Sunday, March 24, 2013

ကိုမင်းသန့်အောင် (မိတ္ထီလာမြို့) က ပေးပို.သောသတင်း ============================== = ( ၂၃-၃-၂၀၁၃ ) မနက် ၁၀း၀၀နာရီ

Ko Ko Khant shared Zaw Mintun Zawmintun's status update.
ကိုမင်းသန့်အောင် (မိတ္ထီလာမြို့) က ပေးပို.သောသတင်း
==============================
=
( ၂၃-၃-၂၀၁၃ ) မနက် ၁၀း၀၀နာရီ
...............................................
စားသောက်ကုန် တွေဈေးနှုန်းမြင့်တတ်နေတာကလွဲ၍
ကျန်အခြေအနေများမှာပုံမှန်နီးပါးပြန်ဖြစ်နေပါပြီ။
ခရီးသည်တင်ယဉ်တွေကိုလည်းပုံမှန်အတိုင်းပြန်လည်
ဖြတ်ခွင့်ပြုနေပြီဖြစ်သည်။ ကျောက်ပန်းတောင်းဘက်မှလာသော
ညောင်ဦးမန်းကားများကိုလည်း အသွားအပြန်ဖြတ်သန်းခွင့်ပြုနေပါပြီ။

မိတ္ထီလာဈေးကြီးကတော့ဆက်လက်ပိတ်ထားဆဲဖြစ်၍ မြို့သူမြို့သားများ အနေဖြင့်ပေါက်ချောင်းဈေးကိုပဲအားထားဝယ်ယူနေရပါတယ်။
ပေါက်ချောင်ဈေးအတွင်းရှိ စွယ်တော်ရိပ် စားသောက်ကုန်စုံဆိုင်က
လုံးဝဈေးတတ်မရောင်းပါ။ဆိုင်မှာရှိသမျှပစ္စည်း အကုန်လုံးဈေးမှန်အတိုင်း
ရောင်းပေးမယ်ဟုပြောဆိုရောင်းချနေပါတယ်။ အမှန်တကယ်လည်း
ဈေးတစ်ကျပ်မှတက်မရောင်းခဲ့ပါ ။ဒီလိုသိက္ခာ၊သမာဓိရှိရှိရောင်းချပေး
နေတဲ့ဆိုင်တွေကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

ဒီလိုဆိုင်တွေကဈေးမှန်ရောင်းချနေသောကြောင့်အခြားဆိုင်
များလည်းဈေးတင်မရောင်းကြတော့ပါ။ ဈေးအတွင်းမှာတော့ ကြက်သား၊ဝက်သား၊ဆိတ်သား၊အမဲသား သယ်များလုံးဝမရှိပါ။ ငါးတစ်မျိုးသာရောင်းချနေပါတယ်။ဒေသအခေါ် ဂျပန်ငါး( တခြားဒေသ
အခေါ် တလားဗီးယားငါး)အစိပ်သား (၂၅ကျပ်)သားကို သုံးထောင်ရောင်းနေပါတယ်။ ပုံမှန်ရက်များမှာ တစ်ပိဿာမှ ၂၀၀၀ကျပ်သာရှိတဲ့ငါးမျိုးပါ။

ကျွန်တော့်ရှေ့မှာတင်ပဲဈေးဝယ်အဒေါ်ကြီးက ဈေးသည်ကို
ဟေ့အစိပ်သား ၃၀၀၀ ကတော့မစားဘူး ငါးမြှားချိပ်တစ်ချောင်းယူပြီး ကန်ထဲသွားမြှားမယ် ဟုပြောပြီး လုံးဝမဝယ်ပါ။ တစ်ခြားဈေးဝယ်များကလည်းလည့်ပြန်ကြပါတယ်။
ဒီတော့မှ ဈေးသည်က အစိပ်သားကို ၈၀၀အထိပြန်ချပေးခဲ့ပါတယ်။ မတရားလောဘသမားတွေကိုလုံးဝအားမပေးတဲ့စိတ်ဓါတ်မျိုးပါ။
လုံးဝထောက်ခံပါတယ်။

မိတ္ထီလာမြို့သူမြို့သားမိဘပြည်သူများခင်ဗျား ၊ကျွန်တော်တို့မိတ္ထီလာမြို့ဟာ ရခိုင်မှာလည်းမဟုတ်ပါဘူး။ ကချင်မှာလည်းမဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့
အလယ်ခေါင်တည့်တည့်မှာပါခင်ဗျား။

ရန်ကုန်၊မန္တလေး၊တောင်ကြီး၊မကွေး၊ပြည်၊မြင်းခြံမြို့ကြီးများကို
နေ့ချင်းရောက်ရှိနိုင်သော အကွာအဝေးလမ်းပန်းဆက်သွယ်ရေး
ရှိပါတယ်။အစာရေစာပြတ်လပ်မှာတော့လုံးဝမပူပါနဲ့၊ဒါကြောင့်
မိမိတို့မိသားစုများတစ်နေ့စာစားသုံးရန်သာဝယ်ယူကြပါ။
အများအပြားဝယ်ယူစုဆောင်မှုများမလုပ်ကြပါနဲ့၊ဒီလိုဝယ်ယူကြမယ်
ဆိုရင် ဆင်းရဲတဲ့မိသားစုလေးတွေအရမ်းဒုက္ခရောက်ကြ
ပါလိမ့်မယ်။

ဒါ့ကြောင့် မိမိတို့အတ္တများကို ရှေတန်းမတင်ကြပါနဲ့ အများသူငါကိုငဲ့ညာကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်
ရပါတယ်ခင်ဗျား။

မင်းသန့်အောင်(မိတ္ထီလာမြို့)။
အင်တာနတ်

0 ကွန်မန့်ရေးရန်:

Post a Comment