Wednesday, June 13, 2012

အသေမြတ်သူများ (သို့) The Results of Vipassana part 2

အသေမြတ်သူများ (သို့) The Results of Vipassana part 2
posted by ပန်းကမ္ဘာ
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက မြန်မာပြည်ကို ရောက်စဉ်မှာ ရှားရှားပါးပါး ၀ိပဿနာနဲ့ ပက်သက်တဲ့ ဗွီဒီယို မှတ်တမ်း ခွေတစ်ခွေကို ကြည့်ရတယ်၊ ၀ိပဿနာတရားကို နှစ်ပေါင်း ၂၀၊ ၃၀၊ ၄၀ အားထုတ်ထားသူ တို့ဟာ သေလွန် သွားတဲ့အခါမှာ ခန္ဓာကိုယ်ရုပ်အလောင်းကို ၄/၅ ရက်တိတိ ရေခဲတိုက်ထဲမှာ ထားသော်လည်း မတောင့်တင်း မပုပ်သိုးပဲ အသက်ရှင်စဉ်တုံး ကလို ပျော့ပြောင်းနေတာတွေ၊ ဖူးရောင် ပုပ်ပွ မသွားပဲ လူကောင်းပကတိလို ဖြစ်နေတာတွေကို ထူးခြားမှတ်တမ်းများ အဖြစ် ရိုက်ယူထားတဲ့အခွေ ဖြစ်ပါတယ်၊
ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်ထဲမှာ နေထိုင်တဲ့ ၀ိပဿနာ တရားပြ ဆရာကြိး ဦးစိုးမင်းက မှတ်တမ်းတင်ထားတာ ဖြစ်ပြီး စာရေးသူ တဆင့်ပြန်လည်မျှဝေတာပါ၊ ဥပါသကာကြီး ဦးစိုးမင်းဟာ တချိန်က ကျေးဇူးတော်ရှင် တောင်ပုလုဆရာ တော်ကြီး ၏ ခြေတော်ရင်းမှာ အလုပ်အကြွေး ပြုခဲ့ပြီး အဆုံးအမများစွာကို ရရှိခဲ့ပါတယ်၊ နှစ်ပေါင်းများစွာ အယုတ်အလတ် အမြတ်မရွေး အသုဘအလောင်းကောင်များကို ကိုယ်တိုင်မီးသဂြိုလ်ပေးပြီး လူမှုရေး ပရဟိတများကို တစိုက်မတ်မတ် လုပ်ဆောင် လာခဲ့ ပြီးနောက်မှာတော့ ယခုအချိန်မှာ တရားပြသက်သက်ကိုပဲ လုပ်ဖြစ်ပါတော့တယ်၊
အခုဖော်ပြမယ့် ၀ိပဿနာထူးခြား မှတ်တမ်းတွေထဲမှာ ဘုန်းတော်ကြီးများ ပါသလို၊ ဥပါသကာ၊ ဥပါသိကာ များလဲ အားလုံး ပါဝင်နေပါတယ်၊ အချို့အချို့ သော ဥပါသကာကြီးများကလဲ တရားအဆင့်အတန်းကြောင့် ထင်ပါရဲ့၊ ပျံလွန်တော်မူ သည့်တိုင်အောင် သာသနာ့ဘောင်မှာ နေထိုင်သွားကြတာ မှတ်တမ်းများအရ အားကျအတုယူစရာ ၊ကြည်ညိုလေးစား စရာ အလွန်ကောင်း လှပါတယ်၊ အခု အဲဒီအခွေဟာ ရှည်လျားများပြားလွန်းတဲ့ DVD အခွေဖြစ်တာကြောင့် ၀က်ပေ့ပေါ်မှာ တင်နိင်ဖို့ စိတ်ရှည်လက်ရှည် စောင့်စားပြီး ကြိုးစားခဲ့ရတာပါ၊ မည်သို့သော ရည်ရွယ်ချက်မှ မရှိပဲ ၀ိပဿနာတရားကို စိတ်ဝင်စားသူများအားလုံးအတွက် ကြည့်ရှုနိုင်စေရန် ရည်ရွယ်ပါတယ်။
စာရေးသူလေးစားတဲ့ ၀ိပဿနာတရားပြဆရာကြီးတယောက်ရှိပါတယ်၊ သူကတော့ နိုင်ငံပေါင်း( ၉၀ )မှာ ၀ိပဿနာ တရားပြ စင်တာပေါင်း ( ၁၆၃ ) ခုအထိ ဖွင့်လှစ်ထားနိုင်ခဲ့တဲ့ Shri Satya Narayan Goenka ရှရီ ဆတ်တရ နာရယန်း ဂိုအင်ကာ ခေါ် ဂုရုကြီး ဂိုအင်ကာ ဖြစ်ပါတယ်၊
သူဟာ ကမ္ဘာလုံးအနှံ့ ၀ိပဿနာတရားနဲ့ လူအများကို ဆွဲဆောင်ရာမှာ ရတနာသုံးပါး၊ ငါးပါးသီလ စတာတွေ၊ ဘုရားဆင်း တုတော်တွေ၊ စေတီပုံတော်တွေ၊ ဘုရားရှိခိုးခိုင်းတာတွေကို စစချင်း မလုပ်စေပဲ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ တရား၊ ဘယ်အယူဝါဒ စတာတွေကို မခွဲခြားပဲ လူသားမှန်ရင် ဒီလို စိတ်ပျိုးထောင်မှုနည်းလမ်းကို ဆည်းပူးလေ့လာ သင့်တယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်၊
suffering စိတ်ဆင်းရဲတာတွေ၊ sorrow သောက၊ stress စိတ်ဖိအား၊ နောက်ပြီး နေ့စဉ်လူနေမှု ဘ၀မှာ လူတိုင်း တွေ့ကြုံနေရတဲ့ ပြဿနာမှန်သမျှကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းလိုသူမှန်သမျှ ဒီလမ်းစဉ်ကို ကြိုးစားကြည့်သင့်တယ် ဆိုပြီး စကားပျိုး နိဒါန်းဖွင့်ကာ ဆွဲဆောင်နိုင်ခဲ့ပါတယ်၊
အိန္ဒိယနိုင်ငံ၊ Mumbai မွန်ဘိုင်းမြို့၊ Igatpuri အီဂတ်ပူရီဒေသ ရှိ Dhammagiri ဓမ္မဂီရိ Meditation Center of Vipassana ဟာ အဓိက အချက်အချာ ၀ိပဿနာရိပ်သာကြီး ဖြစ်ပါတယ်၊ အောက်ပါ ၀က်ဆိုက်များသို့ လေ့လာမှတ်သားနိုင်ပြီး http://www.events.dhamma.org/ http://www.globalpagoda.org/ http://www.pattana.dhamma.org/ သူ့ရဲ့ ၀ိပဿနာဆိုင်ရာ ကြော်ငြာစာတမ်းပါ ၀ိပဿနာမိတ်ဆက်ကဏ္ဍကိုလည်း မြန်မာ+ အင်္ဂလိပ် နှစ်ဘာသာဖြင့် မျှဝေလိုက်ပါတယ်။
စိရံ တိဋ္ဌတု လောကသ္မိံ၊ သမ္မာသမ္ဗုဒ္ဓသာသနံ၊
“ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် နှစ်ပေါင်းများစွာတိုင်အောင် လောကမှာ တည်တံ့နိုင်ပါစေ ”
ဝိပဿနာ နည်းပညာ
သဘာဝတရားအဖြစ် ရှိနေတဲ့ အရှိတရား (ပရမတ္ထတရား)ကို မြင်နိုင်ဖို့ ကြိုးစားခြင်းဆိုတဲ့ ၀ိပဿနာဆိုတာ အိန္ဒိယနိုင်ငံရဲ့ ရှေးအကျဆုံး တရားအားထုတ်ခြင်း နည်းတစ်မျိုးပါ၊ အဲဒီဝိပဿနာတရားကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) ကျော်က မြတ်စွာဗုဒ္ဓက ပြန်လည်ရှာဖွေကာ ဖော်ထုတ်ခဲ့ပြီး လူနေမှုဘ၀တွေထဲမှာ မရှိမဖြစ်ပညာတရပ်လို ကမ္ဘာလုံးဆိုင်ရာ ရောဂါ များကို ကုသဖို့အတွက် လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ နည်းလမ်းအဖြစ် ဟောကြားခဲ့တာ ဖြစ်ပါတယ်၊
ဂိုဏ်းဂဏစွဲ မရှိတဲ့ ဒီဝိပဿနာတရားဟာ လူတွေသန္တာန်မှာ ရှိနေတဲ့ စိတ်ရဲ့ မစင်ကြယ်မှုတွေကို ဖယ်ရှားပေးပြီး၊ အပြည့် အ၀ လွတ်မြောက်မှုအရသာကို ခံစားရခြင်းဆိုတဲ့ အမြင့်ဆုံး ပျော်ရွင်ကြည်နူးခြင်းတွေကို အကျိုးဆက်အဖြစ် ခံစားနိုင် စေပါတယ်၊
ဝိပဿနာတရားတော်ဟာ ခေါင်းကိုက်ရောဂါ၊ သာမာန်အပေါ်ယံ ငြိမ်းချမ်းမှုသက်သက်ကိုသာ ပျောက်ကင်းစေတာ မဟုတ် ပဲ လူအားလုံးမှာ ခံစားနေရတဲ့ ဒုက္ခမှန်သမျှကို ပျောက်ကင်းနိုင်စေဖို့ ရည်ရွယ်နိုင်လောက်အောင် ပြည့်စုံကောင်း မွန်လှပါတယ်၊
အရာအားလုံးကို ညီမျှစွာ မြင်စွမ်းနိုင်မှု၊ စိတ်ဖိအားတွေနဲ့ ချစ်ခြင်းမေတ္တာ၊ သနားခြင်း ကရုဏာ စတဲ့တရားတွေကို ကိုယ့်စိတ်မှာ အလိုလို ဖြစ်ပေါ်ခံစားလာစေခြင်း အကျိုးဆက်တွေကို တရားတော်က ပေးစွမ်းနိုင်ပြီး ကိုယ်တိုင် စောင့်ကြည့် ခြင်းဖြင့် ကိုယ်တိုင်ပြောင်းလဲမှုကို အလိုလို ဖြစ်ပေါ်စေ ခံစားစေတဲ့ စိတ်ကျင့်စဉ် တမျိုးလဲ ဖြစ်ပါတယ်၊
တစုံတရာကို စဉ်းစားနေတာတွေ၊ ခံစားမှုတွေ၊ အယူအဆတွေ၊ ဆင်ခြင်တုံတရားတွေနဲ့ အာရုံများကို တွေ့ထိ ခံစားမှု ဖောဋ္ဌဗ္ဗာရုံအဆုံး အားလုံးကို ပြောင်းလဲပေးနိုင် ကုသပေးနိုင်စွမ်းရှိတဲ့ ၀ိပဿနာတရားဟာ အပူအပင်အားလုံးကို ရှင်းလင်း သွားစေနိုင်တာကြောင့် သိပ္ပံနည်းကျ နိယာမတရား( သိပ္ပံပညာနဲ့ တထပ်ထဲကျတဲ့တရား )တွေ လို့လဲ ပြောနိုင်ပါတယ်၊
ဝိပဿနာတရားတော်ကို ပုံမှန်လေး လေ့ကျင့်ပေးခြင်းအားဖြင့် လူတယောက်ရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ခြင်း၊ အမြဲမပြတ် သတိထားကာ နှလုံးသွင်းနေခြင်းဖြင့် တကယ့်အမှန်တရားနဲ့ ကိုယ်ကိုယ်တိုင် ထိမ်းချုပ်နိုင်မှု စွမ်းအားတွေ၊ အေးချမ်း တည်ငြိမ်မှုတွေ ရရှိလာတာကြောင့် ကိုယ်တိုင် ဒုက္ခတွေ များအောင် ဘယ်လောက်အတိုင်းအတာအထိ ကြိုးစားနေတယ်၊ အဲဒီ ဒုက္ခတွေကနေ ဘယ်လောက်လွန်မြောက်နိုင်ပြီလဲ ဆိုတာကို နားလည်ဖို့ တိုက်ရိုက်အတွေ့အကြုံ ယူတဲ့ နည်းလမ်းလို့လဲ ဆိုနိုင်ပါတယ်၊
စိတ်ပျိုးထောင်မှုလေ့ကျင့်ခန်း နှင့် အကျိုးသက်ရောက်မှုများ
ကျွနုပ်တို့ဟာ ခန္ဓာကိုယ် ကျမ္မာရေးအတွက် လေ့ကျင့်ခန်း လုပ်ရသလို စိတ်စွမ်းအားတွေ ကျမ္မာဖို့ တိုးတက်စေဖို့အတွက် ၀ိပဿနာတရားကို ကြိုးစားနိုင်ပါတယ်၊ သေချာပါတယ်၊ လေ့ကျင့်ခန်းကို တဖြည်းဖြည်း ဆက်လက်လုပ်သွားမယ်ဆိုရင် အကျိုးဆက်ကလဲ အသေအချာ ရောက် လာမှာပါ၊
ဘ၀မှာ ကြုံတွေ့ရမယ့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ကိုလဲ မျှော်လင့်နိုင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မသိမဖြစ် သိထားသင့်တဲ့ ၀ိပဿနာတရားကို လေ့လာသင်ယူထားမယ်ဆိုရင် နေ့စဉ်လူမှုဘ၀ထဲမှာ အကျိုးသက်ရောက်စေမှာ ကတော့ ဧကန်ပါပဲ၊
ဒီလမ်းစဉ်ကို ပိုပိုပြီး လေ့ကျင့်ထားလေ၊ အမှားအယွင်း မှန်သမျှကနေ လွန်မြောက်နိုင်လေပါ၊ နောက်ပြီးတော့ မကြာမီမှာပဲ ကိုယ့်စိတ်ကို ဖျက်ဆီးနေတဲ့အရာတွေ၊ ဒုက္ခတွေ အားလုံးကနေ လွတ်မြောက်ပြီး အဆုံးစွန် လွတ်မြောက်မှုဆိုတဲ့ အမြတ်ဆုံး ပန်းတိုင်ကို ရောက်ရှိနိုင်ပါတယ်၊
အားထုတ်ရင်း ပထမအဆင့်အကျိုးဆက်အနေနဲ့ နေ့စဉ်ဘ၀ထဲမှာ အကျိုးပြုနိုင်တဲ့ စိတ်ရဲ့ သန့်ရှင်း ကြည်လင်တောက်ပမှု၊ လင်းလက်မှုတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်၊ ပြောရရင် နောက်ထပ် နောက်ထပ် လေ့ကျင့်သင်ယူဖို့အတွက် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုတွေကိုလဲ ပေးစွမ်းနိုင်ပြန်တယ်၊
လူအားလုံးဟာ စိတ်စွမ်းအား အားနည်းမှုကို ကုစားဖို့ ဆန္ဒရှိတယ် ဆိုရင် ၀ိပဿနာကို အားထုတ်သင့်ပါတယ်၊ လက်ရှိ အားထုတ်နေသူတွေဟာ ကိုယ့်ကိုယ်တိုင်ရော အခြားသူများနှင့်ပါ ချမ်းသာအစစ်အမှန်ကို ရရှိခံစားနိုင်စေဖို့ တန်ဖိုးမဖြတ် နိုင်တဲ့ ၀ိပဿနာကို ရှာဖွေနေကြမှာ မလွဲပါပဲ …
The Technique of Vipassana
Vipassanā, which means to see things as they really are, is one of India’s most ancient techniques of meditation. It was rediscovered by the Buddha more than 2500 years ago and was taught by him as a universal remedy for universal ills, as though it were the essential Art of Living.
This non- sectarian technique aims for the total removal of mental impurities and the resultant highest happiness of full liberation. Vipassanā aims complete healing from human suffering and not merely the curing of diseases of superficial peace.
Vipassanā is a process of self-transformation through self-observation, resulting in a mind full of balance, strength, love and compassion.
The scientific laws that operate one’s thoughts, feelings, judgments and sensations become clear. Through direct experience one comes to understand how one produces suffering or frees oneself from it and with regular practice of Vipassanā one can change one’s life and fill if with constant awareness, truth, self-control and peace.
The Practice and the Results
Just as we use physical exercises to improve our bodily health, Vipassana can be used to develop a healthy mind.
Of course, the results come gradually through continued practice. It is realistic to expect that all problems would be solved. Within that time, however, the essentials of Vipassana can be learned so that they can be applied in daily life. The more the technique is practiced, the greater the freedom from misery, and by and by one can reach the ultimate goal of full liberation from all mental defilement and suffering. Right from the first course one gets results which are vivid and beneficial in everyday life and give confidence to learn more and practice more.
All people wanting to overcome one’s mental weakness are welcome to join a Vipassana course. All those who try it will find Vipassana to be an invaluable tool with which to achieve and enjoy real happiness oneself and with others.
အောက်ပါဗွီဒီယိုဖိုင်ကိုကလစ်နှိပ်၍ကြည့်ပါ
(http://vk.com/video170590531_162212268?hash=e717c9da2075deb7)

0 ကွန်မန့်ရေးရန်:

Post a Comment