This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, March 31, 2013

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာပြီး...

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက် ချိုးဖေါက်နေတာကြောင့် သူတို့ သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး မတ်လ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

အခုပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်ခင် အလုပ်ထွက်လိုက်ကြတဲ့အတွက် အလုပ်သမားတစ်ဦးကို ဒေါ်လာ (၁၄၀) လျှော်ကြေးပေးပြီး ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ စက်ရုံကကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှုနဲ့ လစာငွေနည်းပါးမှုတွေကြောင့် ဖြေရှင်းပေးဖို့  စက်ရုံအာဏာပိုင်တွေကို ဆန္ဒပြ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် စက်ရုံဖက်က မလိုက်လျောတာကြောင့် မူလက CMJ စက်ရုံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀၀ နီးပါးရှိခဲ့ပေမယ့် အခုတော့ ထက်ဝက်လောက် ပြန်လာကြတယ်လို့လည်း သိရပါတယ်။

ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အလုပ်သမားတွေရဲ့ နစ်နာမှုကို တိုင်ကြားနိုင်တဲ့ အဖွဲ့အစည်း မရှိတဲ့အပြင် မြန်မာနိုင်ငံက ကိုယ်စားလှယ်လွှတ်ပြီး ဖြေရှင်းပေးမယ်လို့ သူတို့ သိရှိခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

RFA

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။
ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို
အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်
ကလည်း တော်တော်ပြင်းပါတယ်။

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။

အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်း
လို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။
ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့
က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်
လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ
ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထား
ပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်
လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း
ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်
ထားပါတယ်။

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။

Ref: wiki
ရိုးရာလေး ဗဟုသုတ

တရုတ်နိုင်ငံတောင်ပိုင်းတွင် အမျိုးသားတစ်ဦးမြေကြီးထဲကျွံကျ…

မတ်လ(၂၇)ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် မီတာ(၂၀)အနက်
ရှိသည့် မြေကျင်းကြီးတစ်ခုထဲကို လုံခြုံရေးအမျိုးသားတစ်ဦးမတ်တပ်ရပ်
နေစဉ်ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။အသက်(၂၅)နှစ်အရွယ် လုံခြုံ
ရေးအမျိုးသားယန်စီဘင်းသည် ရှန်ဇီးမြို့အိမ်ယာဝင်းတစ်ခုအတွင်းက
လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီးမြေကြီးထဲကျွံကျမှုကြောင့် ဒဏ်ရာအပြင်း
အထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။အနီးပတ်ဝန်းကျင်
နေရပ်ကွက်သူရပ်ကွက်သားများသည် အခင်းဖြစ်ပွားရာနှင့် အနီးရှိဆောက်
လုပ်ရေးလုပ်ငန်းခွင်တရားမ၀င်မြေကြီးတူးဖော်မှုများကြောင့် ယခုလိုဖြစ်ပွား
ရခြင်းဖြစ်ကြောင်း အပြစ်တင်ပြောဆိုလျက်ရှိသည်။လက်ရှိအခြေအနေတွင်
တာဝန်ရှိသူများက မြေကြီးကျွံကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို
ရှာဖွေလျှက်ရှိပြီး အခင်းဖြစ်ပွားခဲ့သည့် အဆောက်အအုံကလူများကို
ယာယီတည်းခိုစရာစီစဉ်ပေးထားကြောင်း ရိုက်တာသတင်းဌာနက တင်ပြသွားသည်။
SkyNet TV Browser

You might also like:

ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက်

မတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ်။

အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများအပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။

“မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းကိုင်ငန်းတွေမှာ လိုက်ပါ မဆောင်ရွက်နိုင်သူတွေကို အငြိမ်းစား ပေးလိုက်တဲ့ သဘောပါ။ ဝန်ကြီးဌာန ပေါင်းစုံက ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယ ညွှန်ကြားရေးမှူး အဆင့်တွေ အပါအဝင် စုစုပေါင်း ၅၂ ဦးကို အငြိမ်းစားပေးလိုက်တယ်လို့ ကြားပါတယ်။
Reform (ပြုပြင်ပြောင်းလဲ) လုပ်တာမျိုးပါ” ဟု အစိုးရဌာနနှင့် နီးစပ်သူ တဦးက ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အငြိမ်းစားပေးခံရသူ ခြောက်ဦးနှင့် အထက် ရှိနေသည်ဟုဆိုသည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် တဦးနဲ့ ညွှန်ကြားရေးမှူး တဦး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေးဌာန တို့က ညွှန်ကြားရေးမှူး ၆ ဦးတို့ကို အလုပ်သမားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သမဝါယမဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ တာဝန်ထမ်းစေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုသို့ အဆင့်မြင့် အရာရှိများအား တာဝန်မှရပ်စဲခြင်းနှင့် ဌာနလွှဲပြောင်းလိုက်ခြင်းတို့နှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
 
သတင်းရင်းမြစ် - ရန်ကုန် (မဇ္ဈိမ)

ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း သုတေသီများ တွေ့ရှိ

ငလျင်လှုပ် နေစဉ်အတွင်း ပြတ်ရွေ့ ကြောင်းများ၌ ရှိသော ရေများသည် အငွေ့ပျံ၍ ရွှေအဖြစ် အနည်ကျ သွားကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်သော Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်သည် ကမ္ဘာ့ ရွှေကြောကြီးများတွင် တွေ့ရသော သလင်းကျောက်နှင့် ရွှေတို့ကြား ဆက်နွှယ်မှု ရှိနေခြင်းကို ဖော်ပြနေကြောင်း သြစတြေးလျ နိုင်ငံ ကွင်းစလန်း တက္ကသိုလ် မှ ဘူမိ ရူပပညာ ရှင် ဖြစ်သူ ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

ငလျင် လှုပ်ခတ်သည့် အချိန်တွင် ငလျင်ကြောသည်  မြေပြင်ပေါ်တွင် ရှိသော ပြတ်ရွေ့ ကြောင်းတစ်လျှောက် ရွေ့သွားသည်။ ပြတ်ရွေ့ ကြောင်းကြီးများတွင် ၎င်းတို့၏ လမ်းကြောင်း တစ်လျှောက်၌ အက်ကွဲ ကြောင်းငယ်များမှာ ဖြစ်ပေါ်လာပြီး ၎င်းအက်ကွဲ ကြောင်းငယ်များ သည် အချင်းချင်း ချိတ်ဆက်ကာ လေးထောင့်ပုံ အကွက်ငယ်များ ဖြစ်ပေါ်လာသည်။ ငလျင် လှုပ်ခတ်သည့် အချိန် တွင် ပြတ်ရွေ့ ကြောင်းကြီးများ အတွင်းသို့ ရေများ ဝင်ရောက် လာခဲ့သည်။ မြေပြင်အောက် ၆ မိုင်ခန့် အနက်တွင် အပူချိန် နှင့် ဖိအားများ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ မြေပြင် အက်ကွဲကြောင်းများ အတွင်းရှိရေ က မြေကြီး အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့၊ ဆီလီကွန် နှင့် ရွှေတို့ကို သယ်ဆောင် လာခဲ့သည်။
ငလျင် လှုပ်ခတ်သည့် အချိန်တွင် မြေပြင် အက်ကွဲကြောင်းများ ကျယ်ပြန့်လာပြီး ဖိအား ပြောင်းလဲလာမှု (ဥပမာအား ဖြင့် ပေါင်းအိုး အဖုံးဖွင့်လိုက် သကဲ့သို့ မြေအောက် ရှိရေများ) နှင့်အတူ ကာဗွန် ဒိုင် အောက် ဆိုက်၊ ဆီလီကွန်နှင့် ရွှေတို့မှာ မြေပြင်ပေါ်သို့ ရောက်ရှိခဲ့ပြီး ရေများ အငွေ့ပျံသွားကာ ရွှေအဖြစ် ကျန်ရှိခဲ့ ခြင်းဖြစ်သည်ဟု ၎င်းဂျာနယ်တွင် ဖော်ပြ ထားသည်။
အသေးစား ငလျင်ငယ် လှုပ်ခတ်လျှင်ပင် မြေအောက်ရှိ ဓာတ်သတ္တုများ ပါဝင်သည့် အရည်များက ရွှေများသယ်ဆောင် ပေးနိုင်ကြောင်း၊ သို့ရာတွင် ငလျင်လှုပ် ခတ်ပြီးနောက်တွင် ကျန်ရစ်ခဲ့သည့် ရွှေပမာဏမှာလည်း အနည်းငယ်ပင် ဖြစ်ကြောင်း ကွင်းစလန်း တက္ကသိုလ်မှ ဘူမိ ရူပဗေဒ ပညာရှင် ဒိုင်ရွန် ဝဲသာလေးက ပြောကြားသည်။
လူသားများ အနေဖြင့် ကမ္ဘာမြေကြီး အတွင်းမှ အကြမ်းဖျင်း အားဖြင့် ရွှေတန် ချိန် ၁၈၈ဝဝဝ တန်ခန့်ကို တူးဖော်ရရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်း ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။
ကမ္ဘာမြေပြင် အောက်ရှိ ရေများသည် ရွှေပါဝင်မှုကို အများဆုံးအားဖြင့် ၁ သန်း လျှင် ၁ ပုံခန့်သာ သယ်ယူ နိုင်ခြင်းကြောင့် ငလျင်တစ်ကြိမ် လှုပ်ခတ်ပြီးလျှင် ကျန်ရစ်ခဲ့သည့် ရွှေပမာဏမှာ အလွန်နည်းပါးကြောင်း၊ သို့ရာတွင် နယူးဇီလန် နိုင်ငံ၏ အယ်လ်ပိုင်း ပြတ်ရွေ့ကြော ကဲ့သို့သော ငလျင်ဇုန် များတွင်မူ နှစ်ပေါင်း ၁ဝဝဝဝဝ ခန့်တွင် သတ္တုသိုက်ကြီး တစ်ခုကိုဖြစ် ပေါ်စေနိုင်ကြောင်း ဒိုင်ရွန် ဝဲသာလေးက ထပ်လောင်း ပြောကြားသည်။
သို့ရာတွင် ငလျင် လှုပ်ခတ်ခြင်းတစ်ခု သာလျှင် ရွှေဖြစ်ပေါ်စေသည့် အကြောင်း   ရင်းမဟုတ်ကြောင်း၊ တူညီသော အခြေအနေများတွင် မီးတောင်များ၏ အောက်၌  လည်းဖြစ်ပေါ် တတ်ကြောင်း၊ မီးတောင် ၌ ရွှေဖြစ်ပေါ်မှု၏ ဆက်စပ်မှုကို လေ့လာနေသူ ဝီလ်ကင်ဆန်က ပြောကြားသည်။ အကြမ်းဖျင်း အားဖြင့် ကမ္ဘာ့ရွှေ ကြောများ၏ ၁ဝ ရာခိုင်နှုန်း ခန့်သည် ထိုကဲ့သို့သော တောင်များ၏အောက် တွင်ရှိသည်ဟု ဝီလ်ကင်ဆန်က ထပ် လောင်းပြောကြားခဲ့သည်။
သိပ္ပံပညာရှင်များ အနေဖြင့် ငလျင်လှုပ်ခတ်မှုသည် ရေကို တစ်ခဏအတွင်း ရွှေအဖြစ် ပြောင်းလဲစေ နိုင်သည်ဟူသည့် အချက်ကို ရှာဖွေ တွေ့ရှိခဲ့ကြ သော်လည်း ရွှေသိုက်ကြီး တစ်ခု ဖြစ်လာရန်မှာမူ နှစ်ထောင် ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။်

Ko Ko Khant shared Myanmar faCeb()()k Society's photo.
" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။

" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..

( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )

သင်္ကြန်မှာ ရဟန်းဝတ်မဲ့ ညီအစ်ကိုတွေအတွက် လေ့လာနိုင်ရန် ၀ိနည်း-၂၂၇ (ရဟန်းသီလ-၂၂၇)

ဝိနည်း-၂၂၇ (ရဟန်းသီလ-၂၂၇)

ဝိနယ=၀ိနည်း= အဆုံးအမ

ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု၊
ဝိနည်းတရားတော်သည် ဗုဒ္ဓသာသနာတော်၏ အသက်ဖြစ်သည်။

ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ။
ဝိနည်းတည်သည်ရှိသော် သာသနာတော် တည်သည်မည်၏။

ရှင်ရဟန်းတို့ စောင့်ထိန်းရသည့် ၂၂၇-သွယ်သောသီလ ၀ိနည်းများ
လွယ်ကူစွာ ရှင်လူအများ လေ့လာနိုင်စေရန်
ခေါင်းစဉ် ၂၂၇-မျိုး အစဉ်အတိုင်းနှင့်
အကျယ် လေ့လာလိုသူများအတွက် မူရင်းဖိုင် (ဆဋ္ဌမူ မြန်မာပြန်) တွဲပေးထားပါသည်။

ဖတ်မှတ်ပြီးနောက် ဗုဒ္ဓသာသနာကို စောင့်ရှောက်နိုင်ကြပါစေ...

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်

(ဖေ့ဘုတ်မှတဆင့်တင်ပြသည်)

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။

ပဲခူးတိုင်းအနာက်ခြမ်းက မြို့တချို့မှာ အပျက်အစီးတွေကို ဒေသခံတွေကပါ ၀ိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်မှာ ပျက်စီးသွားတဲ့ ဗလီတွေနဲ့ အိမ်တွေကို ဒေသခံတွေက မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းကစပြီး သန့်ရှင်းရေးတွေ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေကြကြောင်း ကိုယ်တိုင်ကူညီနေသူတစ်ဦးဖြစ်တဲ့ နတ်တလင်းဒေသခံ ကိုမိုးဇော်က ပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ်တွေ အဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် လာရောက်လှူဒါန်းထားတဲ့ အစားအစာတွေကို ဝေခြမ်းရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပါတယ်။

စစ်ကွင်းမြို့မှာလည်း အကြမ်းဖက်သူလူတစ်စုကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခြေအနေဟာ ပြည်လည်တည်ငြိမ်နေပြီလို့ စစ်ကွင်းဒေသခံ ဒေါ်ကြည်က ပြောပါတယ်။

အံ့ဖွယ်လူသား . . ပုံမှာမြင်တွေ့ရတဲ့အတိုင်း မျက်လုံးကိုဖောက်ပြီး ဓါးစိုက်သွားပေမယ့် မသေတဲ့လူပါ .

အံ့ဖွယ်လူသား . .

ပုံမှာမြင်တွေ့ရတဲ့အတိုင်း မျက်လုံးကိုဖောက်ပြီး
ဓါးစိုက်သွားပေမယ့် မသေတဲ့လူပါ . .

ပလီပလာ ထွေကာလီကာ
အံ့ဖွယ်လူသား . .

ပုံမှာမြင်တွေ့ရတဲ့အတိုင်း မျက်လုံးကိုဖောက်ပြီး
ဓါးစိုက်သွားပေမယ့် မသေတဲ့လူပါ . . 

@[148980878505812:274:ပလီပလာ ထွေကာလီကာ]

ယနေ့ (မတ်လ ၃၀ ရက်) မိုင်ဒါကွင်း (မြို့မကွင်း) တွင် ပြုလုပ်နေသော အဆိုတော် စိုးသူ၏ Past & Present ရှိုးပွဲ မြင်ကွင်းဓာတ်ပုံများ

ယနေ့ (မတ်လ ၃၀ ရက်) မိုင်ဒါကွင်း (မြို့မကွင်း) တွင် ပြုလုပ်နေသော အဆိုတော် စိုးသူ၏ Past & Present ရှိုးပွဲ မြင်ကွင်းဓာတ်ပုံများမိုင်ဒါကွင်းတွင်ပြုလုပ်နေသော အဆိုတော်စိုးသူ ရှိုးပွဲမြင်ကွင်းများ (10 photos)