This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, June 8, 2012

Wi-Fi လွှင့်နည်းများ


Wi-Fi လွှင့်နည်းအကြောင်းရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ် ... အသုံးလိုတဲ့ သူငယ်ချင်းများ အောက်ကလင့်မှာ ယူသွားနိုင်ပါတယ် ...


jumbofiles
jumbpfiles မှ downoad ယူနည်း ဒီမှာကြည့်နိုင်ပါတယ်...

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးတစ်ဦး၏ ၀မ်းဗိုက်အတွင်း၌ ၁၀ နှစ်ကြာ ရှိနေခဲ့သည့် ကတ်ကြေးတစ်လက် ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့


အိန္ဒိယနိုင်ငံတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ၀မ်းဗိုက်အတွင်း၌ ၁၀ နှစ်ကြာမျှ ကျန်ရှိနေခဲ့သည့် ကတ်ကြေးတစ်လက်ကို တမီလ်နာဒူပြည်နယ် ချန်နိုင်းမြို့မှ ၂၅၀ ကီလိုမီတာအကွာတွင် ရှိသော ဘတ်လာဂ်ျမြို့လေးရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။ ရီဂျီနာမာရီအမည်ရှိ အဆိုပါ အမျိုးသမီးသည် ကိုဒိုင်ကာနယ်လ် ပြည်နယ် အန်နာနာဂါမြို့တွင် နေထိုင်ပြီး သူမသည် ၁၀ နှစ်ကြာမျှ ၀မ်းဗိုက်နာကျင်သည့် ဝေဒနာကို ခံစားခဲ့ရသောကြောင့် ဆေးရုံသို့ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သူမ၏ ၀မ်းဗိုက်ထဲတွင် ကတ်ကြေးတစ်လက် ရှိနေသည်ကို တွေ့ခဲ့ရသောကြောင့် ဆရာဝန်များပင် ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ သူမသည် ၂၀၀၁ ခုနှစ်က ခွဲစိတ်ကုသမှု ခံယူခဲ့ရာ ၄င်းကတ်ကြေးသည် ထိုအချိန်ကတည်းက သူမ၏ ၀မ်းဗိုက်အတွင်း ကျန်ရစ်ခဲ့ဖွယ်ရှိသည်ဟု ယူဆရသည်။ (အင်တာနက်)

မြန်မာစစ်တပ်များ ဆိုင်းတောင်မြို့ထဲသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၀န်ထမ်း ၁ ဦးသေ ၆ ဦးဒဏ်ရာရ


KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် စစ်ရေးတင်းမာနေသော မြန်မာစစ်တပ်သည် ဖားကန့်ဖက်တွင် မေလကုန်ပိုင်းမှစ၍ စစ်အင်အားတိုးချဲ့လျက်ရှိရာ တပ်ခွဲမှူးအောင်ကိုလတ်၊ ဒုတပ်ခွဲမှူး ကိုကိုဦး၊ ရဲကင်းမှူး မင်ဦး တို့ဦးဆောင်သော ခလရ တပ်ရင်း(၁၆)သည် မေလ ၃၁ ရက်နေ့တွင် ဤကဲ့သို့ လူနေအိမ်များသို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ကျောက်စိမ်းတူးဖော်ရေး ဆဲဗင်းစတား ကုမ္ပဏီရုံးတွင် မော်တာ လက်နက်ကြီးတကြိမ်ကျခဲ့ရာ ကုမ္ပဏီဝန်ထမ်း နေလင်းအောင်ဆိုသူအား ထိ မှန်ကာ ညတွင်းချင်းသေဆုံးသွားခဲ့ပြီး တခြားဝန်ထမ်း ၅ ဦးမှာ ဒာဏ်ရာရရှိသွားခဲ့ဟု မျက်မြင်ဒေသခံများပြောသည်။

ထို့အပြင် ဆိုင်းတောင် တရုတ်ဘုရားကျောင်းဝင်းတွင်လည်း တကြိမ်ကျခဲ့ရာ ဦးရဲဝင်းအားထိမှန်၍ ဘယ်ဖက်ပခုံး နှင့် ခြေတစ်လုံးမှာ ဒဏ်ရာ ရှိသွားခဲ့သည်။

ဒဏ်ရာသူများမှ ဦးမျိုးဝင်း၊ ဦးမိုင်းစိန်၊ ဦးလူမင်း နှင့် အခြားအမည်မသိ နှစ်ဦး တို့မှာ ယခုချိန် သက်ဆိုင်ရာ ဖားကန့်ဆေးရုံနှင့် မိုးညှင်း ဆေးရုံ တွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။

အစိုးရစစ်တပ်များသည် လူနေအရပ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ၏ ကားများထိခိုက်ပျက်စီးခြင်းသာမက ဆိုင်း တောင် ရပ်ကွက် (၂ )ရှိ ဒေါ်ချိုမာ၏ အိမ်တွင်လည်း မော်တာ ကျည်ကျပြီး နေအိမ်နှင့် အိမ်တွင်းပစ္စည်းအချို့ ပျက်စီးသွားကြောင်း ဒေသခံ များပြောသည်။

သို့သော် ဆိုင်းတောင် ကြက်သွေးတောင်တွင် တကြိမ်နှင့် နှစ်ခြင်းအသင်းတော်မှ အထွဋ်အမြတ်ထားကာ ကျောက်စိမ်းများဖြင့် စီချယ်ကာ လက်ဝါးကားတိုင်ပြုလုပ်စိုက်ထူထားသော ဆုတောင်းတောင် ဘုရားကျောင်းဝင်းတွင် လက်နက်ကြီး ၅ ကြိမ်ကျခဲ့ရာမှာ ထိခိုက်ပျက်စီး မှု တစုံတရာ မရှိကြောင်း ဒေသခံများပြောသည်။

ဖားကန့်ဒေသတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် ကေအိုင်အိုမှ ဒေသခံများအား ရိက္ခာစုဆောင်း၍ သတိဖြင့်နေ ရန် ပြောဆိုထားပြီး မြန်မာအစိုးရဖက်ကလည်း ဖားကန့်ဒေသရှိ ကုမ္ပဏီများနှင့် ၀န်ထမ်းများ အလုပ်သမားများအားလုံးကို မေလကုန်ပိုင်းမှစ၍ နေရပ်ပြန်ရင်ညွှန်ကြားခဲ့ပြီးနောက် တိုက်ပွဲများနှင့် ပစ်ခတ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

မောင်တောတွင် ဆူပူရန် ကြိုးပမ်းသူများကို လုံထိန်းများက မိုးပေါ် သေနတ်ထောင် ပစ်၍ လူစုခွဲ


မင်းဆက်ခိုင်

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဆူပူရန် ကြိုးပမ်းသူ လူအုပ်ကြီး တစ်ခုအား လုံထိန်း တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖေါက်ကာ လူစုခွဲလိုက်ရကြောင်း သတင်း ရရှိသည်။

“ ဒီနေ့ သူတို့ ရွှေဇားက ဗလီကြီးမှာ ၀တ်ပြု ဆုတောင်းလို့ အပြန်မှာ ဆူပူမူ ဖြစ်တာပါ။ နေ့လည် ၁ နာရီခန့်မှာ ဖြစ်တာပါ။ လုံထိန်းတပ်ဖွဲ့က မိုးပေါ်ကို ထောင်ပစ် တော့ လူအုပ်ကြီးက ပြိုကွဲသွားပါတယ်” မောင်တော ဒေသခံက တစ်ဦးက နိရဉ္စရာကို ပြောသည်။

အဆိုပါ လူအုပ်ကြီးသည် ကမ္ဘောဇဘဏ်ကို ခဲများနှင့် ပေါက်ပစ်ခဲ့ကြပြီး ရခိုင် ထမင်းဆိုင် တစ်ချို့ကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ရပ်ကွက်ကိုလည်း မူဆလင် လူတစ်ရာခန့် ၀င်လာပြီး ဂဲတွေနဲ့ လာပစ်ပါတယ်။ လုံထိန်းတပ်ဖွဲ့က သုံးလေးချက် မိုးပေါ်ကို ထောင်ပစ်တဲ့ အတွက် လူစုကွဲပြီး ထွက်သွားကြပါတယ်” ဟု အမှတ် (၁) ရပ်ကွက်မှ တခြား ဒေသခံ ရခိုင်တစ်ဦးကလည်း ပြောသည်။

သေနတ်ပစ်ဖေါက်ပြီးနောက် လူစုကွဲသွားသော်လည်း မောင်တောမြို့တွင် အခြေအနေမှာ တည်ငြိမ် မရှိဘဲ ဖြစ်နေပြီး လုံခြုံရေးကို တင်းကျပ် စွာ ချထားကြောင်း သိရသည်။

ဘူးသီးတောင် တွင်လည်း ယနေ့အခြေ အနေမှာ ခါတိုင်းနှင့် မတူဘဲ အစ္စလာမ် ဘာသာဝင် များ၏ ဈေးဆိုင် များကို ပိတ်ထားခြင်း၊ သူတို့ ကျောင်းသားများ ကျောင်းမလာ ခြင်းတို့ကြောင့် ခါတိုင်းနေ့များ ထက် ထူးခြားမူ အနည်းငယ် ရှိနေ ကြောင်း သိရ သည်။

သို့သော်လည်း လုံခြုံရေးကို ထူထပ်စွာ ချထားသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဦးဇင်းသောမက ပြောသည်။

မူဆလင်ဘာဝင်များ၏ မောင်တော ဆူပူမူမှာ တောင်ကုတ်တွင် ဖြစ်ပေါ်ခဲ့သော လူသတ်မူနှင့် သက်ဆိုင်ကြောင်း ဒေသခံများက ပြောသည်။ မောင်တောရဲစခန်းအား အခြေအနေကို သိရှိရန် ကြိုးစား ဆက် သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

Facebook Account ရှိသူတိုင်းအတွက် သတိ..နော်


သတိပြုရန် ။ ။ Facebook Account ရှိသူတိုင်းအတွက် ရည်ရွယ်ပါတယ် ။ ကိုယ့် မိတ်ဆွေထဲက တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် "Visit the New Facebook" ဆိုတဲ့ လင့်(ခ်)ကို ပေးလာရင် မဖွင့်ကြပါနဲ့ ။ ဖွင့်လိုက်တာနဲ့ ကိုယ့် Facebook စာမျက်နှာ ပျောက်သွာ...းပါလိမ့်မယ် ။ ကိုယ့် ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး ကိုယ့်စာမျက်နှာ ပျက်သွားအောင် လုပ်မှာမို့ သတိထားကြပါ ။ Copy ကူးပြီး မိတ်ဆွေတွေဆီ လက်ဆင့်ကမ်းကြပါ ။ မိတ်ဆွေတွေသာ မကဘဲ ကိုယ့် အုပ်စု (groups) တွေထဲမှာလည်း ဖြန့်ကြပါ ။

ယနေ့ နံနက်သင်္ဃန်းကျွန်းစံပြဈေးအနီးကားတိုက်မှု သေဆုံးဒါဏ်ရာရရှိ.......




ယနေ့ ၈.၆.၂၀၁၂ နေ့နံနက် ၁၀းခန့်တွင်သင်္ဃန်းကျွန်းစံပြဈေးအနီးရှိ ငမိုးရိပ်ရပ်ကွက် ရှိ မျိုးမြန်မာဘီယာဆိုင် ရှေ့တင် ယာဉ်တိုင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
          ဖြစ်စဉ်မှာ တောင်ဒဂုံဘက်မှ လာသည့်  ၆၂ ယာဉ်လိုင်း မှ ကားသည် ရုတ်တရက် ဘရိုတ်ပေါက်ကာ ရှေ့တွင်မောင်းနှင်နေသည့် ၇၃ ယာဉ်လိုင်း (ဒိုင်နာကား) ကားအား နောက်မှနေဝင်တိုင်ခဲ့သည်။
          ယင်းသို့ပြင်ထန်သည့်အရှိန်ဖြင့်တိုက်မိခဲ့သဖြင့် ၆၃ ယာဉ်လိုင်း (ဒိုင်နာ) ပေါ်တွင်လိုင်ပါသည့်ယာဉ်
နောက်လိုက် (စပါယ်ယာ)မှာ ၄င်းကား၏ နောက်မှ ဘေးတန်းတွင်ရှိနေသည့်အတွက် နောက်မှဝင်တိုက်ခဲ့သည့် ၆၂ ကား၏ အရှိန်ပြင်းစွာဖြင့် တိုက်ခဲ့ခြင်းကြောင့် ကြားမှညပ်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်၊ ၆၃ (ဒိုင်နာ) ကားပေါ်မှ ခရီးသည်တစ်ဦးသည်လဲ ထိုကဲ့သို့ ကားနှစ်စီးကြားညပ်မိသောကြောင့် ခြေတောက်နှစ်
ချောင်းစလုံး ကျိုးသွားခဲ့သည်။
 
              အဆိုပါယာဉ်တိုက်မှုအား မီးသတ်ဌာနနှင့် ယာဉ်းထိန်းရဲများမှ ချက်ခြင်းပင် သေသူနှင့် ဒဏ်ရာရသူ
များအား ဆေးရုံသို့ ပို့ဆောင်ပေးပြီး လမ်းပေါ်တွင် ကျန်ရှိနေသည့် ကားမှန်ကွဲစများ သွေးစသွေးန များအား
မီးသတ်ပိုက်နှင့် ထိုးဆေးပေးခဲ့သည်
            အမှတ်၆၂ ယာဉ်လိုင်းမှ ကားသည်ပြည်ထောင်စုဂုံးကျော်တံတားမှ ဆင်းလာပြီး ဘရိတ်ပေါက်သိရှိ
ကာကားပေါ်ပါလာသည့် စပါယ်ယာမှ ဘရိတ်ပေါက်နေပါတယ် ရှောင်ပေးကြပါဟု အကြိမ်ကြိမ်အော်ခဲ့သည်
အခင်းဖြစ်ပွားရာနေရာသည် ညနေပိုင်းတွင် လမ်းဘေးဈေးသည်များဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်သည့်အချိန်သည် သိပ်ပြီးမစည်ကားသေးခြင်းကြောင့် လမ်းဘေးမှ လူများဈေးသည်များအား
ထိခိုက်မှုမရှိခဲ့ဘဲ ၆၃ ယာဉ်(ဒိုင်နာ) ပေါ်ပါခရီးသည်တစ်ဦးခြေတောက်ကျိုးသည့်ဒဏ်ရာနှင့် စပါယ်ယာမှာသေး
ဆုံးခဲ့သည့် အနေအထားသာရှိခဲ့သည်။
           အခင်းဖြစ်ပွားခဲ့ပြီးသည်နှင့် ၆၂ ယာဉ်လိုင်းမှကားဒရိုင်ဘာ( ယာဉ်မောင်း) နှင့် ယာဉ်နောက်လိုက်
(စပါယ်ယာ)တို့ မှာတိမ်းရှောင်သွားခဲ့သည် ထိုသို့တိမ်းရှောင်ခြင်းအပေါ် အခြားစပါယ်ယာတစ်ဦးမှ “ ထွက်ပြေး
သွားတာမဟုတ်ဘူး တိမ်းရှောင်သွားတာ ဒီလိုမှ မဟုတ်ရင် မြန်မာလူမျိုးတို့ရဲ့ ထုံးစံသိတယ်မှတ်လား ဆွမ်းကြီး
ဝိုင်းလောင်းကြလိမ့်မယ်”ဟု ပြောကြားပါသည်။                                                





 
 သန်းထွန်း( tgkn) Myanmar News Now

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၃)...

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၃)...
Posted by nyanadipa
The ပါတာနဲ့ မပါတာ ကွဲပြားပုံ

- Alison is ten years old. Everyday she goes to school. She’s at school now. School begins at 9 and finishes at 3.
- Today Alison’s mother wants to speak to her daughter’s teacher. So she has gone to the school to see her. She’s at the school now.
အပေါ်က စာပိုဒ်လေး နှစ်ပိုဒ်ကို ယှဉ်ကြည့်ပါ။ ပထမ စာပိုဒ်မှာ school လို့ပဲ ရေးတယ်။ ဒုတိယ စာပိုဒ်မှာတော့ the school လို့ ရေးထားတယ်။
ပထမ စာပိုဒ်က school ရဲ့ အဓိပ္ပာယ်က ကျောင်းသွားတက်တာ။ စာသွားသင်တာ လို့ အဓိပ္ပာယ် ထွက်တယ်။ ဒုတိယ စာပိုဒ်ရဲ့ the school ကျတော့ ကျောင်းကို သွားတာလောက်ပဲ စာသင်တာ မဟုတ်ဘူး။
ဒီစာပိုဒ်နဲ့ ပုံစံတူတဲ့ အခြား သင်ခန်းစာတွေကိုလည်း လေ့လာကြည့်ရအောင်။ စာကြောင်း နှစ်ကြောင်းစီကို ယှဉ်တွဲပြီး လေ့လာသွားပါ။
- Ken’s brother is in prison for robbery.
(Ken ရဲ့ အစ်ကိုက လူယက်မှုကြောင့် ထောင်ထဲ ရောက်သွားတာ)
- Ken went to the prison to visit his brother.
(Ken က သူ့အစ်ကိုဆီကို သွားတွေ့ဖို့ ထောင်ကို သွားတာ)
- Joe had an accident last week. He was taken to hospital. He’s still in hospital now.
(Joe ကို ဆေးရုံတင်လိုက်တာ။ Joe က အခု ဆေးရုံတက်နေဆဲပဲ ရှိသေးတယ်)
- Jane has gone to the hospital to visit Joe. She’s at the hospital now.
(Jane က ဆေးရုံကို လူနာတွေ့ဖို့သွားတာ။ Jane က လူနာမဟုတ်ဘူး)
- When I leave school, I want to go to university/college.
(ဒီမှာလည်းပဲ တက္ကသိုလ် တက်ချင်တာလို့ အဓိပ္ပာယ် ထွက်တယ်)
- U Lay goes to monastery every day.
(ဘုန်းကြီးကျောင်းကို ဘာသာရေး ကိစ္စနဲ့ သွားတာ)
- Some workmen went to the monastery to repair the roof.
(အလုပ်သမားတွေက ဘာသာရေးကိစ္စနဲ့ ဘုန်းကြီးကျောင်း သွားတာမဟုတ်ဘူး။ ခေါင်မိုးပြင်ဖို့လောက်ပါပဲ)
ကဲ ဒီလောက်ဆိုရင် the ပါတာနဲ့ မပါတာ အဓိပ္ပာယ် ကွဲလွဲသွားတာလေးကို သိသွားပြီပေါ့နော်…

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၂)...

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၂)...
Posted by nyanadipa
Countable and Uncountable Nouns (2)

တခါတလေမှာ တချို့ Noun တွေကို Uncountable နဲ့ Countable Nouns တွေ အဖြစ် နှစ်ခုလုံး သုံးတတ်ကြသေးတယ်။
ဥပမာ-
Countable and Uncountable
- Did you hear a noise just now? (= a specific noise)
- I can’t work here. There’s too much noise.
( ဒီနေရာမှာ too many noises လို့ ရေးလို့မရဘူး)
- I bought a paper to read. (= a newspaper)
- I need some paper to write on.
(ရေးဖို့အတွက် စာရွက်တစ်ခုခုကို ပြောတာ)
- There’s a hair in my soup! (= one single hair)
- You’ve got very long hair.
(hairs မဟုတ်ဘူးနော်) (= all the hair on your head)
- You can stay with us. There is a spare room. (= a room in a house)
- You can’t sit here. There isn’t room.
(room ဆိုတာက ဒီနေရာမှာ အခန်းကို ပြောတာမဟုတ်ဘူး။ နေရာ မရှိဘူးလို့ ပြောတာ။ space နဲ့ အတူတူပါပဲ)
- I have some interesting experiences while I was travelling. (= things that happened to me)
- They offered me the job because I had a lot of experience.
(experiences လို့ ရေးလို့မရဘူး)
နမူနာ စာကြောင်းတွေကို ရေးပေးလိုက်ဦးမယ်။ စာကြောင်းနှစ်ခုစီ ယှဉ်ပြီး ကြည့်သွားပါ။
- I’m looking for a job.
- I’m looking for work. (not a work)
- What a beautiful view!
- What beautiful scenery!
- It’s a nice day today.
- It’s nice weather today.
- We had a lot of bags and cases.
- We had a lot of baggage/luggage.
- These chairs are mine.
- This furniture is mine.
- That’s a good suggestion.
- That’s good advice

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၁)...

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၁)...
Posted by nyanadipa
Countable Noun and Uncountable Noun

Countable Noun (ရေတွက်လို့ ရတဲ့ နာမ်) နဲ့ Uncountable Noun (ရေတွက်လို့ မရတဲ့ နာမ်)
Countable Noun ရဲ့ အရှေ့မှာ a, an ကို သုံးလို့ ရပေမဲ့ Uncountable Noun ရဲ့ အရှေ့မှာတော့ သုံးလို့ မရပါဘူး။ ဥပမာ - a song, an accident, a nice beach ဒါပေမဲ့ a sand, a music, a rice တို့တော့ မဖြစ်နိုင်ဘူးပေါ့။
တခါတလေ Uncountable Noun ရဲ့ အရှေ့တွေမှာ a, an သုံးလို့ ရတဲ့အခါ ရှိတယ်။ a cup of tea, a grain of rice တို့လို ပုံစံမျိုးတွေလေ။
ဥပမာ စာကြောင်းလေးတွေကို ကြည့်ရအောင်
- I eat an apple every day.
- I like apples.
- I eat rice every day.
- I like rice.
အဲဒီ နေရာမှာ I eat apple လို့ ရေးလို့ မရဘူး။ apple ရဲ့ အရှေ့မှာတော့ Articles – a, an, the တစ်ခုခု ဖြစ်ဖြစ်၊ my, your တို့လို ပိုင်ဆိုင်မှုပြ စကားလုံးတွေ ဖြစ်ဖြစ် ပါနေမှရတယ်။
ဒါပေမဲ့ I eat rice မှာတော့ အဲဒါတွေ မပါလည်း ရတယ်။
ဥပမာ စာကြောင်းလေးတွေ ရေးပြလိုက်မယ်။
- Kate was singing a song.
- Jhon was listening to music.
- There is a student in the class.
- There is sand in my shoes.
- We haven’t got enough cups.
- We haven’t got enough water.
ဒါလောက်ဆိုရင် Countable နဲ့ Uncontable Nouns တို့ကို တိုရင်းလိုရှင်း သိလောက်ပြီနော်။

မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ


ညနေ ၅နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖေါ်လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။

လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ်အား ဆေးရုံသို့တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။
Yangon Press International

၂၉ ထပ် ဆီဒိုးနားဟိုတယ် ဆောက်မည်

       ဆီဒိုးနား ဟိုတယ်ပိုင်ရှင်များက ၂၉ ထပ်ရှိ အဆင့်မြင့် ဟိုတယ် တခု ရန်ကုန်မြို့တွင်
ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

       ရန်ကုန်၊ မန္တလေး ဆီဒိုးနား ဟိုတယ်များကို ပိုင်ဆိုင်သော Capple ကုမ္ပဏီ လုပ်ငန်းစုမှ မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွင် အထပ် ၂၉ ထပ်မှာ ဟိုတယ် တာဝါတခုကို ဆောက်လုပ်ရန် တင်ပြထားကြောင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၈၀ ကုန်ကျနိုင်မည်ဖြစ်ပြီး မြန်မာ့နိုင်ငံ တွင် အမြင့်ဆုံး ဟိုတယ်တာဝါ ဖြစ်လာမည် ဖြစ်သည်။

     “သူတို့ လာဆွေးနွေးတာ ဟုတ်ပါတယ်။ နေရာကတော့ အသိအမှတ် မပြုသေးပါဘူး။ ဒီဟာကတော့ အသစ်ဆောက် မှာပေါ့။ အခန်းတွေကလည်း လက်ရှိမှာ တော်တော်လေး လိုနေတာ ဆိုတော့ ဒီဟာကို ခွင့်ပြုဖို့ များပါတယ်။ တိုင်ပင်ညှိနှိုင်းသွားမှာပါ” ဟု နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

     ထိုသို့ ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလာမှုမှာ ကောင်းသော လက္ခဏာတရပ် ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် တဦးက ပြောသည်။

      “ဒီလိုဖြစ်လာတာကို ကြိုဆိုရပါမယ်။ ခုက ဟိုတယ်အခန်း လောက်ငှမှု မရှိသလို ဝန်ဆောင်မှုပိုင်းကလည်း ဈေးသာ များတယ်၊ ဝန်ဆောင်မှု တက်မလာတာတွေလည်း ရှိနေတယ်။ နောက် ဒီက ကလေးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမယ်။ ခုက ဟိုတယ်က နည်းတော့ ဟိုတယ်သင်တန်း တက်ပြီးရင် နိုင်ငံခြားထွက်တော့ လူ့စွမ်းအားရင်းမြစ်တွေလည်း ဆုံးရှုံးမှုတွေ နည်းသွားမယ်” ဟု ပြောသည်။

       အဆိုပါ Capple လုပ်ငန်းစုမှာ ၁၉၉၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၉၉၆ တွင် အထပ် ၁ဝ ထပ် ရှိ အခန်းပေါင်း ၃၆၆ ခန်း ပါဝင်သော ရန်ကုန် ဆီဒိုးနား ဟိုတယ်ကို ဒေါ်လာ ၁၀၃ သန်းဖြင့် စတင်ရင်းနှီး လုပ်ဆောင် လာခဲ့သည်။ အထပ် ငါးထပ်ရှိ အခန်းပေါင်း ၂၄၇ ခန်း ပါသည့် ဆီဒိုးနား မန္တလေးကိုလည်း ကိုလည်း ဒေါ်လာ ၄၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံထားသည်။ ၎င်းတို့၏ ရင်းနှီးငွေမှာ လက်ရှိတွင် ဒေါ်လာ ၁၄၈ သန်း ရှိကြောင်း သိရပြီး ထပ်မံ ရင်းနှီးမြှုပ်နှံပါက ဒေါ်လာ ၂၂၈ သန်း ရှိလာမှာ ဖြစ်သည်။

       ယခုတည်ဆောက်မည့် ၂၉ ထပ်ပါ ဟိုတယ်တွင် အခန်းပေါင်း ၃ဝဝ ကျော်နှင့် ခန်းမများ ပါဝင်မည်ဟု သိရပြီး
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။