Thursday, May 22, 2014

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး..

Posted by: Ko Myo on Wednesday, May 21, 2014 Categories:

Wednesday, May 21, 2014

မိမိ၏မစင်အား ပြန်စားရန် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အတင်းအကြပ်ခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တွင်ဖြစ်ပွားခဲ့သည့် ၎င်းအမှုတွင် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုး ကန်ဒယ်လီရီးယား ဟာ ၃ နှစ်အရွယ် ကလေးမလေးကို အိမ်သာထိုင်ခုံပေါ်သို့ အတင်းအကြပ် ထိုင်ခိုင်းပြီး မစင်များကို အတင်း အကျပ်ပြန်လည်စားခိုင်းစေခဲ့ပါတယ်။

ရေချိုးနေစဉ်တွင်း မိမိစွန့်ခဲ့မိသည့် မစင်များကို အတင်းအကျပ်ပြန်လည်စားခိုင်းခြင်း ခံခဲ့ရတဲ့ ၃ နှစ် အရွယ်ကလေးမလေး၏ ဖခင်ဖြစ်သူ၏ ရည်းစားဖြစ်သူ ကန်ဒယ်လီရီယား တစ်ယောက် ယခုအချိန်မှာတော့ ကလေးသူငယ် ညှင်းပန်းနှိပ်စက် မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားပြီဟု ဒေသခံ တီဗီသတင်းဌာန KNXV ကပြောပါတယ်။ ကလေးငယ်၏ အမည်နှင့် မည်သူမည်ဝါဖြစ်သူကို မီဒီယာများက ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေမယ့် ၎င်းကလေးမလေးဟာ ဖခင်ဖြစ်သူ၏ အိမ်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်ကာ ဖခင်၏ရည်စားဖြစ်သူရဲ့ အနှိပ်အစက်များကို ခံနေခဲ့ရသူဖြစ်ပါတယ်။

ဆေးရုံတွင်ဆေးကုသမှု ခံယူနေရတဲ့ ကလေးမရဲ့အခြေအနေဟာ မှုခင်းဆရာဝန်များ၏ပြောကြားချက်အရ ခန္ဓာကိုယ်ရဲ့ နံဘေး ၊ ကျော ၊ ရင်ဘတ် နှင့် ခြေထောက်တို့မှာ အတွင်းကျေဒဏ်ရာများရရှိထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကလေးမလေးဟာ ကန်ဒယ်လီရီးယားရဲ့ အနှိပ်အစက်တွေကို တော်တော်ခံထားရနိုင် တယ်ဟု ပြောပါတယ်။ ကလေးမလေးရဲ့ အမွှာမောင်နှစ်မတစ်ဦးနှင့် ၅ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ ကလည်း ကန်ဒယ်လီရီးယားဟာ ၎င်း ကလေးမလေးကို အတင်းအကြပ် မစင်များကို စားစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကိုပြောကြားထားပါတယ်။ ကလေးတွေရဲ့ ဖခင်ဖြစ်သူ လုပ်ငန်းခွင်သို့သွားရောက်နေစဉ် ကလေး များကို ထိန်းကျောင်းပေးခဲ့တဲ့ ကန်ဒယ်လီရီးယား ကတော့ သူမအနေနဲ့ ကလေးငယ်များကို အတင်း အကြပ် စေခိုင်းမှုများမပြုလုပ်ခဲ့ပါဘူးဟု ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့ကတော့ သူမကို အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment