Sunday, March 24, 2013

ဒီတခုသည်လည်း အကြမ်းဖက်မှုဖြစ်ပေါ်စေခြင်းကို သက်ရောက်စေတယ်.

Ko Ko Khant shared Zaw Mintun Zawmintun's status update.
ဒီတခုသည်လည်း အကြမ်းဖက်မှုဖြစ်ပေါ်စေခြင်းကို သက်ရောက်စေတယ်..

မိထ္တီလာ အကြမ်းဖက်မှုတွေ စတင်ချိန်မှာ ကျနော် နယ်တခု ကိုရောက်နေပါတယ်.. ကျနော် လည်း စိတ်ဝင်စားပါတယ်..သို့ ပေမယ့် ကျနော်ထက် စိတ်ဝင်စားတဲ့ ဒေသခံတွေ ကိုတွေ့ရပါတယ်..

ကျနော် အလုပ်ကတဖက် ဆိုတော့ အလုပ်ကိုပဲ ပြီးစီးအောင် လုပ်နေရတော့ မိထ္တီလာ ကိစ္စ ခေါင်းထဲ သိပ်မရောက် ဖြစ်ဘူး .. ဒီကိစ္စကို အချိန်ပြည့်နားစွင့်နေပြီး ကြားသမျှလေသံလွှင့်နေသူတွေ ရှိပါတယ်..
လက်ဖက်ရည်ဆိုင် သွားထိုင်ရင်လဲ အုပ်စုလိုက် ထိုင်ပြီး ကြားသမျှ သတင်းတွေ ကို တနေကုန်ထိုင်ပြီး လက်ဖက်ရည်ဆိုင် သတင်းဌာန အနေနဲ့  ဟုတ်တာ မဟုတ်တာ အသာထား ပြောနေသူတွေ ရှိပါတယ်..

ဆိုင်ကယ် ကယ်ရီဌားစီးပြန်တော့ လည်း ကယ်ရီဂိတ်မှာ ဒီသတင်းပဲ...

ကွမ်းယာဝယ်စားတာတောင် မှ ကွမ်းယာဆိုင်မှာ ကုလားစု သည်လည်း တတွတ်တွတ် ပြောနေကြပြန်ပါတယ်..

တချို့ က ဗမာတွေ ကို ဆဲတဲ့ သူ ရှိသလို ၊ တဖက် ကလဲ ကုလားတွေ ကို ဆဲနေပြန်ပါတယ် ၊ နောက် တဖက် ကြတော့  အစိုးရကို ဆဲနေကြပါတယ်။

သူတို့  အားလုံးကိုခြုံငုံပြီး ကြည့်လိုက်ရင် အားလုံးနီးပါး အလုပ်လက်မဲ့ တွေချည်းပါပဲ...။
တခုခု ကို ထွက်ပေါက်ရှာချင်နေကြပုံပါ..ဆင်းရဲငတ်မွတ်နေတာကိုအချိန်အကြာကြီ
ခံစားနေကြရတော့  တခုခုဆို မထူးဇါတ်ခင်းချင်နေကြတဲ့ ပုံတွေချည်းပါပဲ..။

သူတို့ မှာ ဆုံးရှုံးစရာလဲ မရှိဘူး ၊ နောင်တရစရာလည်းမရှိဘူး သေမထူးနေ မထူး များနေတယ်...
အခုဖြစ်နေတဲ့ မိထ္တီလာ ၊ သဲတော ၊ ၀မ်းတွင်း မြို့ တွေ ဟာ ကျနော် ရောက်ခဲ့ဘူးတဲံ မြို့ တွေ ပါပဲ... အခြားမြို့ တွေလိုပါပဲ အလုပ်လက်မဲ့ဦးရေ အများအပြားရှိပါတယ်..

လက်ရှိ နယ်တော်တော်များများမှာ လုပ်နေကြတဲ့ အလုပ်သမားတွေ ရဲ့  အလုပ်က များသောအားဖြင့် ဘ၀အာမခံချက် မရှိတဲ့ အလုပ်တွေများပါတယ်..

ဆိုင်ကယ်ကယ်ရီမောင်းတယ် ၊ ဈေးဆိုင်တွေ မှာ အလုပ်လုပ်တယ် ၊ လောင်းကစားနည်းနဲ့ ငွေရှာတယ်...ကားဂိတ်တွေမှာ ဈေးရောင်းတယ်..
ဘ၀အာမခံချက် ရှိတဲ့ အလုပ်နဲ့အသက်မွေးနေတဲ့ သူတွေ ရှားပါတယ်..

ဒီတော့ သူတို့ ဘ၀ သည် အတွင်းစိတ်မှာပေါက်ကွဲပြီး မကျေနပ်မှုတွေ အမြဲပြည့်နေကြတာ မဆန်းပါဘူး..ထစ်ကနဲ ရှိ စိတ်ဆိုးလွယ် ၊ ဒေါသထွက်လွယ်ပါတယ်..

အမှိုက်စပြီး ပြဿဒ် မီးလောင်တာ ဒီလိုအခြေအနေမှာ အလွယ်တကူ ဖြစ်နိုင်ပါတယ်...

သူတို့ သည် မိသားစု ဘ၀အာမခံချက်ရှိသောလုပ်ငန်းခွင်များ တွင် စိတ်ပါလက်ပါ လုပ်ငန်းခွင်ဝင်ရောက်နေကြပြီး ၊ သာယာသောဘ၀ တခုကို ပိုင်ဆိုင်ထားကြမည် ဆိုလျှင် အခြားပျက်စီးရာ ပျက်စီးကြောင်း မတွေးမိ မလုပ်မိ ခင်မှာပဲ... သူတို့ ပိုင်ဆိုင်ထားသော ဘ၀တခု ပျက်စီးမှု ကိုအရင်တွက်ကြည့်ပြီး အကြမ်းဖက် လုပ်ငန်းတွေ ကို လုပ်ကြမှာ မဟုတ်ပါဘူး....

အစိုးရအနေနှင့်ကလည်း အလုပ်လက်မဲ့ပြဿနာ သည် အကြမ်းဖက်စေသည့် ကိစ္စရပ်တခု ကို လွယ်ကူစွာ ဖြစ်ပွားစေတယ် ဆိုတာကို သိစေချင်ပါတယ်..အစိုးရ အဖွဲ့ ဝင်ကြီးများလည်း ကျနော်ထက်ပို၍ သိရှိကြမှာပါ...

လူတိုင်းလူတိုင်း သည် ဘ၀အာမခံချက်ရှိသော လုပ်ငန်းခွင်ကိုယ်စီ ၀င်ရောက် လုပ်ကိုင်နေကြမည်ဆိုပါက အခြားမလိုလားအပ်သော ပြဿနာများသည် လည်း ဖြစ်နိုင်ချေ နည်းပါးသွားမည်ဟု ယုံကြည်မိပါသည်....။

(မြတ်သူ)

0 ကွန်မန့်ရေးရန်:

Post a Comment