This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, July 2, 2014

ပိုက်ဆံအလကားရလို့ပါ .........................

ပိုက်ဆံအလကားရလို့ပါ

လင်မယား နှစ်ယောက်တည်း နေတဲ့ အိမ်တစ်လုံးမှာပေါ့။ 

အမျိုးသားက အိပ်နေတယ်။ အမျိုးသမီးက ရေချိုးနေတယ်။ အိမ်ရှေ့ တံခါးခေါက်သံကြားတော့ ခန္ဓာကိုယ်ကို ပုဝါပတ်လို့ ပြေးဖွင့်ကြည့် ပါတယ်။

ဂျော်နီ အမည်ရ အိမ်နီးချင်း အဖိုးကြီး တစ်ဦး ဖြစ်ပြီး သူမကို ယခုလို စကားဆိုပါတယ်။ 

"ပုဝါ ခဏဖယ်ရင် ဒေါ်လာ ၈၀၀ ပေးမယ်"

ဒါနဲ့ အမျိုသမီးက ဒေါ်လာ ၈၀၀ အလကားရမယ့် အရေးမို့ ပုဝါကို ခဏဖယ်ပြလိုက်ပါတယ်။ 

ပိုက်ဆံရတော့ ပျော်ရွှင်စွာနဲ့ သူ့ယောင်္ကျားဆီပြေးလို့ ယခုလို သွားပြော ပါတယ်။ 

"ယောင်္ကျားရေ.. အိမ်နီးချင်း ဂျော်နီ တစ်ယောက် သဲပုဝါ ခဏ ဖယ်ပေး တာလောက်ကို ဒေါ်လာ ၈၀၀ ပေးမယ်ဆိုလို့ လက်ခံ လိုက်တာ။ ခု ဒေါ်လာ ၈၀၀ ရလာပြီ" 

ဒီတော့ အမျိုးသားက ယခုလို ပြန်ပြောပါတယ်။ 

"အင်း အဲဒီ ဂျော်နီဆိုတဲ့ အဘိုးကြီး  ငါ့ကို အကြွေးက ဒေါ်လာ ၈၀၀ ဆပ်ဖို့ ရှိတယ်ဟ"

----
သင်ခန်းစာ - 
လူတစ်ဦး သာမန်အချိန်ထက် ပိုသဘောကောင်းနေလျှင် သတိထားပါ။ လောကမတက်ပါနှင့်။ 

--
Ref: everyjoke
Aung Kham (ရိုးရာလေး) 

http://www.yoyarlay.com/book/152-natter/37762-as-get-money-free

.

လင်မယား နှစ်ယောက်တည်း နေတဲ့ အိမ်တစ်လုံးမှာပေါ့။
အမျိုးသားက အိပ်နေတယ်။ အမျိုးသမီးက ရေချိုးနေတယ်။ အိမ်ရှေ့ တံခါးခေါက်သံကြားတော့ ခန္ဓာကိုယ်ကို ပုဝါပတ်လို့ ပြေးဖွင့်ကြည့် ပါတယ်။
ဂျော်နီ အမည်ရ အိမ်နီးချင်း အဖိုးကြီး တစ်ဦး ဖြစ်ပြီး သူမကို ယခုလို စကားဆိုပါတယ်။

"ပုဝါ ခဏဖယ်ရင် ဒေါ်လာ ၈၀၀ ပေးမယ်"
ဒါနဲ့ အမျိုသမီးက ဒေါ်လာ ၈၀၀ အလကားရမယ့် အရေးမို့ ပုဝါကို ခဏဖယ်ပြလိုက်ပါတယ်။
ပိုက်ဆံရတော့ ပျော်ရွှင်စွာနဲ့ သူ့ယောင်္ကျားဆီပြေးလို့ ယခုလို သွားပြော ပါတယ်။
"ယောင်္ကျားရေ.. အိမ်နီးချင်း ဂျော်နီ တစ်ယောက် သဲပုဝါ ခဏ ဖယ်ပေး တာလောက်ကို ဒေါ်လာ ၈၀၀ ပေးမယ်ဆိုလို့ လက်ခံ လိုက်တာ။ ခု ဒေါ်လာ ၈၀၀ ရလာပြီ"
ဒီတော့ အမျိုးသားက ယခုလို ပြန်ပြောပါတယ်။
"အင်း အဲဒီ ဂျော်နီဆိုတဲ့ အဘိုးကြီး ငါ့ကို အကြွေးက ဒေါ်လာ ၈၀၀ ဆပ်ဖို့ ရှိတယ်ဟ"
----
သင်ခန်းစာ -
လူတစ်ဦး သာမန်အချိန်ထက် ပိုသဘောကောင်းနေလျှင် သတိထားပါ။ လောကမတက်ပါနှင့်။
--
Ref: everyjoke
Aung Kham (ရိုးရာလေး)
http://www.yoyarlay.com/book/152-natter/37762-as-get-money-free
.
You might also like:

Tuesday, July 1, 2014

မိန်းမတို့ မှဲ့ အဟော ........................

Posted by: Ko Myo on Monday, June 30, 2014 Categories:


(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်း ရှိလျှင် ဂုဏ်ဓနနှင့် ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောက်ျားများ ထွန်းကားသည့် မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီး သော် ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိ ကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက် ကောင်း များကို အထူးကြိုက်နှစ်သက် သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ် တတ်ပါသည် တဖက်သားပြောလာသည့် စကားကိုမစဉ်းစားဘဲ အယုံလွယ် တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စား သောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏ စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏ အလယ်ဗဟို တည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ် တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်း သော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သ တည်း။
မြန်မာ့ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Monday, June 30, 2014

အမျိုးသမီး များ၏ လိင်စိတ် အနိုးကြွစေဆုံး အပိုင်းကို သုတေသီများ တွေ့ရှိ (+၁၈)......................


Bookmark and Share [ ]


အမျိုးသမီး တစ်ယောက်ကို ဘာက တကယ် လိင်ပိုင်း ဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့မေးခွန်းကို နောက်ဆုံးတော့
သုသေတီ တွေက ဖြေကြားပေး လိုက်ပါပြီ။

လေ့လာမှုသစ် တစ်ရပ်မှာ ဘယ် အပိုင်းတွေက တုံ့ပြန်မှု အားအကောင်း ဆုံးလဲ ဆိုတာကို တိတိကျကျ ရှာ
ဖွေ ဖော်ထုတ်ဖို့ အတွက် အမျိုးသမီး ကိုယ် ခန္ဓာပေါ် က ဖွဖွ ရွရွ ထိတွေ့မှု၊ ဖိအားနဲ့ တုန်ခါမှု တွေရဲ့ သက်
ရောက် မှုတွေကို လေ့လာ သုံးသပ် ခဲ့ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ရတာ ကတာ့ ဖွဖွရွရွ ထိတွေ့မှုအတွက် လည်ပင်းဟာ တုံ့ပြန်မှု အားအကောင်း
ဆုံး၊ ဖိအား အတွက် အမျိုးသမီး အင်္ဂါထိပ်နဲ့ သားမြတ်ဖူး တွေဟာ တုံ့ပြန်မှု အားအကောင်းဆုံး၊ တုန်ခါမှု အ
တွက်တော့ အမျိုးသမီး အင်္ဂါထိပ်ဟာ တုံ့ပြန်မှု အားအကောင်းဆုံး ဆိုတာပါပဲ။

အသက် ၁၈နှစ်ကနေ ၃၅နှစ်ကြား ကျန်းမာတဲ့ အမျိုးသမီး အယောက် ၃၀နဲ့ လေ့လာ စမ်းသပ် ခဲ့တာပါ။ ထိ
တွေ့မှုပုံစံ အမျိုးမျိုး သက်ရောက်စေဖို့ အတွက် သိပ္ပံနည်းကျ ကိရိယာတွေကို သုံးခဲ့ပါတယ်။

၁ ဒသမ စက္ကန့် နှိုးဆွ လိုက်ပြီး ၅ စက္ကန့် စောင့်ပြီးမှ အမျိုးသမီး တွေကို ဘယ်လို ခံစား ရကြောင်း မေးမြန်းခဲ့
တာပါ။ သုတေသီ တွေဟာ သားမြတ် ထုထည်၊ BMI (အရပ် အမြင့်နဲ့ ကိုယ် အလေးချိန် အချိုးအစား) ဟော်
မုန်းဆိုင်ရာ သန္ဓေ တားခြင်း၊ ဓမ္မတာ စက်ဝိုင်းနဲ့ လိင်ပိုင်း ဆိုင်ရာ စိတ်သန်မှု စတာတွေကို စိစစ် လေ့လာခဲ့
တယ်လို့ သိရပါတယ်။

Ref:dailymail.co.uk

Trend Myanmar

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အမျိုးသမီး များ၏ လိင်စိတ် အနိုးကြွစေဆုံး အပိုင်းကို သုတေသီများ တွေ့ရှိ (+၁၈) http://www.simon-vlog.com/2014/06/blog-post_3983.html#ixzz363xwaVrP
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Saturday, June 21, 2014

ကမ္ဘာကျော် ဘောလုံး သမား ၁၀ ဦး ၏ အိမ်များ ..........................


ဘောလုံး ၁လုံး ဟာ လူတစ်ယောက်ရဲ့ အိမ်၊ ဇိမ်ခံအခန်း၊ ရေကူးကန် ကိုပြောင်းလည်း ပေး နိုင်သလို၊ ကြိုက်ရာ Design အမျိုးမျိုးကို လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ လာမယ့် ရက် ပေါင်း ၄၀ အတွင်း ၂၀၁၄ ကမ္ဘာ့ ဖလား  သတင်းဟာ မီဒီရာ တခွင် လုံးကို လွမ်းမိုး အုံးမှာ ဖြစ်တယ်ဆိုတော့် ရွှေပရိတ်သတ်များ
အတွက် ကမ္ဘာ့ နံမည်ကြီး ဘောလုံး သမား ၁၀ ဦးရဲ့ စံအိမ်နဲ့ တန်ဖိုးကို မြန်မာ House မှတင်ပြလိုက်ပါတယ်။

ဝိန်ရိုးနီ: Wayne Ronney
အင်္ဂလန်အသင်း
 
© Shutterstock
ရိုးနီ နဲ့ သူ့ရဲ့အမျိုးသမီး ကိုယ်လ်လင်း ဟာ ချယ်လ်ချာ မြို့ရှိ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀ တန်ဖိုးရှိတဲ့ စံအိမ်မှာ နေထိုင်ပါတယ်။ ခြံအကျယ် အ၀န်းက ၂၀ ဧကရှိ ပြီး အိမ် အတွင်း ရုပ်ရှင်ရုံ၊ ဘားခန်း များ ပါဝင်ပြီး ၊ အိမ် ရှေ့ အ၀င်ဝမှာ မှန်လုံကျမ်းပြင်နဲ့  ခင်း ထားပါတယ်။  ပင်လယ်သဘာဝအလှ တရားကို ရှုစားတတ်တဲ့  ရိုးနီ နဲ့ ကိုယ်လ်လင်း ဟာ တောင်အမေရိက ကရေးဘီး မှ ဘားဘာဒေါ့စ်ဆိုတဲ့ ကျွန်းမှာ အပန်းဖြေစခန်း တခု ကို ၀ယ်ထားပြီး အားလပ်ရက်အတွင်း သူ့တို့ ရဲ့သားဦး Kai နဲ့ အပန်းဖြေလေ့ရှိပါတယ်။

နေမာ ဒါ ဆေးဘာ :Neymar da Silva
ဘရာဇီး အသင်း Brazil
အသက်က တော့် ၂၂ သာရှိပေမယ့် ရင်းနှီးမြုပ်နှံမှုမှာ စိတ်ဝင်စားတဲ့ နေမာ ကတော့် အိမ်ခြံမြေခြံ လုပ်ငန်းကိစ္စမှာ အစု ရှယ်ရာတော်တော် ထည့်ထားပါတယ်။ ဘရာဇီး နိုင်ငံ ဆန်ပေါလို မှာ ဒေါ်လာ ၇၆၀၀၀၀ တန် သုံးထပ် တိုက်ခန်းကို ပိုင်ဆိုင်ထားပြီး သန်းပေါင်း ၂ သန်းတန်ဖိုး ရှိတဲ့ အိမ်ကိုလည်း ရင်းနှီးမြုပ်နှံထားပါတယ်။ FC Barcelona အတွက် ကစားပေး တဲ့  နေမာ ဟာ Pedralbes ဆိုတဲ့ အပန်းဖြေစခန်းကို တလ ဒေါ်လာ ၂၄၀၀၀ နဲ့ ဌားရန်းပေးနေ တယ်လို့လည်းကြားရပါတယ်။

မာရီရို ဗာလိုတဲလီ : Mario Balotelli
အီတလီအသင်း


ဒီ မန်ချက်စ်စ္စတာ မင်းသား ကတော့်  Alderley Edge အတွင်းရှိ သူ့ရဲ့ ၄ ခန်းပါ တိုက်ခန်းကို တစ်လ ဒေါ်လာ ၂၃၀၀၀ နဲ့ အဌား ရင်းနှီးမြုပ်နှံနေပါတယ်။ တိုက်ခန်း ဒီဇိုင်းလ်က တော့် အခန်းတွင်း ရေနွေးငွေ့  အပူပေး ရေကူးကန် နဲ့ အလွယ်တကူ ပြောင်းရွှေ့  နိုင်တဲ့ အားကစားခန်း ကို ဖွင့်ထားပါတယ်။ နမော်နမဲ့ ဖြစ်တတ်တဲ့  ဗာလိုတဲလီ ဟာ 2011  ချယ်လ်ချာ မှာ ရှိတဲ့ သူ့ ရဲ့ စံအိမ်ကို ပြာကျ နီးပါး   မီးလောင်မှ ကိစ္စနဲ့ ရင်ဆိုင်ခဲ့ပါတယ်။  

 ဇလန်တန် အီဘရာဟင်အိုဗစ် : Zlatan Ibrahimovic
ဆွီဒင် အသင်း


Paris Saint-Germain နဲ့  ပြင်သစ် အသင်း ကိုဝင်ပြီးနောက် အီဘရာဟင်အိုဗစ် ဟာ ပြင်သစ်နိုင်ငံ Versailles မြို့ရှိ ဒေါ်လာ ၅၄၀၀၀ တန် တိုက်ခန်း ကိုပြောင်းသွားပါတယ်။ ဆွီဒင် နည်းပြဖြစ်တဲ့ Ibrahimovic ဟာဆွီဒင် နိုင်ငံ က သူ့ရဲ့ ၅ ခန်းတွဲပါတဲ့ အခန်းကို ယမန် နှစ်က ရောင်းလိုက်ပါတယ်။ နေ စရာမလိုတဲ့ အတွက်ကြောင့် ရောင်းလိုက်တာဖြစ်ကြောင်း ဒေသခံ မီဒီရာဖြစ်တဲ့ The Local မှပြောကြားသွားပါတယ်။  နံမည်ကြီးဖြစ်သည့်  Ibrahimovic ဟာ ဆွီဒင်က  ကမ္ဘာ့ဖလားမှာ ခြေဆင့် မမီ တာကြောင့်  မပါဝင်နိုင်ပါဘူး။





 လီယိုနီ မစ်စ်ဆီ : Lionel Messi
အာဂျင်တီးနာ အသင်း


လေးကြိမ်မြောက် Ballon d’Or အောင်ပွဲခံ မစ်စ်ဆီ ကတော့် သူ့ရဲ့ အိမ်ကို တော်တော်လေး ထူးဆန်း စွာနဲ့ ဆောက်ထားပါတယ်။ အိမ်လေးကတော့် ဘောလုံး နှင့် ဘောလုံးကွင်းပုံ သဏ္ဍန် ဖြစ်ပြီး စပိန် ဗိသုကာပညာရှင် Luis de Garrido  ကဆောက်ထားတာဖြစ်ပါတယ်။   Barcelona မျိုးဖြင့် ဆောက်ထားတာဖြစ်ပါတယ်။ စပိန်နိုင်ငံ Barcelona မှာဆောက်ထားတာဖြစ်ပါတယ်။

ခရစ်စရာနို ရိုနာဒို :Cristiano Ronaldo
ပေါ်တူဂီ သင်း

ရိုနာဒို ရဲ့ မာဒရစ် ရှိ ၇ ခန်း တွဲ တိုက်ခန်း နဲ့ ၊ ၈ခန်းတွဲ ရေချိုးခန်း တွဲ ဟာ ၇.၂ သန်း တန်ဖိုးရှိပါတယ်။ ဒါပေမယ့် ဒီတန်ဖိုး ဟာ သူ့ရဲ့ ၁နှစ် စာ ၀င်ငွေ ဖြစ်တဲ့ ၂၈ သန်း  ရဲ့ ၁/၄ ပုံသာရှိပါတယ်။ အိမ်ရဲ့ အခန်းထဲမှာတော့် သူ့ ရဲ့ ဒိုင်း အနိုင်ဆုတွေကို ပြထားပါတယ်။

ဒေးဗစ် ဘက်ဟန် : David Beckham
အင်္ဂလန် အသင်း


Hertfordshire  အားကစားဟောင်း ဒေးဗစ် ဗက်ဟန် ဟာ ကမ္ဘာ့ဘောလုံးသမား မျာမှာဆိုရင်  နံ အကြီး ဆုံးလို့ပြောလို့ ရပါတယ်။ နံမည်ကြီး လောက်အောင်လည်း သူ့ဆီမှာ ကိုယ်ပိုင် Wikipedia ရှိပါတယ်။ ဗက်ဟန် နဲ့ သူ့အမျိုးသမီး Posh Spice ဟာ ၁၉၉၉ မှာ သန်းပေါင်း ၄ သန်းတန် အိမ်ကို ၀ယ်ခဲ့ပါတယ်။ အားကစားလုပ်ငန်းကြောင့် ပြောင်းရွေ့ ရတဲ့ ဒေးဗစ် ဟာ Madrid မျာ ၇.၅ သန်း တန်ဖိုးရှိတဲ့ အိမ်ကို လည်း ၀ယ်ခဲ့ပါတယ်။ ထို့နောက် အမေရိကန် ကယ်လီဖိုးနယားပြည်နယ် Beverly Hill မှာလည်း ၂၂ သန်းတန်ဖိုးရှိတဲ့ ၅ ခန်း တွဲ နဲ့ ၆ ခန်းတွဲပါတဲ့ အိမ် ကိုဝယ်ခဲ့ပါတယ်။ ဒီနှစ် အတွင်း ဒေးဗစ် တို့လျင်မယား ဟာ သူတို့ရဲ့ Beckingham နန်းတော်ကို ရောင်းပြီး ၆၇ သန်းတန်ဖိုးရှိတဲ့ အိမ်ကို လန်ဒန်မှာ ၀ယ်ခဲ့ပါတယ်။

တယ်ရီ ဟင်နရီ: Thierry Henry
ပြင်သစ်အသင်း

ပြင်သစ် နံမည်ကြီး တယ်ရီ ဟင်နရီ ကတော့် လန်ဒန်မြို့ Hampstead ရှိ ၁၀ သန်း တန်ဖိုးရှိတဲ့ ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါ့အပြင် ၁၅ သန်း တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကို နယူးယောက် မှာဝယ်ထားပါတယ်။  သတင်း ကိုးကားချက်အရ နယူးယောက်မြို့မှာ ရှိတဲ့ သူ့ရဲ့ အိမ်ဟာ ၅၆၀၇ ပေပတ်လည်ရှိပြီး အပေါ် မျက်နံ ကြက်မှာပြူတင်းပေါက်များဖြင့် ကာထားပါတယ်။ အိမ်အတွင်းပိုင်းမှာတော့် မီဒီယာ အခန်း နဲ့ outdoor space လို့ခေါ်တဲ့  အပြင်ပိုင်းဆိုင် ရာ နေရာခင်းကျင်းမှုများရှိပါတယ်။ ဟင်နရီ ဟာ လန်ဒန်မှာရှိတဲ့သူ့ရဲ့ အိမ်ဟောင်းကိုလည်း ဆက်လက်ပြီး ပေ ၄၀ အထိ ချဲ့ထွင်ပြီး ငါးကန် တခုကိုလည်း ဆောက်မယ်လို့ပြောပါတယ်။  ကုန်ကျစရိတ်ကတော့် ဒေါ်လာ ၄၂၀၀၀၀ ကုန်ကျမယ်လို့သတင်းရရှိထားပါတယ်။

ဂါရက်စ် ဘေးလ် : Gareth Bale
ဝေးလ် အသင်း


Welsh အသင်းကတော့် ဒီတနှစ် ကမ္ဘာ့ဖလားမှာ မပါဝင် နိုင်ပေမယ့်လည်း ဂါရက်စ် ကတော့ သူ့ရဲ့ စပိန် အပန်းဖြေစခန်းကနေ ကမ္ဘာ့ဖလားကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ် ခြံမြေဟာ အဌားတနှ်ဖိုးအားဖြင့် ဒေါ်လာ ၁၇၀၀၀ ရှိပြီး အိမ်အတွင်း ကား ၆စီး ဆန့် ကား ဂိုဒေါင် နှင့် ရေကူးကန်၊ အားကစားခန်းများကို တပ်ဆင်ထားပါတယ်။

ဂယ်ရီ နယ်ဗီ  : Gary Neville
အင်္ဂလန် အသင်း


အနားယူသွားတဲ့ နယ်ဗီ ဟာ လောလောဆယ်မှာတော့် အင်္ဂလန် ဘောလုံးအသင်းကိုနည်းပြ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း နယ်ဗီဟာ သူ့ရဲ့ ၈ ခန်းတွဲ မြေအောက် အိမ်ကို ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှုတ်အထွေးများတော်တော်ရှိခဲ့ပါတယ်။ အစိုးရ ရဲ့ခွင့်ပြုချက်ကို ရဖို့အတိုက်အခံတော်တော်လုပ်ခဲ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို လေးစားတဲ့ နယ်ဗီဟာ သူ့ရဲ့လက်ရှိ အိမ်ကို မွမ်းမံပြင်ဆင် ရင် ကောင်းမလား သို့မဟုတ် မြေအောက်အိမ် ပိုင်းကို အကောင် ထည် ဖြစ်အောင် လုပ်မလားဆိုတာ စဉ်းစားဆင်ခြင်နေပါသေးတယ်။

သင်အရက်သောက်ပြီး စားတတ်တဲ့ အကြိုက်ဆုံးအစားအစာတွေက ပြောပြနေတဲ့ သင့်အကြောင်း ..............

Posted by: Ko Myo on Friday, June 20, 2014 Categories:

Angel on 2014-06-20 12:09

အရက်လေးသောက်ပြီးသွားတဲ့အချိန် ဒါမှမဟုတ် သောက်နေရင်းစားတတ်တဲ့ သင့်ရဲ့အကြိုက်ဆုံး အစား အစာတွေက သင့်ရဲ့စိတ်နေသဘောထားကို ဖော်ကျူးနေပါတယ်။

၁။ ပီဇာ

ပီဇာနဲ့ မြည်းရတာ ကြိုက်သူတွေဟာ ဘ၀ကို ရောင့်ရဲတင်းတိမ်နေတတ်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရာတွေ စိတ်မ၀င်စားဘူး။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ တကယ်လို့ ခင်ဗျားသာ “ဟေး - ဘော်ဒါတို့ ၊ ပီဇာမှာရအောင်ဟေ့” လို့ သာပြောကြည့် ၊ သူက ခင်ဗျားကို တန်းလေးစားသွားလိမ့်မယ်။

၂။ ချိစ်ဘာဂါ

ချိစ်ဘာဂါနဲ့ သောက်ရတာကြိုက်တဲ့လူတွေကတော့ အစားကြီးတတ်တယ်။ သူကတော့ ပီဇာကြိုက်သူတွေ နဲ့ ဆန့် ကျင်ဘက် ၊ အနီးဆုံး ဘာဂါဆိုင်ကို ဖင်တရွတ်တိုက်ဆွဲသွားမယ်။ လုပ်ပါတော့၊ဆာလှပြီ လို့ ခေါ်နေမယ့် လူမျိုးပေါ့။

၃။ စွပ်ပြုတ်

အိမ်မှာ ညသန်းခေါင်တစ်ယောက်တည်း အရက်လေးဘာလေး ပါးပါးကစ်နေတတ်တဲ့လူမျိုး။ စွပ်ပြုတ် ကြိုက်တဲ့ အတွဲတွေဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အထီးကျန်နေတာကို ပိုသဘောကျတတ်တယ်။ ကြက် သားကို အရက်နဲ့ ချက်တာ ကြိုက်တတ်တဲ့လူမျိုးနဲ့ ချစ်သူဖြစ်တတ်တယ်။

၎။ Nachos ( ဒိန်ခဲပါသော မုန့် ပြားဝိုင်း)

သူတို့ ကတော့ စိတ်မရှည်တတ်ဘူး။ ငွေကြေး၊ ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ဘူး။ သူတို့ ရဲ့ အကောင်းဆုံး အရည်အသွေးက ဘာကိုမှဂရုမစိုက်တတ်တာပဲ။

၅။ မနက်စာအစားအစာ

အတိတ်ကို တသသဖြစ်နေတတ်တဲ့လူမျိုး၊ အိမ်မှာကပ်တတ်တဲ့လူမျိုးဖြစ်တဲ့အတွက် မိဘတွေနဲ့ ရင်း ရင်းနှီးနှီး ရှိတတ်တယ်။ သူတို့ အတွက်တည်း မင်းက အကောင်းဆုံးအဖော်ဖြစ်နေတတ်တယ်။

၆။ ခေါက်ဆွဲနဲ့ ဒိန်ခဲ ၊ ချိစ်မီးကင်နဲ့ ချိစ်

ဒီလိုအစားအစာမျိုးကြိုက်တဲ့လူကတော့ ရဲရဲတင်းတင်းရှိတတ်တဲ့လူမျိုးပါ။ အရာရာကို ဦးဆောင်တတ် သူပေါ့။

၇။ အာလူးချောင်းကြော်

Nachos ကြိုက်တဲ့လူတွေနဲ့ သူတို့ က ဘော်ဒါတွေ ဖြစ်တတ်တယ်။ လက်တွေ့ ကျကျလုပ်တတ်တဲ့လူမျိုး။ တစ်ခုခုဆို ၀င်ကိုင်လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့လူစား။

၉။ Mozzarella ချိစ်ချောင်း

တိတိကျကျသမား။ ကိုယ် ဘာလိုချင်လဲဆိုတာ သိပြီး ရအောင် ဘယ်လိုယူရမလဲသိတဲ့လူမျိုးပေါ့။ အကောင်းဆုံး mozzarella ချိစ်ချောင်းလေးတွေ ရဖို့ အဆင့်ဆင့်လက်ဝင်သလို ဒီလိုလူမျိုး စိတ်ကျေနပ်ဖို့  လည်း တော်တော် အားထုတ်ရလိမ့်မယ်။

၁၀။ ဘာမှ မစားတဲ့လူ

အစားထက် အအိပ်မက်တဲ့လူမျိုးပေါ့။ သောက်ပြီး အိပ်နေရရင်ကို ပြီးပြည့်စုံနေတာ။ သိပ်မကြာခင်မှာ ချိစ်ဘာဂါကြိုက်တဲ့ တစ်ယောက်ယောက်က သင့်ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ်ဆိုရင် သိပ် မအံ့သြပါနဲ့ ။ ဒါက ကောင်းတဲ့အချက်ပါ။

၁၁။ ဘာမဆိုဆွဲတဲ့လူ

အရက်လေးကစ်ပြီးရင် အသေဆွဲတဲ့လူမျိုး ။အစားမက်တာပေါ့။ စိတ်က ဒွိဟ၊ တစ်ခုခုကို စိတ်ရောက်နေ ရင်လည်း မပြီးတော့ဘူး။ တကယ်လို့ သင့်လိုပဲ အကုန်ကြိုက်တဲ့လူနဲ့ ချစ်ကြိုက်တော့မယ်ဆိုရင် နောက် တစ်ကြိမ်ပြန်စဉ်းစား။ ဒါမှမဟုတ် မကြိုက်နဲ့ ။


Ref: cosmopolitan.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Saturday, June 7, 2014

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ၁၀ ဦး .....................

Posted by: Ko Myo on Friday, June 06, 2014 Categories:
နောက်ဆုံးကောက်ယူခဲ့သော စစ်တမ်းအရ ကမ္ဘာ့ ထိပ်တန်းအချမ်းသာဆုံး သူဌေးကြီးဆယ်ဦးတွင် မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံဖြင့် အချမ်းသာဆုံး စာရင်းဝင်နေပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို ဖော်ပြလိုက်ပါသည်။

၁။ ဘီလ်ဂိတ်



မိုက်ကရိုဆော့ဖ်ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်သည်။ အသက်(၅၇)နှစ်ရှိပြီး အမေရိကန်နိုင်ငံတွင် နေထိုင်သည်။ ဘီလ်ဂိတ် သည် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရုံသာမက အရက်ရောဆုံးသူလည်း ဖြစ်သည်။ ပိုလီယိုနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်ပင် ၎င်းနှင့် ဇနီးဖြစ်သူတို့ တည်ထောင်ထားသော ဘီလ်နှင့် မလင်ဒါဂိတ်ဖောင်ဒေးရှင်း မှတစ်ဆင့် ကန်ဒေါ်လာ ၂၈ ဘီလီယံ သုံးစွဲခဲ့သည်။

၂။ ကားလို့စ်စလင်း



ကားလို့စ်စလင်းဟီလူးသည် အသက်(၇၃)နှစ်အရွယ် မက္ကဆီကိုနိုင်ငံသားဖြစ်ပြီး ကန်ဒေါ်လာ ၆၁ ဒသမ ၈ ဘီလီယံ ချမ်းသာသည်။ မက္ကဆီကိုနိုင်ငံတွင် နေထိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်ကို လေးနှစ်တာ ကျော်ဖြတ်ခဲ့ဖူးသည်။

၃။ ဝါရင်းဘတ်ဖက်



အသက်(၈၂)နှစ်အရွယ် အမေရိကန်နိုင်ငံသား ဝါရင်းဘတ်ဖက်သည် ကန်ဒေါ်လာ ၅၇ ဒသမ ၅ ဘီလီယံ ချမ်းသာသည်။ ၎င်းကို Berkshire Hathaway ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ရည်ညွှန်းသည်။ အသက် (၁၁)နှစ်အရွယ်တွင် စတော့ရှယ်ယာ စတင်ဝယ်ယူခဲ့သည်။ ဘီလ်ဂိတ်နှင့် အလွန်ရင်းနှီးပြီး လှူဒါန်းမှုများတွင် အရက်ရောဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

၎။ အမန်စီယိုအော်တေဂါ



ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် အော်တေဂါသည် အသက် (၇၇)နှစ်ရှိပြီဖြစ်ကာ ကန်ဒေါ်လာ ၅၄ ဒသမ ၈ ဘီလီယံ ချမ်းသာသည်။ အချမ်းသာဆုံးမိသားစု နောက်ခံနှင့် စပိန်နိုင်ငံတွင် အချမ်းသာ ဆုံးလည်းဖြစ်ကာ ဇနီးဟောင်းမှာလည်း ကွယ်လွန်သည့်အချိန်အထိ စပိန်နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသမီး ဖြစ်သည်။

၅။ အင်ဂဗာကမ်းပရက်



ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ပရိဘောဂကုမ္ပဏီ IKEA ကို တည်ထောင်သူ ကမ်းပရက်သည် ကန်ဒေါ်လာ ၄၉ ဒသမ ၁ ဘီလီယံ ချမ်းသာသည်။ အသက် (၈၇)ခုနှစ်အရွယ် ဆွီဒင်နိုင်ငံသားသည် မကြာမီက ကုမ္ပဏီဥက္ကဋ္ဌရာထူးကို အငယ်ဆုံးသားအား လွှဲပြောင်းပေးအပ်ခဲ့သည်။

၆။ ချားလ်စ်ကော့ခ်ျ



Koch စက်မှုလုပ်ငန်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်သည် ကန်ဒေါ်လာ ၄၄ ဒသမ ၈ ဘီလီယံ ချမ်းသာပြီး အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။ ညီဖြစ်သူ ဒေးဗစ်ကော့ခ်ျနှင့် ညီတူညီမျှချမ်းသာသူဖြစ်သည်။

၇။ ဒေးဗစ်ကော့ခ်ျ



Koch စက်မှုလုပ်ငန်း၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ ဖြစ်သည်။ အစ်ကိုဖြစ်သူထက် ကုမ္ပဏီစီမံခန့်ခွဲမှုတွင် ပိုမိုပါဝင်ဆောင်ရွက်ပြီး အသက်မှာလည်း (၇၇)နှစ်ရှိပြီဖြစ်သည်။

၈။ လယ်ရီအယ်လစ်ဆင်



ကွန်ပျူတာနည်းပညာကုမ္ပဏီ Oracle ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ အသက် (၆၉) နှစ်အရွယ် အမေရိကန်နိုင်ငံသားဖြစ်ပြီး ကန်ဒေါ်လာ ၃၉ ဘီလီယံ ချမ်းသာသည်။

၉။ ခရစ္စတီဝေါလ်တန်



အမေရိကန် လက်လီဈေးကွက် ကုမ္ပဏီကြီး Wall-Mart သူဌေးကြီး ၂၀၀၅ ခုနှစ်က လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်သူမုဆိုးမ ခရစ္စတီဝေါလ်တန်သည် ဝေါလ်မက်ရှယ်ယာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကန်ဒေါ်လာ ၃၅ ဘီလီယံ ချမ်းသာသည်။

၁၀။ ဂျင်မ်ဝေါလ်တန်



ဂျင်မ်ဝေါလ်တန်သည် Arvest Bank အုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ကန်ဒေါ်လာ ၃၄ ဒသမ ၃ ဘီလီယံ ချမ်းသာပြီး ဝေါလ်မက်မှ မစ္စစ်ခရစ္စတီနှင့် မတ်တော်စပ်သည်။ ဝေါလ်မက်ရှယ်ယာအချို့ကိုလည်း ပိုင်ဆိုင်သည်။

_The Countries
ACM Re-Post 6-6-2014
Aye Chan Mon Credit To: 7 Days Daily
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, June 4, 2014

သမိုင်းထဲက ထိုးကွင်းမင်ကြောင်...............

Posted by: Ko Myo on Tuesday, June 03, 2014 Categories:
မြန်မာတွေရဲ့ လောကီ ပညာရပ်တွေ များစွာ ရှိပါတယ်။ အဲဒီလောကီပညာ ရပ်ထဲကအင်း၊ အိုင်ခလဲ့ ၊ လက်ဖွဲ့ ၊ ဂါထာ မန္တန်ပီယဆိုပြီး ရှိပါတယ်။

အဲဒီလောကီပညာရပ်တွေ ကိုကြေးပြား၊ငွေပြား၊ ရွှေပြားတွေအပေါ်မှာ အင်း ကွက်လေးတွေ ရေးပြီးအိမ်မှာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် ဆောင်ထား တတ်ကြပါတယ်။

အဲဒီအဆောင်တန်ခိုးကြောင့် တုတ်ပြီး၊ဓားပြီးမယ်၊ ဘေး အန္တရာယ်မျိုး စုံကင်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်တဲ့အစီ ရင်ဖြစ်ပါတယ်။ ရှေးဘုရင်တွေ စစ်တိုက်ထွက်တဲ့အခါလောကီ ပညာရှင်၊အင်းရေးဖို့ ပန်းချီ ပညာရှင်နဲ့လိုအပ်လို့ရှိရင် ပရိတ်ဂါထာ မန္တန်ရွတ်ဖတ်ဖို့ ရဟန်းတော်တွေကိုပါတစ်ပါ တည်းခေါ်ဆောင်သွားလေ့ရှိ တယ်လို့သိရ ပါတယ်။စစ်မျက် နှာ၊စစ်တိုက်ရာအရပ်ကို လိုက်ပြီး လောကီအစီရင်တွေ မတူဘူးလို့သိရပါတယ်။

အလောင်းဘုရားလက်ထက် ကသည်း ပြည်ကို စစ်တိုက်ထွက်ရာမှာ သူ အားကိုးတဲ့အမာခံတပ် သားတွေကိုမဟာပိန္နဲ အင်းကို စီရင်တယ်ဆိုပါတယ်။ သက္ကရာဇ် ၉၉၇ခုနယုန်လဆန်း ၄ ရက်နေ့ ( ၉ မေ ၁၆၃၅)ရက်စွဲပါ အမိန့်တော်တစ်ခုမှာ ” အင်းတစ်ချပ်ကိုလူခြောက်ယောက် ဝိုင်းရေးပြီး အင်းရေးစဉ်အခါ မလပ်ဂါထာ မန္တန်ရွတ်ဖတ်ပေးရမည်” လို့ ပါရှိထားတာတွေ့ရ ပါတယ်။

လောကီပညာရပ်တွေများစွာထဲမှာ ဆေးမင်ကြောင် ဒါမှမဟုတ်ထိုးကွင်း မင်ကြောင် ကိုမြန်မာတွေ စထိုးတာ အင်းဝခေတ်မှာစခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ တချို့ ပညာ ရှင် တွေက ပျူခေတ်ကတည်းက စခဲ့တယ် လို့ပြောကြပါတယ်။

ပုဂံခေတ်ဦးပိုင်းကတည်းက အင်းချတဲ့အလေ့ရှိခဲ့ကြောင်း ကျန်စစ်သားနန်းတည် ကျောက် စာမှာဖော်ပြ ထားပါတယ်။ ဒါပေမဲ့ဆေးမင်ကြောင်ဟာ ပျူခေတ်မှာစတင်ထိုးခဲ့ရင်ပုဂံ ဆေးရေး ပန်းချီတွေမှာ တွေ့နိုင်မှာဖြစ်ပေမယ့်ခုတော့ပုဂံ ခေတ် အင်းဝခေတ်နံရံဆေးရေး ပန်း ချီတွေမှာ မတွေ့ရသေးပါ။

အီတလီလူမျိုး ခရီးသွား Nicolo de’ Conti’ ရဲ့ ခရစ်နှစ် ၁၄၃၅ ခုနှစ်မြန်မာပြည် ခရီးစဉ်မှတ်တမ်းအရ မြန်မာတွေ ရဲ့ကိုယ်ပေါ်မှာ အမျိုးသားတို့ရဲ့ အဆောင်ယောင် အလှ အပအဖြစ်ဒီလိုခန္ဓာကိုယ်အစိတ်ပိုင်း ပေါ်သံစူးနှင့် ထိုးပြီးဆေး ရောင်တွေ ပွတ်ထည့် သုတ်လိမ်းတယ်လို့ဆိုထားတဲ့အတွက် ဆေးမင် ကြောင် ထိုးလေ့ရှိတယ်လို့ ယူဆချင်စရာဖြစ်ပါတယ်။

ဒါဟာအစောဆုံးတွေ့ရတဲ့ မြန်မာတွေရဲ့ထိုးကွင်းခေါ် မင်သေ့ခေါ်ကော် ရစ်ခေါ် ဆေး မင်ကြောင် အကြောင်းဖြစ်ပေ မယ့်အဲဒီအီတလီ ခရီးသွား မြန် မာပြည် အင်းဝရောက်တဲ့ ခုနှစ်ဟာ ၁၄၃၅ ခုနှစ် ဟုတ်ရဲ့လားဆိုတာ စိစစ်ဖို့လိုပါဦးမယ်။ ၁၄၃၅ ခုနှစ်သေချာခဲ့ ရင်တော့ လောလော ဆယ်ဆေး မင် ကြောင် အကြောင်း အစောဆုံး တွေ့ရတဲ့ မှတ်တမ်းဖြစ်ပါမယ်။

ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် (ခရစ်နှစ် ၁၅၅၁ – ၁၅၈၁)လက်ထက်ရောက်တဲ့ အခါမှာတော့အဲဒီဆေးမင် ကြောင်တွေ ဟာအဆောင် အယောင်အလှအပ ထက်လောကီပညာရပ် ဆိုင်ရာအစီ ရင်တွေအဖြစ်ပြောင်းလဲ တိုး တက်လာတယ်လို့ ခန့်မှန်းရ ပါတယ်။တစ်နည်းပြောရရင် ထိုးကွင်းမင်ကြောင်ဟာ ယုံ ကြည်မှုကို အခြေ ခံတဲ့ လောကီ ပညာရပ်ဆိုင်ရာအစီအရင် ဖြစ် ပါတယ်။အင်းချပြီးရေးထား တဲ့ ကြေးပြား၊ ငွေပြားလေး တွေကို လိပ်ပြီးလက်မောင်းမှာချည် ထား ကြ မယ်။ပုံစံ အမျိုး မျိုး နဲ့ဆောင် ထားကြမယ်။အဲဒီအခါ အ ဆောင် တန်ခိုးနဲ့အစွမ်းထက် မယ် ခုန်ပျံကျော် လွှားနိုင် မယ်၊ ဓားလှံလေးမြှားရန်ကကင်း လွတ်မယ်လို့ယုံကြည်ကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုစီရင်ထား တဲ့ ကြေးပြား၊ ငွေပြားအဆောင်ကို ကိုယ်မှာ ချည်ထားပေမယ့် ကျပျောက် တာမျိုးရှိမယ်။ ဒီ တော့ တချို့က အသားအနာ ခံပြီးအရေပြား ဒါမှမဟုတ် အသားထဲထိ ခွဲပြီးထည့် မယ်။ နောက်တော့ကြေးပြား ငွေပြား ပေါ်အင်းရေးရာကနေလူ့ ခန္ဓာ ကိုယ်ခြေလက်ခေါင်းခါးတွေ မှာ တိုက်ရိုက်ရေးပြီးစီရင်ကြ တယ်လို့ ထင်ပါ တယ်။အ ဆောင် လက်ဖွဲ့လိုမတော်တဆကျ ပျောက်ဖို့ ရာပူပင်စရာမလိုတဲ့ အပြင်ဆေးစွမ်းလည်းပိုပြီး ထက်လာစေလိမ့်မယ်လို့ ယုံ ကြည်နေကြပါမယ်။

” မှိုင်းညီနောင်
ကြောင်တန်ခိုး
နှိုးလိုက်ရင်
ရှိန်းဆာယာ
ရွှေဖြစ်ရင်
ကျော်တစောပေါ့
အောချထိုက်စွာလေ့။
မွေးမာတာ
သေးသေးရယ်
မထင်ပါနှင့်
ဆယ့်ငါးတာ
တပ်တိုင်းများကို
လွှားထွက်တဲ့ဆေး။ ” လို့ ဗုံတို သီချင်းတစ်ပုဒ်မှာ ကြောင်ဆေးရဲ့အစွမ်းကို တွေ့ရပါတယ်။

ဒါ့အပြင် ရွှေဘိုဆိပ် ခွန်ရွာကောက်စိုက်သီချင်းများမှာလည်း …

” ဟိုက်ဆိုလို့
ပေါင်ကို ပုတ်တယ်
တိုးထုတ် ပြေးခုန်လေ့။
ကြောင်ကိုယုံလို့ ခုန်လိုက်စမ်းကွယ်
ကိုးတောင်ပြေ့(ပြည့်) ခန်း။” ဆိုပြီး ကြောင်ဆေးအစွမ်းကို ဖော်ပြထားပါတယ်။

အဲဒီဆေးအစီအရင် တွေက လက်နက်အပါးသုံးဆယ် ပြီးတယ်၊ ဓားထိုးဓားကျိုး၊ လှံထိုး လှံခွေ သွားစေတယ်လို့ ဆိုပါတယ်။ တချို့ကဘီလူးရုပ် ထိုးကြပါတယ်။ အဲဒီဘီ လူးရုပ်ကြောင့် စွမ်းအား ပိုကြီးတယ်လို့ ပြောကြပါတယ်။ မြန်မာတို့ ဂုဏ်ယူမြတ်နိုးတန်ဖိုးထား ရတဲ့ ဆေးမင် ကြောင် ဒါမှမဟုတ် ထိုးကွင်း မင်ကြောင် ဟာမှေး မှိန်သွားခဲ့ရ ပြီဖြစ်ပေမယ့် ဒီနေ့ထိတော့ ခေတ်ကာ လနဲ့အညီ ကျန်ရှိနေဆဲ၊ ကမ္ဘာမှာလည်း တက်တူး ဆိုပြီး ဒီနေ့မှာ ပိုမိုခေတ်စားလာခဲ့ပြီဖြစ်ပါတယ်။

SKT
ရည်ညွှန်း။ ။

မြန်မာ့သမိုင်းတွင် လောကီပညာ အရေးပါပုံ ၊ ဒေါက်တာသန်းထွန်း ၊
ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ၊ ဒေါက်တာသန်းထွန်း
မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ ၊ ဆင်ဖြူကျွန်းအောင်သိန်း


Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Thursday, May 22, 2014

ထိုင်ဝမ်မှာ နိုင်ငံ အတွင်း အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင်..................


Bookmark and Share [ ]


ထိုင်ဝမ်ကျွန်း နိုင်ငံမှာ အင်တာနက်ကို အခမဲ့ အသုံးပြုနိုင်ခြင်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက
ဖြစ်ပါတယ်။

ယင်း မတိုင်ခင် ကလည်း ထိုင်ဝမ် ကျွန်းက နေရာ အတော် များများမှာ အင်တာနက် အခမဲ့ အသုံးပြုလို့ ရ
ပါတယ်။

နှစ်စဉ် နေရာ တိုးချဲ့လာရာ ကနေ ၂၀၁၃ နှစ်ဆန်း ရောက်တော့ တစ်နိုင်ငံလုံး ဧရိယာကို ဖုံးလွမ်း သွား
နိုင် ခဲ့ ပါတယ်။ Hotspot ပေါင်း လေးသောင်းကျော် ကို နေရာအနှံ့ ဖြန့်ထားခြင်း ဖြစ် ပါ တယ်။

ထိုင်ဝမ် နိုင်ငံသား တွေတင် မကပဲ ကမ္ဘာလှည့် ခရီးသည် များ၊ နိုင်ငံကို လာရောက် နေထိုင်တဲ့ နိုင်ငံခြား
သား များကိုလည်း အခမဲ့ ပေး ပါတယ်။

အထူးသဖြင့် လူ အသွားအလာများ၊ အလည်အပတ် များတဲ့ နေရာ တွေမှာ ပိုအလေးပေး ထားရှိ ပါတယ်။

အင်တာနက် မြန်နှုန်းဟာလည်း တစ်စက္ကန့်ကို 1Mbps မြန်ဆန်မှု ရှိပြီး ယင်း ထက် ပိုလို ချင်ပါကလည်း
လူတိုင်းဝယ်နိုင် လောက်အောင် ဈေးသက်သာ၍ မြန်ဆန်သော ဝန်ဆောင်မှုကို ပေးထား သေးကြောင်း
သိရ ပါတယ်။

Ref: CNN

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ထိုင်ဝမ်မှာ နိုင်ငံ အတွင်း အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင် http://www.simon-vlog.com/2014/05/blog-post_289.html#ixzz32NhMyEWG
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Wednesday, April 23, 2014

ယောက္ခမအကြိုက် စကား (၆) ခွန်း

Posted by: Ko Myo on Wednesday, April 23, 2014 Categories:


လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။

၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။

၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။

၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။

၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။

မနုဿ ရဲ့ စာမျက်နှာလေးများ

Thursday, February 20, 2014

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ နေအိမ် .............












ပုံမှာ မြင်တွေ့နေရတာကတော့ ၂၀၁၁ ခုနှစ်ကတည်းက Facebook တည်ထောင်သူ Mark Zukerberg ဝယ်ယူထားတဲ့ အိမ် ဖြစ်ပါတယ်။ အဲ့တုန်းက အမေရိကန်ဒေါ်လာ ၇ သန်းသာ ကုန်ကျပါတယ်။
အိပ်ခန်းငါးခန်း ပါရှိပြီး ခြံဝိုင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ ဇိမ်ခံ အိမ်တစ်လုံး ဖြစ်နေတာ ကို မြင်တွေ့ရမှာပါ။ Facebook ရဲ့  ဌာနချုပ်
Menlo park နဲ့လည်း အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီ ကွန် တောင်ကြား နဲ့ မနီးမဝေး နေရာမှာပဲ။ ယခု ထွက်ရှိတဲ့ သတင်း သစ် အရ ဇူကာဘတ်ဟာ အိမ်နီးချင်းက အိမ် ၄ လုံးကိုတောင် ဆက်တိုက် ဝယ်ယူခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။ အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း တန်ဖိုးက ၁၀ သန်းတောင် မရှိဘူးလို့ မီဒီယာသမားများက ဆိုကြပါတယ်။ ဒါကို ဇူကာဘတ် က ငွေ ပိုပေး ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဇူကာဘတ်ဟာ အသက် ၂၉ နှစ်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အိုင်တီ လုပ်ငန်းရှင် ပုဂ္ဂိုလ်စာရင်း ထိပ်တန်း ၁၀ ဦးထဲမှာပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။


Thihahtike



09-73151297




thihahtike.it@gmail.com
 


Welcome From My Blog 



Ref&Credit -smart pro journal
 Aung Kham ( www.smart.com.mm )




Sunday, January 12, 2014

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ .......................

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ


အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။

နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

.

အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။ နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ် ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။
အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

Wednesday, December 11, 2013

အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့ ..................


 မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။
မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက် သွားပြီးပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။ မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက် လို့ရအောင်ကို မြင့်ကြပါတယ်။ အခု လို ညဘက် လူပျိုလှည့်တဲ့ ဓလေ့မှာ ကာလသားဟာမိမိနှစ်သက်သဘောကျတဲ့မိန်းမပျိုကို ညဘက်အိမ်အောက် အရောက်ချစ်ရေးဆိုနိုင်ဘို့၊မိမိအပေါ်တိမ်းညွတ်မှုရှိမရှိ၊စတဲ့သတင်းချက် လက်တွေ ရဘို့ အပျိုခေါင်းဆောင်( သို့) အောင်သွယ်တော်ကို အားကိုးရ ပါတယ်။ အဓိက ကတော့ မိမိနှစ်သက်တဲ့မိန်းမပျိုအိပ်တဲ့ နေရာအတိကျ ကို သိဘို့ သတင်းအချက်လက်ရဘို့ အရေးကြီးပါတယ်။အပျိုခေါင်းဆောင် " သို့" အောင်သွယ်တော်က လည်းမိန်းမပျိုကို ကနေ့ည အိမ်အောက်လူပျို လှည့်သူလာမယ်ဆိုတာ ပြောပြီးဘယ်သူဘယ်ဝါမပြောဘူး။ ညဘက်ရောက် ရင် ကာလသားက အဖေါ်ခေါ်ပြီးသော်လည်းကောင်း တစ်ဦးတည်းသော် လည်းကောင်း ခွေးခြေတစ်လုံးကို သယ်ဆောင်သွားရပါတယ်။ မိန်းမပျိုအိမ် အောက်ရောက်ရင် အသင့်ဆောင်လာတဲ့ တုတ်(သို့)၀ါး စသဖြင့် မိန်းမပျို အိပ်တဲ့ကြမ်းကို ခေါက်ပြီး နှိုးသလို အချို့က ကြမ်းကြားသေးသေးထဲ ၀င်နိုင်အောင် ၀ါးကို အနည်းငယ်ချွန်တဲ့ဝါးနဲ့နိုးပြီး မိမိရောက်ပြီဖြစ်ကြောင်း အသိပေးရပါတယ်။ မိန်းမပျိုက မိမိအိပ်တဲ့ ခေါင်းရင်း ကြမ်းပြင်ကြားကနေ စကားပြန်ပြောပါတယ်။ ကာလသားက ခွေးခြေပေါ်ထိုင်ပြီး စကားကို အချီကျ ပြောသလို စကားထှာသဘောလဲပြောတတ်ကြတယ်။ ဘယ်သူဘယ်ဝါဆိုတာလဲမေးရင်း နဲ့အပြန်လှန်စကားပြောတဲ့ဓလေ့သာ ဖြစ်တယ်။ မိန်းမပျိုက မနှစ်သက်ရင် စကားပြန်မပြောလည်းနေနိုင်တယ်။ စကားပြန်မပြောရင် ကာလသားက ပြန်လှည့်ရတတ်ပါတယ်။ အခုလူပျိုလှည့်ခြင်းမှာ ချစ်သူရှိပြီးသား မိန်းကလေးဖြစ်နေရင်လဲ သွား ရောက်လူပျိုလှည့်လို့ရသလို ရင်ဖွင့်ချစ်ရေးဆိုခွင့် ရှိပါတယ်။ အခု လူပျို လှည့်နည်းမှာ ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းမလုပ်ဘို့စောင့်ထိမ်းရ သလို အများထင်သလို လက်ဝင်လို့ရတဲ့ကြမ်းပေါက်လဲ မရှိပါဘူး။ အခု လူပျိုလှည့်နည်းမှာ အိမ်ထောင်သည် လုံးဝ လိုက်ပါခွင့်မရှိပါဘူး။ ကာလ သားဟာ ပထမဦးဆုံးလူပျိုလှည့်ခြင်း ဖြစ်ခဲ့ရင်နောက်နေ့မှာ ဘယ်မိန်းမပျို အိမ်အောက် လူပျိုလှည့်ခဲ့ စကားပြောခဲ့တာ မိမိဖြစ်ကြောင်းကြေငြာပေး ရပါတယ်။ အဲသလို ကြေငြာပေးမှ ရပ်သိရွာသိဖြစ်ပြီး မိန်းမပျိုကလည်းည ကမိမိကို လူပျိုလှည့် ချစ်ရေးဆိုသူဘယ်သူလဲဆိုတာ သိဘို့လိုပါတယ်။ အခုလူပျိုလှည့်နည်းမှာ အဓိကအရေးကြီးတာက မိန်းမပျိုအိပ်တဲ့နေရာ အတိကျသိဘို့အရေးကြီးပါတယ်။ တခါတလေ အဆင်မပြေမူလေးတွေ ချွတ်ချော်တဲ့ နေရာပေးမိခြင်း ဖြစ်ခဲ့ရင်အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ မိန်းမပျိုဖခင် အိပ်တဲ့နေရာ တုတ်နဲ့ထိုးမိသူများလဲရှိတတ်ကြပါတယ်။ မိန်းမပျိုအိပ်တဲ့နေရာ ဖြစ်ပေမဲ့ အဲဒီညမှ အခြားသူတစ်ဦး အိပ်လိုက်တဲ့ အခြေနေတွေလည်းဖြစ်တတ်ပါတယ်။ မူးရစ်သောက်စားပြီးလူပျိုလှည့်သွား ရင် လဲ အဆင်မပြေပါဘူး။ ဒါ့ကြောင့် အောက်နိုက်ခြင်းလို့ လွယ်လွယ် အမည်ပေးလိုက်တဲ့ လူပျိုလှည့်ဓလေ့မှာ ရိုင်းစိုင်းတဲ့ အပြုမူမရှိဘဲ ယဉ်ကျေး သိမ်မွေ့ရတဲ့ဓလေ့တစ်ခုသာဖြစ်တယ်။ " ကျမကို ကြိုက်လို့အောက်နိုက်လာ ကျမ မကြိုက်တော့တုတ်နဲ့ထိုး အဖေနိုးတော့ တုတ်နဲ့လိုက် သူထွက်ပြေးတော့ ခွေးလိုက်ကိုက် " လို့ လူရွင်တော်တွေ ပြက်လုံးထုတ်တတ်ပါတယ်။ အခု ဓလေ့ကို ရှေးကျတဲ့ မွန်ရွာအချို့မှာ ကျင့်သုံးဆဲဖြစ်ပေမဲ့ မြို့ပေါ်တွေ မှာ မရှိတော့ပါဘူး။ မွန်လူမျိုးများရဲ့နာမည်ကြီးပြီးထူးဆန်းတဲ့ လူပျိုလှည့်ခြင်းဓလေ့ဖြစ်ပြီး ကိုယ်ထိလက်ရောက် မကျုးလွန်အောင် ထိမ်းသိမ်းယဉ်ကျေးရတဲ့ ဓလေ့သာဖြစ်ပါတယ်။
 ( ၉.၁၂.၂၀၁၃)

Friday, November 8, 2013

** လူတွေ မသိတဲ့ စုဘုရားလတ်ရဲ့  အတွင်းရေးအကြောင်း ** .......................


စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.. လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား... ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။

♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...

ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။
 
.........
 
အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား...

ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...

ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော.....

ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...

၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...

အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။

ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။

မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။

အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...

ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။

မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း...

နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။

ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်...

မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။ အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ...

ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်...

ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...

သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ...။
 

Tuesday, October 22, 2013

ဒေါက်ဖိနပ်လေးတွေနဲ့ Smart ကျအောင် လမ်းလျှောက်နည်း ...................

ပျိုမေတို့ရေ ဒေါက်ဖိနပ်လေးတွေစီးပြီး စမတ်ကျကျလမ်းလျှောက်နိုင်တဲ့သူ ဖြစ်ချင်ပါသလား။ ဒေါက်ဖိနပ်စီးပြီး ရရှိလာတတ်တဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် နည်းလမ်းတချို့ကို လမ်းညွှန်ပေးလိုက်တယ်နော်။

(၁) ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ပါစေ။
မေတို့အနေနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဒေါက်ဖိနပ်မျိုးကို သေသေချာချာ ရွေးချယ်ရပါတယ်။ ဖိနပ်ဆိုင်မှာ ကိုယ့်ရဲ့ဆိုဒ်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်က အရောင်းကုန်သွားလို့သူ့ထက် တစ်ဆိုဒ်ကြီးတာမျိုးကို မ၀ယ်မိပါစေနဲ့။ ကိုယ့်ရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲဆိုတာကို သေသေချာချာ မသိဘူးဆိုရင် ဖိနပ်ဆိုင်ကိုသွားပြီး ကိုယ့်ခြေထောက်ရဲ့ဆိုဒ်ကို တိုင်းပါ။ အဲဒီဆိုင်တွေက ကိုယ့်ခြေထောက်ရဲ့ဆိုဒ်နဲ့ ခြေထောက် ပုံသဏ္ဌာန်အမျိုးအစားကိုပါ ပြောပြပေးနိုင်ပါတယ်။ ဥပမာ-ခြေထောက်ကျယ်ကျယ်(သို့) ခြေဖမိုးမောက်မောက်ပြည့်ပြည့် အစရှိသဖြင့် ပြောပြပေးနိုင်ပါတယ်။

(၂) စတိုင်(လ်)ကို စစ်ဆေးပါ။
ခြေထောက်တိုင်းဟာ ဖိနပ်စတိုင်(လ်)အမျိုးအစားအားလုံးကိုစီးလို့ လိုက်ဖက်မှု မရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ခြေထောက်နဲ့လိုက်ဖက်တဲ့ ဖိနပ် Style မျိုးကို ရွေးချယ်ရပါမယ်။ ကိုယ်ရွေးလိုက်တဲ့ ဖိနပ်ကလည်း ကိုယ့်အတွက် အမှန်တကယ် သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။ အောက်ခြေမညီ၊ သက်သောင့်သက်သာမရှိတဲ့ ဖိနပ်တွေဟာ လမ်းလျှောက်ဖို့အတွက် ဘယ်လိုမှ အဆင်ပြေစေနိုင်မှာ မဟုတ်ပါဘူး။ Style ကျစေနိုင်ဖို့အတွက် ကိုယ့်ခြေထောက်နဲ့ ဖိနပ်က တစ်သားတည်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ခြေဆစ်ပိုင်း၊ ခြေမျက်စိပိုင်း၊ နားတွေမှာ လိမ်သွားတာမျိုး၊ စောင်း/ယိုင်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်လို Style မျိုးကို ရွေးချယ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ ကြိုးသိုင်း ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကို အရင်ဆုံး စစ်ဆေးပြီး ရွေးချယ်ကြည့်ပါလို့ အကြံပြုပါရစေနော်။

(၃) ဆိုးပြားကို စစ်ဆေးပါ။
ဆိုးပြားတွေက ဖိနပ်တစ်ရန်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါ့ကြောင့် အချိန်ပေးပြီး စစ်ဆေးပါ။ ဖိနပ်က ဆိုးပြားဟာ လုံးဝပြားချပ်နေရပါမယ်။ ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိရပါမယ်။ အောက်ခြေလှေပုံသဏ္ဌာန်ရှိတဲ့ ဖိနပ်တွေမှာ ဆိုးပြားအကုန်လုံးက ကြမ်းပြင်နဲ့ ထိတွေ့မှုမရှိတဲ့အတွက် လမ်းလျှောက်ရတာ လွယ်ကူသက်သာမှာ မဟုတ်ပါဘူး။

(၄) တည့်တည့်မှန်မှန် လမ်းလျှောက်ပါ။
ဒေါက်ဖိနပ်တွေက ပျိုပျိုတို့ရဲ့ ဟန်ပန်အသွင်ကို ပိုမိုအချိုးကျလှပစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တတ်ဖို့တော့ လိုအပ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ပျိုပျိုတို့ရဲ့ ဦးခေါင်းကို မတ်မတ်ထားပြီး ပခုံးကိုလည်း မကိုင်းပါစေနဲ့။ ဒေါက်ဖိနပ် စီးပြီးတော့ အခုလို နည်းစနစ်၊ အနေအထား မှန်မှန်နဲ့ လမ်းလျှောက်နိုင်မယ်ဆိုရင် ပိုမိုသက်သောင့်သက်သာရှိပြီး ပိုငြိမ်မှာဖြစ်ပါတယ်။

(၅) ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပါ။
ကြွက်သားတွေနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းကို မလုပ်တော့ဘူးဆိုရင် ထင်သလောက် မသန်မာဘူးဆိုတာကို သတိထားမိကြပါသလား။ Gym တစ်ခုခုမှာ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါမှာ ကျွန်မတို့ ကြွက်သားတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။ ကြွက်သားတွေ သန်မာရင် လမ်းလျှောက်ရတာ ပိုပြီးလွယ်ကူ အဆင်ပြေစေပါတယ်။ ပျိုပျိုတို့အနေနဲ့လည်း ကိုယ့်ရဲ့ကြွက်သားသန်မာမှုက ကိုယ့်ရဲ့လမ်းလျှောက်နိုင်မှုအပေါ် ဘယ်လောက်အထိ ထိန်း ချုပ်ပေးနိုင်တယ်၊ ခါး၊ ပခုံးတွေမကိုင်းဘဲ ပုံသဏ္ဌာန်မှန်မှန်နဲ့ စမတ်ကျကျ လမ်းလျှောက်နိုင်စေတယ်ဆိုတာကို လက်တွေ့သိလာပါလိမ့်မယ်။

(၆) ရှေ့ကိုကြည့်ပါ။
လမ်းလျှောက်တဲ့အခါမှာ ရှေ့ကိုကြည့်ပြီး လျှောက်ရပါမယ်။ အကယ်၍ ပျိုပျိုဟာ အောက်ကိုပဲငုံ့ကြည့်ပြီး လျှောက်နေမယ်ဆိုရင် စီးထားတဲ့ ဒေါက်ဖိနပ်က ခြေထောက်တွေကို နာကျင်နေစေပါလိမ့်မယ်။ သက်သောင့်သက်သာလည်း ရှိမှာ မဟုတ်ပါဘူး။ လမ်းလျှောက်တဲ့အခါ ကိုယ့်အရှေ့ရဲ့ 1/3 ကိုကြည့်ပြီး လျှောက်ရပါမယ်။ ဒါကိုအချိန်ပေးပြီး လေ့ကျင့်ဖို့တော့ လိုပါတယ်။ လေ့ကျင့်တတ်မြောက်သွားပြီဆိုရင်တော့ ပျိုပျိုအနေနဲ့ လမ်းလျှောက်တဲ့အခါမှာ ဘယ်လောက်အထိ ပိုမိုလွယ်ကူလာသလဲဆိုတာကို လက်တွေ့ မြင်လာနိုင်မှာ ဖြစ်ပါတယ်။

(၇) လေ့ကျင့်ပါ။
အကောင်းဆုံးနည်းလမ်းကတော့ ဒေါက်ဖိနပ်စီးပြီး လမ်းများများလျှောက်ကြည့်ဖို့ပါပဲ။ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်တွေကို စီးကြည့်ပြီး အိမ်ထဲမှာ လမ်းလျှောက်ကြည့်ပါ။ အစပိုင်းတော့ အချိန်အနည်းငယ်သာပေးပြီး လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။ ကျင့်သားမရသေးတော့ ပျိုပျိုရဲ့ခြေထောက်လေးတွေက အကြာကြီးစီးနိုင်မှာ မဟုတ်သေးလို့ပါ။ ကိုယ်စီးချင်တဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ကြာကြာအထိပဲဖြစ်ဖြစ် စီးနိုင်အောင် လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒေါက်ဖိနပ်လေးနဲ့ စတိုင်ကျကျ လန်းချင်သူလေးတွေအတွက် အခုလက်ဆောင်ပေးလိုက်တဲ့ နည်းကောင်းလမ်းကောင်းလေးတွေအတိုင်း ကျင့်သုံးကြဖို့ မမေ့ပါနဲ့နော်။

စွဲယုနှင်း(အင်တာနက်)

M Plaza Shopping Magazine & Journal

ဓာတ်ပုံတွေထဲမှာ သေးသေးသွယ်သွယ် ချစ်စဖွယ်ဖြစ်လိုပါသလား ..............

ဓာတ်ပုံတွေထဲမှာ အပြင်ကထက် ပိုလှပြီး ကြည့်ကောင်းစေဖို့အတွက်က လှည့်စားမှုတစ်ခုကို ပြုလုပ်ရသလိုပါပဲ။ ဒါပေမဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေအနေနဲ့ ဓာတ်ပုံထဲမှာ အလှဆုံးဖြစ်ဖို့အတွက် သူတို့သုံးတဲ့ လျှို့ဝှက်နည်း လမ်းလေးတွေရှိနေတာ အမှန်ပါ။ ဒါတွေကတော့...

(၁) ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပါ။
အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့လှုပ်ရှားမှုကြောင့် မေးနှစ်ထပ်ဖြစ်သွားနိုင်ပါတယ်။ မေးရိုးတစ်လျှောက်ကို ညီညာပြေပြစ်အောင် ခြယ်သခြင်းက ဘယ်သူ့ကိုမဆို ပိုပြီးသွယ်လျစေပါ တယ်။ လုပ်ဆောင်ရမှာကတော့ ပခုံးကို တန်းတန်းမတ်မတ်ထားပြီး ရင်ကို လိုအပ်သလို ကော့ညွတ်ရပါမယ်။ ခေါင်းကို မတ်မတ်ထားဖို့ ကျင့်ရပါမယ်။ မေးကိုအပြင်ထုတ်ပြီး အောက်ကို စိုက်ထားဖို့ ကျင့်ရပါမယ်။ ဒါတွေအားလုံးကို ဖြည်းဖြည်းချင်းရွှေ့ပြီး၊ လှုပ်ရှားပြီးကျင့်ပါ။ မှန် ရှေ့မှာကြည့်ပြီး တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း လေ့ကျင့်မယ်ဆိုရင် ပိုပြီးလွယ်ကူပါတယ်။

(၂) လျှာကိုအသုံးပြုပါ။
မေးနှစ်ထပ်ဖြစ်တာကို ဖုံးကွယ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဓာတ်ပုံ ရိုက်လို့ ပြုံးပြတဲ့အခါမှာ လျှာကိုအာခေါင်မှာထားပြီး ပြုံးရပါမယ်။

(၃) နေရာအမြင့်မှာ နေခိုင်းပါ။
ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံရိုက်ပေးတဲ့ သူကို ကိုယ့်ထက်မြင့်တဲ့နေရာမှာ နေခိုင်းပြီး ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုခြင်းကလည်း မေးနှစ်ထပ်ဖြစ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ပြီးတော့ အဲဒီအနေအထားအတိုင်း ရိုက်မယ်ဆိုရင် ပျိုပျိုတို့ရဲ့ မျက်လုံးအောက်က မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းကျပြီး ညိုတာတွေကိုပါ လျော့ပါးစေနိုင်ပြီး ပျိုပျိုတို့ရဲ့ ခြေထောက်လေးတွေကိုပါ သွယ်လျသွားစေနိုင်မှာ ဖြစ်ပါတယ်။

(၄) အကွာအဝေးကို သတိထားပါ။
ဓာတ်ပုံရိုက်တဲ့အခါ ပျိုပျိုတို့ သေသေချာချာ သတိမူရမဲ့အချက်ကတော့ အကွာအဝေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကင်မရာနဲ့ ပိုနီးလေလေ ပုံကအကြီးကြီးပေါ်လာလေဖြစ်လို့ပါ။

(၅) စိတ်ကိုတင်းမထားဘဲ သဘာဝကျကျနေပါ။
ပျိုပျိုတို့အနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပုံထွက်ကောင်းပါ့မလားဆိုတဲ့အချက်ကို စိတ်ပူပန်မနေဘဲ သဘာဝကျကျလေးပြုံးနေလိုက်ပါ။ အဲဒီလိုမျိုး စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ဓာတ်ပုံထဲမှာ ပိုလှပြီး၊ ပိုသဘာဝကျမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ခံရတာ၊ မော်ဒယ်ထိုင်ရတာဟာ ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး နဲ့ ပျော်ပျော်ရွှင်ရွှင်သာလုပ်ပါ။ အဆင်ပြေပါလိမ့်မယ်။

ဝင်းရံထက်(အင်တာနက်)

M Plaza Shopping Magazine & Journal

Thursday, October 17, 2013

ဇနီးက ၀င်ငွေပိုကောင်းလျှင် ခင်ပွန်းသည် ကာမအားတိုးဆေးသောက်ရ

[ဇနီးက ၀င်ငွေပိုကောင်းလျှင် ခင်ပွန်းသည် ကာမအားတိုးဆေး သောက်ရ]

မိမိထက်ဝင်ငွေပိုကောင်းသော အမျိုးသမီးများအား လက်ထပ်ထားသည့် အမျိုးသားများသည်
ကာမအားတိုးဆေး ဗိုင်ယာဂယာကို အခြားအမျိုး သားများထက် ပိုမိုသောက်သုံးလေ့ရှိကြောင်း
ဒိန်းမတ်နိုင်ငံတွင် ပြုလုပ် ခဲ့သည့် သုတေသနတစ်ခုက ဆိုသည်။

ဒိန်းမတ်နှင့်အမေရိကန်နိုင်ငံတို့မှ သုတေသီများသည် ဇနီးမောင်နှံ ၂၀၀,၀၀၀ ကျော်၏ လစာဝင်
ငွေများကို လေ့လာခဲ့ရာ ဗိုင်ယာဂရာ ဆေးအပါအ၀င် အခြားပန်းသေပန်းညှိုးရှိသူများ သို့မဟုတ်
လိင်ဆက်ဆံရာတွင် အခက်အခဲရှိသူများ သုံးစွဲသည့် ဆေးများသည် ဇနီးဖြစ်သူက အဓိက၀င်ငွေ
ရှာသူ ဖြစ်နေသည့် အိမ်ထောင်စုများတွင် အထူးရေပန်းစားနေကြောင်း တွေ့ရှိခဲ့သည်။

ဝင်ငွေ ကောင်းသော ဇနီးသည်များမှာလည်း အိပ်ပျော်စေရန် စိုးရိမ် ပူပန်မှုကို သက်သာစေသည့်
ဆေးများကို ပိုမိုသောက်သုံးရ ကြောင်း ဆရာဝန်များ၏ ဆေးမှတ်တမ်း များအရ သိရသည်။အမျိုး
သားများသည် သိမ်ငယ်စိတ်ဝင်ခြင်းကြောင့် လိင်မှုကိစ္စတွင် အဆင်မပြေမှုများရှိလာ၍ ဆေးသောက်
ရခြင်း ဖြစ်နိုင်ပြီး၊အမျိုးသမီးများမှာမူ သိမ်ငယ်စိတ်ဝင် နေသော ခင်ပွန်းသည်ကြောင့် အိမ်ထောင်
ရေး ပြိုကွဲရမည်ကို စိုးရိမ်ခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ဆိုသည်။

အင်ဝိုင်ဒေးလီး

သက်လှိုင်ဘာသာပြန်သည်။  မြန်မာတိုင်း(မ်)

Tuesday, October 15, 2013

မိုင်းနှင့်ပတ်သတ်တဲ့ ဗဟုသုတ

မိုင်းနှင့်ပတ်သတ်တဲ့ ဗဟုသုတ ပြောချင်ပါတယ်

>>>မိုင်းလို့ယူဆရ တာနှင့် လုံးဝမထိပါနှင့်
>>> ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါဖြေး ညှင်းစွာ လုပ်ပါ >>>အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။
>>>ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။
>>>အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။ >>>စပ်စုသူများအနားမနေပါစေနှင့်
>>>အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်းခွဲနိုင်ပါသည် ။ >>>မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်
>>> မိုင်းကွဲကွဲခြင်း ဒါဏ်ရာရသူကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။

အကောင်းဆုံးအကြံပြုချင်တာကတော့ မိုင်း (သို့) ဗုံး (သို့ ) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ များ ထံ သတင်းပေးပို့ ကြပါ
အထူးအဆန်းလုပ်ပြီး ၀ိုင်းကြည့်မနေကြပါနဲ့ ဆိုတာ အရမ်းအရေးကြီးပါတယ်
remote များ ဖြစ်နေခဲ့ရင် လူများလေ ကောင်းလေပေါ့

(၀ဏ္ဏဖေသော်)

Tuesday, October 8, 2013

စိတ်အလှတရားနှင့် အောင်မြင်မှု စိုးပိုင်ခဲ့ကြသည့် အလှမယ်ဆုရှင်များ ................



ကမ္ဘာ့အဆင့်မီ အလှမယ် ပြိုင်ပွဲများကျင်းပခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာပင် တိုင်ခဲ့ချေပြီ။ Miss Universe နှင့် Miss World ပြိုင်ပွဲများ၌ သရဖူဆောင်းခဲ့ပြီး နယ်ပယ် အသီးသီး၌ အောင်မြင်ကျော်
ကြားနေသူများလည်းရှိသည်။ ၄င်းပြိုင်ပွဲများ၌ အနောက်တိုင်း အလှမယ်များနည်းတူ အရှေ့ တိုင်းမယ်များကလည်း သရဖူ ဆောင်းနိုင်ခဲ့ သည်။ အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များ၌ ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး၊ ထိပ်တန်း အနု ပညာရှင်အဖြစ် ကမ္ဘာ့အလယ် တွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်း တို့ထဲမှ နာမည်ရအလှမယ်များ အကြောင်းကို ဖော်ပြပေးပါမည်။

အက်ရှ်ဝါယာရိုင်း

၁၉၉၄ ခုနှစ်၌ ကျင်းပသော ၄၄ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို တောင်အာဖရိကနိုင်ငံ စန်းမြို့တော်၌ ကျင်းပခဲ့သည်။ ၄င်းပြိုင်ပွဲ ၌ ရုပ်ရှင်မင်းသားဘ လဲအန် ဒါဝုဒ် နှင့် စူပါမော်ဒယ်နာအိုမီဝပ် ကန့်ဘဲလ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် ၈၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Miss World ဆုပေးပွဲ ည၌ အိန္ဒိယနိုင်ငံမှ အသက် ၂၁နှစ် အရွယ်ဗိသုကာပညာရပ် ကျောင်းသူ အက်ရှ်ဝါယာရိုင်းအား Miss World အဖြစ် ချီးမြှင့်ခဲ့သည်။ ၁၉၉၄ခုနှစ်သည် အိန္ဒိယ အလှမယ်များအဖို့ ဂုဏ်ယူ ဝင့်ကြွားစရာနှစ်တစ်နှစ်ဖြစ်ပြီး ထိုနှစ်အစောပိုင်း၌ ကျင်းပပြုလုပ်သော Miss World ပြိုင်ပွဲကြီး၌ အိန္ဒိယ မယ်ဆက်(ရှ်)မီတာဆန်ကပင် Title ဆုကြီးကို ရရှိခဲ့သည်။ Miss World ဆုရရှိပြီးနောက် အက်ရှ်ဝါယာရိုင်းသည် မော်ဒယ် နှင့်ရုပ်ရှင်မင်းသမီးအဖြစ် လှုပ်ရှားမှုပြုခဲ့သည်။ ၁၉၉၇ ခုနှစ်၌ Iruvar ရုပ်ရှင်၌ ပွဲဦး ထွက် သရုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ ရိုက်ကူးသည့် Jeans ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေး အရ အလွန်တရာအောင်မြင် ခဲ့သည်။၎င်းအား မီဒီယာများက ကမ္ဘာ့အ လှဆုံး အမျိုးသမီးတစ်ဦး အဖြစ် မကြာခဏဖော်ပြကြ သည်။၂ဝဝ၇ခုနှစ်တွင် အဘီဆစ် ဘချမ်းနှင့် လက်ထပ်ထိမ်းမြားခဲ့ သည်။၎င်းသည် ပရဟိတ အဖွဲ့ အစည်းေ ပါင်းများစွာအတွက် သံတမန်အဖြစ် ဆောင်ရွက် လျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ HIV/AIDS တိုက်ဖျက်ရေး စီမံကိန်း၌ Goodwill သံတမန် တစ်ဦးဖြစ်သည်။ ၄င်းအား အိန္ဒိယအစိုးရက ၂ဝဝ၉ခုနှစ်၌ Pad ma Shri ဆုချီးမြှင့်ခဲ့ပြီး ပြင်သစ်အစိုးရက ၂ဝ၁၂ခုနှစ်၌ Ordre des Arts et des Letters ဆုချီးမြှင့်ခဲ့သည်။

ပရီယန်ကာချိုပယား

ပရီယန်ကာချိုပယားသည် အိန္ဒိယရုပ်ရှင်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ၂ဝဝဝ ခုနှစ် Miss World ဆုရှင်ဖြစ်သည်။ ၄င်းသည် ဆယ်ကျော်သက်အရွယ်၌ အဒေါ်ဖြစ်သူနှင့် အမေရိက၌အတူ နေထိုင်ခဲ့ဖူးပြီး အင်္ဂလိပ်လို ကောင်းစွာ ပြောနိုင်သည်။ ၂ဝဝဝခုနှစ်တွင် မိခင်က Miss India World ပြိုင်ပွဲကို ဝင်ပြိုင်ခိုင်းခဲ့ပြီး ဆုရရှိ ခဲ့ကာ Miss World ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းသည် Miss World အဖြစ် ရွေးချယ်ခံရသော အိန္ဒိယနိုင်ငံ၏ ငါးဦးမြောက် အလှမယ်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်စဉ် က အသက်၁၈နှစ်သာ ရှိသေးပြီး သမိုင်းတစ်လျှောက် အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ ထိုနှစ်သည်လည်း အိန္ဒိယနိုင်ငံအဖို့ ထူးခြားသည့်နှစ် တစ်နှစ်ဖြစ်ပြီး Miss Universe 2000ဆုရှင်သည် အိန္ဒိယနိုင်ငံမှ အလှမယ်လာရာ ဒတ်တာဖြစ်ကာ၊Miss Asia Pacific 2000 ဆုရှင်သည် လည်း အိန္ဒိယမှ ဒီရာမာ ဇာတ် ဖြစ်သည်။ ၁၉၉၄ ခုနှစ်ကလည်း Miss Worldနှင့် Miss Universe Title ဆုကြီးကို အိန္ဒိယမယ်များက သိမ်းပိုက်ခဲ့ပြီး၊ ၂ဝဝဝခုနှစ်တွင်လည်း အိန္ဒိယမယ် များက သာ သိမ်းပိုက်ခဲ့ ပြန်သည်။

Miss World ဆုရရှိခဲ့ခြင်းကြောင့် ၄င်းအားအိန္ဒိယရုပ်ရှင် လောကမှ ကမ်းလှမ်းခြင်းခံရပြီး ၂ဝဝ၂ခုနှစ်တွင် Thamizhan၊ Andaaz နှင့် The Hero ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ကာ Film Fare ဆုပေးပွဲ၌ မျက်နှာသစ်အမျိုးသမီးဆုရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု အတွက်လျာထားခံရ သည်။ ၄င်း သည် ကြေးမြင့် ဘောလီးဝုဒ်မင်းသမီး တစ်လက်ဖြစ်ပြီး National Film ဆုပေးပွဲနှင့် Filmfare ဆုပေးပွဲများ၌ ဆုချီးမြှင့်ခြင်းခံရသည်။ ထို့အပြင် ၄င်းသည် ကမ္ဘာကျော် ရက်ပါအဆိုတော် ဗစ်ဆူး(လ်)နှင့် တွဲဖက်၍ ၂ဝ၁၂ခုနှစ် In My City သီချင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် Exotic သီချင်းကို သီဆိုဖြန့်ချိခဲ့သည်။ သူမသည် ကလေးသူ ငယ် များအခွင့် အရေးဆိုင်ရာ UNICEF ၏ Goodwill သံတမန်တစ်ဦး ဖြစ်သည်။

လာရာဒတ်တာ

လာရာဒတ်တာဆူပသီသည် ဘောလီဝုဒ်မင်းသမီးတစ်ဦးဖြစ်ပြီး Miss Universe ဆုရှင် ဖြစ်သည်။ ၂ဝဝ၃ခုနှစ် Andaaz ကို ပွဲဦးထွက် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လော က၌ အောင်မြင်မှုရရှိခဲ့သည့်အပြင် FilmFare ဆုပေးပွဲ၌အကောင်းဆုံး မျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့သည်။Miss Universe 2000 ပြိုင်ပွဲကြီးကို ဆိုက်ပရပ်(စ်)နိုင်ငံ နီကိုရှားဒေသ၌ ကျင်းပခဲ့ပြီး နိုင်ငံတကာအလှမယ် ၇၉ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းအလှမယ်ပြိုင်ပွဲ၌ အသက် ၂၁နှစ်အရွယ်အိန္ဒိယအလှမယ် လာရာဒတ်တာကMiss Universe သရဖူဆောင်းနိုင်ခဲ့သည်။နောက်ပိုင်း၌ လာရာဒတ် တာသည် ရုပ်ရှင်ဇာတ်ကားများ အား ဆက်တိုက်ရိုက်ကူးခဲ့ပြီး ၂ဝဝ၄ခုနှစ်တွင် Masti ၂ဝဝ၅၌ No Entry နှင့် Kaal ၊၂ဝဝ၆ ခုနှစ်တွင် Bhagam Bhag ၊ ၂ဝဝ၇ခုနှစ်တွင် Partner ၊ ၂ဝ၁ဝ ခုနှစ်တွင် Housefull နှင့် ၂ဝ၁၁ခုနှစ်တွင် Chalo Dilli စသည်ဖြင့် ရုပ်ရှင် ဇာတ်ကားများရိုက်ကူးခဲ့သည်။

ဂျနီဖာဟော့ကင်း

၅၃ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို ၂ဝဝ၄ခုနှစ် ဇွန်လ ၁ရက်နေ့တွင် အီကွေဒေါနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး Miss Universe ဆုကို သြစတြေးလျအလှမယ် ဂျနီဖာဟော့ကင်းက ရရှိခဲ့သည်။ ၄င်းပြိုင်ပွဲသည် သုံးပတ်တာကြာမြင့်ခဲ့ပြီး ရီဟာဇယ်များနှင့် နောက်ဆုံး ပွဲစဉ်မကျင်းပမီ အကြိုပြိုင်ပွဲများ ကျင်းပခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သြစတြေးလျ အလှမယ် မစ်ရှဲလ်မတ်လင်းသည် Miss Universe ဆုကို ရရှိခဲ့ပြီး ၁၂နှစ်ကြာပြီးနောက်၊ ဂျနီဖာဟော့ကင်းက သြစတြေးလျ နိုင်ငံ၏ဂုဏ်ကို တစ်ဖန်ေ ဆာင် နိုင်ခဲ့ပြန်သည်။ ၄င်းသည် သြစတြေးလျ နိုင်ငံ၏ထိပ်တန်း မော်ဒယ်အဖြစ် ရပ်တည်လျက် ရှိသည်။

သိမ့်နှင်းအိမ်
Ref: wiki, Miss Universe
Myawady

Thursday, September 26, 2013

အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ ငှက်ချဉ်

Thursday, September 26, 2013

Greenland က Kiviak ခေါ် ထူးဆန်း ရိုးရာအစားအစာတစ်မျိုး...

 
ဒိန်းမတ်နိုင်ငံ Geenland က Kiviak ခေါ် ရိုးရာအစားအသောက် ပုံတွေပါ... Kiviak ဆိုတာက အမေရိက တိုက်မြောက်ပိုင်းက အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ တစ်မျိုးကို ခေါ်တာပါ...
 
ဒီရိုးရာအစားစာကို ဘယ်လို ပြုလုပ်သလဲဆိုရင်...

 
ဦးစွာ Auk လို့ ခေါ်တဲ့ အတောင်တိုတို ကမ္ဘာ့မြောက်ပိုင်းပင်လယ်ငှက်  အကောင်ရေ ၅၀၀ နီးပါးလောက်ကို ပကတိအကောင်အတိုင်း ပင်လယ်ဖျံအရေခွံထဲမှာ ထည့်လိုက်ပြီး ချိတ်ပိတ်လိုက်ပါတယ်... ပြီးတော့ အထဲ ကို လေမ၀င်နိုင်အောင် အပေါ်ကနေ ကျောက်တုံးကြီးကြီးတစ်လုံးနဲ့ ဖိထားလိုက်တယ်... ရက်သတ္တပတ် ပေါင်း (၂၈)ပတ်လောက် ရှိပြီဆိုရင်တော့ အထဲမှာ ထည့်ထားတဲ့ ငှက်တွေက အချဉ်ပေါက်ပြီး အသင့်စား သုံးလို့ ရပြီလို့ ဆိုပါတယ်... တနည်းအားဖြင့်တော့ ငှက်ချဉ်ပေါ့ဗျာ... ဒီရိုးရာအစားအစာကို အထူးသဖြင့် မွေးနေပွဲတွေနဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးဆောင်ကြတယ်လို့ ဆိုကြောင်းပါ ခင်ဗျား....။
 
 
 
 
 
 
 
Ref: Barnorama