This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 22, 2012

သူငယ်ချင်းများအားလုံးရယ်စေချင်တာပေါ့

*တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက်* တက်ခ်စ်ီတားတယ်..ကားသမားက
၇ပ်ပေးလိုက်တယ်..အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကိုေ၇ှ့ကို
ကြည့်မမောင်းဘဲ အဲဒီမိန်းမကိုပဲ ဟိုကြည့်ဒီကြည့်နဲ့
ကြည့်ပြီးမောင်းနေတယ်..ကြာတော့ အမျိုး သမီးကမေးတယ်..
`၇ှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ..၇ှင်ကနှာဗူးပဲ..´
ကားသမားက ပြန်ပြောတယ်..
`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျား
ကျွန်တော့်ကားပေါ်က ဆင်း၇င်
ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ တက်ခ်စီခ ပေးမလဲလို့ကြည့်နေတာပါ..´






*အဆို သင်တန်းတွင် မောင်ဂျက်လီက နည်းပြအားပေးသည်။*

“ဆရာ၊ ကျွန်တော့်ကို ရှင်းရှင်းပဲ ပြောပါဆရာ။ကျွန်တော့်အသံက ဘယ်နေရာမှာမ
သုံးစားလို့ မရတော့ဘူးလား။”

“ဟာ ၊ ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ မီးလောင်တာတို့ ၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ ဆိုရင် ခင်ဗျားအသံက အစားထိုးလို့ကို မရဘူး။ တကယ်ပြောတာ။”




*ဧည့်ခံပွဲတစ်ခုတွင် ၁၅ နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန်
အမျိုးသမီးတစ်ဦးအား*

သွားဖိတ်သည်၊

“ကျွန်မ ကလေးနဲ့ မကဘူး”

“တောင်းပန်ပါတယ်၊ ခင်ဗျားကိုယ်ဝန်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ”




*ဖုန်းသံမြည်လာတယ်*
"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိ မ်ကအိမ်ဖော်ပါ"
"သြော်...အေးအေး...မင်းမမလေးကော ....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးကသူ့အမျိုးသားနဲ
့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..ဟုတ်ဘူးလား"
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
အနည်းငယ်ကြာပြီးနောက်.....
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား"
"ဟုတ်....ဟုတ်..."
"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
"095002004***** လေ...."
"ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....
sorry့ နော်..အဟင်း
ဟို..ဟိုလေ...
phone မှားသွားလို့.....
ဒါပဲနော်"



*
သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့*ကိုထုံတယောက်တော်တော်အံ့သြသွားတယ်။သူ့ဘေးကပ်လျက်ခုံမှာ
ကြက်တူရွေးတကောင်
ထိုင်နေတာကိုး...ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ
စတင်ကျွေးမွေးတော့လေယာဉ်မယ်လေးက မေးလာတယ်..."အစာမစားမီ ဘာများ သောက်ချင်ပါသလဲ
ရှင်"ကိုထုံက... "ကော်ဖီတစ်ခွက် ပေးပါ" လို့ မှာတယ်။ကြက်တူရွေးက..."ငါ့ အတွက်
ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ...ကြားလား"...တဲ့။လေယာဉ်မယ်လည်း အံ့သြသွားပေမယ့်
ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။ခဏနေတော့
ကြက်တူရွေးက
ထပ်မှာပြန်တယ်..."ဝီစကီတခွက်ထပ်ယူပေးစမ်း...သောက်ရူးမလေး"...........လေယာဉ်မယ်
ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။ဒီတခါလည်း
ကော်ဖီက ပါမလာပြန်ဘူး.......ကိုထုံလည်း
ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့
တွေးပြီး......"ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို
ကန်မိတော့မယ်"ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။ကိုထုံ နဲ့
ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ
လေယာဉ်အပြင်ကိုပစ်ချလိုက်ပါတော့တယ်....ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို
လှမ်းပြောတယ်... .... ..."မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain
တယ်များကိုးကွ"....တဲ့။




*မြန်မာဝန်ကြီး နှင့် စကာင်္ပူ ၀န်ကြီး*
စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
မြန်မာ ၀န်ကြီး။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။
စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး
လိမ္မော်သီး ယို လုပ်တယ်ဗျ။


ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွား
တော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဆရာ တို့ မြန်မာနိုင်ငံမှာ ဘာလုပ်သလဲဗျ။
မြန်မာ ၀န်ကြီး။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို
စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့
မြန်မာနိုင်ငံကို တင်ပို့ ရောင်းချတယ်။

ဆက်ပြီးတော့ မြန်မာဝန်ကြီးကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။
ပြန်ခါနီးကြမှ မြန်မာဝန်ကြီး က မေးခွန်းတစ်ခု ထမေးပါတယ်။


မြန်မာ ၀န်ကြီး ။ ။ ခင်ဗျားတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
မြန်မာ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဆီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို
ပို့ပြီး စင်္ကာပူကို တင်သွင်း
ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ဗျ။





*ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း
ဗိုက်နာနေသည့်အတွက်*ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။
ဆရာဝန်မကြီးရောက်လာပြီးနောက်-
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"
"ဟုတ်ကဲ့"
ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။
"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်ကဲ့"
ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။ ဆရာမကြီးဝင်သွားပြီး ခဏနေတော့ ပြန်ထွက်လာတယ်။
"ပလာယာပါ လိုချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာ ပေးပါတော့"
ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ၊ လူနာရဲ့ အခြေအနေက
တော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကို မကြည့်ရသေးဘူး"

ဂျီကာဂိုမြို့မှ အမျိုးသမီးကြီးတစ်ဦးသည် မရောက်ဖူးသေးသည့်
ဖလော်ရီဒါပြည်နယ်သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တစ်မြို့သို့
ရောက်သောအခါ ဟိုတယ်တစ်ခုသို့ ၀င်သည်။ အဆိုပါဟိုတယ်မှာ
လူမျိုးရေးခွဲခြားမှုရှိသော ဟိုတယ်အဖြစ် ထင်ရှားသည့်ဟိုတယ် ဖြစ်သည်။
ဟိုတယ်မန်နေဂျာအား အမျိုးသမီးကြီးက ပြောလိုက်သည်။
"ကျွန်မကို အခန်းတစ်ခန်းပေးပါ၊ နှစ်ပတ်ကြာနေပါ့မယ်"
မန်နေဂျာက ပြန်ဖြေသည်။
"၀မ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး"
ထိုအချိန်တွင် ဧည့်သည်တစ်ယောက် အခန်းလာအပ်သည်ကို တွေ့ရသဖြင့် အမျိုးသမီးကြီးက
ဝမ်းသာအားရပြောလိုက်သည်။
"ကြည့်စမ်း၊ အဆင်ပြေလိုက်တာ၊ အခန်းတစ်ခန်း လွတ်သွားပြီ။ အခုပြန်အပ်တဲ့အခန်းကို
ကျွန်မကိုပေးလို့ ရပြီမလား"
"စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်တို့ဟိုတယ်မှာ ဂျူးလူမျိုးတွေကို
တည်းခိုခွင့်မပြုပါဘူးခင်ဗျ"
"ဘယ်သူလဲ ဂျူးလူမျိုးက၊ ကျွန်မလား၊ ကျွန်မက ကတ်သိုလစ်ဘာသာဝင်ရှင့်"
"လွယ်လွယ်ယုံဖို့တော့ ခက်ပါတယ်ခင်ဗျ၊ မေးခွန်းအချို့ မေးခွင့်ပြုပါ၊
ဘုရားသခင်ရဲ့ သားတော်ဟာ ဘယ်သူပါလဲ"
"မယ်တော်မေရီကမွေးတဲ့ ယေရှုသခင်ပေါ့ရှင့်"
"သူ့ကို ဘယ်မှာမွေးတာလဲ"
"နွားတင်းကုတ်မှာ"
"ဘာဖြစ်လို့ နွားတင်းကုတ်မှာ မွေးရတာလဲ"
"နင်တို့လို အကောင်မျိုးတွေကြောင့် မယ်တော်မေရီ အခန်းငှားမရလို့တဲ့ဟေ့"




*တစ်နေ့တွင် ဆရာဝန်တစ်ယောက်ထံ နားထဲသို့ ဂေါ်လီလုံးဝင်သွားသော* ကလေးလူနာတစ်ယောက်
ရောက်လာလေသည်။ ဆရာဝန်ခမျာ ကလေးနားထဲသို့ ၀င်နေသော ဂေါ်လီလုံးကို ခက်ခက်ခဲခဲနှင့်
အသည်းအသန်ကြိုးစားပြီး ထုတ်ပေးလိုက်ရသည်။ ထို့နောက် ကလေးငယ်အား မေးလိုက်သည်။
"သားရယ်… နားထဲကို ဂေါ်လီလုံးဝင်အောင် ဘယ်လိုများ ဆော့လိုက်ပါလိမ့်"
ထိုအခါ ကလေးငယ်က "ဒီလိုပဲ ဦးဦးရဲ့" ဟုဆိုကာ ဂေါ်လီလုံးကို နားထဲသို့
ပြန်ထည့်ပြလိုက်လေသည်။





*လူနာ* - ဒေါက်တာ၊ ကျွန်တော်လေ… အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်၊
ဘာလုပ်ရမလဲဆိုတာ အကြံပေးပါဦးခင်ဗျာ။
ဆရာဝန် - လွယ်ပါတယ်ဗျာ၊ တခြားအကြောင်းတွေ လျှောက်စဉ်းစားမနေနဲ့၊ အလုပ်ထဲမှာ
ခေါင်းမြှုပ်ထားလိုက်။
လူနာ - (ပြာပြာသလဲဖြင့်) ဟာ… အဲဒါတော့ မဖြစ်ဘူးဆရာ၊ ကျွန်တော်က
ဘိလပ်မြေဖျော်တဲ့လူဗျ။






*ပါမောက္ခက ကျောင်းသားအား နောက်ဆုံးစာမေးပွဲအတွက် လူတွေ့စစ်မေးနေလေသည်။*
ပါမောက္ခ - ရွှေနဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင် မင်း.. ဘာကို ရွေးချယ်မလဲကွ။
ကျောင်းသား - ရွှေကို ယူမှာပေါ့ဆရာရဲ့။
ပါမောက္ခ - ဆရာကတော့ အသိဉာဏ်ကို ယူမယ်ကွ၊ ဘာကြောင့်လဲ သိလား။
ကျောင်းသား - သိပါတယ်ဆရာ၊ လူဆိုတာ ကိုယ့်မှာ မရှိတာ၊ မပြည့်စုံတာကို
လိုချင်တတ်ကြတာ သဘာဝပဲလေ။




*
ဧည့်သည်များစုံလင်နေချိန်တွင် လူတစ်ဦးက
အခြားသူငယ်ချင်းတစ်ဦးကို*နောက်ပြောင်လိုသောကြောင့် စကားလှမ်းပြောသည်။
"တလောက ငါ အိပ်မက်,မက်တယ်ကွ၊ အိပ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေပေါက်ပြီး
ပျံကြတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ တို့နှစ်ယောက်လုံး မြေကြီးပေါ်ကို
ပြန်ကျလာကြတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့်ရှိတဲ့ တွင်းထဲကို
ပြုတ်ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ပြည့်နေတဲ့ တွင်းကြီးထဲကို
ကျသွားတယ်ကွ"
အပြောခံရတဲ့ သူငယ်ချင်းကလည်း ဟာသဉာဏ်ရှိသူဖြစ်လေတော့ ချက်ချင်းပဲ
ပြန်ပြောလိုက်တယ်-
"အံ့သြစရာကောင်းလိုက်ပါဘိကွာ၊ ငါလည်း အဲဒီပုံစံအတိုင်းပဲ အိပ်မက်,မက်တာကွ။
ဒါပေမယ့် ငါက ရှေ့ဆက်ပြီး အိပ်မက်ဆုံးတဲ့အထိ မက်ခဲ့သေးတယ်ကွ"
"ဟေ၊ ဟုတ်လား… ဘာတွေ ဆက်မက်ခဲ့သေးလို့လဲ"

"ငါတို့တွေ တွင်းတွေထဲကနေ ပြန်တက်လာပြီးတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် လျှာနဲ့လျှက်ကြတယ်လေ"



*ကျောင်းနေစ ကလေးငယ်တစ်ဦးကို လူကြီးတစ်ယောက်က အင်္ဂလိပ်စာလုံးများ
မေးမြန်းလျက်ရှိသည်။*
လူကြီး - Ant ကို သိလားကွ။
ကလေး - သိပါတယ်၊ ပုရွက်ဆိတ်ပါ။
လူကြီး - မှန်တယ်၊ Apple ကရော။
ကလေး - ပန်းသီးပါ။
လူကြီး - ဒါဆို Book ကရောကွ။
ကလေး - စာအုပ်။
လူကြီး - အေးမှန်တယ်ကွ၊ Bag ကရောကွာ။
ကလေး - လွယ်အိတ်ပါ။
လူကြီး - Cat ဆိုတာကရော။
ကလေး - (အတန်ကြာစဉ်းစားလျက် မဖြေနိုင်သဖြင့် ခေါင်းကုတ်လျက်) မသိဘူးခင်ဗျ။
ကလေးငယ်အား ဖြေနိုင်စေရန်အတွက် လူကြီးဖြစ်သူက နိမိတ်ပြမေးခွန်း မေးလေသည်။
လူကြီး - သားတို့အိမ်မှာ ကြွက်ကို ဘယ်သူဖမ်းသလဲ။
ကလေး - အမေက ကြွက်ထောင်ချောက်နဲ့ ဖမ်းပါတယ်။
လူကြီး - ဘာကွ။
Views: 129
Tags: ဟာသ

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်

Inbox
x

☺☺☺☺ ☺☺☺☺ smith.mt354@gmail.com
8:51 PM (23 hours ago)

to mrsorcerer
Inline image 1     အားလုံးကိုကျွန်တော်တခုပြောချင်ပါတယ်
NLD ဟာခက်ခဲမှုတခုကို ပြည်သူလူထုအားကိုးနဲ့ ဖြတ်သန်းနေပါတယ်  NLD ရဲ့အောင်မြင်မှုဟာ ပြည်သူတို့ရဲ့အောင်ပွဲ ပြည်သူတို့အတွက်အနာဂတ်ေ၇ွှလမ်းငွေလမ်း ဖြစ်သွားစေနိုင်ပါတယ် မျှော်လင့်ချက်ပေးနေတာမဟုတ်ပါဘူ
ဒါပေမဲ့နှစ်ပေါင်းများစွာအနာဂတ်ပျောက် လမ်းစမမြင် ခဲ့ရသူ ပြည်သူတွေအတွက် ဒါဟာတခုတည်းသောလင်းရောင်ခြည်ပါ
ဟိုးယခင်ကမြစ်တွေမှာ ရေမကြီးအောင် တာရိုးတာဘောင်တွေ ကါ၇ံတားဆည်းပြီးရေကြီးမှု ကိုကါကွယ်ကြတယ်
တာခေါင်းတို့တာဗိုလ်တို့ကိုခန့်ထားပြီး တာကိုဂရုတစိုက် သတိနဲ့ စောင့်ရှောက်ကြတယ်
ဒါပေမဲ့ဒီလောက်စောင့်ရှောက်ကြီးကြပ်နေတဲ့ကြားက တာတွေကျိုး လယ်တွေရေမြုပ် ကြရတယ်
အဲဒါကြွက်တွင်းလောက်ကလေး အပေါက်ကနေ တာတွေကျိုးရေတွေဒလဟောဝင်တဲ့အထိဖြစ်ကုန်ကြတာ
ပြောချင်တာကဒါကေါင်းသောဥပမာတခုပါ
တောင့်တင်းခိုင်မာပါတယ်ဆိုတဲ့ အစောင့်အရှောက်တွေနဲ့ စံနစ်ဆိုးနဲ့ မတရားတဲ့ဥပဒေတွေကို NLD က ရှေ့က ရသလောက်ဖေါက်ဝင်ပြီးနေပါပြီ
နောက်လဲ NLDတည်မြဲနေသမျှ ဒီလိုဘဲ ရနိုင်သလောက် ရှေ့သို့ရှောက်နေဦးမှာပါ
NLDကရှေ့ကဖေါက်သွားတဲ့ ဒီအပေါက်လေးကနေ မြစ်ရေနဲ့တူတဲ့ ပြည်သူတွေက ဒလဟောအဆက်မပြတ် စီးဝင် ကြမယ်ဆိုရင် စံနစ်ဆိုးနဲ့ အမွေခံဆိုး
ကိုယ်ကျိုးရှာ မတရားဥပဒေ တာရိုးကြီးကို အပိုင်းပိုင်းချိုးနိုင်ပြီပေါ့
ဒေါ်အောင်ဆန်းစုကြည် ပြောခဲဘူးပါတယ် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်
ကဲ ကျွန်တော်တို့ ညီညီညာညာနဲ့ မခိုမကပ် ပြိုင်တူ တွန်းကြရအောင်

လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Inbox
x

ဦးဦး မှော်ဆရာ mrsorcerer9@gmail.com
8:24 PM (18 minutes ago)

to O
‘လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ကြားဖြတ် ရွေးကောက်ပွဲ၌ အနိုင်ရကိုယ်စားလှယ်များကို ပထမပိုင်းတွင် ဦးမျိုးရန်နိုင်သိမ်းက ပဋိပက္ခများကို ဖြေရှင်းခြင်းနည်းလမ်း၊ ဒုတိယပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဦးအောင်ကြည်ညွန့်က အလုပ်သမားဥပဒေ၊ လယ်ယာဥပဒေ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသင်တန်းများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်မှ “ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းတဲ့ဥပဒေတွေ၊ မြေယာဥပဒေတို့၊ အလုပ်သမား သမဂ္ဂတို့၊ မြေလွတ် မြေရိုင်းဥပဒေ တို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ တွေကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ထဲက ဥပဒေပညာ ရှင်တွေက သင်တန်းပို့ ချတာပါ။ လွှတ်တော်ကို ဒီနေ့ကတော့ သွားဖို့ အစီအစဉ်မရှိဘူး။ သင်တန်းလည်း ပြီးသွားပြီ။ ကိုယ့် အလုပ်တွေကို ကိုယ်လုပ်ပြီး ငွေကြေးကိစ္စတွေကို အပြီးသတ် လုပ်ထားဖို့နဲ့ အဲဒီငွေကြေးကိစ္စ တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေမှာ ကျမ်းကျိန်တာတွေ လုပ်ရမယ်” ဟု ပြောပါသည်။

ထို့နောက် ဦးအုန်းကြိုင်မှ လွှတ်တော်မတက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို “ အဲဒါကတော့ ကျွန်တော်တို့ ဟိုနေ့က ပြောထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် တို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ အကြံပြုချက် တင်ထားတယ်။ အဲဒီ အကြံပြုချက်တင်ထားတာကို ဟိုတစ်နေ့ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ကော်မရှင်ရုံးက သူတို့ဘောင်ထဲမှာ မရှိဘူးတဲ့။ သူတို့လုပ်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ အဲတော့ လုပ်ရမှာက ဘယ်သူလဲ။ အဲဒါကတော့ သူတို့ ဆက်ပြီးတော့ လက်တွဲပြီး တော့လုပ်ပေါ့။ ကျွန်တော်တို့ကတော့ အကြံပြုချက် တင်ထားပြီးပြီ။ လုပ်ခွင့်ရှိနိုင်တဲ့သူ၊ လုပ်နိုင်တဲ့သူ တွေက လုပ်နိုင်တဲ့အတိုင်း လုပ်သွား ပေါ့။ တကယ်တော့ ကျွန်တော် တစ်ယောက်တည်း သဘောပြောရရင် ဒီကိစ္စဟာ ပထမဖြစ်စဉ်ကိုက ကော်မရှင်ဥပဒေမှာ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ပါမယ်ဆိုတဲ့ စကားရပ်က ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျလို့ မှတ်ပုံမတင်ခဲ့ဘူး။ ဦးသိန်းစိန်နဲ့ ကျွန်တော်တို့ဖက်က တွေ့ရာမှာ NLD ပါသင့်တယ်။ ကျွန် တော်တို့ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ ပြုပြင်ပေးမှဖြစ်မယ်။ ဒါပြုပြင်ပေးမယ် ပြောလိုက်တယ်။ ပြောလိုက် ပြီးရင် ဒါက ဥပဒေပဲ။ တစ်အိမ်လုံး မီးလင်းပြီး မီးဖိုချောင်လေးကျမှ တစ်နေတာ ကျွန်တော်တို့ မပြောတတ်ဘူး။ လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြီးရင် လွှတ်တော်ထဲ သွားမယ်။ လွှတ်တော် ထဲသွားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ပုဒ်မ ၁၂၅ အရ ဇယား (၄) ပါစာသား ကို ဥက္ကဌရှေ့မှာ ကျမ်းကျိန်ရမယ်။ ဒါလည်းကျွန်တော်တို့ မငြင်းပါဘူး။ ဖိတ်ကြားစာတွေ ရောက်ထားပြီးသား။ ဒါပေမယ့် အဲဒီနေရာမှာ သူတို့ သတိလစ်နေတဲ့ အချက်တစ်ခုက အဲဒီစာသားကတော့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပါမယ် ဖြစ်နေတုန်းရှိသေးတယ်။ ဒါက ကျွန်တော်ခုနက ပြောသလို inline ပေါ်သွားရမယ်။ ဒီအဓိပ္ပါယ်အတိုင်း ဖြစ်သွားသင့်တယ်။ ဒါဟာ အခုထိတော့ မလုပ်ပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့လုပ်ရမယ့် အလုပ်မဟုတ်ဘူးတဲ့။ ဒါဖြင့်လွှတ်တော်က လုပ်ရမယ့် အလုပ်လား။ ဒါကတော့ ကျန်တဲ့ ဌာနတွေက ဆက်စဉ်းစားဖို့ လိုပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။


သတင်းထောက် ။ ။ အန်ကယ် ပြည်သူတွေ ကစိုးရိမ်နေတာရှိတယ်။
NLD လွတ်တော်မတက်ဖြစ်ဘူးလားဆိုပြီး အဲဒါတွေနဲ့ ပတ်လို့ကော

ဦးဥာဏ်ဝင်း ။ ။ အဲဒါနဲ့ ပတ်လို့ ကျွန်တော်ပြောချင်တာက NLD လွတ်တော်တက်
ချင်လို့ ရွေးကောက်ပွဲကို ၀င်တာ ။ လွတ်တော်ကို တက်မှာပဲ ။ အခု ကိစ္စကလည်း
ပြေလည်နိုင်တဲ့  ဥပဒေအမြင်တွေရှိလို့ ကျွန်တော်တို့ ဒီဥပဒေအမြင်တွေနဲ့
ဆောင်ရွက်နေတာပါ

၂၂ ဧပြီ ၂၀၁၂
(Eleven Media Group)


အိန္ဒိယစစ်သံမှူး နေပြည်တော်မှာ တည်းခိုနေစဉ် ပစ္စည်းအခိုးခံရမှုသတင်း

Friday, 20 April 2012 00:56 Way Yan Nan Thandar Aung

(၂၀၁၂) ခုနှစ် ဧပြီလ (၉) ရက်တုန်းက အိန္ဒိယစစ်သံမှူးဖြစ်သူ Col-ragesh kumar ဟာ နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်မှာ တည်းခိုနေစဉ် အိပ်ခန်းထဲမှ သူ့ရဲ့ပစ္စည်းများ အခိုးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ အခိုးခံရတဲ့ ပစ္စည်းများထဲမှာ ပတ်စပို့နှင့် ဒေါ်လာငွေပေါင်းများစွာ ပါသွားတာကြောင့် နေပြည်တော်တဝိုက် ဂယက်ရိုက်သွားတယ်လို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ နေပြည်တော်ဟာ အစိုးရအဖွဲ့ ရုံးဆိုက်ရာ မြို့တော် ဖြစ်တဲ့အပြင် ဗိုလ်ချူပ်အများစုက နေပြည်တော်ကို ကြပ်ပြေးရယ်လို့ တောဇနပုဒ်မြို့လို အခေါ်မခံချင်တာကြောင့် တမင်သက်သက် စည်ကားဖွံ့ဖြိုးအောင် ငွေကုန်ကြေးကျ မြောက်များစွာ တည်ဆောက် နေခဲ့ပါတယ်။

ဒီကြားထဲ နေပြည်တော်မှာ နိုင်ငံခြားသား ပစ္စည်းခိုးခံရတဲ့ ဖြစ်စဉ်ဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး အဲဒီနိုင်ငံခြားသားကလည်း မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံသား သံတမန်တစ်ဦး ဖြစ်နေတာကြောင့် နေပြည်တော် အစိုးရအဖို့ ဂုဏ်သိက္ခာ ကျဆင်းဖွယ် ဖြစ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအဖို့ သူခိုးအား အမြန်ဖမ်းမိနိုင်ဖို့အတွက် အပူတပြင်း ကြိုးစား ရှာဖွေနေသလို ရဲတပ်ဖွဲ့ကြီးအား စိန်ခေါ်တဲ့ဖြစ်စဉ် ဖြစ်ပါကြောင်း နေပြည်တော်ရပ်ကွက် တချို့က သုံးသပ် ပြောဆိုနေကြပါတယ်။


www.photayokeking.com

Inline image 1

အိန္ဒိယ စစ်ဖက်အရာရှိကြီးများအား အစည်းအဝေးတစ်ခုတွင် တွေ့ရပုံ
facebook : Infinity Power

ယခင်အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းကြီး အချို့ကို ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ်ရန် လက်ရှိအစိုးရအဖွဲ့ ပြင်ဆင်နေ

ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ငန်းကြီး အချို့ကို လုပ်ကိုင်ခွင့် ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့်အချို့ကို ပြန်လည်စိစစ် သုံးသပ်ပြီး သင့်လျော်သလို ပြင်ဆင်ဆောင်ရွက်သွားရန် လက်ရှိအစိုးရအဖွဲ့ စီစဉ်နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့နှင့် ပညာရှင် အချို့ထံမှ စုံစမ်းသိရှိရပါသည်။

“အရင်လိုမရတော့ဘူး။ လက် သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်ပေးခဲ့ တဲ့၊လုပ်ငန်းရှင်ကြီးတချို့ရခဲ့တဲ့လုပ်ငန်း တချို့ကိုလည်းပြန်စိစစ်ပြီး သင့်တော်သလို ပြင်ဆင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတော့တာကြောင့် အရင်လို နီးရာလူပေးဖို့ မလွယ်တော့ဘူး”ဟု အစိုးရ အဖွဲ့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားပါသည်။

ယခင်အစိုးရအဖွဲ့လက်ထက်က မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများ အပါအ၀င် လုပ်ပိုင်ခွင့် အများအပြားကို စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ပေးအပ်ခဲ့သော်လည်း ယခုဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပေးအပ်ခြင်း မရှိတော့ကြောင်း၊ အကယ်၍ လုပ်ပိုင်ခွင့် ပေးအပ်ရမည်ဆိုပါကလည်း ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိစေရန် အလေးထား သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ နှင့် နီးကပ်စွာ ဆောင်ရွက်နေသည့် ပညာရှင်တစ်ဦးက ဆိုပါသည်။

အရင်လိုမရတော့ဘူး။ လက်သိပ်ထိုးလုပ်ဖို့၊ လက်ဝါးကြီးအုပ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်ပေးခဲ့တဲ့၊ လုပ်ငန်းရှင်ကြီး တချို့ရခဲ့တဲ့ လုပ်ငန်းတချို့ကိုလည်း ပြန်စိစစ်ပြီး သင့်တော်သလို ပြင်ဆင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်ချင်တာလုပ်လို့ မရတော့တာကြောင့် အရင်လို နီးရာလူပေးဖို့ မလွယ်တော့ဘူး
“လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့အတွက် အစိုးရအဖွဲ့ဝင်တွေ၊ အဆင့်မြင့် အရာရှိကြီးတွေကအစ အကျင့်ပျက်ခြမစားဖို့ လိုတယ်။ လက်သိပ်ထိုးပေးတာ လက်ခံပြီးလာဘ်ပေးတဲ့လူ လုပ်ပိုင်ခွင့်ပေးတာမျိုးကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းဖို့ ပြောထားပြီးသား။ အခု တော်တော်များများက အရင် အစိုးရလက်ထက်ကတည်းက ပေးထားတာကို ဆက်လုပ်နေတာ။ ဒီထဲက တချို့ကိုလည်း ပြန်စိစစ်နိုင်ဖို့ အကြံပြုထားတယ်”ဟု အဆိုပါပညာရှင်က ဆက်လက်ပြောကြားပါသည်။

ထိုသို့ ယခင်အစိုးရလက်ထက်က လုပ်ပိုင်ခွင့် ပေးအပ်ထားသော မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြ စီမံကိန်းများကို ပြန်လည်စိစစ်ရာတွင် ဆက်လက် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိဘဲ လုပ်ပိုင်ခွင့်ရ ယူထားခြင်း၊ နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်မှုမရှိခြင်း စသည်တို့ စိစစ်တွေ့ရှိပါက လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားဖွယ် ရှိကြောင်း သတင်းရရှိပါသည်။
(Eleven Media Group)


ပြည်တွင်းပြောင်းရွှေ့ သွားလာမှုစစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ယခုနှစ်အတွင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရ

နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူ ပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများ ရရှိရန်နှင့် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု အခြေအနေ၊ ရွှေ့ပြောင်းသွားလာသည့်လူ ဦးရေအခြေအနေကို သိရှိနိုင်ရန်အတွက် ပြည်တွင်းပြောင်းရွှေ့သွားမှု စစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ယခုနှစ်အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်တွင် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု စစ်တမ်း ကောက်ယူရန်အတွက် မေးခွန်းပုံစံများပြုစုခြင်း၊ နမူနာကောက်ဘောင်များရေး ဆွဲခြင်း၊ နမူနာကောက်ကွက် ရွေးချယ်ခြင်းများနှင့် စစ်တမ်း ကောက်ယူရန်အတွက် မြေပုံရေးဆွဲရေး သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းဆင်းမြေပုံ ရေးဆွဲခြင်း၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းပေးခြင်း၊ ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်း၊ ပင်မ အစီရင်ခံစာပြုစုခြင်း ထုတ်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကောက်ယူခဲ့သော စစ်တမ်းများ ကို အခြေခံ၍ သက်ကြီးရွယ်အို လေ့လာမှု သုတေသနစာတမ်းနှင့် ပြည်တွင်းပြောင်းရွှေ့သွားလာမှု ၀ိသေသ လက္ခဏာများကို လေ့လာသော သုတေသန စာတမ်းများကို ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းစမ်တမ်းများ ကောက်ယူခြင်းမှာနိုင်ငံ၏ လူဦးရေပျံ့နှံ့မှု၊ လူဦးရေစိမ့်ဝင်မှုစသည့် လူဦးရေဆိုင်ရာ အချက်အလက်များ ရရှိနိုင်ခြင်းကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေးကိစ္စများကို စီမံဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း၊ စီမံခန့်ခွဲရေးနှင့်လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စီမံကိန်းများကို ရေးဆွဲချမှတ် အကောင်အထည် ဖော်ရာတွင်လည်း အရေးပါကြောင်း သိရှိရသည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အနာဂတ်မြို့ပြ စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲရာတွင်လည်း ယင်းအချက်အလက်များက အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
(Eleven Media Group)


ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ လုပ်ငန်း တာဝန်များကို နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲအပါအ၀င် ဖွဲ့ခွဲငါးခု ဖွဲ့စည်းဆောင်ရွက်သွားမည်

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အပါအ၀င် ကော်မရှင်အဖွဲ့ငါးခုကို ဖွဲ့စည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့တင်ပြရန်၊ အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ် သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာ လအတွင်း ပြီးစီးအောင်ဆောင်ရွက် ရန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက်သီးခြားသတ်မှတ်ပေး သည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေ သတ်မှတ်ဆောင်ရွက်ရန်နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဥာဏ်တောင်းခံသည့်အခါ ကော်မရှင် အနေဖြင့် အကြံဥာဏ်ပေးရမည် ဖြစ်ကြောင်း သိရသည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမည့် ကော်မရှင် အဖွဲ့ခွဲငါးခုမှာ နိုင်ငံရေးနှင့်လုံခြုံရေး ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ စီးပွားရေးဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ နည်းပညာ၊ သိပ္ပံ၊ သုတေသန၊ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ခွဲတို့ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုအဖွဲ့ဝင် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အဖွဲ့ဝင်နှစ်ဦးကို ထပ်မံထည့်သွင်း ဖွဲ့စည်းခဲ့ကာ လုပ်ငန်း လိုအပ်ချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် ၃၀ ဦးအား ထပ်မံထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် စုစုပေါင်း ၄၇ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထပ်မံထည့်သွင်း ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၃၀ တွင် ဦးမြင့်ဆွေ (ကာကွယ်ရေး ဦးစီးချုပ်(လေ)(ငြိမ်း))၊ ဦခင်မောင်စိုး(အငြိမ်းစားသံအမတ် ကြီး)၊ ဦးနေ၀င်း(အငြိမ်းစားသံ အမတ်ကြီး)၊ ဦးဝင်းမြင့်(အငြိမ်းစားသံ အမတ်ကြီး)၊ဦးတိုးနိုင်မန်း၊ ဦးသိန်း ဦး(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်)၊ ဦးသန်းလွင်(ဒု-ဥက္ကဋ္ဌ(ငြိမ်း)၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်) အစရှိသူများ ပါဝင်ကြောင်း သိရှိရသည်။

( Eleven Media group)


မဟာ ရန်ကုန်ဖွံ့ဖြိုး တိုးတက်ရေး ဂျပန်ကကူညီမည်

မဟာ ရန်ကုန်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများအတွက် ဂျပန်နိုင်ငံက အကူအညီများပေးရန် အဆိုပြုထားကြောင်း ဂျပန်အစိုးရက တရားဝင်ထုတ်ဖော်လိုက်သည်။ ဂျပန်ဝန်ကြီးချုပ်က တိုကျိုတွင် ကျင်းပပြီးစီးသည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်း အဝေး အပြီး သတင်းစာရှင်းလင်း ပွဲတွင် မဲခေါင်ဒေသ၏ အခြေခံ အဆောက်အအုံ စီမံကိန်း ၅၇ ခုအတွက် ကူညီရန် ဂျပန်က အဆိုပြုထားကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

ထိုစီမံကိန်း ၅၇ တွင် မြန်မာအတွက် စီမံကိန်း(၁၂) ခုပါဝင်ရာ ရန်ကုန်မြို့တော် (မဟာရန်ကုန်) ဖွံ့ဖြိုးရေး အစီအစဉ်၊ ရန်ကုန်တိုင်းဒေသကြီး ရေပေးဝေရေးနှင့် ရေဆိုးစွန့်စနစ် စီမံကိန်း၊ ရန်ကုန်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများ နှင့် ဓာတ်အား ဖြန့်ဖြူး ကွန်ယက် များပြန်လည် ပြုပြင် တည်ဆောက်ခြင်း တို့ပါဝင်သည်။

ဂျပန်သည် မြန်မာ အပါအဝင် မဲခေါင်နိုင်ငံ(၅) နိုင်ငံများအား သုံးနှစ်တာအတွက် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ (ODA ) ယန်းငွေ ဘီလျံ ၆၀ဝ ပေးအပ်ရန် ယနေ့ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် ဂျပန် ဝန်ကြီး ချုပ် က ကတိကဝတ်ပြုခဲ့သည်။
(the yangon times)


မြန်မာ့ အင်တာနက် ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည်

မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် တယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် တိုးတက်ရေး စီမံကိန်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန် ရှိကြောင်းသိရသည်။

တိုကျိုမြိုတွင် ဧပြီင်၂၁ရက်က ကျင်းပသည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဂျပန်က ညွှန်းဆိုပြသသည့် မဲခေါင်ဒေသ တွင်းနိုင်ငံ(၅) နိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အဆိုပါ စီမံကိန်းနှစ်ခုအား ရေးဆွဲထည့်သွင်းထား ခြင်းဖြစ် သည်။ ထိုဖွံ့ဖြိုရေး စီမံကိန်းများတွင် မြန်မာနိုင်ငံက (၁၂)ခု။ ကမ္ဘောဒီးယားက (၈)ခု၊ လာအိုက (၇)ခု၊ထိုင်းက (၄)ခု၊ ဗီယက်နမ်က (၂၆)ခု တို့ဖြစ်ကြသည်။

ထိပ်သီး အစည်းအဝေးတွင် အခြေခံ အဆောက်အဦ စီမံကိန်း (၅၇)ခုကို မိမိတို့အဆိုပြု တင်ပြခဲ့ပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒ က ထုတ်ဖော်ပြော ကြားခဲ့သည်။

ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်း တည်ထောင်ရန် တိုကျို စတော့အိပ်ချိန်းနှင့် သဘောတူညီချက် ရရှိခဲ့ပြီး တာဝန်ရှိသူများ မေလတွင် တွေ့ဆုံမည်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စတော့အိပ်ချိန်းများ ဖြစ်လာမည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများ တည်ထောင်နိုင်ရန် ဂျပန်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လာမည့် မေလအတွင်း ကျင်းပသွားရန် ရှိကြောင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

ဧပြီလ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Tokyo Stock Exchange Group Inc. နှင့် Daiwa Securities Group Inc. တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်မေလတွင် နားလည်မှု စာချွန်လွှာ ရေးထိုးသွားမည် ဖြစ်သည်။

Daiwa Institute of Research ဥက္ကဋ္ဌ Takashi Fukai က “လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအနှီး ဈေးကွက်တည်ထောင်မှုကို အဆင့်သစ် တိုးမြှင့်နိုင်ဖို့အတွက် တိုကျို စတော့အိပ်ချိန်းနဲ့အတူ အားတက်သရော ကူညီသွားမှာပါ”ဟု ပြောကြားခဲ့သည်။

တိုကျိုစတော့အိပ်ချိန်းဥက္ကဋ္ဌ နှင့် စီအီးအိုဖြစ်သူ Atsushi Saito ကလည်း “မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာဖို့အပြင် နိုင်ငံရဲ့ကဏ္ဍစုံ တိုးတက်လာဖို့ကိုပါ ကူညီဆောင်ရွက် ပေးသွားမှာပါ”ဟု ဆိုပါသည်။

Daiwa Institute of Research အနေဖြင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖော်ဆောင်ပေးနိုင်ရန် အဓိကပံ့ပိုး ကူညီပေးလျက်ရှိပြီး ခေတ်မီဘဏ္ဍာရေးစနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီ ဆောင်ရွက်ပေးနေကာ တိုကျိုစတော့ အိပ်ချိန်းမှ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ငွေချေးစာချုပ် ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများ နှင့် ညွှန်ကြားချက်များကိုလည်း ထုတ် ပြန်သွားမည် ဖြစ်ကြောင်းနှင့် ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံ အကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့်ပြုသွားမည် ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
(the yangon times)

ဦးခေါင်းတစ်ခြမ်းနဲ့ လူသား...


ယာဉ်တိုက်မှုတစ်ခုတွင် ဦးခေါင်းတစ်ခြမ်းလုံးဆုံးရှုံးခဲ့ ရသည့် အမျိုးသားတစ်ဦးဟာ ဘ၀အတွက်မျှော်လင့် 
ချက်များရှိနေသေးတယ်လို့ ယုံကြည်ချက်အပြည့် နဲ့ အသက်ရှင်နေထိုင်လျှက်ရှိပါတယ်...
အသက် ၂၄ နှစ် အရွယ်ရှိ မိုဟာမက်အီဇာနူဒင် ဟီရှမ်မူဟာမက် ဟာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်
ကယ်အား တစ်ခြားကားတစ်စင်းမှ ၀င်တိုက်ခဲ့ မိပြီး သစ်ပင်တစ်ပင်အားထပ်မံဝင်ရောက်တိုက်မိသည့် အ
ဖြစ်အပျက်တွင် ဦးခေါင်းတစ်ခြမ်းဆုံးရှုံးခဲ့ ရတာဖြစ်ပါတယ်လို့ စင်္ကာပူအခြေစိုက် အင်တာနက်စာမျက်နှာ
တစ်ခုကဖော်ပြခဲ့ ပါတယ်...
ထိုအဖြစ်အပျက်ကြောင့် သူဟာ ၃ လကြာ သတိလစ်မေ့ မြောနေခဲ့ ရပါတယ်...ဦးခေါင်းခွံတစ်ခြမ်း ချိုင့် ဝင်
ဆုံးရှုံးခဲ့ ရသည့် အပြင် မျက်လုံးတစ်ဖက်လည်း စွေစောင်းသွားခဲ့ ရပါတယ်...
သို့ သော်လည်း မျက်စေ့ တော့ မကန်းသွားခဲ့ ပါဘူး... သာမာန်အလုပ်သမားများဖြစ်သည့် ၎င်း၏မိဘများ
ဟာ ယခုအခါမှာတော့ ၎င်းအတွက်ဆေးဖိုးဝါးခများ ပေးနိုင်ဖို့ မတတ်နိုင်အောင်ဖြစ်နေကြရပါတယ်...

သြော်...သူ့ ကိုမြင်တာနဲ့ တော်ရုံကလေးဆို လန့် ပြီးငိုလောက်ပါတယ်...

A man who has lost half his skull is full of hope for a bright future.
Twenty-four-year-old Mohd Izanuddin Hisham Muhamad lost half his skull in a traffic accident while his motorcycle crashed into a tree after being hit by a car, reported Singaporeseen.com
He was in coma for three months.
Apart from losing half his skull, he also developed a squint inone eye. However, his sight is not affected.
His labourer parents are struggling to meet medical expenses.

9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ

Inbox
x

demonprince13
5:30 PM (22 minutes ago)

to mrsorcerer

9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ


by Aung Thu on Monday, October 17, 2011 at 2:11am ·
ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့် နေကြတဲ့အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီ လုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ဇီယွန်ဝါဒီတွေချုပ်ကိုင်ထားတဲ့ မီဒီ ယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေ ကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီးအလိမ် အညာ လုပ်ဇာတ်တွေ ကိုသာဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အ ရှင်းဆုံးတွေ့ရှိချက်တစ်ခုကတော့ စက် တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။
ဘင်လာဒင်ကိုယ်တိုင်ကလည်း အလ်ဂျဇီး ရားရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ““ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင် ပတ်သက် မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုက ဖုံးကွယ်ထား တဲ့ လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ””လို့ငြင်းပယ်ပြောကြားခဲ့ပါတယ်။

၉/၁၁ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင် သစ်နဲ့ အမေရိကန်က ပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစားဖော်ထုတ်ခဲ့ကြပါတယ်။ Brigham တက္ကသိုလ်ကရူပဗေဒပညာရှင် Steven E.Jonesနဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ ““တာဝါနှစ်ခုဟာ လေယာဉ်တိုက်တာ ခံရတာကြောင့် ပြိုကျသွားတာမဟုတ်ပါဘူး။ အ ဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့ နည်း စနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြို ချဖျက်ဆီးပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြို ကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲ ဒီမှာ thermite ဒါမှမဟုတ် nanothermite တစ်ခုခုထည့်သွင်းဖြိုချတာသာ ဖြစ်နိုင်ပါတယ်””လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့် Brigham တက္ကသိုလ် ကနေပင်စင်ပေးလိုက်တယ် ။ဒါပေမဲ့ဂျုန်းစ် ကတော့ Scholars for 9/11 Truth & Justice အဖွဲ့ကိုဖွဲ့ပြီး ဆက်လက်သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေရှိချက်တွေကို အင်တာနက် ၀ဘ်ဆိုက်မှာကော ဒီဗွီဒီအခွေနဲ့ပါ အထောက်အ ထားတွေနဲ့ ဖော်ထုတ်တင်ပြခဲ့ပါတယ်။
ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန်အ စိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေး ခွန်းတွေ မေးစရာရှိပါတယ်။
ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တရားခံဟာ သမ産ုရှ်အစိုး ရကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကိုတိုက်ခိုက် ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခု ရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရကတိုက်ခိုက် လုပ်ဆောင်ခဲ့တာ မဟုတ်ရင်တောင်မှ အမေရိ ကန်ကိုပြန်ပြီးချုပ်ကိုင်ထားတဲ့ ဇီယွန်ဝါဒီတွေကနေ အစ္စလာမ်ကမ္ဘာကို နာမည်ဆိုးရစေဖို့နဲ့စစ်သွေးကြွှ နေတဲ့ဘုရှ်ကို မီးလောင်ရာလေပင့်ပေးပြီး မွတ်စ လင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ဖို့အခွင့်အရေးဖန် တီးပေးလိုက်တာပဲလို့ လေ့လာသူတွေက တင်ပြ လာကြပါတယ်။
အမေရိကန်အစိုးရဟာ ကိုယ်တိုင်လုပ်ခဲ့ တာ မဟုတ်ရင်တောင် ဒီလိုလုပ်ခဲ့တဲ့လုပ်ရပ်ကိုကြိုသိပြီး အလိုပါဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေရှိ နေပါတယ်။ ထင်ရှားကျော်ကြားတဲ့လေ့လာဆန်း စစ်သူတစ်ဦးဖြစ်တဲ့ တယ်ရီမေဆန်ရဲ့ “အန္တရယ် ကြီးမားတဲ့လိမ်လည်မှုကြီးနဲ့ ကြောက်မက်ဖွယ်ရာ လှည့်ဖျားမှု””ဆိုတဲ့ စာအုပ်ဟာလည်း ဈေးကွက်ကို ရောက်လာပြီး ၂ နာရီအတွင်းမှာပဲ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေမှုက ပြိုက်ခနဲ ကုန်သွားခဲ့ပါတယ်။ စာရေးသူရဲ့ သက်သေအထောက်အထားတွေကို ဖတ်ရသူတိုင်းဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကိစ္စကင အမေရိကန်နဲ့မီဒီယာ လောကရဲ့ ၀ါဒဖြန့်မှု တွေဟာ ရာနှုန်းပြည့်လိမ်လည်မှုသာဖြစ်တယ်လို့ တွေ့ရှိလာခဲ့ကြပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံရဲ့အတွင်းတော်လှန် ပုန်ကန်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အဆင့်မြင့် စစ်ဖက်အရာရှိတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်သမ၊တဘုရှ်ကို သူ့ရဲ့ ပေါ်လစီပြောင်းလဲ စေဖို့အကြပ်ကိုင် လိုတဲ့ရည်ရွယ်ချက်တစ်ခုလည်းပါပါတယ်။ ကမ္ဘာ ကြီးကအံ့သြခဲ့ရပါတယ်။ ကမ္ဘာပျက်လောက် အောင်ပွက်လောရိုက်ခဲ့ပေမယ့် အမေရိကန်ထောက် လှမ်းရေး အေဂျင်စီတွေက ဒီတိုက်ခိုက်မှုသတင်း ကို ကြိုတင်သတင်းမရခဲ့ဘူးလို့ဆိုကြတယ်။ ဒီ လိုပြောကြသူတွေဟာ သူတစ်ပါးနိုင်ငံတွေကြုံတွေ့ လာနိုင်တဲ့ အကြမ်းဖက်မှု ဘေးအန၊ာယ်တွေကို တော့ ကြိုတင်သတင်းပေးနိုင်တယ်ဆိုတာ အံ့သြစ ရာပါပဲ။ စာရေးသူက ဘယ်လိုလှစ်ပြခဲ့သလဲဆို တော့ ““ဖြစ်ပျက်ခဲ့သမျှတို့သည် ထောက်လှမ်းရေး အေဂျင်စီတို့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ကိုယ်တိုင်က ယင်း ကိစ္စကို လုပ်ကြံဆောင်ရွက်ခဲ့ကြသောကြောင့်ဖြစ် သည်။

လုပ်ဆောင်သူများသည် ထိုအဆောက်အ အုံထဲရှိ အလုပ်သမားများကို ကြိုတင်သတင်းပေး ကာ တတ်နိုင်သမျှ အနည်းဆုံးပျက်စီးဆုံးး သေ ကြေမှုဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်း ကိစ္စဖြစ်သောအချိန်၊၀န်ထမ်းဦးရေအလွန် နည်း လေသည်။ အမှန်မှာ ကုန်သွယ်ရေးစင်တာ၊၀န် ထမ်းဦးရေ လေးငါးသောင်းခန့်ရှိလေသည်။””
စာရေးဆရာက မေးခွန်းတွေအများကြီးထုတ် ခဲ့တယ်။ အဲဒီမေးခွန်းတွေက သူ့ရဲ့စွပ်စွဲချက်ကို အားဖြည့်ပေးထားတယ်။ ဥပမာ- သမ္မတ ဘုရှ်ဟာ တစ်နေ့လုံးစစ်ဌာနချုပ်မှာ ပုန်းအောင်းနေခဲ့တယ်။ မိမိရဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဌာနကို စေလွှတ်ထားခဲ့တယ်။ စာရေးသူက -
““အမှန်သော်ကား လျှို့ဝှက်မှုသော့ချက် အားလုံးသည် အကြမ်းဖက်သမားတို့၏ လက်ထဲ တွင်ရောက်ရှိနေပြီးဖြစ်သည်။ ထိုအချက်ဖြင့် နျူက လီးယားဗုံးကိုပင် ဖောက်ခွဲနိုင်သည်။ စစ်တပ် ကို ကြိုက်သည့်လမ်းညွန်မှုပေးနိုင်သည်။ ထို့ကြောင့် ပင် သမ္မတ ဘုရှ်သည် စစ်ဌာနချုပ်တွင် လမ်းသ လားနေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့်ဖောက် ခွဲမှုကို တားဆီးနိုင်ရန်ဖြစ်သည်။””လို့ မှတ်ချက်ပြု ထားတယ်။ ဒီ့အပြင် ““ထိုနေ့တွင် အိမ်ဖြူတော်၊မီးလောင်ပေါက်ကွဲခဲ့သေးသည်။ သို့သော်ထိုအဖြစ် အပျက်ကို ဖုံးအုပ်ထားခဲ့ကြသည်။”” လို့လည်းဖော် ထုတ်ရေးသားခဲ့တယ်။

၂၀၀၂ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် (လက်ခနောင်းမှ ထုတ်ဝေသော) “ရာရှ်သရီယား ဆဟာရာ””အူရဒူစာစောင်မှာလည်း ကမ္ဘာ့ သတင်း တွေကို ကိုးကားပြီး ဒီလိုရေးထားပါတယ်။
““အမေရိကန် အစိုးရဘက်က သူတို့ သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုသတင်းပေး ချက်ကို တိုက်ခိုက်မှုမဖြစ်မီအလျင် ရရှိခဲ့ပြီးဖြစ်သည်။””တဲ့။
အမေရိကန်တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက် ခဲ့တယ်။ ဒီဝန်ခံချက်နောက်ပိုင်းမှာ အမေရိကန် အုပ်ချုပ်သူတွေနဲ့ အတိုက်အခိုက်ခံရသူတွေဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ရဲ့တာဝန်ရှိသူတွေဟာအ စိုးရ ကိုယ်တိုင်ဖြစ်တာကို ၀န်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို သတင်းအားလုံးကို ဇီယွန်ဝါဒီပိုင်မီဒီယာ တွေက ဖုံးအုပ်ထားခဲ့တဲ့အတွက်ကမ္ဘာ သားတွေဟာ မသိခဲ့ကြရဘူး။

အမေရိကန်သမိုင်းမှာလွတ်လပ်တဲ့ပြင်ပပညာ ရှင်တွေနဲ့ စုံစမ်းလေ့လာသူ တွေရဲ့ကြိုးပမ်း အားထုတ် မှုကြောင့် ဒီလိုကိစ၊ပ်ပေါင်းများစွာကိုဖြေရှင်းနိုင်ခဲ့ တယ်။ နိုင်ငံကိုကိုင်လှုပ်လောက်တဲ့ဖြစ်ရပ်တွေ ပေါ် ပေါက်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း အမေရိကန်စုံ စမ်းထောက်လှမ်းသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်း အားထုတ်မှုကြောင့် စက်တင်ဘာ ၁၁ ဖြစ်ရပ်မှန် ဟာဗူးပေါ်သလို ပေါ်ခဲ့တယ်။ ကျော်ကြားတဲ့အမေ ရိကန်စူးစမ်းလေ့လာသူ စာရေးဆရာများဖြစ်ကြတဲ့ မစ္စတာာလောရင့်စ်နဲ့ မစ္စတာဂျိုးအဲလစ် ရဲ့မျက် မှောက်ကြီးကြပ်ကွပ်ကဲမှုနဲ့ စစ်ဆေးရေးအဖွဲ့ တစ် ခုလုံးဟာ စက်တင်ဘာ ၁၁ ရဲ့ ဖြစ်ရပ်絀ထောင့် အားလုံးကို လေ့လာဆန်းစစ်ခဲ့ကြတယ်။ အဲဒီလေ့ လာဆန်းစစ်မှုရဲ့ အနှစ်ချုပ်ကတော့-
““လေယာဉ်ပျံကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက် ကို အရဗ်တို့အပေါ်ပြစ်တင်ပုံချခဲ့ခြင်းဟာ လေးနက် ပြီး အန၊ာယ်ကြီးမားလှတဲ့ လုပ်ကြံမှုရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ရှေးယခင်ကလည်း ပြုလုပ် ခဲ့ဖူးတယ်။ စုံစမ်းလေ့လာတဲ့အဖွဲ့ဟာ ပြန်ပေးဆွဲခံရ တဲ့လေယာဉ်ရဲ့ ခရီးသည် စာရင်းနဲ့တိုက်ခိုက်သူတွေ ရဲ့အမည်စာရင်းအားလုံးကို ရိုက်နှိပ်ထားခဲ့တယ်။
လေယာဉ်ပျံကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့အ ရဗ်လူငယ်တွေရဲ့ အမည်ဟာ အဲဒီစာရင်း ထဲမှာမပါ တာကိုသိရင် ကမ္ဘာ ကြီးကအံ့သြမှာအမှန်ပါပဲ။ အား လုံးပဲ မှတ်မိကြမလား တော့မသိဘူး။ အမေရိကန် နိုင်ငံမှာ မကြာခဏလေယာဉ်ပျံပေးဆွဲခံရတဲ့ ဖြစ် ရပ်တွေရှိခဲ့တယ်။ အမေရိကန်အစိုးရဟာကျွမ်းကျင် သူပညာရှင်တွေနဲ့ အဲဒီအန္တာယ်ကို ဘယ်လိုကာ ကွယ်တားဆီးရ မလဲဆိုတာကိုတိုင်ပင်ဆွေးနွေးခဲ့ကြ တယ်။ ပင်တဂွန်က လေယာဉ်ဆောက်တဲ့ ကုမဏီ ကြီးနှစ်ခုကို ဒီတာဝန်ပေးအပ်ခဲ့တယ်။ သူတို့အနေ နဲ့မြေပြင်ကနေတောင် လေယာဉ်တွေကို ထိန်းချုပ် ကိုင်တွယ်နိုင်တဲ့စနစ်ကို ရှာကြံတီထွင်ဖို့ ဖြစ်တယ်။ ဒါကြောင့် အဲဒီကုမဏီ တွေဟာ အဲဒီစနစ်ကိုတီထွင် ခဲ့ကြတယ်။ နောက်တော့ အဲဒီအချက်ကို လျှို့ဝှက် ထားကြတယ်။ လေယာဉ်မောင်းသူကို တောင်အ သိမပေးခဲ့ဘူး။ လေယာဉ်ပေါ်မှာ တီးတိုးပြောတဲ့ စကားကိုတောင် မြေပြင်ကနေကြားနိုင်တယ်။ ဒီတီ ထွင်မှုဟာ လေယာဉ်ရဲ့မူလအစီအစဉ် တစ်ခုလုံးကို တောင်ဖျက်ဆီးနိုင်တယ်။ ဘယ်နေရာမှာမဆိုလေ ယာဉ်ကို ဆင်းသက်စေနိုင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် လေယာဉ်မောင်းသူတောင်ဘာမှမလုပ်နိုင်ဘူး။အဲဒီ အချက်တွေကို လေယာဉ်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေ ကိုလည်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီစနစ်ရဲ့အတိုကောက် ကို JPLS လို့ခေါ်တယ်””
ထောက်လှမ်းရေးလေယာဉ်တွေ မောင်းသူမ ပါဘဲမောင်းနှင်သလိုပေါ့။ ဒီစနစ်နဲ့ လေယာဉ်ကို ထိန်းချုပ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုစီ စဉ်ခဲ့တာပါပဲ။ အမေရိကန်ပညာရှင် မစ္စတာဂျိုး အဲလစ်က ““ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လေယာဉ် ပျံတွေ ပြန်ပေးဆွဲခံရခြင်းက ကယ်တင်ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ချက်ချင်းပဲအစိုးရစစ်တပ်နဲ့ မာ ဖီးယားဂိုဏ်းတွေဟာ ဒီစနစ်ကို သူတို့ရဲ့ရည်ရွယ် ချက်ဖြည့်ဆည်းဖို့ စဉ်းစားလာခဲ့ကြတယ်။ ကမ္ဘာ ကို စိုးမိုးရေးနဲ့ ကမ္ဘာကြီးရဲ့အစီအစဉ်ကိုမိမိတို့စိတ်ကြိုက် ချယ်လှယ်လိုကြတဲ့အတွက်ကြောင့်ပါပဲ””လို့ကောက် ချက်ချခဲ့ပါတယ်။
လေယာဉ်တိုင်းမှာ ထိကိုင်လိုက်ရုံနဲ့လေယာဉ် ပျံပေးဆွဲခံရတဲ့သတင်းပေးနိုင်တဲ့ ကိရိယာပါရှိပါ တယ်။ စက်တင်ဘာ၁၁ရက်မှာလေယာဉ်၎စီးစလုံး ဘယ်လေယာဉ်မှ ပြန်ပေးဆွဲခံရတဲ့ သတင်းမပေးခဲ့ ဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းက တစ်ခု ပဲရှိတယ်။ အဲဒီလေယာဉ်တွေမှာရှိတဲ့အချက်ပေး ကိရိယာတွေကို အဝေးထိန်းကိရိယာနဲ့အသုံးပြုလို့ မရအောင်လုပ်ခဲ့လို့ပဲ။ အဲဒီအချိန်က လေယာဉ် ပေါ်မှာ အနည်းဆုံးခရီးသည် ၇၀ နဲ့ ၈၀ အထိပါရှိ တယ်။ အဲဒီခရီးသည်တွေဟာ မိမိတို့ရဲ့သေမင်းကို ဒီလိုပဲထိုင်ကြည့်နေခဲ့တယ်ဆိုတာဖြစ်နိုင်ရဲ့လား။ လှုပ်ရှားမှုမရှိ၊ အသံပြုခြင်းမရှိ၊ အော်သံမရှိ၊ တိုး လျှိုးတောင်းပန်သံမရှိ၊ လေယာဉ် တစ်စီးလုံးဘာ မှမဖြစ်သလိုပဲ။
လေယာဉ် ၄စီးထဲက၂စီးရဲ့ဘလက်ဘောက်စ် ၂ ခုကို ရရှိခဲ့တယ်။ ၂ ခုစလုံးကို စစ်ဆေးကြည့် လိုက်တဲ့အခါမှာ ဘာအသံမှမကြားရဘူး။ ၂ခုစလုံး ပြောင်သလင်းခါနေတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ သူတွေအားလုံး ဆွံ့အနေကြလို့လား။ လေဖြတ်နေ ကြလို့လား။ အဲဒီဘလက်ဘောက်စ်ကိုလည်း အ ဝေးထိန်းကိရိယာနဲ့သုံးမရအောင်လုပ်ထားလို့သာ ဖြစ်မယ်။ တစ်ခါ လေယာဉ်ပြန်ပေးဆွဲခဲ့သူအကြမ်း ဖက်သမားတွေဟာ အရဗ်များဖြစ်တယ်လို့ ဒုတိယ မျှော်စင်ပျက်စီးပြီး ၂၄ မိနစ်အကြာမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာခဲ့ တယ်။ အဲဒါကိုလည်း ဆန်းစစ်ကြည့်သင့်တယ်။
အဲဒီလုပ်ရပ်ရဲ့တာဝန်ရှိသူဟာ ဘင်လာဒင်နဲ့ အလ် ကိုင်ဒဟ်ဖြစ်တယ်တဲ့။ အရဗ်လို့ စွပ်စွဲခြင်းကလည်း ပြန်ပေးဆွဲသူတစ်ဦးရဲ့ ကားထဲမှာ အရဗီဘာသာနဲ့ လေယာဉ်မောင်းလမ်း馮န်စာအုပ်တစ်အုပ်ကိုတွေ့ ရလို့တဲ့။ လေယာဉ်မောင်းစာအုပ်ဖတ်ပြီး ဘိုးရင်း လေယာဉ်ကြီးကို မောင်းနှင်လို့ရနိုင်ပါသလား။
လေယာဉ်အသေးစားမောင်းသူနဲ့၊ အဲယား ဘတ်စ်လေယာဉ်မောင်းသူ၊ ဘိုးရင်း ၇၂၇ မောင်း သူတို့ကိုယ်တိုင်က စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်မောင်းသလို လေယာဉ်မောင်းကျွမ်းကျင် သူတွေတောင် မမောင်းနိုင်ဘူးလို့ ဆိုထားကြ တယ်။ အရဗ်လူငယ်တွေဟာ လေယာဉ်မောင်းစာ အုပ်ဖတ်ပြီး ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ် လိုများ ဒီလေယာဉ်ကြီးတွေ မောင်းတာ သင်ခဲ့ကြ ပါသလဲ။ လောရင့်စ်က ““ကျွန်တော်ဟာ လေယာဉ်လေးစီးစလုံးရဲ့ ခရီးသည်စာရင်းသွင်း ထားချက်ကို လေ့လာခဲ့ရာမှာ အာရဗ်နာမည်တစ် ခုမှမတွေ့ခဲ့ရပါဘူး””လို့ ပြောခဲ့ပါတယ်။ သူကပဲဖြစ် ရပ်ပြီးတဲ့ နောက်နှစ်ရက်မှာ ခရီးသည်အားလုံးရဲ့ စာရင်းကို ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုထားပြန် တယ်။ လေယာဉ်ကုမ္ပဏီ တွေက ခရီးသည်တွေရဲ့ စာရင်းဟာ လေယာဉ်ပျံနဲ့တကွ လောင်ကျွမ်းသွားခဲ့ တယ်လို့ ဆိုကြတယ်။ ရယ်စရာကောင်းတာက တော့ စာရင်းမှတ်တမ်းဟာ လေယာဉ်လေံစင်းးနဲ့လေ ယာဉ်ကွင်းမှာ ရှိရမယ့်အစား လေယာဉ်ပျံ ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
မစ္စတာမာရှယ်က ၂၄ နာရီတောင် မပြည့်ခင် မျှော်စင်ရဲ့ပြိုကျပျက်စီးသွားတဲ့ အပျက်အစီးတွေ ကို ဖယ်ရှားပစ်ဖို့ ကန်ထ絛ုက်ပေးလိုက်ရတဲ့အ ကြောင်းရင်းဟာ ဘာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ ဒါ့အပြင်အချိန်မဆွဲဘဲ အရည်ဖျော်ပစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ပါလိုက်သေးတယ်။ အ ပျက်အစီးတွေကို စုံစမ်းစစ်ဆေးခြင်း ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။
““အမေရိကန်တွေကိုယ်တိုင်က ကိုယ့်နိုင်ငံ ကိုယ်ပျက်စီးအောင်ဘယ်လိုလုပ်မှာလဲ””လို့ တချို့ ကပြောကြတယ်။ အဲဒီသူတွေအနေနဲ့အမေရိကန် စာရေးဆရာ James Bomford ၏ Body of Se-ctrets ဆိုတဲ့စာအုပ်ကို လေ့လာကြည့်သင့်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက““အမေရိကန်နိုင်ငံ မှာ နိုင်ငံရဲ့ပေါ်လစီကို မိမိတို့စိတ်တိုင်းကျပြုလုပ်ဖို့ နဲ့ချယ်လှယ်နိုင်ဖို့ ဘာမဆိုလုပ်နိုင်တဲ့ အင်အားစု တွေရှိတယ်။ အတိတ်မှာဂျွန်အက်ဖ်ကနေဒီရဲ့ခေတ် က စီအိုင်အေဟာ လုပ်ခဲ့ပြီးဖြစ်တယ်။ သူတို့ဟာ ကျူးဘားနိုင်ငံကို တိုက်ခိုက်ဖို့ အကြံအစည်တွေပြု လုပ်ပြီး ပင်တဂွန်ရဲ့သဘောတူညီချက်ကို ယူခဲ့ကြ တယ်။ ဒါပေမယ့် အဲဒီအကြံအစည်တွေကို ကနေ ဒီထံတင်ပြလာတဲ့ အခါကျတော့သူကပယ်ချတယ်။ အဲဒီငြင်းပယ်မှုရဲ့ ရလဒ်ကတော့ ကနေဒီလုပ်ကြံ ခံရခြင်းပဲဖြစ်တယ်။ အဲဒီအကြံအစည်က အမေရိ ကန်အနေနဲ့ကိုယ့်နှာခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး ကျူးဘားအပေါ် တိုက်ခိုက်ဖို့ဖြစ်တယ်။
အကြံအစည်က အမေရိကန်တပ်သားတွေကို ရှပ်ဝတ်စုံတွေဝတ်ပေးပြီး အမေရိကန်လေယာဉ် တွေကို တိုက်ခိုက်စေမယ်။ လေယာဉ်အချို့ကို ပစ်ချဖျက်စီးခံလိုက်မယ်။ စစ်သင်္ဘောအချို့လည်း နစ်မြုပ်ခံလိုက်မယ်။ အဲဒါကိုအကြောင်းပြုပြီး ကျူး ဘားအပေါ်တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။ အဲဒီလိုနဲ့ စစ်စ တင်ဖို့ကြံစည်ခဲ့ကြတယ်””အကြံပေစက်လွန်းပါပေ့။

အဲဒီလိုပဲ စက်တင်ဘာ ၁၁ လုပ်ဇာတ် ဟာလည်း အစ္စလာမ်နဲ့မွတ်စလင်ကမ္ဘာ ကို နာမည် ဖျက်ဖို့၊ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါကိုတည်ချက် လုပ်ပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြံစည်ခဲ့တာဖြစ်ပါတယ်။
ဝီရသူ


မူရင်း - http://muslimtime.wordpress.com/2011/09/23/911-%E1%80%9C%E1%80%AD%E1%80%99%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%99%E1%82%88%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%B1%E1%80%94%E1%80%AC/
[ ဒီ သံသယတွေက သူတို့ နိုင်ငံတွေကပဲ ပြန်လာတာပါ။ ပိုသေချာချင်ရင် အောက်က လင့်ခ်တွေ မှာ ကြည့်နိုင်ပါတယ်။ ကမ္ဘာ့ သတင်းဌာနကြီးတွေတောင် ပါပါတယ်။
http://whatreallyhappened.com/WRHARTICLES/hoax.html
http://news.bbc.co.uk/2/hi/americas/1556096.stm
http://edition.cnn.com/2001/US/09/21/inv.id.theft/
http://whatreallyhappened.com/WRHARTICLES/preplanned.html
http://whatreallyhappened.com/WRHARTICLES/hijackers.html
http://whatreallyhappened.com/WRHARTICLES/hijackers_flt_11.html
http://www.youtube.com/watch?v=WC9KZ2Yy5g4&feature=player_embedded




--
          

 မာဃလုလင်

မြန်မာ တနိုင်ငံ လုံးမှာ မြင့်တက်နေတဲ့ အပူရှိန်တွေ ယခုရက်များ အတွင်း လျော့ကျ သွားနိုင်ပါတယ်။ (၂၂-၄-၂၀၁၂ ရက်၊ ရန်ကုန်၊ ၀၉း၀၀ နာရီ)

Inbox
x

လင်းဇော်ထက်
3:11 PM (1 hour ago)

to mrsorcerer
မြန်မာ တနိုင်ငံ လုံးမှာ မြင့်တက်နေတဲ့ အပူရှိန်တွေ ယခုရက်များ အတွင်း လျော့ကျ သွားနိုင်ပါတယ်။ (၂၂-၄-၂၀၁၂ ရက်၊ ရန်ကုန်၊ ၀၉း၀၀ နာရီ)
ဦးထွန်းလွင်

လာမယ့်ရက်များအတွင်း အပူရှိန်တွေကို လျော့ကျ လာစေဖို့ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာခြင်းနဲ့အတူ ထစ်ချုန်းမိုးတွေ ရွာလာနိုင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး မိုးတဖြိုင်ဖြိုင် မရွာခဲ့တာ (၁၀)ရက် မကကြာခဲ့ပါပြီ။ မိုးမရွာတဲ့ ရက်တွေကြာလာတော့ နေပြင်းပြင်းပူတဲ့ရက်တွေက များလာပါ တယ်။နေ့အပူချိန်(temperature)တွေကမြင့် နေပူတဲ့အချိန်(sunshine hours)တွေ က နေ့စဉ်ရက်ဆက် ကြာလာတော့ နေအပူရှိန်(heat stress)တွေ မြင့်တက်လာခဲ့ ရပါတော့တယ်။ အဲဒီမှာပဲ  အပူရှိန် နဲ့ အပူချိန် တို့ရဲ့ အညမည သဘောတွေ ၀င်လာလိုက်တာ အခုဆိုရင် မြန်မာနိုင်ငံတ၀ှမ်းမှာ နေရောင်ခြည်ဖြာထွက်မှု ကျရောက်မှုတွေ UV Index (or) solar index တွေဟာ 10 လောက်အထိ မြင့်တက် လာနေပါတယ်။ ဒါဟာ လူတွေအတွက် အကာအကွယ်မပြုခဲ့ရင်၊ သတိမပြုခဲ့ရင် အန္တရာယ်ရှိနိုင်တဲ့ အနေအထားပါ။
       အခုတော့ အဲဒီအပူရှိန် မြင့်တက်နေမှုတွေကို သက်သာရာရစေမယ့် မမိုးရွာသွန်းမှုဖြစ်စဉ်တစ်ခုဟာ မြန်မာနိုင်ငံအထက်ပိုင်းကို အနောက်ဖက်မှ အရှေ့ဖက်ကိုဦးတည် ရွေ့လျှားသွားမယ့်အခြေအနေရှိနေပါတယ်။ ဒါကြောင့် လာမယ့် April 22 Sunday   နဲ့ April 23 Monday တွေမှာ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးရွာနိုင်ပါတယ်။ ရာသီဥတုသံစဉ် rhythm  မပျက်သေးဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်အတွက် အနောက်တောင်မုတ်သုံလေဟာ လာမယ့် မေလအတွင်းမှာ ၀င်ရောက်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပုံမှန်ထက် စောမယ့် လက္ခဏာမရှိပါဘူး။ ထုံးစံအတိုင်း ပုံမှန်ထက်နောက်ကျမယ့် သဘောကိုပဲ ပြနေပါသေးတယ်။ မုတ်သုံလေဦးဟာ လက်ရှိမှာ အီကွေတာလွန်ရုံပဲ ရှိနေပါ သေးတယ်။ စင်္ကာပူ၊ မလေးတို့မှာ မိုးရွာကောင်းနေတုံးပါပဲ။ မေလဆန်းတာနဲ့ အခြေအနေတွေဟာ ပြောင်းလဲလာတော့မှာ ဖြစ်ပါတယ်။ မုတ်သုံလေဦး အီကွေတာနားကပ်နေမှတော့ ဧပြီလအတွင်း မုန်တိုင်းဖြစ်ဖို့ကတော့ အခြေအနေ နည်းပါသေးတယ်။
အနောက်လေစီးကြောင်းတွေအတွင်းမှာ မျောပါလာတဲ့ လေဖိအားနည်း ချိုင့်ဝှမ်း တစ်ခုဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းကနေပြီး မြန်မာနိုင်ငံ အတွင်းကို ဖြတ်သန်းဝင်လာတဲ့အတွက် ကြီးမားတဲ့တိမ်တိုက်ကြီးတစ်ခုဟာ အနောက်မှအရှေ့ဖက် ကို ဦးတည် ဖြတ်သန်းနေပါတယ်။ ဖြတ်သန်းသွားရာ တလျှောက်မှာ မိုးတိမ်တောင် တွေနဲ့အတူ မိုးထစ်ချုန်းမှုတွေ၊ မိုးသီးကြွေကျမှုတွေ၊ မိုးကြိုးပစ်မှုတွေ၊ မိုးသက်လေပြင်း တွေ ပါလာနိုင်ပါတယ်။ (၂၂-၄-၂၀၁၂)ရက် မှ (၂၆-၄-၂၀၁၂)ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာနှိုင် ပါတယ်။ သေချာမှု ရာခိုင်နှုန်းကတော့ အမြင့်ဆုံး ၃၅% အထိ ရှိနိုင်ပါတယ်။ (၂၅-၄-၂၀၁၂) မှစပြီး (၂၇-၄-၂၀၁၂)အတွင်းမှာ ပိုမို များပြားလာပြီး တပြည်လုံး နေရာအနှံ့နီးပါး ဖြစ်လာနှိုင်ပါတယ်။

MCCW

ယုဇန ဥယျာဉ် မြို့တခွင် ကျန်းမာစေကြောင်း သာစေကြောင်း

Saturday, April 21, 2012

ယုဇန ဥယျာဉ် မြို့တခွင် ကျန်းမာစေကြောင်း သာစေကြောင်း



ယုဇန ဥယျာဉ် မြို့တခွင် ကျန်းမာစေကြောင်း သာစေကြောင်း
ကျွန်တော်တို့ ရာအိမ်မူး ဦးအောင်ဇော်မင်း နှင့် သာယာရေး လူကြီး ဦးကျော်တို့၏ 10လမ်း အေ မိုးဦးကာလ ကျန်းမာရေး နှင့် သာယာရေးအတွက်
1      ရေဆိုးရေမြောင်းများရှင်းလင်းပေးခြင်း
2      တိုက်နောက်ဖေးလမ်းကြားရှိ အမိုက်နှင့် ရေဆိုးများ ရှင်းလင်းပေးခြင်း
3      အနံ့အသက် နှင့် ခြင်ယင်များ မပေါက်ပွားရေရန် ထုံးဖြူးပေးခြင်း
4      ထပ်မံပြီး အမိုက်များမပစ်စေရန် နှင့် သာရေး နာရေး အတွက် အများဆန္ဒနှင့်အညီ တိုက်လူကြီး ခန့်အပ်ခြင်း
5      9လမ်းအေနှင့် 11လမ်းအေ တို့နှင့် ပူးပေါင်း ပြီး လမ်းကြားအမိုက်မပစ်ရေး စောင့်ကြည့် ဒဏ်ရိုက်ခြင်း
6      နေ့စဉ် လှည်းဖြင့် အမိုက်သိမ်းပေးပြီး အမိုက်သိမ်းစဉ် အမိုက်လာမထည့်သော အခန်းကို မှတ်သားထားခြင်း
7      အခါအားလျော်စွာ ကောက်ခံထားသော အလှူငွေကို ရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း
8      ကျန်းမာရေး အတွက် ခြင်ဆေးဖျန်းရန် စီစဉ်ဆောင် ရွက်နေခြင်း
9      အုပ်ချူပ်ရေးမှူးကြီး အနေဖြင့် လာရောက်ကြည့်ရှုပြီး လိုအပ်တာများ လမ်းညွှန် မှာကြား ဆောင်ရွက် ပေးစေလိုခြင်း


9     
ယခင်မရှင်းလင်းရသေးသောအနေအထား (အထက်ပုံ) 
ရှင်းလင်း ထုံးဖြူး ပြီး အနေအထား   (အထက်ပုံ)   
             ကိုပဲလေး                               
http://kopaelay.blogspot.com/  

မြန်မာ လက်ထပ် ထိမ်းမြားခြင်း

မြန်မာ လက်ထပ် ထိမ်းမြားခြင်း

မင်္ဂလာမောင်နှံ
ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ် သမုတ်ကြ လေ့ရှိသည်။ ထိုအခါ မျိုးများတွင်လည်း မင်္ဂလာ အခမ်းအနားများကို ကျင်းပ လေ့ရှိကြသည်။
မာတိကာ
1 မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ
2 မင်္ဂလာဆွမ်းကပ်ခြင်း
3 ရုံးတက်လက်ထပ်ခြင်း
4 ညစာစားပွဲများ
5 ထိမ်းမြား မင်္ဂလာ (၁၀)ပါး
6 နာမည်ကြီးမင်္ဂလာဆောင်ခန်းမများ
6.1 TRADERS Hotel
6.2 Sedona Hotel
6.3 Parkroyal Hotel
6.4 Innya Lake
6.5 YUZANA GARDEN HOTEL
6.6 Central Hotel
6.7 မဟာသန္တိသုခ
6.8 နှင်းဆီကုန်း ဘိုးဘွားရိပ်သာ
7 ကိုးကား
မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ အခမ်းအနားများ
မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပါယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သတ်၍ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ အဆိုပါ စကားကို မြန်မာ အမျိုးသားများ အနေဖြင့် ဥပက္ခာပြု မထားကြသည့်တိုင် မြန်မာ အမျိုးသမီးများကမူ ထိုစကားအပေါ် အထူးသဖြင့် ပို၍ အလေးထားကြ ဟန်ရှိသည်။ ထို့အတွက်လည်း အမျိုးသမီးများ အနေဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခြင်းကို အမျိုးသားများထက် ပို၍ နှစ်ခြိုက် ကြခြင်းလည်း ဖြစ်ပုံရသည်။
မင်္ဂလာ အခမ်းအနား ကျင်းပ ရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် ပို၍ ပြင်ဆင် ခြယ်သ ကြလေ့ရှိသည်။ သို့ရာတွင် ၄င်းတို့၏ ၀တ်စား ဆင်ယင် ပုံများကတော့ ရှေးမြန်မာ့ ရိုးရာများ အတိုင်းပင် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်က နန်းတွင်းသူများ ၀တ်သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ တင်ပါး အထိဖုံးသော ခါးထောင် အင်္ကျီနှင့် ထိုင်မသိမ်း ပင်ဖြစ်သည်။ အရောင်အသွေး ၊ ပိတ်စ အမျိုးအစားနှင့် ခေတ်အလျောက် ဒီဇိုင်း အနည်းငယ် ပြောင်းလဲမှု ရှိသည့်တိုင် အခြေခံပုံစံ ကတော့ ဆိုခဲ့ပြီးသလို ရှေးမြန်မာ နန်းတွင်းသူတွေ အတိုင်းပင်ဖြစ်သည်။ အလားတူပင် မြန်မာ အမျိုးသားများ မှာလည်း မင်္ဂလာ အခမ်းအနားတွင် ရိုးရာ အ၀တ် အထည်များ ကိုသာ ၀တ်ဆင် ကြသည်။ မင်္ဂလာဆောင်မည့် အမျိုးသား (သတို့သား) အတွက် အဓိကျသည့် ၀တ်စုံမှာ ခေါင်းပေါင်း ၊ ကော်လံကတုံး ရှပ်အင်္ကျီ အဖြူ ၊ တိုက်ပုံ နှင့် သာမန် လုံချည်များထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ပုဆိုးတို့ ဖြစ်သည်။ ထိုဝတ်စုံနှင့် လိုက်ဖက် ညီအောင်လည်း သတို့သားမှာ ကတ္တီပါ (သို့မဟုတ်) သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းကြလေ့ ရှိသည်။

ဘိသိက်ဆရာ
အခမ်းအနား အများအပြားတွင် အခမ်းအနားမှုး (Master of Ceremony) ရှိလေ့ ရှိကြသည့် အတိုင်း မြန်မာ့ မင်္ဂလာ အခမ်းအနားများတွင် လည်းအခမ်းအနားမှုး လုပ်သူများပါရှိ လေ့ရှိကြသည်။ ထိုသူကို မြန်မာမှု အခေါ်အဝေါ်အရ ဘိသိက်ဆရာ ဟုခေါ်လေ့ရှိသည်။ ထိုဘိသိက်ဆရာက မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပပေးရသလို မင်္ဂလာ သတို့သားနှင့် သတို့သမီး အပါအ၀င် နှစ်ဖက်သော မိဘဆွေမျိုး အသိုင်းအ၀ိုင်းအား ချီးမွမ်းခန်း နှင့် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ရွှေလက်မြဲမြဲ တွဲနိုင်ပါစေကြောင်း ဆုတောင်းခန်း တစ်ခုပါရှိသည့် ကဗျာရှည် တစ်ပိုဒ်ကို အထူး ရေးသားကာ ဖတ်ကြားပေးရသည်။ ဤသို့ ဖတ်ကြားပေးခြင်းကို ဘိသက် မြောက်ခြင်းဟု ခေါ်သည်။ သြဘာ စာဖတ်သည်ဟုလည်း သုံးနှုန်းကြသည်။ သို့ရာတွင် အဆိုပါ ဘိသိက်ဆရာမှာ မင်္ဂလာ အခမ်းအနား တစ်ခုလုံးကို ဦးဆောင် ကျင်းပ ပေးရသူဖြစ်သည့်တိုင် အခမ်းအနား ထွက်ရာတွင် မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ခွင့်ရသူမဟုတ်ပေ။ မင်္ဂလာမောင်နှံရှေ့မှ ဦးဆောင် ထွက်ခွင့် ရသူမှာတော့ ပန်းကြဲသည့် မိန်းမပျိုသာဖြစ်သည်။ ထိုမိန်းမပျိုက မင်္ဂလာမောင်နှံ ရှေ့မှ ဦးဆောင်ကာ မင်္ဂလာ မောင်နှံလာမည့် လမ်းတစ်လျှောက် (စတိသဘော) ပန်းကြဲ ပေးရခြင်းဖြစ်သည်။ ထိုသို့ ပန်းကြဲခြင်းမှာ မြန်မာ့ရိုးရာ ရှေးရိုး အစဉ်အလာ တစ်ရပ် ဖြစ်ပြီး မင်္ဂလာမောင်နှံ၏ ဘ၀ခရီး တစ်လျှောက် ပန်းခင်းသော လမ်းတွင် လျှောက်ရ ပါစေကြောင်း အတိတ်နိမိတ်ကို ဆောင်ကျဉ်းခြင်းဖြစ်သည်။
အဆိုပါ ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရသည်။ ၄င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများ ၊ မင်္ဂလာမောင်နှံ၏ နှစ်ဘက်သော မိဘများက တန်းစီလိုက်ပါကာ အခမ်းအနား ထွက်ကြရသည်။ (သို့ရာတွင် အချို့သော မင်္ဂလာဆောင်များ တွင်မူ ပန်းကြဲသည့် မိန်းမပျိုနှင့် မင်္ဂလာ မောင်နှံကြားတွင် မင်္ဂလာလက်စွပ် ဗန်းကိုင်များ ၊ မင်္ဂလာ ပန်းကုံးကိုင်များကို တတ်နိုင်လျှင် တတ်နိုင်သလို ထည့်သွင်း ကြလျက်ရှိသည်။)
မင်္ဂလာဆွမ်းကပ်ခြင်း

မင်္ဂလာ အခမ်းအနားသို့ ကြွရောက်လာသော ပရိတ်သတ်များမှာ သတို့သားနှင့် သတို့သမီး ၊ နှစ်ဖက်သော အသိုင်းအ၀ိုင်းမှ ဆွေမျိုးများ ၊ မိတ်ဆွေ သင်္ဂဟများနှင့် ၄င်းတို့၏ မိဘများ၏ မိတ်ဆွေ သင်္ဂဟများ ၊ အိမ်နီးချင်းများသာ ဖြစ်လေ့ရှိကြသည်။ သို့ရာတွင် ထိုသို့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက် လာကြသူများမှာ မင်္ဂလာ မောင်နှံအတွက် လက်ဆောင်များ ကိုယ်စီ ပါးလေ့ရှိကြသည်။ ဤသည်ကို မြန်မာမှု နယ်ပယ်တွင် မင်္ဂလာလက်ဖွဲ့ သည်ဟု ပြောစမှတ်ပြုလေ့ ရှိကြသည်။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူ နှစ်ဦးအား မိမိတို့ တတ်နိုင် သလောက် ၀ိုင်းဝန်း ထောက်ပံ့ကြသည့် သဘောဖြစ်သည်။ ထိုကဲ့သို့သော မင်္ဂလာ အခမ်းအနားတစ်ခု၏ ကြာမြင့်ချိန်သည် တစ်နာရီခွဲမှ သုံးနာရီ အထိကြာ မြင့်လေ့ရှိသည်။ သို့ရာတွင် မင်္ဂလာ အခမ်းအနား ပြီးသည့်တိုင် သတို့သားနှင့် သတို့သမီးတို့၏ လုပ်ငန်းစဉ်များမှာ မပြီးဆုံးသေးပေ။ အိမ်ပြန်ပြီး ဘုရားရှိခိုး ကြရသည်။ နှစ်ဖက်သော မိဘများကို ကန်တော့ကြရသည်။ ပြီးမှ မိမိတို့ နေထိုင်မည့် အိမ်(သို့မဟုတ်) အခန်းကို ၀င်ကြရသည်။ ဤနေရာတွင် မြန်မာတို့၏ ချစ်စရာ လူမှု ဓလေ့တစ်ခုကို တွေ့နိုင်သည်။ အခန်းတွင်း ၀င်မည့် မင်္ဂလာမည့် မောင်နှံကို ရွှေကြိုး ၊ ငွေကြိုး များတား၍ ခဲဘိုးတောင်း ကြခြင်းပင်။ ခြိမ်းခြောက်ခြင်း ၊ အနုကြမ်းစီးခြင်း ကဲ့သို့ မဟုတ်ပဲ အပျော်သဘော လာဘ်တောင်း ခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါ ကဲ့သို့သော မင်္ဂလာဆောင်မှု မျိုးမဟုတ်သော ဓလေ့မျိုးကိုလည်း မြန်မာမှု နယ်ပယ်တွင် ရှိနေသေးပါသည်။ ထိုအရာများကား မင်္ဂလာ ဆွမ်းကပ်ခြင်းနှင့် ရုံးတက် လက်မှတ်ထိုးခြင်း တို့ဖြစ်သည်။
မင်္ဂလာဆွမ်းကပ်ခြင်း
သံဃာတော် များအား ပင့်ဖိတ်ကာ ဆွမ်းနှင့်တကွ လှူဘွယ်ဝတ္ထု အစုစုတို့ကို လှူးဒါန်း ဆက်ကပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓအလိုကျ လက်ထပ်နည်း ဖြစ်ပြီး ဧည့်ပရိတ်သတ် များလည်း ဖိတ်ကြားကျွေးမွေး နိုင်သည်။ များသောအားဖြင့် သီးသန့်မင်္ဂလာ အခမ်းအနား ကျင်းပသည် ဖြစ်စေ ၊ မကျင်းပသည်ဖြစ်စေ မင်္ဂလာဦးအလှူ အဖြစ်ကျင်းပလေ့ရှိကြသည်။
ရုံးတက်လက်ထပ်ခြင်း

ဥပဒေအရ လက်ထပ်သည့် လက်ထပ်နည်း ဖြစ်သည်။ တရားရုံး တစ်ခုခုတွင် ဂျူဒီလူကြီးရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး လက်ထပ် စာချူပ်ပေါ်တွင် သတိုးသားရော သတိုးသမီးပါ လက်မှတ် ရေးထိုးကာ လက်ထပ်ရသည့် နည်းဖြစ်သည်။ တရားရုံးတွင် လက်ထပ်ခြင်း ဖြစ်သဖြင့် ဧည့်ပရိတ်သတ် အမြောက်အမြားကို ဖိတ်ကြား၍ မရသကဲ့သို့ အသိသက်သေဖြစ် လက်မှတ် ထိုးပေးရမည့်သူ နှစ်ဦးလည်း ရှိရသည်။ သို့မှသာ လက်ထပ် စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးခွင့် ရှိပြီး ဥပဒေအရ မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်သည်။ ယခုကာလတွင် ငွေကြေး တတ်နိုင်သူရော ၊ မတတ်နိုင်သူများပါ ရုံးတက် လက်မှတ်ထိုးသည့် အလုပ်ကို အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပြုလုပ်လာကြောင်း တွေ့ရသည်။ ဥပဒေအရ တရားဝင်အောင် ပြုလုပ်သည့် သဘောဖြစ်သည်။ များသောအားဖြင့် မင်္ဂလာအခမ်းအနား မကျင်းပမီ တရာရုံးသို့ သွား၍ လက်မှတ် ထိုးကြလေ့ရှိသည်။
ညစာစားပွဲများ

မြန်မာ့ရိုးရာ ဓလေ့မဟုတ်ဘဲ အနောက်တိုင်း ယဉ်ကျေးမှုကူးစက်မှု တစ်ရပ်သာဖြစ်၍ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများရှိ ငွေကြေး တတ်နိုင်သူများသာ ကျင်းပလေ့ရှိသော အခမ်းအနားဖြစ်သည်။ မြန်မာ့ ဓလေ့မဟုတ်သဖြင့် သတ်မှတ်ပုံစံ မရှိသလို သတ်မှတ် ထားသော အ၀တ်အစားများလည်း သီးသန့်ရှိမနေပါ။ ပေါ့ပေါ့ ပါးပါး အ၀တ်အစားများကိုသာ ၀တ်ဆင်လေ့ ရှိသလို မိတ်ဆွေ အပေါင်းအသင်းများနှင့် သီးသန့် ပျော်ပါးသည့် ပွဲမျိုးသာဖြစ်သည်။
မည်သို့ပင် ကျင်းပ ကြသည်ဖြစ်စေ မြန်မာလူမျိုးတို့ အနေဖြင့် ထိမ်းမြား မင်္ဂလာဆောင် ကျဉ်းမှုကို ၀ါတွင်းကာလ တစ်လျှောက်တွင် ကျင်းပကြလေ့မရှိချေ၊ အဆိုပါ ၀ါတွင်းကာလမှာ မြန်မာ ပြက္ခဒိန်အရ ၀ါဆို-၀ါခေါင် နှင့်တော်သလင်း ဟူသော သုံးလတာကာလ ဖြစ်ပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဇူလိုင်လ လယ်ပိုင်းမှ အောက်တိုဘာ လ လယ်ပိုင်းခန့် အထိဖြစ်သည်။ အဆိုပါ ကာလကို ထိမ်းမြားမင်္ဂလာ မပြုအပ်သော ကာလအဖြစ် ရှေးအစဉ်အဆက် ကတည်းက ယူဆ သတ်မှတ်ခဲ့ကြသည်။
ထိမ်းမြား မင်္ဂလာ (၁၀)ပါး
မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။
သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။
ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)
သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။
ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် န၀ရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
နာမည်ကြီးမင်္ဂလာဆောင်ခန်းမများ
ရန်ကုန်မြို့ရှိ မင်္ဂလာခန်းမများသည် မင်္ဂလာဧည့်ခံပွဲများ အတွက် အစီအစဉ်များကို မည်သို့ စီစဉ်ထားရှိသည်၊ မည်ရွေ့မည်မျှ ဈေးနှုန်းရှိသည်တို့ကို မင်္ဂလာမောင် မယ်များသိရှိနိုင်ရန်အတွက် တင်ပြပါသည်။
TRADERS Hotel
ထရိတ်ဒါးစ်ဟိုတယ်တွင် မင်္ဂလာအခမ်းအနားအစီအစဉ် အတွက် Bliss ၊ Promises ၊ External ၊ Forever ဟူ၍ Wedding Package လေးမျိုးခွဲထား သည်။ Bliss Package အတွက် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနှုန်းဖြင့် ဧည့်သည်ဦးရေ အနည်းဆုံး ၅၅ဝ ဦးတက်ရောက်ရ မည်ဖြစ်ပြီး မုန့် ၃ မျိုး၊ ရေခဲမုန့်၊ ကော်ဖီနှင့် လက်ဖက်ရည်တို့ပါဝင် မည်ဖြစ်သည်။ Promises Package အတွက် လူတစ်ဦးလျှင် အမေ ရိကန်ဒေါ်လာ ၆ ဒေါ်လာနှုန်းဖြင့် ဧည့်သည် ၄၅ဝ ဦး အနည်းဆုံးတက် ရောက်ရမည်ဖြစ်ပြီး မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီနှင့် လက်ဖက်ရည် ပါဝင်မည်ဖြစ်သည်။ External Package အတွက် ဧည့်သည်ဦးရေ ၃၅ဝ အနည်းဆုံးဖြစ်ရမည်ဖြစ်ပြီး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဒေါ်လာနှုန်းဖြင့် မုန့် ၅ မျိုး၊ ရေခဲမုန့်၊ ကော်ဖီနှင့် လက်ဖက် ရည်တို့ပါဝင်သည်။ Forever Package အတွက် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ နှုန်းဖြင့် ဧည့်သည်ဦးရေ အနည်းဆုံး ၂၅ဝ ဦးဖြစ်ရမည်ဖြစ်ပြီး မုန့် ၅ မျိုး၊ ရေခဲမုန့်၊ ကော်ဖီနှင့် လက်ဖက်ရည် ပါဝင်သည်။ ဝန်ဆောင်မှုများအနေဖြင့် 'မြန်မာ'မင်္ဂလာခန်းမကြီးသုံးစွဲခွင့်၊ နောက်ခံစာတမ်းပြင်ဆင်ပေးခြင်း၊ အဝတ်လဲခန်း၊ မင်္ဂလာစင်မြင့် အခင်းအကျင်း၊ ကော်ဇောနီခင်း ထားသော မင်္ဂလာလျှောက်လမ်းမ၊ အခမ်းအနားမှူးအတွက် မိုက်ခရိုဖုန်း သုံးစွဲခွင့်၊ နောက်ခံတေးဂီတ၊ ဆလိုက်မီး၊ မင်္ဂလာကိတ်၊ ပန်းအလှ ဆင်ခြင်း၊ Bliss Package မှလွဲ၍ ကျန် Package သုံးခုအတွက် ရေခဲ ပန်းပုဖြင့် အလှဆင်ခြင်းနှင့် သတ် မှတ်ထားသော Package အမျိုး အစားများပေါ်လိုက်၍ နံနက်စာ ဘူဖေးအပါအဝင်တစ်ညတာတည်းခို ခွင့်များပါဝင်ကြသည်။
Sedona Hotel
ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာ ဆောင်မည့်သူများအတွက် Wedding Package မီနူးသုံးခုခွဲထားပြီး Menu ၁ တွင် မုန့်သုံးမျိုး၊ လက်ဖက် ရည် သို့မဟုတ် ကော်ဖီနှင့် ရေခဲမုန့် တို့ပါဝင်ပြီး လူတစ်ဦးလျှင် အမေရိကန်(၆)ဒေါ်လာ သတ်မှတ် ထားသည်။ Menu ၂ တွင် မုန့်လေး မျိုး၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ နှင့် ရေခဲမုန့်တို့ပါဝင်ပြီး အမေရိကန်ဒေါ်လာ (၇)ဒေါ်လာ သတ်မှတ်ထားပြီး နြညက ၃ တွင် မုန့်ငါးမျိုး၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီနှစ်သက်ရာတစ်မျိုးမျိုးနှင့် ရေခဲမုန့်တို့ပါဝင်ပြီး အမေရိကန် ဒေါ်လာ(၈)ဒေါ်လာသတ်မှတ်ထား သည်။ ဧည့်သည်ဦးရေအနည်း အများပေါ်မူတည်၍ အခမ်းအနား အပြင်အဆင်ပုံစံကို ဆောင်ရွက်ပေး မည်ဖြစ်သည်ဟု သိရသည်။ အခမ်းအနားစီစဉ်မှုနှင့် ပတ် သက်၍ လူဦးရေ ၅ဝ ကနေ ၃ဝဝ အထိဆိုရင် ဒုတိယအထပ်မှာရှိတဲ့ မင်းတုန်းခန်းမမှာ စီစဉ်ပေးပါတယ်။ လူ ၄ဝဝ အထက်ဆိုရင်တော့ Ball room မှာ စီစဉ်ပေးပါတယ်။ ဝန်ဆောင်မှုကတော့ ကွာတာပေါ့။ ဝန်ဆောင်မှုအနေနဲ့လူ ၄ဝဝအထက် ဆိုရင် မင်္ဂလာအဝတ်လဲခန်းအသုံး ပြုခွင့်၊ မိတ်ကပ်ပြင်တဲ့အခန်း အသုံး ပြုခွင့်၊ နှစ်ထပ်ဆင့်မင်္ဂလာကိတ်မုန့်၊ နောက်ခံစာလုံးကို အင်္ဂလိပ် (ဒါမှ မဟုတ်) မြန်မာဘာသာနဲ့ ရေးပေး တာ၊ မင်္ဂလာစင်မြင့်ကို ကော်ဇောနီ ခင်းပေးတာမျိုးတွေ၊ ပန်းအလှပြင် ဆင်တာနဲ့ ပန်းအလှတိုင် ၄ တိုင် ပါမယ်။ တီးဝိုင်းတွေမပါရင် နောက်ခံမင်္ဂလာတီးလုံးထည့်သွင်းခွင့် တွေပါဝင်ပါမယ်။ လူ(၆ဝဝ)အထက် ဆိုရင် မင်္ဂလာဝတ်လဲခန်းအသုံးပြု ခွင့်၊ မိတ်ကပ်ပြင်တဲ့အခန်းအသုံးပြု ခွင့်တွေအပြင် လေးထပ်အဆင့် မင်္ဂလာကိတ်မုန့်၊ နောက်ခံစာလုံးကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်စတဲ့ ဘာသာစကားသုံးမျိုးနဲ့ ဖော်ပြပေး ပြီး ပန်းအလှပြင်ဆင်တာနဲ့ ပန်း အလှတိုင်(၈)တိုင်ပါဝင်ပါမယ်။ သတို့သားသတို့သမီးလျှောက်လမ်းနဲ့ မင်္ဂလာစင်မြင့်မှာ ကော်ဇောနီခင်း ပေးထားပါမယ်။ ဒါ့အပြင် မင်္ဂလာ အခမ်းအနားကို လာတဲ့ဧည့်သည် တွေအတွက် ကားခေါ်ပေးတဲ့စနစ် နဲ့ ရေခဲရုပ်တုတစ်ခုပါဝင်ပါမယ်။ မင်္ဂလာမောင်နှံအတွက် Spot Light နဲ့ ဆီဒိုးနားဟိုတယ် Studio suite မှာ နံနက်စာအပါအဝင် တစ်ညတာ တည်းခိုခွင့်ပေးပါမယ်။ လူဦးရေ ၁ဝဝဝ နဲ့ အထက်ဆိုရင် စောစော က အစီအစဉ်တွေအပြင် အဆင့် ငါးဆင့်ရှိတဲ့ကိတ်မုန့်၊ ပန်းအလှတိုင် ၁ဝ တိုင်၊ ရေခဲရုပ်တု ၂ ခု၊ မင်္ဂလာ မောင်နှံနှစ်ယောက်လျှောက်လာစဉ် မှာ မီးခိုးလွှတ်တာတွေပါဝင်မယ်။ ဒါ့အပြင် Executive Club suite မှာ နံနက်စာနှင့် ညစာအပါအဝင် တစ်ညတာ တည်းခိုခွင့်တွေရပါမယ် ဟု အဆိုပါ ဆီဒိုးနားဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
Parkroyal Hotel
Parkroyal ဟိုတယ်၏ မင်္ဂလာဝန်ဆောင်မှုအစီအစဉ်များ အနေဖြင့် မုန့် ၃ မျိုး၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ၊ ရေခဲမုန့်တို့ပါဝင် သော Sapphire Package အတွက် လူတစ်ဦးစာလျှင် အမေရိ ကန်ဒေါ်လာ ငါးဒေါ်လာ၊ မုန့် ၄ မျိုး၊ လက်ဖက်ရည် သို့မဟုတ် ကော်ဖီ၊ ရေခဲမုန့်ပါဝင်သွေျာကဘပ ဏခေုေါန အတွက် လူတစ်ဦးစာ လျှင် အမေရိကန်ဒေါ်လာ ၆ ဒေါ် လာ၊ မုန့် ၅ မျိုး၊ လက်ဖက်ရည် သို့ မဟုတ် ကော်ဖီ၊ ရေခဲမုန့်တို့ပါဝင် သော Diamond Package အတွက် လူတစ်ဦးစာလျှင် အမေရိ ကန်ဒေါ်လာ ၇ ဒေါ် သတ်မှတ် ထားကြောင်းသိရသည်။ ထို Package အပြင် Set Menu များဖြစ် သော Asian Set ၊ Chinese Set ၊ Myanmar Set ၊ Thai Set ၊ Western Set နှင့် Buffet Menu တို့အပြင် Cooktail Menu အစရှိ သော မီနူးများမှ စိတ်ကြိုက်ရွေးချယ် နိုင်ရန် စီစဉ်ထားသည်။ Parkroyal ဟိုတယ်မှ လူဦးရေ ၃ဝဝ အထက် မင်္ဂလာဧည့်ခံပွဲများအတွက် နောက် ခံစာသား အင်္ဂလိပ် သို့မဟုတ် မြန်မာ၊ ပန်းအလှပြင်ခြင်း၊ ရေခဲပန်း ပု၊ မင်္ဂလာကိတ်၊နံနက်စာအပါအဝင် တစ်ညတာတည်းခိုခွင့်နှင့် မင်္ဂလာ အပြင်အဆင်ကားနှင့် အကြို သို့မ ဟုတ် အပို့တို့ကို လက်ဖွဲ့အဖြစ် ပံ့ပိုး သွားမည်ဖြစ်သည်။ အထူးအစီအစဉ်အနေဖြင့် Ruby Package ၊ Diamond Package နှင့် ၄င်းအထက် Package များတွင် လူဦးရေ ၃ဝဝ အထက် ဧည့်ခံသောမင်္ဂလာမောင်နှံ များအတွက် ပျားရည်ဆမ်းခရီးလက် ဆောင်အနေဖြင့်နိုင်ငံတကာအဆင့် မီဟိုတယ်ကြီးများဖြစ်သည့် ပုဂံမြို့ရှိ Bagan Hotel River View ၊ ပုဂံ နှင့် ငွေဆောင်မြို့များရှိ Myanmar Treasure Resort Hotel များ တွင် မနက်စာအပါအဝင် နှစ်ည အိပ် သုံးရက်ခရီးကို တည်းခိုနိုင်ရန် စီစဉ်ပေးထားသည်။ အခြားဝန်ဆောင်မှုများအနေ ဖြင့် Packroyal ဟိုတယ်နှင့် အကျိုးတူပူးပေါင်းလျက်ရှိသော မင်္ဂလာဝတ်စုံဆိုင်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုဆိုင်များ၊ ဖိနပ်ဆိုင်၊ ပန်းအလှ ပြင်ဆိုင်၊ မိတ်ကပ်၊ ဖိတ်စာကတ်ဆိုင် များ၊ မင်္ဂလာခန်းဝင်ပစ္စည်းဆိုင်များ တွင် ဝယ်ယူမည်ဆိုပါက အထူး လျော့ဈေးဖြင့် ရရှိနိုင်ရန် စီစဉ်ထား ရှိသည်။
Innya Lake
အင်းယားလိတ်ဟိုတယ်တွင် Wedding Package ၃ ခုခွဲခြား ထားပြီး Romantic Daisies Wedding Package အတွက် မင်္ဂလာခန်းမအသုံးပြုခွင့်၊ နောက် ခံစာသားအဖြစ် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ သို့ မဟုတ် တရုတ်ဘာသာဖြင့် ဖော်ပြ ပေးခြင်း၊ အဝတ်လဲခန်းအသုံးပြုခွင့် ပေးခြင်း၊ ပန်းအလှပြင်ဆင်ပေးခြင်း။ မင်္ဂလာခန်းမအတွင်း မင်္ဂလာမောင်နှံ လျှောက်လမ်းနှင့် မင်္ဂလာစင်မြင့်တွင် ကော်ဇောနီခင်းပေးခြင်း၊ Spot Light ၊ နောက်ခံတီးလုံး၊ ပန်းအလှ တိုင်၊ ငါးထပ်ကိတ်တစ်လုံး၊ မုန့်သုံး မျိုး၊ လက်ဖက်ရည် သို့မဟုတ် ကော် ဖီ နှစ်သက်ရာတစ်မျိုးမျိုးနှင့် ရေခဲ မုန့်၊ မင်္ဂလာမောင်နှံအတွက် Deluxe Room တွင် နံနက်စာအပါ အဝင် တစ်ညတာတည်းခိုခွင့်ပါဝင် ပါသည်။ ထို့အပြင် တီးဝိုင်း၊ ဓာတ်ပုံ၊ မိတ်ကပ်၊ အခမ်းအနားမှူးနှင့် အခါ တော်ပေးအစီအစဉ်များထည့်သွင်း ဆောင်ရွက်လိုပါကလည်း ဆက် သွယ်ဆောင်ပေးကြောင်းသိရသည်။ အဆိုပါ Romantic Daisies Package အတွက် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကုန်ကျမည်ဖြစ်ပြီး လူ ၃ဝဝ နှင့် အထက် တက်ရောက်ရန်စီစဉ်ထား ကြောင်း သိရသည်။ Passionate Tulips Package အတွက် လူ ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၆ ဒေါ်လာသတ်မှတ်ထားပြီး Romantic Package တွင်ပါဝင်သည့် အစီအစဉ်များအပြင် နှစ်သက်ရာ မုန့်လေးမျိုး၊ လက်ဖက်ရည် သို့မ ဟုတ် ကော်ဖီ၊ ရေခဲမုန့်၊ အထပ်ငါး ထပ်ပါသော ကိတ်မုန့်၊ VIP ပုဂ္ဂိုလ် များအတွက် စားပွဲနှင့် ပန်းအလှပြင် ဆင်မှု၊ မင်္ဂလာအပြင်အဆင်ကားဖြင့် မင်္ဂလာမောင်နှံအား အကြို သို့မ ဟုတ် အပို့အစီအစဉ်နှင့် မင်္ဂလာ သတို့သား၊ သတို့သမီးအတွက် မင်္ဂလာစပယ်ပန်းကုံးစီစဉ်ပေးခြင်း စသောအစီအစဉ်များပါဝင်သည်။ Eternal Roses Package အစီ အစဉ်တွင် အထက်တွင်ဖော်ပြပါ အစီအစဉ်များအပြင် အထပ်ငါးထပ် ပါသော မင်္ဂလာကိတ်၊ မင်္ဂလာကား ဖြင့် အကြိုအပို့အစီအစဉ်၊ ရှန်ပိန်နှင့် မင်္ဂလာစုံတွဲအတွက် Presidential Suite Room တွင် နံနက်စာဘူဖေး အပါအဝင် တစ်ညတာတည်းခိုခွင့်၊ Boat House တွင် ညစာစားခွင့် များပါဝင်ပါသည်။
YUZANA GARDEN HOTEL
ယုဇနဂါးဒင်းဟိုတယ်သည် ဝါကျွတ်ပွဲတော်မင်္ဂလာအခမ်းအနား များတွက် Elegant ၊ Classic Gold ၊ Royal Romance ဟူ၍ Wedding Package သုံးမျိုးခွဲထား ပြီး သြဂုတ်လ ၁၁ ရက်မှ အောက် တိုဘာ ၁၄ ရက်အတွင်း ကြိုတင် စာရင်းပေးသွင်းထားသူများအား ဧည့်ခံမည့်လူဦးရေပေါ်မူတည်၍ ဖိတ်စာကတ်များကို မင်္ဂလာလက်ဖွဲ့ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။ ခန်းမငှားရမ်းခအဖြစ် လူဦးရေ ၂ဝဝ မှ ၃၄ဝ အထိကို သုံးသိန်းကျပ်၊ လူဦး ရေ ၃၅ဝ မှ ၄၉ဝ အထိ ACES တေးဂီတဝိုင်းအပါအဝင် ကျပ်နှစ် သိန်း၊ လူဦးရေ ၅ဝဝ နှင့်အထက်ဆို ပါက တေးဂီတဝိုင်း၊ ငါးထပ်မင်္ဂလာ ကိတ် သို့မဟုတ် Guest Room တွင် တစ်ညတာတည်းခိုခွင့်များပါ ဝင်ပြီး ခန်းမကြေးပေးဆောင်ရန်မလို ကြောင်း သိရသည်။ ဝန်ဆောင်မှု အစီအစဉ်အရ Silver Elegant Package အတွက် လူတစ်ဦးလျှင် ၄၄ဝဝ ကျပ်နှုန်းသတ်မှတ်ထားပြီး မင်္ဂလာမောင်နှံအဝတ်လဲခန်းအသုံး ပြုခွင့်၊ လျှောက်လမ်းတွင်ကော်ဇော နီခင်းပေးခြင်း၊ မင်္ဂလာစင်မြင့်တွင် ပန်းအလှငါးအိုးထားပေးခြင်း၊ နောက်ခံစာသားရေးပေးခြင်း၊ မုန့်ငါး မျိုး၊ ကော်ဖီနှင့် ရေခဲမုန့်၊ လက်ဖက် ပွဲနှင့် စံပယ်ပန်းရေနွေးတို့ပါဝင် သည်။ ဃူေ််ငခ ြသူိ ဏေခုေါန အတွက် အထက်ဖော်ပြပါဝန် ဆောင်မှုများအပြင် ပန်းအလှတိုင် ၆ တိုင်၊ မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲုမုန့်များပါဝင်ပြီးလူတစ်ဦးစာအတွက် ၅၈ဝဝ ကျပ်နှုန်းသတ်မှတ်ထား သည်။ Royal Romance Package တွင် ပန်းအလှငါးအိုး၊ ပန်း အလှတိုင် ၈ တိုင်၊ Deluxe Room တွင် နံနက်စာအပါအဝင် တစ်ည တာတည်းခိုခွင့်၊ ထောပတ်ထမင်းနှင့် ကြက်သားဟင်း သို့မဟုတ် ဆိတ် သားဟင်း၊ ဘာလချောင်ကြော်၊ လိမ္မော်ရည်၊ ရေခဲမုန့်၊ လက်ဖက်ပွဲ တို့ပါဝင်ပြီး လူတစ်ဦးစာအတွက် ၅၈ဝဝ ကျပ်နှုန်းသတ်မှတ်ထား သည်။ ထို့အပြင် အခမ်းအနားမှူး၊ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးအစီ အစဉ်များအတွက် ခေါ်ယူငှားရမ်း လိုပါက မင်္ဂလာမောင်နှံများအတွက် ကူညီ၍ဝန်ဆောင်မှုပေးလျက်ရှိ သည်ဟု သိရသည်။
Central Hotel
စင်ထရယ်ဟိုတယ်တွင် မင်္ဂလာအခမ်းအနားပြုလုပ်ကြမည့် မင်္ဂလာမောင်မယ်များအနေဖြင့် လူ ဦးရေ ၁ဝဝ အထိ ဧည့်ခံနိုင်သော Ruby House ခန်းမအတွက် ခန်းမ ကြေး ခြောက်သောင်းကျပ်သတ် မှတ်ထားပြီး စင်ထရယ်ဟိုတယ် ကျောက်စိမ်းခန်းမတွင် လူ ၁ဝဝ မှ ၂၅ဝ အထိ ခန်းမကြေးခုနစ်သောင်း ကျပ်၊ လူဦးရေ ၂၅ဝ မှ ၄၅ဝ အထိ ကျပ်ရှစ်သောင်း၊ လူဦးရေ ၄၅ဝ နှင့် အထက်ဆိုလျှင် ကိုးသောင်းကျပ် သတ်မှတ်ထားရှိကြောင်းသိရသည်။ ထို့အပြင် ပန်းအလှပန်းအိုးတစ်အိုး လျှင် ငွေကျပ်တစ်သောင်းနှစ်ထောင် နှုန်းနှင့် နောက်ခံအမည်စာတန်း အတွက် ငွေကျပ် ၁၅,ဝဝဝ မှ ၁၈,ဝဝဝ အထိ သတ်မှတ်ထားပြီး ဝန်ဆောင်မှုအနေဖြင့် လူဦးရေ ၂ဝဝ အထက်မှာယူပါက မင်္ဂလာကိတ် အပါအဝင် နံနက်စာအပါ မင်္ဂလာ မောင်နှံတစ်ညတာတည်းခိုခွင့်ပေး သွားမည်ဖြစ်သည်။ အစိုးရရုံးပိတ် ရက်မပါ တနင်္လာနေ့မှ သောကြာ နေ့အတွင်း ကျင်းပပြုလုပ်မည့် မင်္ဂလာဧည့်ခံပွဲများအား ခန်းမငှား ရမ်းခ ၃ဝ ရာခိုင်နှုန်းလျော့ပေးမည် ဖြစ်ပြီး မင်္ဂလာစင်မြင့်ရှိ ပန်းအလှ တိုင်နှင့် ဧည့်သည်စားပွဲများပေါ်ရှိ တစ်ပွင့်ထိုးပန်းအိုးများကို လက် ဆောင်အဖြစ် ပေးသွားမည်ဖြစ် သည်။ ဧည့်ခံကျွေးမွေးအစီအစဉ် အနေဖြင့် မုန့် ၄ မျိုး၊ ကော်ဖီနှင့် ရေခဲမုန့်ပါဝင်သော မီနူး Snack E အတွက် လူတစ်ဦးလျှင် ၃၄ဝဝ ကျပ် ကုန်ကျမည်ဖြစ်ပြီး မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်ပါဝင်သော မီနူး ၄ ခုအတွက် လူတစ်ဦးစာလျှင် ၃၅ဝဝ ကျပ်ကုန်ကျမည်ဖြစ်ကြောင်းသိရ သည်။ ထို့အပြင် မင်္ဂလာအခမ်း အနား၌ ရေခဲမုန့်အပါအဝင် ထော ပတ်ထမင်း သို့မဟုတ် ဒံပေါက်ဖြင့် ဧည့်ခံလိုပါက လူတစ်ဦးစာလျှင် ကြက်သားဖြင့် ၄၅ဝဝ ကျပ်၊ ဆိတ် သားဖြင့် ၄၇ဝဝ ကျပ် ကျသင့် ကြောင်း သိရသည်။
မဟာသန္တိသုခ
မဟာသန္တိသုခကျောင်းတွင် လည်း မင်္ဂလာအခမ်းအနားများ လက်ခံကျင်းပပေးလျက်ရှိရာ လူဦး ရေ ၃ဝဝ ဆန့်သော ဧရာဝတီခန်းမ နှင့် လူဦးရေ ၁ဝဝ ဆန့်သော သံလွင်ခန်းမဟူ၍ နှစ်မျိုးခွဲခြားထား သည်။ ဧရာဝတီခန်းမအတွက် အလှူငွေ ကျပ်ခြောက်သောင်းနှင့် သံလွင်ခန်းမအတွက် အလှူငွေသုံး သောင်းကျပ်သတ်မှတ်ထားသည်။ အကျွေးအမွေးအစီအစဉ်နှင့်ပတ် သက်၍ ငွေကြေးဈေးနှုန်း သီးသန့် မသတ်မှတ်ထားဘဲ အပြင်ဈေးနှုန်း အတိုင်း စီစဉ်ပေးသည်ဟုသိရ သည်။ ထောပတ်ထမင်းကျွေးမည် ဆိုပါက လူတစ်ဦးစာလျှင် အဝစား ကျပ် ၂ဝဝဝ ကျော်ခန့်ရှိပြီး ကျောင်း တိုက်မှလက်ခံဆောင်ရွက်ပေးလျက် ရှိသည်။ လက်ဖက်ရည်၊ ကော်ဖီနှင့် မုန့်ကျွေးမွေးလိုပါကကိုယ့်အစီအစဉ် ဖြင့်ကိုယ် နှစ်သက်ရာကျွေးမွေးနိုင် သည်ဟုသိရသည်။ မင်္ဂလာနောက် ခံစာတမ်းအတွက် ရှစ်ထောင်ကျပ်၊ နောက်ခံတေးဂီတအတွက် ငါး ထောင်ကျပ်နှင့် ပန်းအလှပြင်ဆင် ခြင်းအတွက် ပန်းအလှအိုးတစ်အိုး လျှင် တစ်သောင်းရှစ်ကျပ်နှုန်းသတ် မှတ်ထားသည်။
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ
နှင်းဆီကုန်းဘိုးဘွားရိပ်သာ ကလည်းမင်္ဂလာဆောင်မည့်မင်္ဂလာ မောင်နှံများအတွက် သီရိရတနာ ခန်းမ၌ မင်္ဂလာဧည့်ခံပွဲများ လက်ခံ ကျင်းပပေးလျက်ရှိရာ မင်္ဂလာမောင် နှံများအနေဖြင့် မင်္ဂလာခန်းမကြေး အတွက် နှင်းဆီကုန်းဘိုးဘွားရိပ်သာ ရာသက်ပန်အလှူရှင်အဖြစ် အလှူ ငွေကျပ်တစ်သိန်းခွဲလှူဒါန်းရမည်ဖြစ် သည်။ အကျွေးအမွေးအစီအစဉ် အနေဖြင့် ဒံပေါက်၊ ထောပတ် ထမင်း၊ ထမင်းဖြူ၊ ဟင်းနှစ်မျိုးနှင့် ရေခဲမုန့်အပါအဝင်ကြိုက်နှစ်သက် ရာဖြင့် ဧည့်ခံကျွေးမွေးနိုင်ပြီး ဒံပေါက်ထမင်းအတွက် လူတစ်ဦး စာလျှင် ဟင်းနှစ်မျိုးနှင့် ရေခဲမုန့် အပါအဝင် ၁၈ဝဝ ကျပ်၊ ထောပတ် ထမင်း၊ ထောပတ်ထမင်း၊ ဟင်းနှစ် မျိုးနှင့် ရေခဲမုန့်အပါအဝင် ၂၅ဝဝ ကျပ်နှုန်းဖြင့်သတ်မှတ်ထားသည်။ ထို့အပြင် မုန့်လေးမျိုး၊ ရေခဲမုန့်၊ ကော်ဖီအတွက် လူတစ်ဦးစာလျှင် ၁၈ဝဝ ကျပ် သတ်မှတ်ထားသည်။ နောက်ခံတေးဂီတဖွင့်လှစ်လိုပါက အလှူငွေ နှစ်ထောင်ကျပ်၊ နောက်ခံ စာသားအတွက် အလှူငွေငါးထောင် ကျပ်၊ ပန်းအလှလေးအိုးအတွက် အလှူငွေငါးထောင်ကျပ်နှင့် မင်္ဂလာ လျှောက်လမ်းကော်ဇောအတွက် သုံးထောင်ကျပ်နှုန်းသတ်မှတ်ထား သည်။ ထို့အပြင် ဓာတ်ပုံနှင့်ဗီဒီယို ဖြင့် မှတ်တမ်းတင်လိုပါက ဓာတ်ပုံ အတွက် ဖလင်နှစ်လိပ်စာလျှင် ကျပ် ငါးသောင်း၊ ဗီဒီယိုအတွက် ကျပ်ရှစ် သောင်းနှုန်းဖြင့် ရိုက်ကူးပေးလျှက်ရှိ ကြောင်းသိရသည်။ [3]
ကိုးကား
↑ ချမ်းညိမ်း
↑ လမ်းပြကြယ်
↑ ပေါ်ပြူ လာဂျာနယ်
ထပ်ဆင့်တင်ပြအပ်ပါသည်
ရဲလတ်

သူငယ်ချင်းတို့ရဲ့ နာမည်တွေ၊ ဖုန်းနံပတ်တွေ၊ mail account နာမည်တွေ၊ လိပ်စာတွေကို သူများဝင်ကြည့်လို့မရဘဲ သိမ်းထားလို့ရအောင် လုပ်ထားတဲ့ file လေးပါ။

သူငယ်ချင်းတို့ရဲ့ နာမည်တွေ၊ ဖုန်းနံပတ်တွေ၊ mail account နာမည်တွေ၊ လိပ်စာတွေကို သူများဝင်ကြည့်လို့မရဘဲ သိမ်းထားလို့ရအောင် လုပ်ထားတဲ့ file လေးပါ။

D:\ ကော်လံအတွက်ပါ C: ကော်လံအတွက်ပါ


ကျွန်တော်ရေးထားတဲ့ program တွေထဲမှာတော့ သေးပေမယ့် အချိန်အကြာဆုံး၊update အလုပ်ရဆုံး programလေးဖြစ်ပါတယ်။နိုင်ငံခြားဖြစ်မဟုတ်ပါဘူး၊ပြည်တွင်းဖြစ် ရိုးရိုးလေးပါ။ Winrar နဲ့ ချုံ့ထားပါတယ် ၊ (Download ဆွဲပြီး D:\အောက်မှာဖြစ်ဖြစ် C:\အောက်မှာဘဲဖြစ်ဖြစ်Copyလုပ်ပြီး Right_Click နဲ့ Extract Here ဆိုပြီး လုပ်လိုက်ပြီး NoteBook.exe ကိုဖွင့်လိုက်လို့ ဘာ error မှမတက်ဘူးဆိုရင်တော့ ဘာမှပြောင်းစရာမလိုတော့ပါဘူး) တခြားနေရာတွေမှာ Copy လုပ်ပြီး ဖွင့်တော့မယ်၊ error တက်နေတယ်ဆိုရင်တော့ အထဲမှာပါတဲ့ Notic(MustBeRead).txt ကို ဖတ်ကြည့်ပေးပါ၊ မြန်မာလိုရေးထားပါတယ်၊ မပေါ်ရင် Font ပြောင်းပြီး ဖတ်ကြည့်ပေးပါ။ ဘယ်လိုစပြီး လုပ်ရမယ်၊ ဘယ်လိုပြောင်းရမယ်ဆိုတာတွေရေးထားပါတယ်။ တစ်ခြားစက်တွေမှာဆို error တက်နေလို့ အဆင်ပြေအောင် လုပ်ကြည့်ပေးထားပါတယ်၊ သူငယ်ချင်းတို့ စက်မှာ ဖွင့်လို့မရရင် သုံးလို့မရခဲ့ရင် နားလည်ပေးစေချင်ပါတယ် ။
အခု ဖိုင်လေးက Database နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ တစ်ချို့စက်တွေမှာ error အနည်းအများတက်နိုင်ပါတယ်။NoteBook.exe လေးကို ဖွင့်တော့မယ်ဆိုရင် အဓိကမှာချင်တာကတော့ အခု ဖိုင်(MyFriends.mdb) (DBGRID32.OCX) ၂ဖိုင်ကို D:\ ကော်လံအောက်မှာဘဲဖြစ်ဖြစ် C:\ ကော်လံမှာဘဲဖြစ်ဖြစ်ထားပေးပါ ၊ တစ်ခြား folder ထဲတို့ ၊ တစ်ခြား ကော်လံမှာ မထားပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ database ချိတ်ဆက်ရမှာနဲ့ ဖိုင်ကိုရွှေ့ရမှာဖြစ်လို့ တစ်ခြားနေရာ ပြောင်းလိုက်ရင် အချိတ်အဆက်မမိတော့မှာ မလို့ပါ ။NoteBook.exe ကို ဖွင့်လိုက်ရင်(MyFriends.mdb) ကိုHiddenလုပ်ပြီး (DBGRID32.OCX) ကိုmoveလုပ်လိုက်တဲ့အတွက်ကြောင့်အခုဖိုင်၂ဖိုင်ကိုတွေ့ရတော့မှမဟုတ်ပါဘူး။ တကယ်လို့ ဖိုင်ဖွင့်လိုက်လို့ DBGRID32.OCX ဆိုတဲ့ နာမည်နဲ့ error ထပ်တက်လာရင်တော့ကျွန်တော်ပို့ထားတဲ့ ထဲက ဖိုင် DBGRID32.OCX ကို C:\Windows\System32\ ဖိုဒါအောက် ထဲကို copy လုပ်ပြီး ထည့်ပေးပါ။ ဒါဆိုရင် အဆင်ပြေစွာဖွင့်လို့ရပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ တချို့ကွန်ပြူတာတွေမှာ C:\ကော်လံဘဲပါပြီး D:\ကော်လံမပါတဲ့အတွက် Drive နှစ်ခုစလုံးမှာ ဖွင့်လို့ရအောင် C:\ကော်လံအတွက်ကော D:\ကော်လံအတွက်ကော နှစ်ခုထည့်ပေးထားပါတယ်။ C:\ကော်လံအောက်ထဲမှာထည့်ထားရင်တော့ windows တင်တဲ့အခါ (MyFriends.mdb) ဟာFormat ချတဲ့ထဲပါနိုင်တဲ့အတွက် partition ပိုင်းထားတဲ့ D:\ drive ရှိရင် အဲဒီထဲမှာဘဲဖွင့်ဖို့ အကြံပြုပါတယ်။
passwordပါဝင်ထားတာကြောင့် ပထမဦးဆုံးအကြိမ် NoteBook.exe ကို နှစ်ကြိမ်ဖွင့်ပေးရပါလိမ့်မယ်။ တခြား error ထပ်တက်နေခဲ့ရင်တော့ ခွင့်လွတ်ပေးကြပါ၊ အဖြေရှာမရသေးလို့ပါ။ ကျွန်တော် ကြိုးစားရေးထားတာကို လက်တွေ့ အသုံးဝင်နိုင်မယ့် သူတွေအတွက် ရေးထားတာလေးကို မျှဝေခြင်းဖြစ်ပါတယ်။ယခု ပြန်ပြီး update ကိုကြိုးစားပြီး လုပ်ထားပါတယ်။
သုံးလို့ အဆင်ပြေတယ်ဆိုရင်တော့ တကယ် ပင်ပန်းရကြိုး နပ်ပါတယ်။ ကျွန်တော် လုပ်ထားတဲ့ ဖိုင်လေးတွေကိုလဲ ဝေဖန် အကြံပြုပေးကြပါအုန်းနော်။ တကယ်လို့ ဖွင့်လို့ မရခဲ့ရင် kyawthuaung007@gmail.com မှာ Add ပြီး မေးမြန်းနိုင်ပါတယ်၊ ဘယ်လို error message ပြလဲဆိုတာ ပြောပြပေးပါနော်။