Thursday, May 22, 2014

ချစ်သူကို ချစ်လွန်းလို့ မိမိ ကိုယ်ကို အဆုံး စီရင် သွားတဲ့ မုံရွာ ကြိုးဆွဲ ချမှု ...........


Bookmark and Share [ ]


မုံရွာ၊ မေ ၂၀

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ဒေါနခြံ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အနီးရှိ ကန်သာယာ ရေကန်ကြီး အနီးတွင်
မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်က နည်းပညာ၊ ပညာရှင် လူငယ်တစ်ဦး သမီးရည်းစား ကိစ္စနှင့် ပတ်
သက်၍ မိမိ ကိုယ်ကို အဆုံး စီရင် သွားသည့် သေမှုသေခင်း ဆိုင်ရာ ကိစ္စ တစ်ရပ် ပေါ်ပေါက် ခဲ့ကြောင်း မုံ
ရွာ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျေိာကျော်ညွှန့် ထံမှ သိရသည်။

‘ သေဆုံးသူ ကောင်ကလေးက ကောင်မလေးရဲ့ ဂရုစိုက်မှုကို မခံရဘူး ဆိုပြီး သူ့ ကိုယ်သူ ကြိုးဆွဲချပြီး အ
ဆုံး စီရင်သွားတာ ဖြစ်နိုင်ပါတယ်….” ဟု မြို့မရဲစခန်းမှူးက ဆက်လက်၍ ပြောပြသည်။

သေဆုံးသူ အမျိုးသားသည် မိမိ ကိုယ်ကို အဆုံး မစီရင်ခင် နာရီပိုင်း အလို အချိန်ခန့်က ၎င်းနှင့် သမီးရည်း
စား ဖြစ်ခဲ့သူ ကောင်မလေး တစ်ယောက်နှင့် ချိန်းဆိုတွေ့ခဲ့ပြီးနောက်၊ သမီးရည်းစား တို့၏ ဘာသာဘာဝ
ကသောက် ကယှက်ဖြစ်ကာ ကောင်းမလေးမှ စိတ်ဆိုး၍ ထွက်ခွာ သွားခဲ့သည်။ ထို့နောက် ကောင်လေး
သည် ၎င်းလွယ်လေ့ရှိသည့် လွယ်အိတ်ကြိုးဖြင့် မိမိ ကိုယ်ကို ဆွဲကြိုးချကာ အဆုံးစီရင် ခဲ့ခြင်းဖြစ် ကြောင်း
ရဲစခန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။

ထို့ကြောင့် မှုခင်းဆေးစာများ ရယူ၍ မှုခင်းဆိုင်ရာ ဆေးပညာ နည်းလမ်းများ အရ ဆက်လက်ဆောင်ရွက်
နိုင် ရန် ရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ချစ်သူကို ချစ်လွန်းလို့ မိမိ ကိုယ်ကို အဆုံး စီရင် သွားတဲ့ မုံရွာ ကြိုးဆွဲ ချမှု http://www.simon-vlog.com/2014/05/blog-post_2679.html#ixzz32NcXNqzp
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment