ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရုန်းရင်းဆန်ခတ်အခြေအနေ ဆက်ဖြစ်နေပြီး အိမ်တွေကို မီးရှို့တာတွေ၊ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ ကြိုးစားကြတာတွေ ရှိနေဆဲပါ။ ရန်ကုန်မြို့ကနေ ရဲတပ်ရင်းတခု စေလွှတ် ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေပေမဲ့ မတည်မငြိမ် ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ဒေသခံ တွေ ဒုက္ခ ရောက်နေကြပြီး သာမန် အရပ်သူ အရပ်သားတွေအနေနဲ့ လုံခြုံမှုနဲ့ အကူအညီတွေ အရေးပေါ် လိုအပ် နေပါတယ်။ ဒီအတော အတွင်း ကျောက်ဖြူမြို့မှာတော့ မသီတာထွေး အသတ်ခံရတဲ့အမှုကို ဒီကနေ့ ဆက်ပြီး ကြားနာ စစ်ဆေး ခဲ့ပါတယ်။ ဒီအခြေအနေ တွေကို ဘန်ကောက် VOA ရုံးခွဲကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်း က သတင်း ပေးပို့ထား ပါတယ်။
စစ်တွေမြို့မှာ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေရော၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေပါ မီးရှို့ခံနေကြရ တာဖြစ်ပြီး ဒီကနေ့ထိ ဆိုရင် အိမ်ခြေ ၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီးပြီလို့ အခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
ရန်ကုန်ဘက်မှာ အခြေစိုက်တဲ့ ရဲတပ်ရင်းတခုလုံးကို စစ်တွေမြို့အခြေအနေကို ထိန်းသိမ်းဖို့ စေလွှတ် ထားပြီး အဲဒီ ရဲတပ်ဖွဲ့ဝင် တွေကိုယ်တိုင် မီးလောင်နေတဲ့အိမ်တွေကို ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ပေးနေတယ် လို့ အမည်မဖော်လိုတဲ့ ရဲတပ်ရင်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း အခြေအနေက ဆိုးနေတုန်းပဲလို့ RNDP ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“မကောင်းသေးဘူးဆိုတာက မီးလောင်တဲ့နေရာတွေက တဖြည်းဖြည်းနဲ့ များလာတယ်။ အဲဒီတော့ ဒုက္ခသည်တွေကလည်း တဖြည်းဖြည်းနဲ့ များလာတယ်။ ခုဖြစ်နေတာက ကသည်းရွာ၊ အဲဒီမှာက ရခိုင်တွေလည်း ရှိတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း ရှိတယ်။ အဲဒီမှာ လောလောဆည် မီးလောင်မှုဖြစ်နေတယ်။ အဲဒီမီးက နာဇီကျေးရွာဘက်ကို သွားနိုင်တယ်။ လေက အဲဒီဘက်ကို တိုက်နေတယ်”
စစ်တွေမြို့တွင်းအခြေအနေက မြို့ပြင်ကျေးရွာတွေမှာထက် ပိုဆိုးတယ်လို့ သူက ပြောပါတယ်။ အကြောင်း ကတော့ မြို့တွင်း မှာက နှစ်ဘက်လူမျိုးစုတွေ နီးကပ် ထိစပ်ပြီးနေတဲ့နေရာတွေများပြီး ရွာတွေမှာကတော့ သီးခြားစီနေကြတာကြောင့်ပါ။ ပဋိပက္ခ ဖြစ်နေတဲ့ နှစ်ဘက်စလုံးက သူတို့အိမ်တွေ မီးရှို့ခံရတယ်၊ တိုက်ခိုက်ခံရတယ်လို့ အပြန်အလှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါ တယ်။ ဦးခိုင်ပြည်စိုးတို့ စုဆောင်းကောက်ယူ ထားနိုင်သလောက် စာရင်းအရကတော့ သေဆုံးသူ ၁၅ ဦးထက်မနည်း၊ ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
ပိတ်မိနေတဲ့အစ္စလာမ်ဘာသာဝင်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကားနဲ့ခေါ်ထုတ်သွားပြီး ဘယ်နေရာ မှာ ထားမှန်းမသိတဲ့ အတွက် သူတို့အခြေအနေ မသိရပေမဲ့ ရခိုင်လူမျိုးတွေအတွက် ဒုက္ခသည် စခန်း ကတော့ ၃၄ နေရာရှိပြီး  အများဆုံး ရှိနေတာက တော့ အဓိဋ္ဌာန် ဘုန်းတော်ကြီးကျောင်းဖြစ်တယ်လို့ ဦးခိုင်ပြည်စိုး က ပြောပါတယ်။
စစ်တွေမြို့အခြေစိုက် အမှတ် ၁ နဲ့ အမှတ် ၂ ရဲစခန်းတွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ အမှတ် ၁ ရဲစခန်းက ပြန်မဖြေဘဲ ဖုန်းချချသွားခဲ့ပြီး အမှတ် ၂ ရဲစခန်းကတော့ သူတို့နေရာမှာ ဘာမှ မဖြစ်ဘူးလို့ ပြောပါတယ်။
အစ္စလာမ် ဘာသာဝင် အမျိုးသမီးတဦးကတော့ သူတို့ရင်ဆိုင်နေရတဲ့အခြေအနေကို အခုလို ပြောပြခဲ့ပါ တယ်။
“မိသားစု ရှာလို့ မရတဲ့သူတွေလည်း အများကြီးပဲ၊ ဘယ်နှစ်ယောက်သေတယ်၊  ဘယ်သူသေတယ် ဆိုတာ ကို မမေးပါနဲ့၊ ကျေးဇူး ပြုပြီးတော့ပါ ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အလောင်းရှာဖို့ အချိန်လည်း မရှိဘူး။ အလောင်းရှာဖို့ဟာ ကျမတို့မှာ အပြင် မထွက်နိုင်ဘူး။ ကိုယ့်အသက် ကိုယ်ပဲ ကြည့်နေရတယ်ရှင့်။ အခုဖြစ်ပျက်နေတာက နာဇီရွာ၊ ရပ်ကွက်တွေကျတော့ မြို့ပေါ်မှာ ရှိတဲ့ ရပ်ကွက်တွေ အများကြီးပဲ၊ အဲဒီ မှာမှ ခု ကျမတို့ ရပ်ကွက်တခုပဲ ကျန်တော့တယ်။ ကျမတို့ ရပ်ကွက်က အောင်မင်္ဂလာ၊ ဒီမှာ မြို့ပေါ် ရပ်ကွက်က လူတွေ စုပြီးတော့မှ လာနေတယ်။ ကျေးဇူးပြုပြီး အစိုးရကို အကူအညီတောင်းပေးပါ။ ဒီမှာ အခြေနေက အရမ်းကြီးကို ဆိုးရွားနေပါတယ်။ စားနပ်ရိက္ခာရော ဆေးဝါးတွေရော၊ မီးလောင်ခံထားရတဲ့ သူတွေရော၊ ဒဏ်ရာရတဲ့သူတွေရော အများကြီးပဲ၊ အများကြီးပဲ”
သူတို့နှစ်ယောက် ပြောပြခဲ့တဲ့အခြေအနေတွေဟာ ဒီကနေ့ နေ့လယ်ပိုင်း ဆက်သွယ်မေးမြန်းချိန်မှာ ရှိနေတဲ့ အခြေအနေတွေပါ။
ရခိုင်တပြည်နယ်လုံးမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး စစ်တွေမှာ အရောင်းအ၀ယ်တွေ ရပ်ဆိုင်းနေတဲ့အတွက် လူထု စားရေး သောက်ရေး ဒုက္ခရောက်နေကြရပါတယ်။
ဒီအတောအတွင်းမှာပဲ ကျောက်ဖြူမြို့တရားရုံးမှာတော့ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့ အမှုကို ဒီကနေ့ ဆက်ပြီး ကြားနာစစ်ဆေးခဲ့ပါတယ်။ ကျောက်ဖြူမြို့ အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်လို့ ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကို ပြောပါတယ်။
ဒီပဋိပက္ခအခြေအနေ အားလုံးရဲ့ အစလို့ဆိုရမယ့် မသီတာထွေး အသတ်ခံခဲ့ရတဲ့ဖြစ်ရပ် အပေါ် မြန်မာ အစိုးရပိုင် သတင်းမီဒီယာ တွေက သတင်းရေးသား ဖော်ပြခဲ့တာတွေထဲမှာ ဘာသာရေးနဲ့လူမျိုးရေး အဓိကရုဏ်းကို ဦးတည်စေနိုင်တဲ့ အရေးအသားမျိုးတွေ ပါခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်နေ ပါတယ်။ ဒါ့အပြင် အဲဒီလူသတ်မှုရဲ့ နောက်ဆက်တွဲ တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေကို လူအုပ်စုက အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်အပေါ် အစိုးရသတင်းမီဒီယာတွေက သုံးနှုန်းဖော်ပြပုံကို မကျေနပ်လို့ ရန်ကုန်မှာ အစ္စလာမ်ဘာသာဝင်တွေ ဆန္ဒပြခဲ့ကြသေးပြီး နောက်တနေ့မှာ အစိုးရ သတင်း မီဒီယာတွေက ပြန်ပြီးတော့ ပြင်ဆင် ဖော်ပြပေးခဲ့ရပါတယ် ခင်ဗျာ။ရန်ကုန် (မဇ္ဈိမ) ။       ။ အကြမ်းဖက်မှုများကြောင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ကုလသမဂ္ဂ လက်အောက်ခံ ရုံးများမှ ဝန်ထမ်းများ ရခိုင်ပြည်နယ်အတွင်းမှ စတင်ထွက်ခါနေကြပြီ ဖြစ်ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်း က ပြောသည်။

unlogo“ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် လုံခြုံရေး အခြေအနေတွေ
အရေးပေါ် ဖြစ်လာရင် UN က ဝန်ထမ်းတွေက နေလိုတဲ့
ဆန္ဒ မရှိတော့ဘူးဆိုရင် ရွှေ့ပြောင်းပေးရပါတယ်။
ဒါကြောင့် အခု ရခိုင်မှာရှိတဲ့ UN လက်အောက်ခံ ရုံးအချို့
စတင် ပြောင်းရွှေ့နေပါပြီ” ဟု မဇ္ဈိမကို ပြောသည်။

ဦးအေးဝင်း အဆိုအရ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ
မြို့များတွင် UNHCR၊ UNDP နှင့် WFP ရုံးများ တည်ရှိနေပြီး ဝန်ထမ်း အရေအတွက်နှင့် ရုံးအရေအတွက် မည်မျှရှိသည်
ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထိုရုံးများမှာ အဆိုပါဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ စားနပ်ရိက္ခာ အစီအစဉ်များ ပြုလုပ်နေသော ရုံးများဖြစ်ကြောင်း သိရသည်။

ဇွန်လအတွင်း ရခိုင်ပြည်နယ် အကြမ်းဖက်မှုများတွင် ကုလလက်အောက်ခံ ရုံးများမှ ဝန်ထမ်းအနေဖြင့် တစုံတရာ အကြမ်းဖက်ခံရမှု၊ ထိခိုက်မှုများ မရှိသေးကြောင်း ဦးအေးဝင်း က ပြောသည်။ခင်ဦးသာ


ရခိုင်ပြည်နယ် အတွင်း လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ၁၀၀၀၀ ကျော် အတွက် အရေးပေါ် အစား အသောက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စစ်တွေမြို့၌ ဒုက္ခသည် ဦးရေ ၈၅၀၀ ကျော် အပြင် မောင်တောတွင် ၅၀၀၀ ကျော်ရှိကြောင်း၊ ဘူးသီးတောင် မြို့တွင်လည်း ဒုက္ခသည်များ ရှိ ကြောင်း အကူအညီပေးနေသူများက ပြောပြသည်။

စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံ၊ စာသင်ကျောင်းအပါအ၀င် စုစုပေါင်း ဒုက္ခသည် စခန်း ၃၄ ခုတွင် လက်ရှိ လူဦး ရေ ၈၅၀၀ ကျော် ရှိရာ နောက်ထပ် တိုးလာနိုင်ဖွယ် ရှိကြောင်း၊ ထို ဒုက္ခသည်များ အတွက် အစားအသောက် အရေးတကြီး လိုအပ်နေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး ကလည်း ပြောသည်။

“ထမင်းစားဖို့ ဆန်အဓိက လိုအပ်နေတယ်၊ ဒုက္ခသည် စခန်းတွေမှာ ၂ ရက်စာ စားဖို့လောက်ပဲ ရှိတော့တယ်၊ နေရာ တချို့မှာ တော့ ဒေသခံ တွေက ထမင်းထုပ်တွေ လာပို့ပေးကြပါတယ်”ဟု ၎င်းက ဆိုသည်။

စေတနာ့ အလှူရှင် တချို့က လှူဒါန်းမှုများ ရှိနေသည့်တိုင် ဒုက္ခသည် ဦးရေများသောကြောင့် လုံလောက်မှု မရှိကြောင်း၊ ပြည် နယ် အစိုးရ ထံသို့လည်း အကူအညီ တောင်းခံထားကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာ အများအပြား မီးရှို့ဖျက်ဆီး ခံလိုက်သည့်အတွက် အိုးအိမ်မဲ့ ဖြစ်သွားသည့် ဒုက္ခသည်များ အပြင် တချို့သော ဒေသခံများသည်လည်း မိမိတို့ နေရပ်ကို စွန့်ခွာ ထွက်ပြေးလာကြသည့် အတွက် ဒုက္ခသည် ဦးရေ တိုးပွားလာနေကြောင်း ဦးခိုင် ပြည် စိုးက ဆက်ပြောသည်။

မောင်တောမြို့တွင်လည်း အလိုတော်ပြည့်ကျောင်း၊ ဗဟိုကျောင်း၊ အောင်မြေ ဗောဓိ၊ ပရဟိတ ကျောင်း၊ ရဲတပ်ရင်း၂ တို့ကို ဒုက္ခသည် စခန်း ဖွင့်လှစ်ထားရာ ဒုက္ခသည် ၅၀၀၀ ၀န်းကျင်ရှိကြောင်း အလို တော်ပြည့်ကျောင်းမှ ဆရာတော်တပါးက မိန့်ကြား သည်။ ဘူးသီးတောင် အမှတ် ၁ အလယ်တန်းကျောင်းကိုလည်း ဒုက္ခသည် စခန်းဖွင့်ထားကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ် အနီး တ၀ိုက် ရှိ ငါးခူရ ၊ အလယ်သံ ကျော်၊ မင်းတပ် စသည့် ကျေးရွာများ၏ ဘုန်းကြီးကျောင်း တို့တွင်လည်း ခိုလှုံနေသည့် ဒုက္ခသည်များ ရှိပြီး ၎င်းတို့အတွက် အထောက် အပံ့များ လိုအပ်နေကြောင်း သိရသည်။

“မောင်တော မြို့ပေါ်က စခန်းတွေမှာ အစားအသောက် လုံလောက်မှု ရှိပါသေးတယ်၊ အလှုရှင်တွေ၊ နိုင်ငံတော် ကလည်းပဲ ထောက်ပံ့ ပေး ထား ပါတယ်”ဟု အလိုတော်ပြည့်ကျောင်းမှ ဆရာတော် က မိန့်သည်။

မောင်တောမြို့နှင့်ဘူးသီးတောင်ရှိ စခန်း ၆ ခုတွင် အိမ်ထောင်စု ၉၄၂ စု၊ လူဦးရေ စုစုပေါင်း ၄၁၅၄ တို့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဆန် ၁၅၉ အိတ်၊ ဆီ ၁၆၅ ပိဿာ နှင့် ဆား ၁၆၅ ပိဿာ ပေးပို့ လှူဒါန်းထားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေအိမ်များ၊ ပစ္စည်း ဥစ္စာများ ပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေသခံပြည် သူ များအတွက် အစားအသောက်၊ အ၀တ်အထည် စသည့် ပစ္စည်းများ၊ ငွေကြေး များ ပါဝင်လှူဒါန်းကြရန်လည်း သတင်းစာများတွင် ပါရှိသည်။
စစ်တွေမြို့နယ် နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေ ဇွန်လ ၁၂ ရက်နေ့
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း  ဓါတ်ပုံ- Eleven Media Group
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ပါသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ ကသဲရပ်ကွက်တွင် ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။ မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောက်ကြွမ်းလျှက်ရှိကြောင်း သိရသည်။

စစ်တွေမြို့နယ် နာဇီကျေးရွာတွင် မီးအကြီးအကျယ် လောင်ကြွမ်းနေကြောင်းနှင့် လူအချို့ ပိတ်မိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောကြားခဲ့ကြောင်း အဆိုပါနေရာအနီသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။


စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group 
နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။

စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း
ဓါတ်ပုံ- Eleven Media Group

စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း
ဓါတ်ပုံ- Eleven Media Group
နိရဉ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အခြေအနေမှာ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ပြီး ရပ်ကွက် အတော်များများ မီးစွဲလောင်နေသည်ဟု သိ ရသည်။

လက်ရှိ မီးလောင်နေသော ရပ်ကွက်များမှ ကသည်းရွာ၊ စက်ရုံစု၊ နာဇီရွာ ရပ်ကွက်များ ပါဝင်ပြီး ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်ဘက် နှင့် တစ်ဘက် အပြန်အလှန် မီးရှို့နေကြောင်း သိရသည်။

“ ဘယ်လို ပြောမလဲ။ သူ့ဘက်ကိုယ်ဘက် မီးရှို့နေကြတာပါ။ သူတို့လည်း ရခိုင် ရပ်ကွက်တွေကို လာရှို့တယ်။ ရခိုင်တွေကလည်း သူတို့ ရပ်ကွက်ကို သွားရှို့တယ်။ ဒီလို အပြန် အလှန် ဖြစ်နေကြတာပါ။ ပြောဖို့ ခက်ပါတယ်။လောင်တာတော့ လောင်နေတာပါဘဲ” ဟု ပြောသည်။

ယမန်နေ့ကလည်း ရခိုင်အမျိုးသားများနေထိုင်ရာ စံပြရပ်ကွက်ကို မွတ်ဆလင် လူအုပ်က လာရောက် မီးရှို့ခံခဲ့ရသည်ဟု သိရသည်။

စစ်တွေတွင် အခြေအနေမှာ ရှုတ်ထွေးနေပြီး အစိုးရ စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မူများ ရှိနေကြောင်း သတင်းများ ထွက်ပေါ် နေ သည်။

စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် အန်ဂျီအို တစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးမှလည်း လက်နက် သေတ္တာများ ဖမ်းဆီးရမိသည်ဆိုသော သတင်း များလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ သို့သော် လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။


ဇွန်လ (၁၂) ရက်နေ့ နေ့လည် ၂ နာရီခွဲ ၀န်းကျင်တွင် စစ်တွေမြို့ ချင်းပျံလမ်းပေါ်ရှိ ဆီရီဆီရီဟိန္ဒူ ဘုရားကျောင်းနှင့် ဘုရားကျောင်းဝန်းကျင် ရပ်ကွက်များအား ရိုဟင်ဂျာများ၏ မီးရှို့ခြင်းများခံခဲ့ရသည်။


ဓာတ်ပုံ-CJ Myanmar
ယခုအချိန်တွင် အဆိုပါနေရာများရှိ ရဲတပ်ဖွဲများနေရာတွင် တပ်မတော်မှ ၀င်ရောက် နေရာယူပြီး ရပ်ကွက်ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသက်နိုင်ရန် အကာအကွယ်များပေးနေကြောင်း CJ Myanmar မှ သိရသည်။ နိရဉ္စရာ

ယခု ဓါတ်ပုံမှာ စစ်တွေတွင် လတ်တလော ဖြစ်ပွားနေသော အရေးအခင်းမှ ဓါတ်ပုံ ဖြစ်ပါသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ယမန်နေ့က ရခိုင်အိမ် ၁၇ ဆောင် မီးရှို့ခံရကြောင်း သတင်း ရရှိသည်။

“ ရခိုင်အိမ် ၁၇ ဆောင် မီးထဲပါသွားပါတယ်။ မွတ်ဆလင်တွေက လာတိုက်တာ ဖြစ်ပါတယ်။ သူတို့အိမ်က စမီးရှို့တော့ သူတို့အိမ် ၂ဆောင် လောင်ပြီး ရခိုင်အိမ် ၁၇ ဆောင်မီးထဲပါသွားတယ်” ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ မီးရှို့မူကြောင့် တဘက်နှင့် တဘက် တိုက်ခိုက်ကြရာ ရခိုင်လူငယ် ၅ ဦးခန့် ဒဏ်ရာ ရရှိပြီး မွတ်ဆလင် တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မူမှာ ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ပေါက်တောမြို့ပေါ် ရပ်ကွက် တစ်ခု ဖြစ်သော ဘ၀ိုင်းတွင် ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

၎င်းအရေးအခင်းကို စစ်တပ်က အချိန်မှီ ၀င်ထိန်းခဲ့သဖြင့် ပြဿနာမှာ ယခုအခါ အေးအေးဆေးဆေး ဖြစ်နေကြောင်း သိရသည်။ ပေါက်တော မြို့နယ်တွင် ဘုန်းကြီးကျောင်း သုံးကျောင်း မီးတိုက် ခံရ သည်ဟု သတင်းထွက်ပေါ်နေသည်ဟု မေးမြန်းရာ သူမက မကြားရ သေးကြောင်း ပြောကြားသည်။

အသေးစိတ် သိရှိနိုင်ရန် ပေါက်တောမြို့နယ် ရတပ ရုံးကို ဖုံးဆက်ရာ ဖုံအဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး စစ်တပ်မှ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ထား သည်ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။


Banghli rioters attempt to burn and destroy the village of Dhanyawaddi where Rakhine ethnic live.




A buddhist monk injured by the attack of Banghli rioters in Dhanyawaddi village of Sittway Township


လွန်ခဲ့သော သောကြာနေ့က ကျေးရွာများ မီးရှိုခံရပြီး အသက်လု ထွက်ပြေး လာကြသော ဒုက္ခသည်များမှာ တသုတ်ပြီး တသုတ် ဘူးသီးတောင်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

မောင်တောမြို့ ခိုလုံနေကြသော ဒုက္ခသည်များ။
“ မနေ့က မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်ဘောင်က လူပေါင်း ၁၅၀ ပါတဲ့ အုပ်စု တစ်ခု ရောက်လာပါတယ်။  သူတို့ကို အခု ဘူးသီးတောင် မြို့မ အလက (၁) မှာနေရာ ချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး  လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
၎င်းနောက်ပိုင်းတွင် တစ်ခြားရောက်ရှိလာသော အုပ်စု တစ်စုမှာ လူပေါင်း ၁၃၀ ပါဝင်ပြီး ကိုင်းကြီး  ကျေးရွာမှ ဖြစ်သည်။ ၎င်းပြင် သုံးမိုင်မှ လူ ၅၀ ပါ အုပ် စု တစ်စုလည်း ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။
“ သရေကုန်ဘောင်နဲ့ ကိုင်းကြီးက လူတွေက မေယူတောင်ကို တစ်နေ့နဲ့ တစ်ည ဖြတ်ကျော်ပြီးမှ ဘူးသီးတောင်ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ လမ်းမှာ ထမင်းငတ်ခဲ့ကြတဲ့ အတွက် လူတွေက တော်တော် နွမ်နယ် ပင်ပန်းနေကြပါတယ်။ အကုန်လုံးကို မြို့မ အလက ၁ မှာ နေရာချပေးထားပါတယ်” ဟု သူက ဆက်ပြောသည်။
သရေကုန်ဘောင်ကျေးရွာတွင် လူပေါင်း ၅၀၀ ခန့်ရှိပြီး ဘေးလွတ်ရာကို ထွက်ပြေးကြရာတွင် ထိုအထဲမှ ၁၅၀ မှာ ဘူးသီးတောင်သို့ ရောက်ရှိလာပြီး ကျန်လူများမှာ မောင်တောသို့ ရောက်ရှိသွားကြောင်း ဒေသ အတွင်းက လာသော သတင်းများ အရ သိရသည်။
ယခုအခါ မောင်တောမြို့နယ်မှ ထွက်ပြေးလာသူများ အပြင် တစ်ခြား ဘူးသီးတောင်နယ်မှ ထွက်ပြေးလာသူ ရခိုင်၊ ဒိုင်းနက်၊ ဗမာ၊ သက် လူမျိုး အရေအတွက်မှာ စုစုပေါင်း ၁၅၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။
“ အခု ပြဿနာက ဘူးသီးတောင်မှာ ဆန်လုံးဝ မရှိဘူး။ စစ်တွေက သင်္ဘောမလာတာလည်း သုံးလေးရက်ရှိနေပြီဆိုတော့ ဆန်က လုံးဝ ရှားနေပြီ။ အာဏာပိုင်တွေဘက်ကလည်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူအညီ မပေးနိုင်ဘူး။ အခု ပြဿနာက ဆန်မရှိတဲ့ ပြဿနာပါ” ဟု သူက ပြောသည်။
ဘူးသီးတောင်မြို့နယ်မှာ လူဦးရေ ထူထပ်ပြီး ဒေသ အတွင်းက ထွက်သော ဆန်နှင့် မလုံလောက်သဖြင့် တစ်ခြား ဒေသများမှ ဆန်များကို မြို့နယ် အတွင်း လူထု အနေဖြင့် မှီခိုအားထားနေကြရသည်။
“ အခု ဘူးသီးတောင် UN  မှာတော့ ဆန်ရှိတယ်။ အဲဒါကို နည်းနည်း အကူအညီပေးဖို့ သွားပြောနေကြတယ်။ ရတော့ မရသေးဘူး။ တစ်ခြား ဘယ်နေရာမှ ဆန်မရှိဘူး ဖြစ်နေပါတယ်။ ဈေးဆိုင်တွေလည်း အကုန်လုံး ပိတ်ထားတယ်။ နောက်ထပ် သုံးလေးရက် အတွင်း စစ်တွေက ဆန်မလာရင် အများစု ထမင်းငတ်နိုင်တဲ့ အနေအထား ရှိပါတယ်” တခြား ကယ်ဆယ်ရေး လုပ်နေသူ  တစ်ဦးက ပြောသည်။
ဒုက္ခသည် အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့ များလာနေသဖြင့် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ဆန်များ အချိန်မှီ ဘူးသီးတောင်သို့ ရောက်ရှိအောင်  မတင်ပို့နိုင်ပါက အခြေအနေမှာ ဆိုးရွားသွားးနိုင်ကြောင်း ဘူးသီးတောင် ဒေသခံများက ပြောသည်။





487112 427372187283046 530509852 nယနေ့ဇွန်လ ၁၁ရက်နေ့ မိုးသောက်အာရုဏ်မှစ၍ လုံခြုံရေးများက အခြေအနေငြိမ်သက်ပြီဟုဆိုကာ ဆုပ်ခွာချိန်တွင် အနောက်စံပြရပ်ကွက်နှင့် ကပ်လျက်ရှိသော ဗာဆာရွာမှ ဘင်္ဂလီမူဆလင်များသည် အနောက်စံပြရပ်ကွက်အား ၀င်ရောက်မီးရှို့ခံခဲ့ကြောင်းသိရှိရသည်။
“မနက်စောစောမှာ လူတွေရဲ့အခြေအနေတွေက ငြိမ်သက်နေတော့ လုံခြုံရေးတွေကလည်း အခြေအနေငြိမ်သက်သွားပြီလို့ထင်ကြတာပေါ့၊ လုံခြုံရေးတွေ တပ်ဆုပ်သွားတာနဲ့ ဗာဆာရွာက ဘင်္ဂလီမူဆလင်တွေက ကျနော်တို့ အနောက်စံပြရပ်ကွက်ကို ခိုးဝင်ပြီး မီးရှို့တာ ရွာသားတွေ ၀ိုင်းပြီးလိုက်တော့ ထွက်ပြေးသွားတယ်၊ မီးလောင်တာနဲ့ ရွာသားတွေဝိုင်းပြီး မီးငြိမ်းနိုင်လိုက်လို့ အိမ်တစ်ဆောင်ဘဲပါသွားတာပါ”ဟု အနောက်စံပြရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက ပြောပြသည်။
ယနေ့ နံနက် ၉နာရီတွင်လည်း သံဒေါ်လီရွာမှ ဘင်္ဂလီမူဆလင်များနှင့် တစ်ခြားကျေးရွာများမှ ဘင်္ဂလီမူဆလင်များ ပူးပေါင်းပြီး စစ်တွေမြို့ တစ်ဘက်ကမ်းရှိ ရခိုင်များနေထိုင်သော ဗျိုင်းဖြူရွာကို တိုက်ခိုက်ရန် ၀ိုင်းထားကြောင်းသိရှိရသည်။
“အခု အဲဒီဗျိုင်းဖြူရွာက ပြည်သူတွေ စစ်တွေမြို့ထဲသို့ ကူးပြောင်းလာကြတယ်၊ သူတို့ကို ဆင်ကုန်းလမ်းရပ်ကွက် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ နေရာချပေးထားပါတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှပြောသည်။
စစ်တွေမြို့မှ လုံခြုံရေးများနှင့် ဒေသခံ လူငယ်များက ဗျိုင်းဖြူရွာတွင် အင်အားဖြည့်ပေးရန် သွားရောက်နေကြပြီး ယခုလက်ရှိ စစ်တွေအခြေအနေမှာ လုံခြုံရေး လုံးဝလုံလောက်မှုမရှိကြောင်းသိရှိရသည်။
ပဋိပက္ခဖြစ်နေသော ရခိုင်ပြည်နယ်
ဓာတ်ပုံသတင်း
ဇွန် ၁၁၊ ၂၀၁၂


စစ်တွေ မြင်ကွင်း (ဓာတ်ပုံ-AP)


ယနေ့ ရိုက်ကူးထားသော ပုံများ ဖြစ်သည်။


စစ်တွေ (ဓာတ်ပုံ - Getty Images)

စစ်တွေ မြင်ကွင်း (ဓာတ်ပုံ-AP)

ယနေ့ နတ်မြစ်ပေါ်က လှေတစင်း (ဓာတ်ပုံ - Getty Images)

စစ်တွေ (ဓာတ်ပုံ - Getty Images)


ရခိုင်အရေးအခင်းတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့သူဟု သံသယဖြစ်ရသူ မောင်တောတွင်နေထိုင်သည့် ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါက်တာထွန်းအောင်နှင့် အခြားသူနှစ်ဦးကို ထိန်းသိမ်းလိုက်ကြောင်း အမည်မဖော်လိုသူ အစိုးရ အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားသည်။
“ သူ့ကို ဟိုမှာပဲ စစ်ဆေးနေပါတယ်။ရန်ကုန်ကိုခေါ်မလာသေးပါဘူး” ဟု ထိုသူကပြောသည်။
အခြားသတင်းအရင်းအမြစ်တစ်ခုမှလည်း ထိုသတင်းမှန်ကန်ကြောင်း အတည်ပြုပေးသည်။
သက်သေအထောက်အထားများနှင့်အတူ လက်ရ ဖမ်းမိခြင်းဟုလည်း သိရသည်။
ဒေါက်တာထွန်းအောင်၏ သမီးဖြစ်သူကိုလည်း စစ်တွေမှရန်ကုန်သို့ လေယာဉ်ဖြင့် မထွက်ခွာမီ ထိန်းသိမ်းနိုင်ခဲ့သည်ဟုသတင်းရရှိသည်။
“စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိကြီးကပြောကြားသည်။
by-ရန်ကုန်းတိုင်းမ်..