Wednesday, June 13, 2012
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဘင်င်္ဂလီတို့ ဧ။် နယ်မြေလု အကြမ်းဖက်မူ သတင်းများ
ဘင်္ဂလီလူမျိုးများ မီးရှို့မှုကြောင့် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်များ မီးလောင်ကျွမ်းနေပုံ
စစ်တွေမြို့ကျောင်းကြီးလမ်း အောင်မင်္ဂလာရပ်ကွက်အနီးတွင် ဘဂါင်္လီများမှာ ၄င်းတို့နေအိမ်များကို ၄င်းတို့ကိုယ်တိုင်မီးရှို့သဖြင့် ယခုအခါ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းနေကြောင်း၊ အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံရခိုင်တိုင်းရင်းသားများက မီးငြှိမ်းသတ်နေကြစဉ် ဘဂါင်္လီများက သေနတ်များဖြင့် ပစ်ခတ်နေကြကြောင်း၊ ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အယောက် ၃၀ ခန့် ရောက်ရှိလာကာ ဘင်္ဂါလီများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်နေကြကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့ ထားကြောင်း The Voice Weekly - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
စစ်တွေမြို့ ဓညဝတီရပ်ကွက် ကုန်သည်လမ်းတွင် လုံခြုံရေး ကင်းလှည့်နေသော တပ်မတော်သားများကို တွေ့မြင်ရစဉ် ဓါတ်ပုံ- The Voice Weekly
စစ်တွေမြို့ချင်းပျံလမ်းရှိ ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော ဘင်္ဂါလီလူမျိုးများအား စစ်တပ်မှ ၀င်ရောက် ထိမ်းသိမ်းရာတွင် ဘင်္ဂါလီလူမျိုးများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ၀င်ရောက်ထိမ်းသိမ်းလာသူ တပ်မတော်သားတစ်ဦးမှာ ထိခိုက်ဒါဏ်ရာရ ရှိသွားပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ဆူပူအကြမ်းဖက်မှု ခေါင်းဆောင်သူဟု ယူဆရသူတစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့မှုတို့ကို ဦးစီး လုပ်ဆောင်နေသူဟုယူဆရသည့် ကျန်းမာရေးထောက်ပံ့မှုများကို အဓိကလုပ်ဆောင်နေသော နိုင်ငံတကာ အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်ကို သက်ဆိုင်ရာက ဇွန်လ ၁၂ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ၄င်း၏နေအိမ်နှင့်ရုံးကိုပါ ဆက်လက် စုံစမ်းရှာဖွယ်လျက်ရှိကြောင်း သက်ဆိုင်ရာထံမှ စုံစမ်းသိရှိရသည် The Voice Weekly - Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
The Voice Weekly
အောင်မင်္ဂလာရပ်ကွက်ရှိ မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်များ။
စစ်တွေမြို့ အဓိဌာန် ဘုန်းတော်ကြီးကျောင်းအနီး ရွာသာယာကျေးရွာကို ဘင်္ဂါလီများဝင်ရောက်မီးရှို့ဖျက်ဆီးနေရာ အဆိုပါမီးလောင်မှုကို လာရောက်ကူညီငြှိမ်းသတ်ပေးသူ စစ်တွေမြို့မင်းဂံရပ်ကွက်မှ ဦးလှဌေးမှာ ပွဲချင်းပြီိး သေဆုံးသွားပြီး ဒဏ်ရာရသူများစွာလည်း ရှိကြောင်း စစ်တွေမြို့သို့ရောက် ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါကျေးရွာတွင် မီးလောင်နေသည့်အပြင် မီးရှို့သူဘဂါင်္လီများနှင့် ရခိုင်တိုင်းရင်းသားများအကြား ပဋိပက္ခများ လည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ဒေသခံများကိုယ်တိုင် ကာကွယ်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် လုံခြုံရေးအားနည်း လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူများက ပြောကြားသည်။
The Voice Weekly
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်
ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။
ရန်ကုန်မြို့သို့ ယနေ့နေ့လည် လေကြောင်းခရီးဖြင့် ပြန်လည်လိုက်ပါလာမည်ဟုလည်း
Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
သွားဆရာဝန်တဦးသာဖြစ်ပြီး ခုအခါ မောင်းတော န.စ.ကမှ ထိန်းသိမ်းကာ ဆက်လက်
စုံစမ်းစစ်ဆေးနေဆဲဟုသိရပါသည်။
ဘင်္ဂါလီ ရိုဟင်ဂျာများကြောင့် မီးလောင်ကျွမ်းနေသော ကျောင်းကြီးလမ်း ရပ်ကွက် နှင့် နာဇီရပ်ကွက် မြင်ကွင်းအား နေ့လည် ၂း၃၀ နာရီခန့်က တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင့် မီးလောင်ကြွမ်းမှုမှာ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။
အလားတူ စစ်တွေမြို့ ဖေရာလမ်းရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းနှင့် အိမ်များအား ရိုဟင်ဂျာ ဘင်္ဂါလီများက မီးရှို့လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာပြီဖြစ်ကြောင်း Eleven Media Group သတင်းထောက်က မွန်းလွဲ ၂ နာရီတွင် သတင်းပေးပို့ထားကြောင်း Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်းရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့နေသည့် အတွက် လုံခြုံရေးများ ရောက်ရှိလာစဉ်  ဓါတ်ပုံ- Eleven Media Group
ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက် ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး ထွက်ပြေးရန် ဆောင်ရွက်နေကြောင့် ရခိုင်လူမျိုများက လိုက်လံ ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။
"အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်းရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ ခဲ့ကြောင်း  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီများက ကျောင်းကြီးလမ်း ရပ်ကွက်တွင် ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့ထားသည်ကို တွေ့ရစဉ်  ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း  ဓါတ်ပုံ- Eleven Media Group
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ပါသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ ကသဲရပ်ကွက်တွင် ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။ မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောက်ကြွမ်းလျှက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ် နာဇီကျေးရွာတွင် မီးအကြီးအကျယ် လောင်ကြွမ်းနေကြောင်းနှင့် လူအချို့ ပိတ်မိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောကြားခဲ့ကြောင်း အဆိုပါနေရာအနီသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group 
နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း
ဓါတ်ပုံ- Eleven Media Group
စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း
ဓါတ်ပုံ- Eleven Media Group
11 JUN 2012  | BY 7DAY NEWS
ယနေ့ ဇွန်လ ၉ ရက် နံနက် ၁၁နာရီက ကျောက်နီမော် ကျေးရွာသို့ အစိုးရမှ ဖွဲ့စည်း လိုက်သော စုံစမ်း စစ်ဆေးရေး အဖွဲ့မှ ရခိုင်ပြည်နယ် ထောင် အုပ်စုမှူး၊ ညွှန်ကြား ရေးမှူး ဗိုလ်မှူးကျော်ခင် ရောက်ရှိလာပြီး ကျေးရွာ ဥက္ကဌ ဦးသန်းထွန်း၏ နေအိမ်တွင် ရွာသူရွာသားများကို စုရုံးစေကာ ရခိုင်နှင့် အစ္စလာမ် ဘာသာဝင်ဘင်္ဂါလီတို့အကြား လက်ရှိဖြစ်ပွားနေသော ပြဿနာ အခြေအနေအရပ်ရပ်ကို ကျေအေးကြရန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ ထို့နောက် ဗိုလ်မှူးကျော်ခင် သည် သေဆုံးသူ မသီတာထွေး၏ မိခင်ဖြစ်သူအား ခေါ်ယူ၍ အစိုးရ၏ ထောက်ပံ့ဂရုဏာကြေးသဖွယ် ငွေကျပ် ၁၅ သိန်းကိုပေးအပ်ရာ မသီတာထွေး၏ မိခင် က ငြင်းဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ယင်းငွေကျပ် ၁၅ သိန်းကို ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကို ပေးအပ်ရာ ဦးခင်မောင်မြင့်ကလည်း လက်မခံဘဲ စံပြကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပေးအပ်စဉ် တွင် ရွာသူရွာသားများက လက်မခံသဖြင့် ယင်းငွေများကို ဗိုလ်မှူးကျော်ခင် ထံသို့ ပြန်လည်ပေး အပ် ခဲ့ကြောင်း ကျောက်နီမော်ကျေး ရွာမှ ဒေသခံ တစ်ဦးက ပြောပြသည်။ ““လက်ခံလိုက်တာ မကောင်းဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ အခု ဥက္ကဌ ဦးသန်းထွန်းက ဗိုလ်မှူးကျော်ခင်ကို ညစာကျွေး ဖို့ ပြင်ဆင်နေပါ တယ်”” ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။
by Mizzima မဇ္ဈိမ
နေမျိုး | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်၍ ပစ္စည်းလုယူမှုနှင့် ပတ်သက်၍ ကျောက်ဖြူ ခရိုင်တရားရုံး၌ ဒုတိယနေ့ကြားနာ စစ်ဆေးခြင်းကို တနင်္လာနေ့က ပြုလုပ်ခဲ့သည်။
ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် ခါးဝတ်ပုဆိုးဖြင့် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့၍ ယခုရုံးချိန်းတွင် ကျန်ရှိသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးနှင့် တရားလိုပြ သက်သေ ကိုးဦးတို့အား စစ်ဆေးမှုကို ခရိုင်တရားသူကြီးဒေါ်ဌေးဌေးကြည် က ကြားနားခဲ့ခြင်း ဖြစ်သည်။
သက်သေများ စစ်ဆေးမှုကို ရုံးချိန်ကုန်ဆုံးသည်အထိ မပြီးဆုံးနိုင်ခဲ့၍ နောက်ရက်များတွင် ဆက်လက်စစ်ဆေး ကြားနာရမှာဖြစ်ကြောင်း တရားရုံးသို့ သွားရာက်လေ့လာခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“ကျန်တဲ့တရားခံများကို ဒီနေ့စပြီး ရုံးတင်တယ်။ သက်သေတွေ စစ်တယ်။ သက်သေတွေ စစ်နေတုန်း ၆ ယောက်၊ ၇ ယောက်လောက် ပြီးသွားပြီ။ တရားရုံးနားမှာ ကျနော်တို့လည်း လာလေ့လာနေတာ။ ကျောက်ဖြူခရိုင် ဥပဒေ အရာရှိကတော့ ဦးစောမြ။ တရားခံဘက်က ရှေ့နေက အထက်တန်းရှေ့နေ ဦးဘမောင်” ဟု ပြောသည်။
တရားလိုပြ သက်သေများ စစ်ဆေးပြီးမှ သက်ဆိုင်ရာပုဒ်မများဖြင့် စွဲချက်တင်နိုင်မှာ ဖြစ်ကြောင်း ဆက်ပြောသည်။
“အကြောင်းခြင်းရာက ပစ္စည်းလုတယ်၊ မုဒိန်းကျင့်တယ်။ လူသတ်တယ်။ ဒီ ကလေးမလေးဆီက ရွှေတွေ ငွေတွေ လုယူတယ်။ ဒီကလေးမကို မုဒိန်းကျင့်တယ်။ သတ်လိုက်တဲ့အမှုရယ်။ ပြစ်မှု သုံးမှု။ အဲဒီပြစ်မှုတွေထဲမှာ သေဒဏ် ကျထိုက်တဲ့ အမှု ပါတဲ့အတွက်ကြောင့် တဘက်က ရှေ့နေမပါဘဲ အမှုစစ်လို့မရဘူး။ သူ့မိသားစု ဘက်ကလည်းရှေ့နေ ငှားရမ်း မဖြစ်တော့ကာ နိုင်ငံတော်စားရိတ်နဲ့ ရှေ့နေ ငှားပေးတယ်” ဟု ကိုယ်တိုင် ရှေ့နေကြီးတဦးဖြစ်သည့် ဦးဘရှိန် က ပြောသည်။
ကြားနာမှု ပြုနေစဉ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ချထားသည့်အပြင် မိုး အနည်းငယ် ရွာသွန်းနေသော်လည်း တရားရုံးတော်သို့ စိတ်ပါဝင်စားသူ ဒေသခံလူ ၁၀၀ ခန့်နှင့် အာဏာပိုင်များ၊ နိုင်ငံရေးပါတီများ ရုံးတော်သို့ လာရောက် နားထောင်ခဲ့ကြသည်။
“ရွာထဲကလည်း တော်တော်လာ နားထောင်ကြပါတယ်။ ပါတီကလည်း လာကြတယ်။ ရပ်မိရပ်ဖတွေကလည်း လာကြပါတယ်။ အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဖေ၊ ပြည်နယ် ဝန်ကြီးဦးအောင်သန်းလည်းရောက်လာပါတယ်။ ရုံးကတော့ မနက်ဖြန်ထပ်ချိန်းမှာ သေချာတယ်” ဟု ဦးဘရှိန် က ပြောသည်။
မသီတာထွေး အမှု အပါအဝင် ရခိုင်ပြည်နယ်တွင်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ တရားဥပဒေအရ လျှင်မြန်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများ၊ နိုင်ငံရေးပါတီများနှင့် သမ္မတနှင့် အစိုးရထုတ်ပြန်ချက်များအရ လိုလားနေကြသည့် အလျောက် ဤအမှု မှန်ကန် လျှင်မြန်စွာ အရေးယူဆောင်ရွက်ပြီးစီးရန် လိုအပ်နေသည်။
“တရားစွဲဆိုသည့် အဖွဲ့အစည်းများဖြစ်သည့် ဥပဒေရုံး၊ ရဲတပ်ဖွဲ့တို့က စစ်ရမယ့် သက်သေတွေကို တရားခွင်ထဲ မြန်မြန် ထက်ထက်ရောက်နိုင်အောင် အကူအညီပေးဖို့တော့ သူတို့မှာ အဆင်သင့်ပြင်ထား တယ်ဆိုတာ ကျနော်တို့တွေ့ရပါ တယ်” ဟု ၎င်း လေ့လာ တွေ့ရှိရသည်ကို ဦးဘရှိန် က ပြောသည်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် မသီတာထွေး  အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး မသင်္ကာသူ သုံးဦးကို ထိုနေ့ညမှာပင် ဒေသခံ ရဲစခန်းမှ ဖမ်းဆီးထားခဲ့သည်။
သို့သော် ထိုအဖြစ်အပျက်မှ စတင်ခဲ့သည့် လူမျိုးရေး တင်းမာမှုများမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့၌ ခရီးသွား အစ္စလာမ်ဘာသာဝင် ၁ဝ ဦးအား ဒေသခံများက သတ်ဖြတ်မှုအထိ ဖြစ်ပွားခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား ဖြစ်ရပ်အမှန် ဖော်ထုတ် နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးဆောင်သော ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းထားသည်။
ဇွန်လ ၈ ရက်နေ့တွင် မူဆလင် အများစု နေထိုင်ရာ မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားလာ၍ ဘူးသီးတောင်မြို့နှင့်အတူ ညမထွက်ရ၊ လူမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ရသည်။
ထိုမှတဆင့် အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ကူးစက်ပြန့်နှံ့လာကာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် ရမ်းဗြဲ မြို့များ တွင်လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ဆူပူ အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာ၍ ပုဒ်မ ၁၄၄ ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတော့သောကြောင့် သမ္မတ ဦးသိန်းစိန်သည် “အရေးပေါ် အခြေအနေ” ကို ဇွန်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ညနေပိုင်းတွင် ထုတ်ပြန်လိုက်ပြီး နယ်မြေ အေးချမ်းတည်ငြိမ်ရေးအတွက် စစ်တပ်မှ ပါဝင်ဆောင်ရွက်နေသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက် အကြမ်းဖက်ရန် လွန်ခဲ့သော ခြောက်လခန့်ကပင် ဘင်္ဂါလီ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် သမားများက အကွက်ကျကျ ဖန်တီးစီမံခဲ့ကြခြင်း ဖြစ်။
ဘင်္ဂါလီရိုဟင်များ လွန်ခဲ့သော ခြောက်လခန့်ကပင် စနစ်တကျ စစ်ရေး ပြင်ဆင်မှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်းကို ၂၀၁၂ ခု ဇန်န၀ါရီလ ၈ ရက် နေ့စွဲဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ The Somokal သတင်းဌာနက အောက်ပါအတိုင်း ရေးသား တင်ပြထားသည်။
ရိုဟင်ဂျာ စစ်သွေးကြွ အုပ်စုများ ပေါင်းစည်း။ခိုင်လုံသော သတင်းရင်းမြစ်များအရ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ သန်း ငါးရာ ကို လက်နက် ခဲယမ်းမီးကျောက်များ ၀ယ်ယူရန် စုဆောင်းနေကြသည်။
အဆိုပါ သတင်းအရ Rohingya Solidarity Organization (RSO), ရိုဟင်ဂျာ အဖွဲ့ ဖြစ်သော Arakan Movement, Arakan People’s Freedom Party အမည်ခံထားသည့် ရိုဟင်ဂျာ အဖွဲ့ နှင့် Arakan Rohingya National Organization (ARNO) တို့သည် အဖွဲ့အစည်း တစ်ခုတည်း အဖြစ် ပေါင်းစည်း လှုပ်ရှားနေကြသည်။
ရိုဟင်ဂျာ အကြမ်းဖက်သမားတို့၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့်
ဒေါက်တာ ၀ါကာအူဒင်း Wakar Uddin  (ထိုင်နေသူ၊ ၀ဲမှ ဒုတိယမြောက်)၊
မိုဟာမက် ယူနွတ် Muhammad Yunus, (ရပ်နေသူ) တို့အား တွေ့ရစဉ် 
ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သည့် RSO ဥက္ကဋ္ဌ Dr Muhammad Yunus၊ ရိုဟင်ဂျာ ခေါင်းဆောင် များ ဖြစ်ကြသော Dr Wakar Uddin, Abul Fayaz Zilani, Nurul Islam, Salamat Ullah, Muhammad Shafi Ullah, Nazmul Alam, တို့သည် ဆော်ဒီ အာရေဗျနိုင်ငံ ရိယာ့ဒ် မြို့တွင် အစည်း အဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး Arakan Rohingya Union (ARU) ဟူသည့် တစ်ခုတည်းသော အလံအောက်တွင် ရိုဟင်ဂျာ စစ်သွေးကြွများ အားလုံး စစ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြသည်။ ပေါင်းစည်းလိုက်သော အဖွဲ့သစ်၏ တာဝန်ခံများ အဖြစ် Dr Muhammad Yunus, Abul Fayaz Zilani, and Nurul Islam တို့ကို တာဝန် ပေးအပ်ခဲ့ကြသည်။
ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင်ကြီး Nurul Islam
အဆိုပါ အစည်းအဝေးပြီးနောက် များမကြာမီပင် ထိပ်တန်း ခေါင်းဆောင်များ အနေဖြင့် ရန်ပုံငွေများ ရှာဖွေခဲ့ကြပြီး လက်နက် ခဲယမ်း မီးကျောက်များ ၀ယ်ယူ စုဆောင်းခဲ့ကြကြောင်း အဆိုပါ သတင်းရင်းမြစ်အရ သိရသည်။
ရိုဟင်ဂျာ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သော Salamat Ullah သည် လွန်ခဲ့သော ဒီဇင်ဘာလ အတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဒေသ Chunoti တွင် ရိုဟင်ဂျာ စစ်သွေးကြွများကို ဦးဆောင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် Nazmul Alam သည် ရိယာ့ဒ်မှ ဘန်ကောက်သို့ သွားရောက်ခဲ့ပြီး Abu Siddiq Arman မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဧရိယာ၏ coordinator အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ထို့ပြင် ရိုဟင်ဂျာ စစ်သွေးကြွများ၏ ထိပ်ပိုင်း ခေါင်းဆောင်များမှာ ကော့ဘဇားတွင် အခြေစိုက်လျက်ရှိကြသည်။ ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင် တစ်ဦးဖြစ်သော Nur Muhammad ကို လွန်ခဲ့သော ရက်အနည်းခန့်က ကော့ဘဇားမြို့တွင် ခြေရာခံမိခဲ့သေးသည်။
မကြာသေးမီ နှစ်များက ရိုဟင်ဂျာ စစ်သွေးကြွ အုပ်စုများမှာ အုပ်စုငယ်များ အဖြစ် ကွဲပြားနေကြသော်လည်း ယခုအခါ တစ်ခုတည်းသော အလံအောက်တွင် စုရုံးမိကြပြီး ရံပုံငွေများ စုဆောင်း ရရှိနေပြီဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ စစ်သွေးကြွများ အနေဖြင့် တရားမ၀င် မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊ လူကုန်ကူးခြင်း၊ နှင့် တရားမ၀င် လက်နက် ရောင်းဝယ်ခြင်းများကို လုပ်ဆောင်လျက် ရှိကြသည်။ ယခင် သတင်းပတ်က ဆိုလျှင် ရိုဟင်ဂျာ လက်နက် ရောင်းဝယ်သူ တစ်ဦးကို Gorzonia ဧရိယာတွင် AK-47 လက်နက် ဖြင့် ဖမ်းမိခဲ့သေးသည်။ အဆိုပါ လက်နက်ကို တာကာငွေ သုံးသိန်းခွဲဖြင့် ၀ယ်ယူခဲ့ပြီး တာကာ လေးသိန်းဖြင့် ပြန်လည် ရောင်းချရန် ဖြစ်သည်ဟု ဖမ်းမိသူက ပြောသည်။
ရိုဟင်ဂျာ စစ်သွေးကြွတို့ အနေဖြင့် NGO Operation များ ကို အကြောင်းပြုပြီး ရံပုံငွေများ ရရှိထားကြောင်း တစ်ခုမကသော သတင်းရင်းမြစ်များက အတည်ပြုကြသည်။ အဆိုပါ Operation များမှ နေ၍ တာကာငွေ သန်း ၂၅၀ ခန့်ကို ဘင်္ဂလားဒေ့ရှနိုင်ငံ ကော့ဘဇားနှင့် ဘင်ဒရိုဘင် ဒေသများ တွင် Muslim Aid, ကရုဏာ၊ Imam Muslim, Darul Ansar, Sammannito Manabik Uddyog စသဖြင့် လူမှုရေး အမည်အမျိုးမျိုးတပ်ပြီး စုဆောင်းထားကြသည်။
ငွေကြေးများကို ဘာသာရေး အဖွဲ့အစည်းများစွာနှင့် စစ်သွေးကြွများထံသို့ ဟွန်ဒီများမှ တစ်ဆင့် လွှဲပေးကြသည်။ မကြာသေးမီက စုံစမ်းစစ်ဆေးမှုများ အရ ကော့ဘဇားခရိုင် Zhilongza ရှိ Imam Muslim Islamic Centre မှ စစ်သွေးကြွများ ၏ ငွေကြေး အထောက်အပံ့များဖြင့် လည်ပတ်နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်း၏ ဒါရိုက်တာ Hafez Sala-ul Islam မှာ RSO- ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး စစ်သွေးကြွ အဖွဲ့၏ chief coordinator ဖြစ်သည်။  စုံစမ်းမှုများအရ စစ်သွေးကြွမှုများ၏ လှုပ်ရှားမှုများကို စစ်တကောင်းနှင့် ကော့ဘဇားတို့တွင် မွတ်စလင် စာသင်ကျောင်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နှင့် NGO များမှ တစ်ဆင့် ဆောင်ရွက်နေကြသည်ဟု သိရသည်။
RSO စစ်သွေးကြွ အဖွဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေးမှုးဟောင်း ဖြစ်သော Salamat Ullah မှာ ကော့ဘဇားခရိုင်၊ Kalatali တွင် Adarsha shikha Niketon အမည်ဖြင့် မွတ်စလင် စာသင်ကျောင်းတစ်ခု ဖွင့်လှစ်ထားသည်။ RSO စီအီးစီ အဖွဲ့၏ ဒုဥက္ကဌ ဖြစ်သော Muhammad Zaber နှင့် အဖွဲ့ဝင် Nur Muhammad တို့မှာလည်း ထိုကျောင်းတွင် တာဝန် ထမ်းဆောင်နေကြသည်။ ရိုဟင်ဂျာ စစ်သွေးကြွတို့သည် ကော့ဘဇားရှိ ဒုက္ခသည် စခန်း နှစ်ခုကိုလည်း သူတို့၏ နက်ဝပ် များအဖြစ် အသုံးပြုနေကြသည်။  တရားမ၀င် နေထိုင်ကြသည့် စစ်သွေးကြွများမှာ ဒုက္ခသည် စခန်းများမှ နေ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန် အကွက်ကျကျ စီစဉ်နေကြသည်။ ထို ဒုက္ခသည် စခန်းများမှ သိသာ ထင်ရှားသည့် စစ်သွေးကြွများမှာ Ali Zohar, Haji Fazal, Rafiq Ahmad, Hafiz Nayan, Lalu Daktar, Shamsu Majhi, Hafiz Zalal, Moulana Shafiullah, Nurul Haque Mazhi, Nur Mohammad, Abdul Rashid, Mohammad Sayed, Abu Qader, Abu Yahiya, Hamid, Ruhul Amin နှင့်  Abdullah Mohammad တို့ ဖြစ်ကြသည်။
စစ်သွေးကြွ သုံးရာခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘာသာရေး လုပ်ငန်း ဆောင်ရွက်သူများ အသွင်ဆောင်လျက် မြေအောက်လှုပ်ရှားနေကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အများစုမှ အာဖဂန်နစ္စတန်တွင် စစ်သင်တန်း တက်ရောက်ခဲ့သူများ ဖြစ်ကြသည်။
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့အနေဖြင့် ဒုက္ခသည် စခန်းများ အတွင်းတရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်လိုကြောင်း၊ သို့သော် ဒုက္ခသည် စခန်းများရှိ နိုင်ငံတကာ အဖွဲ့အစည်းများ ကြောင့်  လုပ်ဆောင်ရ ခက်ခဲကြောင်း၊ လွန်စွာ တိကျသော သတင်းမရရှိဘဲ ဒုက္ခသည် စခန်းများကို စီးနင်း သိမ်းပိုက်ခြင်းများ လုပ်ဆောင်ရန် မလွယ်ကူကြောင်း ကော့ဘဇား ခရိုင် ဒုတိယ ရဲမှူးကြီး Chatradhor Tripura က ပြောသည်။ အဆိုပါ အခြေအနေများကို ရိုဟင်ဂျာ အကြမ်းဖက် သမား terrorists များက အမြတ်ထုတ် အသုံးချနေကြခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။
ဤကဲ့သို့ ဘင်္ဂလီရိုဟင်ဂျာများက အကွက်ချ စီစဉ် နေခြင်းကို လွန်ခဲ့သော ခြောက်လခန့် (၂၀၁၂ ဇန်န၀ါရီ ၈ ရက်) နေ့ ကတည်းကပင် အောက်ပါ သတင်းတွင် မူရင်း ဘင်္ဂလီဘာသာဖြင့် ရေးသား ဖော်ပြခဲ့ပြီး ဖြစ်သည်။
ဇွန်လ ၁၁ ၊ ၂၀၁၂ ၊ YPI
စစ်တွေမြို့ပြင်တွင် ဖြစ်ပွားသည့် အဖြစ်အပျက်၌ အကြမ်းဖက်သူများဘက်မှ RPG ပခုံးထမ်းလောင်ချာ ဖြင့်ပစ်ခတ်မှုရှိခဲ့သည်ဟု စစ်တွေမြို့ခံ များက ပြောသည်။
ယနေ့တနေ့လုံး စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရမှုနှင့် အပြန်အလှန်ပစ်ခတ်မှုများ အတွင်း အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။
စစ်တွေ အပါအ၀င် မြို့နယ်၎ ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ပုဒ်မ (၁၄၄) အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ် တခုလုံးကိုမူ အရေးပေါ် အခြေအနေကြေညာထားသည်။ ။
ည ၇နာရီ ၄၅၊ ၂၀၁၂၊ YPI
မကြာမီရက်ပိုင်းက မောင်တောမြို့၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုများကို စတင်မီးမွှေးရာတွင် ပါဝင်သူဟု သင်္ကာမကင်းသူ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို မောင်တောမြို့၌ ဖမ်းဆီးစစ်ဆေးနေသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။
ဆူပူ အကြမ်းဖက်မှု စတင်ဖြစ်ပွားသည့် ဇွန်လ ၈ ရက်နေ့က မောင်တောမြို့ကုလ သမဂ္ဂ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်က တောင်ကုတ်မြို့တွင် အမည်မသိ လူအုပ်စု၏ သတ်ဖြတ်မှုခံရသူများ အတွက် ဆုတောင်းရန် အာဏာပိုင်များထံ ခွင့်တောင်းခဲ့သည်ဟု ဆိုသည်။
၎င်းက မည်သည့်ပြဿနာမှ မဖြစ်ပွားစေရန် အာဏာပိုင်များထံ ကတိပေးခဲ့ကြောင်းလည်း မောင်တောမြို့ခံက ပြောသည်။
၎င်းနောက် ဇွန်လ ၈ ရက်နေ့နေ့လည် ဆူပူ အကြမ်းဖက်မှုများ စတင်လာသည့်နောက် ဆုတောင်းခွင့်တောင်းခံသူ ဒေါက်တာထွန်းအောင် အားဖမ်းဆီး စစ်ဆေးလျှက်ရှိခြင်းဖြစ်သည်။
၎င်း၏ သမီးဖြစ်သူ ဒေါ်မြနန္ဒာအောင်အားလည်း စစ်တွေမြို့မှ ရန်ကုန်သို့ ပြန်လာရန် ပြင်ဆင်နေစဉ် စစ်တွေလေဆိပ်၌ ထိန်းသိမ်းလိုက်ကာ စစ်မေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ။
Yangon Press International
မြန်မာပြည်သူများ အနေဖြင့် ဘင်္ဂလီ ရိုဟင်ဂျာ စစ်သွေးကြွများ၏ လှုပ်ရှားမှုများကို  အသေးစိတ် သိရှိစေရန် အတွက် ယခုကဲ့သို့ မြန်မာဘာသာဖြင့် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။
Counter Check လုပ်လိုသူများ အနေဖြင့် Google Translate သို့ သွားရောက်ပြီး ဘင်္ဂလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ဖတ်ရှုနိုင်ကြပါသည်။ အသေးစိတ် နားလည်နိုင်မည် မဟုတ်သော်လည်း Rakkhapureans တွင် ဖော်ပြထားချက်များ၏ မူရင်း ဘင်္ဂလီဘာသာ သတင်းဖြစ်သည်ကို  ရိပ်စားနိုင်ကြမည်ဟု ယုံကြည်ပါသည်။
ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင်ကြီး Nurul Islam (၀ဲစွန်)
by We are Rakkhapureans
ရခိုင်ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များ တာဝန်ထမ်းဆောင်နေစဉ်
ရခိုင်ပြည်နယ် ပေါက်တောမြို့ နောက်ဆုံးရသတင်းများ (ဇွန် ၁၁)
၁၆၃၀ နာရီချိန်တွင် ဘုံဝန်ချောင်းအနောက်ဝစုကျေးရွာမှ ဘင်္ဂါလီလူမျိုး (၁၈၀၀)ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ ရခိုင်တိုင်းရင်းသား (၂၀၀၀)ခန့်တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။
ယင်းသို့ ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သော်လည်း တား၍ မရခဲ့ပေ။ ၄င်းနောက် ၁၇၀၀ နာရီချိန်တွင် တပ်မတော်ကို အုပ်ချုပ်မှုအာဏာလွှဲပြောင်းပေးခဲ့ရာ ယင်းအုပ်စု (၂)စု အကြားတွင် တပ်မတော်မှ တံတိုင်းကာ၍ စည်းများ သတိပေးပြောကြားကာ တားမြစ်ခဲ့သည်။
သို့သော်လည်း နှစ်ဘက်စလုံးမှ နောက်မဆုတ်ဘဲ တစ်ဘက်နှင့်တစ်ဘက် မီးရှို့ထားသော ဓါတ်ဆီ ပုလင်းများ၊ ခဲများဖြင့် ပစ်ခတ်ကာ ဆက်တက်လာခဲ့သည်။ နှစ်ဘက်စလုံးအား တက်မလာဘဲ နောက်ဆုတ်ကြရန် ထပ်မဲ ပြောကြားခဲ့သော်လည်း လက်မခံဘဲ တက်လာကြသဖြင့် တပ်မတော်မှ ပစ်ခတ်ရှင်းလင်းခဲ့သည်။
ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင်း ဘင်္ဂါလီလူမျိုး ၁၀ ဦး(၁ ဦးစိုးရိမ်ရ၊ ၉ ဦး မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား (၄)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
http://www.etl.gov.bd/ , http://www.786info.net/ , http://www.romaidi.com/ 
  အစရှိသော ရိုဟင်ဂျာဆိုက်များကို myanmarblinkhackersgroup မှ တိုက်ခိုက်ပြီးသကာလ..မြန်မာနိုင်ငံတော်အလံနှင့်သီချင်းကိုလွှင့်တင်ထားကြေင်း
သိရှိရပါသည်ခင်ဗျာ။
စစ်တွေ စိုးရိမ်ရဆဲ အနေအထားတွင် လုံခြုံရေးအင်အား မလုံလောက်
စစ်တွေမြို့တွင် လုံခြုံရေးတပ်သားများကို ဇွန် ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် စိုးရိမ်ရဆဲ အနေအထား ရှိနေပြီး အဓိကရုဏ်းများ တားဆီးနိုင်ရန် လုံခြုံရေးအင်အား မလုံလောက်ဟု မြို့ခံများနှင့် ယင်းဒေသတွင် ရောက်ရှိနေသော သတင်းထောက်များက ပြောသည်။
စစ်တပ်၊ လုံထိန်းနှင့် ရဲအင်အား ၇၀၀ ကျော် အသုံးပြု ချထားသော စစ်တွေမြို့ပေါ် နေရာတချို့တွင် ရခိုင်နှင့် ဘင်္ဂါလီတို့၏ နေအိမ်များ မီးလောင်ခဲ့ကာ စစ်တွေမြို့ပေါ်တွင် မီးခိုးများ နေရာအနှံ့မြင်နေရကြောင်း၊ မြို့ခံများ၏ အသက်နှင့် အိုးအိမ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထား ပေးစေလိုကြောင်း ပြောဆိုနေကြသည်။
“လုံခြုံရေး တပ်တွေက အရေးကြီး အချက်အချာ ကျတဲ့နေရာတွေမှာပဲ ချထားတော့ ရပ်ကွက်တွေထဲမှာ ရှိနေတဲ့ ရခိုင်တွေက သူတို့ကို အန္တရယ်မပြုနိုင်အောင်၊ သူတို့အိမ်တွေ မီးရှို့မခံရအောင် သူတို့ရပ်ကွက်ထဲမှာ လုံခြုံရေးတွေ ရှိနေစေချင်ကြတယ်” ဟု စစ်တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ဧရာဝတီသို့ ပြောသည်။
သမ္မတက အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးနောက် ဘင်္ဂါလီများဘက်က တိုက်ခိုက်သဖြင့် ရခိုင် ၁၂ ဦး သေဆုံးပြီး အဓိကရုဏ်း ဖြစ်ပွားစဉ် ရခိုင်များက ပြန်လည်ခုခံရာ ဘင်္ဂါလီ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့လည်း ရှိကြောင်း စစ်တွေ မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ရရှိသော စာရင်းများကို ကိုးကား၍ သူက ဆက်ပြောသည်။
ယနေ့တွင် စစ်တွေမြို့နယ် ကျောင်းကြီး၊ နာဇီနှင့် ဓညဝတီရပ်ကွက်များနှင့် မြို့ပေါ်ရှိ နေရာတချို့တွင် ဘင်္ဂါလီများက ၎င်းတို့အိမ်များ အပါအဝင် ရခိုင်နှင့် တခြားတိုင်းရင်းသားများ နေထိုင်သော အိမ်များကို ဆက်တိုက် မီးရှို့မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့များ သွာရောက်ထိမ်းသိမ်းနေရကြောင်း စစ်တွေမြို့ပေါ်ရောက်ရှိနေသော သတင်းထောက်များထံမှ သိရသည်။
“ဘင်္ဂါလီတွေက အသက် ၁၀ နှစ် ဝန်းကျင်လောက်ရှိတဲ့ ကလေးတွေကို ခိုင်းတာ တွေ့နေရတယ်။ သူတို့အိမ်တွေကိုလည်း မီးရှို့တယ်။ ရခိုင်အိမ်တွေကိုလည်း မီးရှို့တယ်။ နောက် သူတို့က လူစုလူဝေး လုပ်နေတာ အင်အား ၂၀၀၀ ကျော်လောက် ရှိတယ်။ ရခိုင်တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတယ်။ ကျနော်တို့ ရုပ်သံ မှတ်တမ်းတွေ ယူထားတယ်” ဟု စစ်တွေမြို့ပေါ်တွင် သတင်းယူရန် ရောက်နေသော သတင်းထောက်တဦးက ပြောသည်။
ကျောင်းကြီးရပ်ကွက်တွင် နေထိုင်သူ တဦးကလည်း “ဘင်္ဂါလီတွေက သူတို့အိမ်တွေကို သူတို့ မီးရှို့တော့ ကျနော်တို့ကလည်း ကိုယ်အိမ်တွေ မကူးအောင် ပြန်ငြှိမ်းနေရတယ်၊ ကျနော်တို့မှာ လုံခြုံမှု မရှိဘူး။ သူတို့တွေက ဘယ်အချိန်ဝင်ပြီး အန္တရာယ် လာပေးမလဲ တချိန်လုံး စောင့်ကြည့်နေရတယ်။ ဖြစ်လိုက်ပြီဆို ကျနော်တို့ ရခိုင်တွေက ထွက်ပြေးရတယ်” ဟု ဆိုသည်။
နေအိမ်များ မီးရှို့ခံရမှုကြောင့် အိုးအိမ်မဲ့ဖြစ်သွားသော ရခိုင်နှင့် တခြားတိုင်းရင်းသား ၈၅၀၀ ကျော်ကို စစ်တွေမြို့ပေါ်ရှိ ကယ် ဆယ်ရေး စခန်း ၃၄ ခုတွင် ခိုလှုံခွင့်ပေးထားပြီး မြို့ခံ စေတနာရှင်များနှင့် အစိုးရအဖွဲ့များက စားဝတ်နေရေး အကူအညီများ ပေးထားကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။
ထို့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေများကို စောင့်ကြည့်၍ သတင်းအချက်အလက်များ စုစောင်း နေသည့် အစ္စလမ် ဘာသာဝင်များနှင့် စုဖွဲ့ထားသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ကလည်း အဓိကရုဏ်းဖြစ်ပွားမှုများ အတွင်း ဘင်္ဂါလီများဘက်မှလည်း အသတ်ဆုံးရှုံးခြင်း၊ အိုးအိမ်များ မီးရှို့ခံရခြင်းနှင့် ထွက်ပြေး ပုန်းရှောင် နေရခြင်းများ ရှိကြောင်း ပြောသည်။
သို့သော် တိကျသော၊ ခန့်မှန်းနိုင်သော စားရင်း ဖော်ပြနိုင်ခြင်း မရှိသေးကြောင်းနှင့် အခြေအနေများကို ဆက်လက် စုဆောင်း သွားမည် ဖြစ်ကြောင်း NDPD ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးကျော်ခင်က ရှင်းပြသည်။
“အခု မြို့ပေါ်မှာ အဲဒီလို ဖြစ်ပြီဆိုတော့ ကျနော်တို့က အမျိုးသမီးတွေကို ဘေးကင်းမယ့် တနေရာရာမှာ သွားထားတာပေါ့နော်။ အခု အဆိုးဆုံးက သူတို့မှာ ရိက္ခာမရှိဘူးဖြစ်နေတယ်။ အပြင်မှာ သွားဝယ်လို့လည်း မရတော့ဘူး။ ဒီလူတွေက မသတ်ဘဲနဲ့ကို ငတ်ပြတ်ပြီး သေသွားနိုင်တယ်။ အခုအားလုံး တောထဲမှာ” ဟု သူကပြောသည်။ ထို့အတူ ဘင်္ဂါလီများကို အစိုးရ လုံခြုံရေး တပ်များက ပစ်ခတ်နှိမ်နှင်းမှု တချို့ ရှိသည်ဟု သူက ဆက်ပြောသည်။
ယမန်နေ့က ရခိုင်ပြည်နယ်နှင့် ထိစပ်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ မြန်မာနိုင်ငံဘက်မှ လှေ ၈ စီးဖြင့် နယ်စပ် နတ်မြစ်ကို ဖြတ်ကူးဝင်ရောက် လာသော ရိုဟင်ဂျာ ၃၀၀ ကျော် ရောက်ရှိလာကြောင်း၊ ထိုအထဲတွင် မိန်းမနှင့် ကလေးဦးရေ များပြားပြီး သေနက်ဒဏ်ရာနှင့် ၃ ဦးပါဝင်ကြောင်း၊ အဆိုပါ ရိုဟင်ဂျာများအား အစားအသောက်များ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ဘက်သို့ ပြန်လွှတ် လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ gulf-times.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
စစ်တွေမြို့ပေါ်တွင် ရောက်ရှိနေသော ဧရာဝတီ သတင်းထောက်၏ သတင်းပေးပို့ချက်အရ ယနေ့ ညနေပိုင်းတွင် မြို့ပေါ်ရှိ ဗလီ တခုကို အကာအကွယ်ယူ၍ အစိုးရလုံခြုံရေးတပ်များအား လက်နက်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုရှိကြောင်း သိရသည်။
မြို့ခံများအားမေးမြန်း စုံစမ်းချက်များအရ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဗလီတခုကို နောက်ခံယူထားခြင်း ဖြစ်ပြီး ထိုပစ်ခတ်မှုကြောင့် အစိုးရ စစ်တပ်မှ လုံခြုံရေး တပ်သား တဦး၏ ပေါင်ကိုထိမှန် ခဲ့ကာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ စစ်တပ်က တန်ပြန် ပစ်ခတ်မှု မရှိသေးဘဲ သတိဖြင့် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသော ရခိုင်များကလည်း ၎င်းတို့အနေဖြင့် အချိန်ပြည့် သတိနှင့် နေထိုင်နေကြရ ကြောင်းနှင့် ဘင်္ဂါလီ အများစု နေထိုင်ရာ နေရာများသို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်တော့ကြောင်း ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်းများနှင့် ပတ်သက်၍ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့၌ ပုဒ်မ (၁၄၄) ညမထွက်ရ (နေ၀င်မီးငြိမ်း) အမိန့်ကို ဇွန် ၁၀ ရက်နေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်လိုက်ပြီး နယ်မြေ တည်ငြိမ်ရေး အတွက် အရေးပေါ်အဆင့် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိပြီး တောင်ကုတ်၊ ဂွ နှင့် အမ်းမြို့တို့မှလွဲ၍ ကျန် ၁၄ မြို့နယ်တွင် တဘက်နိုင်ငံမှ ရွှေ့ပြောင်းလာကြသည့် ဘင်္ဂါလီများ နေထိုင်ကြပြီး ဘူးသီးတောင်နှင့် မောင်းတောမြို့များ၏ ၉၀ ကျော်ရာခိုင်နှုန်းမှာ ၎င်းတို့ပင် ဖြစ်ကြောင်း NDPD ပါတီက ပြောသည်။
ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၂)ရက်နေ့ နောက်ဆုံးရ သတင်းများ
မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကိုစွန့်ခွာ၍ မောင်တောမြို့ပေါ်ရှိ ပရဟိတ ကယ်ဆယ်ရေးစခန်းနှင့် အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် ဒေသခံများ၏ ပြောစကားများ
“ညောင်ချောင်းခွဆုံက ဆိုင်ခန်းတွေ မီးရှို့နေတာကိုမြင်တော့ ကျွန်တော်တို့လည်း ဘင်္ဂါလီတွေ ရွာကို လာတော့မယ်ဆိုတာ ပြောနေတုန်းပဲ ဘင်္ဂါလီတွေ ရွာကို အုပ်စုလိုက်ချီတက်လာကြတယ်။ ကျွန်တော်တို့ ရွာသားသုံးဆယ်လာက်စုပြီး ခုခံဖို့လုပ်ကြတယ်။ ဒါပေမယ့် တွေ့တဲ့လူကို ၀ိုင်းရိုက်ကြတော့ ကျွန်တော်တို့ ကလေးတွေ အမျိုးသမီးတွေကို ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ လူတွေလဲ တစ်ယောက်တစ်ကွဲ တောင်တွေထဲ ပြေးသွားကြတယ်။ ရွာကဘုန်းတော်ကြီးကို ၀ိုင်းရိုက်တာတွေ့တယ်။ ကျွန်တော်တို့လဲ နောက်ဆုံးပြေးကြ တော့တာပဲ။ ရွာသားနှစ်ဦး အသတ်ခံလိုက်ရတယ်။”ဟု ရွှေရင်အေးကျေးရွာမှ ရခိုင်လူမျိုး ဦးသာစိန်ကပြောသည်။
ကျွန်မတို့က ညောင်ချောင်းလမ်းခွဆုံမှာ ဆိုင်ရောင်းတာပါ။ ပထမ ဘင်္ဂါလီတွေ ဗလီတွေက ဆင်းချိန်မှာ အုပ်စုလိုက် ညောင်ချောင်းရွာက တက်လာကြတယ်။ ကျွန်မတို့လဲ ဆိုင်ကထွက်ပြေးကြတော့ ဆိုင်တွေကို မီးရှို့လိုက်ကြတယ်။ ကျွန်မတို့က နစက စခန်းဆီပြေးဝင်ကြတယ်။ ဆိုင်ခန်းတွေမီးရှို့နေတာ ကြည့်နေရတယ်။ နစကတွေလည်း ဘာမှပြန်မလုပ်နိုင်ဘူး။ ဘင်္ဂါလီတွေက လုံခြုံရေးအဖွဲ့တွေ သေနတ်နဲ့ ချိန်နေတာတောင် မကြောက်ပဲ တက်လာကြတာ။” ဟု မသီတာက ပြောသည်။
“ကျွန်တော်တို့က ရွာကိုမီးရှို့ခံရတော့ အားလုံးထွက်ပြေးကြတယ်။ ကံသာယာ ရွာဘက်ကိုပြေးကြတယ်။ အဲဒီမှာပြည်သူ့စစ်တွေရှိတော့ လိုက်လာတဲ့ ဘင်္ဂါလီတွေ မတက်၇ဲတော့ဘူး။ နောက်မှ လေးမိုင်စခန်းကို ပြေးခဲ့ရတယ်။ မနေ့က ရွာကိုသွားကြည့်တယ် ။ အိမ်ခြေ ၈၀ မှာ ၆ လုံးပဲ ကျန်လိုက်တယ် ။ ကျန်တာတွေ မီးရှို့ခံလိုက်ရတယ်။ ရွာကိုတွေ့ရတာ မျက်ရည်ဝဲမိတယ်ဗျာ။” ဟု ရွှေရင်အေးရွာမှ ဗမာ အမျိုးသား ကို သန်းလွင်က ပြောသည်။
“ဗလီဆင်းချိန် ၂ နာရီခွဲလောက်မှာ ကျွန်တော်တို့ သရေကုန်းဘောင်ရွာကို ဘင်္ဂါလီတွေ အုပ်စုလိုက် တက်လာကြတယ်။ ရွာသားတွေက ဖုန်းနဲ့ နစက စခန်းကို အကြောင်းကြားပေမယ့် လုံခြုံရေးတွေ မရောက်မီ ရွာကိုမီးရှို့ခံရတယ်။ စပြီး ဘုန်းကြီးကျောင်းကနေ စရှို့တယ်။ နောက်ရွာကို ၀ိုင်းတယ်။ ကျွန်တော်တို့က ရွာမှာပိတ်မိနေတော့ ၀ိုင်းပြီး အရိုက်ခံရတယ်။ကျွန်တော်တို့မိသားစုကို ဒုတ်တွေ ဓါးတွေ အပြင် ကျွန်တော့ကို ဆိုင်ကယ်ချိန်းကြိုးနဲ့ ရိုက်တယ်။ ခေါင်း၊လက်မောင်း နဲ့ ပေါင်မှာ ဒဏ်ရာရတယ်။ ရွာက ထွက်ပြီး တောင်တွေဆီ အုပ်စုတွေကွဲပြီးပြေးကြရတယ်။ နောက်ဆုံးကျွန်တော်တို့ အဖွဲ့တောင်ပေါ်ရောက်မှ နစကတွေ ရောက်တယ်။ ပြန်လာဖို့ အကြောင်းကြားမှ ကျွန်တော်တို့ အုပ်နှစ်စုလောက် ပြန်လာကြတယ်။ တစ်ချို့အုပ်စုတွေက တောင်ကျော်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ ရွာမှာက ဆရာမောင်ချမ်းသာ အသတ်ခံလိုက်ရတယ်။ နောက်ရွာခံ နှစ်ဦးအသတ်ခံရတယ်။ လုံခြုံရေးတွေက ကားနဲ့ မောင်တောကို ချက်ချင်းခေါ်လို့ ဒီကို ရောက်လာတာပါ။ ရွာမှာ အိမ်ခြေ ၁၇၀ ကျော်ရှိတာ မှာ ၅ လုံးလောက်ပဲ မီးမလောင်ပဲကျန်ပါတယ်။” ဟု အလိုတော်ပြည့် ကျောင်းစခန်းကိုေ၇ာက်နေသော သရေကုန်းဘောင် ကျေးရွာသား ဦးအောင်သန်းတင် (အသက် ၅၆) မှ ပြောသည်။
“ရွာဟောင်း ကိုမီးရှို့ခံရတော့ ငါတို့လဲထွက်ပြေးကြတယ်။ တောင်ပေါ်ကို ပြေးသွားကြတယ်။အားလုံး အုပ်စု တွေကွဲပြီး သွားကြတယ်အခု မိသားစုတွေ မစုံကြသေးဘူး။ ကျွန်တော်တို့က တောထဲမှာ မိုးရွာထဲမှာ တစ်ညလုံး နေခဲ့ရတယ်။ မိုးလင်းမှ လုံခြုံရေးတွေ ခေါ်မှ ရွာကို ဆင်းလာရတယ်။ ကျွန်တော်တို့ လာတုန်းကတော့ ရွာဘာမှ မဖြစ်သေးဘူး။ အခုတော့ ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာ မသိဘူး။”ဟု ကိုင်းကြီးရွာမှ ဦးမြင့်ဦးမှ ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံးပြီး အိမ်ခြေ ၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။ ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထွက်ပေါ်ခဲ့သည့် သတင်းမှာ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည့် ရခိုင်အမျိုးသမီးတစ်ဦးကို သံထော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာများမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဆိုသော သတင်းဖြစ်သည်။
ယင်းထွက်ပေါ်ခဲ့သည့် သတင်းကြောင့် နံနက် (၁၁)နာရီအချိန်ဝန်းကျင်တွင် ကျေးရွာအများရှိ ရခိုင်လူမျိုးများ တစ်ဖြည်းဖြည်းများလာပြီး သံတော်လီကျေးရွာမှ ဘင်္ဂါလီရိုဟင်ဂျာများ နှင့် မွန်းလွဲ (၁း၄၅) အချိန်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကာ အဆိုပါကျေးရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုတွင် ရခိုင်လူမျိုးဦးရေ တစ်ထောင့်ငါးရာ ၀န်းကျင်နှင့် ဘင်္ဂါလီရိုဟင်ဂျာ ဦးရေ တစ်ထောင်ဝန်းကျင်တို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဇွန်လ(၁၁)ရက်နေ့ ညနေ ၆ နာရီအချိန်ထိ တွေ့ရှိခဲ့သည့်အလောင်း (၅)ဦးရှိခဲ့ပြီး သေဆုံးသူများမှာ ရခိုင်လူမျိုး(၃)ဦးနှင့် ဘင်္ဂါလီရိုဟင်ဂျာနှစ်ဦးတို့ ဖြစ်သည်ဟု သိရှိရသည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့ အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက် သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊ အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံတော်လီကျေးရွာက လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့ ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့ လူမျိုးခြားကျေးရွာတို့ကို ၀င်ပြီးတော့ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃၀ လောက်မှာ အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ၀င်ရောက် ထိန်းပေးနေသည့်အချိန်တွင် သံတော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့် ပြန်လည်ပစ်ခတ်ရကြောင်း သိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း (၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ၀င်ရောက်ပြီး ဘင်္ဂါလီရိုဟင်ဂျာများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး သံတော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင် တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ရဲမှူးကြီးလှမိုးက “ကောင်းမွန်စွာနေထိုင်၍ အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။
ဇွန်လ ၁၂ ရက် နံနက် ၉း၅၃ နာရီ
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။
ရခိုင်ပြည်နယ်အတွင် ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် ဒေသခံများဖြင့် ယာယီအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ကို လှူဒါန်းလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း (စစ်တွေ) ဖုန်း ၀၄၃-၂၂၄၇၅, ဦးမောင်ထွန်းကျော် ၀၉၈၅၀၀၉၄၄၊ ဦးသန်းရွှေ ၀၉၈၅၀၀၂၄၁၊ ဦးရွှေထွန်းအောင် ၀၉၈၅၀၀၅၉၀၊ ဦးအောင်ကျော်ဇံ ၀၉၈၅၀၀၄၅၀ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက် နံနက် ၉း၂၁ နာရီ
ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ကမ္ဘောဇဘဏ်အနီးတွင် ဘင်္ဂါလီလူငယ်တစ်ဦးကို ဓါတ်ဆီပုံးနှင့်အတူ တွေ့ရှိပြီး ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
ဇွန်လ ၁၂ ရက် နံနက် ၉း၁၅ နာရီ
စစ်တွေမြို့အတွင်း ယမန်နေ့ညက မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ဘင်္ဂါလီများက ချောင်းရိုးများမှတစ်ဆင့် စစ်တွေမြို့တွင်းသို့ ဝင်ရောက်ရန်ကြိုးစားသဖြင့် စစ်တွေဒေသခံများက လုံခြုံရေးကို ညလုံးပေါက်နီးပါး တာဝန်ယူ စောင့်ကြပ်ခဲ့ပါသည်။ စစ်တွေမြို့တွင်းရှိ ဘီလူးမချောင်းမှတစ်ဆင့် ဘင်္ဂါလီ သုံးဦး မီးသတ်ဝတ်စုံဖြင့် ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ လုံထိန်းများနှင့် စစ်တပ်မှလည်း မြို့အတွင်း ကင်းပုန်းများချ၍ လည်းကောင်း၊ လှည့်ကင်းများ လှည့်လည်၍ လည်းကောင်း လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ည သန်းခေါင်အချိန်တွင် သေနတ်ပစ်ဖောက်သံအချို့ ကြားခဲ့ရကြောင်း Eleven Media Group မှ သတင်းထောက်၏ ပေးပို့ချက်အရ သိရှိရပါသည်။
ယမန်နေ့ညက စစ်တွေမြို့ပေါ်ရှိ NGO အချို့၏နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ သက်ဆိုင်ရာမှ အတည်မပြုနိုင်သေးသော သတင်းများအရ NGO အဖွဲ့တစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ အဆိုပါ ဖမ်းဆီးမှု မတိုင်မီအချိန်က UN အဖွဲ့အစည်းတစ်ခု၏ ရခိုင်ပြည်နယ်တာဝန်ခံ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို မောင်တောမြို့၃ မိုင် စခန်းတွင် သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းသတင်းကို မှန်ကန်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ အဆိုပါ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးစလုံးမှာ ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါသည်။
ယနေ့တွင် UN အဖွဲ့မှ တာဝန်ရှိသူအချို့ လေယာဉ်စင်းလုံးဌားပြီး စစ်တွေမြို့သို့ ရောက်ရှိလာမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ထိုသတင်းကို ကြားသိထားရသော်လည်း ယခုအချိန်ထိ အတိအကျ မသိရှိရသေးကြောင်း စစ်တွေလေယာဉ်ကွင်းတွင် စောင့်ဆိုင်းနေသော တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယနေ့နံနက်ပိုင်းတွင် ဓညဝတီ (ခ)ရပ်ကွက်ရှိ ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့လိုက်ကြောင်း သိရပါသည်။
စစ်တွေမြို့တွင် ရပ်ကွက် ၃၃ ခုရှိပြီး နာဇီရွာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရပ်ကွက်များမှာ ဘင်္ဂါလီများ အခြေစိုက်နေထိုင်သည့် ရပ်ကွက်များဖြစ်ကြပါသည်။ အဆိုပါရပ်ကွက်များအနက် ဘုမေရွာရပ်ကွက်ရှိ ဘင်္ဂါလီများ၏ ထကြွမှုမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း ကျန်ရပ်ကွက်နှစ်ခုမှာ ငြိမ်သက်မှုမရှိသေးကြောင်းသိရပါသည်။ စစ်တွေမြို့တွင်း၌ ဘင်္ဂါလီများ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်များအတွင်း စစ်တွေမြို့တွင်းရှိ လူမနေသော ဘင်္ဂါလီနေအိမ်အချို့ကို စစ်တွေမြို့ခံများက မီးရှို့ဖျက်ဆီးလိုက်ပြီး ဘင်္ဂါလီများ စစ်တွေမြို့တွင်းသို့ နောက်ထပ် ဝင်ရောက်နေထိုင်ခြင်းမရှိရန် လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ဗလီအချို့ကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိရပါသည်။
ယနေ့တွင် နာဇီရွာရပ်ကွက်ရှိ အကွက်အမှတ် ၁ ၊ ၂ ၊ ၁၁၊ ၁၂ မှ ဘင်္ဂါလီများ ထကြွလာနိုင်သည်ဟု စစ်တွေဒေသခံ လုံခြုံရေးတာဝန်ရှိသူအချို့က ခန့်မှန်းထားကြပါသည်။ အထူးသဖြင့် နာဇီ အကွက် ၁ နှင့် ၂ တွင် အာဘုလူနှင့် အာမီဆန်း တို့၏နေအိမ်တွင် လက်နက်များ စုနေသည်ဟုသော သတင်းများထွက်ပေါ်နေပါသည်။ ထို နှစ်ဦးသည် နာဇီရွာရပ်ကွက် အတွင်း ငွေကြေးချမ်းသာသော ဘင်္ဂါလီနှစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မပြတ်ဆက်သွယ်မှု ရှိနေသူများဖြစ်ကြောင်း သိရပါသည်။
လက်ရှိအချိန်ထိ စစ်တွေမြို့၏ အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ခိုင်မာတိကျသော အတည်ပြုချက်မရရှိသေးပဲ စစ်တွေဒေသခံများ၏ သတင်းပေးပို့ချက်များကိုသာ သတင်းထောက်များက အားပြုနေရကြောင်း သိရသည်။
source-- 88-facebook
demonprince13
5:58 PM (5 hours ago)
to mrsorcerer
စစ်တွေက အဖြစ်တွေ . . .
--
ကိုယ့်မြေ ကိုယ့်ရေမှာ ကျီးလန့်စာ စားနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ မျက်နှာကိုကြည့်ပြီး ကျူးကျော် စော်ကားသူများအား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးပါရန်....
ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းက စစ်တွေမှာ ဆွေမျိုးမိဘတွေ ကျန်ခဲ့တဲ့ ရခိုင်မိတ်ဆွေ တဦးမှ စစ်တွေက သူ့မိဘတွေကို ဖုန်းဆက်သွယ်အပြီး စိတ်မကောင်းစွာနဲ့ ဖုန်းဆက်လာတယ်..။
စစ်တွေအခြေအနေက တော်တော်ဆိုးနေကြောင်း မိမိကိုတိုက်ခိုက်လာမယ့် ဘင်္ဂလီတွေကို စစ်တွေမြို့ပေါ်က ပြည်သူတွေထိုင်ပြီး စောင့်နေရတဲ့ အခြေအနေမျိုးရောက်နေကြောင်း အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရ ကျီးလန့်စာ စားနေရကြောင်း ဖြစ်နေရပြီတဲ့၊ ဒီနေ့ မကျည်းမြိုင် ရပ်ကွက် ဗလီမှာ လက်နက် သေတ္တာ (၃)သေတ္တာနဲ့ လက်ပစ် ဗုံးအလုံး ၁၀၀ မိတယ်တဲ့။ အင်မတန် စိုးရိမ်စရာ အခြေအနေပါပဲ။
ငွေကြေးချမ်းသာတဲ့ သူတွေ ရန်ကုန်ကို ဆင်းနေကြကြောင်း၊ လေယာဉ်လက်မှတ်တွေ ဝယ်လို့ မရတော့တဲ့အပြင် လေဆိပ်ဆင်းမယ့် လမ်းတောင် လမ်းမှာ ဘင်္ဂလီတွေ တိုက်ခိုက်ခံရမှာ ဆိုးတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မဆင်းရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်..။ ညဘက်မှာ အလှည့်ကျ ကင်းစောင့်နေရပြီး ဘင်္ဂလီများမှ လစ်ရင်လစ်သလို ဝင်ရောက် တိုက်ခိုက်နေကြကြောင်း စစ်တပ်နဲ့ ရဲကို ဘင်္ဂလီတွေမှ မထေ့မဲ့မြင် ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်..။
အဆိုပါ မိတ်ဆွေရဲ့ မိသားစု နေအိမ်ဟာ စစ်တွေမြို့လယ်ကောင်မှာ ရှိနေတာတောင် ဒီလို အဖြစ်တွေကြုံတွေ့နေရတာပါ...။ လူတော်တော်များများ နေရပ်ကနေ ပြောင်းရွှေ့နေကြတဲ့အတွက် လူအင်အားလည်း နည်းပါးလာနေကြောင်း ယနေ့ဖြစ်ပျက်ခဲ့တဲ့ ဘင်္ဂလီတွေရဲ့ လက်နက်နဲ့ ပြန်လည် ပစ်ခတ်မှုဟာ စစ်တွေ မြို့ခံပြည်သူတွေအတွက် တပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေပါတယ်...။ ဒါဟာ စစ်တွေ မြို့ထဲက အခြေအနေပါတဲ့ လုံခြုံရေး အလှမ်းဝေးတဲ့ နေရာတွေမှာ ဘယ်လိုများ နေကြမလဲ စဉ်းစားကြည့်ကြပါတဲ့.။ ဖုန်းပြောနေတဲ့ အချိန်မှာတောင် လုံခြုံရေး ရဲကားတွေ အဆက်မပြတ် ဖြတ်သန်းသွားတယ်တဲ့။ တောင်မင်း မြောက်မင်း မကယ်နိုင်သလို ဖြစ်နေရပါတယ်တဲ့။
စစ်တပ်မှ ပြန်လည် ပစ်ခတ်နှိမ်နင်းတာကို မြို့ခံတွေ လိုလားနေကြပြီး အားမလို အားမရ ဖြစ်နေကြတယ်လို့လည်း စိတ်မကောင်းစွာ ပြောဆိုသွားပါတယ်...။ မိတ်ဆွေကတော့ ဒီလို စစ်တွေမြို့ခံတွေ ခံစားနေရတာကို နီးစပ်ရာ အာဏာပိုင်တွေရဲ့ အသိုင်းအဝန်းတွေကို သိစေလိုကြောင်း ပြောဆိုသွားပါတယ်..။
အထက်ပါ သတင်းအတွက် အထူးအင်မတန် စိုးရိမ်မိသလို စိတ်မကောင်းလဲ ဖြစ်မိပါတယ်..။ စစ်တွေက တိုင်းရင်းသား ပြည်သူတွေရဲ့ မိမိအသက်ကို ဖက်နဲ့ ထုတ်ထားရသလို ဖြစ်နေရတဲ့ အခြေအနေ အတွက် စိတ်ထိခိုက်မိတယ်ဗျာ။ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးခံရတဲ့ လုပ်ရပ်ပါဗျာ..။ သက်ဆိုင်ရာ အာဏာပိုင်များ ဒီထက်ပိုပြီး တတ်နိုင်သမျှ လုံခြုံရေးတွေ ထပ်တိုးပေးဖို့ တင်းတင်းကြပ်ကြပ် ဖြေရှင်းပေးဖို့ တောင်းဆိုအပ်ပါတယ်..။ လောလောဆယ် ကိုယ့်ပြည်သူတွေ မျက်နှာက ပိုအရေးကြီးပါတယ်ဗျာ...။ ဒီသတင်းကို ဖတ်မိသူများ မိမိနဲ့ အဆက်အသွယ်ရှိတဲ့ ဆိုင်ရာဆိုင်ရာကို တွန်းအားပေးကြဖို့ အနှူးအညွတ် တောင်းပန်အပ်ပါတယ်...။
ကျွန်တော်တို့ ပြည်သူတွေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ကြပါဗျာ...
ဒီမိုဝေယံ
 မာဃလုလင်
အကြမ်းဖက်ဆူပူသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်ခြင်းမရှိသေး
The Voice Weekly
ရန်ကုန်၊ ဇွန် ၁၂
ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဘင်္ဂါလီ ဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိနေသည့် တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်း မရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။
ယင်းသို့ ဘင်္ဂါလီများကသေနတ်များဖြင့် ပစ်ခတ် နေသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာ ပြန်လည် ခုခံပိုင်ခွင့်မရှိဘဲ သေနတ်များကို အပေါ်သို့သာ ထောင်ပစ် နေရကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင်း တပ်မတော်သား တစ်ဦးမှာ ဒါဏ်ရာ အပြင်းအထန် ရရှိကာ စစ်တွေမြို့  ပြည်သူ့ ဆေးရုံကြီးသို့ အမြန် ပို့ဆောင်လိုက်ရပြီး ၊ ဒါဏ်ရာရသူ ရခိုင် တိုင်းရင်းသား များစွာ ရှိကြောင်း ဒေသခံများက ပြောကြားသည်။
ရခိုင် ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများကို ပြုလုပ်နေသည့် ဘင်္ဂါလီ လူမျိုးများသည် စစ်တွေမြို့ရှိရခိုင် တိုင်းရင်းသားများ၏ နေအိမ်များနှင့် ရပ်ကွက်များကို မီးရှို့ ဖျက်စီးနေကြပြီး ယင်းဆူပူများကို ထိန်းသိမ်းနေ သည့် လုံခြုံရေး ရဲတပ်သားများနှင့် တပ်မတော်သားများကိုပါ ၎င်းတို့၏ သေနတ်များဖြင့် ပစ်ခတ် နေကြကြောင်း ဒေသခံ များက The Voice Weekly သို့ပြောကြားသည်။
“နေ့ဘက်မှာတောင် သေနတ်တွေနဲ့ ပစ်နေတာ ညဆိုရင်ပိုဆိုးကုန်မှာပေါ့ “ ဟု ဒေသခံအမျိုးသားတစ်ဦး ကဆိုသည်။
            မာဃလုလင်
do something effectively immediately!
နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာ အရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြ
နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာအရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြသည်ကို တွေ့ရှိရပါသည်။
ဥပမာအားဖြင့် BBC သတင်းဌာနက ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြခဲ့သော သတင်းတွင် မောင်တောမြို့၌ ရဲများက ဆန္ဒပြသူများအား ပစ်ခတ်မှုပြုခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဘာသာရေး အခြေပြု ဖော်ပြခဲ့သည်။
ထို့ပြင် AFP  သတင်းဌာနက ဇွန်လ ၇ ရက်နေ့ ဖော်ပြခဲ့ရာတွင် ရဲများက မောင်တော၌ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး မွတ်စလင်များနှင့် ပဋိပက္ခ ဖြစ်သကဲ့သို့ ဖော်ပြခဲ့သည်။
“သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။”
ထို့အတူ The Nation Media ကလည်း "ရိုဟင်ဂျာ မျိုးသုဉ်း သတ်ဖြတ်မှုအတွက် ၀င်ရောက်စွက် ဖက်ရန် ကုလကို တောင်းဆို" ဟူသည့်သတင်းကို ဖော်ပြခဲ့သည်။ အဆိုပါ သတင်းဖော်ပြမှုတွင် Eleven Media Group မှ သတင်းဓာတ်ပုံကို  ပုံစာ ပါဝင်ခြင်းမရှိဘဲ ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပုံမှာ ဘင်္ဂါလီရိုဟင်ဂျာ များ၏ မီးရှို့မှုကြောင့် မီးလောင် ကျွမ်းနေသည့် ဒေသခံရခိုင်လူမျိုး များ၏ နေအိမ်များသာ ဖြစ်ပါသည်။ သို့သော် ယင်းသို့ဖော်ပြခဲ့ သည့် "ရိုဟင်ဂျာ မျိုးသုဉ်းသတ်ဖြတ်မှုအတွက် ၀င်ရောက်စွက်ဖက်ရန် ကုလကို တောင်းဆို" ဟူသည့် သတင်းတွင် အဆိုပါဓာတ်ပုံကို ပုံစာမထိုးဘဲ ထည့်သွင်းဖော်ပြခဲ့ရာ နိုင်ငံတကာ စာဖတ်သူများအနေဖြင့် သတင်းပါ အကြောင်းအရာနှင့် ဓာတ်ပုံပူးတွဲဖော်ပြမှုက နိုင်ငံနှင့် လူမျိုးအပေါ် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
ထို့ကြောင့် Eleven Media Group အနေဖြင့် The Nation အား မေတ္တာရပ်ခံခဲ့ရာ ချက်ခြင်း ပြန်လည်ပြုပြင်ပေးခဲ့သည်
ထို့ကဲ့သို့ ရခိုင်ပြည်နယ် အတွင်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာအချို့က တစ်ဖက် စောင်းနင်းဖော်ပြလာမှုကြောင့် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံသားများက  ဇွန်လ ၁၁ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရေးသားဖော်ပြမှု များမှာ မှန်ကန်မှု မရှိ၍ ပြည်ပမီဒီ ယာအချို့အား ၎င်းတို့ ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီးလည်း ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း  သိရသည်။
ကန့်ကွက်ဆန္ဒပြမှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ကန့်ကွက်ဆန္ဒပြသူများက “BBC, VOA, RFA, DVB”၊ “ဘက်လိုက်သော ပြည်တွင်းပြည်ပ မီဒီယာများ အလိုမရှိ”စသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် Rohingya are Terrorists. Get Out of Our Country' ၊ “တရားလည်းသိ ဓားလည်း ရှိသည်။ ငါတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြ၏။ ဒို့နိုင်ငံ ဒို့ ယဉ်ကျေးမှု ဒို့သွေးချင်းများကို ကာကွယ်ပါ”၊ We Love Peace စသည့်စာတမ်းများ ကိုင်ဆောင်၍လည်း ကန့်ကွက်ဆန္ဒပြသူများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“Nation Website မှာ ဖော်ပြချက်အရ ရိုဟင်ဂျာအဖွဲ့အစည်းတွေ နဲ့ ထိုင်း NGOs တွေက ပြောတယ်။ ရိုဟင်ဂျာတွေ ၈၀၀ ကနေ ၁၀၀၀ ကြား ပျောက်နေတယ်။ ရခိုင် ပြည်သူ့စစ်တွေနဲ့ အကြမ်းဖက်သူတွေက ရိုဟင်ဂျာတွေကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေတယ်လို့ ရေးတယ်။
ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်မှ မရှိဘဲ။ ပြီးတော့ Eleven Media Group တင်ထားတဲ့ စစ်တွေမှာ ဘင်္ဂါလီတွေက ရခိုင် ရပ်ကွက်ကို မီးရှို့နေတဲ့ပုံနဲ့တွဲပြီး သတင်းတင် ထားတယ်။ ပြီးတော့ ကုလသမဂ္ဂ တပ်တွေ ၀င်ရောက်ဖို့ လိုလာပြီလို့ သတင်းရေးထားတယ်။ တစ်ဖက်က ဒီလို မဟုတ်မမှန် ၀ါဒဖြန့်ချိနေတာ ကို ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ ကိုယ့်ရဲ့အစွမ်းရှိသလောက် အသက်အန္တရာယ်ကြားက သတင်းရယူနေတာကို ပြည်ပမီဒီယာတွေက အလွဲအသုံးပြုထားကြတာ တွေ့ရတယ်။ အစိုးရအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်သင့်သလို သက်ဆိုင်ရာသံရုံးတွေ၊ သတင်းထောက် တွေကို ခေါ်ပြီး သတင်းစာရှင်းလင်း ပွဲတွေ လုပ်သင့်ပြီ။ ကမ္ဘာသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်ဟာက အမှန်တရားလည်း ဆိုတာကို ထင်ထင်ရှားရှား ပြသင့်ပြီ။ ကျွန်တော် တို့ Eleven Media Group ဟာ ဒီဒေသမှာ ယုံကြည်နိုင်လောက်တဲ့ သတင်းထောက် လေးဦး စေလွှတ် ထားပါတယ်။ သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။ ဒီလိုရယူ ခဲ့တဲ့ သတင်းဓာတ်ပုံတွေကို အလွဲသုံး ချခံရတဲ့အတွက် ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း Nation Media Group ကို အသိပေးထားပါတယ်။ ကျွန်တော်တို့ က မီဒီယာ ကဏ္ဍကနေ တိုင်းပြည်ကို ကာကွယ်နေတဲ့ နည်းတူ ပြည်သူတွေကလည်း ကူညီလုပ်ဆောင် ပေးစေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သတင်းတွေကို မှန်မှန်ကန်ကန်နဲ့ ဓမ္မဓိဌာန်ကျကျ ရေးမှာပါ။ ပြည်သူလူထု အနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေအပေါ် အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်း လုပ်ဆောင်ကြစေချင်ပါတယ်။ ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်ရပ်များအား ပြည်ပမီဒီယာများ ဖော်ပြရာတွင် မမျှတမှုများ ဖြစ် နေကြောင်းကို Messenger ဂျာနယ် မှ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းက “လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က ပြည်ပမီယာတချို့မှာ ရခိုင်မှာဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ဖော်ပြတာ ဖတ်ရလိုက်တာ မမျှတဘူး ဖြစ်နေတယ်။ သူတို့က သတင်းတွေကို ဖော်ပြတဲ့နေရာမှာ တကယ် ဖြစ်နေတာကို လွဲချော်နေတယ်။ ရည်ရွယ်ချက် မကောင်းဘူးပေါ့။ Retuers သတင်းဌာနမှာတွေ့လိုက်ရတဲ့ ပုံတွေဆိုရင် ရခိုင်လူမျိုးက မီးရှို့ပြီး ပြန်လာတယ်။ ရိုဟင်ဂျာတွေက မီးရှို့ခံ ရတာတွေကို ၀ိုင်းငြှိမ်းသတ်နေတာမျိုးတွေပေါ့။ သူတို့ ဖော်ပြနေတာက ရခိုင်လူမျိုးတွေ သိက္ခာကျပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။
“အရင်စစ်အစိုးရ လက်ထက်ကအစိုးရရဲ့ မကောင်းတဲ့ Bad Image အပေါ် အခြေခံပြီး ရိုဟင်ဂျာက နိုင်ငံတကာ မီဒီယာတွေမှာ Campaign လုပ်တာ တွေရှိတယ်။ စစ်အစိုးရဆိုရင် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်တယ်လို့ အမြင်ရှိတယ်။ အစိုးရရဲ့ Good Image နည်းတာကို အခွင့်ကောင်းယူပြီး နိုင်ငံတကာမီဒီယာ တွေကလည်း လူနည်းစုကို အမြဲဖိနှိပ်မှာပဲဆိုတဲ့ အမြင်နဲ့ကြည့်နေတယ်။ အစိုးရအသစ်ကလည်း အစိုးရအဟောင်းရဲ့ ဆိုးမွေကောင်းမွေကို လက်လွှဲယူရတော့ အဲဒီအရှိန်နဲ့ နိုင်ငံတကာ မီဒီယာတွေမှာ Campaign ကောင်းကောင်း လုပ်ထားတယ်။ ရိုဟင်ဂျာရှုထောင့်ကနေ Campaign လုပ်ထားတာများတော့ အဲဒီ Campaign  မိနေတဲ့ သဘောပါ။      အခုဖြစ်တဲ့ပြဿနာကတော့ ဘာသာရေး ပြဿနာမဟုတ်ပဲ Migration (ရွှေ့ပြောင်းအခြေချမှု ) ရှိတဲ့ နိုင်ငံတိုင်းမှာဖြစ်တဲ့ ဆက်စပ် ပြသနာပါ။ ဘင်္ဂါလီမှာ လူဦးရေ ပေါက်ကွဲမှုဖြစ်တော့ စိုက်ပျိုးမြေ နေရာမလောက်တာတွေဖြစ် လာတော့ ပတ်ဝန်းကျင် နိုင်ငံတွေက ခံရတာပေါ့။ အမှန်က ကိုယ့်ဘက် က ကိုယ့်တာကိုယ်လုံဖို့ လိုတယ်။ မူဝါဒတွေ၊ ဥပဒေ တွေ အားနည်းချက်တွေကြောင့် ဒါတွေက ဖြစ်ရတာ။ အနှစ် ၂၀ လောက် လူဝင်မှုကြီးကြပ်ရေးရဲ့ လျော့ရဲမှု၊ လာဘ်စားမှုတွေကြောင့် ဘင်္ဂါလီ တွေ တောက်လျှောက်ဝင် လာတာပေါ့။ ကျွန်တော်တို့မီဒီယာတွေ အနေနဲ့ကတော့ ဒီကိစ္စကိုတင်ပြရာမှာ အမျိုးသားရေးစိတ်ဓါတ် လည်းလိုသလို Professionally လည်း ဖြစ်ရမှာပါ။” ဟု ကိုကျော်မင်းဆွေ (တာဝန်ခံအယ် ဒီတာ) The Voice ဂျာနယ် မှ ပြောကြားခဲ့သည်။
“မီဒီယာတွေက အမှန်အတိုင်းဖြစ်ဖို့လိုတယ်။ တချို့ပြည်ပ မီဒီယာတွေမှာ ၂၀၀၇ အရေးအခင်းတုန်းက အဖြစ်အပျက်တွေကို စက္ကန့်နဲ့အမျှတင်ပေးနေခဲ့တာ တွေ့ရတယ်။ ဒီကနေ့ ရခိုင်ပြည်နယ် ကိစ္စမှာတော့ တင်ပေးဖို့ နေနေ သာသာ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေပြီဆိုတာလောက် တောင် မတွေ့ရဘူး။ မီဒီယာမှာ ဒါကိုမဖော်ပြတာကို သံသယ၀င်မိတယ်။ ဘီဘီစီမှာ မနေ့ညက ဖတ်လိုက်ရတာမှာ သမ္မတရုံးက တာဝန်ရှိသူတစ်ဦးက ရခိုင်တွေကို ရိုဟင်ဂျာတွေက ပစ်ခတ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲထားတာ တွေ့ရတယ်။ ဒါဟာအင်မတန်ကို ဆိုးရွားပါတယ်။ သမ္မတရုံးမှာလုပ်နေတဲ့ သူတစ်ယောက်က စွပ်စွဲပြောဆိုတယ်လို့ သုံးလာတာဟာ တော်တော်ကို အဆင်မပြေဘူး။ စာလုံးတွေရဲ့ အရေးအသားဟာ လူတွေရဲ့ သဘောထားကို အမျိုးမျိုး ပြောင်းလဲစေနိုင်တယ်။ မီဒီယာဆိုတာ ဘက်မလိုက်ရဘူး။ ကြားမှာနေရမယ်။ အခုဖြစ်တာမှာ နိုင်ငံနဲ့ လူမျိုးကို အခြေခံပြီးဖြစ်တာမို့ နိုင်ငံရဲ့အရေးဖြစ်တယ်။ ဒါကြောင့်မို့ မှန်မှန်ကန်ကန် ရပ်တည်ပေးရမယ်။ အခုဖြစ်နေတာဟာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ အဲသလိုရေးနေရင် တမင်မြန်မာနိုင်ငံကို ပြိုကွဲစေလိုတဲ့ စိတ်နဲ့ရေးတာပဲ။ လက်ရှိအစိုးရက နုနုလေးဖြစ်တာကို အခွင့်ကောင်းယူပြီး နင်းခြေလိုက်တယ်လို့မြင်တယ်။ ဒါဟာ ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ လူမျိုးရေး အဓိကရုဏ်း မဟုတ်ဘူး။ နိုင်ငံကို ကျူးကျော်ဖို့လုပ်တဲ့ဇာတ်လမ်းဖြစ်တယ်။ မီးတစ်စဖြစ်တယ်။ အဲဒါကို လူမျိုးရေးနဲ့ထိုးနှက်တာ၊ ဘာသာရေးနဲ့ ထိုးနှက်တာတွေ လုံးဝလက်မခံနိုင်ဘူး။” ဟု မမေငယ်(သတင်းထောက်ချုပ်) ပြည်မြန်မာ သတင်းဂျာနယ် မှလည်း ပြောကြားခဲ့ပါသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပအခြေစိုက် သတင်းဌာန တွေအနေနဲ့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကို မကျေညက်ဘဲနဲ့ ရေးသားနေခြင်းဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်စေတယ်။ ပြည်ပအခြေစိုက် သတင်းဌာနတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ကို လေးစား တန်ဖိုးထားတဲ့ နည်းတူ တိုင်းပြည်ကို ချစ်ဖို့လိုပါတယ်။ တိုင်းပြည်ကို ချစ်ဖို့ လိုသလို ကာကွယ်စောင့်ရှောက်ဖို့လည်း လိုပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တန် ဖိုးခေါင်းစဉ်အောက်က မကြည့်ဘဲ နဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကြည့်ဖို့ လိုတယ်”ဟု မြန်မာစာနယ်ဇင်း သမဂ္ဂပေါ်ပေါက်ရန် ဦးဆောင်ကြိုးပမ်းနေသူ ကိုဇော်သက်ထွေးက ပြောပါသည်။
နေးရှင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့်သတင်းမှာ အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြအပ်ပါသည်။
 ရိုဟင်ဂျာ ‘မျိုးသုဉ်းသတ်ဖြတ်မှု’ အတွက် ၀င်ရောက်စွက်ဖက်ရန် ကုလကိုတောင်းဆို
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကျပ်အတည်းနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသော အဖွဲ့အစည်း ၆ ခုက ရခိုင်တွင် ရိုဟင်ဂျာ တစ်သန်းခန့်ကို မျိုးသုဉ်းသတ်ဖြတ်ရန် စီစဉ်နေမှုမှ ကာကွယ်ရန်အတွက် ကုလသမဂ္ဂမှ ၀င်ရောက်စွက်ဖက်ရန် ဇွန်လ ၁၁ ရက်နေ့က အတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံ ပေးစာရေးသားတောင်းဆို ခဲ့သည်။
ထိုင်းရှိ မြန်မာရိုဟင်ဂျာအသင်း Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နုက အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် လူ ၈၀၀ မှ ၁၀၀၀ ခန့်သည် မကြာသေးခင်က ပျောက်ဆုံးသွားကြောင်း၊ အသေအပျောက် စာရင်းများကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရိုဟင်ဂျာ အဖွဲ့အစည်းများ၊  People’s Empowerment Foundation ကဲ့သို့သော ထိုင်းအင်န်ဂျီအိုများက ပြည်သူ့စစ်များနှင့် လူမျိုးရေးအစွန်းရောက် ရခိုင်တို့က အိမ်များ မီးရှို့ပြီး လူများကို ပစ်ခတ်ခဲ့ကြောင်း အချို့သူများကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း စွပ်စွဲခဲ့သည်။
“ရိုဟင်ဂျာလူငယ်တွေက တောထဲမှာ ပြေးပုန်းနေကြရပါတယ်။ တချို့က ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ပြေးကြတယ်။ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေရဲ့အလောင်းတွေကို အစိုးရတပ်တွေက ရှင်းသွားပါတယ်” ဟု ဘန်ကီမွန်ထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။ ‘မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အားလုံးကို သတ်ဖြတ်ရှင်းလင်းရန်စီစဉ်နေကြောင်း’ ထိုစာတွင် ထည့်သွင်းရေးသားခဲ့သည်။
“အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ ရခိုင်ကို ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်ပြီး မျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ ရှင်းလင်းမှုတွေကို ရပ်တန့်ဖို့ အမြန်ဆုံးအရေးယူနိုင်ရန် ကျွန်ုပ်တို့က တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်က စိုးရိမ်ရတဲ့အခြေအနေတွေကို ထိန်း ချုပ်ဖို့၊ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို တတ်နိုင်သမျှ အမြန်ဆုံးကယ်တင်နိုင်ဖို့ ကုလသမဂ္ဂက မစ်ရှင်တစ်ဖွဲ့စေလွှတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု အဖွဲ့များက တောင်းဆိုခဲ့သည်။ ထို့ပြင် ပြည်သူတို့၏ အသက်ကို ကယ်တင်ရန်အတွက် နိုင်ငံတကာနှင့် အာဆီယံမှ ၀င်ရောက်စွက်ဖက်ရန် အရေးတကြီး လိုအပ်နေကြောင်း ရခိုင်ပြည်နယ်ရှိ စိုးရိမ်ရသည့် အခြေအနေကို နိုင်ငံတကာ မီဒီယာများမှလည်း အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းခဲ့ကြောင်း ထိုအဖွဲ့များက ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို မြန်မာအစိုးရက ရှင်းပြသင့်ကြောင်း လူသားချင်းစာနာမှု လုပ်ငန်းများအတွက် ထောက်ပံ့ရန် ရခိုင်တွင် လူ့အခွင့်အရေးအဖွဲ့များ တိုးမြှင့်ရှိသင့်ကြောင်း ကြေညာချက်က ပြောကြားခဲ့သည်။
“လူသားချင်း ရာဇ၀တ်မှု ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားမျှတမှု ဖော်ထုတ်ရန်အတွက် ကုလသမဂ္ဂက လွတ်လပ်သည့် စုံစမ်းရေးကော်မရှင် အဖွဲ့တစ်ဖွဲ့ တည်ထောင်ရန်လည်း ကျွန်တော်တို့က တိုက်တွန်းကြောင်း” ထိုစာတွင် ဖော်ပြထားသည်။Eleven Media Group
Photo News
These Bangli so called Rohingya are sitting fire on native Rakhine's houses.
!!
0 ကွန်မန့်ရေးရန်:
Post a Comment