Thursday, May 22, 2014

ဇနီးကို ကြိုးစား ရှာဖွေ နေတဲ့ ရေငုပ် သမား............


Bookmark and Share [ ]


ဂျပန်နိုင်ငံက Yasuo Takamatsu လို့ အမည် ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အက်ဆီးဒန့် တစ်ခုကြောင့် သူ့ရဲ့ ဇနီး
ဖြစ်သူဟာ မြစ်ထဲကျလို့ ပျောက်ဆုံး ခဲ့ရ ပါတယ်။

ရှာဖွေမှုကို အချိန် အတော်ကြာ ပြုလုပ်ပေမယ့် မတွေ့ ရပါဘူး။ နောက်တော့ အမျိုးသား ဖြစ်သူဟာ သူကိုယ်
တိုင် ရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပရော်ဖက်ရှင်နယ် ရေငုပ်သမား ဖြစ်အောင် ကြိုးစား သင်ယူ လေ့ကျင့်ပါ
တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကပဲ သူဟာ အနက်ဆုံး ရေ မီတာအောက် ရေငုပ် ပရော်ဖက်ရှင်နယ် လိုင်စင်ကို ရ
ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန် ကယ်ဆယ်ရေး အဖွဲ့က အနည်းငယ် ပူနွေးတဲ့ ရာသီကို စောင့်ပြီးမှ ရှာဖို့ စီစဉ်ထားပေမယ့် Yasuo က
တော့ ရာသီမရွေး နေ့စဉ် နီးပါး ရှာဖွေ နေပါတယ်။

အစိုးရက ပျောက်ဆုံးကြောင်း တရားဝင် ကြေညာ ထားပါတယ်။

Yasuo ဟာ သူ့ ချစ်ရတဲ့ ဇနီးကို ရေအောက်မှာ ရှာဖွေ နေတာ တစ်နှစ်ကျော်သွား ပါပြီ။

Ref:BBC

By ရိုးရာလေး

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဇနီးကို ကြိုးစား ရှာဖွေ နေတဲ့ ရေငုပ် သမား http://www.simon-vlog.com/2014/05/blog-post_229.html#ixzz32NgnHRK1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment