Thursday, May 22, 2014

ထိုင်ဝမ်မှာ နိုင်ငံ အတွင်း အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင်..................


Bookmark and Share [ ]


ထိုင်ဝမ်ကျွန်း နိုင်ငံမှာ အင်တာနက်ကို အခမဲ့ အသုံးပြုနိုင်ခြင်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက
ဖြစ်ပါတယ်။

ယင်း မတိုင်ခင် ကလည်း ထိုင်ဝမ် ကျွန်းက နေရာ အတော် များများမှာ အင်တာနက် အခမဲ့ အသုံးပြုလို့ ရ
ပါတယ်။

နှစ်စဉ် နေရာ တိုးချဲ့လာရာ ကနေ ၂၀၁၃ နှစ်ဆန်း ရောက်တော့ တစ်နိုင်ငံလုံး ဧရိယာကို ဖုံးလွမ်း သွား
နိုင် ခဲ့ ပါတယ်။ Hotspot ပေါင်း လေးသောင်းကျော် ကို နေရာအနှံ့ ဖြန့်ထားခြင်း ဖြစ် ပါ တယ်။

ထိုင်ဝမ် နိုင်ငံသား တွေတင် မကပဲ ကမ္ဘာလှည့် ခရီးသည် များ၊ နိုင်ငံကို လာရောက် နေထိုင်တဲ့ နိုင်ငံခြား
သား များကိုလည်း အခမဲ့ ပေး ပါတယ်။

အထူးသဖြင့် လူ အသွားအလာများ၊ အလည်အပတ် များတဲ့ နေရာ တွေမှာ ပိုအလေးပေး ထားရှိ ပါတယ်။

အင်တာနက် မြန်နှုန်းဟာလည်း တစ်စက္ကန့်ကို 1Mbps မြန်ဆန်မှု ရှိပြီး ယင်း ထက် ပိုလို ချင်ပါကလည်း
လူတိုင်းဝယ်နိုင် လောက်အောင် ဈေးသက်သာ၍ မြန်ဆန်သော ဝန်ဆောင်မှုကို ပေးထား သေးကြောင်း
သိရ ပါတယ်။

Ref: CNN

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ထိုင်ဝမ်မှာ နိုင်ငံ အတွင်း အင်တာနက် အားလုံး အခမဲ့ အသုံးပြုနိုင် http://www.simon-vlog.com/2014/05/blog-post_289.html#ixzz32NhMyEWG
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment