိန်အိုးစည် ပြောနေကြ စကားလေးတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ပါတယ်။
“လွန်တာရှိရင် ၀န္ဒာမိပါ။”
Credit to : Aung Kyaw Min

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စီစစ်ခြင်းမရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်

တောင်ကုတ် ဆန္ဒဖော်ထုတ်ပွဲ ယနေ့စနေပြီ

နေဇော်(သံတွဲ)

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စီစစ်ခြင်းမရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် တောင်ကုတ်မြို့ နယ် လူမှုကွန်ယက်မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို စတင်ရန်ပြင်ဆင်နေပြီဟု သိရသည်။

ကျနော်တ နာရီဝက်အတွင်း စထွက်တော့မှာ။ အခု ဖောင်တော်ဦးဘုရားမှာလူစုနေတယ်။ အားလုံး ခုနစ်ဆယ်ကျော် လောက်ရှိနေပြီဗျ။ ခွင့်ပြုချက်မဲ့ လုပ်ပေမယ့် ပွင့်ပွင့်လင်းလင်းဟန့်တားနှောင့်ယှက် တာမျိုးမရှိ သေးဘူးခင်ဗျ။ " ဟု တောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျကျော်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ တောင်းဆိုသည့်အချက်များမှာ (၁) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကိုလေးစားရန်၊ (၂) ဒေသခံတိုင်းရင်း သားများ၏ သဘောထားမပါဘဲ ဒေသအရေးကိုမဆုံးဖြတ်ရန်၊ (၃) နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးရန်၊ (၄) ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကိုအမြန်ဆုံး (အမြန်ဆုံး) အကောင်အထည် ဖော်ပေးရန်၊ (၅) တရားမ၀င် နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးရန်၊ (၆) ဘင်္ဂလီအရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိစေရန် ဟူသောအချက် ခြောက်ချက် ပါဝင်ကြောင်းသိရသည်။

ခွင့်ပြုချက်ရရှိရန် မြို့နယ်နှင့် ပြည်နယ်သို့ တင်ပြတောင်းခံခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်း ကိုဇေယျကျော်က ဆိုပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကိုဇေယျကျော်က " ဥပဒေနဲ့မညီလို့ အရေးယူမယ်ဆိုလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ပဲရှိတယ်။ ပြည်သူအတွက် ဆောင်ရွက်တာပဲလေ။ " ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ (၇) ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၌ ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပရာခဲ့တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရပြုလုပ်ခြင်း မဟုတ်၍ မတ်လ (၇)ရက်နေ့ ညနေ၌ စစ်တွေ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့ နှစ်ဦးအား လည်းကောင်း၊ ကျောက်တော် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများဖြစ်ကြသည့် ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့ လေးဦးအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ် ရဲ တပ် ဖွဲ့မှူးများက တစ်ဦးစီ အတွက်အာမခံ ပုဂ္ဂိုလ်နှစ်ဦးစီ ထားလျက်ခံဝန်ချက်ကို လက်မှတ်ရေးထိုးစေပြီး အာမခံဖြင့်ပြန်လွှတ်ပေးထားကြောင်း သိရသည်။

မိတ္ထီလာမှာ အခြေအနေတွေ ငြိမ်သက်လို့ တပ်မ ၇၇ ပြန်လည်ထွက်ခွာ

မတ်လ ၂၀ ရက်နေ့ကစပြီး မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာဒေသမှာ အခြေအနေတွေ ငြိမ်သက်ပြီ ဖြစ်တဲ့အတွက် အင်းတကော်အခြေစိုက် တပ်မ ၇၇ ဌာနချုပ်က တပ်ရင်းသုံးရင်းဟာ ဒီကနေ့နေ့လည်က ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာပဋိပက္ခ မြန်မာစစ်တပ်မှကိုင်တွယ်ပုံ အမေရိကန်ထောက်ခံ

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။
 
ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက် ဆက်သွယ် အသိပေး ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပုံမှန် သတင်းစာရှင်းလင်းပွဲ မှာ သောကြာနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်း တွေကြားမှာ အပြန်အလှန် လေးစားမှုရှိကြဖို့နဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ကိုလဲ အမေရိကန်က ထပ်ပြီး တိုက်တွန်းလိုက် ပါတယ်။ အသေးစိတ်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မိတ္ထီလာမြို့မှာ ဗုဒ္ဓဟူးနေ့က စခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခ အခြေအနေဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမဲ့ ပိုဆိုး လာခဲ့တဲ့အတွက် သောကြာနေ့တုန်းက မိတ္ထိလာခရိုင်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ပါတယ်။ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်တွေမှာ အရေးပေါ်

အခြေအနေကို သမ္မတဦးသိန်းစိန်က ထုတ်ပြန်ကြေညာ ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်တွေ ဝင်ရောက်ပြီး အခြေအနေတွေကို ထိန်းနေပါတယ်။

ဒီလို ဆောင်ရွက်တာဟာ မှန်ကန်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခွင့်ရသူ Victoria Nuland က ခုလို ပြောခဲ့တာပါ၊

“မတ်လ ၂၂ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က အရေးပေါ် အခြေအနေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီမှာ နောက်ထပ် လုံခြုံရေးတွေ၊ ရဲတပ်ဖွဲ့တွေကို ထပ်ပြီး ချခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သူတို့ ခုလို ဆောင်ရွက်နေသလိုပဲ လူမှု အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေကလည် အခြေအနေ ပြန်လည် တည်ငြိမ်ဖို့ ကြိုးစား နေကြပါတယ်။ ဒီလိုမျိုး ဆက်ပြီး ဆောင်ရွက်သွားတာကို အမေရိကန်ပြည်ထောင်စုက မြင်သွားချင်ပါတယ်။

မိတ္ထီလာမှာ အခြေအနေတွေ တည်ငြိမ် စေဖို့အတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးက ကြိုးစား ဆောင်ရွက်နေတယ် ဆိုတာ ကိုလည်း ပြောခွင့်ရသူ Victoria Nuland ကခုလို ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်မှုကို မြန်မာနိင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေကို တိုက်ရိုက် ဆက်သွယ်၊ အသိပေးထား ပါတယ်။ အမေရိကန် သရုံးအနေနဲ့ အဆက်အသွယ် ရှိသမျှ လူမှုအဖွဲ့အစည်းတွင်းမှာ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီးတော့ အခြေအနေကို တည်တည်ငြိမ်ငြိမ် လုပ်ကြဖို့ တိုက်တွန်း ထားပါတယ်။”

သွေးထွက်သံယို အကြမ်းဖက်မှုတွေမှာ ထိခိုက် သေဆုံးခဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အတွက်လည်း အမေရိကန်က ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ တရားဥပဒေ ကို လေးစားလိုက်နာပြီး စိတ်ရှည် သည်းခံကြဖို့ ဆွေးနွေး အဖြေရှာ ကြဖို့အတွက်ကိုလည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်း ခဲ့ပါတယ်ရှင်။
စုမြတ်မွန်
23.03.2013
VOC

Copy from - Myanmar News Update

ဒီတခုသည်လည်း အကြမ်းဖက်မှုဖြစ်ပေါ်စေခြင်းကို သက်ရောက်စေတယ်.

Ko Ko Khant shared Zaw Mintun Zawmintun's status update.
ဒီတခုသည်လည်း အကြမ်းဖက်မှုဖြစ်ပေါ်စေခြင်းကို သက်ရောက်စေတယ်..

မိထ္တီလာ အကြမ်းဖက်မှုတွေ စတင်ချိန်မှာ ကျနော် နယ်တခု ကိုရောက်နေပါတယ်.. ကျနော် လည်း စိတ်ဝင်စားပါတယ်..သို့ ပေမယ့် ကျနော်ထက် စိတ်ဝင်စားတဲ့ ဒေသခံတွေ ကိုတွေ့ရပါတယ်..

ကျနော် အလုပ်ကတဖက် ဆိုတော့ အလုပ်ကိုပဲ ပြီးစီးအောင် လုပ်နေရတော့ မိထ္တီလာ ကိစ္စ ခေါင်းထဲ သိပ်မရောက် ဖြစ်ဘူး .. ဒီကိစ္စကို အချိန်ပြည့်နားစွင့်နေပြီး ကြားသမျှလေသံလွှင့်နေသူတွေ ရှိပါတယ်..
လက်ဖက်ရည်ဆိုင် သွားထိုင်ရင်လဲ အုပ်စုလိုက် ထိုင်ပြီး ကြားသမျှ သတင်းတွေ ကို တနေကုန်ထိုင်ပြီး လက်ဖက်ရည်ဆိုင် သတင်းဌာန အနေနဲ့  ဟုတ်တာ မဟုတ်တာ အသာထား ပြောနေသူတွေ ရှိပါတယ်..

ဆိုင်ကယ် ကယ်ရီဌားစီးပြန်တော့ လည်း ကယ်ရီဂိတ်မှာ ဒီသတင်းပဲ...

ကွမ်းယာဝယ်စားတာတောင် မှ ကွမ်းယာဆိုင်မှာ ကုလားစု သည်လည်း တတွတ်တွတ် ပြောနေကြပြန်ပါတယ်..

တချို့ က ဗမာတွေ ကို ဆဲတဲ့ သူ ရှိသလို ၊ တဖက် ကလဲ ကုလားတွေ ကို ဆဲနေပြန်ပါတယ် ၊ နောက် တဖက် ကြတော့  အစိုးရကို ဆဲနေကြပါတယ်။

သူတို့  အားလုံးကိုခြုံငုံပြီး ကြည့်လိုက်ရင် အားလုံးနီးပါး အလုပ်လက်မဲ့ တွေချည်းပါပဲ...။
တခုခု ကို ထွက်ပေါက်ရှာချင်နေကြပုံပါ..ဆင်းရဲငတ်မွတ်နေတာကိုအချိန်အကြာကြီ
ခံစားနေကြရတော့  တခုခုဆို မထူးဇါတ်ခင်းချင်နေကြတဲ့ ပုံတွေချည်းပါပဲ..။

သူတို့ မှာ ဆုံးရှုံးစရာလဲ မရှိဘူး ၊ နောင်တရစရာလည်းမရှိဘူး သေမထူးနေ မထူး များနေတယ်...
အခုဖြစ်နေတဲ့ မိထ္တီလာ ၊ သဲတော ၊ ၀မ်းတွင်း မြို့ တွေ ဟာ ကျနော် ရောက်ခဲ့ဘူးတဲံ မြို့ တွေ ပါပဲ... အခြားမြို့ တွေလိုပါပဲ အလုပ်လက်မဲ့ဦးရေ အများအပြားရှိပါတယ်..

လက်ရှိ နယ်တော်တော်များများမှာ လုပ်နေကြတဲ့ အလုပ်သမားတွေ ရဲ့  အလုပ်က များသောအားဖြင့် ဘ၀အာမခံချက် မရှိတဲ့ အလုပ်တွေများပါတယ်..

ဆိုင်ကယ်ကယ်ရီမောင်းတယ် ၊ ဈေးဆိုင်တွေ မှာ အလုပ်လုပ်တယ် ၊ လောင်းကစားနည်းနဲ့ ငွေရှာတယ်...ကားဂိတ်တွေမှာ ဈေးရောင်းတယ်..
ဘ၀အာမခံချက် ရှိတဲ့ အလုပ်နဲ့အသက်မွေးနေတဲ့ သူတွေ ရှားပါတယ်..

ဒီတော့ သူတို့ ဘ၀ သည် အတွင်းစိတ်မှာပေါက်ကွဲပြီး မကျေနပ်မှုတွေ အမြဲပြည့်နေကြတာ မဆန်းပါဘူး..ထစ်ကနဲ ရှိ စိတ်ဆိုးလွယ် ၊ ဒေါသထွက်လွယ်ပါတယ်..

အမှိုက်စပြီး ပြဿဒ် မီးလောင်တာ ဒီလိုအခြေအနေမှာ အလွယ်တကူ ဖြစ်နိုင်ပါတယ်...

သူတို့ သည် မိသားစု ဘ၀အာမခံချက်ရှိသောလုပ်ငန်းခွင်များ တွင် စိတ်ပါလက်ပါ လုပ်ငန်းခွင်ဝင်ရောက်နေကြပြီး ၊ သာယာသောဘ၀ တခုကို ပိုင်ဆိုင်ထားကြမည် ဆိုလျှင် အခြားပျက်စီးရာ ပျက်စီးကြောင်း မတွေးမိ မလုပ်မိ ခင်မှာပဲ... သူတို့ ပိုင်ဆိုင်ထားသော ဘ၀တခု ပျက်စီးမှု ကိုအရင်တွက်ကြည့်ပြီး အကြမ်းဖက် လုပ်ငန်းတွေ ကို လုပ်ကြမှာ မဟုတ်ပါဘူး....

အစိုးရအနေနှင့်ကလည်း အလုပ်လက်မဲ့ပြဿနာ သည် အကြမ်းဖက်စေသည့် ကိစ္စရပ်တခု ကို လွယ်ကူစွာ ဖြစ်ပွားစေတယ် ဆိုတာကို သိစေချင်ပါတယ်..အစိုးရ အဖွဲ့ ဝင်ကြီးများလည်း ကျနော်ထက်ပို၍ သိရှိကြမှာပါ...

လူတိုင်းလူတိုင်း သည် ဘ၀အာမခံချက်ရှိသော လုပ်ငန်းခွင်ကိုယ်စီ ၀င်ရောက် လုပ်ကိုင်နေကြမည်ဆိုပါက အခြားမလိုလားအပ်သော ပြဿနာများသည် လည်း ဖြစ်နိုင်ချေ နည်းပါးသွားမည်ဟု ယုံကြည်မိပါသည်....။

(မြတ်သူ)

ကိုမင်းသန့်အောင် (မိတ္ထီလာမြို့) က ပေးပို.သောသတင်း ============================== = ( ၂၃-၃-၂၀၁၃ ) မနက် ၁၀း၀၀နာရီ

Ko Ko Khant shared Zaw Mintun Zawmintun's status update.
ကိုမင်းသန့်အောင် (မိတ္ထီလာမြို့) က ပေးပို.သောသတင်း
==============================
=
( ၂၃-၃-၂၀၁၃ ) မနက် ၁၀း၀၀နာရီ
...............................................
စားသောက်ကုန် တွေဈေးနှုန်းမြင့်တတ်နေတာကလွဲ၍
ကျန်အခြေအနေများမှာပုံမှန်နီးပါးပြန်ဖြစ်နေပါပြီ။
ခရီးသည်တင်ယဉ်တွေကိုလည်းပုံမှန်အတိုင်းပြန်လည်
ဖြတ်ခွင့်ပြုနေပြီဖြစ်သည်။ ကျောက်ပန်းတောင်းဘက်မှလာသော
ညောင်ဦးမန်းကားများကိုလည်း အသွားအပြန်ဖြတ်သန်းခွင့်ပြုနေပါပြီ။

မိတ္ထီလာဈေးကြီးကတော့ဆက်လက်ပိတ်ထားဆဲဖြစ်၍ မြို့သူမြို့သားများ အနေဖြင့်ပေါက်ချောင်းဈေးကိုပဲအားထားဝယ်ယူနေရပါတယ်။
ပေါက်ချောင်ဈေးအတွင်းရှိ စွယ်တော်ရိပ် စားသောက်ကုန်စုံဆိုင်က
လုံးဝဈေးတတ်မရောင်းပါ။ဆိုင်မှာရှိသမျှပစ္စည်း အကုန်လုံးဈေးမှန်အတိုင်း
ရောင်းပေးမယ်ဟုပြောဆိုရောင်းချနေပါတယ်။ အမှန်တကယ်လည်း
ဈေးတစ်ကျပ်မှတက်မရောင်းခဲ့ပါ ။ဒီလိုသိက္ခာ၊သမာဓိရှိရှိရောင်းချပေး
နေတဲ့ဆိုင်တွေကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

ဒီလိုဆိုင်တွေကဈေးမှန်ရောင်းချနေသောကြောင့်အခြားဆိုင်
များလည်းဈေးတင်မရောင်းကြတော့ပါ။ ဈေးအတွင်းမှာတော့ ကြက်သား၊ဝက်သား၊ဆိတ်သား၊အမဲသား သယ်များလုံးဝမရှိပါ။ ငါးတစ်မျိုးသာရောင်းချနေပါတယ်။ဒေသအခေါ် ဂျပန်ငါး( တခြားဒေသ
အခေါ် တလားဗီးယားငါး)အစိပ်သား (၂၅ကျပ်)သားကို သုံးထောင်ရောင်းနေပါတယ်။ ပုံမှန်ရက်များမှာ တစ်ပိဿာမှ ၂၀၀၀ကျပ်သာရှိတဲ့ငါးမျိုးပါ။

ကျွန်တော့်ရှေ့မှာတင်ပဲဈေးဝယ်အဒေါ်ကြီးက ဈေးသည်ကို
ဟေ့အစိပ်သား ၃၀၀၀ ကတော့မစားဘူး ငါးမြှားချိပ်တစ်ချောင်းယူပြီး ကန်ထဲသွားမြှားမယ် ဟုပြောပြီး လုံးဝမဝယ်ပါ။ တစ်ခြားဈေးဝယ်များကလည်းလည့်ပြန်ကြပါတယ်။
ဒီတော့မှ ဈေးသည်က အစိပ်သားကို ၈၀၀အထိပြန်ချပေးခဲ့ပါတယ်။ မတရားလောဘသမားတွေကိုလုံးဝအားမပေးတဲ့စိတ်ဓါတ်မျိုးပါ။
လုံးဝထောက်ခံပါတယ်။

မိတ္ထီလာမြို့သူမြို့သားမိဘပြည်သူများခင်ဗျား ၊ကျွန်တော်တို့မိတ္ထီလာမြို့ဟာ ရခိုင်မှာလည်းမဟုတ်ပါဘူး။ ကချင်မှာလည်းမဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့
အလယ်ခေါင်တည့်တည့်မှာပါခင်ဗျား။

ရန်ကုန်၊မန္တလေး၊တောင်ကြီး၊မကွေး၊ပြည်၊မြင်းခြံမြို့ကြီးများကို
နေ့ချင်းရောက်ရှိနိုင်သော အကွာအဝေးလမ်းပန်းဆက်သွယ်ရေး
ရှိပါတယ်။အစာရေစာပြတ်လပ်မှာတော့လုံးဝမပူပါနဲ့၊ဒါကြောင့်
မိမိတို့မိသားစုများတစ်နေ့စာစားသုံးရန်သာဝယ်ယူကြပါ။
အများအပြားဝယ်ယူစုဆောင်မှုများမလုပ်ကြပါနဲ့၊ဒီလိုဝယ်ယူကြမယ်
ဆိုရင် ဆင်းရဲတဲ့မိသားစုလေးတွေအရမ်းဒုက္ခရောက်ကြ
ပါလိမ့်မယ်။

ဒါ့ကြောင့် မိမိတို့အတ္တများကို ရှေတန်းမတင်ကြပါနဲ့ အများသူငါကိုငဲ့ညာကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်
ရပါတယ်ခင်ဗျား။

မင်းသန့်အောင်(မိတ္ထီလာမြို့)။
အင်တာနတ်

သွေးမတော် သားမစပ် ဘာသာမတူသော်လည်း လူ့အသက်တန်ဖိုးကို နားလည်စွာ အစ္စလမ်ဘာသာဝင် (၅) ဦးအား ကာကွယ် ဝှက်ထားပေးသည့် ဗုဒ္ဓဘာသာဝင် အဖိုးအဖွား ။

Ko Ko Khant shared ကိုဝိုင် ဝိုင်ကေ's photo.
သွေးမတော် သားမစပ် ဘာသာမတူသော်လည်း လူ့အသက်တန်ဖိုးကို နားလည်စွာ အစ္စလမ်ဘာသာဝင် (၅) ဦးအား ကာကွယ် ဝှက်ထားပေးသည့် ဗုဒ္ဓဘာသာဝင် အဖိုးအဖွား ။

၎င်းနေအိမ်တွင် ပိတ်မိ ပုန်းနေရသူ (၅)ဦးအား ဗကသ ကျောင်းသားများ ၊ သံဃာတော်များ ၊ ၈၈ ကျောင်းသားများ(မန္တလေး) နှင့် ချမ်း/အေး NLD တို့ ပူးပေါင်း၍ ကယ်တင် ခေါ်ခဲ့ပြီး ခရိုင်အားကစားကွင်း စခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ
၂၃-၃-၁၃

ငြိမ်းချမ်းရေးကို မလိုလားသည့် ကုလားများ၏ ၀ါဒဖြန့်တာတွေကို ပြန်လည် ဖော်ထုတ်ထားတဲ့ CNN ireport

ဇင်ယော်နီ(မနောမယ) and Pong Ayanaga shared မြန်မာပြည်မှမြန်မာလူမျိုး's photo.
"... ငြိမ်းချမ်းရေးကို လိုလားကြသည့် သူငယ်ချင်းများခင်ဗျာ ..."

-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

ဒီ Link ကိုများများ Share ပေးစေလိုပါတယ် ။

ငြိမ်းချမ်းရေးကို မလိုလားသည့် ကုလားများ၏ ၀ါဒဖြန့်တာတွေကို ပြန်လည် ဖော်ထုတ်ထားတဲ့

CNN ireport ဖြစ်ပါတယ်

http://ireport.cnn.com/docs/DOC-945746

We Love True မှ ကူးယူဖေါ်ပြပေးပါသည် 

By - Ko Ko Waizayantar

"ရမည်းသင်းမီးလောင်မှု နောက်ဆက်တွဲ"

ယမန်နေ့ည (မတ်လ ၂၃ရက်နေ့)ည ၈ နာရီခန့်က ရမည်းသင်းမြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင်ကျွမ်းမှုဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီးခဲ့တယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်မှုဟာ အယောက်တစ်ရာခန့်ရှိတဲ့ အမည်မသိလူအုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်ပြီး ဒီပြဿနာဟာ မိတ္ထီလာမြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်မှုရှိတယ်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

သင်္ကြန်အတွင်း မိန်းကလေးများ သတိပြုမိစေရန်… သတင်း…..

Ko Win Myint and Nan Lay shared မိုးသောက် ကြယ်'s photo.
သင်္ကြန်အတွင်း မိန်းကလေးများ သတိပြုမိစေရန်… သတင်း…..

မိန်းကလေးတွေ … သင်္ကြန်မှာ ချမ်းနေတုန်း ..ကော်ဖီပူပူတိုက်တိုင်း .. ယုံယုံကြည်ကြည်မသောက်ကြပါနဲ့ ..။

ဘ၀ …ပါ …လမ်းကြောင်းပြောင်းသွားနိုင်ပါတယ် ..။

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်းသို့ တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း ..လူငယ်များအကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။
mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။
........

'' သူငယ်ချင်းအားလုံး ရှိသမျှ social site တိုင်းမှာ သင်္ကြန်အမီ share ကြပါ 

..။ ''

မှတ်ချက်။   ။ တခြားဆိုဒ်မှကူးယူမျှဝေသည်။

မိုးသောက်ကြယ်